【 ဆောင်းပါး 】 “ဘာရွေးမလဲ”

【 ဆောင်းပါး 】 “ဘာရွေးမလဲ”

“နာမည်က ရွှေထက်ရှားတယ်”        

“ဘယ်လို”

“နာမည်တစ်လုံးက ရွှေထက်တန်ဖိုးရှိတယ်။ဒါကြောင့်၊ လူတစ်ယောက် တန်ဖိုး ရှိ၊ မရှိဆိုတာ သူဘယ်လောက်နာမည် ကောင်း၊ မကောင်းကြည့်ပြီး သိနိုင်တယ်”

“ဒါကြောင့်မို့ လူတွေက နာမည်လှလှလေးတွေမှည့်တာပေါ့၊ ဟုတ်လား”

“စကားကို အဲဒီလိုကပ်မပြောနဲ့လေ။ငါပြောတဲ့ နာမည်ကောင်းဖို့လိုတယ်ဆိုတာက ကိုယ်ကျင့်တရားကောင်းဖို့၊ ကိုယ့်ကြောင့် သူတစ်ပါးမနစ်နာစေဖို့၊ ဖြစ်နိုင်ရင် အများသူငါကောင်းစားရေးအတွက် ကိုယ့်ရဲ့အကျိုးကိုစွန့်လွှတ်နိုင်ဖို့ အဲဒီလိုလူမျိုးကိုမှ နာမည်ကောင်းတဲ့လူလို့ ပြောချင်တာ”

“ကောင်းတာလုပ်တဲ့သူတွေကိုပေါ့ ဟုတ်”

“ဟုတ်တယ်”

“သူခိုးတို့၊ ခါးပိုက်နှိုက်တို့၊ ဓါးပြတို့၊ လူလိမ်တို့က နာမည်မကောင်းတဲ့သူတွေ။ဒီလိုလား”

“ဒါပေါ့”

“ကျောင်းဆရာတို့၊ ဆရာဝန်တို့၊ ဘုရင်တို့လို လူတွေကမှ နာမည်ကောင်းတဲ့သူတွေလို့ ပြောချင်တာလား”

“မဟုတ်ဘူးလား”

“ဒါဆို အင်္ဂုလိမာလကို လက်ညှိုးတွေလိုက်ဖြတ်အောင် သင်ပေးတဲ့ဆရာက လူကောင်းပဲလား။သူ့နာမည်ကကောင်းလား။အဖေကိုပြန်သတ်အောင် သင်ပေးတဲ့ ဒေဝဒတ်လို ဆရာမျိုးကရော နာမည်ကောင်းရတဲ့ လူကောင်းပဲလား။သူ့လျှာ အရသာခံဖို့အတွက် တိုင်းသူပြည်သားတွေရဲ့ အသက်ကိုသတ်ပြီး အသားကိုစားတဲ့ ပေါရိသာဒလို ဘုရင်ကိုရော လူကောင်းလို့ပဲပြောမှာလား”

“တစ်ယောက်တလေ ဖေါက်ပြန်တာကိုတော့ ထည့်ပြောလို့ မဖြစ်ဘူးလေဟာ”

“တစ်ယောက်တလေလို့ မပြောပါနဲ့။တချို့တလေလို့ ပြောစမ်းပါ”

“နင်ကလည်း၊ စကားကို အထအနကောက်နေပြန်ပြီ။ကဲပါ နင်ပြောသလို တချို့တလေပဲထားပါတော့။ဒါပေမယ့် အများစုက ကောင်းတယ်လေဟယ်”

“အားလုံးကောင်းဖို့ အရေးကြီးတာလေဟာ။အဲဒီဖေါက်ပြန်တဲ့တချို့ကြောင့် လောကကြီးအရုပ်ဆိုးနေရတာမဟုတ်လား။အင်္ဂုလိမာလဖြတ်ခဲ့တဲ့ လက်ညှိုးက တစ်ထောင်မှမကတာ။ပေါရိသာဒဘုရင်ကြောင့် ပြည်သူတွေ ဘယ်နှယောက်တောင်သေခဲ့လဲ။
ဘဝတွေ ဘယ်လောက်ပျက်ခဲ့လဲ။စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဘယ်လောက်ဖြစ်ခဲ့ကြမလဲ”

“ဟုတ်ပါပြီ။သူတို့တတွေ ဘယ်လောက်ခွန်အားကြီးကြီး၊ ဘယ်လောက်အာဏာရှိရှိ၊ ဘယ်လောက်ပညာတတ်တတ် ဘယ်လောက်ချမ်းသာချမ်းသာ ကိုယ်ကျင့်တရားမကောင်းတော့၊ အများအပေါ် မေတ္တာမထားတော့၊ အတ္တကြီးတော့ တခြားလူတွေ ဒုက္ခရောက်ရတယ်လေ။သူတို့နာမည်မကောင်းတော့ဘူးလေ။ဒါကြောင့် ငါပြောတယ်မဟုတ်လား။နာမည်က ရွှေထက်ရှားပါတယ်လို့”

“နင်ကတော့လေ။ဆိုင်ဆိုင်၊ မဆိုင်ဆိုင် နင်ပြောချင်တာကို မရ ရအောင် ဇွတ်ပြောတော့တာပဲ”

“အေးပါ။ငါပြောချင်လွန်းအားကြီးလို့ပါ။ဒီနေ့ အာဇာနည်နေ့လေ။အခု၊ ငါတို့ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရဝပြုဖို့ စောင့်နေတာမဟုတ်လား။ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောချင်လို့ စကားစတာပါ”

“ကဲ ပြော”

“သြော် ဗိုလ်ချုပ်ရဲ့ မျိုးချစ်စိတ်ရှိတာ၊ ခေါင်းဆောင်ကောင်းပီသတာ၊ နိုင်ငံနဲ့လူမျိုးအတွက် အသက်ကိုစွန့်ဝံ့တာ၊ ကိုယ်ကျိုးလုံး၀မဖက်တာ၊ ဒါကြောင့်လည်း လူသေပေမယ့် နာမည်မသေခဲ့တာ၊ အုပ်ချုပ်သူတွေက ဗိုလ်ချုပ်ကို သမိုင်းထဲကဖယ်ထုတ်ဖို့ ကြိုးစားပေမယ့် ပတ္တမြားမှန်ရင် နွံမှာမနစ်ဆိုတာလို ပြည်သူတွေအားလုံးရဲ့ အသည်းထဲ၊ ရင်ထဲမှာ တို့ဗိုလ်ချုပ်ရှိနေတာပါလားဆိုတာ ပိုလို့ပိုလို့သိလိုက်ရလို့ ဗိုလ်ချုပ်ကိုရည်ရွယ်ပြီး “နာမည်က ရွှေထက်ရှားတယ်” လို့ ငါစကားစခဲ့တာပါ”

“ငါ တစ်ခုစဉ်းစားကြည့်မိတယ်”

“ဘာလဲဟေ”

“စိတ်ကူးယဉ်သက်သက်ပါဟာ”

“ပြောကြည့်ပါဦး”

“ဗိုလ်ချုပ်ကို လုပ်ကြံတဲ့သူတွေသာ တကယ်လို့ အဲဒီအချိန်ကစိတ်ပြောင်းသွားပြီး ဗိုလ်ချုပ်ရဲ့ကျေးဇူးကို ဆင်ခြင်မိတာမျိုး၊ ဗိုလ်ချုပ်ကို အားနာမိတာမျိုး၊ ပြည်သူတွေရဲ့မျက်နှာကို မြင်ယောင်မိတာမျိုး၊ အနည်းဆုံး လူတစ်ယောက်ရဲ့ အသက်တစ်ခု၊  ဘဝတစ်ခုကို မဖျက်ဆီးချင်တော့တာမျိုး အသိလေးတစ်ချက်၊ သတိလေးတစ်ချက်လောက်များ ဝင်ဖြစ်ခဲ့ရင် အားလုံးပြောင်းပြန်တွေဖြစ်ကုန်မှာပဲနော်။ဗိုလ်ချုပ်နဲ့အတူ နင်တို့၊ ငါတို့ အဘိုးတွေ၊ အဘွားတွေ အရမ်းပျော်ခဲ့ကြရမှာ။တို့နိုင်ငံလည်း အခုလောက်ဆို အတော်ကြီးတိုးတက်နေမှာ--လို့”

“ဘယ်တတ်နိုင်မလဲဟာ။သူတို့က ဗိုလ်ချုပ်နဲ့ နိုင်ငံတော်အတွက် မစဉ်းစားဘဲ တစ်ဖက်က အာဏာနဲ့ငွေကို စဉ်းစားလိုက်တာကိုး”

“အင်း--သူတို့ရွေးချယ်ချက် အမှားတစ်ခုကြောင့် ငါတို့တစ်နိုင်ငံလုံး ဒုက္ခပင်လယ်မှာ အနှစ်ခုနစ်ဆယ်နီးပါး မျောနေရတော့တာပေါ့”

အာဇာနည်ဗိမာန်ရှိ ဗိုလ်ချုပ်နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါရဝပြုရန်စောင့်နေစဉ်၊ အနီးရှိ လူငယ်အုပ်စုမှ မိန်းမပျိုလေးနှစ်ယောက်၏ ပြောစကားများကို ကြားခဲ့ခြင်းပါ။

အလွမ်းလာ၍ လက်တို့ဆိုတာလို သူတို့ပြောခါမှ ဗိုလ်ချုပ်ကို ပို၍တမ်းတလာမိသည်။ပြည်သူအားလုံးလည်း တမ်းတနေကြမှာပါ။လွမ်းနေကြမှာပါ။သားသမီးတွေက အမေ့ကို သတိရတာမျိုး၊ တမ်းတတာမျိုးပါ။

သားသမီးတွေဟာ အမေ့ကို လုပ်ကျွေးဖြစ်တာ၊ မလုပ်ကျွေးဖြစ်တာထက် အမေ့ကိုတော့ ထူးထူးခြားခြား ချစ်ကြပါသည်။လွမ်းကြပါသည်။တမ်းတကြပါသည်။

အထူးသဖြင့် နို့ဆာသည့်အခါမျိုး၊ ပင်ပန်းဆင်းရဲသည့်အချိန်မျိုး၊ ကူညီဖေးမမည့်သူမရှိဘဲ လောကဓံကို တစ်ယောက်တည်း ရင်ဆိုင်ဖြတ်သန်းရသည့်အခါမျိုးတွေမှာ မျက်ရည်တွေ၊ ရှိုက်သံတွေနှင့်အတူ အမေ့ကို ပို၍လွမ်းတတ်ကြသည်။ပို၍တမ်းတတတ်ကြသည်။
အမေက အနားမှာမရှိသည့်အပြင် မိထွေးအနှိပ်စက်ကို ထပ်၍ခံလိုက်ရသောအခါမျိုးတွင်မူကား မိထွေးကို မုန်းတီးနာကြည်းစိတ်နှင့်အတူ အမေ့ကိုနှမြောတမ်းတစိတ်က ရင်ထဲမှာလည်းမဆံ့၊ ဦးနှောက်ကလည်းမထိန်းနိုင်လောက်အောင် ခံစားရတတ်တာပါ။အမိမဲ့သား ရေနည်းငါး ဆိုသလိုပေါ့။ပြည်သူတွေ အဲဒီလိုတမ်းတကြတာပါ။ဗိုလ်ချုပ်ကို အဲဒီလိုလွမ်းကြရတာပါ။

အာဇာနည်ပုဂ္ဂိုလ်သည် အမှန်၊ အမှားကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး၊ အများအကျိုးအတွက် အမြဲနှလုံးသွင်းကာ သက်စွန့်ကြိုးပမ်းဆောင်ရွက်သူဖြစ်ပါသည်။အမှန်တရားကို ရင်မှာထားသူဖြစ်၍ ကြောက်ရွံ့အားငယ်စိတ်မရှိသူ ဖြစ်ပါသည်။အတ္တကို စွန့်လွှတ်နိုင်သူဖြစ်၍ self-confidence အပြည့်ရှိသူဖြစ်ပါသည်။

ထို့ကြောင့်လည်း တစ်ယောက်၊ တစ်ရာ၊ တစ်ထောင်မက တစ်ကုဋေမှာ၊ ကုဋေတစ်ရာမှာ တစ်ယောက်ရှိဖို့ မလွယ်သူမျိုးပါ။သူတို့၏စွမ်းအားကကြီးပါသည်။သူတို့၏သွေးကပျစ်ပါသည်။ရဲရဲနီပါသည်။

အာဇာနည်ဗိုလ်ချုပ်၏ သွေးတစ်စက်သည်ပင် ယနေ့ ပြည်သူများ၏ဘဝကို အကာအကွယ်ပေးနေပါပြီ။အလင်းရောင်ပေးနေပါပြီ။လမ်းပြပေးနေပါပြီ။

အာဇာနည်များက သူတို့ကိုယ်ကျိုးနှင့် ပြည်သူ့အကျိုး နှစ်ခုတွင် ပြည်သူ့အကျိုးကိုသာ ရွေးချယ်ကြပါ သည်။

အာဇာနည်စိတ်မရှိသည့်အပြင် အာဇာနည်များအပေါ် မနာလိုစိတ်၊ ရန်လိုစိတ်ထားသူများကတော့ သူတို့ကိုယ်ကျိုးနှင့် ပြည်သူ့အကျိုး နှစ်ခုတွင် သူတို့ကိုယ်ကျိုးကိုသာ ရွေးချယ်ကြပါသည်။

နိုင်ငံ့ခေါင်းဆောင်များသည် နိုင်ငံကို ကိုယ်စားပြုပါသည်။ပြည်သူကို ကိုယ်စားပြုပါသည်။ထို့ကြောင့်၊ နိုင်ငံ့ကောင်းကျိုး၊ ပြည်သူ့ကောင်းကျိုးကိုသာ ဆောင်ရွက်ရပါသည်။

ပြည်သူကို အကူအညီပေးသူများဖြစ်ရပါမည်။

ပြည်သူကို ဒုက္ခပေးသူမဖြစ်ရပါ။

Francis Bacon ၏ အဆိုလေးကို သတိရပါသည်။

“He that gives good advice, builds with one hand; he that gives good counsel and example, builds with both; but he that gives good admonition and bad example, builds with one hand and pulls down with the other.”

“အကြံကောင်းပေးသောသူသည် (သင့်အား) လက်တစ်ဖက်ဖြင့်ကူညီသူဖြစ်၏။အကြံကောင်းရော၊ လက်တွေ့နမူနာပါပြသောသူသည် လက်နှစ်ဖက်လုံးဖြင့်ကူညီသူဖြစ်၏။သို့သော် ကောင်းသော ဆုံးမစကားကိုပြောပြီး မကောင်းသောနမူနာကိုပြလျှင်မူ လက်တစ်ဖက်ကဆွဲတင်၍ ကျန်လက်တစ်ဖက်က ဆွဲနှစ်သူဖြစ်လေသည်။”

ပြည်သူတွေ တကယ်လိုအပ်တာက ပြည်သူကိုတန်ဖိုးထားသော ခေါင်းဆောင်မျိုးဖြစ်သည်။

ပြည်သူတွေရှောင်ရမှာက ပြည်သူကိုတန်ဖိုးမထားသော ခေါင်းဆောင်မျိုးဖြစ်သည်။

အင်းဝခေတ်က ဟံသာဝတီဘုရင် ရာဇာဓိရာဇ်၏ သူရဲကောင်း လဂွန်းအိန် ပုသိမ်သားတို့ကို အောင်ပွဲမဆင်မီကဖြစ်သည်။ပုသိမ်သားတို့ကိုတိုက်ရန် ဝင်ရောက်ရမည့်ချောင်းသည် အလွန်ကျဉ်မြောင်းသဖြင့် ပြန်ထွက်ရန်မလွယ်ကူလှပေ။အတွင်းသို့ဝင်တိုက်မိသည်ဆိုသည်နှင့် သေဖို့ကများပေသည်။

ရာဇာဓိရာဇ်က တိုက်ပွဲအတွက် နည်းပရိယာယ်ကိုတော့ အစီအစဉ်ဆွဲပေး၏။တိတ်တဆိတ်သွား၍ ထိုချောင်းထဲတွင် တိုင်များစိုက်ရမည်။ရေတက်ခါစတွင် တိုင်ဖျားများပေါ်ရုံလေးရှိပြီး၊ ရေဆက်တက်လာလျှင် တိုင်ဖျားနစ်အောင်စိုက်ထားစေ၏ လဂွန်အိန်ကိုယ်တိုင် ထိုချောင်းအတိုင်းဝင်၍ ပုသိမ်သားတို့ကို စစ်မြှူရမည်။ပုသိမ်သားတို့ထွက်တိုက်လျှင် စိုက်ထားသည့်တိုင်များကို လွတ်အောင်လှော်၍ ပြန်ပြေးထွက်ရမည်။ပုသိမ်သားတို့က အင်နှင့်အားနှင့်လိုက်တိုက်လိမ့်မည်။ထိုအခါ ပုသိမ်သားတို့၏လှေများ တိုင်များအကြားတွင်ငြိပြီး ကန့်လန့်ခံနေလိမ့်မည်။သည်တော့မှ ရှေ့တိုးမရ၊ နောက်ဆုတ်မရနှင့် တစ်စုတဝေးတည်းဖြစ်နေသော ပုသိမ်သားတို့ကို ချောင်းလယ်မှာ အပြတ်ခြေမှုန်းနိုင်မည်ဖြစ်သည်။

လဂွန်းအိန်ကလည်း ရာဇာဓိရာဇ် စီစဉ်သည့်အတိုင်း မလွဲအောင်စီစဉ်၍ သေချာပေါက် အောင်အောင်မြင်မြင်တိုက်ခိုက်နိုင်ခဲ့သည်။

တိုက်ပွဲမထွက်မီ ညနေပိုင်းတွင် ရာဇာဓိရာဇ်၏ အမိန့်အရ မိဖုရားကြီး တလသုတမာယာသည် လဂွန်းအိန်ရှိရာ လှေဆီသို့ရောက်လာသည်။လဂွန်းအိန် ကို ကွမ်းယာကျွေးပြီး အားပေးစကားပြောသည်။သေဖို့များသောတိုက်ပွဲကို ဆင်နွှဲရမည့်သူရဲကောင်းကို အားပေးချီးမြှောက်သော ရာဇာဓိရာဇ်၏ စိတ်ထားဖြစ်သည်။

လဂွန်းအိန်အတွက်တော့ စဉ်းစားစရာရှိပါသည်။ဘုရင်၏နည်းလမ်းကိုလည်းယုံသည်။သူ့အရည်အချင်းကိုလည်းယုံသည်။သို့သော် ရန်သူ့သတ်ကွင်းထဲသို့ ဝင်ရောက်ရမည့်အနေအထားဖြစ်၍ တစ်ချက်လေးချွတ်ချော်သွားသည်နှင့် သူနှင့်သူ့တစ်တပ်လုံး ပြုတ်ပေလိမ့်မည်။တိုက်ပွဲ ထွက်ဖို့၊ မထွက်ဖို့ အပြန်ပြန်စဉ်းစားသည်။နောက်ဆုံးတွင် သူ့ဘုရင်နှင့် သူ့နိုင်ငံတော်အတွက် အသက်ပေးတိုက်ရန် ဆုံးဖြတ်လိုက်သည်။သို့သော်လည်း သူ့ဘုရင်က သူ့အပေါ်တန်ဖိုး ထား၊ မထား သိချင်လှ၏။

နောက်တစ်နေ့ နံနက်ရောက်လာသည်။ဘုရင့်အမိန့်အရ သူ့သူငယ်ချင်း သူရဲကောင်းများဖြစ်သော အမတ်တိန်နှင့် ဗြတ်ဇတို့က သူ့ကိုလာနှုတ်ဆက်သည်။သူတို့ရောက်လာတော့ လဂွန်းအိန်တစ်ယောက် စောင်ခြုံကာအိပ်နေ၏။သူငယ်ချင်းများက အတင်းနှိုးတော့မှ ထသည်။သူတို့က တိုက်ပွဲမထွက်သေးဘူးလားမေးတော့ သူက မိဖုရားကြီး တလသုတမာယာ ကို စွဲလမ်းစိတ်ကြောင့် စစ်မထွက်နိုင်တော့ကြောင်းပြောသည်။သူတို့က အန္တရာယ်များလှသော စကားတစ်ခွန်းကို ပြန်ရုတ်သိမ်းဖို့ အမျိုးမျိုးပြောကြသော်လည်း သူကတော့ ဘုရင်သတ်ချင်သတ်ပါစေ၊ သူ့စကားကိုမပြင်နိုင်ကြောင်းပြောပြီး ပြန်အိပ်နေလေသည်။သူတို့လည်း ဘယ်လိုမှပြောမရသည့်အဆုံးတွင် နန်းတော်ကိုပြန်၍ သူ့စကားအတိုင်း ဘုရင်ကိုလျှောက်တင်လိုက်ကြ၏။

ဘုရင်က အနည်းငယ်မျှပင်တွေဝေမနေဘဲ၊ မိဖုရားကြီးကို လဂွန်းအိန်ထံ လိုက်သွား၍ အလုပ်အကျွေးပြုရန် အမိန့်ပေးသည်။မိဖုရားကြီးနှင့် မှူးမတ်များက တောင်းပန်သော်လည်း လက်မခံချေ။နိုင်ငံတော်အတွက် တကယ်လုပ်ဆောင်နိုင်သည်မှာ မိဖုရားကြီးမဟုတ်၊ သူရဲကောင်းများဖြစ်သည်ဟု အတည်ပြုပြောဆိုလိုက်သည်။မိဖုရားကြီးလည်း ဘုရင့်အမိန့်ကို မဖီဆန်ဝံ့သည်မို့ လဂွန်းအိန်ရှိရာသို့ လိုက်သွားရရှာသည်။

မိဖုရားကြီး သူ့လှေဆီသို့လာနေသည်ကိုမြင်သည်နှင့် လဂွန်းအိန်သည် အိပ်ရာမှထကာ ချပ်ဝတ်တန်ဆာများ လဲလှယ်ဝတ်ဆင်ပြီး မိဖုရားကြီးကို ကြိုဆို၍ ဦးတိုက်လျှောက်ထားသည်။

“ကျွန်တော်မျိုးကိုခွင့်လွှတ်ပါ မယ်မယ်။မယ်မယ့်အပေါ် စိတ်နဲ့တောင်မပြစ်မှားဝံ့ကြောင်းပါ။ကျွန်တော်မျိုး၏ဘုရင်က သူ့ပြည်သူ၊ သူ့သူရဲကောင်းများအပေါ် တန်ဖိုး ထား၊ မထား သိချင်၍ စမ်းသပ်ခြင်းဖြစ်ကြောင်းပါ”

ဘုရင်ရာဇာဓိရာဇ်၏ ရွေးချယ်မှုကိုကြည့်လျှင် သူ၏ပြည်သူ၊ သူ၏သူရဲကောင်းအပေါ် တန်ဖိုးထားလေးစားမှုကိုတွေ့ရသည်။

လဂွန်းအိန်၏ ရွေးချယ်မှုကိုကြည့်လျှင်လည်း သူအားကိုးရသောဘုရင်၏ သူ့အပေါ်တန်ဖိုးထားလေးစားမှုကို သူ့အသက်ထက် အရေးတကြီးလိုအပ်ခဲ့ကြောင်း တွေ့ရသည်။

ပြည်သူတစ်ယောက်အနေနှင့် ပြည်သူကိုတန်ဖိုးထား၍ ပြည်သူ့အကျိုးကို ဦးစားပေးဆောင်ရွက်သော ခေါင်းဆောင်ကိုရွေးသင့်လား။ပြည်သူကိုတန်ဖိုးမထားဘဲ ကိုယ်ကျိုးကိုသာ ဦးစားပေးဆောင်ရွက်သော ခေါင်းဆောင်ကိုရွေးသင့်လား။

ခေါင်းဆောင်တစ်ယောက်အနေနှင့် ပြည်သူကိုတန်ဖိုးထား၍ ပြည်သူ့အကျိုးကို ဦးစားပေးဆောင်ရွက်သင့်လား။မိမိ၏ကိုယ်ကျိုးကိုပဲ ဦးစားပေးဆောင်ရွက်သင့်လား။မိမိ အသက်ရှည်၊ ချမ်းသာ၊ အာဏာရှိပြီး ပြည်သူ၏ တန်ဖိုးထားခြင်းမခံရသော ခေါင်းဆောင်ဖြစ်ချင်လား။မိမိ အသက်တို၊ ဆင်းရဲ၊ အာဏာမရှိသော်လည်း ပြည်သူ၏ မြတ်မြတ်နိုးနိုးတန်ဖိုးထားခြင်းခံရသော ခေါင်းဆောင် (ဥပမာ-ဗိုလ်ချုပ်အောင်ဆန်း) ဖြစ်ချင်လား။

What will you choose ?  (သင်) ဘာရွေးမလဲ။

Martin Luther King, junior ကတော့ ဒီလိုပြောခဲ့ပါသည်။

“The quality, not the longevity, of one’s life is what is important.”

လူတစ်ယောက်၏ဘဝတွင် ဘာအရေးကြီးလဲဆိုလျှင် အသက်ရှည်ခြင်းမဟုတ်၊ တန်ဖိုးရှိခြင်းဖြစ်သည်။

ရိုက်မောင်း
အောက်တိုဘာ - ၁

( Zawgyi )

“နာမည္က ေ႐ႊထက္ရွားတယ္”        

“ဘယ္လို”

“နာမည္တစ္လုံးက ေ႐ႊထက္တန္ဖိုးရွိတယ္။ဒါေၾကာင့္၊ လူတစ္ေယာက္ တန္ဖိုး ရွိ၊ မရွိဆိုတာ သူဘယ္ေလာက္နာမည္ ေကာင္း၊ မေကာင္းၾကည့္ၿပီး သိႏိုင္တယ္”

“ဒါေၾကာင့္မို႔ လူေတြက နာမည္လွလွေလးေတြမွည့္တာေပါ့၊ ဟုတ္လား”

“စကားကို အဲဒီလိုကပ္မေျပာနဲ႔ေလ။ငါေျပာတဲ့ နာမည္ေကာင္းဖို႔လိုတယ္ဆိုတာက ကိုယ္က်င့္တရားေကာင္းဖို႔၊ ကိုယ့္ေၾကာင့္ သူတစ္ပါးမနစ္နာေစဖို႔၊ ျဖစ္ႏိုင္ရင္ အမ်ားသူငါေကာင္းစားေရးအတြက္ ကိုယ့္ရဲ႕အက်ိဳးကိုစြန႔္လႊတ္ႏိုင္ဖို႔ အဲဒီလိုလူမ်ိဳးကိုမွ နာမည္ေကာင္းတဲ့လူလို႔ ေျပာခ်င္တာ”

“ေကာင္းတာလုပ္တဲ့သူေတြကိုေပါ့ ဟုတ္”

“ဟုတ္တယ္”

“သူခိုးတို႔၊ ခါးပိုက္ႏႈိက္တို႔၊ ဓါးျပတို႔၊ လူလိမ္တို႔က နာမည္မေကာင္းတဲ့သူေတြ။ဒီလိုလား”

“ဒါေပါ့”

“ေက်ာင္းဆရာတို႔၊ ဆရာဝန္တို႔၊ ဘုရင္တို႔လို လူေတြကမွ နာမည္ေကာင္းတဲ့သူေတြလို႔ ေျပာခ်င္တာလား”

“မဟုတ္ဘူးလား”

“ဒါဆို အဂၤုလိမာလကို လက္ညႇိဳးေတြလိုက္ျဖတ္ေအာင္ သင္ေပးတဲ့ဆရာက လူေကာင္းပဲလား။သူ႔နာမည္ကေကာင္းလား။အေဖကိုျပန္သတ္ေအာင္ သင္ေပးတဲ့ ေဒဝဒတ္လို ဆရာမ်ိဳးကေရာ နာမည္ေကာင္းရတဲ့ လူေကာင္းပဲလား။သူ႔လွ်ာ အရသာခံဖို႔အတြက္ တိုင္းသူျပည္သားေတြရဲ႕ အသက္ကိုသတ္ၿပီး အသားကိုစားတဲ့ ေပါရိသာဒလို ဘုရင္ကိုေရာ လူေကာင္းလို႔ပဲေျပာမွာလား”

“တစ္ေယာက္တေလ ေဖါက္ျပန္တာကိုေတာ့ ထည့္ေျပာလို႔ မျဖစ္ဘူးေလဟာ”

“တစ္ေယာက္တေလလို႔ မေျပာပါနဲ႔။တခ်ိဳ႕တေလလို႔ ေျပာစမ္းပါ”

“နင္ကလည္း၊ စကားကို အထအနေကာက္ေနျပန္ၿပီ။ကဲပါ နင္ေျပာသလို တခ်ိဳ႕တေလပဲထားပါေတာ့။ဒါေပမယ့္ အမ်ားစုက ေကာင္းတယ္ေလဟယ္”

“အားလုံးေကာင္းဖို႔ အေရးႀကီးတာေလဟာ။အဲဒီေဖါက္ျပန္တဲ့တခ်ိဳ႕ေၾကာင့္ ေလာကႀကီးအ႐ုပ္ဆိုးေနရတာမဟုတ္လား။အဂၤုလိမာလျဖတ္ခဲ့တဲ့ လက္ညႇိဳးက တစ္ေထာင္မွမကတာ။ေပါရိသာဒဘုရင္ေၾကာင့္ ျပည္သူေတြ ဘယ္ႏွေယာက္ေတာင္ေသခဲ့လဲ။
ဘဝေတြ ဘယ္ေလာက္ပ်က္ခဲ့လဲ။စိတ္ဆင္းရဲ၊ ကိုယ္ဆင္းရဲ ဘယ္ေလာက္ျဖစ္ခဲ့ၾကမလဲ”

“ဟုတ္ပါၿပီ။သူတို႔တေတြ ဘယ္ေလာက္ခြန္အားႀကီးႀကီး၊ ဘယ္ေလာက္အာဏာရွိရွိ၊ ဘယ္ေလာက္ပညာတတ္တတ္ ဘယ္ေလာက္ခ်မ္းသာခ်မ္းသာ ကိုယ္က်င့္တရားမေကာင္းေတာ့၊ အမ်ားအေပၚ ေမတၱာမထားေတာ့၊ အတၱႀကီးေတာ့ တျခားလူေတြ ဒုကၡေရာက္ရတယ္ေလ။သူတို႔နာမည္မေကာင္းေတာ့ဘူးေလ။ဒါေၾကာင့္ ငါေျပာတယ္မဟုတ္လား။နာမည္က ေ႐ႊထက္ရွားပါတယ္လို႔”

“နင္ကေတာ့ေလ။ဆိုင္ဆိုင္၊ မဆိုင္ဆိုင္ နင္ေျပာခ်င္တာကို မရ ရေအာင္ ဇြတ္ေျပာေတာ့တာပဲ”

“ေအးပါ။ငါေျပာခ်င္လြန္းအားႀကီးလို႔ပါ။ဒီေန႔ အာဇာနည္ေန႔ေလ။အခု၊ ငါတို႔ ဗိုလ္ခ်ဳပ္နဲ႔ အာဇာနည္ေခါင္းေဆာင္ႀကီးေတြကို ဂါရဝျပဳဖို႔ ေစာင့္ေနတာမဟုတ္လား။ဒါေၾကာင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအေၾကာင္း ေျပာခ်င္လို႔ စကားစတာပါ”

“ကဲ ေျပာ”

“ေၾသာ္ ဗိုလ္ခ်ဳပ္ရဲ႕ မ်ိဳးခ်စ္စိတ္ရွိတာ၊ ေခါင္းေဆာင္ေကာင္းပီသတာ၊ ႏိုင္ငံနဲ႔လူမ်ိဳးအတြက္ အသက္ကိုစြန႔္ဝံ့တာ၊ ကိုယ္က်ိဳးလုံး၀မဖက္တာ၊ ဒါေၾကာင့္လည္း လူေသေပမယ့္ နာမည္မေသခဲ့တာ၊ အုပ္ခ်ဳပ္သူေတြက ဗိုလ္ခ်ဳပ္ကို သမိုင္းထဲကဖယ္ထုတ္ဖို႔ ႀကိဳးစားေပမယ့္ ပတၱျမားမွန္ရင္ ႏြံမွာမနစ္ဆိုတာလို ျပည္သူေတြအားလုံးရဲ႕ အသည္းထဲ၊ ရင္ထဲမွာ တို႔ဗိုလ္ခ်ဳပ္ရွိေနတာပါလားဆိုတာ ပိုလို႔ပိုလို႔သိလိုက္ရလို႔ ဗိုလ္ခ်ဳပ္ကိုရည္႐ြယ္ၿပီး “နာမည္က ေ႐ႊထက္ရွားတယ္” လို႔ ငါစကားစခဲ့တာပါ”

“ငါ တစ္ခုစဥ္းစားၾကည့္မိတယ္”

“ဘာလဲေဟ”

“စိတ္ကူးယဥ္သက္သက္ပါဟာ”

“ေျပာၾကည့္ပါဦး”

“ဗိုလ္ခ်ဳပ္ကို လုပ္ႀကံတဲ့သူေတြသာ တကယ္လို႔ အဲဒီအခ်ိန္ကစိတ္ေျပာင္းသြားၿပီး ဗိုလ္ခ်ဳပ္ရဲ႕ေက်းဇူးကို ဆင္ျခင္မိတာမ်ိဳး၊ ဗိုလ္ခ်ဳပ္ကို အားနာမိတာမ်ိဳး၊ ျပည္သူေတြရဲ႕မ်က္ႏွာကို ျမင္ေယာင္မိတာမ်ိဳး၊ အနည္းဆုံး လူတစ္ေယာက္ရဲ႕ အသက္တစ္ခု၊  ဘဝတစ္ခုကို မဖ်က္ဆီးခ်င္ေတာ့တာမ်ိဳး အသိေလးတစ္ခ်က္၊ သတိေလးတစ္ခ်က္ေလာက္မ်ား ဝင္ျဖစ္ခဲ့ရင္ အားလုံးေျပာင္းျပန္ေတြျဖစ္ကုန္မွာပဲေနာ္။ဗိုလ္ခ်ဳပ္နဲ႔အတူ နင္တို႔၊ ငါတို႔ အဘိုးေတြ၊ အဘြားေတြ အရမ္းေပ်ာ္ခဲ့ၾကရမွာ။တို႔ႏိုင္ငံလည္း အခုေလာက္ဆို အေတာ္ႀကီးတိုးတက္ေနမွာ--လို႔”

“ဘယ္တတ္ႏိုင္မလဲဟာ။သူတို႔က ဗိုလ္ခ်ဳပ္နဲ႔ ႏိုင္ငံေတာ္အတြက္ မစဥ္းစားဘဲ တစ္ဖက္က အာဏာနဲ႔ေငြကို စဥ္းစားလိုက္တာကိုး”

“အင္း--သူတို႔ေ႐ြးခ်ယ္ခ်က္ အမွားတစ္ခုေၾကာင့္ ငါတို႔တစ္ႏိုင္ငံလုံး ဒုကၡပင္လယ္မွာ အႏွစ္ခုနစ္ဆယ္နီးပါး ေမ်ာေနရေတာ့တာေပါ့”

အာဇာနည္ဗိမာန္ရွိ ဗိုလ္ခ်ဳပ္ႏွင့္တကြ က်ဆုံးေလၿပီးေသာ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားကို ဂါရဝျပဳရန္ေစာင့္ေနစဥ္၊ အနီးရွိ လူငယ္အုပ္စုမွ မိန္းမပ်ိဳေလးႏွစ္ေယာက္၏ ေျပာစကားမ်ားကို ၾကားခဲ့ျခင္းပါ။

အလြမ္းလာ၍ လက္တို႔ဆိုတာလို သူတို႔ေျပာခါမွ ဗိုလ္ခ်ဳပ္ကို ပို၍တမ္းတလာမိသည္။ျပည္သူအားလုံးလည္း တမ္းတေနၾကမွာပါ။လြမ္းေနၾကမွာပါ။သားသမီးေတြက အေမ့ကို သတိရတာမ်ိဳး၊ တမ္းတတာမ်ိဳးပါ။

သားသမီးေတြဟာ အေမ့ကို လုပ္ေကြၽးျဖစ္တာ၊ မလုပ္ေကြၽးျဖစ္တာထက္ အေမ့ကိုေတာ့ ထူးထူးျခားျခား ခ်စ္ၾကပါသည္။လြမ္းၾကပါသည္။တမ္းတၾကပါသည္။

အထူးသျဖင့္ ႏို႔ဆာသည့္အခါမ်ိဳး၊ ပင္ပန္းဆင္းရဲသည့္အခ်ိန္မ်ိဳး၊ ကူညီေဖးမမည့္သူမရွိဘဲ ေလာကဓံကို တစ္ေယာက္တည္း ရင္ဆိုင္ျဖတ္သန္းရသည့္အခါမ်ိဳးေတြမွာ မ်က္ရည္ေတြ၊ ရႈိက္သံေတြႏွင့္အတူ အေမ့ကို ပို၍လြမ္းတတ္ၾကသည္။ပို၍တမ္းတတတ္ၾကသည္။
အေမက အနားမွာမရွိသည့္အျပင္ မိေထြးအႏွိပ္စက္ကို ထပ္၍ခံလိုက္ရေသာအခါမ်ိဳးတြင္မူကား မိေထြးကို မုန္းတီးနာၾကည္းစိတ္ႏွင့္အတူ အေမ့ကိုႏွေျမာတမ္းတစိတ္က ရင္ထဲမွာလည္းမဆံ့၊ ဦးေႏွာက္ကလည္းမထိန္းႏိုင္ေလာက္ေအာင္ ခံစားရတတ္တာပါ။အမိမဲ့သား ေရနည္းငါး ဆိုသလိုေပါ့။ျပည္သူေတြ အဲဒီလိုတမ္းတၾကတာပါ။ဗိုလ္ခ်ဳပ္ကို အဲဒီလိုလြမ္းၾကရတာပါ။

အာဇာနည္ပုဂၢိဳလ္သည္ အမွန္၊ အမွားကို ခြဲျခမ္းစိတ္ျဖာႏိုင္ၿပီး၊ အမ်ားအက်ိဳးအတြက္ အၿမဲႏွလုံးသြင္းကာ သက္စြန႔္ႀကိဳးပမ္းေဆာင္႐ြက္သူျဖစ္ပါသည္။အမွန္တရားကို ရင္မွာထားသူျဖစ္၍ ေၾကာက္႐ြံ႕အားငယ္စိတ္မရွိသူ ျဖစ္ပါသည္။အတၱကို စြန႔္လႊတ္ႏိုင္သူျဖစ္၍ self-confidence အျပည့္ရွိသူျဖစ္ပါသည္။

ထို႔ေၾကာင့္လည္း တစ္ေယာက္၊ တစ္ရာ၊ တစ္ေထာင္မက တစ္ကုေဋမွာ၊ ကုေဋတစ္ရာမွာ တစ္ေယာက္ရွိဖို႔ မလြယ္သူမ်ိဳးပါ။သူတို႔၏စြမ္းအားကႀကီးပါသည္။သူတို႔၏ေသြးကပ်စ္ပါသည္။ရဲရဲနီပါသည္။

အာဇာနည္ဗိုလ္ခ်ဳပ္၏ ေသြးတစ္စက္သည္ပင္ ယေန႔ ျပည္သူမ်ား၏ဘဝကို အကာအကြယ္ေပးေနပါၿပီ။အလင္းေရာင္ေပးေနပါၿပီ။လမ္းျပေပးေနပါၿပီ။

အာဇာနည္မ်ားက သူတို႔ကိုယ္က်ိဳးႏွင့္ ျပည္သူ႔အက်ိဳး ႏွစ္ခုတြင္ ျပည္သူ႔အက်ိဳးကိုသာ ေ႐ြးခ်ယ္ၾကပါ သည္။

အာဇာနည္စိတ္မရွိသည့္အျပင္ အာဇာနည္မ်ားအေပၚ မနာလိုစိတ္၊ ရန္လိုစိတ္ထားသူမ်ားကေတာ့ သူတို႔ကိုယ္က်ိဳးႏွင့္ ျပည္သူ႔အက်ိဳး ႏွစ္ခုတြင္ သူတို႔ကိုယ္က်ိဳးကိုသာ ေ႐ြးခ်ယ္ၾကပါသည္။

ႏိုင္ငံ့ေခါင္းေဆာင္မ်ားသည္ ႏိုင္ငံကို ကိုယ္စားျပဳပါသည္။ျပည္သူကို ကိုယ္စားျပဳပါသည္။ထို႔ေၾကာင့္၊ ႏိုင္ငံ့ေကာင္းက်ိဳး၊ ျပည္သူ႔ေကာင္းက်ိဳးကိုသာ ေဆာင္႐ြက္ရပါသည္။

ျပည္သူကို အကူအညီေပးသူမ်ားျဖစ္ရပါမည္။

ျပည္သူကို ဒုကၡေပးသူမျဖစ္ရပါ။

Francis Bacon ၏ အဆိုေလးကို သတိရပါသည္။

“He that gives good advice, builds with one hand; he that gives good counsel and example, builds with both; but he that gives good admonition and bad example, builds with one hand and pulls down with the other.”

“အႀကံေကာင္းေပးေသာသူသည္ (သင့္အား) လက္တစ္ဖက္ျဖင့္ကူညီသူျဖစ္၏။အႀကံေကာင္းေရာ၊ လက္ေတြ႕နမူနာပါျပေသာသူသည္ လက္ႏွစ္ဖက္လုံးျဖင့္ကူညီသူျဖစ္၏။သို႔ေသာ္ ေကာင္းေသာ ဆုံးမစကားကိုေျပာၿပီး မေကာင္းေသာနမူနာကိုျပလွ်င္မူ လက္တစ္ဖက္ကဆြဲတင္၍ က်န္လက္တစ္ဖက္က ဆြဲႏွစ္သူျဖစ္ေလသည္။”

ျပည္သူေတြ တကယ္လိုအပ္တာက ျပည္သူကိုတန္ဖိုးထားေသာ ေခါင္းေဆာင္မ်ိဳးျဖစ္သည္။

ျပည္သူေတြေရွာင္ရမွာက ျပည္သူကိုတန္ဖိုးမထားေသာ ေခါင္းေဆာင္မ်ိဳးျဖစ္သည္။

အင္းဝေခတ္က ဟံသာဝတီဘုရင္ ရာဇာဓိရာဇ္၏ သူရဲေကာင္း လဂြန္းအိန္ ပုသိမ္သားတို႔ကို ေအာင္ပြဲမဆင္မီကျဖစ္သည္။ပုသိမ္သားတို႔ကိုတိုက္ရန္ ဝင္ေရာက္ရမည့္ေခ်ာင္းသည္ အလြန္က်ဥ္ေျမာင္းသျဖင့္ ျပန္ထြက္ရန္မလြယ္ကူလွေပ။အတြင္းသို႔ဝင္တိုက္မိသည္ဆိုသည္ႏွင့္ ေသဖို႔ကမ်ားေပသည္။

ရာဇာဓိရာဇ္က တိုက္ပြဲအတြက္ နည္းပရိယာယ္ကိုေတာ့ အစီအစဥ္ဆြဲေပး၏။တိတ္တဆိတ္သြား၍ ထိုေခ်ာင္းထဲတြင္ တိုင္မ်ားစိုက္ရမည္။ေရတက္ခါစတြင္ တိုင္ဖ်ားမ်ားေပၚ႐ုံေလးရွိၿပီး၊ ေရဆက္တက္လာလွ်င္ တိုင္ဖ်ားနစ္ေအာင္စိုက္ထားေစ၏ လဂြန္အိန္ကိုယ္တိုင္ ထိုေခ်ာင္းအတိုင္းဝင္၍ ပုသိမ္သားတို႔ကို စစ္ျမႇဴရမည္။ပုသိမ္သားတို႔ထြက္တိုက္လွ်င္ စိုက္ထားသည့္တိုင္မ်ားကို လြတ္ေအာင္ေလွာ္၍ ျပန္ေျပးထြက္ရမည္။ပုသိမ္သားတို႔က အင္ႏွင့္အားႏွင့္လိုက္တိုက္လိမ့္မည္။ထိုအခါ ပုသိမ္သားတို႔၏ေလွမ်ား တိုင္မ်ားအၾကားတြင္ၿငိၿပီး ကန႔္လန႔္ခံေနလိမ့္မည္။သည္ေတာ့မွ ေရွ႕တိုးမရ၊ ေနာက္ဆုတ္မရႏွင့္ တစ္စုတေဝးတည္းျဖစ္ေနေသာ ပုသိမ္သားတို႔ကို ေခ်ာင္းလယ္မွာ အျပတ္ေျခမႈန္းႏိုင္မည္ျဖစ္သည္။

လဂြန္းအိန္ကလည္း ရာဇာဓိရာဇ္ စီစဥ္သည့္အတိုင္း မလြဲေအာင္စီစဥ္၍ ေသခ်ာေပါက္ ေအာင္ေအာင္ျမင္ျမင္တိုက္ခိုက္ႏိုင္ခဲ့သည္။

တိုက္ပြဲမထြက္မီ ညေနပိုင္းတြင္ ရာဇာဓိရာဇ္၏ အမိန႔္အရ မိဖုရားႀကီး တလသုတမာယာသည္ လဂြန္းအိန္ရွိရာ ေလွဆီသို႔ေရာက္လာသည္။လဂြန္းအိန္ ကို ကြမ္းယာေကြၽးၿပီး အားေပးစကားေျပာသည္။ေသဖို႔မ်ားေသာတိုက္ပြဲကို ဆင္ႏႊဲရမည့္သူရဲေကာင္းကို အားေပးခ်ီးေျမႇာက္ေသာ ရာဇာဓိရာဇ္၏ စိတ္ထားျဖစ္သည္။

လဂြန္းအိန္အတြက္ေတာ့ စဥ္းစားစရာရွိပါသည္။ဘုရင္၏နည္းလမ္းကိုလည္းယုံသည္။သူ႔အရည္အခ်င္းကိုလည္းယုံသည္။သို႔ေသာ္ ရန္သူ႔သတ္ကြင္းထဲသို႔ ဝင္ေရာက္ရမည့္အေနအထားျဖစ္၍ တစ္ခ်က္ေလးခြၽတ္ေခ်ာ္သြားသည္ႏွင့္ သူႏွင့္သူ႔တစ္တပ္လုံး ျပဳတ္ေပလိမ့္မည္။တိုက္ပြဲ ထြက္ဖို႔၊ မထြက္ဖို႔ အျပန္ျပန္စဥ္းစားသည္။ေနာက္ဆုံးတြင္ သူ႔ဘုရင္ႏွင့္ သူ႔ႏိုင္ငံေတာ္အတြက္ အသက္ေပးတိုက္ရန္ ဆုံးျဖတ္လိုက္သည္။သို႔ေသာ္လည္း သူ႔ဘုရင္က သူ႔အေပၚတန္ဖိုး ထား၊ မထား သိခ်င္လွ၏။

ေနာက္တစ္ေန႔ နံနက္ေရာက္လာသည္။ဘုရင့္အမိန႔္အရ သူ႔သူငယ္ခ်င္း သူရဲေကာင္းမ်ားျဖစ္ေသာ အမတ္တိန္ႏွင့္ ျဗတ္ဇတို႔က သူ႔ကိုလာႏႈတ္ဆက္သည္။သူတို႔ေရာက္လာေတာ့ လဂြန္းအိန္တစ္ေယာက္ ေစာင္ၿခဳံကာအိပ္ေန၏။သူငယ္ခ်င္းမ်ားက အတင္းႏႈိးေတာ့မွ ထသည္။သူတို႔က တိုက္ပြဲမထြက္ေသးဘူးလားေမးေတာ့ သူက မိဖုရားႀကီး တလသုတမာယာ ကို စြဲလမ္းစိတ္ေၾကာင့္ စစ္မထြက္ႏိုင္ေတာ့ေၾကာင္းေျပာသည္။သူတို႔က အႏၲရာယ္မ်ားလွေသာ စကားတစ္ခြန္းကို ျပန္႐ုတ္သိမ္းဖို႔ အမ်ိဳးမ်ိဳးေျပာၾကေသာ္လည္း သူကေတာ့ ဘုရင္သတ္ခ်င္သတ္ပါေစ၊ သူ႔စကားကိုမျပင္ႏိုင္ေၾကာင္းေျပာၿပီး ျပန္အိပ္ေနေလသည္။သူတို႔လည္း ဘယ္လိုမွေျပာမရသည့္အဆုံးတြင္ နန္းေတာ္ကိုျပန္၍ သူ႔စကားအတိုင္း ဘုရင္ကိုေလွ်ာက္တင္လိုက္ၾက၏။

ဘုရင္က အနည္းငယ္မွ်ပင္ေတြေဝမေနဘဲ၊ မိဖုရားႀကီးကို လဂြန္းအိန္ထံ လိုက္သြား၍ အလုပ္အေကြၽးျပဳရန္ အမိန႔္ေပးသည္။မိဖုရားႀကီးႏွင့္ မႉးမတ္မ်ားက ေတာင္းပန္ေသာ္လည္း လက္မခံေခ်။ႏိုင္ငံေတာ္အတြက္ တကယ္လုပ္ေဆာင္ႏိုင္သည္မွာ မိဖုရားႀကီးမဟုတ္၊ သူရဲေကာင္းမ်ားျဖစ္သည္ဟု အတည္ျပဳေျပာဆိုလိုက္သည္။မိဖုရားႀကီးလည္း ဘုရင့္အမိန႔္ကို မဖီဆန္ဝံ့သည္မို႔ လဂြန္းအိန္ရွိရာသို႔ လိုက္သြားရရွာသည္။

မိဖုရားႀကီး သူ႔ေလွဆီသို႔လာေနသည္ကိုျမင္သည္ႏွင့္ လဂြန္းအိန္သည္ အိပ္ရာမွထကာ ခ်ပ္ဝတ္တန္ဆာမ်ား လဲလွယ္ဝတ္ဆင္ၿပီး မိဖုရားႀကီးကို ႀကိဳဆို၍ ဦးတိုက္ေလွ်ာက္ထားသည္။

“ကြၽန္ေတာ္မ်ိဳးကိုခြင့္လႊတ္ပါ မယ္မယ္။မယ္မယ့္အေပၚ စိတ္နဲ႔ေတာင္မျပစ္မွားဝံ့ေၾကာင္းပါ။ကြၽန္ေတာ္မ်ိဳး၏ဘုရင္က သူ႔ျပည္သူ၊ သူ႔သူရဲေကာင္းမ်ားအေပၚ တန္ဖိုး ထား၊ မထား သိခ်င္၍ စမ္းသပ္ျခင္းျဖစ္ေၾကာင္းပါ”

ဘုရင္ရာဇာဓိရာဇ္၏ ေ႐ြးခ်ယ္မႈကိုၾကည့္လွ်င္ သူ၏ျပည္သူ၊ သူ၏သူရဲေကာင္းအေပၚ တန္ဖိုးထားေလးစားမႈကိုေတြ႕ရသည္။

လဂြန္းအိန္၏ ေ႐ြးခ်ယ္မႈကိုၾကည့္လွ်င္လည္း သူအားကိုးရေသာဘုရင္၏ သူ႔အေပၚတန္ဖိုးထားေလးစားမႈကို သူ႔အသက္ထက္ အေရးတႀကီးလိုအပ္ခဲ့ေၾကာင္း ေတြ႕ရသည္။

ျပည္သူတစ္ေယာက္အေနႏွင့္ ျပည္သူကိုတန္ဖိုးထား၍ ျပည္သူ႔အက်ိဳးကို ဦးစားေပးေဆာင္႐ြက္ေသာ ေခါင္းေဆာင္ကိုေ႐ြးသင့္လား။ျပည္သူကိုတန္ဖိုးမထားဘဲ ကိုယ္က်ိဳးကိုသာ ဦးစားေပးေဆာင္႐ြက္ေသာ ေခါင္းေဆာင္ကိုေ႐ြးသင့္လား။

ေခါင္းေဆာင္တစ္ေယာက္အေနႏွင့္ ျပည္သူကိုတန္ဖိုးထား၍ ျပည္သူ႔အက်ိဳးကို ဦးစားေပးေဆာင္႐ြက္သင့္လား။မိမိ၏ကိုယ္က်ိဳးကိုပဲ ဦးစားေပးေဆာင္႐ြက္သင့္လား။မိမိ အသက္ရွည္၊ ခ်မ္းသာ၊ အာဏာရွိၿပီး ျပည္သူ၏ တန္ဖိုးထားျခင္းမခံရေသာ ေခါင္းေဆာင္ျဖစ္ခ်င္လား။မိမိ အသက္တို၊ ဆင္းရဲ၊ အာဏာမရွိေသာ္လည္း ျပည္သူ၏ ျမတ္ျမတ္ႏိုးႏိုးတန္ဖိုးထားျခင္းခံရေသာ ေခါင္းေဆာင္ (ဥပမာ-ဗိုလ္ခ်ဳပ္ေအာင္ဆန္း) ျဖစ္ခ်င္လား။

What will you choose ?  (သင္) ဘာေ႐ြးမလဲ။

Martin Luther King, junior ကေတာ့ ဒီလိုေျပာခဲ့ပါသည္။

“The quality, not the longevity, of one’s life is what is important.”

လူတစ္ေယာက္၏ဘဝတြင္ ဘာအေရးႀကီးလဲဆိုလွ်င္ အသက္ရွည္ျခင္းမဟုတ္၊ တန္ဖိုးရွိျခင္းျဖစ္သည္။

႐ိုက္ေမာင္း
ေအာက္တိုဘာ - ၁