【 ဆောင်းပါး 】 “မာန်တွေလည်း လျှော့သင့်ပါပြီ”

【 ဆောင်းပါး 】 “မာန်တွေလည်း လျှော့သင့်ပါပြီ”

“ငါးစိမ်းသည်ကလည်း မာနကြီးတစ်ခွဲသားနဲ့”

“အေး ဟုတ်တယ်။ငါးစိမ်းသည်ပေမယ့်၊ မာနတော့ကြီးတယ်။ဒါပေမယ့်၊ တစ်ခွဲသားတော့မကဘူး။အပြည့်ပဲ။မာနတွေ ပိဿာလိုက်အပြည့်ပဲ”

“ငါးစိမ်းသည်မို့လို့ပဲ။ငါ့လိုဘွဲ့ရအရာရှိဆိုရင်၊ တွေးတောင်မတွေးရဲဘူး”

“ဟုတ်တယ်။မတွေးတတ်ရင်မတွေးနဲ့။နင်တွေးတတ်တာကိုပဲတွေး။ရုံးကိုဘယ်လိုနောက်ကျသွားမယ်၊ ဘယ်လိုဖက်ရှင်စတိုင်တွေနဲ့ပဲများမယ်၊ လက်အောက်ဝန်ထမ်းတွေကို ဘယ်လိုဟောက်စားလုပ်မယ်၊ ရာထူးတိုးဖို့၊ အခွင့်အရေးရဖို့ အထက်ကိုဘယ်လိုဖားမယ်၊ အချင်းချင်းဘယ်လိုညစ်ပတ်မယ်၊ အဲဒါတွေပဲတွေးပေါ့ မဟုတ်ဘူးလား”

“နင်က အဲဒီလိုတောင်တွေးနိုင်ရဲ့လား”

“နင့်လိုမတွေးပေမယ့်၊ ငါ့မှာလည်းငါ့အတွေးရှိတယ်။ငါးကိုဘယ်ဈေးနဲ့ဝယ်မယ်၊ ဘယ်ဈေးနဲ့ရောင်းမယ်၊ ရိုးရိုးသားသား ဈေးဝယ်တဲ့သူတွေ ဘယ်လိုအပြည့်ပေးမယ်၊ ဘယ်လိုအဆစ်ထပ်ပေးမယ်၊ နင့်လိုအူကြောင်ကျားအရာရှိကို ဘယ်လိုအလေးခိုးမယ်၊ အဲဒါငါ့အတွေးပဲလေ”

“အေးလေ။ငါးစိမ်းသည်က ငါးစိမ်းသည်စကားပြောမှာပေါ့”

“ဒါပေါ့။အရာရှိက အရာရှိစကားပြောတယ်။ငါးစိမ်းသည်က ငါးစိမ်းသည်စကားပြောတယ်။အရာရှိလည်း စီးပွားရှာတယ်။ငါးစိမ်းသည်လည်း စီးပွားရှာတယ်။အရာရှိလည်း ထမင်းစားတယ်။ငါးစိမ်းသည်လည်း ထမင်းစားတယ်။အရာရှိပိုက်ဆံလည်း ပိုက်ဆံပဲ။
ငါးစိမ်းသည်ပိုက်ဆံလည်း ပိုက်ဆံပဲ။အရာရှိမှာ မာနရှိသလို၊ ငါးစိမ်းသည်မှာလည်း မာနရှိတာပဲ။ဘယ်သူ့ဟာကပိုကြီးလဲလို့တောင် ပြိုင်လိုက်ချင်သေးတယ်”

“ငါးစိမ်းသည်ပီပီ၊ မရိုင်းနဲ့နော်”

“ဘာရိုင်းလို့လဲ။အရာရှိမာနကကြီးလား၊ ငါးစိမ်းသည်မာနကကြီးလား၊ ပြိုင်ချင်တာကိုပြောတာ”

အလုပ်အားရက်တစ်ရက်ရဲ့ မနက်ခင်းတစ်ခုမှာပါ။ဇနီးသည်က ဇွတ်အတင်းခေါ်နေလို့၊ နေ့လည်စာအတွက် ဈေးဝယ်လိုက်ခဲ့ခြင်းပါ။ဈေးရောက်လို့၊ တခြားဝယ်စရာတွေဝယ်ပြီးတော့၊ သားငါးတန်းကိုလည်းရောက်ရော ရန်ပွဲတစ်ခုနဲ့တိုးပါတော့တယ်။ငါးရောင်းတဲ့အမျိုးသမီးနဲ့ ဈေးဝယ်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ ရန်ပွဲပါ။

အဲဒီမနက်က ကျွန်တော်တို့လင်မယားလည်း ငါးမဝယ်ဖြစ်တော့ပါ။ဈေးကအပြန် လမ်းတစ်လျှောက်လုံး ဇနီးသည်က ရန်ပွဲအကြောင်း non-stop ပြောလာပါတယ်။ကျွန်တော်လုံးဝပြန်မပြောနိုင်ပါ။ဒါပေမယ့် ကျွန်တော့အတွေးထဲမှာလည်း အဲဒီရန်ပွဲအကြောင်းပါပဲ။
အထူးသဖြင့် ငါးရောင်းတဲ့အမျိုးသမီးရဲ့ စကားတစ်ခွန်းကိုပါ။

“အရာရှိမှာ မာနရှိသလို ငါးစိမ်းသည်မှာလည်း မာနရှိတာပဲ”

ဟုတ်ပါတယ်။လူတိုင်းမှာ ကိုယ်စီမာနလေးတွေနဲ့ပါ။မာနဆိုတာ ထောင်လွှားတာ ဝင့်ဝါတာပါ။လူမပြောနှင့် တိရစ္ဆာန်မှာတောင် မာနရှိပါတယ်။ခွေးနဲ့ကြောင်ကိုကြည့်။ခွေးဆိုတာ ကြောင်ကို အမြဲအနိုင်ယူနေတာ။ခွေးကိုတွေ့တာနဲ့ ကြောင်ကပြေးရတာပဲ။ဒါပေမယ့် တစ်နေရာမှာချောင်ပိတ်မိတဲ့အခါ ပြေးလို့မလွတ်နိုင်တော့တဲ့အခါတွေမှာ ကြောင်ကပြန်ပြီးမာန်ဖီတတ်တယ်။ဒီအခါမျိုးမှာ ဘယ်လိုပဲအနိုင်ယူနေကျဖြစ်တယ်ပြောပြော ခွေးခမျာလည်း ခဏတော့ တန့်ခနဲ၊ တုန့်ခနဲ ဖြစ်သွားရတာပဲ။

မာန်ဆိုတာမှာ အတွင်းအားတွေ အဆမတန်ရှိပါတယ်။တကယ်မာန်တက်လာပြီဆိုရင် ပြိုင်ဖက် ဟုတ်တာ၊ မဟုတ်တာတွေ၊ နိုင်မှာ ရှုံးမှာတွေ ဘာကိုမှမဆင်ခြင်နိုင်ကြတော့ပါ။ခန္တာကိုယ်ချင်းမမျှပေမယ့်၊ ဂုဏ်အရည်အချင်းမမျှပေမယ့် “မာန်” ချင်းတော့ မျှတယ်လို့ မသိစိတ်ကယူဆထားတတ်ပါတယ်။

မဟောသဓာဇာတ်ထဲက ပုတ်သင်ညိုကိုကြည့်ပါ။ပုတ်သင်ညိုဆိုတာ ခေါင်းညိတ်တတ်တာ သဘာဝပါ။ဒီပုတ်သင်ညိုကို နေ့တိုင်း အမဲသားတစ်ပဲသား ကျွေးလေ့ရှိတယ်။ဥပုသ်နေ့တစ်နေ့မှာတော့ အမဲသားဝယ်မရလို့ ငွေတစ်ပဲစေ့ကို ကြိုးနဲ့ချည်ပြီး သူ့လည်ပင်းမှာဆွဲပေးထားလိုက်တယ်။ထူးခြားတာက အဲဒီတစ်ပဲစေ့လေး ဆွဲပေးပြီးတဲ့နောက် ပစ္စည်းမာန်တက်သွားပုံရပါတယ်။သူ့ကိုခေါင်းညိတ်ခိုင်းလို့မရတော့ပါ။

ငွေကြေး၊ ပစ္စည်း၊ ဥစ္စာတန်ဖိုးကို နားမလည်တဲ့ တိရစ္ဆာန်တောင် ငွေကြေးအရှိန်အဝါနဲ့ မာန်တက်တတ်ကြသေးတာ လူသားတစ်ယောက်ရဲ့မာန်ကတော့ ပြောစရာပင်လိုမယ်မထင်ပါ။

တကယ်တော့ ‘မာန’ ကြီးတယ်ဆိုတာ ‘အတ္တ’ ကြီးလို့ ဖြစ်တာပါ။ငါစားနိုင်တယ်၊ ငါဝတ်နိုင်တယ်၊ ငါသွားနိုင်တယ်၊ ငါလုပ်နိုင်တယ်၊ ငါ့အလှ၊ ငါ့ပညာ၊ ငါ့ဆွေမျိုး၊ ငါ့အုပ်စု၊ ငါ့ပိုက်ဆံ၊ ငါ့အိမ်၊ ငါ့မြေဆိုပြီး မာန်ထောင်လွှားလာပါတယ်။တခြားသူတွေ ငါ့လောက်မတတ်၊ ငါ့လောက်မသိလို့ ထင်လာတယ်။
ဘဝင်မြင့်လာတယ်။ဒီနေရာမှာ အလျဉ်းသင့်လို့ အတ္တနဲ့ပတ်သက်ပြီး ဗန်းမော်ဆရာတော်ဟောခဲ့တဲ့ ဇာတ်လမ်းလေးကို ပြောပြချင်ပါတယ်။

ရွာတစ်ရွာမှာ တောင်သူလယ်သမားနှစ်ယောက်ဟာ ရွာဦးကျောင်းဆရာတော်ကို အလွန်ကြည်ညိုကြတယ်။ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမအဖြစ် ဆရာတော်ကို ထောက်ပံ့လှူဒါန်းကြတယ်။သူတို့မှာ သမီးပျိုလေးတစ်ယောက်ရှိတယ်။အဲဒီသမီးလေးက နေ့တိုင်း ဆရာတော်ကို ဆွမ်းအုပ်ပို့ရတယ်။ကလေးမက ဆရာတော့်ဆီ ဆွမ်းသွားပို့ရင်း ဆရာတော့်ကို မေးခွန်းတစ်ခုမေးတယ်။‘ဒါဘယ်သူ့ကျောင်းပါလဲ ဆရာတော်’ ဆိုတော့၊ ဆရာတော်က ‘နင့်မိဘတွေ ငါ့ကိုလှူထားတာ ငါ့ကျောင်းပေါ့’ လို့ ပြန်ဖြေတယ်။

ဒီလိုပဲ သင်္ကန်း၊ သပိတ်၊ ကျောင်းဝင်းထဲက သစ်ပင်တွေပါမကျန် လက်ညှိုးထိုးပြီးမေးတယ်။ဆရာတော်ကလည်း ထုံးစံအတိုင်း ငါ့သင်္ကန်း၊ ငါ့သပိတ်၊ ငါ့အပင်တွေလို့ ပြန်ဖြေတယ်။ဒီတော့ ကလေးမက ‘ဘုန်းကြီး ငါ့ကိုကြိုက်နေတာပဲ။ငါ့မကြိုက်နဲ့နော်’ ပြောပြီး အိမ်ပြန်သွားခဲ့တယ်။အဲဒီမှာ ဆရာတော် စိတ်ဒုက္ခစရောက်တော့တာပဲ။သူ့ဘက်က အနေ၊ အထိုင်၊ အပြော၊ အဆို ဘာမှအမှားမရှိဘဲ ကလေးမက ဘာ့ကြောင့် ‘ငါ့ကိုကြိုက်နေတယ်’ လို့ ပြောတာလဲ။သူအသေအချာစဉ်းစားရပြီပေါ့။ဒါပေမယ့် ဘယ်လို စဉ်းစား စဉ်းစား အဖြေမထွက်ဘူး။နောက်ဆုံးတော့ ကပ္ပိယကြီးကို ဖွင့်ပြောပြီး တိုင်ပင်ရတော့တယ်။ကပ္ပိယကြီးကလည်း ကလေးမရဲ့ဖခင် တောင်သူကြီးကို ပြောပြတယ်။တောင်သူကြီးကလည်း ဆရာတော့် သီလ၊ သမာဓိကို ခြွင်းချက်မရှိယုံကြည်ပြီးသား။ဒါပေမယ့် ပြဿနာကလည်းရှင်းမှဖြစ်မှာမို့၊ ဇနီးသည်ကို အကျိုးအကြောင်းပြောပြပြီး သားအမိချင်း မေးကြည့်ခိုင်းလိုက်တယ်။

သည်တော့မှ ကလေးမက သူမဘာကြောင့်ပြောရကြောင်း ရှင်းပြတယ်။ငါ့ကျောင်း၊ ငါ့သင်္ကန်း၊ ငါ့သပိတ်၊ ငါ့အပင်လို့ ဆရာတော်က အမြဲပြောတယ်။ဒါကြောင့် ငါစွဲ၊ အတ္တစွဲ၊ သက္ကာယဒိဋ္ဌိစွဲတွေ မရှိဖို့ သတိပေးတာပါလို့ ရှင်းပြတယ်။သည်တော့မှ ဆရာတော်ကပြုံးပြီး ‘ဟုတ်ပေသားပဲ’ လို့ ဝန်ခံလိုက်ရတယ်။

‘ငါ’ ဆိုတဲ့ အတ္တကြောင့် ‘မာန်’ တက်လာရတာပါ။မာနကြီးလာတာပါ။ငွေမာန်၊ ရာထူးမာန်၊ အလှမာန်၊ အမျိုးမာန်၊ အာဏာမာန်၊ လက်နက်မာန်၊ အုပ်စုမာန် စတဲ့ ‘မာန်’ တွေ ဝင်လာရင် ဘယ်သူ့ကိုမှအထင်မကြီးချင်တော့။တစ်ဖက်သားအပေါ် လေးလေးစားစား၊ မျှမျှတတ၊ ကြင်ကြင်နာနာ၊ ညှိညှိနှိုင်းနှိုင်း မတွေးပေးတတ်တော့။မေတ္တာစိတ်၊ စာနာစိတ် မရှိတော့။ဒီအချိန်မှာ အမှန်တရားဆိုတာ အဝေးဆုံးကိုရောက်သွားပြီ။

ဒါကြောင့်လည်း ဆရာ လယ်တီပဏ္ဍိတ ဦးမောင်ကြီး က ‘မာနဆိုတာ ပညာရဲ့ရန်သူ’ ‘မာနဆိုတာ ပညာရဲ့အန္တရာယ်’ လို့ ရေးခဲ့တာပါ။

ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တိုင်း (ကလေး၊ လူကြီး၊ မိန်းမ၊ ယောင်္ကျား၊ လူ၊ ဘုန်းကြီးမကျန်) ဘုရားရှိခိုးတိုင်း ရွတ်ဆိုနေကျဖြစ်တဲ့၊ အားလုံးလည်းအလွတ်ရနေတဲ့ “သြကာသကန်တော့ချိုး” ကို ရေးပြပါရစေ။

“သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ ပထမ၊ ဒုတိယ၊ တတိယ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ၊ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော်၊ ဖူးမျှော် ‘မာန်လျှော့’ ကန်တော့ပါ၏ အရှင်ဘုရား” တရားဘာဝနာမပွားခင်၊ တရားမနာခင် သီလခံယူရပါတယ်။သီလမခံယူခင် သရဏဂုံ ဆောက်တည်ရပါ တယ်။သရဏဂုံ မဆောက်တည်ခင် ဒီသြကာသကန်တော့ချိုးနဲ့ ကန်တော့ရပါတယ်။ရတနာသုံးပါးနဲ့ မိဘ၊ ဆရာ အနန္တကျေးဇူးရှင်များအပေါ်မှာ ပြုမှား၊ ပြောမှား၊ ကြံမှားမိတဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးဖို့၊ ဝန်ချတောင်းပန်ရင်း၊ မိမိကလည်း မိမိမှာရှိတဲ့ လောဘ၊ ဒေါသ၊ မောဟ ဟိတ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ‘မာန်မာန’ ကို ဖြေလျှော့ပြီး ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးကို သန့်ရှင်းထားပါတယ်လို့ ဆိုလိုတာပါ။

အသိဉာဏ်ပညာနဲ့ မာန်မာနဟာ ပြောင်းပြန်အချိုးကျပါတယ်။အသိဉာဏ်များရင် မာနသေးပြီး၊ အသိဉာဏ်နည်းရင် မာနကြီးပါတယ်။ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် မာနကြီးသူကို တိုက်ရိုက်တရားမဟောပါ။သူ့မာနကို ဦးစွာလျော့အောင်လုပ်ပြီးမှ၊ သူ့မာနကိုချိုးနှိမ်စေပြီးမှ တရားဟောပါတယ်။မာနမရှိမှ တရားကိုမြင်လာတာပါ။    

မာနရှိတဲ့သူတစ်ယောက်ကို အသေအချာစမ်းစစ်ကြည့်ရင် လောကဓံကိုကြောက်နေသူအဖြစ် ယေဘုယျပြောနိုင်ပါတယ်။သူဟာ နွားခြေရာခွက်ကို သမုဒ္ဒရာထင်မှတ်ပြီး မာန်တက်နေတဲ့ ဖားသူငယ်လိုဖြစ်နေတာပါ။သူ့ထက်သာတဲ့သူအပေါ် မနာလိုစိတ် (အိဿာစိတ်) ဖြစ်တယ်။သူ့ထက်နိမ့်ကျတဲ့သူအပေါ် သူတစ်ခုခုလုပ်ပေးရမှာစိုးလို့ ဝန်တိုစိတ် (မစ္ဆရိယစိတ်) ဖြစ်တယ်။တကယ်ဆိုရင် ကိုယ့်ထက်သာတဲ့သူအပေါ် ဝမ်းမြောက်ဂုဏ်ယူစိတ် (မုဒိတာစိတ်) ပွားရမှပါ။ကိုယ့်ထက်နိမ့်ကျတဲ့သူအပေါ်လည်း သနားကြင်နာစိတ် (ကရုဏာစိတ်) ထားရမှပါ။ဒီလိုကောင်းတဲ့စိတ်တွေ မထားနိုင်တော့၊ ဆန့်ကျင်ဘက် မကောင်းစိတ်တွေ ဝင်ပြီးနေရာယူလာတာပေ့ါ။

မာနစိတ်ဆိုတာ အဲဒီမာနကို လက်ခံကျင့်သုံးနေတဲ့သူအတွက် ဝင့်ဝါနေတယ်။ထည်ဝါနေတယ်။ထောင်လွှားနေတယ်။မြင့်မားနေတယ်လို့ ထင်နေတာပါ။‘ဘဝင်မမြင့်နဲ့ရူးတတ်သည်’ ဆိုတာလိုပဲ၊ သူရူးနေတာပါ။ဘယ်သူကမှ သူ့ကိုအထင်မကြီးပါဘူး။သူမသိပေမယ့် သူ့ပတ်ဝန်းကျင်က သူ့ကိုအထင်သေးနေကြပါတယ်။သူကိုယ်တိုင် ထင်နေတဲ့စိတ်က တကယ့်သူ့အတွင်းစိတ်နဲ့ ပြောင်းပြန်ဖြစ်နေတာပါ။သူ့အတွင်းစိတ်မှာတော့ သူဟာကြောက်ရွံ့နေပါတယ်။သိမ်ငယ်နေပါတယ်။အားငယ်နေပါတယ်။
သူ့စိတ်သူမလုံမခြုံဖြစ်နေပါတယ်။သူများတွေက ဘာထင်မလဲဆိုတဲ့ သံသယအတွေးက သူ့ရဲ့လမ်းကြောင်းအမှန်ကို မမြင်အောင်ကွယ်ထားပါတယ်။စကားလုံးအမှန်တွေ မပြောနိုင်အောင် တားဆီးနေပါတယ်။သူ့ဘဝတစ်ခုလုံး အမှန်တရားနဲ့ မဝေး ဝေးအောင် ထိန်းချုပ်ထားပါတယ်။သူ့မာနက အထက်ဘဝဂ်တိုင်အောင် တလူလူလွှင့်တင်ထားပေမယ့် သူ့ဘဝကို အလင်းရောင်ပေးမယ့် သူ့အသိဉာဏ်ကတော့ အဝီစိမှာပါ။သူက လူတကာအပေါ် အနိုင်ရသူအဖြစ် ဘဝင်မြင့်နေချိန်မှာပဲ သူဟာ လူတကာကို အရှုံးပေးနေရသူအဖြစ် အဆင့်နိမ့်ကျနေတာကို သူမသိလိုက်ပါ။

ဝန်ထမ်းဘဝကကြုံဖူးတဲ့ အရာရှိနှစ်ယောက်ရှိပါတယ်။တစ်ယောက်က ဦးဆောင်ညွှန်ကြားရေးမှူး (MD) ပါ။နောက်တစ်ယောက်က MD ရဲ့ လက်အောက်က အထွေထွေမန်နေဂျာ (GM) ပါ။သူတို့နဲ့တန်းတူဆက်ဆံပြီး သူတို့အကြောင်းသိတာမဟုတ်ပါ။စင်မြင့်ပေါ်က သူတို့ရဲ့ဖြစ်စဉ်တွေကို စင်အောက်က တွေ့နေမြင်နေရတာပါ။သူတို့က အသက်နှစ်လခန့် ကွာပါတယ်။ဒါကလည်း သူတို့နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် အငြိမ်းစားယူတာကိုကြည့်ပြီးမှ သိရတာပါ။

MD က မာနကြီးတယ်။ဘဝင်မြင့်တယ်။သူလေးလေးစားစားဆက်ဆံတာ ဝန်ကြီးနဲ့ ဒု-ဝန်ကြီးပဲရှိတယ်။ကျန်တဲ့ အရာထမ်း၊ အမှုထမ်းတွေ အပေါ်မှာတော့ မောက်မောက်မာမာ ဆက်ဆံတတ်ပါတယ်။စကားပြောရင်လည်း သူပြောချင်တာ အပြတ်ပြောတယ်။တစ်ဖက်လူရဲ့ တုံ့ပြန်စကားကို ဘယ်တော့မှနားထောင်မပေးပါ။သူရုံးလာလို့၊ အခန်းတွေရဲ့အပြင်မှာ သွားလာနေတဲ့ ဝန်ထမ်းတွေကိုမြင်ရင်၊ အပြစ်တစ်ခုမဟုတ်တစ်ခု ရှာတတ်တယ်။ဒါကြောင့်လည်း၊ သူရုံးလာချိန်မှာ ဝန်ထမ်းအားလုံး ကိုယ့်အခန်းမှာကိုယ် ငြိမ်နေကြတယ်။
တစ်ခန်းနဲ့တစ်ခန်း၊ လုပ်ငန်းအရ ကူးသွားကူးလာလုပ်တဲ့အခါမှာတောင် သူ့အရိပ်အခြည်ကြည့်ပြီး သွားလာရတယ်။

GM ကတော့ MD နဲ့ ပြောင်းပြန်။သူရုံးလာရင်၊ တွေ့တဲ့ဝန်ထမ်းတိုင်းကို နှုတ်ဆက်တယ်။အခန်းတိုင်းကိုလည်း ခေါင်းလေးပြူပြီးတော့ဖြစ်ဖြစ် အားပေးနှုတ်ဆက်တာ မကြာခဏဆိုသလိုပါပဲ။အချိန်ပိုဆင်းတဲ့ ဝန်ထမ်းများနဲ့ကြုံရင်၊ အချိန်ပိုဆင်းတာလား ဘယ်နှစ်ယောက်လဲမေးပြီး၊ စားစရာတစ်ခုခု စီစဉ်ပေးတတ်ပါသေးတယ်။တစ်ခါတလေ တယ်လီဖုန်းသတင်းစောင့်တဲ့ တာဝန်မှူးဝန်ထမ်းများနဲ့ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေးအကြောင်းတွေ အပြန်အလှန် ဆွေးနွေးပြောဆိုတတ်ပါတယ်။

အဲဒါက သူတို့နှစ်ယောက်ရဲ့ နေပုံ၊ ထိုင်ပုံ အလေ့အထလေးတွေပါ။သူတို့နှစ်ယောက်လုံး ဘယ်ဝန်ထမ်းကိုမှ ဘဝပျက်အောင်မလုပ်ခဲ့ကြပါ။ဒါကြောင့်လည်း တခြားရှည်ရှည်ဝေးဝေး၊ သေးသေးစိတ်စိတ်တွေ မပြောချင်တော့ပါ။သူတို့နှစ်ယောက် အငြိမ်းစားယူပြီးနောက်ပိုင်းမှာ အဖြေတစ်ခုကိုတော့ မြင်ခွင့်၊ သိခွင့်ရခဲ့ပါတယ်။

MD ရုံးကို ကိစ္စရှိလို့လာရင်၊ လမ်းမှာအမှတ်တမဲ့တွေ့ဆုံရင် ဘယ်ဝန်ထမ်းကမှ သူ့ကိုနှုတ်မဆက်ပါ။မသိချင်ယောင်ဆောင်သွားတတ်ကြပါတယ်။ရုံးကိုလာတဲ့အချိန်မှာတော့၊ သူတာဝန်ထမ်းဆောင်စဉ်ကလိုပဲ၊ အားလုံး ကိုယ့်အခန်းထဲကိုယ် ဝင်သွားပြီး ငြိမ်နေလိုက်ကြပါတယ်။သူတာဝန်ထမ်းစဉ်က သူ့ကိုရှောင်တာဟာ သူ့ရာထူး၊ သူ့အာဏာ၊ သူ့လုပ်ပိုင်ခွင့်ကို မလှန်နိုင်လို့၊ ကြောက်လို့ပါ။သူအငြိမ်းစားယူပြီးမှ သူ့ကိုရှောင်တာကတော့ သူ့ကိုရွံရှာလို့ပါ။သူ့ရဲ့မာကျောတဲ့နှလုံးသားနဲ့ အားလုံးရဲ့စေတနာနဲ့ မတန်ဘူးထင်လို့ပါ။

GM မို့ ရုံးကိုလာရင်၊ အားလုံးက ဖက်လှဲတကင်းနှုတ်ဆက်ကြတယ်။တစ်ယောက်ယောက်က ‘GM ကြီး လာတယ်ဟေ့’ ဆိုတာနဲ့ တစ်ဆင့်စကားတစ်ဆင့်ကြားပြီး တစ်ရုံးလုံးလိုလို ကြိုဆိုနှုတ်ဆက်ကြပါတယ်။သီတင်းကျွတ်တိုင်းလည်း၊ ဝန်ထမ်းတော်တော်များများဟာ GM ရဲ့ အိမ်ကို သွားပြီးကန်တော့တတ်ကြပါတယ်။

မာနသမား MD က တာဝန်မှအနားယူချိန်မှာ သူ့ရာထူးက မြေကြီးအောက်ရောက်သွားပါတယ်။မေတ္တာသမား GM ကတော့ တာဝန်မရှိတော့မှ သူ့ရာထူးက နဂိုလ်ထက်တောင် ပိုကြီးလာတယ်လို့ ထင်ရပါတယ်။

မာနရဲ့ ပူလောင်ခြင်း၊ မောက်မာခြင်း၊ ခက်ထန်ခြင်း၊ မာကျောခြင်းကို ဘုရားလည်းမကြိုက်ပါ။သူတော်ကောင်းတွေလည်းမကြိုက်ပါ။သာမန်လူတွေလည်းမကြိုက်ပါ။တိရစ္ဆာန်တွေတောင်မကြိုက်ပါ။

မေတ္တာ၏ အေးမြခြင်း၊ နူးညံ့ခြင်း၊ ပြေလျော့ခြင်း၊ ပျော့ပျောင်းခြင်းကို ဘုရားလည်းကြိုက်ပါတယ်။သူတော်ကောင်းတွေလည်းကြိုက်ပါတယ်။သာမန်လူတွေလည်းကြိုက်ပါတယ်။တိရစ္ဆာန်တွေတောင်ကြိုက်ပါတယ်။ဒါကြောင့်လည်း အင်းဝခေတ် ကဗျာစာဆို ရှင်မဟာရဋ္ဌသာရ က ငယ်စဉ်ဘဝတစ်လျှောက် ‘ပညာမာန်’ တဝင့်ဝင့်နဲ့ မောက်မောက်မာမာနေခဲ့မိတဲ့ သူ့အမှားကိုမြင်လာတဲ့အခါ၊ သူရေးသားတဲ့ ‘စတုဓမ္မသာရ ကိုးခန်းပျို့’ မှာ သူ့မာန်ကိုဖြေလျော့ပြီး၊ မာန်ကြွေးတင်ခဲ့သူများအပေါ် ကန်တော့လို့ပင် တောင်းပန်လိုက်ပုံမှာ ချမ်းမြေ့ကြည်နူးစရာ၊ ကြည်ညိုလေးစားစရာကောင်းလှပါတယ်။

“ငါနှင့်ငါသာ၊ နှိုင်းစရာဟု၊ ပညာမုန်ယို၊ အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်စောင်မြောက်၍၊ နှုတ်ငေါက်လွန်မိ၊ ဒေါသရှိလည်း၊ နှောင်းပြီတစ်ခါ၊ ရိုသေစွာလျှင်၊ ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်၊ စိတ်ကျန်းမာန်လျှော့၊ ငါကန်တော့၏” လို့ ..။

မာန်တက်သူများ သတိပြုမိကြပါစေ…။

ရိုက်မောင်း
ဖေဖော်ဝါရီ - ၂၀
( Zawgyi )
“ငါးစိမ္းသည္ကလည္း မာနႀကီးတစ္ခြဲသားနဲ႔”

“ေအး ဟုတ္တယ္။ငါးစိမ္းသည္ေပမယ့္၊ မာနေတာ့ႀကီးတယ္။ဒါေပမယ့္၊ တစ္ခြဲသားေတာ့မကဘူး။အျပည့္ပဲ။မာနေတြ ပိႆာလိုက္အျပည့္ပဲ”

“ငါးစိမ္းသည္မို႔လို႔ပဲ။ငါ့လိုဘြဲ႕ရအရာရွိဆိုရင္၊ ေတြးေတာင္မေတြးရဲဘူး”

“ဟုတ္တယ္။မေတြးတတ္ရင္မေတြးနဲ႔။နင္ေတြးတတ္တာကိုပဲေတြး။႐ုံးကိုဘယ္လိုေနာက္က်သြားမယ္၊ ဘယ္လိုဖက္ရွင္စတိုင္ေတြနဲ႔ပဲမ်ားမယ္၊ လက္ေအာက္ဝန္ထမ္းေတြကို ဘယ္လိုေဟာက္စားလုပ္မယ္၊ ရာထူးတိုးဖို႔၊ အခြင့္အေရးရဖို႔ အထက္ကိုဘယ္လိုဖားမယ္၊ အခ်င္းခ်င္းဘယ္လိုညစ္ပတ္မယ္၊ အဲဒါေတြပဲေတြးေပါ့ မဟုတ္ဘူးလား”

“နင္က အဲဒီလိုေတာင္ေတြးႏိုင္ရဲ႕လား”

“နင့္လိုမေတြးေပမယ့္၊ ငါ့မွာလည္းငါ့အေတြးရွိတယ္။ငါးကိုဘယ္ေဈးနဲ႔ဝယ္မယ္၊ ဘယ္ေဈးနဲ႔ေရာင္းမယ္၊ ႐ိုး႐ိုးသားသား ေဈးဝယ္တဲ့သူေတြ ဘယ္လိုအျပည့္ေပးမယ္၊ ဘယ္လိုအဆစ္ထပ္ေပးမယ္၊ နင့္လိုအူေၾကာင္က်ားအရာရွိကို ဘယ္လိုအေလးခိုးမယ္၊ အဲဒါငါ့အေတြးပဲေလ”

“ေအးေလ။ငါးစိမ္းသည္က ငါးစိမ္းသည္စကားေျပာမွာေပါ့”

“ဒါေပါ့။အရာရွိက အရာရွိစကားေျပာတယ္။ငါးစိမ္းသည္က ငါးစိမ္းသည္စကားေျပာတယ္။အရာရွိလည္း စီးပြားရွာတယ္။ငါးစိမ္းသည္လည္း စီးပြားရွာတယ္။အရာရွိလည္း ထမင္းစားတယ္။ငါးစိမ္းသည္လည္း ထမင္းစားတယ္။အရာရွိပိုက္ဆံလည္း ပိုက္ဆံပဲ။
ငါးစိမ္းသည္ပိုက္ဆံလည္း ပိုက္ဆံပဲ။အရာရွိမွာ မာနရွိသလို၊ ငါးစိမ္းသည္မွာလည္း မာနရွိတာပဲ။ဘယ္သူ႔ဟာကပိုႀကီးလဲလို႔ေတာင္ ၿပိဳင္လိုက္ခ်င္ေသးတယ္”

“ငါးစိမ္းသည္ပီပီ၊ မ႐ိုင္းနဲ႔ေနာ္”

“ဘာ႐ိုင္းလို႔လဲ။အရာရွိမာနကႀကီးလား၊ ငါးစိမ္းသည္မာနကႀကီးလား၊ ၿပိဳင္ခ်င္တာကိုေျပာတာ”

အလုပ္အားရက္တစ္ရက္ရဲ႕ မနက္ခင္းတစ္ခုမွာပါ။ဇနီးသည္က ဇြတ္အတင္းေခၚေနလို႔၊ ေန႔လည္စာအတြက္ ေဈးဝယ္လိုက္ခဲ့ျခင္းပါ။ေဈးေရာက္လို႔၊ တျခားဝယ္စရာေတြဝယ္ၿပီးေတာ့၊ သားငါးတန္းကိုလည္းေရာက္ေရာ ရန္ပြဲတစ္ခုနဲ႔တိုးပါေတာ့တယ္။ငါးေရာင္းတဲ့အမ်ိဳးသမီးနဲ႔ ေဈးဝယ္တဲ့အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ရန္ပြဲပါ။

အဲဒီမနက္က ကြၽန္ေတာ္တို႔လင္မယားလည္း ငါးမဝယ္ျဖစ္ေတာ့ပါ။ေဈးကအျပန္ လမ္းတစ္ေလွ်ာက္လုံး ဇနီးသည္က ရန္ပြဲအေၾကာင္း non-stop ေျပာလာပါတယ္။ကြၽန္ေတာ္လုံးဝျပန္မေျပာႏိုင္ပါ။ဒါေပမယ့္ ကြၽန္ေတာ့အေတြးထဲမွာလည္း အဲဒီရန္ပြဲအေၾကာင္းပါပဲ။
အထူးသျဖင့္ ငါးေရာင္းတဲ့အမ်ိဳးသမီးရဲ႕ စကားတစ္ခြန္းကိုပါ။

“အရာရွိမွာ မာနရွိသလို ငါးစိမ္းသည္မွာလည္း မာနရွိတာပဲ”

ဟုတ္ပါတယ္။လူတိုင္းမွာ ကိုယ္စီမာနေလးေတြနဲ႔ပါ။မာနဆိုတာ ေထာင္လႊားတာ ဝင့္ဝါတာပါ။လူမေျပာႏွင့္ တိရစာၦန္မွာေတာင္ မာနရွိပါတယ္။ေခြးနဲ႔ေၾကာင္ကိုၾကည့္။ေခြးဆိုတာ ေၾကာင္ကို အၿမဲအႏိုင္ယူေနတာ။ေခြးကိုေတြ႕တာနဲ႔ ေၾကာင္ကေျပးရတာပဲ။ဒါေပမယ့္ တစ္ေနရာမွာေခ်ာင္ပိတ္မိတဲ့အခါ ေျပးလို႔မလြတ္ႏိုင္ေတာ့တဲ့အခါေတြမွာ ေၾကာင္ကျပန္ၿပီးမာန္ဖီတတ္တယ္။ဒီအခါမ်ိဳးမွာ ဘယ္လိုပဲအႏိုင္ယူေနက်ျဖစ္တယ္ေျပာေျပာ ေခြးခမ်ာလည္း ခဏေတာ့ တန႔္ခနဲ၊ တုန႔္ခနဲ ျဖစ္သြားရတာပဲ။

မာန္ဆိုတာမွာ အတြင္းအားေတြ အဆမတန္ရွိပါတယ္။တကယ္မာန္တက္လာၿပီဆိုရင္ ၿပိဳင္ဖက္ ဟုတ္တာ၊ မဟုတ္တာေတြ၊ ႏိုင္မွာ ရႈံးမွာေတြ ဘာကိုမွမဆင္ျခင္ႏိုင္ၾကေတာ့ပါ။ခႏၲာကိုယ္ခ်င္းမမွ်ေပမယ့္၊ ဂုဏ္အရည္အခ်င္းမမွ်ေပမယ့္ “မာန္” ခ်င္းေတာ့ မွ်တယ္လို႔ မသိစိတ္ကယူဆထားတတ္ပါတယ္။

မေဟာသဓာဇာတ္ထဲက ပုတ္သင္ညိဳကိုၾကည့္ပါ။ပုတ္သင္ညိဳဆိုတာ ေခါင္းညိတ္တတ္တာ သဘာဝပါ။ဒီပုတ္သင္ညိဳကို ေန႔တိုင္း အမဲသားတစ္ပဲသား ေကြၽးေလ့ရွိတယ္။ဥပုသ္ေန႔တစ္ေန႔မွာေတာ့ အမဲသားဝယ္မရလို႔ ေငြတစ္ပဲေစ့ကို ႀကိဳးနဲ႔ခ်ည္ၿပီး သူ႔လည္ပင္းမွာဆြဲေပးထားလိုက္တယ္။ထူးျခားတာက အဲဒီတစ္ပဲေစ့ေလး ဆြဲေပးၿပီးတဲ့ေနာက္ ပစၥည္းမာန္တက္သြားပုံရပါတယ္။သူ႔ကိုေခါင္းညိတ္ခိုင္းလို႔မရေတာ့ပါ။

ေငြေၾကး၊ ပစၥည္း၊ ဥစၥာတန္ဖိုးကို နားမလည္တဲ့ တိရစာၦန္ေတာင္ ေငြေၾကးအရွိန္အဝါနဲ႔ မာန္တက္တတ္ၾကေသးတာ လူသားတစ္ေယာက္ရဲ႕မာန္ကေတာ့ ေျပာစရာပင္လိုမယ္မထင္ပါ။

တကယ္ေတာ့ ‘မာန’ ႀကီးတယ္ဆိုတာ ‘အတၱ’ ႀကီးလို႔ ျဖစ္တာပါ။ငါစားႏိုင္တယ္၊ ငါဝတ္ႏိုင္တယ္၊ ငါသြားႏိုင္တယ္၊ ငါလုပ္ႏိုင္တယ္၊ ငါ့အလွ၊ ငါ့ပညာ၊ ငါ့ေဆြမ်ိဳး၊ ငါ့အုပ္စု၊ ငါ့ပိုက္ဆံ၊ ငါ့အိမ္၊ ငါ့ေျမဆိုၿပီး မာန္ေထာင္လႊားလာပါတယ္။တျခားသူေတြ ငါ့ေလာက္မတတ္၊ ငါ့ေလာက္မသိလို႔ ထင္လာတယ္။
ဘဝင္ျမင့္လာတယ္။ဒီေနရာမွာ အလ်ဥ္းသင့္လို႔ အတၱနဲ႔ပတ္သက္ၿပီး ဗန္းေမာ္ဆရာေတာ္ေဟာခဲ့တဲ့ ဇာတ္လမ္းေလးကို ေျပာျပခ်င္ပါတယ္။

႐ြာတစ္႐ြာမွာ ေတာင္သူလယ္သမားႏွစ္ေယာက္ဟာ ႐ြာဦးေက်ာင္းဆရာေတာ္ကို အလြန္ၾကည္ညိဳၾကတယ္။ပစၥည္းေလးပါး ဒါယကာ၊ ဒါယိကာမအျဖစ္ ဆရာေတာ္ကို ေထာက္ပံ့လႉဒါန္းၾကတယ္။သူတို႔မွာ သမီးပ်ိဳေလးတစ္ေယာက္ရွိတယ္။အဲဒီသမီးေလးက ေန႔တိုင္း ဆရာေတာ္ကို ဆြမ္းအုပ္ပို႔ရတယ္။ကေလးမက ဆရာေတာ့္ဆီ ဆြမ္းသြားပို႔ရင္း ဆရာေတာ့္ကို ေမးခြန္းတစ္ခုေမးတယ္။‘ဒါဘယ္သူ႔ေက်ာင္းပါလဲ ဆရာေတာ္’ ဆိုေတာ့၊ ဆရာေတာ္က ‘နင့္မိဘေတြ ငါ့ကိုလႉထားတာ ငါ့ေက်ာင္းေပါ့’ လို႔ ျပန္ေျဖတယ္။

ဒီလိုပဲ သကၤန္း၊ သပိတ္၊ ေက်ာင္းဝင္းထဲက သစ္ပင္ေတြပါမက်န္ လက္ညႇိဳးထိုးၿပီးေမးတယ္။ဆရာေတာ္ကလည္း ထုံးစံအတိုင္း ငါ့သကၤန္း၊ ငါ့သပိတ္၊ ငါ့အပင္ေတြလို႔ ျပန္ေျဖတယ္။ဒီေတာ့ ကေလးမက ‘ဘုန္းႀကီး ငါ့ကိုႀကိဳက္ေနတာပဲ။ငါ့မႀကိဳက္နဲ႔ေနာ္’ ေျပာၿပီး အိမ္ျပန္သြားခဲ့တယ္။အဲဒီမွာ ဆရာေတာ္ စိတ္ဒုကၡစေရာက္ေတာ့တာပဲ။သူ႔ဘက္က အေန၊ အထိုင္၊ အေျပာ၊ အဆို ဘာမွအမွားမရွိဘဲ ကေလးမက ဘာ့ေၾကာင့္ ‘ငါ့ကိုႀကိဳက္ေနတယ္’ လို႔ ေျပာတာလဲ။သူအေသအခ်ာစဥ္းစားရၿပီေပါ့။ဒါေပမယ့္ ဘယ္လို စဥ္းစား စဥ္းစား အေျဖမထြက္ဘူး။ေနာက္ဆုံးေတာ့ ကပၸိယႀကီးကို ဖြင့္ေျပာၿပီး တိုင္ပင္ရေတာ့တယ္။ကပၸိယႀကီးကလည္း ကေလးမရဲ႕ဖခင္ ေတာင္သူႀကီးကို ေျပာျပတယ္။ေတာင္သူႀကီးကလည္း ဆရာေတာ့္ သီလ၊ သမာဓိကို ႁခြင္းခ်က္မရွိယုံၾကည္ၿပီးသား။ဒါေပမယ့္ ျပႆနာကလည္းရွင္းမွျဖစ္မွာမို႔၊ ဇနီးသည္ကို အက်ိဳးအေၾကာင္းေျပာျပၿပီး သားအမိခ်င္း ေမးၾကည့္ခိုင္းလိုက္တယ္။

သည္ေတာ့မွ ကေလးမက သူမဘာေၾကာင့္ေျပာရေၾကာင္း ရွင္းျပတယ္။ငါ့ေက်ာင္း၊ ငါ့သကၤန္း၊ ငါ့သပိတ္၊ ငါ့အပင္လို႔ ဆရာေတာ္က အၿမဲေျပာတယ္။ဒါေၾကာင့္ ငါစြဲ၊ အတၱစြဲ၊ သကၠာယဒိ႒ိစြဲေတြ မရွိဖို႔ သတိေပးတာပါလို႔ ရွင္းျပတယ္။သည္ေတာ့မွ ဆရာေတာ္ကၿပဳံးၿပီး ‘ဟုတ္ေပသားပဲ’ လို႔ ဝန္ခံလိုက္ရတယ္။

‘ငါ’ ဆိုတဲ့ အတၱေၾကာင့္ ‘မာန္’ တက္လာရတာပါ။မာနႀကီးလာတာပါ။ေငြမာန္၊ ရာထူးမာန္၊ အလွမာန္၊ အမ်ိဳးမာန္၊ အာဏာမာန္၊ လက္နက္မာန္၊ အုပ္စုမာန္ စတဲ့ ‘မာန္’ ေတြ ဝင္လာရင္ ဘယ္သူ႔ကိုမွအထင္မႀကီးခ်င္ေတာ့။တစ္ဖက္သားအေပၚ ေလးေလးစားစား၊ မွ်မွ်တတ၊ ၾကင္ၾကင္နာနာ၊ ညႇိညႇိႏႈိင္းႏႈိင္း မေတြးေပးတတ္ေတာ့။ေမတၱာစိတ္၊ စာနာစိတ္ မရွိေတာ့။ဒီအခ်ိန္မွာ အမွန္တရားဆိုတာ အေဝးဆုံးကိုေရာက္သြားၿပီ။

ဒါေၾကာင့္လည္း ဆရာ လယ္တီပ႑ိတ ဦးေမာင္ႀကီး က ‘မာနဆိုတာ ပညာရဲ႕ရန္သူ’ ‘မာနဆိုတာ ပညာရဲ႕အႏၲရာယ္’ လို႔ ေရးခဲ့တာပါ။

ဒီေနရာမွာ ဗုဒၶဘာသာဝင္တိုင္း (ကေလး၊ လူႀကီး၊ မိန္းမ၊ ေယာက်ၤား၊ လူ၊ ဘုန္းႀကီးမက်န္) ဘုရားရွိခိုးတိုင္း ႐ြတ္ဆိုေနက်ျဖစ္တဲ့၊ အားလုံးလည္းအလြတ္ရေနတဲ့ “ၾသကာသကန္ေတာ့ခ်ိဳး” ကို ေရးျပပါရေစ။

“ၾသကာသ၊ ၾသကာသ၊ ၾသကာသ၊ ကာယကံ၊ ဝစီကံ၊ မေနာကံ၊ သဗၺေဒါသ ခပ္သိမ္းေသာ အျပစ္တို႔ကို ေပ်ာက္ပါေစျခင္း အက်ိဳးငွါ ပထမ၊ ဒုတိယ၊ တတိယ တစ္ႀကိမ္၊ ႏွစ္ႀကိမ္၊ သုံးႀကိမ္ေျမာက္ေအာင္ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာျမတ္သုံးပါးတို႔ကို အ႐ိုအေသ၊ အေလးအျမတ္ လက္စုံမိုး၍ ရွိခိုးပူေဇာ္၊ ဖူးေမွ်ာ္ ‘မာန္ေလွ်ာ့’ ကန္ေတာ့ပါ၏ အရွင္ဘုရား” တရားဘာဝနာမပြားခင္၊ တရားမနာခင္ သီလခံယူရပါတယ္။သီလမခံယူခင္ သရဏဂုံ ေဆာက္တည္ရပါ တယ္။သရဏဂုံ မေဆာက္တည္ခင္ ဒီၾသကာသကန္ေတာ့ခ်ိဳးနဲ႔ ကန္ေတာ့ရပါတယ္။ရတနာသုံးပါးနဲ႔ မိဘ၊ ဆရာ အနႏၲေက်းဇူးရွင္မ်ားအေပၚမွာ ျပဳမွား၊ ေျပာမွား၊ ႀကံမွားမိတဲ့ အျပစ္ေတြကို ခြင့္လႊတ္ေပးဖို႔၊ ဝန္ခ်ေတာင္းပန္ရင္း၊ မိမိကလည္း မိမိမွာရွိတဲ့ ေလာဘ၊ ေဒါသ၊ ေမာဟ ဟိတ္ေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ ‘မာန္မာန’ ကို ေျဖေလွ်ာ့ၿပီး ကိုယ္၊ ႏႈတ္၊ ႏွလုံး သုံးပါးလုံးကို သန႔္ရွင္းထားပါတယ္လို႔ ဆိုလိုတာပါ။

အသိဉာဏ္ပညာနဲ႔ မာန္မာနဟာ ေျပာင္းျပန္အခ်ိဳးက်ပါတယ္။အသိဉာဏ္မ်ားရင္ မာနေသးၿပီး၊ အသိဉာဏ္နည္းရင္ မာနႀကီးပါတယ္။ဗုဒၶဘုရားရွင္ကိုယ္တိုင္ မာနႀကီးသူကို တိုက္႐ိုက္တရားမေဟာပါ။သူ႔မာနကို ဦးစြာေလ်ာ့ေအာင္လုပ္ၿပီးမွ၊ သူ႔မာနကိုခ်ိဳးႏွိမ္ေစၿပီးမွ တရားေဟာပါတယ္။မာနမရွိမွ တရားကိုျမင္လာတာပါ။    

မာနရွိတဲ့သူတစ္ေယာက္ကို အေသအခ်ာစမ္းစစ္ၾကည့္ရင္ ေလာကဓံကိုေၾကာက္ေနသူအျဖစ္ ေယဘုယ်ေျပာႏိုင္ပါတယ္။သူဟာ ႏြားေျခရာခြက္ကို သမုဒၵရာထင္မွတ္ၿပီး မာန္တက္ေနတဲ့ ဖားသူငယ္လိုျဖစ္ေနတာပါ။သူ႔ထက္သာတဲ့သူအေပၚ မနာလိုစိတ္ (အိႆာစိတ္) ျဖစ္တယ္။သူ႔ထက္နိမ့္က်တဲ့သူအေပၚ သူတစ္ခုခုလုပ္ေပးရမွာစိုးလို႔ ဝန္တိုစိတ္ (မစၦရိယစိတ္) ျဖစ္တယ္။တကယ္ဆိုရင္ ကိုယ့္ထက္သာတဲ့သူအေပၚ ဝမ္းေျမာက္ဂုဏ္ယူစိတ္ (မုဒိတာစိတ္) ပြားရမွပါ။ကိုယ့္ထက္နိမ့္က်တဲ့သူအေပၚလည္း သနားၾကင္နာစိတ္ (က႐ုဏာစိတ္) ထားရမွပါ။ဒီလိုေကာင္းတဲ့စိတ္ေတြ မထားႏိုင္ေတာ့၊ ဆန႔္က်င္ဘက္ မေကာင္းစိတ္ေတြ ဝင္ၿပီးေနရာယူလာတာေပ့ါ။

မာနစိတ္ဆိုတာ အဲဒီမာနကို လက္ခံက်င့္သုံးေနတဲ့သူအတြက္ ဝင့္ဝါေနတယ္။ထည္ဝါေနတယ္။ေထာင္လႊားေနတယ္။ျမင့္မားေနတယ္လို႔ ထင္ေနတာပါ။‘ဘဝင္မျမင့္နဲ႔႐ူးတတ္သည္’ ဆိုတာလိုပဲ၊ သူ႐ူးေနတာပါ။ဘယ္သူကမွ သူ႔ကိုအထင္မႀကီးပါဘူး။သူမသိေပမယ့္ သူ႔ပတ္ဝန္းက်င္က သူ႔ကိုအထင္ေသးေနၾကပါတယ္။သူကိုယ္တိုင္ ထင္ေနတဲ့စိတ္က တကယ့္သူ႔အတြင္းစိတ္နဲ႔ ေျပာင္းျပန္ျဖစ္ေနတာပါ။သူ႔အတြင္းစိတ္မွာေတာ့ သူဟာေၾကာက္႐ြံ႕ေနပါတယ္။သိမ္ငယ္ေနပါတယ္။အားငယ္ေနပါတယ္။
သူ႔စိတ္သူမလုံမၿခဳံျဖစ္ေနပါတယ္။သူမ်ားေတြက ဘာထင္မလဲဆိုတဲ့ သံသယအေတြးက သူ႔ရဲ႕လမ္းေၾကာင္းအမွန္ကို မျမင္ေအာင္ကြယ္ထားပါတယ္။စကားလုံးအမွန္ေတြ မေျပာႏိုင္ေအာင္ တားဆီးေနပါတယ္။သူ႔ဘဝတစ္ခုလုံး အမွန္တရားနဲ႔ မေဝး ေဝးေအာင္ ထိန္းခ်ဳပ္ထားပါတယ္။သူ႔မာနက အထက္ဘဝဂ္တိုင္ေအာင္ တလူလူလႊင့္တင္ထားေပမယ့္ သူ႔ဘဝကို အလင္းေရာင္ေပးမယ့္ သူ႔အသိဉာဏ္ကေတာ့ အဝီစိမွာပါ။သူက လူတကာအေပၚ အႏိုင္ရသူအျဖစ္ ဘဝင္ျမင့္ေနခ်ိန္မွာပဲ သူဟာ လူတကာကို အရႈံးေပးေနရသူအျဖစ္ အဆင့္နိမ့္က်ေနတာကို သူမသိလိုက္ပါ။

ဝန္ထမ္းဘဝကႀကဳံဖူးတဲ့ အရာရွိႏွစ္ေယာက္ရွိပါတယ္။တစ္ေယာက္က ဦးေဆာင္ၫႊန္ၾကားေရးမႉး (MD) ပါ။ေနာက္တစ္ေယာက္က MD ရဲ႕ လက္ေအာက္က အေထြေထြမန္ေနဂ်ာ (GM) ပါ။သူတို႔နဲ႔တန္းတူဆက္ဆံၿပီး သူတို႔အေၾကာင္းသိတာမဟုတ္ပါ။စင္ျမင့္ေပၚက သူတို႔ရဲ႕ျဖစ္စဥ္ေတြကို စင္ေအာက္က ေတြ႕ေနျမင္ေနရတာပါ။သူတို႔က အသက္ႏွစ္လခန႔္ ကြာပါတယ္။ဒါကလည္း သူတို႔ႏွစ္ေယာက္ ေရွ႕ဆင့္ေနာက္ဆင့္ အၿငိမ္းစားယူတာကိုၾကည့္ၿပီးမွ သိရတာပါ။

MD က မာနႀကီးတယ္။ဘဝင္ျမင့္တယ္။သူေလးေလးစားစားဆက္ဆံတာ ဝန္ႀကီးနဲ႔ ဒု-ဝန္ႀကီးပဲရွိတယ္။က်န္တဲ့ အရာထမ္း၊ အမႈထမ္းေတြ အေပၚမွာေတာ့ ေမာက္ေမာက္မာမာ ဆက္ဆံတတ္ပါတယ္။စကားေျပာရင္လည္း သူေျပာခ်င္တာ အျပတ္ေျပာတယ္။တစ္ဖက္လူရဲ႕ တုံ႔ျပန္စကားကို ဘယ္ေတာ့မွနားေထာင္မေပးပါ။သူ႐ုံးလာလို႔၊ အခန္းေတြရဲ႕အျပင္မွာ သြားလာေနတဲ့ ဝန္ထမ္းေတြကိုျမင္ရင္၊ အျပစ္တစ္ခုမဟုတ္တစ္ခု ရွာတတ္တယ္။ဒါေၾကာင့္လည္း၊ သူ႐ုံးလာခ်ိန္မွာ ဝန္ထမ္းအားလုံး ကိုယ့္အခန္းမွာကိုယ္ ၿငိမ္ေနၾကတယ္။
တစ္ခန္းနဲ႔တစ္ခန္း၊ လုပ္ငန္းအရ ကူးသြားကူးလာလုပ္တဲ့အခါမွာေတာင္ သူ႔အရိပ္အျခည္ၾကည့္ၿပီး သြားလာရတယ္။

GM ကေတာ့ MD နဲ႔ ေျပာင္းျပန္။သူ႐ုံးလာရင္၊ ေတြ႕တဲ့ဝန္ထမ္းတိုင္းကို ႏႈတ္ဆက္တယ္။အခန္းတိုင္းကိုလည္း ေခါင္းေလးျပဴၿပီးေတာ့ျဖစ္ျဖစ္ အားေပးႏႈတ္ဆက္တာ မၾကာခဏဆိုသလိုပါပဲ။အခ်ိန္ပိုဆင္းတဲ့ ဝန္ထမ္းမ်ားနဲ႔ႀကဳံရင္၊ အခ်ိန္ပိုဆင္းတာလား ဘယ္ႏွစ္ေယာက္လဲေမးၿပီး၊ စားစရာတစ္ခုခု စီစဥ္ေပးတတ္ပါေသးတယ္။တစ္ခါတေလ တယ္လီဖုန္းသတင္းေစာင့္တဲ့ တာဝန္မႉးဝန္ထမ္းမ်ားနဲ႔ လူမႈေရး၊ က်န္းမာေရး၊ ဘာသာေရးအေၾကာင္းေတြ အျပန္အလွန္ ေဆြးေႏြးေျပာဆိုတတ္ပါတယ္။

အဲဒါက သူတို႔ႏွစ္ေယာက္ရဲ႕ ေနပုံ၊ ထိုင္ပုံ အေလ့အထေလးေတြပါ။သူတို႔ႏွစ္ေယာက္လုံး ဘယ္ဝန္ထမ္းကိုမွ ဘဝပ်က္ေအာင္မလုပ္ခဲ့ၾကပါ။ဒါေၾကာင့္လည္း တျခားရွည္ရွည္ေဝးေဝး၊ ေသးေသးစိတ္စိတ္ေတြ မေျပာခ်င္ေတာ့ပါ။သူတို႔ႏွစ္ေယာက္ အၿငိမ္းစားယူၿပီးေနာက္ပိုင္းမွာ အေျဖတစ္ခုကိုေတာ့ ျမင္ခြင့္၊ သိခြင့္ရခဲ့ပါတယ္။

MD ႐ုံးကို ကိစၥရွိလို႔လာရင္၊ လမ္းမွာအမွတ္တမဲ့ေတြ႕ဆုံရင္ ဘယ္ဝန္ထမ္းကမွ သူ႔ကိုႏႈတ္မဆက္ပါ။မသိခ်င္ေယာင္ေဆာင္သြားတတ္ၾကပါတယ္။႐ုံးကိုလာတဲ့အခ်ိန္မွာေတာ့၊ သူတာဝန္ထမ္းေဆာင္စဥ္ကလိုပဲ၊ အားလုံး ကိုယ့္အခန္းထဲကိုယ္ ဝင္သြားၿပီး ၿငိမ္ေနလိုက္ၾကပါတယ္။သူတာဝန္ထမ္းစဥ္က သူ႔ကိုေရွာင္တာဟာ သူ႔ရာထူး၊ သူ႔အာဏာ၊ သူ႔လုပ္ပိုင္ခြင့္ကို မလွန္ႏိုင္လို႔၊ ေၾကာက္လို႔ပါ။သူအၿငိမ္းစားယူၿပီးမွ သူ႔ကိုေရွာင္တာကေတာ့ သူ႔ကို႐ြံရွာလို႔ပါ။သူ႔ရဲ႕မာေက်ာတဲ့ႏွလုံးသားနဲ႔ အားလုံးရဲ႕ေစတနာနဲ႔ မတန္ဘူးထင္လို႔ပါ။

GM မို႔ ႐ုံးကိုလာရင္၊ အားလုံးက ဖက္လွဲတကင္းႏႈတ္ဆက္ၾကတယ္။တစ္ေယာက္ေယာက္က ‘GM ႀကီး လာတယ္ေဟ့’ ဆိုတာနဲ႔ တစ္ဆင့္စကားတစ္ဆင့္ၾကားၿပီး တစ္႐ုံးလုံးလိုလို ႀကိဳဆိုႏႈတ္ဆက္ၾကပါတယ္။သီတင္းကြၽတ္တိုင္းလည္း၊ ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားဟာ GM ရဲ႕ အိမ္ကို သြားၿပီးကန္ေတာ့တတ္ၾကပါတယ္။

မာနသမား MD က တာဝန္မွအနားယူခ်ိန္မွာ သူ႔ရာထူးက ေျမႀကီးေအာက္ေရာက္သြားပါတယ္။ေမတၱာသမား GM ကေတာ့ တာဝန္မရွိေတာ့မွ သူ႔ရာထူးက နဂိုလ္ထက္ေတာင္ ပိုႀကီးလာတယ္လို႔ ထင္ရပါတယ္။

မာနရဲ႕ ပူေလာင္ျခင္း၊ ေမာက္မာျခင္း၊ ခက္ထန္ျခင္း၊ မာေက်ာျခင္းကို ဘုရားလည္းမႀကိဳက္ပါ။သူေတာ္ေကာင္းေတြလည္းမႀကိဳက္ပါ။သာမန္လူေတြလည္းမႀကိဳက္ပါ။တိရစာၦန္ေတြေတာင္မႀကိဳက္ပါ။

ေမတၱာ၏ ေအးျမျခင္း၊ ႏူးညံ့ျခင္း၊ ေျပေလ်ာ့ျခင္း၊ ေပ်ာ့ေပ်ာင္းျခင္းကို ဘုရားလည္းႀကိဳက္ပါတယ္။သူေတာ္ေကာင္းေတြလည္းႀကိဳက္ပါတယ္။သာမန္လူေတြလည္းႀကိဳက္ပါတယ္။တိရစာၦန္ေတြေတာင္ႀကိဳက္ပါတယ္။ဒါေၾကာင့္လည္း အင္းဝေခတ္ ကဗ်ာစာဆို ရွင္မဟာရ႒သာရ က ငယ္စဥ္ဘဝတစ္ေလွ်ာက္ ‘ပညာမာန္’ တဝင့္ဝင့္နဲ႔ ေမာက္ေမာက္မာမာေနခဲ့မိတဲ့ သူ႔အမွားကိုျမင္လာတဲ့အခါ၊ သူေရးသားတဲ့ ‘စတုဓမၼသာရ ကိုးခန္းပ်ိဳ႕’ မွာ သူ႔မာန္ကိုေျဖေလ်ာ့ၿပီး၊ မာန္ေႂကြးတင္ခဲ့သူမ်ားအေပၚ ကန္ေတာ့လို႔ပင္ ေတာင္းပန္လိုက္ပုံမွာ ခ်မ္းေျမ့ၾကည္ႏူးစရာ၊ ၾကည္ညိဳေလးစားစရာေကာင္းလွပါတယ္။

“ငါႏွင့္ငါသာ၊ ႏႈိင္းစရာဟု၊ ပညာမုန္ယို၊ အ႐ြယ္ပ်ိဳက၊ မဆိုစေလာက္၊ မာန္ေစာင္ေျမာက္၍၊ ႏႈတ္ေငါက္လြန္မိ၊ ေဒါသရွိလည္း၊ ေႏွာင္းၿပီတစ္ခါ၊ ႐ိုေသစြာလွ်င္၊ ဤစာကိုးခန္း၊ ပုလဲပန္းျဖင့္၊ စိတ္က်န္းမာန္ေလွ်ာ့၊ ငါကန္ေတာ့၏” လို႔ ..။

မာန္တက္သူမ်ား သတိျပဳမိၾကပါေစ…။

႐ိုက္ေမာင္း
ေဖေဖာ္ဝါရီ - ၂၀