【 ဆောင်းပါး 】 “မေတ္တာရေနှင့် ဆေးပါမည်”

【 ဆောင်းပါး 】 “မေတ္တာရေနှင့် ဆေးပါမည်”

“မေတ္တာစိတ်ဆိုတာ မြင့်မြတ်တဲ့ စိတ်ဓာတ်ပဲ။ကိုယ့်အကျိုးအတွက် သူ့ကို ချစ်မြတ်နိုးတာမျိုး မဟုတ်ဘူး။အတ္တဆိုတဲ့ အညစ်အကြေး လုံးဝမပါဘူး။သူကောင်းစားစေချင်တာကိုပဲ ဦးတည်ထားတဲ့၊ မွန်မြတ်တဲ့ စိတ်ဓာတ်လို့ ပြောချင်တာ”

“မှန်ပါ့”

“ဒကာကြီးတို့ ဘုန်းကြီးတို့ အပါအဝင် လူများစုကို လေ့လာကြည့်လေ။ကိုယ့်အကျိုးအတွက်ပဲ ရှေ့တန်းတင်နေကြတာ မဟုတ်လား”

“ဟုတ်ပါတယ် ဘုရား”

“ကိုယ်ပဲ ကြီးပွားချမ်းသာချင်တယ်။ကိုယ်ပဲ ဂုဏ်အရှိန်အဝါ မြင့်ချင်တယ်။ကိုယ်ပဲ အစစအရာရာ အဆင်ပြေချင်တယ်။ကိုယ့်ထက် နိမ့်ကျသူနဲ့ ဆက်ဆံရရင် သဘောကျတယ်၊ ကျေနပ်တယ်။ကိုယ့်ထက် အဆင့်မြင့်သူနဲ့ ဆက်ဆံရရင် ဘဝင်မကျဘူး၊ မကျေနပ်ဘူး။ကိုယ့်သားသမီးက ထူးချွန်ရင် ပီတိဖြစ်တယ်။သူများသားသမီး ထူးချွန်ရင် ငြိုငြင်ချင်တယ်။အဲဒါ သာမန်လူတွေရဲ့ သဘာဝပဲ”

“လူတိုင်းလိုလိုပါပဲ ဘုရား”

“အဲဒီလူတွေထဲမှာ ဒကာကြီးတော့ မပါဘူး မဟုတ်လား”

“ထိပ်ဆုံးက ပါပါတယ် ဘုရား”

“ဒါဖြင့် ဒကာကြီးက သူများအပေါ် မေတ္တာထားမယ်ဆိုရင် ဒကာကြီးရဲ့မေတ္တာက မှန်နိုင်ပါ့မလား”

“မမှန်နိုင်ပါဘူး ဘုရား”

“ဘာဖြစ်လို့လဲ ဒကာကြီးရဲ့”

“တပည့်တော်အကြောင်း တပည့်တော်အသိဆုံးမို့ပါ ဘုရား”

“ဒကာကြီးလက်ထဲမှာ ပိုက်ဆံမရှိဘဲ ဘုန်းကြီးကို ပိုက်ဆံပေးလို့ ရပါ့မလား”

“မရပါဘူး ဘုရား”

“ဒကာကြီးဆီမှာ အစားအစာမရှိဘဲနဲ့ ဘုန်းကြီးကို ကျွေးလို့ရပါ့မလား”

“မရပါဘူး ဘုရား”

“ဒါဖြင့် ဒကာကြီးရဲ့ ရင်ထဲမှာ မေတ္တာမရှိဘဲ ဘုန်းကြီးကို မေတ္တာပေးလို့ ရပါ့မလား”

“မရပါဘူး ဘုရား”

“ဒါဆိုရင် သူများကိုပေးချင်ရင် ကိုယ့်ဆီမှာ ဘာဖြစ်ရမလဲ”

“သူများကို ပေးချင်ရင် ကိုယ့်ဆီမှာ ရှိရပါမယ် ဘုရား”

“ဒါဖြင့်ရင် ဒကာကြီးဆီမှာ မေတ္တာအရင်ရှိအောင် ဘယ်လိုလုပ်မလဲ”

“အရှင်ဘုရား မိန့်မှ သိရမှာပါ ဘုရား”

“ဒကာကြီး ကျန်းကျန်းမာမာနဲ့ အသက်မရှည်ချင်ဘူးလား”

“ရှည်ချင်ပါတယ် ဘုရား”

“ဒကာကြီး ပစ္စည်းဥစ္စာ မချမ်းသာချင်ဘူးလား”

“ချမ်းသာချင်ပါတယ် ဘုရား”

“ဒကာကြီး ဒုက္ခရောက်ချင်လား။အန္တရာယ်တစ်ခုခုရော ဖြစ်ချင်လား”

“ဒုက္ခလည်း မရောက်ချင်ပါဘူး။ဘယ်အန္တရာယ်မှလည်း မဖြစ်ချင်ပါဘူး ဘုရား”

“အေး ဒကာကြီး ရချင်တာကို သူ့ကိုလည်း ရစေချင်ရမယ်။ဒကာကြီး မယူချင်တာကို သူ့ကိုလည်း မယူစေရဘူး။ကိုယ်ချင်းစာစိတ် ရှိရမယ်။ကိုယ်ချင်းစာတတ်တဲ့ စိတ်ဓာတ်ဟာ မေတ္တာထားဖို့အတွက် အရေးအကြီးဆုံး အခြေခံစိတ်ပဲ ဒကာကြီး”

“မှန်ပါ့ဘုရား။တပည့်တော် မှတ်သားထားပါမယ်”
 
“တကယ်တမ်း မေတ္တာပွားတော့မယ်ဆိုရင် ဒကာကြီး ကိုယ်တိုင်အပေါ်၊ ဒကာကြီး အချစ်ဆုံးသူအပေါ်၊ ဒကာကြီးရဲ့ သာမန်မိတ်ဆွေအပေါ်၊ ဒကာကြီးရဲ့ ရန်သူအပေါ်ထားတဲ့ အသီးသီးသော မေတ္တာစိတ်ဟာ တစ်စိတ်တည်းဖြစ်တဲ့အထိ၊ အဲဒီလေးမျိုးအပေါ် မေတ္တာအတူတူ ထားနိုင်တဲ့အထိ ကြိုးစားလေ့ကျင့်ရမယ်”

“မှန်ပါဘုရား။တပည့်တော် ကြိုးစားလေ့ကျင့်ပါ့မယ်”

“အပြောနဲ့မရဘူးနော် ဒကာကြီး။တကယ်လေ့ကျင့်ရမှာ”

“တကယ်လေ့ကျင့်မှာပါ ဘုရား။တပည့်တော်ကို ခုလိုသတိပေးတဲ့အတွက် အရှင်ဘုရားကိုလည်း တပည့်တော် ကျေးဇူးတင်ပါတယ်”

“ဒကာကြီးကို ခုလို တကူးတကပြောရတာ အကြောင်းရှိတယ် ဒကာကြီး”

“အမိန့်ရှိပါ ဘုရား”

“ဒကာကြီးတို့၊ ဘုန်းကြီးတို့လို ပရိသတ်ရှိတဲ့လူတွေက မေတ္တာစိတ်ရှိဖို့ ပိုပြီးအရေးကြီးတယ် ဒကာကြီး။ဘုန်းကြီးပြောတာကို ဒကာကြီး သဘောပေါက်မှာပါ”

“တပည့်တော် သဘောပေါက်ပါတယ် ဘုရား။စိတ်ချပါ ဘုရား၊ တပည့်တော် တကယ်သတိထားပြီး လေ့ကျင့်မှာပါ”

အသက်ကလည်းကြီးလာပြီ။ဆရာကလည်း ဖြစ်နေပြန်သည်။ဒီတော့ ကျွန်တော်ကသာ ကျောင်းသားများကို ဆုံးမနေရသည်။တစ်ခါတလေ ကျောင်းသားမိဘများကပါ ကျွန်တော့်အဆုံးအမ လာခံတတ်ကြ၍ လိပ်ပြာမလုံ ဖြစ်ရသေးသည်။ကိုယ့်အကြောင်းကိုယ် သိနေ၍ အချိန်အားသောအခါမျိုး အထူးသဖြင့် ဆယ်တန်းစာမေးပွဲကြီး ပြီးသည့်အချိန်မျိုး၊ စိတ်ရှုပ်ထွေးသည့်အခါမျိုးတွင် ဘုန်းကြီးကျောင်းသို့သွား၍ ကျောင်းထိုင်ဆရာတော်၏ အဆုံးအမကို ခံယူတတ်ပါသည်။

ဒီနှစ် ပထမဆုံး ရွာသောမိုးကြောင့် အအေးမိပြီး ဖျားခဲ့သည်။အဖျားပျောက်ခါစ တစ်ရက်တွင် ဘုန်းကြီးကျောင်းသို့ ရောက်သွားသည်။ဆရာတော်က မေတ္တာထားတတ်ဖို့ သတိပေးစကား ပြောခဲ့ခြင်း ဖြစ်သည်။ဆရာတော့်ဆီမှ မေတ္တာတရားနှင့် ပတ်သက်၍ သတိပေးတရား နာလာပြီး ပြန်လာတော့မှ လူပျိုဘဝ ငယ်စဉ်က ကျွန်တော်၏ ကျေးဇူးရှင်ဆရာ၏ မေတ္တာထားဖို့ ဆုံးမခဲ့တာကို ပြန်သတိရမိသည်။ ဆရာ့ကျေးဇူးကြောင့် ကျွန်တော် အရက်ပြတ်၍ ပုတီးစိတ်တတ်ခဲ့ပါသည်။ပုတီးစိတ်၍ လအတန်ကြာသောအခါ ဆရာက ကျွန်တော့်ကို မေတ္တာသုတ် ရွတ်ခိုင်းသည်။ဆရာက ရှေ့မှတိုင်ပေး ကျွန်တော်က နောက်မှလိုက်ဆိုပေါ့။မေတ္တာသုတ်ကို နေ့တိုင်းရွတ်ဖြစ်သည်။တစ်နှစ်ခန့်အကြာမှာ ကျွန်တော် မေတ္တာသုတ်ကို အလွတ်ရခဲ့သည်။မနက်တစ်ခေါက်၊ ညတစ်ခေါက် မေတ္တာသုတ်ကို ပုံမှန်ရွတ်သော်လည်း မကြာခဏရန်ဖြစ်သည့် ကျွန်တော့်အကျင့်ကတော့ ပျောက်မသွားပါ။ကျွန်တော်မှာရှိသည့် အကျင့်ဆိုးများထဲမှ အဆိုးဆုံးအကျင့်က စိတ်တို၍ ဒေါသထွက်လွယ်တတ်ခြင်း ဖြစ်သည်။ထို့ကြောင့်လည်း ဆရာက ကျွန်တော့်ကို မေတ္တာသုတ် ရွတ်စေခဲ့ခြင်းပါ။တစ်ညတွင် ဆရာက ကျွန်တော့်ကို မေတ္တာပို့ခိုင်းပါသည်။

“အမေ၊ အဖေ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနျှင့်တကွ သတ္တဝါအပေါင်း ကျန်းမာပါစေ။စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်း၊ ဓမ္မ၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေ” ဟု ဆိုပြီး မေတ္တာပို့စေပါသည်။
          
ရက်အတန်ကြာသောအခါ ဆရာက တစ်ဦးတစ်ယောက်ထဲကို အာရုံညွှတ်၍ မေတ္တာပို့ရန် ပြောသည်။ကျွန်တော်က အမေ့ကို ရည်မှန်း၍ မေတ္တာပို့သည်။ဆရာက တစ်ဆင့်တက်ပြန်သည်။ကျွန်တော် အမုန်းဆုံးလူ ဘယ်သူလဲဟု မေးသည်။ကျွန်တော်ကလည်း မဆိုင်းမတွပင် “ကလေးဗိုလ်” ဟု ပြန်ဖြေသည်။ထို “ကလေးဗိုလ်” ဆိုသူသည် ကျွန်တော်နှင့် တစ်လမ်းထဲနေသူ ဖြစ်သည်။ကျွန်တော့်ထက် ငါးနှစ်ခန့်ကြီးသည်။ကလေးဘဝမှာကတည်းက သူ့ထက်ငယ်သောသူများကို မိုက်မိုက်ရိုင်းရိုင်း ဗိုလ်ကျအနိုင်ကျင့်တတ်၍ သူ့ကို “ကလေးဗိုလ်” ဟု ခေါ်ကြသည်။မနိုင်၍ ငုံ့ခံနေရသော်လည်း ကျွန်တော် သူ့ကို လုံးဝကြည့်မရခဲ့ပါ။အရွယ်ရောက်လာတော့ ကျွန်တော်က သူအနိုင်ကျင့်လျှင် မခံတော့။သူတစ်ခွန်း၊ ကိုယ်တစ်ခွန်း ပြန်ပြောသည်။သူတစ်ချက်၊ ကိုယ်တစ်ချက် ပြန်ထိုးသည်။တစ်လမ်းထဲနေသူများဖြစ်၍ မိဘချင်းခင်မင်မှုအရ၊ လမ်းတွင်း သာရေးနာရေး ကိစ္စများအရ တွေ့ဆုံဆက်ဆံနေရသော်လည်း တစ်ယောက်နှင့် တစ်ယောက် ရန်ဆောင်နေကြသူများ ဖြစ်သည်။ထိုသို့ ငယ်စဉ်ကလေးဘဝမှစ၍ ကြည့်မရအောင် မုန်းနေမိသူကို ရည်ညွှန်းကာ “ကလေးဗိုလ် ကျန်းမာချမ်းသာပါစေ” ဟု ဆရာက နှုတ်မှဆိုခိုင်းတော့ ကျွန်တော်က လုံးဝမဆိုပါ။ထိုနေ့မှစပြီး ဆရာ့အိမ်သို့ ကျွန်တော်မရောက်တော့ပါ။  

နှစ်ပါတ်လောက်ကြာတော့မှ ဆရာ့အိမ် ရောက်ဖြစ်သည်။ဆရာက သူ့ကို ဆရာတစ်ယောက်ဟု အသိအမှတ်ပြုလျှင် သူ့ကျေးဇူးကို ဆပ်ချင်လျှင် တစ်ခေါက်တည်းဆိုပါဟု ပြောသည်။ကျွန်တော်လည်း စိတ်မပါဘဲ ဆရာစိတ်ချမ်းသာလျှင် ပြီးရောဟု သဘောထားကာ “ကလေးဗိုလ် ကျန်းမာချမ်းသာပါစေ” ဟု ဆောင့်ဆောင့်အောင့်အောင့် အသံပြတ်နှင့် ပြီးစလွယ်ဆိုခဲ့သည်။
ဆရာ့မျက်နှာက ပြုံးနေသည်။နောက်ပိုင်းတွင်လည်း ဆရာစိတ်ချမ်းသာအောင် တစ်ကြောင်း၊ ဆိုနေကျဖြစ်နေသည်က တစ်ကြောင်းတို့ကြောင့် သိပ်အခက်အခဲမရှိတော့ဘဲ ဆိုနိုင်ခဲ့သည်။

ထူးခြားသည်က ထိုအချိန်မှ စတင်ရေတွက်၍ ခန့်မှန်းခြေ ခြောက်လ၊ ခုနစ်လခန့် အကြာတွင် ထို “ကလေးဗိုလ်” ကို ကျွန်တော်က “အစ်ကိုကြီး”၊ သူကလည်း ကျွန်တော့်ကို “ညီလေး” ဟု ခေါ်ဖြစ်နေခဲ့ကြသည်ကို သတိပြုမိလိုက်သည်။ဆရာ၏ မေတ္တာသင်ခန်းစာကြောင့် အစ်ကိုကြီး၊ ညီလေး ဇာတ်လမ်းလေး ပြေလည်သွားပါသည်။မေတ္တာသုတ်ကို နေ့စဉ်ရွတ်ဖြစ်ပါသည်။
လက်တွေ့မှာ စိတ်တို ဒေါသထွက် လွယ်သေးသော်လည်း လူတိုင်းအပေါ် မေတ္တာထားလိုစိတ်နှင့် လူတိုင်းအပေါ် သည်းခံလိုစိတ် ပြင်းပြလာခြင်းတို့ ဖြစ်သည်။ဆရာတော် ဟောခဲ့သလိုပင် မေတ္တာစိတ်သည် အလွန်မွန်မြတ်သော စိတ်ဓာတ်ဖြစ်ပါသည်။အတ္တစိတ် မစွန့်ပယ်နိုင်သော သာမန်လူသားများအနေနှင့် အလွယ်တကူ ရယူပိုင်ဆိုင်ဖို့ မဖြစ်နိုင်ပါ။အပြောလွယ်လောက် လက်တွေ့လုပ်ရန် ခက်ခဲသော ကိစ္စများတွင် မေတ္တာစိတ်ထားနိုင်မှုသည် ထိပ်ဆုံးမှ ပါဝင်သည်။အကယ်၍ မေတ္တာတရားကိုသာ လူတိုင်း၏ ရင်ထဲမှာ ထည့်ထားနိုင်မည် ဆိုလျှင်လည်း မိသားစု၊ အသိုင်းအဝိုင်းတွင်မက ကမ္ဘာကြီး တစ်ခုလုံးပင် ငြိမ်းချမ်းသွားပါလိမ့်မည်။ဆရာတော် မိန့်သလို မေတ္တာစိတ် ထားနိုင်ရန်အတွက် “ကိုယ်ချင်းစာ” စိတ် ရှိရမည် ထင်ပါသည်။“ကိုယ်ချမ်းသာချင်သလို သူလည်းချမ်းသာချင်မှာပဲ၊ ကိုယ်မဆင်းရဲချင်သလို သူလည်း ဆင်းရဲချင်မှာ မဟုတ်ဘူး” စသည်ဖြင့် ကိုယ်ချင်းစာစိတ် ရှိကြလျှင် တစ်ယောက်နှင့် တစ်ယောက် မကျေနပ်မှုများ၊ အာဃာတများ၊ အမျက်ဒေါသများ ဖြစ်ကြမည် မဟုတ်တော့ပါ။

ကိုယ်ချင်းစာတတ်သူသည် ကိုယ့်အသက်ကို တန်ဖိုးထားသည့်အတွက် ကိုယ်ကလည်း တစ်စုံတစ်ယောက်၏ အသက်ကို သတ်ဖြစ်မည် မဟုတ်ပါ။ကိုယ့်စည်းစိမ်ဥစ္စာကို မပျက်စီးချင်ဘဲ တိုးပွားချင်ကြသည်။ထို့ကြောင့် သူများ၏ စည်းစိမ်ဥစ္စာကို လုယက်ဖျက်ဆီးခြင်း မပြုတော့ပါ။ကိုယ့်သားသမီး ကိုယ့်အိမ်ထောင်ဖက်ကို တန်ဖိုးထားသောကြောင့် သူ့သား သူ့သမီး သူ့အိမ်ထောင်ဖက်ကိုလည်း ဖျက်ဆီးရန် ကြံစည်မည် မဟုတ်တော့ပါ။ကိုယ့်အပေါ် လိမ်ညာလှည့်စား ပြောဆိုတာကို မခံနိုင်သလို သူတစ်ပါးအပေါ်ကိုလည်း လိမ်ညာလှည့်စား ပြောဆိုခြင်း ပြုမှာမဟုတ်ပါ။တကယ်တော့ ကိုယ်ချင်းစာစိတ်သည် အကျင့်သီလ ဖြစ်ပါသည်။အကျင့်စာရိတ္တ ဖြစ်ပါသည်။ကိုယ်တိုင်ခံယူသိရှိ၍ ကိုယ်တိုင်သတိထား ကျင့်ကြံရသည့် ကိုယ်ကျင့်တရား ဖြစ်ပါသည်။ကိုယ်တိုင်က အကျင့်စာရိတ္တကောင်းမှ မေတ္တာထားနိုင်ပေလိမ့်မည်။ဖြူစင်တန်ဖိုးရှိသော ရတနာပစ္စည်းကို ညစ်ပေနေသောလက်ဖြင့် ခံယူ၍မရသော သဘောဖြစ်ပါသည်။မေတ္တာသည် တန်ဖိုးရှိသောအရာ ဖြစ်သဖြင့် အကျင့်စာရိတ္တသည် မေတ္တာကို ရယူနိုင်သည့် အရင်းအနှီးဖြစ်၏။နိဗ္ဗာန်ဟူသော တန်ဖိုးရှိသော နေရာအတွက် သီလ၊ သမာဓိ၊ ပညာနှင့် ရင်းနှီးရယူရသကဲ့သို့ ဖြစ်၏။ဘုရားရှင် ကိုယ်တိုင်က သတ္တဝါများအပေါ် စေတနာမေတ္တာ ထားသဖြင့် ပါရမီဆယ်ပါးကို ဖြည့်ကျင့်ကာ ဘုရားအဖြစ်ကို ကြိုးစားရယူခဲ့သည်။ဘုရားဖြစ်တော်မူလာသော အခါတွင်လည်း သတ္တဝါများအပေါ် စေတနာ မေတ္တာထားကာ တရားဟော၊ တရားပြခြင်းဖြင့် ဒုက္ခတွင်းမှ ကယ်တင်ပေးခဲ့ပါသည်။မကြာခဏဆိုသလိုလည်း ရဟန်း၊ ရှင်၊ လူ အပေါင်းကို တစ်ဦးနှင့် တစ်ဦး ကိုယ်ကျင့်သီလ မပျက်ဘဲ နှလုံးသွင်းမှန်မှန်နှင့် မေတ္တာမပျက်ရန်၊ မေတ္တာထားရန် သတိပေးမှာကြားလေ့ ရှိပါသည်။

မြတ်စွာဘုရားရှင် ပွင့်တော်မူစဉ်က ဖြစ်ပါသည်။ငါးရာသော ရဟန်းတို့သည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းဘာဝနာကို သင်ယူပြီးနောက် ဟိမဝန္တာနှင့် တစ်စပ်တည်းသော တောအုပ်ကြီးအတွင်းမှာ တရားအားထုတ်ကြသည်။ထိုတောထဲမှာရှိသော နတ်များက ခြောက်လှန့်နေသောကြောင့် စိတ်တည်ငြိမ်မှုမရဘဲ စိုးရိမ်ကြောင့်ကြစွာ အားထုတ်ရသောကြောင့် အချိန်ကြာလာသော်လည်း တရားမရနိုင်ဘဲ သောကဝေဒနာများသာ ရရှိကြလေသည်။ထို့ကြောင့် ဘုရားရှင်ထံသို့ ပြန်သွားသည်။ဘုရားရှင်ကို အကျိုးအကြောင်း လျှောက်တင်သောအခါ ဘုရားရှင်က ကြောက်စရာမလိုကြောင်း ရှင်းပြသည်။ထိုနတ်များအနက် မကောင်းသော နတ်အချို့ရှိပြီး ထိုနတ်များက၊ သီလစောင့်ထိန်း၍ သူတော်ကောင်း တရားအားထုတ်နေသော ရဟန်းများ အနီးအနား၌ မနေဝံ့သောကြောင့် ခြောက်လှန့်ကြခြင်း ဖြစ်သည်။သို့သော်လည်း နတ်အများစုမှာ ကောင်းသောနတ်များဖြစ်ပြီး ရဟန်းတို့၏ မေတ္တာကို ခံယူချင်သောကြောင့် မေတ္တာပို့ရန် သတိပေးနေခြင်းဖြစ်သည်။ထို့ကြောင့် စိတ်ကို ဖြူဖြူစင်စင် ဖြောင့်ဖြောင့်မတ်မတ်ထား၍ သတ္တဝါအပေါင်းကို အနိမ့်အမြင့်၊ အယုတ်အမြတ်၊ ရန်သူမိတ်ဆွေ မခွဲခြားဘဲ မေတ္တာပေးပို့ပြီးမှ ကိုယ်စီ ကမ္မဋ္ဌာန်းတရားများ ဆက်လက်အားထုတ်ကြရန် မှာကြားကာ မေတ္တာသုတ်ကို သင်ပေး၍ မူလတောအုပ်သို့ ပြန်လည်စေလွှတ်လိုက်သည်။ရဟန်းများလည်း တောအုပ်သို့ပြန်လာကာ သတ္တဝါအပေါင်းကို ညီမျှသော မေတ္တာများပေးပို့ပြီးမှ တရားအားထုတ်ကြသည်။မကောင်းသော နတ်များက မခြောက်လှန့်နိုင်ကြတော့။ကောင်းသော နတ်များက ရဟန်းသံဃာတို့၏ မေတ္တာကို ခံယူရရှိသဖြင့် သတိပေးစရာ မလိုတော့ပေ။တဖြည်းဖြည်းနှင့် ကောင်းသော နတ်၊ မကောင်းသော နတ်များလည်း စည်းရုံးမိကြပြီး ရဟန်းအပေါင်းကို အနှောင့်အယှက် မပေးသည့်အပြင် အစစအရာရာ အဆင်ပြေအောင်ပင် အကူအညီပေးခဲ့ကြ၏။ရဟန်းငါးရာလုံးသည် ဝါမကျွတ်မီမှာပင် ရဟန္တာများ ဖြစ်ကြလေသည်။

လူသားချင်း တစ်ဦးနှင့်တစ်ဦး မေတ္တာမထားနိုင်ကြသည်မှာ ကိုယ်ချင်းစာစိတ် (ကိုယ်ကျင့်သီလ) (အကျင့်စာရိတ္တ) မရှိကြ၍၊ မကောင်းကြ၍ ဖြစ်သည်။

“စွမ်းရည်သတ္တိက သင့်အား ထိပ်ဆုံးသို့ ပို့ဆောင်နိုင်သော်လည်း အကျင့်စာရိတ္တကသာလျှင် ထိုနေရာ၌ တည်မြဲစေမည်” ဟု အဓိပ္ပာယ်ရသော Jogn Wooden ၏  “Ability may get you to the top, but it takes character to keep you there.”  ဟူသော အဆိုအမိန့်လေးကို သတိရမိသည်။ရေမြေတွေ ဘယ်လိုခြားသော်လည်း၊ လူမျိုးတွေ ဘယ်လိုပင်မတူသော်လည်း၊ ဘာသာတွေ ဘယ်လိုကွာခြားသော်လည်း နေရာအများအပြားမှာ၊ လူများစု၊ ဘာသာအများစုကတော့ အကျင့်စာရိတ္တ (character) ကို တန်ဖိုးထားကြ၊ အလေးထားကြသည်ကို တွေ့ရသည်။အကျင့်စာရိတ္တ မကောင်းသည်မှာလည်း အသေအချာစမ်းစစ်ကြည့်တော့ လောဘ၊ ဒေါသ၊ မာနစိတ်တွေ ပြည့်ကာ ကိုယ်တွင်း အတ္တကောင်က အလွန်ကြီးထွားနေသောကြောင့် ဖြစ်လေသည်။ထိုလောဘ၊ ဒေါသ၊ မာန အညစ်အကြေးများကြောင့်လည်း မေတ္တာတရားကို မလှမ်းနိုင်၊ မကိုင်နိုင် ဖြစ်နေရသည်။ထိုအညစ်အကြေးများသည် အတ္တဟိတစိတ်ကြောင့် ဖြစ်ပေါ်လာခြင်းပါ။မေတ္တာသည် ပရဟိတစိတ်ကြောင့် ဖြစ်ပေါ်လာခြင်းပါ။ကိုယ်ကျိုးရှာချင်စိတ်က အားကောင်းနေ၍ အများအတွက် မစဉ်းစားနိုင်တာပါ။ မေတ္တာမထားနိုင်တာပါ။အများအတွက် စဉ်းစားချင်စိတ် တစ်ခါ၊ နှစ်ခါ၊ သုံးခါ စသည်ဖြင့် သတိလေးထားပြီး ဖြစ်ပေါ်လာအောင် ကြိုးစားကြည့်ပါက ထိုသို့ စဉ်းစားမိစဉ် ခဏမှာ ကိုယ်ကျိုးရှာ အတ္တစိတ်တွေ ခေတ္တမျှ ပျောက်သွားပါလိမ့်မည်။

ရင်ထဲမှာ၊ ဦးနှောက်ထဲမှာ စွဲမြဲခိုင်မာနေရမည်က အများအကျိုး ဆောင်ရွက်ချင်စိတ်သည် ကောင်းကြောင်း သိရပါမည်။တစ်နည်းအားဖြင့် လူတိုင်းအပေါ် မေတ္တာထားရမည်ဖြစ်ကြောင်း လက်ခံယုံကြည်ရပါမည်။ထိုအခါ တစ်စတစ်စနှင့် လောဘ၊ ဒေါသ၊ မာန အညစ်အကြေးများ လျော့ပါးလာပါမည်။

ဆိုလိုသည်မှာ လောဘ၊ ဒေါသ၊ မာန အညစ်အကြေးများကိုလည်း မေတ္တာရေဖြင့် ဆေးကြောလျှင် တစ်ချိန်ချိန်မှာ အညစ်အကြေးများ လုံးဝကင်းစင်သွားပါလိမ့်မည်ဟု......။

ရိုက်မောင်း   
နိုဝင်ဘာ - ၈

( Zawgyi )

“ေမတၱာစိတ္ဆိုတာ ျမင့္ျမတ္တဲ့ စိတ္ဓာတ္ပဲ။ကိုယ့္အက်ိဳးအတြက္ သူ႔ကို ခ်စ္ျမတ္ႏိုးတာမ်ိဳး မဟုတ္ဘူး။အတၱဆိုတဲ့ အညစ္အေၾကး လုံးဝမပါဘူး။သူေကာင္းစားေစခ်င္တာကိုပဲ ဦးတည္ထားတဲ့၊ မြန္ျမတ္တဲ့ စိတ္ဓာတ္လို႔ ေျပာခ်င္တာ”

“မွန္ပါ့”

“ဒကာႀကီးတို႔ ဘုန္းႀကီးတို႔ အပါအဝင္ လူမ်ားစုကို ေလ့လာၾကည့္ေလ။ကိုယ့္အက်ိဳးအတြက္ပဲ ေရွ႕တန္းတင္ေနၾကတာ မဟုတ္လား”

“ဟုတ္ပါတယ္ ဘုရား”

“ကိုယ္ပဲ ႀကီးပြားခ်မ္းသာခ်င္တယ္။ကိုယ္ပဲ ဂုဏ္အရွိန္အဝါ ျမင့္ခ်င္တယ္။ကိုယ္ပဲ အစစအရာရာ အဆင္ေျပခ်င္တယ္။ကိုယ့္ထက္ နိမ့္က်သူနဲ႔ ဆက္ဆံရရင္ သေဘာက်တယ္၊ ေက်နပ္တယ္။ကိုယ့္ထက္ အဆင့္ျမင့္သူနဲ႔ ဆက္ဆံရရင္ ဘဝင္မက်ဘူး၊ မေက်နပ္ဘူး။ကိုယ့္သားသမီးက ထူးခြၽန္ရင္ ပီတိျဖစ္တယ္။သူမ်ားသားသမီး ထူးခြၽန္ရင္ ၿငိဳျငင္ခ်င္တယ္။အဲဒါ သာမန္လူေတြရဲ႕ သဘာဝပဲ”

“လူတိုင္းလိုလိုပါပဲ ဘုရား”

“အဲဒီလူေတြထဲမွာ ဒကာႀကီးေတာ့ မပါဘူး မဟုတ္လား”

“ထိပ္ဆုံးက ပါပါတယ္ ဘုရား”

“ဒါျဖင့္ ဒကာႀကီးက သူမ်ားအေပၚ ေမတၱာထားမယ္ဆိုရင္ ဒကာႀကီးရဲ႕ေမတၱာက မွန္ႏိုင္ပါ့မလား”

“မမွန္ႏိုင္ပါဘူး ဘုရား”

“ဘာျဖစ္လို႔လဲ ဒကာႀကီးရဲ႕”

“တပည့္ေတာ္အေၾကာင္း တပည့္ေတာ္အသိဆုံးမို႔ပါ ဘုရား”

“ဒကာႀကီးလက္ထဲမွာ ပိုက္ဆံမရွိဘဲ ဘုန္းႀကီးကို ပိုက္ဆံေပးလို႔ ရပါ့မလား”

“မရပါဘူး ဘုရား”

“ဒကာႀကီးဆီမွာ အစားအစာမရွိဘဲနဲ႔ ဘုန္းႀကီးကို ေကြၽးလို႔ရပါ့မလား”

“မရပါဘူး ဘုရား”

“ဒါျဖင့္ ဒကာႀကီးရဲ႕ ရင္ထဲမွာ ေမတၱာမရွိဘဲ ဘုန္းႀကီးကို ေမတၱာေပးလို႔ ရပါ့မလား”

“မရပါဘူး ဘုရား”

“ဒါဆိုရင္ သူမ်ားကိုေပးခ်င္ရင္ ကိုယ့္ဆီမွာ ဘာျဖစ္ရမလဲ”

“သူမ်ားကို ေပးခ်င္ရင္ ကိုယ့္ဆီမွာ ရွိရပါမယ္ ဘုရား”

“ဒါျဖင့္ရင္ ဒကာႀကီးဆီမွာ ေမတၱာအရင္ရွိေအာင္ ဘယ္လိုလုပ္မလဲ”

“အရွင္ဘုရား မိန႔္မွ သိရမွာပါ ဘုရား”

“ဒကာႀကီး က်န္းက်န္းမာမာနဲ႔ အသက္မရွည္ခ်င္ဘူးလား”

“ရွည္ခ်င္ပါတယ္ ဘုရား”

“ဒကာႀကီး ပစၥည္းဥစၥာ မခ်မ္းသာခ်င္ဘူးလား”

“ခ်မ္းသာခ်င္ပါတယ္ ဘုရား”

“ဒကာႀကီး ဒုကၡေရာက္ခ်င္လား။အႏၲရာယ္တစ္ခုခုေရာ ျဖစ္ခ်င္လား”

“ဒုကၡလည္း မေရာက္ခ်င္ပါဘူး။ဘယ္အႏၲရာယ္မွလည္း မျဖစ္ခ်င္ပါဘူး ဘုရား”

“ေအး ဒကာႀကီး ရခ်င္တာကို သူ႔ကိုလည္း ရေစခ်င္ရမယ္။ဒကာႀကီး မယူခ်င္တာကို သူ႔ကိုလည္း မယူေစရဘူး။ကိုယ္ခ်င္းစာစိတ္ ရွိရမယ္။ကိုယ္ခ်င္းစာတတ္တဲ့ စိတ္ဓာတ္ဟာ ေမတၱာထားဖို႔အတြက္ အေရးအႀကီးဆုံး အေျခခံစိတ္ပဲ ဒကာႀကီး”

“မွန္ပါ့ဘုရား။တပည့္ေတာ္ မွတ္သားထားပါမယ္”
 
“တကယ္တမ္း ေမတၱာပြားေတာ့မယ္ဆိုရင္ ဒကာႀကီး ကိုယ္တိုင္အေပၚ၊ ဒကာႀကီး အခ်စ္ဆုံးသူအေပၚ၊ ဒကာႀကီးရဲ႕ သာမန္မိတ္ေဆြအေပၚ၊ ဒကာႀကီးရဲ႕ ရန္သူအေပၚထားတဲ့ အသီးသီးေသာ ေမတၱာစိတ္ဟာ တစ္စိတ္တည္းျဖစ္တဲ့အထိ၊ အဲဒီေလးမ်ိဳးအေပၚ ေမတၱာအတူတူ ထားႏိုင္တဲ့အထိ ႀကိဳးစားေလ့က်င့္ရမယ္”

“မွန္ပါဘုရား။တပည့္ေတာ္ ႀကိဳးစားေလ့က်င့္ပါ့မယ္”

“အေျပာနဲ႔မရဘူးေနာ္ ဒကာႀကီး။တကယ္ေလ့က်င့္ရမွာ”

“တကယ္ေလ့က်င့္မွာပါ ဘုရား။တပည့္ေတာ္ကို ခုလိုသတိေပးတဲ့အတြက္ အရွင္ဘုရားကိုလည္း တပည့္ေတာ္ ေက်းဇူးတင္ပါတယ္”

“ဒကာႀကီးကို ခုလို တကူးတကေျပာရတာ အေၾကာင္းရွိတယ္ ဒကာႀကီး”

“အမိန႔္ရွိပါ ဘုရား”

“ဒကာႀကီးတို႔၊ ဘုန္းႀကီးတို႔လို ပရိသတ္ရွိတဲ့လူေတြက ေမတၱာစိတ္ရွိဖို႔ ပိုၿပီးအေရးႀကီးတယ္ ဒကာႀကီး။ဘုန္းႀကီးေျပာတာကို ဒကာႀကီး သေဘာေပါက္မွာပါ”

“တပည့္ေတာ္ သေဘာေပါက္ပါတယ္ ဘုရား။စိတ္ခ်ပါ ဘုရား၊ တပည့္ေတာ္ တကယ္သတိထားၿပီး ေလ့က်င့္မွာပါ”

အသက္ကလည္းႀကီးလာၿပီ။ဆရာကလည္း ျဖစ္ေနျပန္သည္။ဒီေတာ့ ကြၽန္ေတာ္ကသာ ေက်ာင္းသားမ်ားကို ဆုံးမေနရသည္။တစ္ခါတေလ ေက်ာင္းသားမိဘမ်ားကပါ ကြၽန္ေတာ့္အဆုံးအမ လာခံတတ္ၾက၍ လိပ္ျပာမလုံ ျဖစ္ရေသးသည္။ကိုယ့္အေၾကာင္းကိုယ္ သိေန၍ အခ်ိန္အားေသာအခါမ်ိဳး အထူးသျဖင့္ ဆယ္တန္းစာေမးပြဲႀကီး ၿပီးသည့္အခ်ိန္မ်ိဳး၊ စိတ္ရႈပ္ေထြးသည့္အခါမ်ိဳးတြင္ ဘုန္းႀကီးေက်ာင္းသို႔သြား၍ ေက်ာင္းထိုင္ဆရာေတာ္၏ အဆုံးအမကို ခံယူတတ္ပါသည္။

ဒီႏွစ္ ပထမဆုံး ႐ြာေသာမိုးေၾကာင့္ အေအးမိၿပီး ဖ်ားခဲ့သည္။အဖ်ားေပ်ာက္ခါစ တစ္ရက္တြင္ ဘုန္းႀကီးေက်ာင္းသို႔ ေရာက္သြားသည္။ဆရာေတာ္က ေမတၱာထားတတ္ဖို႔ သတိေပးစကား ေျပာခဲ့ျခင္း ျဖစ္သည္။ဆရာေတာ့္ဆီမွ ေမတၱာတရားႏွင့္ ပတ္သက္၍ သတိေပးတရား နာလာၿပီး ျပန္လာေတာ့မွ လူပ်ိဳဘဝ ငယ္စဥ္က ကြၽန္ေတာ္၏ ေက်းဇူးရွင္ဆရာ၏ ေမတၱာထားဖို႔ ဆုံးမခဲ့တာကို ျပန္သတိရမိသည္။ ဆရာ့ေက်းဇူးေၾကာင့္ ကြၽန္ေတာ္ အရက္ျပတ္၍ ပုတီးစိတ္တတ္ခဲ့ပါသည္။ပုတီးစိတ္၍ လအတန္ၾကာေသာအခါ ဆရာက ကြၽန္ေတာ့္ကို ေမတၱာသုတ္ ႐ြတ္ခိုင္းသည္။ဆရာက ေရွ႕မွတိုင္ေပး ကြၽန္ေတာ္က ေနာက္မွလိုက္ဆိုေပါ့။ေမတၱာသုတ္ကို ေန႔တိုင္း႐ြတ္ျဖစ္သည္။တစ္ႏွစ္ခန႔္အၾကာမွာ ကြၽန္ေတာ္ ေမတၱာသုတ္ကို အလြတ္ရခဲ့သည္။မနက္တစ္ေခါက္၊ ညတစ္ေခါက္ ေမတၱာသုတ္ကို ပုံမွန္႐ြတ္ေသာ္လည္း မၾကာခဏရန္ျဖစ္သည့္ ကြၽန္ေတာ့္အက်င့္ကေတာ့ ေပ်ာက္မသြားပါ။ကြၽန္ေတာ္မွာရွိသည့္ အက်င့္ဆိုးမ်ားထဲမွ အဆိုးဆုံးအက်င့္က စိတ္တို၍ ေဒါသထြက္လြယ္တတ္ျခင္း ျဖစ္သည္။ထို႔ေၾကာင့္လည္း ဆရာက ကြၽန္ေတာ့္ကို ေမတၱာသုတ္ ႐ြတ္ေစခဲ့ျခင္းပါ။တစ္ညတြင္ ဆရာက ကြၽန္ေတာ့္ကို ေမတၱာပို႔ခိုင္းပါသည္။

“အေမ၊ အေဖ၊ သင္ဆရာ၊ ျမင္ဆရာ၊ ၾကားဆရာမ်ားနွ်င့္တကြ သတၱဝါအေပါင္း က်န္းမာပါေစ။စိတ္၏ခ်မ္းသာျခင္း၊ ကိုယ္၏ခ်မ္းသာျခင္း၊ ဓမၼ၏ခ်မ္းသာျခင္းႏွင့္ ျပည့္စုံပါေစ” ဟု ဆိုၿပီး ေမတၱာပို႔ေစပါသည္။
          
ရက္အတန္ၾကာေသာအခါ ဆရာက တစ္ဦးတစ္ေယာက္ထဲကို အာ႐ုံၫႊတ္၍ ေမတၱာပို႔ရန္ ေျပာသည္။ကြၽန္ေတာ္က အေမ့ကို ရည္မွန္း၍ ေမတၱာပို႔သည္။ဆရာက တစ္ဆင့္တက္ျပန္သည္။ကြၽန္ေတာ္ အမုန္းဆုံးလူ ဘယ္သူလဲဟု ေမးသည္။ကြၽန္ေတာ္ကလည္း မဆိုင္းမတြပင္ “ကေလးဗိုလ္” ဟု ျပန္ေျဖသည္။ထို “ကေလးဗိုလ္” ဆိုသူသည္ ကြၽန္ေတာ္ႏွင့္ တစ္လမ္းထဲေနသူ ျဖစ္သည္။ကြၽန္ေတာ့္ထက္ ငါးႏွစ္ခန႔္ႀကီးသည္။ကေလးဘဝမွာကတည္းက သူ႔ထက္ငယ္ေသာသူမ်ားကို မိုက္မိုက္႐ိုင္း႐ိုင္း ဗိုလ္က်အႏိုင္က်င့္တတ္၍ သူ႔ကို “ကေလးဗိုလ္” ဟု ေခၚၾကသည္။မႏိုင္၍ ငုံ႔ခံေနရေသာ္လည္း ကြၽန္ေတာ္ သူ႔ကို လုံးဝၾကည့္မရခဲ့ပါ။အ႐ြယ္ေရာက္လာေတာ့ ကြၽန္ေတာ္က သူအႏိုင္က်င့္လွ်င္ မခံေတာ့။သူတစ္ခြန္း၊ ကိုယ္တစ္ခြန္း ျပန္ေျပာသည္။သူတစ္ခ်က္၊ ကိုယ္တစ္ခ်က္ ျပန္ထိုးသည္။တစ္လမ္းထဲေနသူမ်ားျဖစ္၍ မိဘခ်င္းခင္မင္မႈအရ၊ လမ္းတြင္း သာေရးနာေရး ကိစၥမ်ားအရ ေတြ႕ဆုံဆက္ဆံေနရေသာ္လည္း တစ္ေယာက္ႏွင့္ တစ္ေယာက္ ရန္ေဆာင္ေနၾကသူမ်ား ျဖစ္သည္။ထိုသို႔ ငယ္စဥ္ကေလးဘဝမွစ၍ ၾကည့္မရေအာင္ မုန္းေနမိသူကို ရည္ၫႊန္းကာ “ကေလးဗိုလ္ က်န္းမာခ်မ္းသာပါေစ” ဟု ဆရာက ႏႈတ္မွဆိုခိုင္းေတာ့ ကြၽန္ေတာ္က လုံးဝမဆိုပါ။ထိုေန႔မွစၿပီး ဆရာ့အိမ္သို႔ ကြၽန္ေတာ္မေရာက္ေတာ့ပါ။  

ႏွစ္ပါတ္ေလာက္ၾကာေတာ့မွ ဆရာ့အိမ္ ေရာက္ျဖစ္သည္။ဆရာက သူ႔ကို ဆရာတစ္ေယာက္ဟု အသိအမွတ္ျပဳလွ်င္ သူ႔ေက်းဇူးကို ဆပ္ခ်င္လွ်င္ တစ္ေခါက္တည္းဆိုပါဟု ေျပာသည္။ကြၽန္ေတာ္လည္း စိတ္မပါဘဲ ဆရာစိတ္ခ်မ္းသာလွ်င္ ၿပီးေရာဟု သေဘာထားကာ “ကေလးဗိုလ္ က်န္းမာခ်မ္းသာပါေစ” ဟု ေဆာင့္ေဆာင့္ေအာင့္ေအာင့္ အသံျပတ္ႏွင့္ ၿပီးစလြယ္ဆိုခဲ့သည္။
ဆရာ့မ်က္ႏွာက ၿပဳံးေနသည္။ေနာက္ပိုင္းတြင္လည္း ဆရာစိတ္ခ်မ္းသာေအာင္ တစ္ေၾကာင္း၊ ဆိုေနက်ျဖစ္ေနသည္က တစ္ေၾကာင္းတို႔ေၾကာင့္ သိပ္အခက္အခဲမရွိေတာ့ဘဲ ဆိုႏိုင္ခဲ့သည္။

ထူးျခားသည္က ထိုအခ်ိန္မွ စတင္ေရတြက္၍ ခန႔္မွန္းေျခ ေျခာက္လ၊ ခုနစ္လခန႔္ အၾကာတြင္ ထို “ကေလးဗိုလ္” ကို ကြၽန္ေတာ္က “အစ္ကိုႀကီး”၊ သူကလည္း ကြၽန္ေတာ့္ကို “ညီေလး” ဟု ေခၚျဖစ္ေနခဲ့ၾကသည္ကို သတိျပဳမိလိုက္သည္။ဆရာ၏ ေမတၱာသင္ခန္းစာေၾကာင့္ အစ္ကိုႀကီး၊ ညီေလး ဇာတ္လမ္းေလး ေျပလည္သြားပါသည္။ေမတၱာသုတ္ကို ေန႔စဥ္႐ြတ္ျဖစ္ပါသည္။
လက္ေတြ႕မွာ စိတ္တို ေဒါသထြက္ လြယ္ေသးေသာ္လည္း လူတိုင္းအေပၚ ေမတၱာထားလိုစိတ္ႏွင့္ လူတိုင္းအေပၚ သည္းခံလိုစိတ္ ျပင္းျပလာျခင္းတို႔ ျဖစ္သည္။ဆရာေတာ္ ေဟာခဲ့သလိုပင္ ေမတၱာစိတ္သည္ အလြန္မြန္ျမတ္ေသာ စိတ္ဓာတ္ျဖစ္ပါသည္။အတၱစိတ္ မစြန႔္ပယ္ႏိုင္ေသာ သာမန္လူသားမ်ားအေနႏွင့္ အလြယ္တကူ ရယူပိုင္ဆိုင္ဖို႔ မျဖစ္ႏိုင္ပါ။အေျပာလြယ္ေလာက္ လက္ေတြ႕လုပ္ရန္ ခက္ခဲေသာ ကိစၥမ်ားတြင္ ေမတၱာစိတ္ထားႏိုင္မႈသည္ ထိပ္ဆုံးမွ ပါဝင္သည္။အကယ္၍ ေမတၱာတရားကိုသာ လူတိုင္း၏ ရင္ထဲမွာ ထည့္ထားႏိုင္မည္ ဆိုလွ်င္လည္း မိသားစု၊ အသိုင္းအဝိုင္းတြင္မက ကမာၻႀကီး တစ္ခုလုံးပင္ ၿငိမ္းခ်မ္းသြားပါလိမ့္မည္။ဆရာေတာ္ မိန႔္သလို ေမတၱာစိတ္ ထားႏိုင္ရန္အတြက္ “ကိုယ္ခ်င္းစာ” စိတ္ ရွိရမည္ ထင္ပါသည္။“ကိုယ္ခ်မ္းသာခ်င္သလို သူလည္းခ်မ္းသာခ်င္မွာပဲ၊ ကိုယ္မဆင္းရဲခ်င္သလို သူလည္း ဆင္းရဲခ်င္မွာ မဟုတ္ဘူး” စသည္ျဖင့္ ကိုယ္ခ်င္းစာစိတ္ ရွိၾကလွ်င္ တစ္ေယာက္ႏွင့္ တစ္ေယာက္ မေက်နပ္မႈမ်ား၊ အာဃာတမ်ား၊ အမ်က္ေဒါသမ်ား ျဖစ္ၾကမည္ မဟုတ္ေတာ့ပါ။

ကိုယ္ခ်င္းစာတတ္သူသည္ ကိုယ့္အသက္ကို တန္ဖိုးထားသည့္အတြက္ ကိုယ္ကလည္း တစ္စုံတစ္ေယာက္၏ အသက္ကို သတ္ျဖစ္မည္ မဟုတ္ပါ။ကိုယ့္စည္းစိမ္ဥစၥာကို မပ်က္စီးခ်င္ဘဲ တိုးပြားခ်င္ၾကသည္။ထို႔ေၾကာင့္ သူမ်ား၏ စည္းစိမ္ဥစၥာကို လုယက္ဖ်က္ဆီးျခင္း မျပဳေတာ့ပါ။ကိုယ့္သားသမီး ကိုယ့္အိမ္ေထာင္ဖက္ကို တန္ဖိုးထားေသာေၾကာင့္ သူ႔သား သူ႔သမီး သူ႔အိမ္ေထာင္ဖက္ကိုလည္း ဖ်က္ဆီးရန္ ႀကံစည္မည္ မဟုတ္ေတာ့ပါ။ကိုယ့္အေပၚ လိမ္ညာလွည့္စား ေျပာဆိုတာကို မခံႏိုင္သလို သူတစ္ပါးအေပၚကိုလည္း လိမ္ညာလွည့္စား ေျပာဆိုျခင္း ျပဳမွာမဟုတ္ပါ။တကယ္ေတာ့ ကိုယ္ခ်င္းစာစိတ္သည္ အက်င့္သီလ ျဖစ္ပါသည္။အက်င့္စာရိတၱ ျဖစ္ပါသည္။ကိုယ္တိုင္ခံယူသိရွိ၍ ကိုယ္တိုင္သတိထား က်င့္ႀကံရသည့္ ကိုယ္က်င့္တရား ျဖစ္ပါသည္။ကိုယ္တိုင္က အက်င့္စာရိတၱေကာင္းမွ ေမတၱာထားႏိုင္ေပလိမ့္မည္။ျဖဴစင္တန္ဖိုးရွိေသာ ရတနာပစၥည္းကို ညစ္ေပေနေသာလက္ျဖင့္ ခံယူ၍မရေသာ သေဘာျဖစ္ပါသည္။ေမတၱာသည္ တန္ဖိုးရွိေသာအရာ ျဖစ္သျဖင့္ အက်င့္စာရိတၱသည္ ေမတၱာကို ရယူႏိုင္သည့္ အရင္းအႏွီးျဖစ္၏။နိဗၺာန္ဟူေသာ တန္ဖိုးရွိေသာ ေနရာအတြက္ သီလ၊ သမာဓိ၊ ပညာႏွင့္ ရင္းႏွီးရယူရသကဲ့သို႔ ျဖစ္၏။ဘုရားရွင္ ကိုယ္တိုင္က သတၱဝါမ်ားအေပၚ ေစတနာေမတၱာ ထားသျဖင့္ ပါရမီဆယ္ပါးကို ျဖည့္က်င့္ကာ ဘုရားအျဖစ္ကို ႀကိဳးစားရယူခဲ့သည္။ဘုရားျဖစ္ေတာ္မူလာေသာ အခါတြင္လည္း သတၱဝါမ်ားအေပၚ ေစတနာ ေမတၱာထားကာ တရားေဟာ၊ တရားျပျခင္းျဖင့္ ဒုကၡတြင္းမွ ကယ္တင္ေပးခဲ့ပါသည္။မၾကာခဏဆိုသလိုလည္း ရဟန္း၊ ရွင္၊ လူ အေပါင္းကို တစ္ဦးႏွင့္ တစ္ဦး ကိုယ္က်င့္သီလ မပ်က္ဘဲ ႏွလုံးသြင္းမွန္မွန္ႏွင့္ ေမတၱာမပ်က္ရန္၊ ေမတၱာထားရန္ သတိေပးမွာၾကားေလ့ ရွိပါသည္။

ျမတ္စြာဘုရားရွင္ ပြင့္ေတာ္မူစဥ္က ျဖစ္ပါသည္။ငါးရာေသာ ရဟန္းတို႔သည္ ဘုရားရွင္ထံမွ ကမၼ႒ာန္းဘာဝနာကို သင္ယူၿပီးေနာက္ ဟိမဝႏၲာႏွင့္ တစ္စပ္တည္းေသာ ေတာအုပ္ႀကီးအတြင္းမွာ တရားအားထုတ္ၾကသည္။ထိုေတာထဲမွာရွိေသာ နတ္မ်ားက ေျခာက္လွန႔္ေနေသာေၾကာင့္ စိတ္တည္ၿငိမ္မႈမရဘဲ စိုးရိမ္ေၾကာင့္ၾကစြာ အားထုတ္ရေသာေၾကာင့္ အခ်ိန္ၾကာလာေသာ္လည္း တရားမရႏိုင္ဘဲ ေသာကေဝဒနာမ်ားသာ ရရွိၾကေလသည္။ထို႔ေၾကာင့္ ဘုရားရွင္ထံသို႔ ျပန္သြားသည္။ဘုရားရွင္ကို အက်ိဳးအေၾကာင္း ေလွ်ာက္တင္ေသာအခါ ဘုရားရွင္က ေၾကာက္စရာမလိုေၾကာင္း ရွင္းျပသည္။ထိုနတ္မ်ားအနက္ မေကာင္းေသာ နတ္အခ်ိဳ႕ရွိၿပီး ထိုနတ္မ်ားက၊ သီလေစာင့္ထိန္း၍ သူေတာ္ေကာင္း တရားအားထုတ္ေနေသာ ရဟန္းမ်ား အနီးအနား၌ မေနဝံ့ေသာေၾကာင့္ ေျခာက္လွန႔္ၾကျခင္း ျဖစ္သည္။သို႔ေသာ္လည္း နတ္အမ်ားစုမွာ ေကာင္းေသာနတ္မ်ားျဖစ္ၿပီး ရဟန္းတို႔၏ ေမတၱာကို ခံယူခ်င္ေသာေၾကာင့္ ေမတၱာပို႔ရန္ သတိေပးေနျခင္းျဖစ္သည္။ထို႔ေၾကာင့္ စိတ္ကို ျဖဴျဖဴစင္စင္ ေျဖာင့္ေျဖာင့္မတ္မတ္ထား၍ သတၱဝါအေပါင္းကို အနိမ့္အျမင့္၊ အယုတ္အျမတ္၊ ရန္သူမိတ္ေဆြ မခြဲျခားဘဲ ေမတၱာေပးပို႔ၿပီးမွ ကိုယ္စီ ကမၼ႒ာန္းတရားမ်ား ဆက္လက္အားထုတ္ၾကရန္ မွာၾကားကာ ေမတၱာသုတ္ကို သင္ေပး၍ မူလေတာအုပ္သို႔ ျပန္လည္ေစလႊတ္လိုက္သည္။ရဟန္းမ်ားလည္း ေတာအုပ္သို႔ျပန္လာကာ သတၱဝါအေပါင္းကို ညီမွ်ေသာ ေမတၱာမ်ားေပးပို႔ၿပီးမွ တရားအားထုတ္ၾကသည္။မေကာင္းေသာ နတ္မ်ားက မေျခာက္လွန႔္ႏိုင္ၾကေတာ့။ေကာင္းေသာ နတ္မ်ားက ရဟန္းသံဃာတို႔၏ ေမတၱာကို ခံယူရရွိသျဖင့္ သတိေပးစရာ မလိုေတာ့ေပ။တျဖည္းျဖည္းႏွင့္ ေကာင္းေသာ နတ္၊ မေကာင္းေသာ နတ္မ်ားလည္း စည္း႐ုံးမိၾကၿပီး ရဟန္းအေပါင္းကို အေႏွာင့္အယွက္ မေပးသည့္အျပင္ အစစအရာရာ အဆင္ေျပေအာင္ပင္ အကူအညီေပးခဲ့ၾက၏။ရဟန္းငါးရာလုံးသည္ ဝါမကြၽတ္မီမွာပင္ ရဟႏၲာမ်ား ျဖစ္ၾကေလသည္။

လူသားခ်င္း တစ္ဦးႏွင့္တစ္ဦး ေမတၱာမထားႏိုင္ၾကသည္မွာ ကိုယ္ခ်င္းစာစိတ္ (ကိုယ္က်င့္သီလ) (အက်င့္စာရိတၱ) မရွိၾက၍၊ မေကာင္းၾက၍ ျဖစ္သည္။

“စြမ္းရည္သတၱိက သင့္အား ထိပ္ဆုံးသို႔ ပို႔ေဆာင္ႏိုင္ေသာ္လည္း အက်င့္စာရိတၱကသာလွ်င္ ထိုေနရာ၌ တည္ၿမဲေစမည္” ဟု အဓိပၸာယ္ရေသာ Jogn Wooden ၏  “Ability may get you to the top, but it takes character to keep you there.”  ဟူေသာ အဆိုအမိန႔္ေလးကို သတိရမိသည္။ေရေျမေတြ ဘယ္လိုျခားေသာ္လည္း၊ လူမ်ိဳးေတြ ဘယ္လိုပင္မတူေသာ္လည္း၊ ဘာသာေတြ ဘယ္လိုကြာျခားေသာ္လည္း ေနရာအမ်ားအျပားမွာ၊ လူမ်ားစု၊ ဘာသာအမ်ားစုကေတာ့ အက်င့္စာရိတၱ (character) ကို တန္ဖိုးထားၾက၊ အေလးထားၾကသည္ကို ေတြ႕ရသည္။အက်င့္စာရိတၱ မေကာင္းသည္မွာလည္း အေသအခ်ာစမ္းစစ္ၾကည့္ေတာ့ ေလာဘ၊ ေဒါသ၊ မာနစိတ္ေတြ ျပည့္ကာ ကိုယ္တြင္း အတၱေကာင္က အလြန္ႀကီးထြားေနေသာေၾကာင့္ ျဖစ္ေလသည္။ထိုေလာဘ၊ ေဒါသ၊ မာန အညစ္အေၾကးမ်ားေၾကာင့္လည္း ေမတၱာတရားကို မလွမ္းႏိုင္၊ မကိုင္ႏိုင္ ျဖစ္ေနရသည္။ထိုအညစ္အေၾကးမ်ားသည္ အတၱဟိတစိတ္ေၾကာင့္ ျဖစ္ေပၚလာျခင္းပါ။ေမတၱာသည္ ပရဟိတစိတ္ေၾကာင့္ ျဖစ္ေပၚလာျခင္းပါ။ကိုယ္က်ိဳးရွာခ်င္စိတ္က အားေကာင္းေန၍ အမ်ားအတြက္ မစဥ္းစားႏိုင္တာပါ။ ေမတၱာမထားႏိုင္တာပါ။အမ်ားအတြက္ စဥ္းစားခ်င္စိတ္ တစ္ခါ၊ ႏွစ္ခါ၊ သုံးခါ စသည္ျဖင့္ သတိေလးထားၿပီး ျဖစ္ေပၚလာေအာင္ ႀကိဳးစားၾကည့္ပါက ထိုသို႔ စဥ္းစားမိစဥ္ ခဏမွာ ကိုယ္က်ိဳးရွာ အတၱစိတ္ေတြ ေခတၱမွ် ေပ်ာက္သြားပါလိမ့္မည္။

ရင္ထဲမွာ၊ ဦးေႏွာက္ထဲမွာ စြဲၿမဲခိုင္မာေနရမည္က အမ်ားအက်ိဳး ေဆာင္႐ြက္ခ်င္စိတ္သည္ ေကာင္းေၾကာင္း သိရပါမည္။တစ္နည္းအားျဖင့္ လူတိုင္းအေပၚ ေမတၱာထားရမည္ျဖစ္ေၾကာင္း လက္ခံယုံၾကည္ရပါမည္။ထိုအခါ တစ္စတစ္စႏွင့္ ေလာဘ၊ ေဒါသ၊ မာန အညစ္အေၾကးမ်ား ေလ်ာ့ပါးလာပါမည္။

ဆိုလိုသည္မွာ ေလာဘ၊ ေဒါသ၊ မာန အညစ္အေၾကးမ်ားကိုလည္း ေမတၱာေရျဖင့္ ေဆးေၾကာလွ်င္ တစ္ခ်ိန္ခ်ိန္မွာ အညစ္အေၾကးမ်ား လုံးဝကင္းစင္သြားပါလိမ့္မည္ဟု......။

႐ိုက္ေမာင္း   
ႏိုဝင္ဘာ - ၈