【 ဆောင်းပါး 】 “မျောလွင့်နေသော တိမ်တိုက်များ”

【 ဆောင်းပါး 】 “မျောလွင့်နေသော တိမ်တိုက်များ”

“တစ်ခါက လူတစ်ယောက်ဟာ တောထဲမှာ ကြောက်စရာကောင်းတဲ့ ဧရာမသတ္တဝါကြီးတစ်ကောင်နဲ့ တွေ့ပြီး အဲဒီအကောင်ကြီးလိုက်လို့ အသည်းအသန်ပြေးခဲ့ရတယ်”

“အင်း”

“အကောင်ကြီးဟာ ထက်ကြပ်မကွာလိုက်နေတော့ သူလည်း မြန်သထက်မြန်အောင် ပြေးရတာပေါ့”

“ဆက်ပါဦး”

“တစ်နေရာရောက်တော့ တွင်းဟောင်းကြီးတစ်ခုထဲကို ရုတ်တရက်ပြုတ်ကျပါလေရော”

“သေရောလား”

“ကြောက်အားလန့်အားနဲ့ ဆွဲမိဆွဲရာဆွဲလိုက်တာ သစ်မြစ်တစ်ခုကိုကိုင်မိပြီး တန်းလန်းကြီး ဖြစ်နေတာပေါ့”

“ဒီတော့”

“တွင်းအောက်ကို ငုံ့ကြည့်တော့ တခြားသတ္တဝါကြီးတစ်ကောင်ကို တွေ့လိုက်ရတယ်။အစွယ်အဖွေးသားနဲ့ ပါးစပ်ကြီးဖြဲလို့ပေါ့။အပေါ်မော့ကြည့်ပြန်တော့ ပထမသတ္တဝါကြီးက တွင်းနှုတ်ခမ်းကနေ သူ့ကို စောင့်နေတယ်”

“အပေါ်ကျပ်၊ အောက်ကျပ် ဖြစ်နေပြီပေါ့”

“ဘေးကျပ် နံကျပ်ပါကွာ”

“ထားပါတော့၊ ဆက်ပြောပါဦး”

“သူ့အသက်က အပေါ်တစ်ကမ်း အောက်တစ်လှမ်းမှာ ရှိနေတယ်ဆိုတာ သေချာနေပေမယ့် သူဖမ်းဆွဲထားတဲ့ သစ်မြစ်ကို သူလက်မလွှတ်သမျှ သူမသေနိုင်သေးဘူးလို့ သူ့ကိုယ်သူ အားပေးနေတုန်း အားငယ်စရာတစ်ခုကို မြင်လိုက်ရပြန်တယ်”

“နောက်တစ်ကောင်က ဘယ်က ဘယ်လိုရောက်လာလို့လဲ”

“နောက်တစ်ကောင်ရောက်လာတာ မဟုတ်ဘူး။သူကိုင်ထားတဲ့ သစ်မြစ်က ဆွေးနေလို့ တဗျစ်ဗျစ်မြည်နေပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ သူအောက်ကိုပြုတ်ကျဖို့ သေချာနေပြီဆိုတာ သိလိုက်ရတယ်”

“ပထမအကောင် လိုက်ကတည်းက မိပြီးသေရင်ပြီးရော။ဒါမှမဟုတ် တွင်းထဲပြုတ်ကျကျချင်း ဒုတိယအကောင်ရဲ့ ပါးစပ်ထဲ တန်းကျပြီးသေလည်း ကောင်းတာပဲ။အခုတော့ သေမှာ သေချာနေရက်နဲ့ စိတ်သောကတွေ တစ်ခုပြီးတစ်ခု ဖြစ်နေရတော့ အကောင်ကိုက်စားလို့ မသေဘဲ စိတ်ညစ်ပြီး နှလုံးခုန်ရပ် သေရမယ့်ကိန်းပဲ”

“နှလုံးခုန်တာမရပ်ဘဲ ထပ်ခုန်သွားတယ်”

“ဘာဖြစ်လို့လဲ”

“သူကိုင်ထားတဲ့ သစ်မြစ်ဆွေးပေါ်မှာ ပျားရည်တစ်စက်ကို တွေ့လိုက်ရတယ်”

“အဲဒါနဲ့”

“ပုဂ္ဂိုလ်က အားရဝမ်းသာ လျှာနဲ့လျက်လိုက်ပြီး၊ အား--ချိုလိုက်တာလို့ ပြောသတဲ့”

“ဒီလောက်သေခါနီးနေတာတောင် ဘာမဟုတ်တဲ့ ပျားရည်တစ်စက်ကို မက်မောနေရသေးတယ်။ထားပါတော့။မင်းဇာတ်လမ်းကို ဆက်ပါဦး”

“ဇာတ်လမ်းက အဲဒီမှာပဲပြီးသွားတယ်”

“ဘယ်လိုကြီးလဲ”

“အဲဒါ - နိုင်ငံခြား စာရေးဆရာတစ်ယောက်ရဲ့ ဆောင်းပါးထဲက ဥပမာပေးထားတဲ့ စိတ်ကူးယဉ်အဖြစ်အပျက်လေးပါ။လူတွေဟာ သေမယ်ဆိုတာသေချာပြီး ရှုပ်ထွေးပွေလီလှတဲ့ လောကကြီးမှာ ခဏတာသာယာမှုလေးတွေနဲ့ ပျော်ရွှင်ကျေနပ်နေကြတယ်လို့ စာရေးသူက ပြောချင်တာပါ”

မနက်ခင်းတစ်ခုမှာ ကျွန်တော်နှင့် ကျွန်တော့်မိတ်ဆွေ လက်ဖက်ရည်ဆိုင်မှာ စကားပြောဖြစ်ခဲ့တာပါ။သူက ရေပွက်ပမာ ခဏတာရလာသည့် လူ့ဘဝလေးမှာ လောဘ၊ ဒေါသ၊ မောဟတွေနှင့် စိတ်ခံစားမှုနောက် လိုက်နေကြသည်ကို ဖတ်ဖူးသည့် ဇာတ်လမ်းလေးနှင့် ဥပမာပေး၍ ပြောသွားခြင်းဖြစ်သည်။တကယ်လည်းဟုတ်ပါသည်။လူတို့သည် သာယာမှုအပေါ် လွင့်မျောနေကြပါသည်။လူအများစုသည် သာယာမှုနှင့်တွေ့လျှင် မရှောင်နိုင်ကြပါ။အကယ်၍ ရှောင်နိုင်လျှင်တောင်မှ မရှောင်ဖြစ်ကြပါ။မရှောင်ချင်ကြပါ။သံသရာကိုလည်းမေ့ပါသည်။ကံကြမ္မာကိုလည်းမေ့ပါသည်။အန္တရာယ်ကိုလည်းမေ့ပါသည်။ထိုအခါမျိုးမှာ မေတ္တာလည်းပျက်ပါသည်။သစ္စာလည်းပျက်ပါသည်။ကိုယ်ကျင့်တရားလည်းပျက်ပါသည်။ပင်လယ်ရေ သောက်မိသလို သောက်လေသောက်လေ ငတ်မပြေ ဖြစ်ကြပါသည်။

သာယာမှုအပေါ် လွင့်မျောနေသူသည် ကောင်းကင်၌ လွင့်မျောနေသော တိမ်နှင့်မခြားနားတော့ပေ။တိမ်သည် သူ့ဘာသူ ထိန်းချုပ်ရပ်တည်နိုင်သည့် အနေအထား အစွမ်းသတ္တိ မရှိပါ။လေတိုက်တိုင်း အလိုက်သင့် လွင့်မျောနေရသည်။ဦးတည်ချက်၊ ကန့်သတ်ချက် မရှိဘဲ ရွေ့လျှားနေရသည်။အသွင်အမျိုးမျိုးပြောင်းကာ နောက်ဆုံးတွင် လုံးဝပျက်စီးသွားရသည်။

လူသည်လည်း လောဘ၊ ဒေါသ တို့၏ စေခိုင်းရာသို့ ကိုယ်ပိုင်ခံယူချက်၊ ဦးတည်ချက်၊ ကန့်သတ်ချက် မရှိဘဲ သာယာမှုတစ်ခုတည်းနှင့် တွေဝေမိုက်မဲစွာ ကျေနပ်နေလျှင် လွင့်မျောတိမ်တိုက်များပမာ အဓိပ္ပါယ်ကင်းမဲ့နေပါလိမ့်မည်။တရားနှလုံးသွင်းနိုင်သူများမှအပ လူတိုင်းလူတိုင်း သာယာမှုကို မက်မောတတ်ကြပါသည်။

အစားအသောက်၊ အဝတ်အထည်၊ အလှအပ၊ ငွေကြေး၊ ရာထူး၊ အာဏာ စသည်ဖြင့် တစ်ခုမဟုတ်တစ်ခု ထူးထူးကဲကဲ သာယာတတ်ကြ၏။တချို့ကတော့ သာယာမှုမှန်သမျှကို ထူးထူးကဲကဲ လိုက်စားတတ်ကြ၏။

လင်ယောင်္ကျား ကြိုက်နှစ်သက်သည့် ဟင်းတစ်ခွက် မချက်မိ၍ လင်မယားရန်ဖြစ်ပြီး၊ ကွာရှင်းသည်အထိ ဖြစ်ကြသည်။မယားဖြစ်သူ နှစ်သက်သည့် အဝတ်အစား မဝယ်ပေးနိုင်၍ စကားများပြီး လင်မယားကွဲတာမျိုးလည်း ရှိပါသည်။အဝတ်အထည် အသစ်အဆန်းကိုလည်း အလွန်အမင်း မက်မော၊ ဝယ်ဝတ်ရန် စီးပွားရေးကလည်း မပြေလည်သည့်အတွက် ဘဝပျက်ရသော အမျိုးသမီးများလည်း ရှိပါသည်။

မိုးလင်း၊ မိုးချုပ် အရက်သောက်ပြီး ဝင်ငွေလည်းမရှာနိုင်၊ မိသားစုအတွက်လည်း ဘာတစ်ခုမှ အကူအညီမပေးနိုင်ဘဲ သေသွားသူတွေလည်း ရှိပါသည်။    

လိင်မှုကိစ္စမှာ လွန်လွန်ကဲကဲ သာယာတတ်သော ယောင်္ကျားများ ရှိပါသည်။တချို့သည် ကာမပိုင် လင်ယောင်္ကျားရှိသော အမျိုးသမီးများကိုပင် အလွတ်မပေးကြတော့။အရွယ်မရောက်သေးသော ကလေးအရွယ် မိန်းမငယ်လေးများကိုပါ စာနာစိတ်ကင်းကာ ကျူးလွန်ကြ၏။

သူတို့၏ သာယာမှုသည် တခြားလူတို့ကို ဒုက္ခပေးသော၊ ဘဝပျက်စေသော မသမာမှု ဖြစ်သွားလေပြီ။

လွန်ကဲသော လူနည်းစုတချို့ကတော့ သာယာမှုအပေါ် နစ်မျောရင်း မိမိနစ်မျောနေသည့် သာယာမှုသည် မသမာမှုပြောင်းသွားသည်ကို သတိမထားမိကြပေ။တချို့က သတိထားမိသော်လည်း ထိုမသမာမှုကို ဆင်လက်သာယာသွားတတ်ကြ၏။

လူအများဆုံး သာယာတတ်တာကတော့ ငွေကြေးဖြစ်ပါသည်။ပိုက်ဆံသည် ရှိသမျှကုန်ပစ္စည်းမျိုးစုံနှင့် ဖလှယ်နိုင်သည့်အတွက် လူတိုင်းလိုလို ပိုက်ဆံအပေါ် ထူးထူးကဲကဲ သာယာတတ်ကြသည်။ပိုက်ဆံကြောင့် မိတ်ဆွေသူငယ်ချင်းအချင်းချင်း အခင်အမင်ပျက်ရတတ်သည်။မိသားစုအချင်းချင်း စိတ်ဝမ်းကွဲရသည်။တရားရုံးမှာ သံယောဇဉ်ကင်းစွာ အရှက်မရှိ ရင်ဆိုင်ကြရသည်။
တစ်ယောက်နှင့် တစ်ယောက် ရိုက်နှက်သည်အထိ ဖြစ်ရသည်။

မသမာမှုအပေါ် သာယာသွားကြသည့် အရင်းရှင်အချို့ကတော့ အစားအသောက်၊ အသုံးအဆောင် ပစ္စည်းမျိုးစုံကို အတုလုပ်၍ အရောင်းအဝယ်လုပ်ကြသည်။ပိုက်ဆံတစ်မျက်နှာပဲကြည့်၍ ဘဝတူချင်း စာနာစိတ်ကင်းကင်းနှင့် စီးပွားပြိုင်၏။နိမ့်ကျသူ ဆင်းရဲသားများအပေါ် ညှာတာသနားစိတ် ကင်းမဲ့စွာ ခေါင်းပုံဖြတ် အမြတ်ထုတ်ကြ၏။သူတို့က မတရားချမ်းသာပြီး ပြည်သူက မတရားဆင်းရဲသွားတာဟာ အတော်မလွယ်ကူသော အလုပ်ပါ။

ငွေကြေးအပေါ် နစ်မျောနေသော သာယာမှုသည် မသမာမှုဖြစ်နေသည်ကို သတိမထားကြ။အကယ်၍ သတိရလျှင်လည်း မသိချင်ယောင်ဆောင်နေကြ၏။သူတို့ရရှိနေသော စည်းစိမ်ကို အထိမခံသည့်အပြင် ပို၍ပို၍တိုးတက်အောင်ပင် အားထုတ်ကြသေး၏။

ရာထူး၊ အာဏာ၊ အရှိန်အဝါ (နေရာများ) အပေါ် သာယာနေသူများလည်း ရှိပါသေးသည်။တချို့မသမာသူများကတော့ နေရာတစ်ခုအတွက် မည်သည့်နည်းနှင့်မဆို တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ အခွင့်အရေးကို အလစ်ချောင်းနေတတ်ကြ၏။ထိုနေရကို ရဖို့အတွက်၊ ရသောနေရာကို မြဲဖို့အတွက် ဘယ်သူ့ငွေကြေးတွေခင်းရခင်းရ၊ ဘယ်သူ့ဘဝတွေရင်းရ၊ ရင်းရ၊ ဘယ်သူ့အသက်တွေ စတေးရ၊ စတေးရ ဆိုသော ခံယူချက်နှင့် အဓမ္မဖန်တီးတတ်ကြ၏။

ခေါင်ထိအကုန် ဆိုသကဲ့သို့ နေရာတစ်နေရာရလျှင် ကျန်သည့်သာယာမှုတွေ အကုန်ရနိုင်လေသည်။ထို့ကြောင့်လည်း နေရာအပေါ် သာယာမှုလွန်ကဲလျှင် မသမာမှုပိုကြီးပါသည်။ပိုများပါသည်။တကယ်တော့ သာယာမှုကို လူတိုင်းနှစ်သက်ပါသည်။ထိုသာယာမှုအပေါ် လူတိုင်းနစ်မျောလွယ်ပါသည်။

သို့သော်လည်း မိမိ၏သာယာမှုသည် တခြားတစ်စုံတစ်ယောက် (သို့မဟုတ်) တခြားသူအများစုအတွက် အနှောင့်အယှက်ဖြစ်မည်။ထိုသူတို့အပေါ် မသမာမှုဖြစ်မည်ဆိုလျှင်တော့ မျောသင့်၊ မမျောသင့်၊ အကယ်၍ လွင့်မျောနေမိသည်ဆိုလျှင်လည်း ဆက်မျောသင့် မမျောသင့် ဆင်ခြင်စဉ်းစားသင့်ပေသည်။

ကိုယ်သာယာချင်သလို သူများလည်း သာယာချင်မှာပေါ့ဟု ကိုယ်ချင်းစာတရား မထားနိုင်သည့်တိုင် မင်းတို့သာယာမှုတွေအားလုံးကို ရိုက်ချိုး၊ ဖျက်ဆီး၊ ခုတုံးလုပ်ပြီး ငါ့သာယာမှုကို လုပ်ယူရမယ်ကွဟု ရက်ရက်စက်စက် အတွေးနှင့် ရူးရူးမိုက်မိုက် မလွင့်မျောနေသင့်ပါကြောင်း။

ရိုက်မောင်း
ဇန်နဝါရီ - ၃

( Zawgyi )

“တစ္ခါက လူတစ္ေယာက္ဟာ ေတာထဲမွာ ေၾကာက္စရာေကာင္းတဲ့ ဧရာမသတၱဝါႀကီးတစ္ေကာင္နဲ႔ ေတြ႕ၿပီး အဲဒီအေကာင္ႀကီးလိုက္လို႔ အသည္းအသန္ေျပးခဲ့ရတယ္”

“အင္း”

“အေကာင္ႀကီးဟာ ထက္ၾကပ္မကြာလိုက္ေနေတာ့ သူလည္း ျမန္သထက္ျမန္ေအာင္ ေျပးရတာေပါ့”

“ဆက္ပါဦး”

“တစ္ေနရာေရာက္ေတာ့ တြင္းေဟာင္းႀကီးတစ္ခုထဲကို ႐ုတ္တရက္ျပဳတ္က်ပါေလေရာ”

“ေသေရာလား”

“ေၾကာက္အားလန႔္အားနဲ႔ ဆြဲမိဆြဲရာဆြဲလိုက္တာ သစ္ျမစ္တစ္ခုကိုကိုင္မိၿပီး တန္းလန္းႀကီး ျဖစ္ေနတာေပါ့”

“ဒီေတာ့”

“တြင္းေအာက္ကို ငုံ႔ၾကည့္ေတာ့ တျခားသတၱဝါႀကီးတစ္ေကာင္ကို ေတြ႕လိုက္ရတယ္။အစြယ္အေဖြးသားနဲ႔ ပါးစပ္ႀကီးၿဖဲလို႔ေပါ့။အေပၚေမာ့ၾကည့္ျပန္ေတာ့ ပထမသတၱဝါႀကီးက တြင္းႏႈတ္ခမ္းကေန သူ႔ကို ေစာင့္ေနတယ္”

“အေပၚက်ပ္၊ ေအာက္က်ပ္ ျဖစ္ေနၿပီေပါ့”

“ေဘးက်ပ္ နံက်ပ္ပါကြာ”

“ထားပါေတာ့၊ ဆက္ေျပာပါဦး”

“သူ႔အသက္က အေပၚတစ္ကမ္း ေအာက္တစ္လွမ္းမွာ ရွိေနတယ္ဆိုတာ ေသခ်ာေနေပမယ့္ သူဖမ္းဆြဲထားတဲ့ သစ္ျမစ္ကို သူလက္မလႊတ္သမွ် သူမေသႏိုင္ေသးဘူးလို႔ သူ႔ကိုယ္သူ အားေပးေနတုန္း အားငယ္စရာတစ္ခုကို ျမင္လိုက္ရျပန္တယ္”

“ေနာက္တစ္ေကာင္က ဘယ္က ဘယ္လိုေရာက္လာလို႔လဲ”

“ေနာက္တစ္ေကာင္ေရာက္လာတာ မဟုတ္ဘူး။သူကိုင္ထားတဲ့ သစ္ျမစ္က ေဆြးေနလို႔ တဗ်စ္ဗ်စ္ျမည္ေနၿပီး စကၠန႔္ပိုင္းအတြင္းမွာပဲ သူေအာက္ကိုျပဳတ္က်ဖို႔ ေသခ်ာေနၿပီဆိုတာ သိလိုက္ရတယ္”

“ပထမအေကာင္ လိုက္ကတည္းက မိၿပီးေသရင္ၿပီးေရာ။ဒါမွမဟုတ္ တြင္းထဲျပဳတ္က်က်ခ်င္း ဒုတိယအေကာင္ရဲ႕ ပါးစပ္ထဲ တန္းက်ၿပီးေသလည္း ေကာင္းတာပဲ။အခုေတာ့ ေသမွာ ေသခ်ာေနရက္နဲ႔ စိတ္ေသာကေတြ တစ္ခုၿပီးတစ္ခု ျဖစ္ေနရေတာ့ အေကာင္ကိုက္စားလို႔ မေသဘဲ စိတ္ညစ္ၿပီး ႏွလုံးခုန္ရပ္ ေသရမယ့္ကိန္းပဲ”

“ႏွလုံးခုန္တာမရပ္ဘဲ ထပ္ခုန္သြားတယ္”

“ဘာျဖစ္လို႔လဲ”

“သူကိုင္ထားတဲ့ သစ္ျမစ္ေဆြးေပၚမွာ ပ်ားရည္တစ္စက္ကို ေတြ႕လိုက္ရတယ္”

“အဲဒါနဲ႔”

“ပုဂၢိဳလ္က အားရဝမ္းသာ လွ်ာနဲ႔လ်က္လိုက္ၿပီး၊ အား--ခ်ိဳလိုက္တာလို႔ ေျပာသတဲ့”

“ဒီေလာက္ေသခါနီးေနတာေတာင္ ဘာမဟုတ္တဲ့ ပ်ားရည္တစ္စက္ကို မက္ေမာေနရေသးတယ္။ထားပါေတာ့။မင္းဇာတ္လမ္းကို ဆက္ပါဦး”

“ဇာတ္လမ္းက အဲဒီမွာပဲၿပီးသြားတယ္”

“ဘယ္လိုႀကီးလဲ”

“အဲဒါ - ႏိုင္ငံျခား စာေရးဆရာတစ္ေယာက္ရဲ႕ ေဆာင္းပါးထဲက ဥပမာေပးထားတဲ့ စိတ္ကူးယဥ္အျဖစ္အပ်က္ေလးပါ။လူေတြဟာ ေသမယ္ဆိုတာေသခ်ာၿပီး ရႈပ္ေထြးေပြလီလွတဲ့ ေလာကႀကီးမွာ ခဏတာသာယာမႈေလးေတြနဲ႔ ေပ်ာ္႐ႊင္ေက်နပ္ေနၾကတယ္လို႔ စာေရးသူက ေျပာခ်င္တာပါ”

မနက္ခင္းတစ္ခုမွာ ကြၽန္ေတာ္ႏွင့္ ကြၽန္ေတာ့္မိတ္ေဆြ လက္ဖက္ရည္ဆိုင္မွာ စကားေျပာျဖစ္ခဲ့တာပါ။သူက ေရပြက္ပမာ ခဏတာရလာသည့္ လူ႔ဘဝေလးမွာ ေလာဘ၊ ေဒါသ၊ ေမာဟေတြႏွင့္ စိတ္ခံစားမႈေနာက္ လိုက္ေနၾကသည္ကို ဖတ္ဖူးသည့္ ဇာတ္လမ္းေလးႏွင့္ ဥပမာေပး၍ ေျပာသြားျခင္းျဖစ္သည္။တကယ္လည္းဟုတ္ပါသည္။လူတို႔သည္ သာယာမႈအေပၚ လြင့္ေမ်ာေနၾကပါသည္။လူအမ်ားစုသည္ သာယာမႈႏွင့္ေတြ႕လွ်င္ မေရွာင္ႏိုင္ၾကပါ။အကယ္၍ ေရွာင္ႏိုင္လွ်င္ေတာင္မွ မေရွာင္ျဖစ္ၾကပါ။မေရွာင္ခ်င္ၾကပါ။သံသရာကိုလည္းေမ့ပါသည္။ကံၾကမၼာကိုလည္းေမ့ပါသည္။အႏၲရာယ္ကိုလည္းေမ့ပါသည္။ထိုအခါမ်ိဳးမွာ ေမတၱာလည္းပ်က္ပါသည္။သစၥာလည္းပ်က္ပါသည္။ကိုယ္က်င့္တရားလည္းပ်က္ပါသည္။ပင္လယ္ေရ ေသာက္မိသလို ေသာက္ေလေသာက္ေလ ငတ္မေျပ ျဖစ္ၾကပါသည္။

သာယာမႈအေပၚ လြင့္ေမ်ာေနသူသည္ ေကာင္းကင္၌ လြင့္ေမ်ာေနေသာ တိမ္ႏွင့္မျခားနားေတာ့ေပ။တိမ္သည္ သူ႔ဘာသူ ထိန္းခ်ဳပ္ရပ္တည္ႏိုင္သည့္ အေနအထား အစြမ္းသတၱိ မရွိပါ။ေလတိုက္တိုင္း အလိုက္သင့္ လြင့္ေမ်ာေနရသည္။ဦးတည္ခ်က္၊ ကန႔္သတ္ခ်က္ မရွိဘဲ ေ႐ြ႕လွ်ားေနရသည္။အသြင္အမ်ိဳးမ်ိဳးေျပာင္းကာ ေနာက္ဆုံးတြင္ လုံးဝပ်က္စီးသြားရသည္။

လူသည္လည္း ေလာဘ၊ ေဒါသ တို႔၏ ေစခိုင္းရာသို႔ ကိုယ္ပိုင္ခံယူခ်က္၊ ဦးတည္ခ်က္၊ ကန႔္သတ္ခ်က္ မရွိဘဲ သာယာမႈတစ္ခုတည္းႏွင့္ ေတြေဝမိုက္မဲစြာ ေက်နပ္ေနလွ်င္ လြင့္ေမ်ာတိမ္တိုက္မ်ားပမာ အဓိပၸါယ္ကင္းမဲ့ေနပါလိမ့္မည္။တရားႏွလုံးသြင္းႏိုင္သူမ်ားမွအပ လူတိုင္းလူတိုင္း သာယာမႈကို မက္ေမာတတ္ၾကပါသည္။

အစားအေသာက္၊ အဝတ္အထည္၊ အလွအပ၊ ေငြေၾကး၊ ရာထူး၊ အာဏာ စသည္ျဖင့္ တစ္ခုမဟုတ္တစ္ခု ထူးထူးကဲကဲ သာယာတတ္ၾက၏။တခ်ိဳ႕ကေတာ့ သာယာမႈမွန္သမွ်ကို ထူးထူးကဲကဲ လိုက္စားတတ္ၾက၏။

လင္ေယာက်ၤား ႀကိဳက္ႏွစ္သက္သည့္ ဟင္းတစ္ခြက္ မခ်က္မိ၍ လင္မယားရန္ျဖစ္ၿပီး၊ ကြာရွင္းသည္အထိ ျဖစ္ၾကသည္။မယားျဖစ္သူ ႏွစ္သက္သည့္ အဝတ္အစား မဝယ္ေပးႏိုင္၍ စကားမ်ားၿပီး လင္မယားကြဲတာမ်ိဳးလည္း ရွိပါသည္။အဝတ္အထည္ အသစ္အဆန္းကိုလည္း အလြန္အမင္း မက္ေမာ၊ ဝယ္ဝတ္ရန္ စီးပြားေရးကလည္း မေျပလည္သည့္အတြက္ ဘဝပ်က္ရေသာ အမ်ိဳးသမီးမ်ားလည္း ရွိပါသည္။

မိုးလင္း၊ မိုးခ်ဳပ္ အရက္ေသာက္ၿပီး ဝင္ေငြလည္းမရွာႏိုင္၊ မိသားစုအတြက္လည္း ဘာတစ္ခုမွ အကူအညီမေပးႏိုင္ဘဲ ေသသြားသူေတြလည္း ရွိပါသည္။    

လိင္မႈကိစၥမွာ လြန္လြန္ကဲကဲ သာယာတတ္ေသာ ေယာက်ၤားမ်ား ရွိပါသည္။တခ်ိဳ႕သည္ ကာမပိုင္ လင္ေယာက်ၤားရွိေသာ အမ်ိဳးသမီးမ်ားကိုပင္ အလြတ္မေပးၾကေတာ့။အ႐ြယ္မေရာက္ေသးေသာ ကေလးအ႐ြယ္ မိန္းမငယ္ေလးမ်ားကိုပါ စာနာစိတ္ကင္းကာ က်ဴးလြန္ၾက၏။

သူတို႔၏ သာယာမႈသည္ တျခားလူတို႔ကို ဒုကၡေပးေသာ၊ ဘဝပ်က္ေစေသာ မသမာမႈ ျဖစ္သြားေလၿပီ။

လြန္ကဲေသာ လူနည္းစုတခ်ိဳ႕ကေတာ့ သာယာမႈအေပၚ နစ္ေမ်ာရင္း မိမိနစ္ေမ်ာေနသည့္ သာယာမႈသည္ မသမာမႈေျပာင္းသြားသည္ကို သတိမထားမိၾကေပ။တခ်ိဳ႕က သတိထားမိေသာ္လည္း ထိုမသမာမႈကို ဆင္လက္သာယာသြားတတ္ၾက၏။

လူအမ်ားဆုံး သာယာတတ္တာကေတာ့ ေငြေၾကးျဖစ္ပါသည္။ပိုက္ဆံသည္ ရွိသမွ်ကုန္ပစၥည္းမ်ိဳးစုံႏွင့္ ဖလွယ္ႏိုင္သည့္အတြက္ လူတိုင္းလိုလို ပိုက္ဆံအေပၚ ထူးထူးကဲကဲ သာယာတတ္ၾကသည္။ပိုက္ဆံေၾကာင့္ မိတ္ေဆြသူငယ္ခ်င္းအခ်င္းခ်င္း အခင္အမင္ပ်က္ရတတ္သည္။မိသားစုအခ်င္းခ်င္း စိတ္ဝမ္းကြဲရသည္။တရား႐ုံးမွာ သံေယာဇဥ္ကင္းစြာ အရွက္မရွိ ရင္ဆိုင္ၾကရသည္။
တစ္ေယာက္ႏွင့္ တစ္ေယာက္ ႐ိုက္ႏွက္သည္အထိ ျဖစ္ရသည္။

မသမာမႈအေပၚ သာယာသြားၾကသည့္ အရင္းရွင္အခ်ိဳ႕ကေတာ့ အစားအေသာက္၊ အသုံးအေဆာင္ ပစၥည္းမ်ိဳးစုံကို အတုလုပ္၍ အေရာင္းအဝယ္လုပ္ၾကသည္။ပိုက္ဆံတစ္မ်က္ႏွာပဲၾကည့္၍ ဘဝတူခ်င္း စာနာစိတ္ကင္းကင္းႏွင့္ စီးပြားၿပိဳင္၏။နိမ့္က်သူ ဆင္းရဲသားမ်ားအေပၚ ညႇာတာသနားစိတ္ ကင္းမဲ့စြာ ေခါင္းပုံျဖတ္ အျမတ္ထုတ္ၾက၏။သူတို႔က မတရားခ်မ္းသာၿပီး ျပည္သူက မတရားဆင္းရဲသြားတာဟာ အေတာ္မလြယ္ကူေသာ အလုပ္ပါ။

ေငြေၾကးအေပၚ နစ္ေမ်ာေနေသာ သာယာမႈသည္ မသမာမႈျဖစ္ေနသည္ကို သတိမထားၾက။အကယ္၍ သတိရလွ်င္လည္း မသိခ်င္ေယာင္ေဆာင္ေနၾက၏။သူတို႔ရရွိေနေသာ စည္းစိမ္ကို အထိမခံသည့္အျပင္ ပို၍ပို၍တိုးတက္ေအာင္ပင္ အားထုတ္ၾကေသး၏။

ရာထူး၊ အာဏာ၊ အရွိန္အဝါ (ေနရာမ်ား) အေပၚ သာယာေနသူမ်ားလည္း ရွိပါေသးသည္။တခ်ိဳ႕မသမာသူမ်ားကေတာ့ ေနရာတစ္ခုအတြက္ မည္သည့္နည္းႏွင့္မဆို တရားသည္ျဖစ္ေစ၊ မတရားသည္ျဖစ္ေစ အခြင့္အေရးကို အလစ္ေခ်ာင္းေနတတ္ၾက၏။ထိုေနရကို ရဖို႔အတြက္၊ ရေသာေနရာကို ၿမဲဖို႔အတြက္ ဘယ္သူ႔ေငြေၾကးေတြခင္းရခင္းရ၊ ဘယ္သူ႔ဘဝေတြရင္းရ၊ ရင္းရ၊ ဘယ္သူ႔အသက္ေတြ စေတးရ၊ စေတးရ ဆိုေသာ ခံယူခ်က္ႏွင့္ အဓမၼဖန္တီးတတ္ၾက၏။

ေခါင္ထိအကုန္ ဆိုသကဲ့သို႔ ေနရာတစ္ေနရာရလွ်င္ က်န္သည့္သာယာမႈေတြ အကုန္ရႏိုင္ေလသည္။ထို႔ေၾကာင့္လည္း ေနရာအေပၚ သာယာမႈလြန္ကဲလွ်င္ မသမာမႈပိုႀကီးပါသည္။ပိုမ်ားပါသည္။တကယ္ေတာ့ သာယာမႈကို လူတိုင္းႏွစ္သက္ပါသည္။ထိုသာယာမႈအေပၚ လူတိုင္းနစ္ေမ်ာလြယ္ပါသည္။

သို႔ေသာ္လည္း မိမိ၏သာယာမႈသည္ တျခားတစ္စုံတစ္ေယာက္ (သို႔မဟုတ္) တျခားသူအမ်ားစုအတြက္ အေႏွာင့္အယွက္ျဖစ္မည္။ထိုသူတို႔အေပၚ မသမာမႈျဖစ္မည္ဆိုလွ်င္ေတာ့ ေမ်ာသင့္၊ မေမ်ာသင့္၊ အကယ္၍ လြင့္ေမ်ာေနမိသည္ဆိုလွ်င္လည္း ဆက္ေမ်ာသင့္ မေမ်ာသင့္ ဆင္ျခင္စဥ္းစားသင့္ေပသည္။

ကိုယ္သာယာခ်င္သလို သူမ်ားလည္း သာယာခ်င္မွာေပါ့ဟု ကိုယ္ခ်င္းစာတရား မထားႏိုင္သည့္တိုင္ မင္းတို႔သာယာမႈေတြအားလုံးကို ႐ိုက္ခ်ိဳး၊ ဖ်က္ဆီး၊ ခုတုံးလုပ္ၿပီး ငါ့သာယာမႈကို လုပ္ယူရမယ္ကြဟု ရက္ရက္စက္စက္ အေတြးႏွင့္ ႐ူး႐ူးမိုက္မိုက္ မလြင့္ေမ်ာေနသင့္ပါေၾကာင္း။

႐ိုက္ေမာင္း
ဇန္နဝါရီ - ၃