【 ဆောင်းပါး 】 “ရေတစ်ပွက်စာ နေရာအတွက်”

【 ဆောင်းပါး 】 “ရေတစ်ပွက်စာ နေရာအတွက်”

“တစ်ခါက လူတစ်ယောက်ဟာ တောထဲမှာကြောက်စရာကောင်းတဲ့ ဧရာမသတ္တဝါကြီးတစ်ကောင်နဲ့တွေ့ပြီး အဲဒီအကောင်ကြီးလိုက်လို့ အသည်းအသန်ပြေးခဲ့ရတယ်”

“အင်း”

“အကောင်ကြီးဟာ ထက်ကြပ်မကွာလိုက်နေတော့ သူလည်း မြန်သထက်မြန်အောင် ပြေးရတာပေါ့”

“ဆက်ပါဦး”

“တစ်နေရာရောက်တော့ တွင်းဟောင်းကြီးတစ်ခုထဲကို ရုတ်တရက်ပြုတ်ကျပါလေရော”

“သေရောလား”

“ကြောက်အားလန့်အားနဲ့ ဆွဲမိဆွဲရာဆွဲလိုက်တာ သစ်မြစ်တစ်ခုကိုကိုင်မိပြီး တန်းလန်းကြီးဖြစ်နေတာပေါ့”

“ဒီတော့”

“တွင်းအောက်ကို ငုံ့ကြည့်တော့ တခြားသတ္တဝါကြီးတစ်ကောင်ကို တွေ့လိုက်ရတယ်။အစွယ်အဖွေးသားနဲ့ ပါးစပ်ကြီးဖြဲလို့ပေါ့။အပေါ်မော့ကြည့်ပြန်တော့ ပထမသတ္တဝါကြီးက တွင်းနှုတ်ခမ်းကနေ သူ့ကိုစောင့်နေတယ်”

“အပေါ်ကျပ်၊ အောက်ကျပ် ဖြစ်နေပြီပေါ့”

“ဘေးကျပ် နံကျပ်ပါကွာ”

“ထားပါတော့၊ ဆက်ပြောပါဦး”

“သူ့အသက်က အပေါ်တစ်ကမ်း အောက်တစ်လှမ်းမှာ ရှိနေတယ်ဆိုတာ သေချာနေပေမယ့် သူဖမ်းဆွဲထားတဲ့သစ်မြစ်ကို သူလက်မလွှတ်သမျှ သူမသေနိုင်သေးဘူးလို့ သူ့ကိုယ်သူအားပေးနေတုန်း အားငယ်စရာတစ်ခုကို မြင်လိုက်ရပြန်တယ်”

“နောက်တစ်ကောင်က ဘယ်ကဘယ်လိုရောက်လာလို့်လဲ”

“နောက်တစ်ကောင် ရောက်လာတာမဟုတ်ဘူး။သူကိုင်ထားတဲ့သစ်မြစ်က ဆွေးနေလို့ တဗျစ်ဗျစ်မြည်နေပြီး စက္ကန့်ပိုင်းအတွင်မှာပဲ သူအောက်ကိုပြုတ်ကျဖို့ သေချာနေပြီဆိုတာ သိလိုက်ရတယ်”

“ပထမအကောင်လိုက်ကတည်းက မိပြီးသေရင်ပြီးရော။ဒါမှမဟုတ် တွင်းထဲပြုတ်ကျကျချင်း ဒုတိယအကောင်ရဲ့ ပါးစပ်ထဲတန်းကျပြီးသေလည်း ကောင်းတာပဲ။အခုတော့ သေမှာသေချာနေရက်နဲ့ စိတ်သောကတွေ တစ်ခုပြီးတစ်ခုဖြစ်နေရတော့ အကောင်ကိုက်စားလို့မသေဘဲ စိတ်ညစ်ပြီး နှလုံးခုန်ရပ်သေရမယ့်ကိန်းပဲ”

“နှလုံးခုန်တာမရပ်ဘဲ ထပ်ခုန်သွားတယ်”

“ဘာဖြစ်လို့လဲ”

“သူကိုင်ထားတဲ့ သစ်မြစ်ဆွေးပေါ်မှာ ပျားရည်တစ်စက်ကို တွေ့လိုက်ရတယ်”

“အဲဒါနဲ့”

“ပုဂ္ဂိုလ်က အားရဝမ်းသာ လျှာနဲ့လျက်လိုက်ပြီး၊ အား--ချိုလိုက်တာလို့ ပြောသတဲ့”

“ဒီလောက်သေခါနီးနေတာတောင် ဘာမဟုတ်တဲ့ ပျားရည်တစ်စက်ကို မက်မောနေရသေးတယ်။ထားပါတော့။မင်းဇာတ်လမ်းကိုဆက်ပါဦး”

“ဇာတ်လမ်းက အဲဒီမှာပဲပြီးသွားတယ်”

“ဘယ်လိုကြီးလဲ”

“အဲဒါ-နိုင်ငံခြားစာရေးဆရာတစ်ယောက်ရဲ့ ဆောင်းပါးထဲက ဥပမာပေးထားတဲ့ စိတ်ကူးယဉ်အဖြစ်အပျက်လေးပါ။လူတွေဟာ သေမယ်ဆိုတာသေချာပြီး ရှုပ်ထွေးပွေလီလှတဲ့လောကကြီးမှာ ခဏတာသာယာမှုလေးတွေနဲ့ ပျော်ရွှင်ကျေနပ်နေကြတယ်လို့ စာရေးသူကပြောချင်တာပါ”

မနက်ခင်းတစ်ခုမှာ ကျွန်တော်နှင့် ကျွန်တော့်မိတ်ဆွေ လက်ဖက်ရည်ဆိုင်မှာ စကားပြောဖြစ်ခဲ့တာပါ။သူက ရေပွက်ပမာ ခဏတာရလာသည့် လူ့ဘဝလေးမှာ လောဘ၊ ဒေါသ၊ မောဟတွေနှင့် စိတ်ခံစားမှုနောက် လိုက်နေကြသည်ကို ဖတ်ဖူးသည့်ဇာတ်လမ်းလေးနှင့် ဥပမာပေး၍ ပြောသွားခြင်းဖြစ်သည်။

တကယ်လည်းဟုတ်ပါသည်။လူတို့သည် သာယာမှုအပေါ် လွင့်မျောနေကြပါသည်။လူအများစုသည် သာယာမှုနှင့်တွေ့လျှင် မရှောင်နိုင်ကြပါ။အကယ်၍ရှောင်နိုင်လျှင်တောင်မှ မရှောင်ဖြစ်ကြပါ။မရှောင်ချင်ကြပါ။

သံသရာကိုလည်းမေ့ပါသည်။ကံကြမ္မာကိုလည်းမေ့ပါသည်။အန္တရာယ်ကိုလည်းမေ့ပါသည်။ထိုအခါမျိုးမှာ မေတ္တာလည်းပျက်ပါသည်။သစ္စာလည်းပျက်ပါသည်။ကိုယ်ကျင့်တရားလည်းပျက်ပါသည်။ပင်လယ်ရေသောက်မိသလို သောက်လေသောက်လေငတ်မပြေ ဖြစ်ကြပါသည်။သာယာမှုအပေါ် လွင့်မျောနေသူသည် ကောင်းကင်၌လွင့်မျောနေသောတိမ်နှင့် မခြားနားတော့ပေ။

တိမ်သည် သူ့ဘာသူ ထိန်းချုပ်ရပ်တည်နိုင်သည့် အနေအထား အစွမ်းသတ္တိမရှိပါ။လေတိုက်တိုင်း အလိုက်သင့်လွင့်မျောနေရသည်။ဦးတည်ချက်၊ ကန့်သတ်ချက်မရှိဘဲ ရွေ့လျှားနေရသည်။အသွင်အမျိုးမျိုးပြောင်းကာ နောက်ဆုံးတွင် လုံး၀ပျက်စီးသွားရသည်။

လူသည်လည်း လောဘ၊ ဒေါသတို့၏ စေခိုင်းရာသို့ ကိုယ်ပိုင်ခံယူချက်၊ ဦးတည်ချက်၊ ကန့်သတ်ချက်မရှိဘဲ သာယာမှုတစ်ခုတည်းနှင့် တွေဝေမိုက်မဲစွာ ကျေနပ်နေလျှင် လွင့်မျောတိမ်တိုက်များပမာ အဓိပ္ပါယ်ကင်းမဲ့နေပါလိမ့်မည်။တရားနှလုံးသွင်းနိုင်သူများမှအပ လူတိုင်းလူတိုင်း သာယာမှုကိုမက်မောတတ်ကြပါသည်။

အစားအသောက်၊ အဝတ်အထည်၊ အလှအပ၊ ငွေကြေး၊ ရာထူး၊ အာဏာ စသည်ဖြင့် တစ်ခုမဟုတ်တစ်ခု ထူးထူးကဲကဲသာယာတတ်ကြ၏။တချို့ကတော့ သာယာမှုမှန်သမျှကို ထူးထူးကဲကဲလိုက်စားတတ်ကြ၏။

လင်ယောင်္ကျား ကြိုက်နှစ်သက်သည့် ဟင်းတစ်ခွက်မချက်မိ၍ လင်မယားရန်ဖြစ်ပြီး၊ ကွာရှင်းသည်အထိ ဖြစ်ကြသည်။မယားဖြစ်သူ နှစ်သက်သည့် အဝတ်အစားမဝယ်ပေးနိုင်၍ စကားများပြီး လင်မယားကွဲတာမျိုးလည်းရှိပါသည်။

အဝတ်အထည်အသစ်အဆန်းကိုလည်း အလွန်အမင်းမက်မော၊ ဝယ်ဝတ်ရန် စီးပွားရေးကလည်း မပြေလည်သည့်အတွက် ဘဝပျက်ရသော အမျိုးသမီးများလည်းရှိပါသည်။

မိုးလင်း၊ မိုးချုပ် အရက်သောက်ပြီး ဝင်ငွေလည်းမရှာနိုင်၊ မိသားစုအတွက်လည်း ဘာတစ်ခုမှအကူအညီမပေးနိုင်ဘဲ သေသွားသူတွေလည်းရှိပါသည်။

လွန်ကဲသော လူနည်းစုတချို့ကတော့ သာယာမှုအပေါ်နစ်မျောရင်း မိမိနစ်မျောနေသည့် သာယာမှုသည် မသမာမှုပြောင်းသွားသည်ကို သတိမထားမိကြပေ။တချို့က သတိထားမိသော်လည်း ထိုမသမာမှုကို ဆက်လက်သာယာသွားတတ်ကြ၏။

လူသားစား ပေါရိသာဒအကြောင်း ကြားဖူးကြမည်ထင်ပါသည်။ပေါရိသာဒသည် ဘုရင်တစ်ပါးဖြစ်သည်။အမဲသားအရသာကို လွန်လွန်ကြူးကြူး နှစ်သက်စွဲလမ်းမိ၏။အမဲသားမပါလျှင် ပွဲတော်မတည်ပါ။စားတော်ကဲကို ပြဿနာရှာသည်။တစ်နေ့ အမဲသားမရသောကြောင့် စားတော်ကဲက သုသာန်မှသေပြီးကာစ လူ၏ပေါင်သားကို လှီးဖြတ်ချက်ပေးမိသည်။ထိုနေ့မှစ၍ အမဲသား crazy ပေါရိသာဒ က လူသား crazy ပေါရိသာဒ ဖြစ်သွားတော့သည်။သုသာန်မှ လူသားအလွယ်တကူမရတော့ သေဒဏ်ပေးခံရသော အပြစ်သားတို့၏ အသားကိုစား၏။သေဒဏ်အပေးခံရသော အပြစ်သားမရှိသောအခါ သာမန်ခိုးမှုလေးကိုပင် သေဒဏ်ပေး၍ သူစားရအောင်ကြံ၏။
တိုင်းသူပြည်သားများက သေဒဏ်အပေးခံရမည်စိုး၍ မည်သည့်အပြစ်မှမဖြစ်အောင် နေကြလေသည်။လူသားမစားရလျှင် မနေနိုင်တော့သည့် ပေါရိသာဒသည် ဘုရင်ရာထူးကိုစွန့်လွှတ်ခဲ့၍ လမ်းသွားလမ်းလာများကို ဖမ်းဆီးသတ်ဖြတ်စားသည့် အခြေအနေသို့ရောက်သွားခဲ့လေသည်။သူမက်မောသော သာယာမှုသည် နောက်ဆုံးမသမာမှုဖြစ်သွားရသည်။

လိင်မှုကိစ္စမှာ လွန်လွန်ကဲကဲသာယာတတ်သော ယောင်္ကျားများရှိပါသည်။တချို့သည် ကာမပိုင် လင်ယောင်္ကျားရှိသော အမျိုးသမီးများကိုပင် အလွတ်မပေးကြတော့။အရွယ်မရောက်သေးသော ကလေးအရွယ် မိန်းမငယ်လေးများကိုပါ စာနာစိတ်ကင်းကာ ကျူးလွန်ကြ၏။သူတို့၏သာယာမှုသည် တခြားလူတို့ကို ဒုက္ခပေးသော၊ ဘဝပျက်စေသော မသမာမှုဖြစ်သွားလေပြီ။

လူအများဆုံးသာယာတတ်တာကတော့ ငွေကြေးဖြစ်ပါသည်။ပိုက်ဆံသည် ရှိသမျှကုန်ပစ္စည်းမျိုးစုံနှင့် ဖလှယ်နိုင်သည့်အတွက် လူတိုင်းလိုလို ပိုက်ဆံအပေါ် ထူးထူးကဲကဲသာယာတတ်ကြသည်။ပိုက်ဆံကြောင့် မိတ်ဆွေသူငယ်ချင်းအချင်းချင်း အခင်မင်ပျက်ရတတ်သည်။မိသားစုအချင်းချင်း စိတ်ဝမ်းကွဲရသည်။တရားရုံးမှာ သံယောဇဉ်ကင်းစွာ အရှက်မရှိ ရင်ဆိုင်ကြရသည်။တစ်ယောက်နှင့် တစ်ယောက် ရိုက်နှက်သည်အထိဖြစ်ရသည်။

မသမာမှုအပေါ် သာယာသွားကြသည့် အရင်းရှင်အချို့ကတော့ အစားအသောက်၊ အသုံးအဆောင်ပစ္စည်းမျိုးစုံကို အတုလုပ်၍ အရောင်းအဝယ်လုပ်ကြသည်။ပိုက်ဆံတစ်မျက်နှာပဲကြည့်၍ ဘဝတူချင်း စာနာစိတ်ကင်းကင်းနှင့် စီးပွားပြိုင်၏။နိမ့်ကျသူဆင်းရဲသားများအပေါ် ညှာတာသနားစိတ်ကင်းမဲ့စွာ ခေါင်းပုံဖြတ်အမြတ်ထုတ်ကြ၏။
အာဏာရှိအုပ်ချုပ်သူများကို လာဘ်ထိုးကာ သွယ်ဝိုက်၍တစ်မျိုး၊ ပြောင်ကျကျတစ်ခါ အများပြည်သူ၏ အိမ်၊ ခြံ၊ မြေတို့ကို အချောင်သိမ်းယူကြ၏။ထို အိမ်၊ ခြံ၊ မြေနေရာတွေမှာ ဈေးဆိုင်တည်၏။စက်ရုံတည်၏။ကုမ္ပဏီရုံးခန်းဖွင့်၏။ထိုအများပြည်သူထဲမှ ဝန်ထမ်းခန့်၍ လစာနည်းနည်းပေး၏။စားသုံးသူဆီမှ အမြတ်များများယူ၏။
အချို့အစွမ်းထက်သော လုပ်ငန်းရှင်များကတော့ ပြည်ပမှ နိုင်ငံခြားသားအရင်းရှင်များကိုတောင် ပြည်တွင်းသို့ခေါ်၍ မြေအရောင်းအဝယ်လုပ်၏။

သူတို့က အရသာရှိသော အခွင့်အလမ်းကြံရည်ကို ပေါပေါများများသောက်ကြသည်။အုပ်ချုပ်သူများကိုလည်းတိုက်သည်။နိုင်ငံခြားသားများကိုလည်းတိုက်သည်။ပြည်သူကတော့ အထပ်ထပ်အညှစ်ခံရသော ကြံဖတ်များပေါ့။သူတို့က မတရားချမ်းသာပြီး ပြည်သူက မတရားဆင်းရဲသွားတာဟာ အတော်မလွယ်ကူသောအလုပ်ပါ။ဒါပေမယ့် သူတို့ကတော့ လွယ်လွယ်လေး၊ သာသာလေး လုပ်သွားနိုင်ပါသည်။အုပ်ချုပ်သူကို သူတို့ကအပိုင်ကိုင်ထားနိုင်၍ဖြစ်ပါသည်။    

ထို့အတူ အရင်းရှင်က အုပ်ချုပ်သူကို ဆရာခေါ်ရ၏။ရိုရိုသေသေဆက်ဆံရ၏။အုပ်ချုပ်သူက အရင်းရှင်ကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံ၏။မအေ၊ နှမနှင့်တိုင်း၍ ဆဲချင်ဆဲ၏။သို့သော်လည်း အရင်းရှင်လိုချင်သည့်အတိုင်းဖြစ်အောင် အစီအစဉ်ဆွဲရ၏။ချမှတ်ထားသောမူဝါဒကို လိုလျှင်လိုသလို ချုံ့၍၊ ချဲ့၍ ရေးဆွဲထားသောအစီအစဉ် အောင်မြင်အောင်ပံ့ပိုးပေးရ၏။သူတို့ ငွေကြေးအပေါ်နစ်မျောနေသော သာယာမှုသည် မသမာမှုဖြစ်နေသည်ကို သတိမထားကြ။အကယ်၍ သတိရလျှင်လည်း မသိချင်ယောင်ဆောင်နေကြ၏။သူတို့ရရှိနေသောစည်းစိမ်ကို အထိမခံသည့်အပြင် ပို၍ပို၍တိုးတက်အောင်ပင် အားထုတ်ကြသေး၏။

ရာထူး၊ အာဏာ၊ အရှိန်အဝါ (နေရာများ) အပေါ် သာယာနေသူများလည်း ရှိပါသေးသည်။နေရာတစ်ခုအတွက် လိုအပ်သည့် ပညာ၊ အတွေ့အကြုံများကို ဖြည့်ဆည်းရင်း အချိန်ကာလတစ်ခုကို စိတ်ရှည်ရှည်စောင့်ဆိုင်းရင်း မှန်မှန်ကန်ကန်ကြိုးစားသူတွေများပါသည်။

တချို့မသမာသူများကတော့ နေရာတစ်ခုအတွက် မည်သည့်နည်းနှင့်မဆို တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ အခွင့်အရေးကို အလစ်ချောင်းနေတတ်ကြ၏။ထိုနေရာကိုရဖို့အတွက်၊ နေရာကိုမြဲဖို့အတွက် ဘယ်သူ့ငွေကြေးတွေခင်းရခင်းရ၊ ဘယ်သူ့ဘဝတွေရင်းရ ရင်းရ၊ ဘယ်သူ့အသက်တွေစတေးရ စတေးရဆိုသော ခံယူချက်နှင့် အဓမ္မဖန်တီးတတ်ကြ၏။

ခေါင်ထိအကုန်ဆိုသကဲ့သို့ နေရာတစ်နေရာရလျှင် ကျန်သည့်သာယာမှုတွေ အကုန်ရနိုင်လေသည်။ထို့ကြောင့်လည်း နေရာအပေါ် သာယာမှုလွန်ကဲလျှင် မသမာမှုပိုကြီးပါသည်။ပိုများပါသည်။

တကယ်တော့ သာယာမှုကို လူတိုင်းနှစ်သက်ပါသည်။ထိုသာယာမှုအပေါ် လူတိုင်းနစ်မျောလွယ်ပါသည်။သို့သော်လည်း မိမိ၏သာယာမှုသည် တခြားတစ်စုံတစ်ယောက် (သို့မဟုတ်) တခြားသူအများစုအတွက် အနှောင့်အယှက်ဖြစ်မည်။ထိုသူတို့အပေါ် မသမာမှုဖြစ်မည်ဆိုလျှင်တော့ မျောသင့်၊ မမျောသင့်၊ အကယ်၍ လွင့်မျောနေမိသည်ဆိုလျှင်လည်း ဆက်မျောသင့် မမျောသင့် ဆင်ခြင်စဉ်းစားသင့်ပေသည်။

“ကိုယ်သာယာချင်သလို သူများလည်းသာယာချင်မှာပေါ့” ဟု ကိုယ်ချင်းစာတရားမထားနိုင်သည့်တိုင် “မင်းတို့သာယာမှုတွေအားလုံးကို ရိုက်ချိုး၊ ဖျက်ဆီး၊ ခုတုံးလုပ်ပြီး ငါ့သာယာမှုကိုလုပ်ယူရမယ်ကွ” ဟု ရက်ရက်စက်စက်အတွေးနှင့် ရူးရူးမိုက်မိုက် မလွင့်မျောနေသင့်ပါကြောင်း။

ရိုက်မောင်း
စက်တင်ဘာ - ၁၆

( Zawgyi )

“တစ္ခါက လူတစ္ေယာက္ဟာ ေတာထဲမွာေၾကာက္စရာေကာင္းတဲ့ ဧရာမသတၱဝါႀကီးတစ္ေကာင္နဲ႔ေတြ႕ၿပီး အဲဒီအေကာင္ႀကီးလိုက္လို႔ အသည္းအသန္ေျပးခဲ့ရတယ္”

“အင္း”

“အေကာင္ႀကီးဟာ ထက္ၾကပ္မကြာလိုက္ေနေတာ့ သူလည္း ျမန္သထက္ျမန္ေအာင္ ေျပးရတာေပါ့”

“ဆက္ပါဦး”

“တစ္ေနရာေရာက္ေတာ့ တြင္းေဟာင္းႀကီးတစ္ခုထဲကို ႐ုတ္တရက္ျပဳတ္က်ပါေလေရာ”

“ေသေရာလား”

“ေၾကာက္အားလန႔္အားနဲ႔ ဆြဲမိဆြဲရာဆြဲလိုက္တာ သစ္ျမစ္တစ္ခုကိုကိုင္မိၿပီး တန္းလန္းႀကီးျဖစ္ေနတာေပါ့”

“ဒီေတာ့”

“တြင္းေအာက္ကို ငုံ႔ၾကည့္ေတာ့ တျခားသတၱဝါႀကီးတစ္ေကာင္ကို ေတြ႕လိုက္ရတယ္။အစြယ္အေဖြးသားနဲ႔ ပါးစပ္ႀကီးၿဖဲလို႔ေပါ့။အေပၚေမာ့ၾကည့္ျပန္ေတာ့ ပထမသတၱဝါႀကီးက တြင္းႏႈတ္ခမ္းကေန သူ႔ကိုေစာင့္ေနတယ္”

“အေပၚက်ပ္၊ ေအာက္က်ပ္ ျဖစ္ေနၿပီေပါ့”

“ေဘးက်ပ္ နံက်ပ္ပါကြာ”

“ထားပါေတာ့၊ ဆက္ေျပာပါဦး”

“သူ႔အသက္က အေပၚတစ္ကမ္း ေအာက္တစ္လွမ္းမွာ ရွိေနတယ္ဆိုတာ ေသခ်ာေနေပမယ့္ သူဖမ္းဆြဲထားတဲ့သစ္ျမစ္ကို သူလက္မလႊတ္သမွ် သူမေသႏိုင္ေသးဘူးလို႔ သူ႔ကိုယ္သူအားေပးေနတုန္း အားငယ္စရာတစ္ခုကို ျမင္လိုက္ရျပန္တယ္”

“ေနာက္တစ္ေကာင္က ဘယ္ကဘယ္လိုေရာက္လာလို႔္လဲ”

“ေနာက္တစ္ေကာင္ ေရာက္လာတာမဟုတ္ဘူး။သူကိုင္ထားတဲ့သစ္ျမစ္က ေဆြးေနလို႔ တဗ်စ္ဗ်စ္ျမည္ေနၿပီး စကၠန႔္ပိုင္းအတြင္မွာပဲ သူေအာက္ကိုျပဳတ္က်ဖို႔ ေသခ်ာေနၿပီဆိုတာ သိလိုက္ရတယ္”

“ပထမအေကာင္လိုက္ကတည္းက မိၿပီးေသရင္ၿပီးေရာ။ဒါမွမဟုတ္ တြင္းထဲျပဳတ္က်က်ခ်င္း ဒုတိယအေကာင္ရဲ႕ ပါးစပ္ထဲတန္းက်ၿပီးေသလည္း ေကာင္းတာပဲ။အခုေတာ့ ေသမွာေသခ်ာေနရက္နဲ႔ စိတ္ေသာကေတြ တစ္ခုၿပီးတစ္ခုျဖစ္ေနရေတာ့ အေကာင္ကိုက္စားလို႔မေသဘဲ စိတ္ညစ္ၿပီး ႏွလုံးခုန္ရပ္ေသရမယ့္ကိန္းပဲ”

“ႏွလုံးခုန္တာမရပ္ဘဲ ထပ္ခုန္သြားတယ္”

“ဘာျဖစ္လို႔လဲ”

“သူကိုင္ထားတဲ့ သစ္ျမစ္ေဆြးေပၚမွာ ပ်ားရည္တစ္စက္ကို ေတြ႕လိုက္ရတယ္”

“အဲဒါနဲ႔”

“ပုဂၢိဳလ္က အားရဝမ္းသာ လွ်ာနဲ႔လ်က္လိုက္ၿပီး၊ အား--ခ်ိဳလိုက္တာလို႔ ေျပာသတဲ့”

“ဒီေလာက္ေသခါနီးေနတာေတာင္ ဘာမဟုတ္တဲ့ ပ်ားရည္တစ္စက္ကို မက္ေမာေနရေသးတယ္။ထားပါေတာ့။မင္းဇာတ္လမ္းကိုဆက္ပါဦး”

“ဇာတ္လမ္းက အဲဒီမွာပဲၿပီးသြားတယ္”

“ဘယ္လိုႀကီးလဲ”

“အဲဒါ-ႏိုင္ငံျခားစာေရးဆရာတစ္ေယာက္ရဲ႕ ေဆာင္းပါးထဲက ဥပမာေပးထားတဲ့ စိတ္ကူးယဥ္အျဖစ္အပ်က္ေလးပါ။လူေတြဟာ ေသမယ္ဆိုတာေသခ်ာၿပီး ရႈပ္ေထြးေပြလီလွတဲ့ေလာကႀကီးမွာ ခဏတာသာယာမႈေလးေတြနဲ႔ ေပ်ာ္႐ႊင္ေက်နပ္ေနၾကတယ္လို႔ စာေရးသူကေျပာခ်င္တာပါ”

မနက္ခင္းတစ္ခုမွာ ကြၽန္ေတာ္ႏွင့္ ကြၽန္ေတာ့္မိတ္ေဆြ လက္ဖက္ရည္ဆိုင္မွာ စကားေျပာျဖစ္ခဲ့တာပါ။သူက ေရပြက္ပမာ ခဏတာရလာသည့္ လူ႔ဘဝေလးမွာ ေလာဘ၊ ေဒါသ၊ ေမာဟေတြႏွင့္ စိတ္ခံစားမႈေနာက္ လိုက္ေနၾကသည္ကို ဖတ္ဖူးသည့္ဇာတ္လမ္းေလးႏွင့္ ဥပမာေပး၍ ေျပာသြားျခင္းျဖစ္သည္။

တကယ္လည္းဟုတ္ပါသည္။လူတို႔သည္ သာယာမႈအေပၚ လြင့္ေမ်ာေနၾကပါသည္။လူအမ်ားစုသည္ သာယာမႈႏွင့္ေတြ႕လွ်င္ မေရွာင္ႏိုင္ၾကပါ။အကယ္၍ေရွာင္ႏိုင္လွ်င္ေတာင္မွ မေရွာင္ျဖစ္ၾကပါ။မေရွာင္ခ်င္ၾကပါ။

သံသရာကိုလည္းေမ့ပါသည္။ကံၾကမၼာကိုလည္းေမ့ပါသည္။အႏၲရာယ္ကိုလည္းေမ့ပါသည္။ထိုအခါမ်ိဳးမွာ ေမတၱာလည္းပ်က္ပါသည္။သစၥာလည္းပ်က္ပါသည္။ကိုယ္က်င့္တရားလည္းပ်က္ပါသည္။ပင္လယ္ေရေသာက္မိသလို ေသာက္ေလေသာက္ေလငတ္မေျပ ျဖစ္ၾကပါသည္။သာယာမႈအေပၚ လြင့္ေမ်ာေနသူသည္ ေကာင္းကင္၌လြင့္ေမ်ာေနေသာတိမ္ႏွင့္ မျခားနားေတာ့ေပ။

တိမ္သည္ သူ႔ဘာသူ ထိန္းခ်ဳပ္ရပ္တည္ႏိုင္သည့္ အေနအထား အစြမ္းသတၱိမရွိပါ။ေလတိုက္တိုင္း အလိုက္သင့္လြင့္ေမ်ာေနရသည္။ဦးတည္ခ်က္၊ ကန႔္သတ္ခ်က္မရွိဘဲ ေ႐ြ႕လွ်ားေနရသည္။အသြင္အမ်ိဳးမ်ိဳးေျပာင္းကာ ေနာက္ဆုံးတြင္ လုံး၀ပ်က္စီးသြားရသည္။

လူသည္လည္း ေလာဘ၊ ေဒါသတို႔၏ ေစခိုင္းရာသို႔ ကိုယ္ပိုင္ခံယူခ်က္၊ ဦးတည္ခ်က္၊ ကန႔္သတ္ခ်က္မရွိဘဲ သာယာမႈတစ္ခုတည္းႏွင့္ ေတြေဝမိုက္မဲစြာ ေက်နပ္ေနလွ်င္ လြင့္ေမ်ာတိမ္တိုက္မ်ားပမာ အဓိပၸါယ္ကင္းမဲ့ေနပါလိမ့္မည္။တရားႏွလုံးသြင္းႏိုင္သူမ်ားမွအပ လူတိုင္းလူတိုင္း သာယာမႈကိုမက္ေမာတတ္ၾကပါသည္။

အစားအေသာက္၊ အဝတ္အထည္၊ အလွအပ၊ ေငြေၾကး၊ ရာထူး၊ အာဏာ စသည္ျဖင့္ တစ္ခုမဟုတ္တစ္ခု ထူးထူးကဲကဲသာယာတတ္ၾက၏။တခ်ိဳ႕ကေတာ့ သာယာမႈမွန္သမွ်ကို ထူးထူးကဲကဲလိုက္စားတတ္ၾက၏။

လင္ေယာက်ၤား ႀကိဳက္ႏွစ္သက္သည့္ ဟင္းတစ္ခြက္မခ်က္မိ၍ လင္မယားရန္ျဖစ္ၿပီး၊ ကြာရွင္းသည္အထိ ျဖစ္ၾကသည္။မယားျဖစ္သူ ႏွစ္သက္သည့္ အဝတ္အစားမဝယ္ေပးႏိုင္၍ စကားမ်ားၿပီး လင္မယားကြဲတာမ်ိဳးလည္းရွိပါသည္။

အဝတ္အထည္အသစ္အဆန္းကိုလည္း အလြန္အမင္းမက္ေမာ၊ ဝယ္ဝတ္ရန္ စီးပြားေရးကလည္း မေျပလည္သည့္အတြက္ ဘဝပ်က္ရေသာ အမ်ိဳးသမီးမ်ားလည္းရွိပါသည္။

မိုးလင္း၊ မိုးခ်ဳပ္ အရက္ေသာက္ၿပီး ဝင္ေငြလည္းမရွာႏိုင္၊ မိသားစုအတြက္လည္း ဘာတစ္ခုမွအကူအညီမေပးႏိုင္ဘဲ ေသသြားသူေတြလည္းရွိပါသည္။

လြန္ကဲေသာ လူနည္းစုတခ်ိဳ႕ကေတာ့ သာယာမႈအေပၚနစ္ေမ်ာရင္း မိမိနစ္ေမ်ာေနသည့္ သာယာမႈသည္ မသမာမႈေျပာင္းသြားသည္ကို သတိမထားမိၾကေပ။တခ်ိဳ႕က သတိထားမိေသာ္လည္း ထိုမသမာမႈကို ဆက္လက္သာယာသြားတတ္ၾက၏။

လူသားစား ေပါရိသာဒအေၾကာင္း ၾကားဖူးၾကမည္ထင္ပါသည္။ေပါရိသာဒသည္ ဘုရင္တစ္ပါးျဖစ္သည္။အမဲသားအရသာကို လြန္လြန္ၾကဴးၾကဴး ႏွစ္သက္စြဲလမ္းမိ၏။အမဲသားမပါလွ်င္ ပြဲေတာ္မတည္ပါ။စားေတာ္ကဲကို ျပႆနာရွာသည္။တစ္ေန႔ အမဲသားမရေသာေၾကာင့္ စားေတာ္ကဲက သုသာန္မွေသၿပီးကာစ လူ၏ေပါင္သားကို လွီးျဖတ္ခ်က္ေပးမိသည္။ထိုေန႔မွစ၍ အမဲသား crazy ေပါရိသာဒ က လူသား crazy ေပါရိသာဒ ျဖစ္သြားေတာ့သည္။သုသာန္မွ လူသားအလြယ္တကူမရေတာ့ ေသဒဏ္ေပးခံရေသာ အျပစ္သားတို႔၏ အသားကိုစား၏။ေသဒဏ္အေပးခံရေသာ အျပစ္သားမရွိေသာအခါ သာမန္ခိုးမႈေလးကိုပင္ ေသဒဏ္ေပး၍ သူစားရေအာင္ႀကံ၏။
တိုင္းသူျပည္သားမ်ားက ေသဒဏ္အေပးခံရမည္စိုး၍ မည္သည့္အျပစ္မွမျဖစ္ေအာင္ ေနၾကေလသည္။လူသားမစားရလွ်င္ မေနႏိုင္ေတာ့သည့္ ေပါရိသာဒသည္ ဘုရင္ရာထူးကိုစြန႔္လႊတ္ခဲ့၍ လမ္းသြားလမ္းလာမ်ားကို ဖမ္းဆီးသတ္ျဖတ္စားသည့္ အေျခအေနသို႔ေရာက္သြားခဲ့ေလသည္။သူမက္ေမာေသာ သာယာမႈသည္ ေနာက္ဆုံးမသမာမႈျဖစ္သြားရသည္။

လိင္မႈကိစၥမွာ လြန္လြန္ကဲကဲသာယာတတ္ေသာ ေယာက်ၤားမ်ားရွိပါသည္။တခ်ိဳ႕သည္ ကာမပိုင္ လင္ေယာက်ၤားရွိေသာ အမ်ိဳးသမီးမ်ားကိုပင္ အလြတ္မေပးၾကေတာ့။အ႐ြယ္မေရာက္ေသးေသာ ကေလးအ႐ြယ္ မိန္းမငယ္ေလးမ်ားကိုပါ စာနာစိတ္ကင္းကာ က်ဴးလြန္ၾက၏။သူတို႔၏သာယာမႈသည္ တျခားလူတို႔ကို ဒုကၡေပးေသာ၊ ဘဝပ်က္ေစေသာ မသမာမႈျဖစ္သြားေလၿပီ။

လူအမ်ားဆုံးသာယာတတ္တာကေတာ့ ေငြေၾကးျဖစ္ပါသည္။ပိုက္ဆံသည္ ရွိသမွ်ကုန္ပစၥည္းမ်ိဳးစုံႏွင့္ ဖလွယ္ႏိုင္သည့္အတြက္ လူတိုင္းလိုလို ပိုက္ဆံအေပၚ ထူးထူးကဲကဲသာယာတတ္ၾကသည္။ပိုက္ဆံေၾကာင့္ မိတ္ေဆြသူငယ္ခ်င္းအခ်င္းခ်င္း အခင္မင္ပ်က္ရတတ္သည္။မိသားစုအခ်င္းခ်င္း စိတ္ဝမ္းကြဲရသည္။တရား႐ုံးမွာ သံေယာဇဥ္ကင္းစြာ အရွက္မရွိ ရင္ဆိုင္ၾကရသည္။တစ္ေယာက္ႏွင့္ တစ္ေယာက္ ႐ိုက္ႏွက္သည္အထိျဖစ္ရသည္။

မသမာမႈအေပၚ သာယာသြားၾကသည့္ အရင္းရွင္အခ်ိဳ႕ကေတာ့ အစားအေသာက္၊ အသုံးအေဆာင္ပစၥည္းမ်ိဳးစုံကို အတုလုပ္၍ အေရာင္းအဝယ္လုပ္ၾကသည္။ပိုက္ဆံတစ္မ်က္ႏွာပဲၾကည့္၍ ဘဝတူခ်င္း စာနာစိတ္ကင္းကင္းႏွင့္ စီးပြားၿပိဳင္၏။နိမ့္က်သူဆင္းရဲသားမ်ားအေပၚ ညႇာတာသနားစိတ္ကင္းမဲ့စြာ ေခါင္းပုံျဖတ္အျမတ္ထုတ္ၾက၏။
အာဏာရွိအုပ္ခ်ဳပ္သူမ်ားကို လာဘ္ထိုးကာ သြယ္ဝိုက္၍တစ္မ်ိဳး၊ ေျပာင္က်က်တစ္ခါ အမ်ားျပည္သူ၏ အိမ္၊ ၿခံ၊ ေျမတို႔ကို အေခ်ာင္သိမ္းယူၾက၏။ထို အိမ္၊ ၿခံ၊ ေျမေနရာေတြမွာ ေဈးဆိုင္တည္၏။စက္႐ုံတည္၏။ကုမၸဏီ႐ုံးခန္းဖြင့္၏။ထိုအမ်ားျပည္သူထဲမွ ဝန္ထမ္းခန႔္၍ လစာနည္းနည္းေပး၏။စားသုံးသူဆီမွ အျမတ္မ်ားမ်ားယူ၏။
အခ်ိဳ႕အစြမ္းထက္ေသာ လုပ္ငန္းရွင္မ်ားကေတာ့ ျပည္ပမွ ႏိုင္ငံျခားသားအရင္းရွင္မ်ားကိုေတာင္ ျပည္တြင္းသို႔ေခၚ၍ ေျမအေရာင္းအဝယ္လုပ္၏။

သူတို႔က အရသာရွိေသာ အခြင့္အလမ္းႀကံရည္ကို ေပါေပါမ်ားမ်ားေသာက္ၾကသည္။အုပ္ခ်ဳပ္သူမ်ားကိုလည္းတိုက္သည္။ႏိုင္ငံျခားသားမ်ားကိုလည္းတိုက္သည္။ျပည္သူကေတာ့ အထပ္ထပ္အညႇစ္ခံရေသာ ႀကံဖတ္မ်ားေပါ့။သူတို႔က မတရားခ်မ္းသာၿပီး ျပည္သူက မတရားဆင္းရဲသြားတာဟာ အေတာ္မလြယ္ကူေသာအလုပ္ပါ။ဒါေပမယ့္ သူတို႔ကေတာ့ လြယ္လြယ္ေလး၊ သာသာေလး လုပ္သြားႏိုင္ပါသည္။အုပ္ခ်ဳပ္သူကို သူတို႔ကအပိုင္ကိုင္ထားႏိုင္၍ျဖစ္ပါသည္။    

ထို႔အတူ အရင္းရွင္က အုပ္ခ်ဳပ္သူကို ဆရာေခၚရ၏။႐ို႐ိုေသေသဆက္ဆံရ၏။အုပ္ခ်ဳပ္သူက အရင္းရွင္ကို ၾကမ္းၾကမ္းတမ္းတမ္းဆက္ဆံ၏။မေအ၊ ႏွမႏွင့္တိုင္း၍ ဆဲခ်င္ဆဲ၏။သို႔ေသာ္လည္း အရင္းရွင္လိုခ်င္သည့္အတိုင္းျဖစ္ေအာင္ အစီအစဥ္ဆြဲရ၏။ခ်မွတ္ထားေသာမူဝါဒကို လိုလွ်င္လိုသလို ခ်ဳံ႕၍၊ ခ်ဲ႕၍ ေရးဆြဲထားေသာအစီအစဥ္ ေအာင္ျမင္ေအာင္ပံ့ပိုးေပးရ၏။သူတို႔ ေငြေၾကးအေပၚနစ္ေမ်ာေနေသာ သာယာမႈသည္ မသမာမႈျဖစ္ေနသည္ကို သတိမထားၾက။အကယ္၍ သတိရလွ်င္လည္း မသိခ်င္ေယာင္ေဆာင္ေနၾက၏။သူတို႔ရရွိေနေသာစည္းစိမ္ကို အထိမခံသည့္အျပင္ ပို၍ပို၍တိုးတက္ေအာင္ပင္ အားထုတ္ၾကေသး၏။

ရာထူး၊ အာဏာ၊ အရွိန္အဝါ (ေနရာမ်ား) အေပၚ သာယာေနသူမ်ားလည္း ရွိပါေသးသည္။ေနရာတစ္ခုအတြက္ လိုအပ္သည့္ ပညာ၊ အေတြ႕အႀကဳံမ်ားကို ျဖည့္ဆည္းရင္း အခ်ိန္ကာလတစ္ခုကို စိတ္ရွည္ရွည္ေစာင့္ဆိုင္းရင္း မွန္မွန္ကန္ကန္ႀကိဳးစားသူေတြမ်ားပါသည္။

တခ်ိဳ႕မသမာသူမ်ားကေတာ့ ေနရာတစ္ခုအတြက္ မည္သည့္နည္းႏွင့္မဆို တရားသည္ျဖစ္ေစ၊ မတရားသည္ျဖစ္ေစ အခြင့္အေရးကို အလစ္ေခ်ာင္းေနတတ္ၾက၏။ထိုေနရာကိုရဖို႔အတြက္၊ ေနရာကိုၿမဲဖို႔အတြက္ ဘယ္သူ႔ေငြေၾကးေတြခင္းရခင္းရ၊ ဘယ္သူ႔ဘဝေတြရင္းရ ရင္းရ၊ ဘယ္သူ႔အသက္ေတြစေတးရ စေတးရဆိုေသာ ခံယူခ်က္ႏွင့္ အဓမၼဖန္တီးတတ္ၾက၏။

ေခါင္ထိအကုန္ဆိုသကဲ့သို႔ ေနရာတစ္ေနရာရလွ်င္ က်န္သည့္သာယာမႈေတြ အကုန္ရႏိုင္ေလသည္။ထို႔ေၾကာင့္လည္း ေနရာအေပၚ သာယာမႈလြန္ကဲလွ်င္ မသမာမႈပိုႀကီးပါသည္။ပိုမ်ားပါသည္။

တကယ္ေတာ့ သာယာမႈကို လူတိုင္းႏွစ္သက္ပါသည္။ထိုသာယာမႈအေပၚ လူတိုင္းနစ္ေမ်ာလြယ္ပါသည္။သို႔ေသာ္လည္း မိမိ၏သာယာမႈသည္ တျခားတစ္စုံတစ္ေယာက္ (သို႔မဟုတ္) တျခားသူအမ်ားစုအတြက္ အေႏွာင့္အယွက္ျဖစ္မည္။ထိုသူတို႔အေပၚ မသမာမႈျဖစ္မည္ဆိုလွ်င္ေတာ့ ေမ်ာသင့္၊ မေမ်ာသင့္၊ အကယ္၍ လြင့္ေမ်ာေနမိသည္ဆိုလွ်င္လည္း ဆက္ေမ်ာသင့္ မေမ်ာသင့္ ဆင္ျခင္စဥ္းစားသင့္ေပသည္။

“ကိုယ္သာယာခ်င္သလို သူမ်ားလည္းသာယာခ်င္မွာေပါ့” ဟု ကိုယ္ခ်င္းစာတရားမထားႏိုင္သည့္တိုင္ “မင္းတို႔သာယာမႈေတြအားလုံးကို ႐ိုက္ခ်ိဳး၊ ဖ်က္ဆီး၊ ခုတုံးလုပ္ၿပီး ငါ့သာယာမႈကိုလုပ္ယူရမယ္ကြ” ဟု ရက္ရက္စက္စက္အေတြးႏွင့္ ႐ူး႐ူးမိုက္မိုက္ မလြင့္ေမ်ာေနသင့္ပါေၾကာင္း။

႐ိုက္ေမာင္း
စက္တင္ဘာ - ၁၆