【 ဆောင်းပါး 】 “ရှားပါးလူသား၊ ရှားပါးပညာရှင်”

【 ဆောင်းပါး 】 “ရှားပါးလူသား၊ ရှားပါးပညာရှင်”

လောကတွင် သူလိုကိုယ်လို သာမန်လူများ ပေါများပါသည်။အကောင်းဘက်ကဲနေသူ၊ အဆိုးဘက်ကဲနေသူများကား သာမန်သူလိုကိုယ်လိုလူတွေလောက် မပေါများပါ။တဖန် အကောင်းဘက်ကဲသူကား အဆိုးဘက်ကဲသူထက် နည်းပြန်ပါသည်။ထို့ပြင် အကောင်းဘက်လည်းကဲပြန်၊ ပညာလည်းရှိပြန်ဆိုသူမျိုးကား ပိုရှားပါးသည်မှာ လောကဓမ္မတာသာဖြစ်ပါသည်။ထိုထို အကောင်း၊ အဆိုးဘက် ကဲသူများကို လူတို့အာရုံစိုက်တတ်ကြ၍ လူသာမန်များထက်၊ လူသိများကြပါသည်။ထို့ကြောင့် ကောင်း သတင်းဖြင့်ကျော်ကြားသူ (famous) နှင့် ဆိုးသတင်းဖြင့်ကျော်ကြားသူ (notorious) ဟု ကွဲပြား ကျော်ကြားလေ့ရှိကြပါသည်။တချို့ကား ကောင်းသလောက် ကျော်ကြ၏။တော်သလောက် ကျော်ကြ ၏။တချို့ကား ကောင်းသလောက် မကျော်ကြပါ။တော်သလောက် မကျော်ကြပါ။တချို့ကား ဆိုးသလောက် ကျော်ကြ၏။တချို့ကား ဆိုးသလောက် မကျော်ကြပေ။
 
လူအမည် ဦးသန်းထွတ်၊ ကလောင်အမည် တိုက်စိုးကား တော်သလောက် မကျော်သူထဲပါပါသည်။ကောင်းသလောက် မကျော်သူထဲ ပါပါသည်။စင်စစ် ဦးသန်းထွတ်သည် တော်သောဝန်ထမ်းတစ်ဦးဖြစ်သော်လည်း တော်သလောက် မကျော်ခဲ့ပါ။စာရေးဆရာ တိုက်စိုးအနေနှင့်မူ၊ တော်ရုံစာရေး ဆရာများ မရေးသားနိုင်သည့် သုနေသနစာများ၊ အက်ဆေးများ (တချို့က အစမ်းစာ၊ ရသငယ်စာတန်း စသဖြင့် ခေါ်ဝေါ်ကြသော)၊ မြန်မာ့သမိုင်း၊ မြန်မာစာပေ၊ မြန်မာမှုအထွေထွေ၊ ဘာသာပြန်စာပေနှင့် သုတေသနစာတမ်းများကို ရေးသားခဲ့သူဖြစ်ပါသည်။သိနားလည်သူတို့က တိုက်စိုး၏ စာများကို အဆင့်မြင့်သည်ဟု မှတ်ချက်ပေးကြ၏။သို့သော် နာမည်ကြီး ဟိုးဟိုးကျော်သော စာရေးဆရာစာရင်းတွင် ဆရာတိုက်စိုး မပါခဲ့ပါ။
 
ဦးသန်းထွတ်သည် ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနတွင် အချိန်ပိုင်းကျူတာအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ထို့နောက် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် စာကြည့်တိုက်မှူး ဦးသိန်းဟန် (စာရေးဆရာ ဇော်ဂျီ) ၏ လက်ထောက် စာကြည့်တိုက်မှူး။ ထို့နောက် အမျိုးသားစာကြည့်တိုက် စာကြည့်တိုက်မှူး။ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် စသည့်တာဝန်များကို ထမ်းရွက်ခဲ့သူဖြစ်ပါသည်။ ၁၉၈၂ ခုနှစ်တွင် အစိုးရဝန်ထမ်းတာဝန်မှ အငြိမ်းစားယူခဲ့သော်လည်း၊ ကွယ်လွန်ချိန် ၂၀၀၃ ခုနှစ်တိုင် ကြီးမားသော နိုင်ငံ့တာဝန်အမျိုးမျိုးကို ထမ်းရွက်ခဲ့သူဖြစ်ပါသည်။
 
မောင်သန်းထွတ်သည် ငယ်ရွယ်စဉ် ကျောင်းသဘဝကပင် စာဖတ်ဝါသနာကြီးသူဖြစ်ပြီး၊ အသက် ၁၇ နှစ်အရွယ်တွင် စာစတင်ရေးသားခဲ့သူဖြစ်ပါသည်။ငွေတာရီမဂ္ဂဇင်း၊ အမှတ် - ၁ ( ဇူလိုင် ၁၉၆၀) တွင် ရေးသားသည့် စာပေဝေဖန်ရေးဆောင်းပါးမှ စ၍ တိုက်စိုး ကလောင်အမည်ကို သုံးခဲ့ပါသည်။ဦးသန်းထွတ်သည် မြန်မာစာပေ၊ ကမ္ဘာ့စာပေများအား နှံ့စပ်ကျွမ်းကျင်ရုံသာမက၊ သမိုင်းဘာသာရပ်တွင်လည်း ကျွမ်းကျင်နှံ့စပ်ပါသည်။သူဖြတ်သန်းလာရသည့် ပြည့်စုံသော မြေပိုင်ရှင်၏ သားဘဝ၊ အရာရှိငယ်၊ အရာရှိကြီးဘဝတလျှောက် မော်ကြွားခြင်းမရှိဘဲ၊ အနေရိုးခဲ့ပါသည်။ညွှန်ချုပ်ကြီးဟု ထင်မှတ်ဖွယ်မရှိသည့် သာမန်လူတစ်ယောက်အဖြစ် နေထိုင်ခဲ့သူဖြစ်ပါသည်။ဗုဒ္ဓဘာသာကို ထဲထဲဝင်ဝင် လေ့လာထားပုံရသော်လည်း၊ ဘယ်သောအခါမှ ဘာသာတရားကိုင်းရှိုင်းသူအဖြစ် လူအမြင်မခံဘဲ နေထိုင်ခဲ့သူဖြစ်ပါသည်။ထိုသို့ သူတော်ကောင်းဟု ပတ်ဝန်းကျင်က အထင်မခံလိုများထဲတွင် ဆရာဇော်ဂျီ၊ ဆရာဦးသန်းထွတ်နှင့် ဆရာဦးသော်ကောင်းတို့ ပါဝင်ကြပါသည်။သူတို့သည် ရုပ်ပိုင်းဆိုင်ရာ ဘုရားဝတ်ပြု၊ တရားထိုင်ပြသည်ထက် နေ့စဉ် သူတို့၏ ကိုယ်၊ စိတ်နှစ်ပါးကို မှန်ကန်ဖြူစင်စေရန် ထိန်းသိမ်း နေထိုင်ကြသူများဖြစ်ကြောင်း အနီးကပ်သိရှိခဲ့ရပါသည်။
 
ဆရာဦးသန်းထွတ် ကို သူနှင့်အနေနီးသည့် တပည့်တပန်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများနှင့် ရေးဖော်ရေးဖက်များက လွန်စွာလေးစား တန်ဖိုးထားကြပါသည်။သို့ဖြင့် ၂၀၀၀ ပြည့်နှစ်တွင် ဆရာ့အသက် ၈၀ ပြည့်သောအခါ၊ စာတစ်အုပ်ဝိုင်းဝန်းရေးသားပြီး “စာသမား တိုက်စိုး” အမည်ဖြင့် ပုံနှိပ်ထုတ်ဝေ၍ မွေးနေ့လက်ဆောင်အဖြစ် ဂုဏ်ပြုပေးအပ်ခဲ့ကြပါသည်။
 
ဆရာ့အသက် ၈၃ ဝင်ရောက်လာချိန်၊ ၂၀၀၃ ခုနှစ် မေလ (၄) ရက်နေ့၌ ဆရာကွယ်လွန်ခဲ့ပါသည်။
 
၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၀ ရက်နေ့တွင် ဆရာအသက်ရှင်နေဆဲဖြစ်ပါက (၁၀၀) ပြည့်မည်ဖြစ်ပါသည်။ဆရာ့ကို လေးစားတန်ဖိုးထားကြသည့် ကျန်ရစ်သူမိသားစု၊ မိတ်ဆွေများနှင့် တပည့်တပန်းများက ဆရာ့ရာပြည့်ပွဲကျင်းပရန် ၂၀၁၉ ဒီဇင်ဘာတွင် တိုင်ပင်ခဲ့ကြပါသည်။ဆရာ့အတွက် ရာပြည့််အထိမ်းအမှတ်စာအုပ် ထုတ်မည်။ကုန်သည်လမ်းနှင့် ၃၁ လမ်းထောင့်တွင် နေရာသစ်ရထားသည့် အမျိုးသားစာကြည့်တိုက်၌ ဆရာနှင့်သက်ဆိုင်သည့် ဓာတ်ပုံ၊ အသုံးအဆောင်ပစ္စည်းနှင့် စာအုပ်ပြပွဲလုပ်မည်။စာတမ်းဖတ်ပွဲနှင့် ဆရာ့အကြောင်း စကားဝိုင်းပြုလုပ်မည်။လာရောက်သည့် ပရိသတ်ကို ဆရာ့ရာပြည့်အထိမ်းအမှတ်စာအုပ်လလက်ဆောင်ပေးမည် စသဖြင့် စီစဉ်ခဲ့ကြပါသည်။
 
သို့သော် စာမူစုနေဆဲ အဆင့်မှာပင် ကိုဗစ်-၁၉ ရောဂါကြောင့် စာမူစုဆောင်းခြင်း ရပ်တန့်ခဲ့ရပါသည်။မေအကုန်တွင် ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှုမရှိ၍ စာမူစုဆောင်းခြင်း ပြန်စတင်စဉ်၊ ကိုဗစ်ဒုတိယလှိုင်း ဝင်လာပြန်သည်။သို့ဖြင့် စာသမားတိုက်စိုး ရာပြည့်စာအုပ်ကို ၂၀၂၀ ဒီဇင်ဘာ ၂၁ ရက်နေ့တွင်မှ ထုတ်ဝေနိုင်ခဲ့ပါသည်။ပြပွဲ၊ စာတမ်းဖတ်ပွဲနှင့် မိုးကုတ်ဝိပဿနာကျောင်းတိုက်တွင်ပြုလုပ်မည့် ဆွမ်းကျွေးအလှူအားလုံးကို ရပ်ဆိုင်းလိုက်ရပါသည်။
 
စာသမားတိုက်စိုး ရာပြည့်စာအုပ်တွင် ဆောင်းပါး ၂၁ ပုဒ်နှင့် ကဗျာတစ်ပုဒ် ပါဝင်ပါသည်။မြန်မာဘာသာဖြင့်ရေးသားသည့် ဆောင်းပါး ၂၀ နှင့် အင်္ဂလိပ်ဘာသာဖြင့်ရေးသားသည့် ဆောင်းပါး တစ်ပုဒ် ပါဝင်ပါသည်။ထို့ပြင် ဆရာတိုက်စိုးဘရေးခဲ့သည့် “သေရေး နေရေး” အက်ဆေးကို ပြန်လည်ဖော်ပြပေးထားပါသည်။ းစာအုပ်အဆုံးတွင် ဆရာ့ဘဝဖြစ်စဉ် အကျဉ်းပါရှိပြီး၊ အမှာစာကို ဦးအေးချို (မဟာဝိဇ္ဇာ) က ရေးသားပါသည်။
 
ဖော်ပြထားသော စာမူများအနက် ၇ ပုဒ်သည် ၂၀၀၀ ပြည့်နှစ်တုန်းက ထုတ်ဝေခဲ့သည့် စာသမားတိုက်စိုး တွင် ဖော်ပြခဲ့သော စာများဖြစ်ပါသည်။ရေးသားသူများမှာ ဒဂုန်တာရာ၊ လေထီးဦးအုန်းမောင်၊ မကြန်၊ တက္ကသိုလ်ထင်ကြီး၊ ဦးသန်းဦး။ဦးသက်ထွန်းနှင့် ဆရာဇော်ဇော်အောင်တို့ ဖြစ်ကြပါသည်။ထို ၇ ဦးအနက် ဆရာဦးသန်းဦး တစ်ယောက်သာ သက်ရှိထင်ရှားရှိနေပြီး၊ ကျန်ဆရာ၊ ဆရာမကြီးများကား ကွယ်လွန်ခဲ့ကြပါပြီ။
 
အဖွင့်ကဗျာအဖြစ် ဖော်ပြထားသော ဆရာကြီးအံ့မောင်၏ “မျက်နှာဖုံး” ကဗျာသည် ဆရာတိုက်စိုး၏ ရုပ်ပုံလွှာဖြစ်ပါသည်။ကဗျာတွင်ဖော်ထားသကဲ့သို့၊ ဆရာ့မျက်နှာ ရှုတင်းတင်းသည် အပေါ်ယံအကာသာဖြစ်လျက် ဆရာ၏ပကတိ အတွင်းသရုပ်မဟုတ်ကြောင်း စာအုပ်ပါ စာအသီးသီးက ရှုထောင့်အဖုံဖုံဖြင့် ဖော်ပြထားကြပါသည်။စာအုပ်ပါ စာများကို ဖတ်ပြီးသူတိုင်း မဝေးသေးသောအချိန်တုန်းက ကမ္ဘာကလေးစားရသည့် ပညာရှင်မျိုး မြန်မာနိုင်ငံတွင်ရှိခဲ့ကြောင်း သိမြင်လာကြမည်ဖြစ်ပါသည်။လူသားပီသလျက်၊ အဝါအကြွားကင်းကာ၊ လူသာမန်တို့တွင်မတွေ့နိုင်သည့် ကိုယ်ကျင့်တရားများဖြင့်ပြည့်စုံပြီး၊ အာဏာရှင်ကိုမကြောက်သူ၊ ပညာကို သစ္စာတရားဖြင့် ထိန်းကွပ်ဆောင်ရွက်သွားသူ ပညာရှင်တစ်ဦး၏ ပုံရိပ်လွှာကို ပီပီပြင်ပြင် မြင်လာကြ၊ ခံစားလာကြရမည်ဖြစ်ပါသည်။
 
စာသမားတိုက်စိုး ရာပြည့်စာအုပ်ကိုဖတ်ပြီးသူတိုင်း ဆရာ့အမူအကျင့်များမှ အားလုံးကိုဖြစ်စေ၊ တချို့ကိုဖြစ်စေ၊ အတုယူလိုစိတ်များ တဖွားဖွားပေါ်ပေါက်လာစေမည်ဟု ယုံကြည်ပါသည်။ဆရာဇော်ဇော်အောင် က ဆရာတိုက်စိုး ကို ရှုမြင်သုံးသပ်လျက် “တိုက်စိုးလို ဖြစ်ချင်တယ်” အမည်ရှိ ဆောင်းပါးကို ရေးသားခဲ့ပါသည်။ဤစာစုကိုဖတ်လျက် တိုက်စိုးလိုဖြစ်ချင်သူများလာလေ၊ တိုင်းပြည်နှင့် လူမျိုးအတွက် အပေါင်းလက္ခဏာများလာလေစေမည်ဖြစ်ပါသည်။ဆရာတိုက်စိုးသည် တော်သလောက်မကျော်ခဲ့ပါ။ကောင်းသလောက် မကျော်ခဲ့ပါ။သို့သော် ဆရာ့တန်ဖိုးကို သိသူများက ဆရာ့အကြောင်းကို အလျဉ်းသင့်တိုင်း ဖော်ထုတ်နေကြမည် ဖြစ်ပါသည်။ဤကား ဆရာ့ဂုဏ်ကို ဖော်လို၍မဟုတ်ပါ။သူလို လူသား၊ သူလို ပညာရှင်များ များပြားလာစေလိုသော စေတနာသာဖြစ်ပါသည်။
 
စာသမားတိုက်စိုး ရာပြည့်စာအုပ်ကို စိတ်ကူးချိုချိုစာပေတိုက်က ထုတ်ဝေပေးခဲ့ပါသည်။ 
 
ခင်နှင်းဦး
ဇန်နဝါရီ - ၁၃
 
( Zawgyi )
 
ေလာကတြင္ သူလိုကိုယ္လို သာမန္လူမ်ား ေပါမ်ားပါသည္။အေကာင္းဘက္ကဲေနသူ၊ အဆိုးဘက္ကဲေနသူမ်ားကား သာမန္သူလိုကိုယ္လိုလူေတြေလာက္ မေပါမ်ားပါ။တဖန္ အေကာင္းဘက္ကဲသူကား အဆိုးဘက္ကဲသူထက္ နည္းျပန္ပါသည္။ထို႔ျပင္ အေကာင္းဘက္လည္းကဲျပန္၊ ပညာလည္းရွိျပန္ဆိုသူမ်ိဳးကား ပိုရွားပါးသည္မွာ ေလာကဓမၼတာသာျဖစ္ပါသည္။ထိုထို အေကာင္း၊ အဆိုးဘက္ ကဲသူမ်ားကို လူတို႔အာ႐ုံစိုက္တတ္ၾက၍ လူသာမန္မ်ားထက္၊ လူသိမ်ားၾကပါသည္။ထို႔ေၾကာင့္ ေကာင္း သတင္းျဖင့္ေက်ာ္ၾကားသူ (famous) ႏွင့္ ဆိုးသတင္းျဖင့္ေက်ာ္ၾကားသူ (notorious) ဟု ကြဲျပား ေက်ာ္ၾကားေလ့ရွိၾကပါသည္။တခ်ိဳ႕ကား ေကာင္းသေလာက္ ေက်ာ္ၾက၏။ေတာ္သေလာက္ ေက်ာ္ၾက ၏။တခ်ိဳ႕ကား ေကာင္းသေလာက္ မေက်ာ္ၾကပါ။ေတာ္သေလာက္ မေက်ာ္ၾကပါ။တခ်ိဳ႕ကား ဆိုးသေလာက္ ေက်ာ္ၾက၏။တခ်ိဳ႕ကား ဆိုးသေလာက္ မေက်ာ္ၾကေပ။
 
လူအမည္ ဦးသန္းထြတ္၊ ကေလာင္အမည္ တိုက္စိုးကား ေတာ္သေလာက္ မေက်ာ္သူထဲပါပါသည္။ေကာင္းသေလာက္ မေက်ာ္သူထဲ ပါပါသည္။စင္စစ္ ဦးသန္းထြတ္သည္ ေတာ္ေသာဝန္ထမ္းတစ္ဦးျဖစ္ေသာ္လည္း ေတာ္သေလာက္ မေက်ာ္ခဲ့ပါ။စာေရးဆရာ တိုက္စိုးအေနႏွင့္မူ၊ ေတာ္႐ုံစာေရး ဆရာမ်ား မေရးသားႏိုင္သည့္ သုေနသနစာမ်ား၊ အက္ေဆးမ်ား (တခ်ိဳ႕က အစမ္းစာ၊ ရသငယ္စာတန္း စသျဖင့္ ေခၚေဝၚၾကေသာ)၊ ျမန္မာ့သမိုင္း၊ ျမန္မာစာေပ၊ ျမန္မာမႈအေထြေထြ၊ ဘာသာျပန္စာေပႏွင့္ သုေတသနစာတမ္းမ်ားကို ေရးသားခဲ့သူျဖစ္ပါသည္။သိနားလည္သူတို႔က တိုက္စိုး၏ စာမ်ားကို အဆင့္ျမင့္သည္ဟု မွတ္ခ်က္ေပးၾက၏။သို႔ေသာ္ နာမည္ႀကီး ဟိုးဟိုးေက်ာ္ေသာ စာေရးဆရာစာရင္းတြင္ ဆရာတိုက္စိုး မပါခဲ့ပါ။
 
ဦးသန္းထြတ္သည္ ရန္ကုန္တကၠသိုလ္၊ အဂၤလိပ္စာဌာနတြင္ အခ်ိန္ပိုင္းက်ဴတာအျဖစ္ စတင္လုပ္ကိုင္ခဲ့သည္။ထို႔ေနာက္ ရန္ကုန္တကၠသိုလ္ စာၾကည့္တိုက္ စာၾကည့္တိုက္မႉး ဦးသိန္းဟန္ (စာေရးဆရာ ေဇာ္ဂ်ီ) ၏ လက္ေထာက္ စာၾကည့္တိုက္မႉး။ ထို႔ေနာက္ အမ်ိဳးသားစာၾကည့္တိုက္ စာၾကည့္တိုက္မႉး။ယဥ္ေက်းမႈဗိမာန္ဦးစီးဌာန၏ ၫႊန္ၾကားေရးမႉးခ်ဳပ္ စသည့္တာဝန္မ်ားကို ထမ္း႐ြက္ခဲ့သူျဖစ္ပါသည္။ ၁၉၈၂ ခုႏွစ္တြင္ အစိုးရဝန္ထမ္းတာဝန္မွ အၿငိမ္းစားယူခဲ့ေသာ္လည္း၊ ကြယ္လြန္ခ်ိန္ ၂၀၀၃ ခုႏွစ္တိုင္ ႀကီးမားေသာ ႏိုင္ငံ့တာဝန္အမ်ိဳးမ်ိဳးကို ထမ္း႐ြက္ခဲ့သူျဖစ္ပါသည္။
 
ေမာင္သန္းထြတ္သည္ ငယ္႐ြယ္စဥ္ ေက်ာင္းသဘဝကပင္ စာဖတ္ဝါသနာႀကီးသူျဖစ္ၿပီး၊ အသက္ ၁၇ ႏွစ္အ႐ြယ္တြင္ စာစတင္ေရးသားခဲ့သူျဖစ္ပါသည္။ေငြတာရီမဂၢဇင္း၊ အမွတ္ - ၁ ( ဇူလိုင္ ၁၉၆၀) တြင္ ေရးသားသည့္ စာေပေဝဖန္ေရးေဆာင္းပါးမွ စ၍ တိုက္စိုး ကေလာင္အမည္ကို သုံးခဲ့ပါသည္။ဦးသန္းထြတ္သည္ ျမန္မာစာေပ၊ ကမာၻ႔စာေပမ်ားအား ႏွံ႔စပ္ကြၽမ္းက်င္႐ုံသာမက၊ သမိုင္းဘာသာရပ္တြင္လည္း ကြၽမ္းက်င္ႏွံ႔စပ္ပါသည္။သူျဖတ္သန္းလာရသည့္ ျပည့္စုံေသာ ေျမပိုင္ရွင္၏ သားဘဝ၊ အရာရွိငယ္၊ အရာရွိႀကီးဘဝတေလွ်ာက္ ေမာ္ႂကြားျခင္းမရွိဘဲ၊ အေန႐ိုးခဲ့ပါသည္။ၫႊန္ခ်ဳပ္ႀကီးဟု ထင္မွတ္ဖြယ္မရွိသည့္ သာမန္လူတစ္ေယာက္အျဖစ္ ေနထိုင္ခဲ့သူျဖစ္ပါသည္။ဗုဒၶဘာသာကို ထဲထဲဝင္ဝင္ ေလ့လာထားပုံရေသာ္လည္း၊ ဘယ္ေသာအခါမွ ဘာသာတရားကိုင္းရႈိင္းသူအျဖစ္ လူအျမင္မခံဘဲ ေနထိုင္ခဲ့သူျဖစ္ပါသည္။ထိုသို႔ သူေတာ္ေကာင္းဟု ပတ္ဝန္းက်င္က အထင္မခံလိုမ်ားထဲတြင္ ဆရာေဇာ္ဂ်ီ၊ ဆရာဦးသန္းထြတ္ႏွင့္ ဆရာဦးေသာ္ေကာင္းတို႔ ပါဝင္ၾကပါသည္။သူတို႔သည္ ႐ုပ္ပိုင္းဆိုင္ရာ ဘုရားဝတ္ျပဳ၊ တရားထိုင္ျပသည္ထက္ ေန႔စဥ္ သူတို႔၏ ကိုယ္၊ စိတ္ႏွစ္ပါးကို မွန္ကန္ျဖဴစင္ေစရန္ ထိန္းသိမ္း ေနထိုင္ၾကသူမ်ားျဖစ္ေၾကာင္း အနီးကပ္သိရွိခဲ့ရပါသည္။
 
ဆရာဦးသန္းထြတ္ ကို သူႏွင့္အေနနီးသည့္ တပည့္တပန္းမ်ား၊ လုပ္ေဖာ္ကိုင္ဖက္မ်ား၊ သူငယ္ခ်င္းမ်ားႏွင့္ ေရးေဖာ္ေရးဖက္မ်ားက လြန္စြာေလးစား တန္ဖိုးထားၾကပါသည္။သို႔ျဖင့္ ၂၀၀၀ ျပည့္ႏွစ္တြင္ ဆရာ့အသက္ ၈၀ ျပည့္ေသာအခါ၊ စာတစ္အုပ္ဝိုင္းဝန္းေရးသားၿပီး “စာသမား တိုက္စိုး” အမည္ျဖင့္ ပုံႏွိပ္ထုတ္ေဝ၍ ေမြးေန႔လက္ေဆာင္အျဖစ္ ဂုဏ္ျပဳေပးအပ္ခဲ့ၾကပါသည္။
 
ဆရာ့အသက္ ၈၃ ဝင္ေရာက္လာခ်ိန္၊ ၂၀၀၃ ခုႏွစ္ ေမလ (၄) ရက္ေန႔၌ ဆရာကြယ္လြန္ခဲ့ပါသည္။
 
၂၀၂၀ ျပည့္ႏွစ္ စက္တင္ဘာ ၂၀ ရက္ေန႔တြင္ ဆရာအသက္ရွင္ေနဆဲျဖစ္ပါက (၁၀၀) ျပည့္မည္ျဖစ္ပါသည္။ဆရာ့ကို ေလးစားတန္ဖိုးထားၾကသည့္ က်န္ရစ္သူမိသားစု၊ မိတ္ေဆြမ်ားႏွင့္ တပည့္တပန္းမ်ားက ဆရာ့ရာျပည့္ပြဲက်င္းပရန္ ၂၀၁၉ ဒီဇင္ဘာတြင္ တိုင္ပင္ခဲ့ၾကပါသည္။ဆရာ့အတြက္ ရာျပည့္္အထိမ္းအမွတ္စာအုပ္ ထုတ္မည္။ကုန္သည္လမ္းႏွင့္ ၃၁ လမ္းေထာင့္တြင္ ေနရာသစ္ရထားသည့္ အမ်ိဳးသားစာၾကည့္တိုက္၌ ဆရာႏွင့္သက္ဆိုင္သည့္ ဓာတ္ပုံ၊ အသုံးအေဆာင္ပစၥည္းႏွင့္ စာအုပ္ျပပြဲလုပ္မည္။စာတမ္းဖတ္ပြဲႏွင့္ ဆရာ့အေၾကာင္း စကားဝိုင္းျပဳလုပ္မည္။လာေရာက္သည့္ ပရိသတ္ကို ဆရာ့ရာျပည့္အထိမ္းအမွတ္စာအုပ္လလက္ေဆာင္ေပးမည္ စသျဖင့္ စီစဥ္ခဲ့ၾကပါသည္။
 
သို႔ေသာ္ စာမူစုေနဆဲ အဆင့္မွာပင္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ စာမူစုေဆာင္းျခင္း ရပ္တန႔္ခဲ့ရပါသည္။ေမအကုန္တြင္ ကိုဗစ္ေရာဂါ ျပည္တြင္းကူးစက္မႈမရွိ၍ စာမူစုေဆာင္းျခင္း ျပန္စတင္စဥ္၊ ကိုဗစ္ဒုတိယလႈိင္း ဝင္လာျပန္သည္။သို႔ျဖင့္ စာသမားတိုက္စိုး ရာျပည့္စာအုပ္ကို ၂၀၂၀ ဒီဇင္ဘာ ၂၁ ရက္ေန႔တြင္မွ ထုတ္ေဝႏိုင္ခဲ့ပါသည္။ျပပြဲ၊ စာတမ္းဖတ္ပြဲႏွင့္ မိုးကုတ္ဝိပႆနာေက်ာင္းတိုက္တြင္ျပဳလုပ္မည့္ ဆြမ္းေကြၽးအလႉအားလုံးကို ရပ္ဆိုင္းလိုက္ရပါသည္။
 
စာသမားတိုက္စိုး ရာျပည့္စာအုပ္တြင္ ေဆာင္းပါး ၂၁ ပုဒ္ႏွင့္ ကဗ်ာတစ္ပုဒ္ ပါဝင္ပါသည္။ျမန္မာဘာသာျဖင့္ေရးသားသည့္ ေဆာင္းပါး ၂၀ ႏွင့္ အဂၤလိပ္ဘာသာျဖင့္ေရးသားသည့္ ေဆာင္းပါး တစ္ပုဒ္ ပါဝင္ပါသည္။ထို႔ျပင္ ဆရာတိုက္စိုးဘေရးခဲ့သည့္ “ေသေရး ေနေရး” အက္ေဆးကို ျပန္လည္ေဖာ္ျပေပးထားပါသည္။ းစာအုပ္အဆုံးတြင္ ဆရာ့ဘဝျဖစ္စဥ္ အက်ဥ္းပါရွိၿပီး၊ အမွာစာကို ဦးေအးခ်ိဳ (မဟာဝိဇၨာ) က ေရးသားပါသည္။
 
ေဖာ္ျပထားေသာ စာမူမ်ားအနက္ ၇ ပုဒ္သည္ ၂၀၀၀ ျပည့္ႏွစ္တုန္းက ထုတ္ေဝခဲ့သည့္ စာသမားတိုက္စိုး တြင္ ေဖာ္ျပခဲ့ေသာ စာမ်ားျဖစ္ပါသည္။ေရးသားသူမ်ားမွာ ဒဂုန္တာရာ၊ ေလထီးဦးအုန္းေမာင္၊ မၾကန္၊ တကၠသိုလ္ထင္ႀကီး၊ ဦးသန္းဦး။ဦးသက္ထြန္းႏွင့္ ဆရာေဇာ္ေဇာ္ေအာင္တို႔ ျဖစ္ၾကပါသည္။ထို ၇ ဦးအနက္ ဆရာဦးသန္းဦး တစ္ေယာက္သာ သက္ရွိထင္ရွားရွိေနၿပီး၊ က်န္ဆရာ၊ ဆရာမႀကီးမ်ားကား ကြယ္လြန္ခဲ့ၾကပါၿပီ။
 
အဖြင့္ကဗ်ာအျဖစ္ ေဖာ္ျပထားေသာ ဆရာႀကီးအံ့ေမာင္၏ “မ်က္ႏွာဖုံး” ကဗ်ာသည္ ဆရာတိုက္စိုး၏ ႐ုပ္ပုံလႊာျဖစ္ပါသည္။ကဗ်ာတြင္ေဖာ္ထားသကဲ့သို႔၊ ဆရာ့မ်က္ႏွာ ရႈတင္းတင္းသည္ အေပၚယံအကာသာျဖစ္လ်က္ ဆရာ၏ပကတိ အတြင္းသ႐ုပ္မဟုတ္ေၾကာင္း စာအုပ္ပါ စာအသီးသီးက ရႈေထာင့္အဖုံဖုံျဖင့္ ေဖာ္ျပထားၾကပါသည္။စာအုပ္ပါ စာမ်ားကို ဖတ္ၿပီးသူတိုင္း မေဝးေသးေသာအခ်ိန္တုန္းက ကမာၻကေလးစားရသည့္ ပညာရွင္မ်ိဳး ျမန္မာႏိုင္ငံတြင္ရွိခဲ့ေၾကာင္း သိျမင္လာၾကမည္ျဖစ္ပါသည္။လူသားပီသလ်က္၊ အဝါအႂကြားကင္းကာ၊ လူသာမန္တို႔တြင္မေတြ႕ႏိုင္သည့္ ကိုယ္က်င့္တရားမ်ားျဖင့္ျပည့္စုံၿပီး၊ အာဏာရွင္ကိုမေၾကာက္သူ၊ ပညာကို သစၥာတရားျဖင့္ ထိန္းကြပ္ေဆာင္႐ြက္သြားသူ ပညာရွင္တစ္ဦး၏ ပုံရိပ္လႊာကို ပီပီျပင္ျပင္ ျမင္လာၾက၊ ခံစားလာၾကရမည္ျဖစ္ပါသည္။
 
စာသမားတိုက္စိုး ရာျပည့္စာအုပ္ကိုဖတ္ၿပီးသူတိုင္း ဆရာ့အမူအက်င့္မ်ားမွ အားလုံးကိုျဖစ္ေစ၊ တခ်ိဳ႕ကိုျဖစ္ေစ၊ အတုယူလိုစိတ္မ်ား တဖြားဖြားေပၚေပါက္လာေစမည္ဟု ယုံၾကည္ပါသည္။ဆရာေဇာ္ေဇာ္ေအာင္ က ဆရာတိုက္စိုး ကို ရႈျမင္သုံးသပ္လ်က္ “တိုက္စိုးလို ျဖစ္ခ်င္တယ္” အမည္ရွိ ေဆာင္းပါးကို ေရးသားခဲ့ပါသည္။ဤစာစုကိုဖတ္လ်က္ တိုက္စိုးလိုျဖစ္ခ်င္သူမ်ားလာေလ၊ တိုင္းျပည္ႏွင့္ လူမ်ိဳးအတြက္ အေပါင္းလကၡဏာမ်ားလာေလေစမည္ျဖစ္ပါသည္။ဆရာတိုက္စိုးသည္ ေတာ္သေလာက္မေက်ာ္ခဲ့ပါ။ေကာင္းသေလာက္ မေက်ာ္ခဲ့ပါ။သို႔ေသာ္ ဆရာ့တန္ဖိုးကို သိသူမ်ားက ဆရာ့အေၾကာင္းကို အလ်ဥ္းသင့္တိုင္း ေဖာ္ထုတ္ေနၾကမည္ ျဖစ္ပါသည္။ဤကား ဆရာ့ဂုဏ္ကို ေဖာ္လို၍မဟုတ္ပါ။သူလို လူသား၊ သူလို ပညာရွင္မ်ား မ်ားျပားလာေစလိုေသာ ေစတနာသာျဖစ္ပါသည္။
 
စာသမားတိုက္စိုး ရာျပည့္စာအုပ္ကို စိတ္ကူးခ်ိဳခ်ိဳစာေပတိုက္က ထုတ္ေဝေပးခဲ့ပါသည္။ 
 
ခင္ႏွင္းဦး
ဇန္နဝါရီ - ၁၃