【 ဆောင်းပါး 】 “လူနေဘုံဖျား စိတ်နေချုံကြား”

【 ဆောင်းပါး 】 “လူနေဘုံဖျား စိတ်နေချုံကြား”

“နင့်မှာ ဒီသမီးလေးတစ်ယောက်ပဲရှိတဲ့ဟာ၊ ဘာလို့လက်လွတ်စပယ်ပစ်ထားရတာလဲ”

“ငါတို့က ပစ်ထားတာမဟုတ်ဘူး။ငါတို့အတန်တန်တားနေတဲ့ကြားထဲက သူ့သဘောနဲ့သူ ဇွတ်လုပ်သွားတာ။သူခင်းတဲ့ဇာတ် သူနိုင်အောင်ဆက်ကပေါ့။ဘာလို့ပြန်ခေါ်ရမှာလဲ”

“မဟုတ်သေးပါဘူးဟာ။သေသေချာချာပြန်စဉ်းစားပါဦး။သူက ဘာတွေမဟုတ်တာ လုပ်သွားလို့လဲ။သူ့ကောင်လေးကိုလည်း ငါသိသားပဲ။ရိုးရိုးသားသားလေးပါ။မိဘမျိုးရိုးလည်း ကောင်းပါတယ်။ပိုက်ဆံမချမ်းသာတာတစ်ခုပဲ ပြောစရာရှိတာပါ”

“အေးလေ။အဲဒီ ပိုက်ဆံမချမ်းသာတာက အရေးအကြီးဆုံးပဲ မဟုတ်ဘူးလား။သူ့အဖေ သဘောတူတဲ့သူနဲ့သာယူရင် တိုက်နဲ့ကားနဲ့ သူဌေးမယားဖြစ်ရမှာ။ခုတော့ တက္ကစီဒရိုင်ဘာရဲ့ မယား။အဲဒီ ဒရိုင်ဘာကောင်က မိသားစုမှာအကြီးဆုံး။အငယ်နှစ်ယောက်ကိုလည်း ကျောင်းထားပေးရသေးတယ်။ဘယ်လိုနလံထူမှာလဲ။သူ့ယောင်္ကျားလုပ်စာကို ထိုင်စားဖို့နေနေသာသာ သူကပါ ယောင်္ကျားမိသားစုကို ဝင်လုပ်ကျွေးနေရသေးတယ်လေ”

“ထားပါတော့ဟာ။ပြီးတာတွေလည်း ပြီးသွားပြီပဲ။ပြန်ပြင်လို့မှမရတော့တာ။သူ့ကောင်လေးကလည်း ဆင်းဆင်းရဲရဲ တက္ကစီဒရိုင်ဘာဆိုပေမယ့်၊ လူပျိုလူလွတ်ဖြစ်တယ်။အကျင့်စာရိတ္တကောင်းတယ်။ဘွဲ့ရပညာတတ်လည်းဖြစ်တယ်။ ပြီးတော့ နင်က အမေပဲဥစ္စာ။ဒီအတိုင်းတော့ ပစ်မထားသင့်ပါဘူး။ငွေကြေးမထောက်ပံ့ရင်နေ၊ အသိအမှတ်ပြုတဲ့အနေနဲ့၊ ပြန်အပ်တာတော့ လက်ခံပေးသင့်တယ်။ဒါဆို နင့်သမီးလည်း ရှေ့ဆက်ရမယ့်ခရီးအတွက် ခွန်အားတစ်ခုဖြစ်သွားမှာ”

“သူ့အဖေက လုံးဝခွင့်မလွှတ်ဘူးတဲ့။စိတ်ဓါတ်အောက်တန်းကျတဲ့ သမီးမို့လို့ သေခန်းပြတ်ပဲတဲ့”

“ကိုယ့်သမီးကိုယ် နှိမ်တာတော့ မကောင်းပါဘူး သူငယ်ချင်းရယ်။ပိုက်ဆံမချမ်းသာတဲ့သူကို ယူတာနဲ့၊ အောက်တန်းကျတယ် ပြောလို့ဖြစ်မလား။စဉ်းစားပါဦး”

“ချမ်းသာတဲ့ဘဝကနေ ဆင်းရဲတဲ့ဘဝကို ခုန်ဆင်းသွားတာ အောက်တန်းကျတဲ့စိတ်မဟုတ်လို့ ဘာလဲ။သူ့အဖေပြောတဲ့စကားကို ကြားစေချင်တယ်”

“ဘာပြောလို့လဲ”

“သူ့သမီးကတဲ့။လူနေဘုံဖျား စိတ်နေချုံကြားတဲ့”

သူတို့လင်မယားနှစ်ယောက်လုံးက ကျွန်တော့ကျောင်းနေဖက် သူငယ်ချင်းတွေပါ။တစ်လမ်းတည်း တစ်ကျောင်းတည်း နေခဲ့ကြတာပါ။လက်ရှိ ခြောက်ထပ်တိုက် အိမ်ရာတစ်ခုရဲ့ ပထမထပ် အခန်းတစ်ခန်းမှာ နေတာပါ။သူတို့အပိုင် တိုက်ခန်းပေါ့။မိန်းမက အထက်တန်းပြ ကျောင်းဆရာမ။ယောင်္ကျားက ကုမ္မဏီတစ်ခုရဲ့ ငွေစာရင်းအရာရှိပါ။သူတို့မှာ တစ်ဦးတည်းသော သမီးလေးရှိပါသည်။ဘွဲ့ရပြီး ရုံးဝန်ထမ်းလုပ်ရင်း တက္ကသိုလ်တက်စဉ်က ချစ်သူဖြစ်ခဲ့သော ကောင်လေးနှင့် လိုက်ပြေးသွားခြင်းဖြစ်သည်။

ရပ်ဆွေရပ်မျိုး အသိတစ်ယောက၏ အလှူမှာဆုံမိရင်း စကားပြောဖြစ်ခဲ့တာပါ။သူတို့ပြောသည့် စကားလေးတစ်ခွန်းကြောင့်လည်း ယခုလိုစာရေးဖြစ်ခဲ့တာပါ။

“လူနေဘုံဖျား စိတ်နေချုံကြား”

ကြားနေကျ ဆိုရိုးလေးက “လူနေချုံကြား စိတ်နေဘုံဖျား” ပါ။လက်ရှိဆင်းရဲချို့တဲ့သော ဘဝလေးမှာနေထိုင်ရင်း၊ မြင့်မားသောဘဝတစ်ခုကို စိတ်ကူးသည်ကို ဆိုလိုပါသည်။

ကျွန်တော့ သူငယ်ချင်းလင်မယား ဆိုလိုသည်ကလည်း ချမ်းသာသောဘဝကို ပိုင်ဆိုင်ထားသည့် သမီးလေးက ဆင်းရဲချို့တဲ့သောဘဝကို စိတ်ကူးတည်ဆောက်သွားသည်ဟု ဆိုလိုပါသည်။ကျွန်တော့အမြင်မှာတော့ ထိုစကားလေးတစ်ခွန်းက သူတို့သမီးလေးအတွက် မဟုတ်ဘဲ သူတို့အတွက်ဖြစ်နေပါသည်။

ခေတ်ပညာတတ် အရာရှိတွေလည်းဖြစ်၊ တစ်ဦးတည်းသော သမီးလေး၏ မိဘများလည်းဖြစ်နေ၍ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ မြင့်မြင့်မြတ်မြတ် ရှိသင့်သူများပါ။လူ့ဘဝအတွက် တကယ်အရေးကြီးသော အကျင့်စာရိတ္တ၊ အတတ်ပညာ၊ အသိပညာတို့၏ တန်ဖိုးကို မြင်သင့်ပါလျက် မမြင်ကြပါ။ငွေကြေးပစ္စည်းဥစ္စာ ဂုဏ်ပကာသနကို နံပါတ်တစ်အဖြစ် မမြင်သင့်ပါလျက် မြင်နေကြ၏။ရင်မှဖြစ်သည့် တစ်ဦးတည်းသော သမီးလေးအပေါ် မေတ္တာစိတ်၊ ကရုဏာစိတ် ထားသင့်ပါလျက် ဒေါသ၊ မာန စိတ်များ ထားနေကြ၏။

အချို့လူများသည် လောကတွင်မြင့်မြတ်သော၊ အများက ရိုသေလေးစားရသော နေရာဌာနမှာ ခမ်းခမ်းနားနား နေရသော်လည်း စိတ်စေတနာကား အလွန်နိမ့်ပြီး အောက်တန်းကျနေတတ်ကြသည်။မိသားစုတစ်ခု၏ အိမ်ထောင်ဦးစီးတစ်ယောက်သည် မိသားစုငြိမ်းချမ်းသာယာရေး၊ စိတ်ဝမ်းမကွဲဘဲ အေးအတူပူအမျှ ညီညွတ်စွာ နေထိုင်ရေးတို့ကို အဓိကထားဆောင်ရွက်ရသူဖြစ်သည်။မိသားစုဝင်အားလုံးတို့က သူ့မျက်နှာကို မော့ကြည့်နေရ၏။သူ့ကို အားကိုးအားထားပြုကြရ၏။သူ့အကြံဉာဏ်ကို လေးစားကြရ၏။သူ့ဆုံးဖြတ်ချက်ကို လိုက်နာကြရ၏။သို့သော် အချို့အိမ်ထောင်ဦးစီးများသည် သူကိုယ်တိုင်က အရက်၊ လောင်းကစား၊ အပျော်အပါးလိုက်စားတာမျိုး၊ ဇနီးမယားအပေါ် သစ္စာမထားတာမျိုး၊ သားသမီးများအပေါ် မညှာမတာဆက်ဆံပြီး တစ်ဖက်သတ် ချုပ်ချယ်တာမျိုး ပြုတတ်ကြ၏။အချို့မိဘများသည် မိမိ၏ ရာထူး၊ ငွေကြေးဥစ္စာတို့အပေါ် သာယာယစ်မူးကာ၊ လောဘမြစ်မှာ မျောလွင့်နေကြပြီး မိသားစုဝင်တို့၏ ဒုက္ခကိုပင် မမြင်ဟန်ဆောင်နေတတ်ကြ၏။

ဂေါတမမြတ်စွာဘုရား ပွင့်တော်မူစဉ်ကဖြစ်သည်။မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ထိုသာဝတ္ထိပြည်မှာ “အဒိနပုဗ” ဟု ထင်ရှားသော ပုဏ္ဏားသူကြွယ်ရှိ၏။ထိုသူကြွယ်တွင် “မဋ္ဌကုဏ္ဍလီ” မည်သော သားတစ်ယောက်ရှိ၏။သူကြွယ်သည် ငွေကြေးဥစ္စာ ချမ်းသာကြွယ်ဝသော်လည်း၊ နှမြောတွန့်တိုသည်။
စည်းစိမ်ဥစ္စာလျော့ပါးမှာ အလွန်စိုးရိမ်သည်။သူ၏ တစ်ဦးတည်းသော သားလေးကိုလည်း အလှူဒါနမပြုတတ်အောင်၊ နှမြောတွန့်တိုတတ်အောင် ငယ်စဉ်ကပင် သင်ကြားဩဝါဒပေးထား၏။တစ်ခါသော် ထိုသားလေးသည် နေထိုင်မကောင်းဖြစ်လေသည်။သူကြွယ်သည် မိမိမှာ ငွေကြေးချမ်းသာပါလျက်၊ တစ်ဦးတည်းသော သားလေးကို ချစ်ပါလျက် မိမိ၏ ငွေကြေးဥစ္စာ သုံးစွဲရမည်ကို စိုးရိမ်သဖြင့် ဆေးဆရာခေါ်၍ ကုသနိုင်ပါသော်လည်း မကုသခဲ့ပေ။နောက်ဆုံးတွင် သားဖြစ်သူသည် ဆေးဝါးများနှင့် အသေအချာကုသမှုကို မခံယူရခြင်း၊ အာဟာရချို့တဲ့ခြင်းတို့ကြောင့် သေဆုံးခဲ့ရ၏။သားဖြစ်သူ သေဆုံးသည်အထိ သူ့ဥစ္စာစည်းစိမ်ကို အထိအခိုက် အပွန်းအရှ မရှိအောင် ကာကွယ်ခဲ့သည့် အာဂလောဘသားကြီးဖြစ်၏။ဥစ္စာပြည့်စုံသည့် ဖခင်တစ်ဦးဖြစ်သော်လည်း စိတ်ဓါတ်ကတော့ အလွန်အောက်တန်းကျလှပေသည်။မွန်မြတ်သော၊ မြင့်မားသော အခြားသူများရှိပါသေးသည်။

ပညာသင်ကြားပေးသော ဆရာသမားများသည် တပည့်များ၏ ရှေ့ဆောင်လမ်းပြဖြစ်၏။မှန်ကန်ကောင်းမွန်သည့် အကျင့်စရိုက်မျိုးဖြစ်အောင် သင်ပြလမ်းညွှန်ကြရ၏။မကောင်းသည့် အကျင့်စရိုက်မျိုး မရှိအောင် ကာကွယ်တားဆီးပေးရ၏။သို့သော် အချို့ဆရာများမှာ တပည့်နှင့် အရက်အတူသောက်၏။လောင်းကစားအတူလုပ်၏။အပျော်အပါး အတူကျူးလွန်၏။ထူးထူးခြားခြား တချို့ဆိုလျှင် တပည့်မိန်းကလေးများကို ကျူးကျူးလွန်လွန် စော်စော်ကားကားပင် ပြုတတ်ကြပါသည်။ယခုခေတ် ကျောင်းဆရာအချို့ဆိုလျှင်၊ ကျောင်းမှာ ပုံမှန်အတန်းတက်နေသော ကျောင်းသားနှင့် မိမိထံမှာ သီးသန့်ကျူရှင်ယူထားသော ကျောင်းသားဟူ၍ ခွဲခြားဆက်ဆံကြသည်။မွန်မြတ်သော အာစရိယဆရာတို့၏ စိတ်ဓါတ်သည် အထက်တန်းကျသင့်သည်လား၊ အောက်တန်းကျသင့်သည်လား မစဉ်းစားမဆင်ခြင်နိုင်အောင် အသိတရားတွေ၊ သတိတရားတွေ ကင်းလွတ်နေကြလေသည်။

တိုင်းပြည်အုပ်ချုပ်သူ အာဏာပိုင်တို့မှာ ပို၍မြင့်မားသောနေရာမှာ ရှိနေကြသူများဖြစ်သည်။ပြည်သူ ပြည်သားများ၏ အသက်စည်းစိမ်ကို ကာကွယ်ပေးကြရသည်။စား၊ ဝတ်၊ နေရေး၊ ကျန်းမာရေး၊ ပညာရေးတို့ကို မှန်ကန်အောင်၊ တိုးတက်အောင် စီမံပေးရသည်။တိုင်းသူပြည်သားတို့အပေါ် ရင်ဝယ်သားကဲ့သို့ မေတ္တာ၊ အကြင်နာထားရပါသည်။

ပြည်သူလူထု၏ အသက်စည်းစိမ်ကို ကာကွယ်ပေးရမည့်သူက ပြည်သူ့အသက်ကိုသတ်၏။ပြည်သူ့အိုးအိမ်စည်းစိမ်ကို ဖျက်ဆီး၏။ခေါင်းပုံဖြတ် အမြတ်ထုတ်ကာ လုယူကြ၏။ခိုးယူကြ၏။မြင့်မြင့်မားမား အထက်တန်းကျသောနေရာမှာ ခန္ဓာကိုယ်ကြီးက လှလှပပရှိနေသည့်အချိန်တွင် သူ၏ နိမ့်နိမ့်ပါးပါး အောက်တန်းကျသည့်စိတ်က ရွှံ့များ၊ ကြေး (ဂျီး) များ၊ မစင်များနှင့် လူးနေပါသည်။

မကြာသေးမီ ခေတ်ကာလများက အုပ်ချုပ်သူ လူတစ်စုကြောင့် ပြည်သူတွေ အတိဒုက္ခရောက်ခဲ့ကြရသည်။မြို့ပေါ်မှ ဘိုးဘွားပိုင်မြေမှာ အခြေခိုင်ခိုင်နေကြရာမှ ထိုအိုးအိမ်ကို စွန့်ခွာ၍ မြို့စွန်မြို့ဖျား လယ်ကွင်းတွေနား ပြောင်းရွှေ့နေထိုင်ခဲ့ရပါသည်။မြို့တွင်းမှာ အခိုင်အမာရှိနေသော တက္ကသိုလ်ကျောင်းများကို မတက်ရဘဲ မြို့စွန်မြို့ဖျား လယ်ကွက်တွေကြားမှာ တက္ကသိုလ်ပညာ သွားရောက်သင်ယူခဲ့ကြရပါသည်။နိုင်ငံနှင့် လူမျိုးအတွက်၊ အမှန်တရားအတွက်၊ မတရားမှုပပျောက်ရေးအတွက်၊ အာဏာရှင်ပျက်သုန်းရေးအတွက်၊ တရားမျှတသော စနစ်နှင့် တရားမျှတသော အုပ်ချုပ်မှုအတွက် အသက်နှင့်လဲရဲသော၊ အသက်နှင့်လဲဝံ့သော လူစွမ်းကောင်းကြီးနှင့် လူစွမ်းကောင်းလေးများ ထွက်ပေါ်လာပါသည်။ထိုလူစွမ်းကောင်းများကိုလည်း အမျိုးမျိုးဒုက္ခပေးပါသည်။ပရိယာယ်အမျိုးမျိုးနှင့် ဖမ်းဆီးအပြစ်ပေးပါသည်။
တချို့လူစွမ်းကောင်းလေးများမှာ တကယ်အသက်စွန့်သွားပါသည်။

သူတို့ဖျက်ဆီးလိုက်တာ ဝါးအိမ်၊ သစ်သားအိမ်၊ ဘိလပ်မြေအိမ်တွေ မဟုတ်တာ သူတို့မသိကြပါ။သူတို့ဖျက်ဆီးလိုက်တာ ဝါးအိမ်၊ သစ်သားအိမ်၊ ဘိလပ်မြေအိမ်တွေထဲက ပြည်သူ ပြည်သား မိသားစုများ၏ အသက်တွေ ဘဝတွေဆိုတာ သူတို့မစဉ်းစားခဲ့ကြပါ။သူတို့ဖမ်းဆီးသတ်ဖြတ် အမျိုးမျိုးဒုက္ခပေးနေသော ပြည်သူ့ရှေ့ဆောင် လူစွမ်းကောင်းများသည် နိုင်ငံ၏အနာဂတ်၊ ပြည်သူ့ဘဝများ၏ အနာဂတ်ဆိုတာ သိအောင်မကြိုးစားကြပါ။အကယ်၍သိခဲ့လျှင်လည်း မသိဟန်ဆောင်နေကြပုံရပါသည်။ပြည်သူတွေမှာ ဒုက္ခတစ်ပွေ့တစ်ပိုက်နှင့် ကိုယ့်အိမ်ကိုယ်နေပြီး ဒုက္ခရောက်၊ ကိုယ့်အိမ်စွန့်ခဲ့ပြီး ဒုက္ခရောက်၊ ကိုယ့်အိမ်ရော သူများအိမ်ရော မနေနိုင်ဘဲ အချုပ်ထဲမှာဒုက္ခရောက်၊ အသက်စွန့်ပြီး ဒုက္ခရောက်ခဲ့ကြရပါသည်။

ပြည်သူအားကိုးရသည့်၊ ပြည်သူတွေမော့ကြည့်ရသည့် အမြင့်ဘုံဖျားမှာ ခန္ဓာကိုယ်တွေရှိနေပြီး ပြည်သူအပေါ်ဆက်ဆံသည့် သဘောထားစိတ်ဓါတ်က ချုံကြားထဲ တိုးသည်ထက် တိုးနေကြပါသည်။

တကယ်တွေးကြည့်လျှင် မြင့်မြတ်သောနေရာဆိုတာက ရာထူးကြီးခြင်း၊ ငွေကြေးဓနကြွယ်ဝချမ်းသာခြင်း၊ အာဏာရှိခြင်း၊ လုပ်ပိုင်ခွင့်ရှိခြင်း၊ အသက်ကြီးခြင်း၊ အတွေ့အကြုံများခြင်း၊ အတတ်ပညာထူးချွန်ခြင်းတွေပါ။

မြင့်မြတ်သောစိတ်ဆိုတာက လောဘ၊ ဒေါသ၊ မောဟ အပျောက်အကျားမရှိသော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ စိတ်တွေပါ။မြင့်မြတ်သောနေရာမှာရှိနေပြီး မြင့်မြတ်သောစိတ် မရှိသူသည် တန်ဖိုးမဲ့သူပါ။မြင့်မြတ်သောနေရာမှာ မနေရသော်လည်း မြင့်မြတ်သောစိတ်ရှိသူသည် တန်ဖိုးရှိသူပါ။

ထပ်မံ၍တွေးကြည့်လျှင် သာမန်ဆင်းရဲသားတစ်ယောက်မှာ မြင့်မြတ်သောစိတ်ရှိလျှင် သူ့ဘဝအတွက်တော့ စိတ်ချရပါပြီ။ငွေကြေးမချမ်းသာသော်လည်း စိတ်ချမ်းသာနေပါလိမ့်မည်။သို့သော် သူစိတ်ထားမြင့်မြတ်မှုက တစ်နိုင်ငံလုံး စိတ်ချမ်းသာအောင်တော့ မပြုလုပ်ပေးနိုင်ပါ။

နိုင်ငံအုပ်ချုပ်သူတစ်ယောက်မှာ မြင့်မြတ်သောစိတ်ရှိလျှင်တော့ သူကိုယ်တိုင်လည်း စိတ်ချမ်းသာရပါမည်။တစ်နိုင်ငံလုံးကိုလည်း စိတ်ချမ်းသာမှုပေးနိုင်ပါသည်။ထိုကြောင့် လာမည့်ရွေးကောက်ပွဲတွင် “လူနေဘုံဖျား စိတ်နေဘုံဖျား” များကို မျှော်လင့်ရပါမည်။ရှိနေလျှင် ယုံကြည်အားကိုးစွာ သူ့အရိပ်ကို ခိုရပါမည်။“လူနေဘုံဖျား စိတ်နေချုံကြား” များကိုတော့ ရှောင်ရှားကြရပါမည်။ဖြစ်နိုင်လျှင်တော့ ဖယ်ရှားကြရပါမည်။

ရိုက်မောင်း
ဒီဇင်ဘာ - ၄

( Zawgyi )

“နင့္မွာ ဒီသမီးေလးတစ္ေယာက္ပဲရွိတဲ့ဟာ၊ ဘာလို႔လက္လြတ္စပယ္ပစ္ထားရတာလဲ”

“ငါတို႔က ပစ္ထားတာမဟုတ္ဘူး။ငါတို႔အတန္တန္တားေနတဲ့ၾကားထဲက သူ႔သေဘာနဲ႔သူ ဇြတ္လုပ္သြားတာ။သူခင္းတဲ့ဇာတ္ သူႏိုင္ေအာင္ဆက္ကေပါ့။ဘာလို႔ျပန္ေခၚရမွာလဲ”

“မဟုတ္ေသးပါဘူးဟာ။ေသေသခ်ာခ်ာျပန္စဥ္းစားပါဦး။သူက ဘာေတြမဟုတ္တာ လုပ္သြားလို႔လဲ။သူ႔ေကာင္ေလးကိုလည္း ငါသိသားပဲ။႐ိုး႐ိုးသားသားေလးပါ။မိဘမ်ိဳး႐ိုးလည္း ေကာင္းပါတယ္။ပိုက္ဆံမခ်မ္းသာတာတစ္ခုပဲ ေျပာစရာရွိတာပါ”

“ေအးေလ။အဲဒီ ပိုက္ဆံမခ်မ္းသာတာက အေရးအႀကီးဆုံးပဲ မဟုတ္ဘူးလား။သူ႔အေဖ သေဘာတူတဲ့သူနဲ႔သာယူရင္ တိုက္နဲ႔ကားနဲ႔ သူေဌးမယားျဖစ္ရမွာ။ခုေတာ့ တကၠစီဒ႐ိုင္ဘာရဲ႕ မယား။အဲဒီ ဒ႐ိုင္ဘာေကာင္က မိသားစုမွာအႀကီးဆုံး။အငယ္ႏွစ္ေယာက္ကိုလည္း ေက်ာင္းထားေပးရေသးတယ္။ဘယ္လိုနလံထူမွာလဲ။သူ႔ေယာက်ၤားလုပ္စာကို ထိုင္စားဖို႔ေနေနသာသာ သူကပါ ေယာက်ၤားမိသားစုကို ဝင္လုပ္ေကြၽးေနရေသးတယ္ေလ”

“ထားပါေတာ့ဟာ။ၿပီးတာေတြလည္း ၿပီးသြားၿပီပဲ။ျပန္ျပင္လို႔မွမရေတာ့တာ။သူ႔ေကာင္ေလးကလည္း ဆင္းဆင္းရဲရဲ တကၠစီဒ႐ိုင္ဘာဆိုေပမယ့္၊ လူပ်ိဳလူလြတ္ျဖစ္တယ္။အက်င့္စာရိတၱေကာင္းတယ္။ဘြဲ႕ရပညာတတ္လည္းျဖစ္တယ္။ ၿပီးေတာ့ နင္က အေမပဲဥစၥာ။ဒီအတိုင္းေတာ့ ပစ္မထားသင့္ပါဘူး။ေငြေၾကးမေထာက္ပံ့ရင္ေန၊ အသိအမွတ္ျပဳတဲ့အေနနဲ႔၊ ျပန္အပ္တာေတာ့ လက္ခံေပးသင့္တယ္။ဒါဆို နင့္သမီးလည္း ေရွ႕ဆက္ရမယ့္ခရီးအတြက္ ခြန္အားတစ္ခုျဖစ္သြားမွာ”

“သူ႔အေဖက လုံးဝခြင့္မလႊတ္ဘူးတဲ့။စိတ္ဓါတ္ေအာက္တန္းက်တဲ့ သမီးမို႔လို႔ ေသခန္းျပတ္ပဲတဲ့”

“ကိုယ့္သမီးကိုယ္ ႏွိမ္တာေတာ့ မေကာင္းပါဘူး သူငယ္ခ်င္းရယ္။ပိုက္ဆံမခ်မ္းသာတဲ့သူကို ယူတာနဲ႔၊ ေအာက္တန္းက်တယ္ ေျပာလို႔ျဖစ္မလား။စဥ္းစားပါဦး”

“ခ်မ္းသာတဲ့ဘဝကေန ဆင္းရဲတဲ့ဘဝကို ခုန္ဆင္းသြားတာ ေအာက္တန္းက်တဲ့စိတ္မဟုတ္လို႔ ဘာလဲ။သူ႔အေဖေျပာတဲ့စကားကို ၾကားေစခ်င္တယ္”

“ဘာေျပာလို႔လဲ”

“သူ႔သမီးကတဲ့။လူေနဘုံဖ်ား စိတ္ေနခ်ဳံၾကားတဲ့”

သူတို႔လင္မယားႏွစ္ေယာက္လုံးက ကြၽန္ေတာ့ေက်ာင္းေနဖက္ သူငယ္ခ်င္းေတြပါ။တစ္လမ္းတည္း တစ္ေက်ာင္းတည္း ေနခဲ့ၾကတာပါ။လက္ရွိ ေျခာက္ထပ္တိုက္ အိမ္ရာတစ္ခုရဲ႕ ပထမထပ္ အခန္းတစ္ခန္းမွာ ေနတာပါ။သူတို႔အပိုင္ တိုက္ခန္းေပါ့။မိန္းမက အထက္တန္းျပ ေက်ာင္းဆရာမ။ေယာက်ၤားက ကုမၼဏီတစ္ခုရဲ႕ ေငြစာရင္းအရာရွိပါ။သူတို႔မွာ တစ္ဦးတည္းေသာ သမီးေလးရွိပါသည္။ဘြဲ႕ရၿပီး ႐ုံးဝန္ထမ္းလုပ္ရင္း တကၠသိုလ္တက္စဥ္က ခ်စ္သူျဖစ္ခဲ့ေသာ ေကာင္ေလးႏွင့္ လိုက္ေျပးသြားျခင္းျဖစ္သည္။

ရပ္ေဆြရပ္မ်ိဳး အသိတစ္ေယာက၏ အလႉမွာဆုံမိရင္း စကားေျပာျဖစ္ခဲ့တာပါ။သူတို႔ေျပာသည့္ စကားေလးတစ္ခြန္းေၾကာင့္လည္း ယခုလိုစာေရးျဖစ္ခဲ့တာပါ။

“လူေနဘုံဖ်ား စိတ္ေနခ်ဳံၾကား”

ၾကားေနက် ဆို႐ိုးေလးက “လူေနခ်ဳံၾကား စိတ္ေနဘုံဖ်ား” ပါ။လက္ရွိဆင္းရဲခ်ိဳ႕တဲ့ေသာ ဘဝေလးမွာေနထိုင္ရင္း၊ ျမင့္မားေသာဘဝတစ္ခုကို စိတ္ကူးသည္ကို ဆိုလိုပါသည္။

ကြၽန္ေတာ့ သူငယ္ခ်င္းလင္မယား ဆိုလိုသည္ကလည္း ခ်မ္းသာေသာဘဝကို ပိုင္ဆိုင္ထားသည့္ သမီးေလးက ဆင္းရဲခ်ိဳ႕တဲ့ေသာဘဝကို စိတ္ကူးတည္ေဆာက္သြားသည္ဟု ဆိုလိုပါသည္။ကြၽန္ေတာ့အျမင္မွာေတာ့ ထိုစကားေလးတစ္ခြန္းက သူတို႔သမီးေလးအတြက္ မဟုတ္ဘဲ သူတို႔အတြက္ျဖစ္ေနပါသည္။

ေခတ္ပညာတတ္ အရာရွိေတြလည္းျဖစ္၊ တစ္ဦးတည္းေသာ သမီးေလး၏ မိဘမ်ားလည္းျဖစ္ေန၍ စိတ္ဓါတ္ပိုင္းဆိုင္ရာမွာ ျမင့္ျမင့္ျမတ္ျမတ္ ရွိသင့္သူမ်ားပါ။လူ႔ဘဝအတြက္ တကယ္အေရးႀကီးေသာ အက်င့္စာရိတၱ၊ အတတ္ပညာ၊ အသိပညာတို႔၏ တန္ဖိုးကို ျမင္သင့္ပါလ်က္ မျမင္ၾကပါ။ေငြေၾကးပစၥည္းဥစၥာ ဂုဏ္ပကာသနကို နံပါတ္တစ္အျဖစ္ မျမင္သင့္ပါလ်က္ ျမင္ေနၾက၏။ရင္မွျဖစ္သည့္ တစ္ဦးတည္းေသာ သမီးေလးအေပၚ ေမတၱာစိတ္၊ က႐ုဏာစိတ္ ထားသင့္ပါလ်က္ ေဒါသ၊ မာန စိတ္မ်ား ထားေနၾက၏။

အခ်ိဳ႕လူမ်ားသည္ ေလာကတြင္ျမင့္ျမတ္ေသာ၊ အမ်ားက ႐ိုေသေလးစားရေသာ ေနရာဌာနမွာ ခမ္းခမ္းနားနား ေနရေသာ္လည္း စိတ္ေစတနာကား အလြန္နိမ့္ၿပီး ေအာက္တန္းက်ေနတတ္ၾကသည္။မိသားစုတစ္ခု၏ အိမ္ေထာင္ဦးစီးတစ္ေယာက္သည္ မိသားစုၿငိမ္းခ်မ္းသာယာေရး၊ စိတ္ဝမ္းမကြဲဘဲ ေအးအတူပူအမွ် ညီၫြတ္စြာ ေနထိုင္ေရးတို႔ကို အဓိကထားေဆာင္႐ြက္ရသူျဖစ္သည္။မိသားစုဝင္အားလုံးတို႔က သူ႔မ်က္ႏွာကို ေမာ့ၾကည့္ေနရ၏။သူ႔ကို အားကိုးအားထားျပဳၾကရ၏။သူ႔အႀကံဉာဏ္ကို ေလးစားၾကရ၏။သူ႔ဆုံးျဖတ္ခ်က္ကို လိုက္နာၾကရ၏။သို႔ေသာ္ အခ်ိဳ႕အိမ္ေထာင္ဦးစီးမ်ားသည္ သူကိုယ္တိုင္က အရက္၊ ေလာင္းကစား၊ အေပ်ာ္အပါးလိုက္စားတာမ်ိဳး၊ ဇနီးမယားအေပၚ သစၥာမထားတာမ်ိဳး၊ သားသမီးမ်ားအေပၚ မညႇာမတာဆက္ဆံၿပီး တစ္ဖက္သတ္ ခ်ဳပ္ခ်ယ္တာမ်ိဳး ျပဳတတ္ၾက၏။အခ်ိဳ႕မိဘမ်ားသည္ မိမိ၏ ရာထူး၊ ေငြေၾကးဥစၥာတို႔အေပၚ သာယာယစ္မူးကာ၊ ေလာဘျမစ္မွာ ေမ်ာလြင့္ေနၾကၿပီး မိသားစုဝင္တို႔၏ ဒုကၡကိုပင္ မျမင္ဟန္ေဆာင္ေနတတ္ၾက၏။

ေဂါတမျမတ္စြာဘုရား ပြင့္ေတာ္မူစဥ္ကျဖစ္သည္။ျမတ္စြာဘုရားရွင္သည္ သာဝတၳိျပည္၊ ေဇတဝန္ေက်ာင္းေတာ္တြင္ သီတင္းသုံးေနေတာ္မူ၏။ထိုသာဝတၳိျပည္မွာ “အဒိနပုဗ” ဟု ထင္ရွားေသာ ပုဏၰားသူႂကြယ္ရွိ၏။ထိုသူႂကြယ္တြင္ “မ႒ကု႑လီ” မည္ေသာ သားတစ္ေယာက္ရွိ၏။သူႂကြယ္သည္ ေငြေၾကးဥစၥာ ခ်မ္းသာႂကြယ္ဝေသာ္လည္း၊ ႏွေျမာတြန႔္တိုသည္။
စည္းစိမ္ဥစၥာေလ်ာ့ပါးမွာ အလြန္စိုးရိမ္သည္။သူ၏ တစ္ဦးတည္းေသာ သားေလးကိုလည္း အလႉဒါနမျပဳတတ္ေအာင္၊ ႏွေျမာတြန႔္တိုတတ္ေအာင္ ငယ္စဥ္ကပင္ သင္ၾကားဩဝါဒေပးထား၏။တစ္ခါေသာ္ ထိုသားေလးသည္ ေနထိုင္မေကာင္းျဖစ္ေလသည္။သူႂကြယ္သည္ မိမိမွာ ေငြေၾကးခ်မ္းသာပါလ်က္၊ တစ္ဦးတည္းေသာ သားေလးကို ခ်စ္ပါလ်က္ မိမိ၏ ေငြေၾကးဥစၥာ သုံးစြဲရမည္ကို စိုးရိမ္သျဖင့္ ေဆးဆရာေခၚ၍ ကုသႏိုင္ပါေသာ္လည္း မကုသခဲ့ေပ။ေနာက္ဆုံးတြင္ သားျဖစ္သူသည္ ေဆးဝါးမ်ားႏွင့္ အေသအခ်ာကုသမႈကို မခံယူရျခင္း၊ အာဟာရခ်ိဳ႕တဲ့ျခင္းတို႔ေၾကာင့္ ေသဆုံးခဲ့ရ၏။သားျဖစ္သူ ေသဆုံးသည္အထိ သူ႔ဥစၥာစည္းစိမ္ကို အထိအခိုက္ အပြန္းအရွ မရွိေအာင္ ကာကြယ္ခဲ့သည့္ အာဂေလာဘသားႀကီးျဖစ္၏။ဥစၥာျပည့္စုံသည့္ ဖခင္တစ္ဦးျဖစ္ေသာ္လည္း စိတ္ဓါတ္ကေတာ့ အလြန္ေအာက္တန္းက်လွေပသည္။မြန္ျမတ္ေသာ၊ ျမင့္မားေသာ အျခားသူမ်ားရွိပါေသးသည္။

ပညာသင္ၾကားေပးေသာ ဆရာသမားမ်ားသည္ တပည့္မ်ား၏ ေရွ႕ေဆာင္လမ္းျပျဖစ္၏။မွန္ကန္ေကာင္းမြန္သည့္ အက်င့္စ႐ိုက္မ်ိဳးျဖစ္ေအာင္ သင္ျပလမ္းၫႊန္ၾကရ၏။မေကာင္းသည့္ အက်င့္စ႐ိုက္မ်ိဳး မရွိေအာင္ ကာကြယ္တားဆီးေပးရ၏။သို႔ေသာ္ အခ်ိဳ႕ဆရာမ်ားမွာ တပည့္ႏွင့္ အရက္အတူေသာက္၏။ေလာင္းကစားအတူလုပ္၏။အေပ်ာ္အပါး အတူက်ဴးလြန္၏။ထူးထူးျခားျခား တခ်ိဳ႕ဆိုလွ်င္ တပည့္မိန္းကေလးမ်ားကို က်ဴးက်ဴးလြန္လြန္ ေစာ္ေစာ္ကားကားပင္ ျပဳတတ္ၾကပါသည္။ယခုေခတ္ ေက်ာင္းဆရာအခ်ိဳ႕ဆိုလွ်င္၊ ေက်ာင္းမွာ ပုံမွန္အတန္းတက္ေနေသာ ေက်ာင္းသားႏွင့္ မိမိထံမွာ သီးသန႔္က်ဴရွင္ယူထားေသာ ေက်ာင္းသားဟူ၍ ခြဲျခားဆက္ဆံၾကသည္။မြန္ျမတ္ေသာ အာစရိယဆရာတို႔၏ စိတ္ဓါတ္သည္ အထက္တန္းက်သင့္သည္လား၊ ေအာက္တန္းက်သင့္သည္လား မစဥ္းစားမဆင္ျခင္ႏိုင္ေအာင္ အသိတရားေတြ၊ သတိတရားေတြ ကင္းလြတ္ေနၾကေလသည္။

တိုင္းျပည္အုပ္ခ်ဳပ္သူ အာဏာပိုင္တို႔မွာ ပို၍ျမင့္မားေသာေနရာမွာ ရွိေနၾကသူမ်ားျဖစ္သည္။ျပည္သူ ျပည္သားမ်ား၏ အသက္စည္းစိမ္ကို ကာကြယ္ေပးၾကရသည္။စား၊ ဝတ္၊ ေနေရး၊ က်န္းမာေရး၊ ပညာေရးတို႔ကို မွန္ကန္ေအာင္၊ တိုးတက္ေအာင္ စီမံေပးရသည္။တိုင္းသူျပည္သားတို႔အေပၚ ရင္ဝယ္သားကဲ့သို႔ ေမတၱာ၊ အၾကင္နာထားရပါသည္။

ျပည္သူလူထု၏ အသက္စည္းစိမ္ကို ကာကြယ္ေပးရမည့္သူက ျပည္သူ႔အသက္ကိုသတ္၏။ျပည္သူ႔အိုးအိမ္စည္းစိမ္ကို ဖ်က္ဆီး၏။ေခါင္းပုံျဖတ္ အျမတ္ထုတ္ကာ လုယူၾက၏။ခိုးယူၾက၏။ျမင့္ျမင့္မားမား အထက္တန္းက်ေသာေနရာမွာ ခႏၶာကိုယ္ႀကီးက လွလွပပရွိေနသည့္အခ်ိန္တြင္ သူ၏ နိမ့္နိမ့္ပါးပါး ေအာက္တန္းက်သည့္စိတ္က ႐ႊံ႕မ်ား၊ ေၾကး (ဂ်ီး) မ်ား၊ မစင္မ်ားႏွင့္ လူးေနပါသည္။

မၾကာေသးမီ ေခတ္ကာလမ်ားက အုပ္ခ်ဳပ္သူ လူတစ္စုေၾကာင့္ ျပည္သူေတြ အတိဒုကၡေရာက္ခဲ့ၾကရသည္။ၿမိဳ႕ေပၚမွ ဘိုးဘြားပိုင္ေျမမွာ အေျခခိုင္ခိုင္ေနၾကရာမွ ထိုအိုးအိမ္ကို စြန္႔ခြာ၍ ၿမိဳ႕စြန္ၿမိဳ႕ဖ်ား လယ္ကြင္းေတြနား ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ရပါသည္။ၿမိဳ႕တြင္းမွာ အခိုင္အမာရွိေနေသာ တကၠသိုလ္ေက်ာင္းမ်ားကို မတက္ရဘဲ ၿမိဳ႕စြန္ၿမိဳ႕ဖ်ား လယ္ကြက္ေတြၾကားမွာ တကၠသိုလ္ပညာ သြားေရာက္သင္ယူခဲ့ၾကရပါသည္။ႏိုင္ငံႏွင့္ လူမ်ိဳးအတြက္၊ အမွန္တရားအတြက္၊ မတရားမႈပေပ်ာက္ေရးအတြက္၊ အာဏာရွင္ပ်က္သုန္းေရးအတြက္၊ တရားမွ်တေသာ စနစ္ႏွင့္ တရားမွ်တေသာ အုပ္ခ်ဳပ္မႈအတြက္ အသက္ႏွင့္လဲရဲေသာ၊ အသက္ႏွင့္လဲဝံ့ေသာ လူစြမ္းေကာင္းႀကီးႏွင့္ လူစြမ္းေကာင္းေလးမ်ား ထြက္ေပၚလာပါသည္။ထိုလူစြမ္းေကာင္းမ်ားကိုလည္း အမ်ိဳးမ်ိဳးဒုကၡေပးပါသည္။ပရိယာယ္အမ်ိဳးမ်ိဳးႏွင့္ ဖမ္းဆီးအျပစ္ေပးပါသည္။
တခ်ိဳ႕လူစြမ္းေကာင္းေလးမ်ားမွာ တကယ္အသက္စြန္႔သြားပါသည္။

သူတို႔ဖ်က္ဆီးလိုက္တာ ဝါးအိမ္၊ သစ္သားအိမ္၊ ဘိလပ္ေျမအိမ္ေတြ မဟုတ္တာ သူတို႔မသိၾကပါ။သူတို႔ဖ်က္ဆီးလိုက္တာ ဝါးအိမ္၊ သစ္သားအိမ္၊ ဘိလပ္ေျမအိမ္ေတြထဲက ျပည္သူ ျပည္သား မိသားစုမ်ား၏ အသက္ေတြ ဘဝေတြဆိုတာ သူတို႔မစဥ္းစားခဲ့ၾကပါ။သူတို႔ဖမ္းဆီးသတ္ျဖတ္ အမ်ိဳးမ်ိဳးဒုကၡေပးေနေသာ ျပည္သူ႔ေရွ႕ေဆာင္ လူစြမ္းေကာင္းမ်ားသည္ ႏိုင္ငံ၏အနာဂတ္၊ ျပည္သူ႔ဘဝမ်ား၏ အနာဂတ္ဆိုတာ သိေအာင္မႀကိဳးစားၾကပါ။အကယ္၍သိခဲ့လွ်င္လည္း မသိဟန္ေဆာင္ေနၾကပုံရပါသည္။ျပည္သူေတြမွာ ဒုကၡတစ္ေပြ႕တစ္ပိုက္ႏွင့္ ကိုယ့္အိမ္ကိုယ္ေနၿပီး ဒုကၡေရာက္၊ ကိုယ့္အိမ္စြန႔္ခဲ့ၿပီး ဒုကၡေရာက္၊ ကိုယ့္အိမ္ေရာ သူမ်ားအိမ္ေရာ မေနႏိုင္ဘဲ အခ်ဳပ္ထဲမွာဒုကၡေရာက္၊ အသက္စြန႔္ၿပီး ဒုကၡေရာက္ခဲ့ၾကရပါသည္။

ျပည္သူအားကိုးရသည့္၊ ျပည္သူေတြေမာ့ၾကည့္ရသည့္ အျမင့္ဘုံဖ်ားမွာ ခႏၶာကိုယ္ေတြရွိေနၿပီး ျပည္သူအေပၚဆက္ဆံသည့္ သေဘာထားစိတ္ဓါတ္က ခ်ဳံၾကားထဲ တိုးသည္ထက္ တိုးေနၾကပါသည္။

တကယ္ေတြးၾကည့္လွ်င္ ျမင့္ျမတ္ေသာေနရာဆိုတာက ရာထူးႀကီးျခင္း၊ ေငြေၾကးဓနႂကြယ္ဝခ်မ္းသာျခင္း၊ အာဏာရွိျခင္း၊ လုပ္ပိုင္ခြင့္ရွိျခင္း၊ အသက္ႀကီးျခင္း၊ အေတြ႕အႀကဳံမ်ားျခင္း၊ အတတ္ပညာထူးခြၽန္ျခင္းေတြပါ။

ျမင့္ျမတ္ေသာစိတ္ဆိုတာက ေလာဘ၊ ေဒါသ၊ ေမာဟ အေပ်ာက္အက်ားမရွိေသာ ေမတၱာ၊ က႐ုဏာ၊ မုဒိတာ၊ ဥပကၡာ စိတ္ေတြပါ။ျမင့္ျမတ္ေသာေနရာမွာရွိေနၿပီး ျမင့္ျမတ္ေသာစိတ္ မရွိသူသည္ တန္ဖိုးမဲ့သူပါ။ျမင့္ျမတ္ေသာေနရာမွာ မေနရေသာ္လည္း ျမင့္ျမတ္ေသာစိတ္ရွိသူသည္ တန္ဖိုးရွိသူပါ။

ထပ္မံ၍ေတြးၾကည့္လွ်င္ သာမန္ဆင္းရဲသားတစ္ေယာက္မွာ ျမင့္ျမတ္ေသာစိတ္ရွိလွ်င္ သူ႔ဘဝအတြက္ေတာ့ စိတ္ခ်ရပါၿပီ။ေငြေၾကးမခ်မ္းသာေသာ္လည္း စိတ္ခ်မ္းသာေနပါလိမ့္မည္။သို႔ေသာ္ သူစိတ္ထားျမင့္ျမတ္မႈက တစ္ႏိုင္ငံလုံး စိတ္ခ်မ္းသာေအာင္ေတာ့ မျပဳလုပ္ေပးႏိုင္ပါ။

ႏိုင္ငံအုပ္ခ်ဳပ္သူတစ္ေယာက္မွာ ျမင့္ျမတ္ေသာစိတ္ရွိလွ်င္ေတာ့ သူကိုယ္တိုင္လည္း စိတ္ခ်မ္းသာရပါမည္။တစ္ႏိုင္ငံလုံးကိုလည္း စိတ္ခ်မ္းသာမႈေပးႏိုင္ပါသည္။ထိုေၾကာင့္ လာမည့္ေ႐ြးေကာက္ပြဲတြင္ “လူေနဘုံဖ်ား စိတ္ေနဘုံဖ်ား” မ်ားကို ေမွ်ာ္လင့္ရပါမည္။ရွိေနလွ်င္ ယုံၾကည္အားကိုးစြာ သူ႔အရိပ္ကို ခိုရပါမည္။“လူေနဘုံဖ်ား စိတ္ေနခ်ဳံၾကား” မ်ားကိုေတာ့ ေရွာင္ရွားၾကရပါမည္။ျဖစ္ႏိုင္လွ်င္ေတာ့ ဖယ္ရွားၾကရပါမည္။

႐ိုက္ေမာင္း
ဒီဇင္ဘာ - ၄