【 ဆောင်းပါး 】 “လူမှုရေးပြဿနာများ၏ သားကောင်ဖြစ်ရသူများ”

【 ဆောင်းပါး 】 “လူမှုရေးပြဿနာများ၏ သားကောင်ဖြစ်ရသူများ”

စာသင်ဖို့အတွက် ဆင်ဖြေဖုံးရပ်ကွက်လေးကို ကျွန်တော်အမြဲဖြတ်ရတိုင်း တွေ့ရသည့် မြင်ကွင်းက ထိုလမ်းထဲမှ တစ်အိမ် (သို့မဟုတ်) တစ်အိမ်ကနေ ကလေးငိုသံကြားရခြင်း၊ မကြားရလျှင် ရန်ဖြစ်သံကို ကြားရခြင်းပင် ဖြစ်သည်။တစ်ခုမဟုတ် တစ်ခုသော အသံကို စကြားကာစက အဆန်းသဖွယ်ဖြစ်သော်လည်း နောင်တော့ မကြာခဏဆိုသလို ကြားနေမြင်နေရ၍ သိပ်မဆန်းတော့။

သို့သော် ကလေးတွေရိုက်လို့ အိမ်ထဲကနေ ပြေးထွက်လာရတာတွေ မြင်ရသည့်အခါ၊ ကလေးတွေကို လူကြီးအားနှင့် နပမ်ကျင်းတာ၊ ရိုက်တာ။နောက်ကနေ ဆောင့်ကန်တာတွေ မြင်ရသည့်အခါတိုင်း စိတ်ထဲ မသက်မသာဖြစ်မိသည်က အမှန်။စိတ်ထဲတွင် ထိုကလေးတွေ ဘယ်လိုများ လူလားမြောက်လာကြမလဲ၊ ဒီလိုပုံစံနှင့်ဆို ထိုကလေးတွေထဲက လမ်းဘေး ဘယ်နှစ်ယောက် ရောက်သွားမလဲဆိုတာကို မကြာခဏတော့ စိတ်ထဲ တွက်တွက်နေမိသည်။

တစ်ရက်မှာ ထိုရပ်ကွက်ထဲကအဖြတ် လူတစ်ယောက်က ကလေးငယ်လက်ကိုဆွဲကာ တံမြက်စည်းဖြင့် အငြိုးတကြီး အားရပါးရိုက်နေကာ ကလေးငယ်မှာ ကူရာကယ်ရာမဲ့ ရုန်းကန်အော်ဟစ်ငိုနေသည်က ကမ္ဘာပျက်သည့်နှယ်။ထိုသို့ဖြစ်နေသော်လည်း ဝင်ဆွဲမည့်သူက မရှိသလို တစ်လမ်းလုံး ဖြစ်ရိုးဖြစ်စဉ်သာသာ ကိုယ်နှင့် ဘာမှမဆိုင်သလို နေကြသည်ကို တွေ့ရသည်။ကျောင်းဆရာဖြစ်သည့် ကျွန်တော်မှာ ကြားထဲက မနေနိုင်မထိုင်နိုင် တားရမလို၊ ဆွဲရမလိုလိုနှင့်။နောက်တော့ စိတ်ထဲ သူတို့က သားအဖဖြစ်လို့၊ တူအရီးဖြစ်လို့ဟု စိတ်ကဖြေတွေးကာ စာသင်မည့်နေရာကို ဆက်သွားရသည်။စိတ်ကတော့ ထိုကလေးကို ရိုက်နှက်သည့်နေရာမှာ ကျန်ခဲ့သည်။ထိုကလေးကို ရိုက်နေတာ ဘယ်တော့ပြီးသွားပါ့မလဲဟု။

ထိုအတွေးက စာသင်နေသည့်အိမ် ရောက်တော့ စာသင်တာ၊ ကိုယ့်ဗာဟီရကိစ္စတွေနှင့် ပျောက်သွားသည်။နောက် အိမ်ပြန်ရောက်တော့ ထမင်းစားသောက်ပြီး ရေနွေးကြမ်းထိုင်သောက်မှ လမ်းထဲ ကလေးတွေ ကစားနေတာမြင်ပြီး ပြန်သတိရမိသည်။အတွေးထဲ ထိုကလေး၏စိတ်ထဲ သူ့ကိုရိုက်နှက်နေတာ ဝင်ဆွဲပေးတဲ့သူ မရှိတဲ့အတွက် ဘယ်လောက်တောင် စိတ်အားငယ်မလဲ၊ ဒါမှမဟုတ် ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ဘာဖြစ်နေမလဲ၊ အထူးသဖြင့် ကလေးငယ်စိတ်ထဲ ဒီလိုရိုက်နှက်ခံရတာက ကျင့်သားရပြီး လောကကို မကောင်းစိတ်အခံတွေ ဖြစ်နေမလားဟု တောင်စဉ်ရေမရသလို အတွေးထဲ ဝင်ဝင်နေခဲ့သည်။

အိမ်ရှေ့ ပြေးလွှားကစားနေသည့် ကလေးတွေလို ဆော့ကစားခွင့်မရသည့် ကလေးတွေ၊ အခုနကလို ရိုက်နှက်ခံရသည့် ကလေးတွေ ဒီနိုင်ငံမှာ ဘယ်လောက်တောင်များနေပြီလဲဟု တွေးမိသည်။ထိုအတွေးနှင့်အတူ ထိုကလေးတွေ ဘယ်လိုမိသားစုက ဆင်းသက်လာသလဲ ဆိုတာကိုပါ ဆက်စပ်တွေးကြည့်မိသည့်အခါ သက်ပြင်းရဲရဲ မချဝံ့လောက်အောင်ပင်  ယနေ့ခေတ် လူ့အဖွဲ့အစည်း အခြေအနေကို ထိတ်လန့်ဖွယ် တွေ့မိလာရသည်။

ထိုအတွေးက ကျောင်းဆရာဖြစ်သည့် ကျွန်တော့်ကို အတော်လေး အလုပ်များစေသည်။ပြီးတော့ စိုးရိမ်သောကလည်း ဖြစ်စေခဲ့သည်။

ကျွန်တော်ဘာကို သောကဖြစ်ပါသနည်း။ကျွန်တော် သောကဖြစ်သည်က အခြားမဟုတ်။ထိုကလေးတွေရှိရာ မိသားအများစုက ယနေ့မြန်မာပြည်၏ အများဆုံးအစုအဖွဲ့ဖြစ်သည့် အောက်ခြေလူတန်းစားမှာ ဖြစ်နေတာကိုပင်။ပြီးတော့ ထိုအောက်ခြေလူတန်းစားတွင် အိမ်ထောင်ကို ဦးဆောင်သူဟု သတ်မှတ်ထားသည့် ယောင်္ကျားတိုင်းက အရက်ကို နေ့စဉ်နီးပါး သောက်သုံးသူတွေ။ဒီအရက်သမားအများစု၏ မိသားစုတွေကို ကြည့်သည့်အခါ အများစုက စီးပွားရေးမပြေလည်တာနှင့် အိမ်တွင်းအကြမ်းဖက်မှုတွေ နေ့စဉ်ရှိနေကြသည့် မိသားစုတွေ။

ထိုပမာဏက နည်းသည်တော့မဟုတ်။ရန်ကုန်မြို့ထဲတွင်သာ ကွက်ကွက်နေထိုင် ကျင်လည်သူဆိုလျှင် မသိနိုင်။ကျွန်တော့လို တစ်နေ့ ကိုးကျင်းကိုးကျင်းဖြင့် အခြေခံလူတန်းစားများ နေထိုင်ရာ အရပ်တွေကို ခြေတိုအောင် စာလိုက်သင်ရသည့် မအောင်မြင်သည့် ကျူရှင်ဆရာတစ်ယောက် အမြင်တွင် ထိုကလေးငယ်တွေ ကြီးပြင်းလာမည့် နောင် ၅ နှစ် ၁၀ နှစ် ခေတ်ကို ယနေ့ခေတ် မက္ကဆီကိုလို လူဆိုးလူမိုက်တွေချည်းသာ ကြီးစိုးတွင်ကျယ်နေသည့် နိုင်ငံအဖြစ် မြင်ရမလားဟု တွေးပြီးရင်မောမိသည်။သည်လိုဆိုသော် ယခုကော ဘာထူးသလဲဟု မေးစရာရှိလာသည်။ဟုတ်ပါသည်။
ယခုလည်း လူဆိုးလူမိုက်တွေကြားထဲ ကျွန်တော်တို့ ကြောက်ကြောက်ရွံ့ရွံ့ နေရခြင်းပဲ မဟုတ်ပါလား။

ရပ်ကွက်တစ်ခု လမ်းတစ်ခုတွင် အရက်ဆိုင်များလာသည်နှင့် လူဆိုးသူခိုးများလာတာ၊ စီးပွားရေးအဆင်မပြေသည့် မိသားစုများလာတာ၊ ရပ်ကွက်ထဲ ပြဿနာဖြစ်နူန်း တက်လာတာ၊ သားပျိုသမီးပျို ပျက်စီးနှုန်း၊ အန္တရာယ်ဖြစ်နှုန်း တိုးလာတာကို အာဏာပိုင်တွေ သတိမထားမိတာလား၊ ကိုယ့်အတွက် လာဘ်လာဘရနေလို့ လျစ်လျူရှုနေတာလားဟု  အရက်ဆိုင်တွေရှေ့က ဖြတ်လျှောက်တိုင်း ကျွန်တော်စဉ်းစားမိသည်။

ရပ်ကွက်ထဲ ဒီလိုအရက်ဆိုင်တွေ များလေလေ ရပ်ကွက်တည်ငြိမ်မှု ပျက်ပြားလေလေ ဆိုတာကို တရားဥပဒေစိုးမိုးရေး လုပ်နေသည့်လူတွေ မမြင်ကြတာလားဟုလည်း တွေးမိသည်။တလောက အရက်နှင့် ပတ်သက်သည့် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ထိုသတင်းထဲတွင် လန်ဒန်အခြေစိုက် သုတေသနကုမ္ပဏီ IWSR က အာရှတွင် အရက်သောက်သုံးမှု တိုးတက်နှုန်း အမြန်ဆုံးဈေးကွက်အဖြစ် မြန်မာကို ရည်ညွှန်းထားပြီး သေချာသည့် ကိန်းဂဏန်း အချက်အလက်အဖြစ် ၂၀၁၆ ခုနှစ်အတွင်း မြန်မာများ အရက်သောက်သုံးမှုနှုန်းက၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်လျင် ၆၃ ရာခိုင်နှုန်း တက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်း တက်လိမ့်မည်ဟု ခန့်မှန်းထားတာကို ဖတ်လိုက်ရသည်။

ဒါကဖြစ်နိုင်သည်ဟု ကျွန်တော်တွေးမိသည်။မနက်စောစောကတည်းက အရက်ဆိုင်ကိုနှိုးပြီး အရက်လာသောက်သည့်သူတွေကို ကျွန်တော်မြင်ဖူးသည်။ဆိုက်ကားနင်းလိုက် ကုန်ထမ်းလိုက် ကားမောင်းလိုက်ဖြင့် တနေကုန်တစ်နေခမ်း အရက်စိမ်သောက်သူများကိုလည်း တွေ့ဖူးသည်။ဒီလိုလူတွေအပြင် ညတိုင်းညနေတိုင်း အရက်ဆိုင်မှာ “လူဆွေးဆွေး ဆိုင်ဆွေးဆွေး” စွဲစွဲမြဲမြဲသောက်သည့်သူတွေကလည်း အနဂ္ဂမ။မြန်မာလူမျိုးတွေ သောက်လေ့ရှိသည့် အရက်ပမာဏက သူသေကိုယ်သေ အငြိုးတကြီးသောက်ကြသည့် ပုံစံမျိုး။ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ အမျိုးသားများအတွက် အန္တရာယ်ရှိသော အရက်သောက်သုံးမှု ဆိုသည်မှာ မြန်မာနိုင်ငံတွင် အများစုသောက်သုံးလေ့ရှိသော အယ်လ်ကိုဟော ၄ဝ ရာခိုင်နှုန်း ပတ်ဝန်းကျင် ပါဝင်သည့် ဝီစကီဆိုလျှင် တစ်ရက်လျှင် ၁၈ဝ မီလီလီတာနှင့် တစ်ပတ်လျှင် ၆၃ဝ မီလီလီတာ ကျော်လွန်ခြင်းမျိုး။

အယ်လ်ကိုဟောမှာ လူ့ခန္ဓာကိုယ်နှင့် ဦးနှောက်အာရုံကြော အဖွဲ့အစည်းကို ထိခိုက်စေသော အရာတစ်မျိုးဖြစ်ပြီး သောက်သုံးသူ၏ စိတ်နှင့် ခံစားချက်ကို ပြောင်းလဲစေနိုင်သည်။ဖတ်ဖူးသည့် စာတွေအရ အရက်ကြောင့်  အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ နှလုံးကြီးခြင်း၊ နှလုံးအားနည်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အစာအိမ်ရောင်ခြင်း၊ အစာအိမ် အနာဖြစ်ခြင်း၊ အစာအိမ် သွေးကြောပေါက်ခြင်း၊ ပန်ကရိယရောင်ခြင်း၊ ဦးနှောက်နှင့် အာရုံကြောအားနည်းခြင်း၊ ခံတွင်းနှင့် လည်ချောင်း ကင်ဆာဖြစ်ခြင်း၊ အရက်အဆိပ်တက်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်စေနိုင်သည်ဟု ဆိုသည်။တစ်ကယ့်အပြင်မှာ လက်တွေ့လည်း တွေ့နေရသည်။

အရက်သောက်ခြင်းဆိုသည်က သောက်သူတစ်ဦးထဲတွင်သာ ကောင်းကျိုးဆိုးကျိုး ရှိနေတာမဟုတ်။မိသားစုတစ်ခုအတွင်း အရက်သမားတစ်ဦး ရှိနေခြင်းဖြင့် မကြာခဏစကားများ ရန်ဖြစ်ရခြင်း၊ အိမ်တွင်းအကြမ်းဖက်ခြင်းများ ဖြစ်လေ့ရှိသည်။ထိုအရက်သမားရှိရာ လူမှုပတ်ဝန်းကျင်တွင်လည်း အရက်စွဲစွဲမြဲမြဲ သောက်သုံးသူကြောင့် ရန်ဖြစ်ခြင်း၊ စကားများခြင်း၊ ငွေကြေးပြဿနာများ ရှုပ်ထွေးခြင်းတို့လည်း ဖြစ်တာကို မကြာခဏတွေ့ရ သလို အရက်သောက်သူတွင်လည်း လူမှုဘဝတာဝန်များ ပျက်ကွက်ခြင်း၊ အပေါင်းအသင်း အဝန်းအဝိုင်းက စွန့်ခွာခြင်းများရှိလာသည်။

အရက်သောက်ခြင်းနှင့် ဆက်စပ်၍ ၁၉၉၀ နှင့် ၂၀၁၆ ကြား ပြုလုပ်ခဲ့သည့် လေ့လာမှုများတွင် ကမ္ဘာတစ်ဝန်း လူသုံးဦးရှိလျှင် တစ်ဦးနှုန်း ( လူဦးရေ ၂ ဒသမ ၄ ဘီလျံ) အရက်သောက်သုံးနေပြီး အရက်ကြောင့်  တစ်နှစ်လျှင် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၂ ဒသမ ၈ သန်း ရှိကြောင်း သိရသည်။ဒါက ကမ္ဘာနှင့်ချီသည့် လေ့လာမှုတွေ။မြန်မာပြည်မှာတော့ အရက်ကို မအိုဆေးဟု ခေါ်ကြသည်။အရက်ကြောင့် အရွယ်ကောင်းစဉ် စောစောစီးစီး သေဆုံးကြသည့်သူတွေက အောက်ခြေလူတန်းစားတွင် အများကြီး။

ထိုပြဿနာက ဘာတွေဖြစ်လာသလဲဆို ကလေးသူငယ်များကို ငယ်ရွယ်စဉ် လုပ်ငန်းခွင်ထဲ စောစောစီးစီး ရောက်စေခြင်းနှင့် ကလေးသူငယ်များ အနိုင်အထက် ပြုကျင့်ခံရခြင်း၊ အိမ်တွင်းအကြမ်းဖက်ခံရမှုနှင့် မိသားစုပြိုကွဲခြင်းများကို မိသားစုဘ၀ မလုံခြုံခြင်းများကို ဖြစ်စေခြင်းပင် ဖြစ်သည်။ခုတ်ရာတခြား ရှရာတစ်လွဲ ဆိုသလို ကလေးသူငယ်တွေဘ၀ လုံခြုံဖို့၊ သက်ငယ်မုဒိမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုအတွက် အရေးကြီးသည့် နေရာတကာတွင် ဈေးသက်သာပြီး  လွယ်လင့်တကူရရှိနေသည့် အရက်ယမကာကို တားဆီးရန် ယခုထိ မလုပ်နိုင်သေးခြင်းပင် ဖြစ်သည်။

ထိုသို႔မလုပ်နိုင်သေးသမျှ နေရာတိုင်းတွင် ခိုးဆိုးလုယက်နှင့် စာရိတ္တနိမ့်ပါးသော၊ လူကျင့်ဝတ်မဲ့သော လူတန်းစားတစ်ရပ်ကို အတောမသတ် ဖန်တီးပေးနေဦးမည် ဖြစ်သည်။ ထိုသို့မတားနိုင်သေးသမျှ ကလေးသူငယ်နှင့် အမျိုးသမီးငယ်များ၊ သက်ကြီးရွယ်အိုများ ထိုလူတန်းစားကြောင့် သားကောင်ဖြစ်ရသည့် အဖြစ်ဆိုးတွေကို မကြာခဏကြားရမြင်နေရဦးမည် ဖြစ်သည်။

စာသင်ကျောင်းတစ်ကျောင်း ဖွင့်လှစ်နိုင်တိုင်း ထောင်တံခါးချပ်ပေါင်းများစွာ ပိတ်နိုင်သည်ဆိုတာကို သိထားသည့် အာဏာပိုင်တွေအဖို့ “အရက်ဆိုင်တစ်ဆိုင် ဖွင့်လိုက်တိုင်း မိသားစုပေါင်းများစွာ၏ဘဝ၊ ကျောင်းသားပေါင်းများစွာ၏ဘဝကို ဖျက်ဆီးနိုင်တာကိုလည်း” သတိမူဖို့ အရေးကြီးပေသည်။

မောင်ဦးလွင်
ဒီဇင်ဘာ - ၂၀

( Zawgyi )

စာသင္ဖို႔အတြက္ ဆင္ေျဖဖုံးရပ္ကြက္ေလးကို ကြၽန္ေတာ္အၿမဲျဖတ္ရတိုင္း ေတြ႕ရသည့္ ျမင္ကြင္းက ထိုလမ္းထဲမွ တစ္အိမ္ (သို႔မဟုတ္) တစ္အိမ္ကေန ကေလးငိုသံၾကားရျခင္း၊ မၾကားရလွ်င္ ရန္ျဖစ္သံကို ၾကားရျခင္းပင္ ျဖစ္သည္။တစ္ခုမဟုတ္ တစ္ခုေသာ အသံကို စၾကားကာစက အဆန္းသဖြယ္ျဖစ္ေသာ္လည္း ေနာင္ေတာ့ မၾကာခဏဆိုသလို ၾကားေနျမင္ေနရ၍ သိပ္မဆန္းေတာ့။

သို႔ေသာ္ ကေလးေတြ႐ိုက္လို႔ အိမ္ထဲကေန ေျပးထြက္လာရတာေတြ ျမင္ရသည့္အခါ၊ ကေလးေတြကို လူႀကီးအားႏွင့္ နပမ္က်င္းတာ၊ ႐ိုက္တာ။ေနာက္ကေန ေဆာင့္ကန္တာေတြ ျမင္ရသည့္အခါတိုင္း စိတ္ထဲ မသက္မသာျဖစ္မိသည္က အမွန္။စိတ္ထဲတြင္ ထိုကေလးေတြ ဘယ္လိုမ်ား လူလားေျမာက္လာၾကမလဲ၊ ဒီလိုပုံစံႏွင့္ဆို ထိုကေလးေတြထဲက လမ္းေဘး ဘယ္ႏွစ္ေယာက္ ေရာက္သြားမလဲဆိုတာကို မၾကာခဏေတာ့ စိတ္ထဲ တြက္တြက္ေနမိသည္။

တစ္ရက္မွာ ထိုရပ္ကြက္ထဲကအျဖတ္ လူတစ္ေယာက္က ကေလးငယ္လက္ကိုဆြဲကာ တံျမက္စည္းျဖင့္ အၿငိဳးတႀကီး အားရပါး႐ိုက္ေနကာ ကေလးငယ္မွာ ကူရာကယ္ရာမဲ့ ႐ုန္းကန္ေအာ္ဟစ္ငိုေနသည္က ကမာၻပ်က္သည့္ႏွယ္။ထိုသို႔ျဖစ္ေနေသာ္လည္း ဝင္ဆြဲမည့္သူက မရွိသလို တစ္လမ္းလုံး ျဖစ္႐ိုးျဖစ္စဥ္သာသာ ကိုယ္ႏွင့္ ဘာမွမဆိုင္သလို ေနၾကသည္ကို ေတြ႕ရသည္။ေက်ာင္းဆရာျဖစ္သည့္ ကြၽန္ေတာ္မွာ ၾကားထဲက မေနႏိုင္မထိုင္ႏိုင္ တားရမလို၊ ဆြဲရမလိုလိုႏွင့္။ေနာက္ေတာ့ စိတ္ထဲ သူတို႔က သားအဖျဖစ္လို႔၊ တူအရီးျဖစ္လို႔ဟု စိတ္ကေျဖေတြးကာ စာသင္မည့္ေနရာကို ဆက္သြားရသည္။စိတ္ကေတာ့ ထိုကေလးကို ႐ိုက္ႏွက္သည့္ေနရာမွာ က်န္ခဲ့သည္။ထိုကေလးကို ႐ိုက္ေနတာ ဘယ္ေတာ့ၿပီးသြားပါ့မလဲဟု။

ထိုအေတြးက စာသင္ေနသည့္အိမ္ ေရာက္ေတာ့ စာသင္တာ၊ ကိုယ့္ဗာဟီရကိစၥေတြႏွင့္ ေပ်ာက္သြားသည္။ေနာက္ အိမ္ျပန္ေရာက္ေတာ့ ထမင္းစားေသာက္ၿပီး ေရေႏြးၾကမ္းထိုင္ေသာက္မွ လမ္းထဲ ကေလးေတြ ကစားေနတာျမင္ၿပီး ျပန္သတိရမိသည္။အေတြးထဲ ထိုကေလး၏စိတ္ထဲ သူ႔ကို႐ိုက္ႏွက္ေနတာ ဝင္ဆြဲေပးတဲ့သူ မရွိတဲ့အတြက္ ဘယ္ေလာက္ေတာင္ စိတ္အားငယ္မလဲ၊ ဒါမွမဟုတ္ ႐ိုက္ႏွက္ခံထားရတဲ့ ဒဏ္ရာေတြနဲ႔ ဘာျဖစ္ေနမလဲ၊ အထူးသျဖင့္ ကေလးငယ္စိတ္ထဲ ဒီလို႐ိုက္ႏွက္ခံရတာက က်င့္သားရၿပီး ေလာကကို မေကာင္းစိတ္အခံေတြ ျဖစ္ေနမလားဟု ေတာင္စဥ္ေရမရသလို အေတြးထဲ ဝင္ဝင္ေနခဲ့သည္။

အိမ္ေရွ႕ ေျပးလႊားကစားေနသည့္ ကေလးေတြလို ေဆာ့ကစားခြင့္မရသည့္ ကေလးေတြ၊ အခုနကလို ႐ိုက္ႏွက္ခံရသည့္ ကေလးေတြ ဒီႏိုင္ငံမွာ ဘယ္ေလာက္ေတာင္မ်ားေနၿပီလဲဟု ေတြးမိသည္။ထိုအေတြးႏွင့္အတူ ထိုကေလးေတြ ဘယ္လိုမိသားစုက ဆင္းသက္လာသလဲ ဆိုတာကိုပါ ဆက္စပ္ေတြးၾကည့္မိသည့္အခါ သက္ျပင္းရဲရဲ မခ်ဝံ့ေလာက္ေအာင္ပင္  ယေန႔ေခတ္ လူ႔အဖြဲ႕အစည္း အေျခအေနကို ထိတ္လန႔္ဖြယ္ ေတြ႕မိလာရသည္။

ထိုအေတြးက ေက်ာင္းဆရာျဖစ္သည့္ ကြၽန္ေတာ့္ကို အေတာ္ေလး အလုပ္မ်ားေစသည္။ၿပီးေတာ့ စိုးရိမ္ေသာကလည္း ျဖစ္ေစခဲ့သည္။

ကြၽန္ေတာ္ဘာကို ေသာကျဖစ္ပါသနည္း။ကြၽန္ေတာ္ ေသာကျဖစ္သည္က အျခားမဟုတ္။ထိုကေလးေတြရွိရာ မိသားအမ်ားစုက ယေန႔ျမန္မာျပည္၏ အမ်ားဆုံးအစုအဖြဲ႕ျဖစ္သည့္ ေအာက္ေျခလူတန္းစားမွာ ျဖစ္ေနတာကိုပင္။ၿပီးေတာ့ ထိုေအာက္ေျခလူတန္းစားတြင္ အိမ္ေထာင္ကို ဦးေဆာင္သူဟု သတ္မွတ္ထားသည့္ ေယာက်ၤားတိုင္းက အရက္ကို ေန႔စဥ္နီးပါး ေသာက္သုံးသူေတြ။ဒီအရက္သမားအမ်ားစု၏ မိသားစုေတြကို ၾကည့္သည့္အခါ အမ်ားစုက စီးပြားေရးမေျပလည္တာႏွင့္ အိမ္တြင္းအၾကမ္းဖက္မႈေတြ ေန႔စဥ္ရွိေနၾကသည့္ မိသားစုေတြ။

ထိုပမာဏက နည္းသည္ေတာ့မဟုတ္။ရန္ကုန္ၿမိဳ႕ထဲတြင္သာ ကြက္ကြက္ေနထိုင္ က်င္လည္သူဆိုလွ်င္ မသိႏိုင္။ကြၽန္ေတာ့လို တစ္ေန႔ ကိုးက်င္းကိုးက်င္းျဖင့္ အေျခခံလူတန္းစားမ်ား ေနထိုင္ရာ အရပ္ေတြကို ေျခတိုေအာင္ စာလိုက္သင္ရသည့္ မေအာင္ျမင္သည့္ က်ဴရွင္ဆရာတစ္ေယာက္ အျမင္တြင္ ထိုကေလးငယ္ေတြ ႀကီးျပင္းလာမည့္ ေနာင္ ၅ ႏွစ္ ၁၀ ႏွစ္ ေခတ္ကို ယေန႔ေခတ္ မကၠဆီကိုလို လူဆိုးလူမိုက္ေတြခ်ည္းသာ ႀကီးစိုးတြင္က်ယ္ေနသည့္ ႏိုင္ငံအျဖစ္ ျမင္ရမလားဟု ေတြးၿပီးရင္ေမာမိသည္။သည္လိုဆိုေသာ္ ယခုေကာ ဘာထူးသလဲဟု ေမးစရာရွိလာသည္။ဟုတ္ပါသည္။
ယခုလည္း လူဆိုးလူမိုက္ေတြၾကားထဲ ကြၽန္ေတာ္တို႔ ေၾကာက္ေၾကာက္႐ြံ႕႐ြံ႕ ေနရျခင္းပဲ မဟုတ္ပါလား။

ရပ္ကြက္တစ္ခု လမ္းတစ္ခုတြင္ အရက္ဆိုင္မ်ားလာသည္ႏွင့္ လူဆိုးသူခိုးမ်ားလာတာ၊ စီးပြားေရးအဆင္မေျပသည့္ မိသားစုမ်ားလာတာ၊ ရပ္ကြက္ထဲ ျပႆနာျဖစ္ႏူန္း တက္လာတာ၊ သားပ်ိဳသမီးပ်ိဳ ပ်က္စီးႏႈန္း၊ အႏၲရာယ္ျဖစ္ႏႈန္း တိုးလာတာကို အာဏာပိုင္ေတြ သတိမထားမိတာလား၊ ကိုယ့္အတြက္ လာဘ္လာဘရေနလို႔ လ်စ္လ်ဴရႈေနတာလားဟု  အရက္ဆိုင္ေတြေရွ႕က ျဖတ္ေလွ်ာက္တိုင္း ကြၽန္ေတာ္စဥ္းစားမိသည္။

ရပ္ကြက္ထဲ ဒီလိုအရက္ဆိုင္ေတြ မ်ားေလေလ ရပ္ကြက္တည္ၿငိမ္မႈ ပ်က္ျပားေလေလ ဆိုတာကို တရားဥပေဒစိုးမိုးေရး လုပ္ေနသည့္လူေတြ မျမင္ၾကတာလားဟုလည္း ေတြးမိသည္။တေလာက အရက္ႏွင့္ ပတ္သက္သည့္ သတင္းတစ္ပုဒ္ကို ဖတ္လိုက္ရသည္။ထိုသတင္းထဲတြင္ လန္ဒန္အေျခစိုက္ သုေတသနကုမၸဏီ IWSR က အာရွတြင္ အရက္ေသာက္သုံးမႈ တိုးတက္ႏႈန္း အျမန္ဆုံးေဈးကြက္အျဖစ္ ျမန္မာကို ရည္ၫႊန္းထားၿပီး ေသခ်ာသည့္ ကိန္းဂဏန္း အခ်က္အလက္အျဖစ္ ၂၀၁၆ ခုႏွစ္အတြင္း ျမန္မာမ်ား အရက္ေသာက္သုံးမႈႏႈန္းက၂၀၁၁ ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္လ်င္ ၆၃ ရာခိုင္ႏႈန္း တက္လာခဲ့ၿပီး ၂၀၂၁ ခုႏွစ္တြင္ ၂၀ ရာခိုင္ႏႈန္း တက္လိမ့္မည္ဟု ခန႔္မွန္းထားတာကို ဖတ္လိုက္ရသည္။

ဒါကျဖစ္ႏိုင္သည္ဟု ကြၽန္ေတာ္ေတြးမိသည္။မနက္ေစာေစာကတည္းက အရက္ဆိုင္ကိုႏႈိးၿပီး အရက္လာေသာက္သည့္သူေတြကို ကြၽန္ေတာ္ျမင္ဖူးသည္။ဆိုက္ကားနင္းလိုက္ ကုန္ထမ္းလိုက္ ကားေမာင္းလိုက္ျဖင့္ တေနကုန္တစ္ေနခမ္း အရက္စိမ္ေသာက္သူမ်ားကိုလည္း ေတြ႕ဖူးသည္။ဒီလိုလူေတြအျပင္ ညတိုင္းညေနတိုင္း အရက္ဆိုင္မွာ “လူေဆြးေဆြး ဆိုင္ေဆြးေဆြး” စြဲစြဲၿမဲၿမဲေသာက္သည့္သူေတြကလည္း အနဂၢမ။ျမန္မာလူမ်ိဳးေတြ ေသာက္ေလ့ရွိသည့္ အရက္ပမာဏက သူေသကိုယ္ေသ အၿငိဳးတႀကီးေသာက္ၾကသည့္ ပုံစံမ်ိဳး။ကမာၻ႔က်န္းမာေရးအဖြဲ႕၏ သတ္မွတ္ခ်က္အရ အမ်ိဳးသားမ်ားအတြက္ အႏၲရာယ္ရွိေသာ အရက္ေသာက္သုံးမႈ ဆိုသည္မွာ ျမန္မာႏိုင္ငံတြင္ အမ်ားစုေသာက္သုံးေလ့ရွိေသာ အယ္လ္ကိုေဟာ ၄ဝ ရာခိုင္ႏႈန္း ပတ္ဝန္းက်င္ ပါဝင္သည့္ ဝီစကီဆိုလွ်င္ တစ္ရက္လွ်င္ ၁၈ဝ မီလီလီတာႏွင့္ တစ္ပတ္လွ်င္ ၆၃ဝ မီလီလီတာ ေက်ာ္လြန္ျခင္းမ်ိဳး။

အယ္လ္ကိုေဟာမွာ လူ႔ခႏၶာကိုယ္ႏွင့္ ဦးေႏွာက္အာ႐ုံေၾကာ အဖြဲ႕အစည္းကို ထိခိုက္ေစေသာ အရာတစ္မ်ိဳးျဖစ္ၿပီး ေသာက္သုံးသူ၏ စိတ္ႏွင့္ ခံစားခ်က္ကို ေျပာင္းလဲေစႏိုင္သည္။ဖတ္ဖူးသည့္ စာေတြအရ အရက္ေၾကာင့္  အသည္းေရာင္ျခင္း၊ အသည္းေျခာက္ျခင္း၊ အသည္းကင္ဆာျဖစ္ျခင္း၊ ေသြးတိုးျခင္း၊ ေလျဖတ္ျခင္း၊ ႏွလုံးႀကီးျခင္း၊ ႏွလုံးအားနည္းျခင္း၊ အာဟာရခ်ိဳ႕တဲ့ျခင္း၊ အစာအိမ္ေရာင္ျခင္း၊ အစာအိမ္ အနာျဖစ္ျခင္း၊ အစာအိမ္ ေသြးေၾကာေပါက္ျခင္း၊ ပန္ကရိယေရာင္ျခင္း၊ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာအားနည္းျခင္း၊ ခံတြင္းႏွင့္ လည္ေခ်ာင္း ကင္ဆာျဖစ္ျခင္း၊ အရက္အဆိပ္တက္ျခင္း၊ ထိခိုက္ဒဏ္ရာရျခင္းမ်ား ျဖစ္ေစႏိုင္သည္ဟု ဆိုသည္။တစ္ကယ့္အျပင္မွာ လက္ေတြ႕လည္း ေတြ႕ေနရသည္။

အရက္ေသာက္ျခင္းဆိုသည္က ေသာက္သူတစ္ဦးထဲတြင္သာ ေကာင္းက်ိဳးဆိုးက်ိဳး ရွိေနတာမဟုတ္။မိသားစုတစ္ခုအတြင္း အရက္သမားတစ္ဦး ရွိေနျခင္းျဖင့္ မၾကာခဏစကားမ်ား ရန္ျဖစ္ရျခင္း၊ အိမ္တြင္းအၾကမ္းဖက္ျခင္းမ်ား ျဖစ္ေလ့ရွိသည္။ထိုအရက္သမားရွိရာ လူမႈပတ္ဝန္းက်င္တြင္လည္း အရက္စြဲစြဲၿမဲၿမဲ ေသာက္သုံးသူေၾကာင့္ ရန္ျဖစ္ျခင္း၊ စကားမ်ားျခင္း၊ ေငြေၾကးျပႆနာမ်ား ရႈပ္ေထြးျခင္းတို႔လည္း ျဖစ္တာကို မၾကာခဏေတြ႕ရ သလို အရက္ေသာက္သူတြင္လည္း လူမႈဘဝတာဝန္မ်ား ပ်က္ကြက္ျခင္း၊ အေပါင္းအသင္း အဝန္းအဝိုင္းက စြန႔္ခြာျခင္းမ်ားရွိလာသည္။

အရက္ေသာက္ျခင္းႏွင့္ ဆက္စပ္၍ ၁၉၉၀ ႏွင့္ ၂၀၁၆ ၾကား ျပဳလုပ္ခဲ့သည့္ ေလ့လာမႈမ်ားတြင္ ကမာၻတစ္ဝန္း လူသုံးဦးရွိလွ်င္ တစ္ဦးႏႈန္း ( လူဦးေရ ၂ ဒသမ ၄ ဘီလ်ံ) အရက္ေသာက္သုံးေနၿပီး အရက္ေၾကာင့္  တစ္ႏွစ္လွ်င္ ကမာၻတစ္ဝန္း ေသဆုံးသူ ၂ ဒသမ ၈ သန္း ရွိေၾကာင္း သိရသည္။ဒါက ကမာၻႏွင့္ခ်ီသည့္ ေလ့လာမႈေတြ။ျမန္မာျပည္မွာေတာ့ အရက္ကို မအိုေဆးဟု ေခၚၾကသည္။အရက္ေၾကာင့္ အ႐ြယ္ေကာင္းစဥ္ ေစာေစာစီးစီး ေသဆုံးၾကသည့္သူေတြက ေအာက္ေျခလူတန္းစားတြင္ အမ်ားႀကီး။

ထိုျပႆနာက ဘာေတြျဖစ္လာသလဲဆို ကေလးသူငယ္မ်ားကို ငယ္႐ြယ္စဥ္ လုပ္ငန္းခြင္ထဲ ေစာေစာစီးစီး ေရာက္ေစျခင္းႏွင့္ ကေလးသူငယ္မ်ား အႏိုင္အထက္ ျပဳက်င့္ခံရျခင္း၊ အိမ္တြင္းအၾကမ္းဖက္ခံရမႈႏွင့္ မိသားစုၿပိဳကြဲျခင္းမ်ားကို မိသားစုဘ၀ မလုံၿခဳံျခင္းမ်ားကို ျဖစ္ေစျခင္းပင္ ျဖစ္သည္။ခုတ္ရာတျခား ရွရာတစ္လြဲ ဆိုသလို ကေလးသူငယ္ေတြဘ၀ လုံၿခဳံဖို႔၊ သက္ငယ္မုဒိမ္းမႈႏွင့္ တရားဥပေဒစိုးမိုးမႈအတြက္ အေရးႀကီးသည့္ ေနရာတကာတြင္ ေဈးသက္သာၿပီး  လြယ္လင့္တကူရရွိေနသည့္ အရက္ယမကာကို တားဆီးရန္ ယခုထိ မလုပ္ႏိုင္ေသးျခင္းပင္ ျဖစ္သည္။

ထိုသို႔မလုပ္ႏိုင္ေသးသမွ် ေနရာတိုင္းတြင္ ခိုးဆိုးလုယက္ႏွင့္ စာရိတၱနိမ့္ပါးေသာ၊ လူက်င့္ဝတ္မဲ့ေသာ လူတန္းစားတစ္ရပ္ကို အေတာမသတ္ ဖန္တီးေပးေနဦးမည္ ျဖစ္သည္။ ထိုသို႔မတားႏိုင္ေသးသမွ် ကေလးသူငယ္ႏွင့္ အမ်ိဳးသမီးငယ္မ်ား၊ သက္ႀကီး႐ြယ္အိုမ်ား ထိုလူတန္းစားေၾကာင့္ သားေကာင္ျဖစ္ရသည့္ အျဖစ္ဆိုးေတြကို မၾကာခဏၾကားရျမင္ေနရဦးမည္ ျဖစ္သည္။

စာသင္ေက်ာင္းတစ္ေက်ာင္း ဖြင့္လွစ္ႏိုင္တိုင္း ေထာင္တံခါးခ်ပ္ေပါင္းမ်ားစြာ ပိတ္ႏိုင္သည္ဆိုတာကို သိထားသည့္ အာဏာပိုင္ေတြအဖို႔ “အရက္ဆိုင္တစ္ဆိုင္ ဖြင့္လိုက္တိုင္း မိသားစုေပါင္းမ်ားစြာ၏ဘဝ၊ ေက်ာင္းသားေပါင္းမ်ားစြာ၏ဘဝကို ဖ်က္ဆီးႏိုင္တာကိုလည္း” သတိမူဖို႔ အေရးႀကီးေပသည္။

ေမာင္ဦးလြင္
ဒီဇင္ဘာ - ၂၀