【 ဆောင်းပါး 】 “လူ့အခွင့်အရေးမဲ့နေတဲ့ တိုင်းပြည်မှာ အဆင်ပြေပြေနေထိုင်နိုင်ရေး”

【 ဆောင်းပါး 】 “လူ့အခွင့်အရေးမဲ့နေတဲ့ တိုင်းပြည်မှာ အဆင်ပြေပြေနေထိုင်နိုင်ရေး”

ပြောရတော့မယ်ဆိုရင်၊ နေ့စဉ်ကြားနေရတဲ့ စကားတွေဟာ လူတစ်ယောက်အတွက် မလုံခြုံတော့တာကို ခံစားလိုက်မိတယ်။တရားဥပဒေတွေနဲ့ ကာကွယ်ဖို့ဆိုလည်း အမိုးအကာတွေက ပေါက်ပြဲနေကြပြီ။မြန်မာပြည်မှာ အဆိုးဆုံးယိုင်နဲ့မှုကို ပြပါဆိုရင် တရားဥပဒေပါပဲ။အဲဒီလိုအခြေအနေမှာ လူ့အခွင့်အရေး အပြည့်အဝပေးပါဆိုပြီး အော်နေကြတာထက်၊ ခေတ်အခြေအနေနဲ့ လိုက်လျောညီထွေ နေထိုင်တတ်ဖို့ပဲ ကြိုးစားနေကြရပါတော့မယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံကြီးထဲမှာ အလိုက်သင့် လိုက်လျောညီထွေ နေထိုင်သူတွေ ဖြစ်နေရပါပြီ။လောကကြီးထဲက သတ္တဝါပေါင်းမြောက်များစွာထဲမှာမှ မနုဿသတ္တဝါလို့ သတ်မှတ်ခံရတဲ့ လူသတ္တဝါတွေဟာ အသိဉာဏ်အရှိဆုံး သတ္တဝါတွေ ဖြစ်တယ်လို့လည်း သတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။ရှေးကမ္ဘာဦးခေတ်ကစပြီး ပြောင်းလဲလာတဲ့ ခေတ်တွေနဲ့အမျှ လူသတ္တဝါတွေဟာ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။ကျောက်ခေတ်၊ ကြေးခေတ်၊ ကျွန်ခေတ်က စပြီး သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်၊ လူလူချင်း ခေါင်းပုံဖြတ် အမြတ်ကြီးစား အရင်းရှင်ခေတ်၊ ဘုံဝါဒ ဆိုရှယ်လစ်တော်လှန်ရေးခေတ်နဲ့ အခုအချိန်မှာ လူလူချင်းစာနာတတ်တဲ့ လူ့အခွင့်အရေးကို အလေးထားတဲ့ ဒီမိုကရေစီခေတ်ကို ရောက်လာခဲ့ပါပြီလို့ ဆိုနေကြပါတယ်။ခေတ်တွေ တစ်ခုပြီးတစ်ခု ပြောင်းလဲနေပေမယ့် လူတွေကတော့ လူတွေအဖြစ် ရှင်သန်ရပ်တည်နိုင်အောင် ကြိုးစားနေကြရပါတယ်။လောကမှာ လူတွေရှိနေသရွေ့ အကြောင်းအရာတွေကလည်း အတူယှဉ်တွဲဖြစ်ပေါ်နေကြမှာပါ။

"ငါရှိတယ်၊ ငါတွေးတယ်" ဆိုတဲ့စကားမှာလည်း ငါတွေဟာ ငါတွေနဲ့ ပတ်သက်တာတွေကို တွေးနေတာများပါတယ်။ငါနဲ့ပတ်သက်တာတွေက အကြောင်းအရာတွေပါပဲ။ငါဆိုတဲ့နေရာမှာလည်း ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့အသိုင်းအဝိုင်း၊ ငါ့ပတ်ဝန်းကျင်၊ ငါ့လူမျိုး၊ ငါ့နိုင်ငံတွေကို ဦးစားပေးတွေးကြမှာပါ။ငါတွေကို အခြေခံပြီး အင်ပါယာဆိုတဲ့ စကားတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ငါ့လူမျိုး၊ ငါ့နိုင်ငံနယ်နိမိတ် ကြီးထွားနိုင်ရေးဆိုတဲ့ အတွေးကြောင့် အင်ပါယာနယ်မြေချဲ့တဲ့ နယ်ချဲ့စနစ်အဖြစ် ပေါ်ပေါက်လာခဲ့ရတာပါ။ဒါတွေရဲ့ အခြေခံကို ကြည့်မယ်ဆိုရင် လူသားတွေရဲ့အတ္တ ပိုပြီးရှင်သန်ကြီးထွားလာတာကို ပြနေခဲ့တာပါ။တကယ်တော့ လူသားရဲ့ ရှင်သန်ကြီးထွားမှုမှာ အမြဲကပ်ပါနေတတ်တဲ့ အတ္တဆိုတဲ့အရာဟာ ကြောက်လန့်စရာ အကောင်းဆုံးဖြစ်ပါတယ်။ကြောက်စရာအကောင်းဆုံးဆိုပေမယ့် လူသားရဲ့ ရှင်သန်ရပ်တည်မှုကိုလည်း အကျိုးအပြုဆုံး ပြန်ဖြစ်နေပါတယ်။လူတစ်ယောက်မှာ ရှန်သန်ရပ်တည်လိုတဲ့ အတ္တစိတ်မရှိခဲ့ရင် ရပ်တည်လို့မရသလို၊ တိုးတက်ဖွံ့ဖြိုးမှုလည်း ရှိမှာမဟုတ်ပါဘူး။ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့ပတ်ဝန်းကျင်၊ ငါ့လူမျိုး၊ ငါ့နိုင်ငံ ဆိုတဲ့အကြောင်း တရားတွေမှာလည်း အတ္တတွေပါနေပါတယ်။ပါလည်းပါနေရမှာပါ။ကျွန်တော်တို့ ကိုးကွယ်ဆည်းကပ်နေတဲ့ ဘာသာမှာလည်း ငါ့ဘာသာဆိုတဲ့ အစွဲတွေ ပါနေကြပါတယ်။အတ္တတွေရှိနေသလို ပရဆိုတဲ့အရာတွေမှာလည်း ရှိနေပါတယ်။ကိုယ့်ကိုယ်ကျိုးထက် သူများ (အများအကျိုး) ကို ပိုဦးစားပေးဆောင်ရွက်နိုင်တဲ့ လူသားတွေ ရာခိုင်နှုန်းအတော်ကြီးကို နည်းနည်းရှိပါလိမ့်မယ်။အခုအချိန်မှာ တွေ့နေမြင်နေရတာတွေက ငါ့ပရဟိတ အသင်းအဖွဲ့ ကောင်းစားရေးတွေကိုပါပဲ။ထားလိုက်ပါတော့။

လူတစ်ယောက်ချင်း ရှင်သန်ဖြစ်တည်မှုမှာ အတ္တဆိုတာ အမြဲပါနေပါတယ်။မပါဝင် ပဲရှင်သန်ကြီးထွားလာခဲ့တယ် ဆိုသူဟာလည်း အဖြစ်မှန်ကို ဖုံးကွယ်ထားတာ ဖြစ်ပါလိမ့်မယ်။လူ့လောကမှာ အဆင်ပြေပြေနေနိုင်ဖို့ လူ့ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေထိုင်နိုင်မှဖြစ်မှာပါ။လိုက်လျောညီထွေ နေထိုင်နိုင်ဖို့ ဆိုတာကို ကြည့်မယ်ဆိုရင် မုသားတွေ ရောစွက်နေမှ အဆင်ပြေပြေ နေထိုင်နိုင်တယ်ဆိုတာ အားလုံးသိကြပါလိမ့်မယ်။လူတစ်ယောက်ရဲ့ ရပ်တည်ရှင်သန်မှုဟာ မုသားမကင်းတဲ့ လောကတစ်ခုမှာ နေထိုင်နိုင်ခြင်းပါပဲ။ဒါဆို လူ့အခွင့်အရေးလို့ ကြွေးကြော်နေတဲ့လူတွေမှာရော မုသားကင်းရဲ့လားဆိုတာ စဉ်းစရာပါပဲ။လူတစ်ယောက်အတွက် လွတ်လပ်စွာပြောပိုင်ခွင့် ဆိုတာကရော၊ တကယ်ကို လွတ်လပ်နေပြီလား။ဗုဒ္ဓရဲ့တရားအရ ပုထုဇဉ်လူသားတွေဟာ မုသားမကင်းနိုင်ကြပါဘူး။လောကမှာလည်း ပုထုဇဉ်တွေများနေလေတော့ မုသားတွေနဲ့နေထိုင်ခြင်း ဖြစ်နေပါလိမ့်မယ်။တစ်ခုပဲရှိတာပါ။သူတစ်ပါးကို မထိခိုက်တဲ့ ပြောဆိုနေထိုင်မှုဟာ အဖြောင့်ထဲက ခပ်ကွေးကွေးလေးဆိုရင် လူ့လောကမှာ အဆင်ပြေလိုက်လျောညီထွေစွာ နေထိုင်နိင်မှာပါ။အမှန်တရားစစ်စစ်ဆိုတာတော့ တွေ့ရဖို့ အလွန်ခက်ပါလိမ့်မယ်။မုသားနည်းနည်း ရောစွက်တဲ့ အမှန်တရားများများပါရင် လူကောင်းတစ်ယောက်အဖြစ် သတ်မှတ်နိုင်မှာပါ။

လူတွေမှာလည်း အတ္တကင်းရင် လောကထဲမှာ မနေနိုင်လောက်အောင် ခက်ခဲပါလိမ့်မယ်။ငါ့အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့ဆွေမျိုး၊ ငါ့လူမျိုး၊ ငါ့တိုင်းပြည် ဆိုတာတွေ ကြီးထွားရှင်သန်နိုင်ဖို့ အတ္တတွေမကင်းသလို၊ မုသားတွေလည်း မကင်းနိုင်ပါဘူး။လူတစ်ယောက်အတွက် လူ့လောကမှာ ဆက်ဆံမှုနယ် ကျယ်ဝန်းလေလေ၊ အကြောင်းအရာများလေပါပဲ။အကြောင်းအရာများလေ လူတွေအကြောင်း ပိုပြီးသိလာလေလေပါပဲ။လူတွေအကြောင်း ပိုသိလာတဲ့အခါ များသောအားဖြင့် ဟန်ဆောင်မှုတွေကို တွေ့လာလေလေပါပဲ။ဟန်ဆောင်မှု ဆိုတာတွေမှာလည်း အကြောင်းတရားတွေ အမျိုးမျိုးကွဲပြားစွာ တွေ့နေရမှာပါ။ရှိနေတာတွေကို မရှိဟန်ဆောင်နေကြတာတွေ၊ မရှိတာတွေကို ရှိဟန်ဆောင်နေကြတာတွေ၊ သိနေတာတွေကို မသိဟန်ဆောင်နေကြတာတွေ၊ တကယ်မသိပဲ သိဟန်ဆောင်နေကြတာတွေ။ဘယ်လိုအကြောင်းအရာတွေက ပိုများနေလည်းဆိုတာ သိလာကြမှာပါ။

တကယ်တော့ ကျွန်တော်တို့ ရှင်သန်ကျော်ဖြတ်နေတဲ့ လောကကြီးဟာ ဟန်ဆောင်လောကကြီးအဖြစ် တွေ့ရပါလိမ့်မယ်။ဒီလောကကြီးထဲမှာ ဟန်ဆောင်တတ်နည်းကို ပိုသိနေတဲ့ လူအနည်းငယ်က ကြီးစိုးလွှမ်းမိုးထားကြပါတယ်။

လူအများ ဆိုတာကတော့ မုသားလောကကြီးမှာ မုသားတွေနဲ့ ကျင့်သားရနေကြပါပြီ။ဒါဆို လူအများစုကြီးက မုသားကင်းတဲ့ ရိုးသားသူတွေလား ဆိုပြန်တော့ ဒါကလည်း မဟုတ်သေးပါဘူး။လူအများစုကြီးက လူရည်လည် လူနည်းစုရဲ့ အလိမ်အညာခံနေရတတ်တဲ့ လောကတစ်ခုဖြစ်နေပါတယ်။ပြောမယ်ဆိုရင် အ.သူတွေများတဲ့ လောကကြီးပါ။
လူလည်လူလိမ် တစ်ယောက်ရဲ့ အလိမ်ခံဖို့အတွက် လူအများကြီး တန်းစီစောင့်နေကြတဲ့ လောကကြီးဖြစ်နေတာ၊ ခေတ်အဆက်ဆက်ပါပဲ။ခေတ်တွေ ဘယ်လိုတိုးတက်တက်၊ ဘယ်လိုပြောင်းလဲပြောင်းလဲ၊ ဒီနိယာမကတော့ မပြောင်းမလဲရှိနေမှာပါပဲ။

နောက်တစ်ချက်က အင်အားကြီးသူတွေက အင်အားနည်းသူတွေကို အနိုင်ကျင့်နေတဲ့ လောကကြီးအဖြစ်လည်း အခုအချိန်ထိ ရှိနေပါသေးတယ်။ဥပမာ - အင်အားကြီးနိုင်ငံ ငါးနိုင်ငံ လက်ဝါးကြီးအုပ် ကြီးစိုးချယ်လှယ်နေတဲ့  ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကိုကြည့်ရင် သိနိုင်ပါတယ်။အဲဒီ ငါးနိုင်ငံက တစ်ဦးချင်းကိုင်စွဲထားတဲ့ ဗီတိုအာဏာနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ချုပ်ကိုင်ထားတာပါ။ပြောရမယ်ဆိုရင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကိုယ်တိုင်က ဗီတိုအာဏာရ ငါးနိုင်ငံရဲ့ လက်အောက်မှာ ရှိနေပါတယ်။ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ သူဆောင်ရွက်ချင်တာကို လွတ်လွတ်လပ်လပ် မဆောင်ရွက်နိုင်ပါဘူး။ဒီလိုအခြေအနေမှာ ဒီအဖွဲ့ကြီးက လူ့အခွင့်အရေးဆိုပြီး ထအော်နေတတ်တော့ အများကြီးစဉ်းစားစရာပါပဲ။

အခြေခံ လူ့အခွင့်အရေး ပြဋ္ဌာန်းချက်မှာ အင်အားကြီးသူတွေက အင်အားနည်းသူတွေကို ဖိနှိပ်ချုပ်ချယ်ထားနိုင်တယ်ဆိုရင် လွတ်လပ်နိုင်ပါတော့မလား။လွတ်လပ်စွာ ပြောရေးဆိုခွင့်ဆိုတဲ့ အချက်တစ်ချက်တောင် မပြည့်စုံနိုင်ပါဘူး။ဒါကြောင့် ကမ္ဘာ့ကုလသမဂ္ဂကြီးဆိုတာကို နိုင်ငံငယ်လေးတွေကအစ ဂရုမစိုက် အလေးမထားကြတော့တာပါပဲ။ဒီကုလသမဂ္ဂ နာမည်ကြီးကို အင်အားကြီးနိုင်ငံကြီးတွေက လိုရင်လိုသလို အသုံးချဖို့ ထားသလိုဖြစ်နေပါတယ်။အင်အားကြီးနိုင်ငံကြီးတွေနဲ့ ဆက်ဆံရေးကောင်းဖို့ကိုပဲ နိုင်ငံငယ်တွေက အလေးထားနေကြတဲ့ အခြေအနေပါ။အင်အားကြီးနိုင်ငံကြီးတွေကလည်း သူတို့အကျိုးစီးပွားအတွက်ကို ပိုအရေးထားပါတယ်။
စောစောကပြောသလို၊ ငါဆိုတဲ့ အတ္တတွေကနေ မလွတ်ကင်းနိုင်ဘူးမဟုတ်လား။ငါဆိုတဲ့အတ္တတွေ ရှိနေတော့ မုသားတွေကို လိုက်လျောညီထွေအောင် သုံးနေကြမှာပါပဲ။

ပြန်ကောက်ရမယ်ဆိုရင် လူတစ်ယောက်ချင်းအပေါ်ထားတဲ့ လူ့အခွင့်အရေးဆိုတာထက် ငါဆိုတဲ့မိမိ၊ ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့ပတ်ဝန်းကျင်၊ ငါ့လူမျိုး၊ ငါ့တိုင်းပြည်ဆိုတာကို ပိုအလေးထားနေကြရပါတယ်။ဒီလို အလေးထားတာလည်း ငါတွေဆိုတဲ့ အတ္တတွေ ရှင်သန်နိုင်ဖို့အတွက် အရေးကြီးနေပါတယ်။ဒါလည်းသဘာဝကျပါတယ်။

ဒီလောကကြီးဟာ ငါတွေနဲ့၊ အတ္တတွေနဲ့၊ မုသားတွေနဲ့ ဆက်ဆံနေရတဲ့ လောကကြီးပါပဲ။ငြင်းဆန်လို့ မရနိုင်ပါဘူး။လူများဆိုတာတွေနဲ့ ဆက်ဆံနေရတဲ့ လောကမှာ အကြောင်းအရာတွေက သဘာဝမကျတာတွေ သဘာဝအဖြစ် ဖန်တီးထားသလို ဖြစ်နေပါတယ်။လူကို အခြေပြုတာတွေ၊ လူကို လူချင်းစာနာနိုင်ခြင်း ဆိုတာတွေကလည်း မုသားမဲ့လောကနဲ့ တဖြေးဖြေးဝေးကွာနေပါပြီ။ဖွံ့ဖြိုးတိုးတက်လာနေတဲ့ ကမ္ဘာကြီးထဲမှာ သူများထက် ပိုပြီးရှင်သန်နိုင်ဖို့ အတ္တတွေကို မွေးမြူနေကြတာတွေက သဘာဝကို ဖျက်ဆီးနေတဲ့ အကြောင်းအရာတွေ ဖြစ်နေကြပါတယ်။

နောက်ဆုံးအနေနဲ့ပြောချင်တာက လူသားအားလုံးကို လေးစားပါတယ်ဆိုပြီး အော်လိုက်တာက တကယ့်လောကကြီးကို မသိချင်ယောင်ဆောင်သူတွေ ဖြစ်ပါလိမ့်မယ်။

ခေတ်အဆက်ဆက်ကို ပြန်ကြည့်လိုက်ရင် အင်အားကြီးတဲ့လူက အင်အားမရှိတဲ့ လူပေါင်းမြောက်များစွာကို ဗိုလ်ကျအနိုင်ကျင့်နေခဲ့တာတွေကိုသာ မြင်ရမှာပါ။အတ္တတွေ ရှင်သန်နေသမျှ ဒီလူ့လောကကြီးဟာ ကြီးနိုင်ငယ်ညှဉ်း ဖြစ်နေကြဦးမှာပါပဲ။အတ္တတွေကို မုသားနဲ့တန်ဆာဆင်ထားတဲ့ လောကကြီးကလည်း ကျွန်တော်တို့ အမြဲရှင်သန်ဖို့ ဆက်ဆံနေရမယ် မဟုတ်လား။လူသားတစ်ယောက်ရဲ့ စစ်မှန်တဲ့အခွင့်အရေးကို ရဖို့ဆိုတာလည်း ပျောက်ဆုံးနေမှာပါပဲ။အကန့်အသတ် လူ့အခွင့်အရေးကို ရနိုင်အောင်သာ မုသားတွေနဲ့ လောကကြီးထဲမှာ လိုက်လျောညီထွေ နေထိုင်နိုင်ဖို့ ပိုအရေးကြီးသလို၊ ငါ့မိသားစု၊ ငါ့လူမျိုး၊ ငါ့တိုင်းပြည် ရှင်သန်ကြီးထွားလာနိုင်ဖို့ ပိုအရေးကြီးတယ် မဟုတ်လား။ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်စည်းရိုးထိုးပြီး ငါဆိုတဲ့ အတ္တတွေကို မွေးမြူရှင်သန်နိုင်ဖို့ လိုပါတယ်။

ငါနှင့် ငါသာ ငါကာကွယ်ဖို့ အတ္တတွေကို မုသားတွေနဲ့ အလှဆင်ထားတဲ့ လောကကြီးကို လိုက်လျောညီထွေ ဆက်ဆံကြပါစို့။

မြတ်လှိုင်း
စက်တင်ဘာ - ၂၁

( Zawgyi )

ေျပာရေတာ့မယ္ဆိုရင္၊ ေန႔စဥ္ၾကားေနရတဲ့ စကားေတြဟာ လူတစ္ေယာက္အတြက္ မလုံၿခဳံေတာ့တာကို ခံစားလိုက္မိတယ္။တရားဥပေဒေတြနဲ႔ ကာကြယ္ဖို႔ဆိုလည္း အမိုးအကာေတြက ေပါက္ၿပဲေနၾကၿပီ။ျမန္မာျပည္မွာ အဆိုးဆုံးယိုင္နဲ႔မႈကို ျပပါဆိုရင္ တရားဥပေဒပါပဲ။အဲဒီလိုအေျခအေနမွာ လူ႔အခြင့္အေရး အျပည့္အဝေပးပါဆိုၿပီး ေအာ္ေနၾကတာထက္၊ ေခတ္အေျခအေနနဲ႔ လိုက္ေလ်ာညီေထြ ေနထိုင္တတ္ဖို႔ပဲ ႀကိဳးစားေနၾကရပါေတာ့မယ္။

ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံႀကီးထဲမွာ အလိုက္သင့္ လိုက္ေလ်ာညီေထြ ေနထိုင္သူေတြ ျဖစ္ေနရပါၿပီ။ေလာကႀကီးထဲက သတၱဝါေပါင္းေျမာက္မ်ားစြာထဲမွာမွ မႏုႆသတၱဝါလို႔ သတ္မွတ္ခံရတဲ့ လူသတၱဝါေတြဟာ အသိဉာဏ္အရွိဆုံး သတၱဝါေတြ ျဖစ္တယ္လို႔လည္း သတ္မွတ္ျခင္းကို ခံခဲ့ရပါတယ္။ေရွးကမာၻဦးေခတ္ကစၿပီး ေျပာင္းလဲလာတဲ့ ေခတ္ေတြနဲ႔အမွ် လူသတၱဝါေတြဟာ တစ္ဆင့္ၿပီးတစ္ဆင့္ ေျပာင္းလဲတိုးတက္လာခဲ့ပါတယ္။ေက်ာက္ေခတ္၊ ေၾကးေခတ္၊ ကြၽန္ေခတ္က စၿပီး သက္ဦးဆံပိုင္ ပေဒသရာဇ္ေခတ္၊ လူလူခ်င္း ေခါင္းပုံျဖတ္ အျမတ္ႀကီးစား အရင္းရွင္ေခတ္၊ ဘုံဝါဒ ဆိုရွယ္လစ္ေတာ္လွန္ေရးေခတ္နဲ႔ အခုအခ်ိန္မွာ လူလူခ်င္းစာနာတတ္တဲ့ လူ႔အခြင့္အေရးကို အေလးထားတဲ့ ဒီမိုကေရစီေခတ္ကို ေရာက္လာခဲ့ပါၿပီလို႔ ဆိုေနၾကပါတယ္။ေခတ္ေတြ တစ္ခုၿပီးတစ္ခု ေျပာင္းလဲေနေပမယ့္ လူေတြကေတာ့ လူေတြအျဖစ္ ရွင္သန္ရပ္တည္ႏိုင္ေအာင္ ႀကိဳးစားေနၾကရပါတယ္။ေလာကမွာ လူေတြရွိေနသေ႐ြ႕ အေၾကာင္းအရာေတြကလည္း အတူယွဥ္တြဲျဖစ္ေပၚေနၾကမွာပါ။

"ငါရွိတယ္၊ ငါေတြးတယ္" ဆိုတဲ့စကားမွာလည္း ငါေတြဟာ ငါေတြနဲ႔ ပတ္သက္တာေတြကို ေတြးေနတာမ်ားပါတယ္။ငါနဲ႔ပတ္သက္တာေတြက အေၾကာင္းအရာေတြပါပဲ။ငါဆိုတဲ့ေနရာမွာလည္း ငါ့မိသားစု၊ ငါ့ေဆြမ်ိဳး၊ ငါ့အသိုင္းအဝိုင္း၊ ငါ့ပတ္ဝန္းက်င္၊ ငါ့လူမ်ိဳး၊ ငါ့ႏိုင္ငံေတြကို ဦးစားေပးေတြးၾကမွာပါ။ငါေတြကို အေျခခံၿပီး အင္ပါယာဆိုတဲ့ စကားေတြ ေပၚေပါက္လာခဲ့ပါတယ္။ငါ့လူမ်ိဳး၊ ငါ့ႏိုင္ငံနယ္နိမိတ္ ႀကီးထြားႏိုင္ေရးဆိုတဲ့ အေတြးေၾကာင့္ အင္ပါယာနယ္ေျမခ်ဲ႕တဲ့ နယ္ခ်ဲ႕စနစ္အျဖစ္ ေပၚေပါက္လာခဲ့ရတာပါ။ဒါေတြရဲ႕ အေျခခံကို ၾကည့္မယ္ဆိုရင္ လူသားေတြရဲ႕အတၱ ပိုၿပီးရွင္သန္ႀကီးထြားလာတာကို ျပေနခဲ့တာပါ။တကယ္ေတာ့ လူသားရဲ႕ ရွင္သန္ႀကီးထြားမႈမွာ အၿမဲကပ္ပါေနတတ္တဲ့ အတၱဆိုတဲ့အရာဟာ ေၾကာက္လန႔္စရာ အေကာင္းဆုံးျဖစ္ပါတယ္။ေၾကာက္စရာအေကာင္းဆုံးဆိုေပမယ့္ လူသားရဲ႕ ရွင္သန္ရပ္တည္မႈကိုလည္း အက်ိဳးအျပဳဆုံး ျပန္ျဖစ္ေနပါတယ္။လူတစ္ေယာက္မွာ ရွန္သန္ရပ္တည္လိုတဲ့ အတၱစိတ္မရွိခဲ့ရင္ ရပ္တည္လို႔မရသလို၊ တိုးတက္ဖြံ႕ၿဖိဳးမႈလည္း ရွိမွာမဟုတ္ပါဘူး။ငါ့မိသားစု၊ ငါ့ေဆြမ်ိဳး၊ ငါ့ပတ္ဝန္းက်င္၊ ငါ့လူမ်ိဳး၊ ငါ့ႏိုင္ငံ ဆိုတဲ့အေၾကာင္း တရားေတြမွာလည္း အတၱေတြပါေနပါတယ္။ပါလည္းပါေနရမွာပါ။ကြၽန္ေတာ္တို႔ ကိုးကြယ္ဆည္းကပ္ေနတဲ့ ဘာသာမွာလည္း ငါ့ဘာသာဆိုတဲ့ အစြဲေတြ ပါေနၾကပါတယ္။အတၱေတြရွိေနသလို ပရဆိုတဲ့အရာေတြမွာလည္း ရွိေနပါတယ္။ကိုယ့္ကိုယ္က်ိဳးထက္ သူမ်ား (အမ်ားအက်ိဳး) ကို ပိုဦးစားေပးေဆာင္႐ြက္ႏိုင္တဲ့ လူသားေတြ ရာခိုင္ႏႈန္းအေတာ္ႀကီးကို နည္းနည္းရွိပါလိမ့္မယ္။အခုအခ်ိန္မွာ ေတြ႕ေနျမင္ေနရတာေတြက ငါ့ပရဟိတ အသင္းအဖြဲ႕ ေကာင္းစားေရးေတြကိုပါပဲ။ထားလိုက္ပါေတာ့။

လူတစ္ေယာက္ခ်င္း ရွင္သန္ျဖစ္တည္မႈမွာ အတၱဆိုတာ အၿမဲပါေနပါတယ္။မပါဝင္ ပဲရွင္သန္ႀကီးထြားလာခဲ့တယ္ ဆိုသူဟာလည္း အျဖစ္မွန္ကို ဖုံးကြယ္ထားတာ ျဖစ္ပါလိမ့္မယ္။လူ႔ေလာကမွာ အဆင္ေျပေျပေနႏိုင္ဖို႔ လူ႔ပတ္ဝန္းက်င္နဲ႔ လိုက္ေလ်ာညီေထြ ေနထိုင္ႏိုင္မွျဖစ္မွာပါ။လိုက္ေလ်ာညီေထြ ေနထိုင္ႏိုင္ဖို႔ ဆိုတာကို ၾကည့္မယ္ဆိုရင္ မုသားေတြ ေရာစြက္ေနမွ အဆင္ေျပေျပ ေနထိုင္ႏိုင္တယ္ဆိုတာ အားလုံးသိၾကပါလိမ့္မယ္။လူတစ္ေယာက္ရဲ႕ ရပ္တည္ရွင္သန္မႈဟာ မုသားမကင္းတဲ့ ေလာကတစ္ခုမွာ ေနထိုင္ႏိုင္ျခင္းပါပဲ။ဒါဆို လူ႔အခြင့္အေရးလို႔ ေႂကြးေၾကာ္ေနတဲ့လူေတြမွာေရာ မုသားကင္းရဲ႕လားဆိုတာ စဥ္းစရာပါပဲ။လူတစ္ေယာက္အတြက္ လြတ္လပ္စြာေျပာပိုင္ခြင့္ ဆိုတာကေရာ၊ တကယ္ကို လြတ္လပ္ေနၿပီလား။ဗုဒၶရဲ႕တရားအရ ပုထုဇဥ္လူသားေတြဟာ မုသားမကင္းႏိုင္ၾကပါဘူး။ေလာကမွာလည္း ပုထုဇဥ္ေတြမ်ားေနေလေတာ့ မုသားေတြနဲ႔ေနထိုင္ျခင္း ျဖစ္ေနပါလိမ့္မယ္။တစ္ခုပဲရွိတာပါ။သူတစ္ပါးကို မထိခိုက္တဲ့ ေျပာဆိုေနထိုင္မႈဟာ အေျဖာင့္ထဲက ခပ္ေကြးေကြးေလးဆိုရင္ လူ႔ေလာကမွာ အဆင္ေျပလိုက္ေလ်ာညီေထြစြာ ေနထိုင္နိင္မွာပါ။အမွန္တရားစစ္စစ္ဆိုတာေတာ့ ေတြ႕ရဖို႔ အလြန္ခက္ပါလိမ့္မယ္။မုသားနည္းနည္း ေရာစြက္တဲ့ အမွန္တရားမ်ားမ်ားပါရင္ လူေကာင္းတစ္ေယာက္အျဖစ္ သတ္မွတ္ႏိုင္မွာပါ။

လူေတြမွာလည္း အတၱကင္းရင္ ေလာကထဲမွာ မေနႏိုင္ေလာက္ေအာင္ ခက္ခဲပါလိမ့္မယ္။ငါ့အတြက္၊ ငါ့မိသားစုအတြက္၊ ငါ့ေဆြမ်ိဳး၊ ငါ့လူမ်ိဳး၊ ငါ့တိုင္းျပည္ ဆိုတာေတြ ႀကီးထြားရွင္သန္ႏိုင္ဖို႔ အတၱေတြမကင္းသလို၊ မုသားေတြလည္း မကင္းႏိုင္ပါဘူး။လူတစ္ေယာက္အတြက္ လူ႔ေလာကမွာ ဆက္ဆံမႈနယ္ က်ယ္ဝန္းေလေလ၊ အေၾကာင္းအရာမ်ားေလပါပဲ။အေၾကာင္းအရာမ်ားေလ လူေတြအေၾကာင္း ပိုၿပီးသိလာေလေလပါပဲ။လူေတြအေၾကာင္း ပိုသိလာတဲ့အခါ မ်ားေသာအားျဖင့္ ဟန္ေဆာင္မႈေတြကို ေတြ႕လာေလေလပါပဲ။ဟန္ေဆာင္မႈ ဆိုတာေတြမွာလည္း အေၾကာင္းတရားေတြ အမ်ိဳးမ်ိဳးကြဲျပားစြာ ေတြ႕ေနရမွာပါ။ရွိေနတာေတြကို မရွိဟန္ေဆာင္ေနၾကတာေတြ၊ မရွိတာေတြကို ရွိဟန္ေဆာင္ေနၾကတာေတြ၊ သိေနတာေတြကို မသိဟန္ေဆာင္ေနၾကတာေတြ၊ တကယ္မသိပဲ သိဟန္ေဆာင္ေနၾကတာေတြ။ဘယ္လိုအေၾကာင္းအရာေတြက ပိုမ်ားေနလည္းဆိုတာ သိလာၾကမွာပါ။

တကယ္ေတာ့ ကြၽန္ေတာ္တို႔ ရွင္သန္ေက်ာ္ျဖတ္ေနတဲ့ ေလာကႀကီးဟာ ဟန္ေဆာင္ေလာကႀကီးအျဖစ္ ေတြ႕ရပါလိမ့္မယ္။ဒီေလာကႀကီးထဲမွာ ဟန္ေဆာင္တတ္နည္းကို ပိုသိေနတဲ့ လူအနည္းငယ္က ႀကီးစိုးလႊမ္းမိုးထားၾကပါတယ္။

လူအမ်ား ဆိုတာကေတာ့ မုသားေလာကႀကီးမွာ မုသားေတြနဲ႔ က်င့္သားရေနၾကပါၿပီ။ဒါဆို လူအမ်ားစုႀကီးက မုသားကင္းတဲ့ ႐ိုးသားသူေတြလား ဆိုျပန္ေတာ့ ဒါကလည္း မဟုတ္ေသးပါဘူး။လူအမ်ားစုႀကီးက လူရည္လည္ လူနည္းစုရဲ႕ အလိမ္အညာခံေနရတတ္တဲ့ ေလာကတစ္ခုျဖစ္ေနပါတယ္။ေျပာမယ္ဆိုရင္ အ.သူေတြမ်ားတဲ့ ေလာကႀကီးပါ။
လူလည္လူလိမ္ တစ္ေယာက္ရဲ႕ အလိမ္ခံဖို႔အတြက္ လူအမ်ားႀကီး တန္းစီေစာင့္ေနၾကတဲ့ ေလာကႀကီးျဖစ္ေနတာ၊ ေခတ္အဆက္ဆက္ပါပဲ။ေခတ္ေတြ ဘယ္လိုတိုးတက္တက္၊ ဘယ္လိုေျပာင္းလဲေျပာင္းလဲ၊ ဒီနိယာမကေတာ့ မေျပာင္းမလဲရွိေနမွာပါပဲ။

ေနာက္တစ္ခ်က္က အင္အားႀကီးသူေတြက အင္အားနည္းသူေတြကို အႏိုင္က်င့္ေနတဲ့ ေလာကႀကီးအျဖစ္လည္း အခုအခ်ိန္ထိ ရွိေနပါေသးတယ္။ဥပမာ - အင္အားႀကီးႏိုင္ငံ ငါးႏိုင္ငံ လက္ဝါးႀကီးအုပ္ ႀကီးစိုးခ်ယ္လွယ္ေနတဲ့  ကမာၻ႔ကုလသမဂၢ အဖြဲ႕ႀကီးကိုၾကည့္ရင္ သိႏိုင္ပါတယ္။အဲဒီ ငါးႏိုင္ငံက တစ္ဦးခ်င္းကိုင္စြဲထားတဲ့ ဗီတိုအာဏာနဲ႔ ကမာၻႀကီးတစ္ခုလုံးကို ခ်ဳပ္ကိုင္ထားတာပါ။ေျပာရမယ္ဆိုရင္ ကမာၻ႔ကုလသမဂၢ အဖြဲ႕ႀကီးကိုယ္တိုင္က ဗီတိုအာဏာရ ငါးႏိုင္ငံရဲ႕ လက္ေအာက္မွာ ရွိေနပါတယ္။ကမာၻ႔ကုလသမဂၢအဖြဲ႕ႀကီးအေနနဲ႔ သူေဆာင္႐ြက္ခ်င္တာကို လြတ္လြတ္လပ္လပ္ မေဆာင္႐ြက္ႏိုင္ပါဘူး။ဒီလိုအေျခအေနမွာ ဒီအဖြဲ႕ႀကီးက လူ႔အခြင့္အေရးဆိုၿပီး ထေအာ္ေနတတ္ေတာ့ အမ်ားႀကီးစဥ္းစားစရာပါပဲ။

အေျခခံ လူ႔အခြင့္အေရး ျပ႒ာန္းခ်က္မွာ အင္အားႀကီးသူေတြက အင္အားနည္းသူေတြကို ဖိႏွိပ္ခ်ဳပ္ခ်ယ္ထားႏိုင္တယ္ဆိုရင္ လြတ္လပ္ႏိုင္ပါေတာ့မလား။လြတ္လပ္စြာ ေျပာေရးဆိုခြင့္ဆိုတဲ့ အခ်က္တစ္ခ်က္ေတာင္ မျပည့္စုံႏိုင္ပါဘူး။ဒါေၾကာင့္ ကမာၻ႔ကုလသမဂၢႀကီးဆိုတာကို ႏိုင္ငံငယ္ေလးေတြကအစ ဂ႐ုမစိုက္ အေလးမထားၾကေတာ့တာပါပဲ။ဒီကုလသမဂၢ နာမည္ႀကီးကို အင္အားႀကီးႏိုင္ငံႀကီးေတြက လိုရင္လိုသလို အသုံးခ်ဖို႔ ထားသလိုျဖစ္ေနပါတယ္။အင္အားႀကီးႏိုင္ငံႀကီးေတြနဲ႔ ဆက္ဆံေရးေကာင္းဖို႔ကိုပဲ ႏိုင္ငံငယ္ေတြက အေလးထားေနၾကတဲ့ အေျခအေနပါ။အင္အားႀကီးႏိုင္ငံႀကီးေတြကလည္း သူတို႔အက်ိဳးစီးပြားအတြက္ကို ပိုအေရးထားပါတယ္။
ေစာေစာကေျပာသလို၊ ငါဆိုတဲ့ အတၱေတြကေန မလြတ္ကင္းႏိုင္ဘူးမဟုတ္လား။ငါဆိုတဲ့အတၱေတြ ရွိေနေတာ့ မုသားေတြကို လိုက္ေလ်ာညီေထြေအာင္ သုံးေနၾကမွာပါပဲ။

ျပန္ေကာက္ရမယ္ဆိုရင္ လူတစ္ေယာက္ခ်င္းအေပၚထားတဲ့ လူ႔အခြင့္အေရးဆိုတာထက္ ငါဆိုတဲ့မိမိ၊ ငါ့မိသားစု၊ ငါ့ေဆြမ်ိဳး၊ ငါ့ပတ္ဝန္းက်င္၊ ငါ့လူမ်ိဳး၊ ငါ့တိုင္းျပည္ဆိုတာကို ပိုအေလးထားေနၾကရပါတယ္။ဒီလို အေလးထားတာလည္း ငါေတြဆိုတဲ့ အတၱေတြ ရွင္သန္ႏိုင္ဖို႔အတြက္ အေရးႀကီးေနပါတယ္။ဒါလည္းသဘာဝက်ပါတယ္။

ဒီေလာကႀကီးဟာ ငါေတြနဲ႔၊ အတၱေတြနဲ႔၊ မုသားေတြနဲ႔ ဆက္ဆံေနရတဲ့ ေလာကႀကီးပါပဲ။ျငင္းဆန္လို႔ မရႏိုင္ပါဘူး။လူမ်ားဆိုတာေတြနဲ႔ ဆက္ဆံေနရတဲ့ ေလာကမွာ အေၾကာင္းအရာေတြက သဘာဝမက်တာေတြ သဘာဝအျဖစ္ ဖန္တီးထားသလို ျဖစ္ေနပါတယ္။လူကို အေျချပဳတာေတြ၊ လူကို လူခ်င္းစာနာႏိုင္ျခင္း ဆိုတာေတြကလည္း မုသားမဲ့ေလာကနဲ႔ တေျဖးေျဖးေဝးကြာေနပါၿပီ။ဖြံ႕ၿဖိဳးတိုးတက္လာေနတဲ့ ကမာၻႀကီးထဲမွာ သူမ်ားထက္ ပိုၿပီးရွင္သန္ႏိုင္ဖို႔ အတၱေတြကို ေမြးျမဴေနၾကတာေတြက သဘာဝကို ဖ်က္ဆီးေနတဲ့ အေၾကာင္းအရာေတြ ျဖစ္ေနၾကပါတယ္။

ေနာက္ဆုံးအေနနဲ႔ေျပာခ်င္တာက လူသားအားလုံးကို ေလးစားပါတယ္ဆိုၿပီး ေအာ္လိုက္တာက တကယ့္ေလာကႀကီးကို မသိခ်င္ေယာင္ေဆာင္သူေတြ ျဖစ္ပါလိမ့္မယ္။

ေခတ္အဆက္ဆက္ကို ျပန္ၾကည့္လိုက္ရင္ အင္အားႀကီးတဲ့လူက အင္အားမရွိတဲ့ လူေပါင္းေျမာက္မ်ားစြာကို ဗိုလ္က်အႏိုင္က်င့္ေနခဲ့တာေတြကိုသာ ျမင္ရမွာပါ။အတၱေတြ ရွင္သန္ေနသမွ် ဒီလူ႔ေလာကႀကီးဟာ ႀကီးႏိုင္ငယ္ညႇဥ္း ျဖစ္ေနၾကဦးမွာပါပဲ။အတၱေတြကို မုသားနဲ႔တန္ဆာဆင္ထားတဲ့ ေလာကႀကီးကလည္း ကြၽန္ေတာ္တို႔ အၿမဲရွင္သန္ဖို႔ ဆက္ဆံေနရမယ္ မဟုတ္လား။လူသားတစ္ေယာက္ရဲ႕ စစ္မွန္တဲ့အခြင့္အေရးကို ရဖို႔ဆိုတာလည္း ေပ်ာက္ဆုံးေနမွာပါပဲ။အကန႔္အသတ္ လူ႔အခြင့္အေရးကို ရႏိုင္ေအာင္သာ မုသားေတြနဲ႔ ေလာကႀကီးထဲမွာ လိုက္ေလ်ာညီေထြ ေနထိုင္ႏိုင္ဖို႔ ပိုအေရးႀကီးသလို၊ ငါ့မိသားစု၊ ငါ့လူမ်ိဳး၊ ငါ့တိုင္းျပည္ ရွင္သန္ႀကီးထြားလာႏိုင္ဖို႔ ပိုအေရးႀကီးတယ္ မဟုတ္လား။ကိုယ့္ပတ္ဝန္းက်င္ကို ကိုယ္စည္း႐ိုးထိုးၿပီး ငါဆိုတဲ့ အတၱေတြကို ေမြးျမဴရွင္သန္ႏိုင္ဖို႔ လိုပါတယ္။

ငါႏွင့္ ငါသာ ငါကာကြယ္ဖို႔ အတၱေတြကို မုသားေတြနဲ႔ အလွဆင္ထားတဲ့ ေလာကႀကီးကို လိုက္ေလ်ာညီေထြ ဆက္ဆံၾကပါစို႔။

ျမတ္လႈိင္း
စက္တင္ဘာ - ၂၁