【 ဆောင်းပါး 】 “သိတတ်မှု”

【 ဆောင်းပါး 】 “သိတတ်မှု”   

သွားနေကျခရီးတိုလေးတစ်ခုမှာ တခြားခရီးသည်များအဖို့ သတိထားမိသည်လား၊ မထားမိသည်လား မသိ။ကျွန်တော့်ရင်ထဲတွင်မူ မှတ်မှတ်ရရနှင့် လေးလေးနက်နက် ခံစားခဲ့ရသော ပီတိထူးတစ်ခုဖြစ်ခဲ့ပါသည်။

ထိုနေ့က ကျွန်တော် ခါတိုင်းလိုပင် 37 – YBS ဘတ်စ်ကားကို တက်စီးခဲ့ပါသည်။ကျွန်တော့်ခရီးစဉ်က စော်ဘွားကြီးကုန်းမှ လှည်းတန်းအထိဖြစ်သည်။သွားရိုးသွားစဉ်မို့ ထူးခြားစွာခံစားမှုမရှိသလို၊ ရပ်ရိုးရပ်စဉ်မို့လည်း ပင်ပန်းသည်မထင်မိပါ။အပေါ်လက်ကိုင်တန်း သို့မဟုတ် ပလပ်စတစ်ကွင်းကို ကိုင်၍စီးရသည်မှာ နေ့စဉ် ပုံမှန်အနေအထားဖြစ်၏။ကံကောင်းထောက်မလျှင်တော့ ထိုင်ခုံနေရာ ရဦးမည်ပေါ့။

အနည်းငယ် စိတ်ထဲမသက်မသာဖြစ်ရသည်က ကျွန်တော့်ဘေးမှ အဘွားအိုအတွက်ပင်ဖြစ်သည်။အသက် ၈၀ နီးပါးရှိလိမ့်မည်။အဖေါ်လည်းမတွေ့ရ။မည်သည့်မှတ်တိုင်မှတက်၍ မည်မျှကြာအောင်ရပ်နေခဲ့သည်မသိ။လက်ရှိအခြေအနေတွင်တော့ ကျွန်တော်အတော်လေးစိတ်မကောင်းဖြစ်ရသည်။ရုံးချိန်၊ ကျောင်းချိန်မို့ ကားထဲမှ ခရီးသည်အများစုမှာ ရုံးသမား၊ အလုပ်သမား၊ ကျောင်းသားများလိုလိုဖြစ်ကြမည်။လူငယ်လူရွယ်တွေချည်းဖြစ်၏။ကျွန်တော့်မှာ သွားရင်းလာရင်း အကုသိုလ်စိတ်ဖြစ်မိလေပြီ။

ပဋ္ဌာန်းတရားတော်မှ “ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ၊ ပစ္စိမာနံ ပစ္စိမာနံ အကုသလာနံ ဓမ္မာနံ” ဆိုတာလေးကို သွားသတိရမိကာ ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်တင်မိလိုက်သေးသည်။ရှေ့စိတ်က အဘွားအိုအတွက် ကုသိုလ်စိတ်ဖြစ်ခဲ့သော်လည်း နောက်စိတ်က ထိုင်ခုံမှာထိုင်နေသူအချို့အပေါ် အကုသိုလ်စိတ်ဖြစ်နေရလေပြီ။

ကျွန်တော်နှင့် အဘွားအိုတို့၏ ဘေးခုံနှင့် နောက်ဘက်နှစ်ခုံရှိ အစွန်တွင်ထိုင်နေကြသော အသက် ၃၀ ကျော် အမျိုးသားနှစ်ယောက်နှင့် အသက် ၂၀ ခန့် ကောင်လေးတစ်ယောက်ကို မကျေမနပ်နှင့် တစ်လှည့်စီကြည့်နေမိသည်။သူတို့၏စိတ်အာရုံတွင် သူတို့လုပ်ဆောင်ရမည့် အလုပ်တာဝန်အတွက် ကြံစည်တွေးခေါ်နေသည်လား၊ သမာဓိအားတွေပဲ သိပ်ကောင်းနေလို့လား၊ သက်ကြီးရွယ်အိုတစ်ယောက်အပေါ် ကရုဏာနှင့်ကူညီရန်ပင်မဖြစ်နိုင်တော့၍ သဗ္ဗေသတ္တာ ကမ္မသကာလို့ပဲ ဥပေက္ခာရှုနေကြသည်လားမသိပါ။ထိုသို့ဆိုလျှင် သူတို့အပေါ် ပြစ်မှားနေမိသည့် ကျွန်တော့အတွက် အကုသိုလ်ပိုကြီးပြီး ချက်ချင်းပင် အဝီစိငရဲသို့ သွားရတော့မည်ထင်၏။

ထိုစဉ် ရှေ့ဆုံးခုံတွင်ထိုင်နေသော မိန်းကလေးနှစ်ယောက်အနက် အစွန်တွင်ထိုင်နေသော မိန်းမပျိုလေးသည် နောက်သို့လှည့်ကြည့်လာသည် (ဘယ်အတွက်ကြောင့်မူမသိ)။

ထိုအချိန်တွင် ဘတ်စ်ကားသည် ဆယ်မိုင်မှတ်တိုင်ကိုကျော်၍ လေဆိပ်မီးပွိုင့်ကိုဖြတ်ပြီး ကိုးမိုင်ခွဲဘက်သို့ ကွေ့သည်။အဘွားအိုယိုင်သွားသည်ကို ကျွန်တော်ထိန်းထားလိုက်ရသည်။ကားကထပ်ကွေ့၊ အဘွားအိုကထပ်ယိုင်၊ ကျွန်တော်ကထပ်ထိန်းပေါ့။သည်လောက် ယောက်ယက်ခတ်နေသည့်ကြားမှ ကျွန်တော့နောက်က အမျိုးသမီးတစ်ယောက်၏ခြေထောက်ကို အနည်းငယ်နင်းလိုက်မိသလိုဖြစ်တာကြောင့် တောင်းပန်ကြည့် ကြည့်လိုက်မိသည်။

ထိုခဏမှာပင် “အဘွား--အဘွား--၊ ဒီမှာလာထိုင်”

ရှေ့ဆုံးခုံမှ မိန်းမပျိုလေးက မတ်တတ်ရပ်ကာလှမ်းခေါ်ခြင်းဖြစ်သည်။နှစ်ခါပင်မခေါ်လိုက်ရပါ။ကျွန်တော့်ကို ‘ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲ’ သည်ဟုဆိုလျှင်ဆိုတော့။အဘွားအိုကိုတွဲ၍ ရှေ့သို့လက်ဆင့်ကမ်း ပို့ပေးလိုက်သည်။

ကျွန်တော် စိတ်ချမ်းသာသွားသည်။အဘွားအို နေရာရသွားလေပြီ။ထိုမိန်းမပျိုလေးကို ကျေးဇူးတင်သောအကြည့်နှင့် ကြည့်မိသည်။မိန်းမပျိုလေးကတော့ အေးအေးဆေးဆေးပင်။ရှေ့တည့်တည့်သို့သာ ကြည့်၍ရပ်နေသည်။

ရှစ်မိုင်မှတ်တိုင်အရောက်တွင် ခရီးသည်တော်တော်များများဆင်းသွား၍ ကျွန်တော် နောက်ဆုံးခုံမှာ နေရာရသည်။အဘွားအိုကိုနေရာပေးခဲ့သော မိန်းမပျိုလေးလည်း ကားရှေ့ပေါက် အဆင်းအတက်နားရှိထိုင်ခုံတွင် နေရာရသည်ကို သတိထားမိသည်။

ကားပေါ်မှဆင်းသွားသည့် ခရီးသည်ဦးရေထက် ပြန်တက်လာသည့်ခရီးသည်ဦးရေက ပိုများနေသဖြင့် ကားကကျပ်လာသည်။မှတ်တိုင်မှတက်လာသော ခရီးသည်များထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် ပါလာသည်။မကြာပါ။ဘာမှမကြာလိုက်ပါ။ကိုယ်ဝန်ဆောင်အမျိုးသမီးသည် မိန်းမပျိုလေး၏နေရာတွင်ထိုင်လျက်။မိန်းမပျိုလေးက မတ်တတ်ရပ်လျက်။

ကျွန်တော် အံ့သြမိသည်။ရင်ထဲတွင်လည်း ကြည်နူးမိသည်။မိန်းမပျိုလေး၏အသက်က ရှိလှမှ ဆယ့်ငါး၊ ဆယ့်ခြောက်ခန့်သာ။သူမ၏အသိတရားကား ကြီးမားမြင့်မြတ်လှပေစွ။

ကျွန်တော် လှည်းတန်းမှတ်တိုင်ရောက်၍ ကားပေါ်မှဆင်းလာသည့်အချိန်အထိ ထိုင်ခုံနေရာအလှူရှင် မိန်းမပျိုလေးကား မတ်တတ်ရပ်လျက်ပင်ရှိသေးသည်။ဘယ်အထိ မတ်တတ်ရပ်လျက် လိုက်ပါသွားမည်မသိ။ဘတ်စ်ကားပေါ်မှာ မတ်တတ်ရပ်စီးတာ မထူးဆန်းသော်လည်း မိမိရရှိသည့်ထိုင်ခုံကိုစွန့်၍ သူတစ်ပါးကိုညှာတာကူညီရင်း မတ်တတ်ရပ်စီးသွားသည်ကတော့ ဆန်းသည်ဟုဆိုချင်ပါသည်။ထိုမိန်းကလေးကို ကျွန်တော့်စိတ်ထဲမှ ဝေဖန်ကြည့်မိသည်။သာမန်လူတစ်ယောက်လို အင်အားမရှိသော သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်တို့ကို ကူညီခြင်းနှင့် ထိုသို့ကူညီလိုမှုစေတနာဖြစ်ပေါ်စေသည့် ရင်ထဲမှ အကြင်နာတရား၊ ဂါရ၀တရားတို့ကို တွေ့ရသည်။တစ်ဖန် ဖြစ်ပေါ်လာသောအကြင်နာစိတ်ကို ဝစီကံမြောက်၊ ကာယကံမြောက် ကူညီဖြစ်အောင် မှန်ကန်ပီပြင်သောဆုံးဖြတ်မှု၊ တည်ကြည်ရဲရင့်သော လက်တွေ့လုပ်ဆောင်မှုတို့ကို အောင်အောင်မြင်မြင်ပြုမူနိုင်ခဲ့ကြောင်း လေးစားစွာတွေ့ရသည်။

တစ်ဖက်က အတ္တစွန့်သူအပေါ် ကုသိုလ်စေတနာဖြစ်မိသလို အခြားတစ်ဖက်မှလည်း အတ္တကြီးသူတချို့အပေါ် အကုသိုလ်စေတနာဖြစ်မိတာကိုတော့ ဝန်ခံချင်ပါသည်။

ပညာရှာ၊ စီးပွားရှာနေသည့် အရွယ်ကောင်းလေးတွေဖြစ်ပြီး ကျန်းမာသန်စွမ်းနေပါလျက်နှင့် မေတ္တာထားရမှန်း၊ ကရုဏာထားရမှန်း မသိကြ။အတ္တကြီးစွာ စိမ်းစိမ်းကားကားနေနိုင်ရက်ကြသည်။ဖင်ထိုင်ခုံတစ်နေရာကို ရာဇပလ္လင် ထင်မှတ်နေကြဟန်ရှိသည်။မိနစ်ပိုင်းအတွင်းမှာပင် ထိုထိုင်ခုံမှနေရာဖယ်ပေးရမည်။ထိုထိုင်ခုံနေရာကို စွန့်ပစ်ခဲ့ရမည်ဆိုတာ မေ့နေဟန်ရှိသည်။

ထိုထိုင်ခုံတစ်နေရာကို မက်မောနေကြသူများတွင်လည်း လူနှစ်မျိုးနှစ်စားရှိမည်ဟု တွေးမိသည်။တစ်မျိုးကား မိမိမှတစ်ပါး မည်သို့သောသူကိုမှ အကြင်နာမထားတတ်သည့် စုံလုံးကန်းလူမိုက်မျိုးနှင့် အကြင်နာထားရကောင်းမှန်းသိသော်လည်း နေရာကိုမက်မောလွန်း၍ မစွန့်လွှတ်နိုင်သည့် တစ်ဖက်ကန်းလူမျိုးတို့ဖြစ်ပါလိမ့်မည်။

နောက်ဆုံးတော့ အကြင်နာကရုဏာနှင့်ပတ်သက်၍ တရားတော်က “ပရဒုက္ခေသတိ သာဓူနံ ဟဒယကမ္ပနံ ကရောတီတိကရုဏာ” ဟူ၍ တစ်ပါးသူဒုက္ခရောက်နေတာတွေ့လျှင် သူတော်ကောင်းတို့၏နှလုံးကို တုန်လှုပ်အောင်ပြုတတ်သဖြင့် ‘ကရုဏာ’ ခေါ်ကြောင်း သတိရမိသည်။

သူတစ်ပါးဒုက္ခရောက်နေသည်ကိုတွေ့နေပါလျက် မတုန်လှုပ်ဘဲနေနိုင်ကြသည်ကိုကြည့်ရင်း ‘သြော် သူတို့က သူတော်ကောင်းမှမဟုတ်တာ၊ ဘယ်သူသေသေ ငတေမာပြီးရောဆိုသူတွေနေမှာပေါ့’ ဟုသာ စိတ်ကိုဖြေလိုက်ရပါသည်။

ယနေ့ သိပ္ပံပညာအထူးတိုးတက်နေသော IT ခေတ်မှာ အဘက်ဘက်မှ မြင့်မြင့်မားမားဖွံ့ဖြိုးလျက်ရှိသည်။ရေခြားမြေခြား ကွာဝေးသောနေရာများသို့ပင် အသားချင်းထိ၍မရသည်မှလွဲ၍ အင်တာနက်မှတစ်ဆင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကြည်ကြည်လင်လင် စကားပြောနိုင်နေကြပေပြီ။တစ်ကမ္ဘာလုံးဖြစ်ရပ်များကိုလည်း တစ်ခဏနှင့်သိနိုင်နေကြပြီ။တစ်ချိန်က အင်မတန်ကျယ်ဝန်းပါသည်ဆိုသော ကမ္ဘာကြီးသည်ပင် တိုးတက်သော ဆက်သွယ်မှုနည်းပညာများကြောင့် ရွာတစ်ရွာသာသာအဆင့်လောက်ဖြစ်နေလေပြီ။

အစဉ်အလာ သမားရိုးကျဖြစ်စဉ်တစ်ခုကို ပြန်လည်သုံးသပ်မိပါသည်။ယေဘုယျအားဖြင့် အသက်တစ်နှစ်ကြီးလာလျှင်၊ ပညာတွင်အတန်းတစ်တန်းကြီးလာလျှင်၊ အလုပ်သမားလောကတွင် လုပ်သက်တစ်နှစ်ကြီးလာလျှင် အတွေ့အကြုံပိုလာသည်။အတတ်ပညာပိုလာသည်။အသိပညာပိုလာသည်။တိုက်ရိုက်အချိုးကျပြောင်းလဲသည်ကို တွေ့ရ၏။

သိပ္ပံနည်းပညာ အဆမတန်တိုးတက်နေသည့် ယနေ့အချိန်တွင် တိုက်ရိုက်အချိုးကျပြောင်းလဲမည်ဆိုပါက အသိပညာလည်း အထူးတိုးတက်လာရပေမည်။ယခုကဲ့သို့ သိပ္ပံပညာကတိုးတက်ပြီး အသိဉာဏ်ပညာက ဆုတ်ယုတ်နေပြီဆိုလျှင် အစဉ်အလာဖြစ်စဉ်ကိုဆန့်ကျင်လျက် ပြောင်းပြန်အချိုးကျပြီဟု ဆိုရတော့မည်ထင်သည်။

ဤသို့ဆိုလျှင် သိပ္ပံပညာကိုပင် အပြစ်တင်ရမည်လား၊ သိပ္ပံပညာတီထွင်သူများကိုပင် အပြစ်တင်ရမည်လားဟု မမှန်ကန်သောအမေး၊ မရိုးသားသောအတွေး ဖြစ်သွားပေမည်။

မရိုးမသားမတွေးချင်လျှင် ရိုးသားစွာတွေးရပါတော့မည်။

ကိုယ်တကယ်မပိုင်သည့်နေရာကိုပင် ကိုယ့်နေရာဟုအထင်လွဲကာတွယ်တာနေသည့် ‘မသိမှု’၊ ဒုက္ခရောက်သူကို တွေ့နေပါလျက် ကူညီနိုင်ပါလျက် လျစ်လျူရှုရက်သည့် ‘မသိမှု’ တို့က အဓိကဖြစ်ပေသည်။

ယခုလို ကျွန်တော်တွေးနေသည့်အချိန်၌ ထိုဘတ်စ်ကားပေါ်တွင် ထိုမိန်းမပျိုလေးလည်း ရှိတော့မည်မဟုတ်ပါ။ ကျွန်တော်အပြစ်တင်နေသော ထိုလူငယ်လူရွယ်သုံးယောက်လည်း ရှိတော့မည်မဟုတ်ပါ။ထိုထိုင်ခုံနေရာများတွင်လည်း တခြားသူများတစ်ယောက် ထိုင်နေကြပေလိမ့်မည်။ညမိုးချုပ် ဘတ်စ်ကားသိမ်းချိန်တွင်မူ ထိုထိုင်ခုံနေရာများတွင် ထိုင်မည့်သူပင်ရှိတော့မည်မဟုတ်ပါ။

ဖြစ်ပျက်နေသည့်သဘာဝက မထူးဆန်းသော်လည်း ထိုအဖြစ်အပျက်အပေါ် တုံ့ပြန်ပြုမူလုပ်ဆောင်တတ်သည့် လုပ်ဆောင်မှုကမူ ထူးဆန်းပါသည်။

ကျွန်တော့အတွေးသာမှန်မည်ဆိုလျှင် ဒုက္ခရောက်သူကို လျစ်လျူရှုမထားရက်သော၊ လက်ရှိနေရာရထားသော်လည်း ထိုနေရာကို ကိုယ့်ထက်အမှန်တကယ်လိုအပ်သည့်သူအတွက် စွန့်လွှတ်အနစ်နာခံရန် ဝန်မလေးသော မိန်းမပျိုလေး၏ “သိတတ်မှု” ကို လေးစားဂုဏ်ပြုကာ “သာဓု” ခေါ်ရပေလိမ့်မည်။

ရိုက်မောင်း
သြဂုတ် - ၅

( Zawgyi )

သြားေနက်ခရီးတိုေလးတစ္ခုမွာ တျခားခရီးသည္မ်ားအဖို႔ သတိထားမိသည္လား၊ မထားမိသည္လား မသိ။ကြၽန္ေတာ့္ရင္ထဲတြင္မူ မွတ္မွတ္ရရႏွင့္ ေလးေလးနက္နက္ ခံစားခဲ့ရေသာ ပီတိထူးတစ္ခုျဖစ္ခဲ့ပါသည္။

ထိုေန႔က ကြၽန္ေတာ္ ခါတိုင္းလိုပင္ 37 – YBS ဘတ္စ္ကားကို တက္စီးခဲ့ပါသည္။ကြၽန္ေတာ့္ခရီးစဥ္က ေစာ္ဘြားႀကီးကုန္းမွ လွည္းတန္းအထိျဖစ္သည္။သြား႐ိုးသြားစဥ္မို႔ ထူးျခားစြာခံစားမႈမရွိသလို၊ ရပ္႐ိုးရပ္စဥ္မို႔လည္း ပင္ပန္းသည္မထင္မိပါ။အေပၚလက္ကိုင္တန္း သို႔မဟုတ္ ပလပ္စတစ္ကြင္းကို ကိုင္၍စီးရသည္မွာ ေန႔စဥ္ ပုံမွန္အေနအထားျဖစ္၏။ကံေကာင္းေထာက္မလွ်င္ေတာ့ ထိုင္ခုံေနရာ ရဦးမည္ေပါ့။

အနည္းငယ္ စိတ္ထဲမသက္မသာျဖစ္ရသည္က ကြၽန္ေတာ့္ေဘးမွ အဘြားအိုအတြက္ပင္ျဖစ္သည္။အသက္ ၈၀ နီးပါးရွိလိမ့္မည္။အေဖၚလည္းမေတြ႕ရ။မည္သည့္မွတ္တိုင္မွတက္၍ မည္မွ်ၾကာေအာင္ရပ္ေနခဲ့သည္မသိ။လက္ရွိအေျခအေနတြင္ေတာ့ ကြၽန္ေတာ္အေတာ္ေလးစိတ္မေကာင္းျဖစ္ရသည္။႐ုံးခ်ိန္၊ ေက်ာင္းခ်ိန္မို႔ ကားထဲမွ ခရီးသည္အမ်ားစုမွာ ႐ုံးသမား၊ အလုပ္သမား၊ ေက်ာင္းသားမ်ားလိုလိုျဖစ္ၾကမည္။လူငယ္လူ႐ြယ္ေတြခ်ည္းျဖစ္၏။ကြၽန္ေတာ့္မွာ သြားရင္းလာရင္း အကုသိုလ္စိတ္ျဖစ္မိေလၿပီ။

ပ႒ာန္းတရားေတာ္မွ “ပုရိမာ ပုရိမာ ကုသလာ ဓမၼာ၊ ပစၥိမာနံ ပစၥိမာနံ အကုသလာနံ ဓမၼာနံ” ဆိုတာေလးကို သြားသတိရမိကာ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ အျပစ္တင္မိလိုက္ေသးသည္။ေရွ႕စိတ္က အဘြားအိုအတြက္ ကုသိုလ္စိတ္ျဖစ္ခဲ့ေသာ္လည္း ေနာက္စိတ္က ထိုင္ခုံမွာထိုင္ေနသူအခ်ိဳ႕အေပၚ အကုသိုလ္စိတ္ျဖစ္ေနရေလၿပီ။

ကြၽန္ေတာ္ႏွင့္ အဘြားအိုတို႔၏ ေဘးခုံႏွင့္ ေနာက္ဘက္ႏွစ္ခုံရွိ အစြန္တြင္ထိုင္ေနၾကေသာ အသက္ ၃၀ ေက်ာ္ အမ်ိဳးသားႏွစ္ေယာက္ႏွင့္ အသက္ ၂၀ ခန႔္ ေကာင္ေလးတစ္ေယာက္ကို မေက်မနပ္ႏွင့္ တစ္လွည့္စီၾကည့္ေနမိသည္။သူတို႔၏စိတ္အာ႐ုံတြင္ သူတို႔လုပ္ေဆာင္ရမည့္ အလုပ္တာဝန္အတြက္ ႀကံစည္ေတြးေခၚေနသည္လား၊ သမာဓိအားေတြပဲ သိပ္ေကာင္းေနလို႔လား၊ သက္ႀကီး႐ြယ္အိုတစ္ေယာက္အေပၚ က႐ုဏာႏွင့္ကူညီရန္ပင္မျဖစ္ႏိုင္ေတာ့၍ သေဗၺသတၱာ ကမၼသကာလို႔ပဲ ဥေပကၡာရႈေနၾကသည္လားမသိပါ။ထိုသို႔ဆိုလွ်င္ သူတို႔အေပၚ ျပစ္မွားေနမိသည့္ ကြၽန္ေတာ့အတြက္ အကုသိုလ္ပိုႀကီးၿပီး ခ်က္ခ်င္းပင္ အဝီစိငရဲသို႔ သြားရေတာ့မည္ထင္၏။

ထိုစဥ္ ေရွ႕ဆုံးခုံတြင္ထိုင္ေနေသာ မိန္းကေလးႏွစ္ေယာက္အနက္ အစြန္တြင္ထိုင္ေနေသာ မိန္းမပ်ိဳေလးသည္ ေနာက္သို႔လွည့္ၾကည့္လာသည္ (ဘယ္အတြက္ေၾကာင့္မူမသိ)။

ထိုအခ်ိန္တြင္ ဘတ္စ္ကားသည္ ဆယ္မိုင္မွတ္တိုင္ကိုေက်ာ္၍ ေလဆိပ္မီးပြိဳင့္ကိုျဖတ္ၿပီး ကိုးမိုင္ခြဲဘက္သို႔ ေကြ႕သည္။အဘြားအိုယိုင္သြားသည္ကို ကြၽန္ေတာ္ထိန္းထားလိုက္ရသည္။ကားကထပ္ေကြ႕၊ အဘြားအိုကထပ္ယိုင္၊ ကြၽန္ေတာ္ကထပ္ထိန္းေပါ့။သည္ေလာက္ ေယာက္ယက္ခတ္ေနသည့္ၾကားမွ ကြၽန္ေတာ့ေနာက္က အမ်ိဳးသမီးတစ္ေယာက္၏ေျခေထာက္ကို အနည္းငယ္နင္းလိုက္မိသလိုျဖစ္တာေၾကာင့္ ေတာင္းပန္ၾကည့္ ၾကည့္လိုက္မိသည္။

ထိုခဏမွာပင္ “အဘြား--အဘြား--၊ ဒီမွာလာထိုင္”

ေရွ႕ဆုံးခုံမွ မိန္းမပ်ိဳေလးက မတ္တတ္ရပ္ကာလွမ္းေခၚျခင္းျဖစ္သည္။ႏွစ္ခါပင္မေခၚလိုက္ရပါ။ကြၽန္ေတာ့္ကို ‘ၾကက္တူေ႐ြးကေတာ္ေတာ္ မယ္ေဘာ္ကကဲ’ သည္ဟုဆိုလွ်င္ဆိုေတာ့။အဘြားအိုကိုတြဲ၍ ေရွ႕သို႔လက္ဆင့္ကမ္း ပို႔ေပးလိုက္သည္။

ကြၽန္ေတာ္ စိတ္ခ်မ္းသာသြားသည္။အဘြားအို ေနရာရသြားေလၿပီ။ထိုမိန္းမပ်ိဳေလးကို ေက်းဇူးတင္ေသာအၾကည့္ႏွင့္ ၾကည့္မိသည္။မိန္းမပ်ိဳေလးကေတာ့ ေအးေအးေဆးေဆးပင္။ေရွ႕တည့္တည့္သို႔သာ ၾကည့္၍ရပ္ေနသည္။

ရွစ္မိုင္မွတ္တိုင္အေရာက္တြင္ ခရီးသည္ေတာ္ေတာ္မ်ားမ်ားဆင္းသြား၍ ကြၽန္ေတာ္ ေနာက္ဆုံးခုံမွာ ေနရာရသည္။အဘြားအိုကိုေနရာေပးခဲ့ေသာ မိန္းမပ်ိဳေလးလည္း ကားေရွ႕ေပါက္ အဆင္းအတက္နားရွိထိုင္ခုံတြင္ ေနရာရသည္ကို သတိထားမိသည္။

ကားေပၚမွဆင္းသြားသည့္ ခရီးသည္ဦးေရထက္ ျပန္တက္လာသည့္ခရီးသည္ဦးေရက ပိုမ်ားေနသျဖင့္ ကားကက်ပ္လာသည္။မွတ္တိုင္မွတက္လာေသာ ခရီးသည္မ်ားထဲမွာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ေယာက္ ပါလာသည္။မၾကာပါ။ဘာမွမၾကာလိုက္ပါ။ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးသည္ မိန္းမပ်ိဳေလး၏ေနရာတြင္ထိုင္လ်က္။မိန္းမပ်ိဳေလးက မတ္တတ္ရပ္လ်က္။

ကြၽန္ေတာ္ အံ့ၾသမိသည္။ရင္ထဲတြင္လည္း ၾကည္ႏူးမိသည္။မိန္းမပ်ိဳေလး၏အသက္က ရွိလွမွ ဆယ့္ငါး၊ ဆယ့္ေျခာက္ခန႔္သာ။သူမ၏အသိတရားကား ႀကီးမားျမင့္ျမတ္လွေပစြ။

ကြၽန္ေတာ္ လွည္းတန္းမွတ္တိုင္ေရာက္၍ ကားေပၚမွဆင္းလာသည့္အခ်ိန္အထိ ထိုင္ခုံေနရာအလႉရွင္ မိန္းမပ်ိဳေလးကား မတ္တတ္ရပ္လ်က္ပင္ရွိေသးသည္။ဘယ္အထိ မတ္တတ္ရပ္လ်က္ လိုက္ပါသြားမည္မသိ။ဘတ္စ္ကားေပၚမွာ မတ္တတ္ရပ္စီးတာ မထူးဆန္းေသာ္လည္း မိမိရရွိသည့္ထိုင္ခုံကိုစြန႔္၍ သူတစ္ပါးကိုညႇာတာကူညီရင္း မတ္တတ္ရပ္စီးသြားသည္ကေတာ့ ဆန္းသည္ဟုဆိုခ်င္ပါသည္။ထိုမိန္းကေလးကို ကြၽန္ေတာ့္စိတ္ထဲမွ ေဝဖန္ၾကည့္မိသည္။သာမန္လူတစ္ေယာက္လို အင္အားမရွိေသာ သက္ႀကီး႐ြယ္အို၊ ကိုယ္ဝန္ေဆာင္တို႔ကို ကူညီျခင္းႏွင့္ ထိုသို႔ကူညီလိုမႈေစတနာျဖစ္ေပၚေစသည့္ ရင္ထဲမွ အၾကင္နာတရား၊ ဂါရ၀တရားတို႔ကို ေတြ႕ရသည္။တစ္ဖန္ ျဖစ္ေပၚလာေသာအၾကင္နာစိတ္ကို ဝစီကံေျမာက္၊ ကာယကံေျမာက္ ကူညီျဖစ္ေအာင္ မွန္ကန္ပီျပင္ေသာဆုံးျဖတ္မႈ၊ တည္ၾကည္ရဲရင့္ေသာ လက္ေတြ႕လုပ္ေဆာင္မႈတို႔ကို ေအာင္ေအာင္ျမင္ျမင္ျပဳမူႏိုင္ခဲ့ေၾကာင္း ေလးစားစြာေတြ႕ရသည္။

တစ္ဖက္က အတၱစြန႔္သူအေပၚ ကုသိုလ္ေစတနာျဖစ္မိသလို အျခားတစ္ဖက္မွလည္း အတၱႀကီးသူတခ်ိဳ႕အေပၚ အကုသိုလ္ေစတနာျဖစ္မိတာကိုေတာ့ ဝန္ခံခ်င္ပါသည္။

ပညာရွာ၊ စီးပြားရွာေနသည့္ အ႐ြယ္ေကာင္းေလးေတြျဖစ္ၿပီး က်န္းမာသန္စြမ္းေနပါလ်က္ႏွင့္ ေမတၱာထားရမွန္း၊ က႐ုဏာထားရမွန္း မသိၾက။အတၱႀကီးစြာ စိမ္းစိမ္းကားကားေနႏိုင္ရက္ၾကသည္။ဖင္ထိုင္ခုံတစ္ေနရာကို ရာဇပလႅင္ ထင္မွတ္ေနၾကဟန္ရွိသည္။မိနစ္ပိုင္းအတြင္းမွာပင္ ထိုထိုင္ခုံမွေနရာဖယ္ေပးရမည္။ထိုထိုင္ခုံေနရာကို စြန႔္ပစ္ခဲ့ရမည္ဆိုတာ ေမ့ေနဟန္ရွိသည္။

ထိုထိုင္ခုံတစ္ေနရာကို မက္ေမာေနၾကသူမ်ားတြင္လည္း လူႏွစ္မ်ိဳးႏွစ္စားရွိမည္ဟု ေတြးမိသည္။တစ္မ်ိဳးကား မိမိမွတစ္ပါး မည္သို႔ေသာသူကိုမွ အၾကင္နာမထားတတ္သည့္ စုံလုံးကန္းလူမိုက္မ်ိဳးႏွင့္ အၾကင္နာထားရေကာင္းမွန္းသိေသာ္လည္း ေနရာကိုမက္ေမာလြန္း၍ မစြန႔္လႊတ္ႏိုင္သည့္ တစ္ဖက္ကန္းလူမ်ိဳးတို႔ျဖစ္ပါလိမ့္မည္။

ေနာက္ဆုံးေတာ့ အၾကင္နာက႐ုဏာႏွင့္ပတ္သက္၍ တရားေတာ္က “ပရဒုေကၡသတိ သာဓူနံ ဟဒယကမၸနံ ကေရာတီတိက႐ုဏာ” ဟူ၍ တစ္ပါးသူဒုကၡေရာက္ေနတာေတြ႕လွ်င္ သူေတာ္ေကာင္းတို႔၏ႏွလုံးကို တုန္လႈပ္ေအာင္ျပဳတတ္သျဖင့္ ‘က႐ုဏာ’ ေခၚေၾကာင္း သတိရမိသည္။

သူတစ္ပါးဒုကၡေရာက္ေနသည္ကိုေတြ႕ေနပါလ်က္ မတုန္လႈပ္ဘဲေနႏိုင္ၾကသည္ကိုၾကည့္ရင္း ‘ေၾသာ္ သူတို႔က သူေတာ္ေကာင္းမွမဟုတ္တာ၊ ဘယ္သူေသေသ ငေတမာၿပီးေရာဆိုသူေတြေနမွာေပါ့’ ဟုသာ စိတ္ကိုေျဖလိုက္ရပါသည္။

ယေန႔ သိပၸံပညာအထူးတိုးတက္ေနေသာ IT ေခတ္မွာ အဘက္ဘက္မွ ျမင့္ျမင့္မားမားဖြံ႕ၿဖိဳးလ်က္ရွိသည္။ေရျခားေျမျခား ကြာေဝးေသာေနရာမ်ားသို႔ပင္ အသားခ်င္းထိ၍မရသည္မွလြဲ၍ အင္တာနက္မွတစ္ဆင့္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ ၾကည္ၾကည္လင္လင္ စကားေျပာႏိုင္ေနၾကေပၿပီ။တစ္ကမာၻလုံးျဖစ္ရပ္မ်ားကိုလည္း တစ္ခဏႏွင့္သိႏိုင္ေနၾကၿပီ။တစ္ခ်ိန္က အင္မတန္က်ယ္ဝန္းပါသည္ဆိုေသာ ကမာၻႀကီးသည္ပင္ တိုးတက္ေသာ ဆက္သြယ္မႈနည္းပညာမ်ားေၾကာင့္ ႐ြာတစ္႐ြာသာသာအဆင့္ေလာက္ျဖစ္ေနေလၿပီ။

အစဥ္အလာ သမား႐ိုးက်ျဖစ္စဥ္တစ္ခုကို ျပန္လည္သုံးသပ္မိပါသည္။ေယဘုယ်အားျဖင့္ အသက္တစ္ႏွစ္ႀကီးလာလွ်င္၊ ပညာတြင္အတန္းတစ္တန္းႀကီးလာလွ်င္၊ အလုပ္သမားေလာကတြင္ လုပ္သက္တစ္ႏွစ္ႀကီးလာလွ်င္ အေတြ႕အႀကဳံပိုလာသည္။အတတ္ပညာပိုလာသည္။အသိပညာပိုလာသည္။တိုက္႐ိုက္အခ်ိဳးက်ေျပာင္းလဲသည္ကို ေတြ႕ရ၏။

သိပၸံနည္းပညာ အဆမတန္တိုးတက္ေနသည့္ ယေန႔အခ်ိန္တြင္ တိုက္႐ိုက္အခ်ိဳးက်ေျပာင္းလဲမည္ဆိုပါက အသိပညာလည္း အထူးတိုးတက္လာရေပမည္။ယခုကဲ့သို႔ သိပၸံပညာကတိုးတက္ၿပီး အသိဉာဏ္ပညာက ဆုတ္ယုတ္ေနၿပီဆိုလွ်င္ အစဥ္အလာျဖစ္စဥ္ကိုဆန႔္က်င္လ်က္ ေျပာင္းျပန္အခ်ိဳးက်ၿပီဟု ဆိုရေတာ့မည္ထင္သည္။

ဤသို႔ဆိုလွ်င္ သိပၸံပညာကိုပင္ အျပစ္တင္ရမည္လား၊ သိပၸံပညာတီထြင္သူမ်ားကိုပင္ အျပစ္တင္ရမည္လားဟု မမွန္ကန္ေသာအေမး၊ မ႐ိုးသားေသာအေတြး ျဖစ္သြားေပမည္။

မ႐ိုးမသားမေတြးခ်င္လွ်င္ ႐ိုးသားစြာေတြးရပါေတာ့မည္။

ကိုယ္တကယ္မပိုင္သည့္ေနရာကိုပင္ ကိုယ့္ေနရာဟုအထင္လြဲကာတြယ္တာေနသည့္ ‘မသိမႈ’၊ ဒုကၡေရာက္သူကို ေတြ႕ေနပါလ်က္ ကူညီႏိုင္ပါလ်က္ လ်စ္လ်ဴရႈရက္သည့္ ‘မသိမႈ’ တို႔က အဓိကျဖစ္ေပသည္။

ယခုလို ကြၽန္ေတာ္ေတြးေနသည့္အခ်ိန္၌ ထိုဘတ္စ္ကားေပၚတြင္ ထိုမိန္းမပ်ိဳေလးလည္း ရွိေတာ့မည္မဟုတ္ပါ။ ကြၽန္ေတာ္အျပစ္တင္ေနေသာ ထိုလူငယ္လူ႐ြယ္သုံးေယာက္လည္း ရွိေတာ့မည္မဟုတ္ပါ။ထိုထိုင္ခုံေနရာမ်ားတြင္လည္း တျခားသူမ်ားတစ္ေယာက္ ထိုင္ေနၾကေပလိမ့္မည္။ညမိုးခ်ဳပ္ ဘတ္စ္ကားသိမ္းခ်ိန္တြင္မူ ထိုထိုင္ခုံေနရာမ်ားတြင္ ထိုင္မည့္သူပင္ရွိေတာ့မည္မဟုတ္ပါ။

ျဖစ္ပ်က္ေနသည့္သဘာဝက မထူးဆန္းေသာ္လည္း ထိုအျဖစ္အပ်က္အေပၚ တုံ႔ျပန္ျပဳမူလုပ္ေဆာင္တတ္သည့္ လုပ္ေဆာင္မႈကမူ ထူးဆန္းပါသည္။

ကြၽန္ေတာ့အေတြးသာမွန္မည္ဆိုလွ်င္ ဒုကၡေရာက္သူကို လ်စ္လ်ဴရႈမထားရက္ေသာ၊ လက္ရွိေနရာရထားေသာ္လည္း ထိုေနရာကို ကိုယ့္ထက္အမွန္တကယ္လိုအပ္သည့္သူအတြက္ စြန႔္လႊတ္အနစ္နာခံရန္ ဝန္မေလးေသာ မိန္းမပ်ိဳေလး၏ “သိတတ္မႈ” ကို ေလးစားဂုဏ္ျပဳကာ “သာဓု” ေခၚရေပလိမ့္မည္။

႐ိုက္ေမာင္း
ၾသဂုတ္ - ၅