【 ဆောင်းပါး 】 “အပြောလေးနှင့် တိုင်းပြည်ကိုချစ်ပြသူများ”

【 ဆောင်းပါး 】 “အပြောလေးနှင့် တိုင်းပြည်ကိုချစ်ပြသူများ”

လူတော်တော်များများက အပြောတစ်မျိုး၊ အလုပ်တစ်မျိုး (နှုတ်အမှန်၊ ဟန်အမှား) လုပ်တတ်ကြပါသည်။ကျွန်တော်လည်းပါပါသည်။

ကျွန်တော်ငယ်စဉ်က မိဘများကမေးပါသည်။‘ကြီးလာလျှင် ဘာလုပ်မလဲ’။ကျွန်တော်က အင်ဂျင်နီယာလုပ်မည်ဟု ပြောခဲ့ပါသည်။

ကျွန်တော့်မိဘများက ချမ်းသာသူများမဟုတ်သော်လည်း ကျွန်တော်တို့မောင်နှမတွေ ထမင်းနပ်မှန်အောင် စားရပါသည်။ကျောင်းနေနိုင်ပါသည်။သာမန်မုန့်ဖြစ်သော်လည်း အစာပြေစားနိုင်သော မုန့်ဖိုးရပါသည်။ကျောင်းမှာလိုအပ်သော စာရေးကိရိယာများ၊ စာအုပ်များလည်း ဝယ်ယူနိုင်ပါသည်။ကျွန်တော့်ဉာဏ်ကလည်း အကောင်းစားကြီးမဟုတ်သလို၊ အညံ့စားလည်းမဟုတ်ပါ။ကိုးတန်းရောက်သည်အထိ သင်္ချာဘာသာအမှတ်က အနည်းဆုံး ၈၀ ရပါသည်။တစ်ခါတစ်လေ တစ်ရာအပြည့်ရပါသည်။ကျန်ဘာသာရပ်များ အမှတ်မကောင်းသော်လည်း အမြဲအောင်မှတ်ကျော်ကျော် ရရှိပါသည်။

သို့သော်လည်း ကျွန်တော် စာမကြိုးစားခဲ့ပါ။ကျောင်းမှန်မှန်တက် အိမ်စာမှန်မှန်လုပ်တာပဲရှိပြီး ထူးထူးခြားခြား မကြိုးစားခဲ့ပါ။ညဉ့်နက်သည်အထိ (တစ်ခါတလေ မိုးလင်းသည်အထိ) စာကြည့်ပြီဆိုလျှင် ကဗျာစပ်တာနှင့် ဝတ္ထုဖတ်တာ နှစ်မျိုးပဲရှိပါသည်။ကိုးတန်းမှာ ကျောင်းစပြေးတတ်ပါသည်။ဆယ်တန်းရောက်တော့ ကျောင်းတက်ရက်နှင့် ကျောင်းပြေးရက် ယှဉ်ကြည့်လျှင် ကျောင်းပြေးရက်ကများပါသည်။ထို့ကြောင့်လည်း ဆယ်တန်းနှစ်ခါကျပြီး ကျောင်းထွက်ခဲ့ရပါသည်။နှစ်အတန်ကြာသောအခါမှ၊ အလွတ်ဖြေပြီး သာမန်အမှတ်နှင့် အောင်ခဲ့ပါသည်။အင်ဂျင်နီယာဖြစ်မလာဘဲ ရိုးရိုးဝိဇ္ဇာဘွဲ့သာ ရခဲ့ပါသည်။

အဖေက အရက်မသောက်ရန်ပြောတော့ အရက်မသောက်ပါဟု ပြန်ဖြေခဲ့ပြီး သုံးနှစ်ခန့် အရက်ကို စွဲစွဲမြဲမြဲသောက်ခဲ့ဖူးပါသည်။

မိဘများကို စာကြိုးစားမည်ပြောပြီး မကြိုးစားခဲ့ပါ။ကျောင်းမပြေးပါဘူးဟုပြောပြီး ကျောင်းပြေးခဲ့ပါသည်။အရက်မသောက်ပါဘူးဟုပြောပြီး အရက်သောက်ခဲ့ပါသည်။

ကျွန်တော်လုပ်ခဲ့ဖူးသည့် နှုတ်အမှန်ဟန်အမှားအချို့ပါ။တစ်နည်းအားဖြင့် အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်ခဲ့တာတွေပါ။အချို့လူတွေလည်း အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်ဖူးကြပါလိမ့်မည်။ပတ်ဝန်းကျင်တွင်လည်း ထိုသူမျိုးကို တွေ့ဖူးကြမည်ထင်ပါသည်။

အချို့မိဘများက မိသားစုကိုချစ်သည်ဆိုသော်လည်း၊ လက်တွေ့တွင်မူ၊ သူ့စိတ်ကူးနှင့် သူလုပ်ရာ၌ မိသားစုအတွက် မှန်မှန်ကန်ကန် မကြည့်နိုင်ခဲ့ကြပါ။စားဝတ်နေရေးအတွက် ခြစ်ခြစ်ခြုတ်ခြုတ် သုံးစွဲနေရသည့်ကြားမှ နှစ်လုံး၊ သုံးလုံးထီထိုးကြသည်။ဖဲကစားကြသည်။တချို့က မလုပ်ရမနေနိုင်သည့် ဝါသနာအရ လုပ်ကြသည်။အချို့က လက်ရှိစီးပွားရေးအကျပ်အတည်းမှ လွတ်မြောက်အောင် ထွက်ပေါက်ရှာကြသည်။

အချိန်တွေကြာလာတော့ စားဝတ်နေရေးအတွက် အကာအကွယ်မဖြစ်ဘဲ၊ ရှိသမျှပစ္စည်းလေးတွေ ပေါင်နှံ၊ ရောင်းချလာရသည်။အကြွေးတွေတင်လာသည်။အချို့များဆိုလျှင် အိမ်ပေါင်၊ အိမ်ရောင်းအထိ ဖြစ်သွားကြသည်။မိသားစုကို ဂရုစိုက်ရမည့်အချိန်တွေ ဆုံးရှုံးပြီး၊ ကိုယ်တိုင်လည်းအကျင့်ပျက်၊ ကလေးတွေလည်း  မိဘအုပ်ထိန်းမှုလျော့ရဲ၍ ပညာရေးချို့ယွင်းသွားကြသည်။အကျင့်စာရိတ္တပျက်စီးကြရသည်။ယူထားသည့်အကြွေးကို ပြန်မဆပ်နိုင်သည့်အတွက် ကိုယ့်ကိုငွေကြေးစိုက်ထုတ်ပေးထားသည့် အကြွေးရှင်ပါ ကိုယ့်ကြောင့်ငွေလည်းဆုံးရှုံး၊ စိတ်လည်းဆင်းရဲဖြစ်ရသည်။

အချို့အိမ်ထောင်ဦးစီးများရှိသေးသည်။မိသားစုကောင်းစားရေးအတွက်ဆိုကာ သူများပစ္စည်း ခိုးသည်၊ လုသည်၊ လိမ်သည်။မိမိ၏လုပ်ရပ်ကြောင့် မိမိနှင့်တကွ မိသားစုတစ်ခုလုံး ပတ်ဝန်းကျင်အလယ်မှာ မျက်နှာငယ်ရသည်။မိမိကိုယ်တိုင်ကလည်း၊ မိမိမဟုတ်တာလုပ်ထားသည့်အတွက် အပြင်မှာဘယ်လိုဟန်ဆောင်နေသော်လည်း အတွင်းစိတ်က သိမ်ငယ်နေရသည်။မလုံမလဲဖြစ်နေရသည်။ထိတ်လန့်နေရသည်။တစ်နေ့မဟုတ်တစ်နေ့ အပြစ်ဒဏ်ခံရလေတော့သည်။

အကယ်၍များ မိမိ၏သားသမီးများက မိမိ၏မကောင်းမှုအမွေကို ဆက်လက်ခံယူသွားမည်ဆိုလျှင် ရင်နာစရာကောင်းလှပေသည်။ပါးစပ်က ချစ်သည်ဆိုသော်လည်း တကယ်တမ်းမှာတော့ မိသားစုကိုဖျက်ဆီးသလိုဖြစ်နေပေသည်။

အချို့ချစ်သူရည်းစား၊ လင်မယားတို့မှာလည်း ထိုအဖြစ်မျိုးကိုတွေ့ရသည်။ချစ်ဟန်ဆောင်ပြီး ‘ကာမ’ ကို ရယူခြင်းမျိုးဖြစ်သည်။အဆုံးကတော့ ချစ်ဟန်ဆောင်ကာ ပြည့်တန်ဆာဘဝပို့ခြင်း၊ နိုင်ငံခြားသို့ရောင်းစားကာ လူကုန်ကူးခြင်းတို့ဖြစ်၏။

မိတ်ဆွေသူငယ်ချင်းများတွင်လည်း မကြာခဏမြင်ရ၊ တွေ့ရတတ်ပါသည်။

“မင်းက ငါ့ဘဝရဲ့မိတ်ဆွေစစ်ပါ။မင်းနဲ့ ငါနဲ့က အတွေးအခေါ်အယူအဆချင်းလည်းတူတယ်။ဒါကြောင့် မင်းပြောတာတွေအားလုံး အမှန်တွေချည်းပဲဆိုတာ ငါလုံးဝယုံံကြည်တယ်။”

ပါးစပ်ကတော့ ချိုချိုလေးပြောသည်။တွယ်တာသံလေးနှင့်ပြောသည်။ထိုမိတ်ဆွေထွက်သွား၍ ခြေလှမ်းဆယ်လှမ်းပင် မပြည့်တတ်သေးခင်မှာပဲ ထိုမိတ်ဆွေမကောင်းကြောင်း အပြစ်အမျိုးမျိုးတင်၍ အတင်းပြောကြလေသည်။

သေသေချာချာတွေးကြည့်လျှင် မည်သူမျှ အပြောတစ်မျိုး အလုပ်တစ်မျိုး မကျင့်သုံးသင့်ပါ။အပြောတစ်မျိုး အလုပ်တစ်မျိုးဆိုတာ လိမ်လည်ခြင်း (lying) (မုသားပြောခြင်း) ပါပဲ။

လိမ်ခြင်းကို မည်သူမျှမကျူးလွန်သင့်ပါ။လိမ်ခြင်းအားဖြင့် မိမိကိုယ်တိုင်လည်း အောက်တန်းကျပါသည်။တစ်ဖက်သား၏ စေတနာ၊ မေတ္တာ၊ ဂုဏ်သိက္ခာကိုလည်း စော်ကားရာရောက်ပါသည်။တချို့လိမ်လည်ခြင်းက တစ်ဖက်သား၏ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးနှင့်တကွ စိတ်ဓာတ်ရော ဘဝပါ ဆုံးရှုံးပျက်စီးစေပါသည်။
တစ်ဦးချင်း တစ်ယောက်ချင်း လိမ်တာထက် အများကိုလိမ်တာက ပို၍အပြစ်ကြီးပါသည်။အခြားဘ၀များစွာ ပျက်စီးစေသောကြောင့်ဖြစ်သည်။ထို့ကြောင့် လူတစ်စု၊ လူတစ်ချို့၊ လူများစွာကို အုပ်ချုပ်ရသော၊ ထိုလူများအပေါ် ဩဇာညောင်းသော ပုဂ္ဂိုလ်တို့၏ လိမ်ခြင်းက ပို၍အပြစ်ကြီးပါသည်။

မိဘဆရာများ၊ ရပ်ကွက်မြို့နယ်စသော ဒေသဆိုင်ရာလူကြီးများ၊ လုပ်ငန်းပိုင်းဆိုင်ရာလူကြီးများ၊ စာရေးဆရာအပါအဝင် အနုပညာရှင်များ၊ တရားဟောပုဂ္ဂိုလ်များ၊ နိုင်ငံ့ခေါင်းဆောင်များသည် အရေးကြီးပုဂ္ဂိုလ်များဖြစ်သည်။သူတို့ရှေ့မှာ၊ သူတို့နောက်မှာ၊ သူတို့အောက်မှာ ပရိသတ်အနည်းနှင့်အများရှိနေပါသည်။

ထိုပုဂ္ဂိုလ်များသည် သူတို့၏မိသားစုဝင်များ၊ တပည့်များ၊ လက်အောက်ငယ်သားများအပေါ် အချစ်ကြီးချစ်သူများဖြစ်သည်။လက်အောက်ငယ်သားများ၏ မဟာကျေးဇူးရှင်များဖြစ်သည်။သို့သော်လည်း အပြောနှင့် အလုပ် တစ်ထပ်တည်းကျမှသာ၊ မဟာကျေးဇူးရှင်များဖြစ်ကြပါမည်။အပြောတစ်မျိုး အလုပ်တစ်မျိုးဆိုလျှင်တော့ အချစ်ကြီးသမားမဟုတ်ဘဲ အပြစ်ကြီးသမားများသာဖြစ်ရပါလိမ့်မည်။

ဆရာများဆိုလျှင်လည်း တပည့်အပေါ် စေတနာထားရမည်။မိမိကိုယ်တိုင် စည်းကမ်းရှိရမည်။ပညာထပ်ရှာ၊ ထပ်ကြိုးစားရမည်။လူငယ်သဘာဝ၊ ကျောင်းသားသဘာဝကို နားလည်ရမည်။စိတ်ဝင်စားရမည်။မိမိကတပည့်များအတွက် အကောင်းဆုံးစံပြဖြစ်စေရမည်။မိမိ၏အကျင့်ဆိုးများကို ဦးစွာမြင်တတ်၊ ပြင်တတ်ကြရမည်။

တရားဟောပုဂ္ဂိုလ်များဆိုလျှင်လည်း လောဘမကောင်းကြောင်းဟောပြီး ကိုယ်တိုင်က ငွေကြေးပစ္စည်းဥစ္စာ ဂုဏ်ပကာသနအပေါ် တွယ်တာနေ၍မဖြစ်ပါ။ဒေါသ၏အပြစ်များကို ဟောပြောပြီး ကိုယ်ကိုယ်တိုင်က စိတ်တိုပြနေ၍မဖြစ်ပါ။က္ကုဿာမစ္ဆရိယ (မနာလိုဝန်တို) စိတ်ကို ဖျောက်ဖျက်သုတ်သင်ရမည်ဆိုပြီး၊ ကိုယ်တိုင်က အခြားပုဂ္ဂိုလ်များအပေါ် ဝေဖန်အပြစ်တင်တာမျိုး လုပ်မပြသင့်ပါ။

သို့သော်လည်း၊ ထိုပုဂ္ဂိုလ်အသီးသီး၏ တပည့်များတွင် လွတ်လပ်စွာ ဆွေးနွေး၊ ပြောဆို၊ လုပ်ကိုင်ခွင့် ရှိနေပါသည်။အခြားဆရာ၊ အခြားဟောပြောသူ၊ စာအုပ်စာပေ၊ ကျမ်းဂန်များ ရှိနေပါသေးသည်။ဝေဖန်ခွင့်၊ ညှိနှိုင်းခွင့်၊ စဉ်းစားဆုံးဖြတ်ခွင့် ရှိပါသည်။ကိုယ်ပိုင်ဆုံးဖြတ်ချက်ချ၍ လုပ်နိုင်ပါသည်။        

ကျွန်တော်တို့တိုင်းပြည်မှာ၊ သူတို့ကိုယ်သူတို့၊ 'တိုင်းပြည်နှင့် လူမျိုးချစ်သူများ' ဟု ဝန်ခံပြီး၊ သူတို့လုပ်သမျှ၊ တိုင်းပြည်နှင့် လူမျိုး ကောင်းစားရေးအတွက်ဟု ဆိုကြသူတွေများလှသည်။

တိုင်းပြည်နှင့် လူမျိုးကိုချစ်၍၊ တိုင်းပြည်နှင့် လူမျိုးကောင်းစားရေးအတွက်ဟု ပြောတာကို အားလုံးက၊ ဝမ်းသာအားရ လက်ခုပ်တီးကြိုဆိုချင်ကြသည်။သို့သော်လည်း နှုတ်သက်သက်ဖြင့် အမှန်စကားပြောနေရုံနှင့်မပြီးဘဲ၊ လက်တွေ့လုပ်ဆောင်ရာတွင်လည်း၊ တိုင်းပြည်နှင့်လူမျိုးကို တကယ်ချစ်ကြောင်း၊ တိုင်းပြည်နှင့်လူမျိုး ကောင်းစားရေးအတွက် တကယ်လုပ်ဆောင်နေကြောင်း၊ လက်တွေ့သက်သေပြရန်၊ အလွန့်အလွန်လိုအပ်လှပါကြောင်း ....။

ရိုက်မောင်း
ဒီဇင်ဘာ - ၃

( Zawgyi )

လူေတာ္ေတာ္မ်ားမ်ားက အေျပာတစ္မ်ိဳး၊ အလုပ္တစ္မ်ိဳး (ႏႈတ္အမွန္၊ ဟန္အမွား) လုပ္တတ္ၾကပါသည္။ကြၽန္ေတာ္လည္းပါပါသည္။

ကြၽန္ေတာ္ငယ္စဥ္က မိဘမ်ားကေမးပါသည္။‘ႀကီးလာလွ်င္ ဘာလုပ္မလဲ’။ကြၽန္ေတာ္က အင္ဂ်င္နီယာလုပ္မည္ဟု ေျပာခဲ့ပါသည္။

ကြၽန္ေတာ့္မိဘမ်ားက ခ်မ္းသာသူမ်ားမဟုတ္ေသာ္လည္း ကြၽန္ေတာ္တို႔ေမာင္ႏွမေတြ ထမင္းနပ္မွန္ေအာင္ စားရပါသည္။ေက်ာင္းေနႏိုင္ပါသည္။သာမန္မုန႔္ျဖစ္ေသာ္လည္း အစာေျပစားႏိုင္ေသာ မုန႔္ဖိုးရပါသည္။ေက်ာင္းမွာလိုအပ္ေသာ စာေရးကိရိယာမ်ား၊ စာအုပ္မ်ားလည္း ဝယ္ယူႏိုင္ပါသည္။ကြၽန္ေတာ့္ဉာဏ္ကလည္း အေကာင္းစားႀကီးမဟုတ္သလို၊ အညံ့စားလည္းမဟုတ္ပါ။ကိုးတန္းေရာက္သည္အထိ သခ်ၤာဘာသာအမွတ္က အနည္းဆုံး ၈၀ ရပါသည္။တစ္ခါတစ္ေလ တစ္ရာအျပည့္ရပါသည္။က်န္ဘာသာရပ္မ်ား အမွတ္မေကာင္းေသာ္လည္း အၿမဲေအာင္မွတ္ေက်ာ္ေက်ာ္ ရရွိပါသည္။

သို႔ေသာ္လည္း ကြၽန္ေတာ္ စာမႀကိဳးစားခဲ့ပါ။ေက်ာင္းမွန္မွန္တက္ အိမ္စာမွန္မွန္လုပ္တာပဲရွိၿပီး ထူးထူးျခားျခား မႀကိဳးစားခဲ့ပါ။ညဥ့္နက္သည္အထိ (တစ္ခါတေလ မိုးလင္းသည္အထိ) စာၾကည့္ၿပီဆိုလွ်င္ ကဗ်ာစပ္တာႏွင့္ ဝတၳဳဖတ္တာ ႏွစ္မ်ိဳးပဲရွိပါသည္။ကိုးတန္းမွာ ေက်ာင္းစေျပးတတ္ပါသည္။ဆယ္တန္းေရာက္ေတာ့ ေက်ာင္းတက္ရက္ႏွင့္ ေက်ာင္းေျပးရက္ ယွဥ္ၾကည့္လွ်င္ ေက်ာင္းေျပးရက္ကမ်ားပါသည္။ထို႔ေၾကာင့္လည္း ဆယ္တန္းႏွစ္ခါက်ၿပီး ေက်ာင္းထြက္ခဲ့ရပါသည္။ႏွစ္အတန္ၾကာေသာအခါမွ၊ အလြတ္ေျဖၿပီး သာမန္အမွတ္ႏွင့္ ေအာင္ခဲ့ပါသည္။အင္ဂ်င္နီယာျဖစ္မလာဘဲ ႐ိုး႐ိုးဝိဇၨာဘြဲ႕သာ ရခဲ့ပါသည္။

အေဖက အရက္မေသာက္ရန္ေျပာေတာ့ အရက္မေသာက္ပါဟု ျပန္ေျဖခဲ့ၿပီး သုံးႏွစ္ခန႔္ အရက္ကို စြဲစြဲၿမဲၿမဲေသာက္ခဲ့ဖူးပါသည္။

မိဘမ်ားကို စာႀကိဳးစားမည္ေျပာၿပီး မႀကိဳးစားခဲ့ပါ။ေက်ာင္းမေျပးပါဘူးဟုေျပာၿပီး ေက်ာင္းေျပးခဲ့ပါသည္။အရက္မေသာက္ပါဘူးဟုေျပာၿပီး အရက္ေသာက္ခဲ့ပါသည္။

ကြၽန္ေတာ္လုပ္ခဲ့ဖူးသည့္ ႏႈတ္အမွန္ဟန္အမွားအခ်ိဳ႕ပါ။တစ္နည္းအားျဖင့္ အေျပာတစ္မ်ိဳး အလုပ္တစ္မ်ိဳး လုပ္ခဲ့တာေတြပါ။အခ်ိဳ႕လူေတြလည္း အေျပာတစ္မ်ိဳး အလုပ္တစ္မ်ိဳး လုပ္ဖူးၾကပါလိမ့္မည္။ပတ္ဝန္းက်င္တြင္လည္း ထိုသူမ်ိဳးကို ေတြ႕ဖူးၾကမည္ထင္ပါသည္။

အခ်ိဳ႕မိဘမ်ားက မိသားစုကိုခ်စ္သည္ဆိုေသာ္လည္း၊ လက္ေတြ႕တြင္မူ၊ သူ႔စိတ္ကူးႏွင့္ သူလုပ္ရာ၌ မိသားစုအတြက္ မွန္မွန္ကန္ကန္ မၾကည့္ႏိုင္ခဲ့ၾကပါ။စားဝတ္ေနေရးအတြက္ ျခစ္ျခစ္ျခဳတ္ျခဳတ္ သုံးစြဲေနရသည့္ၾကားမွ ႏွစ္လုံး၊ သုံးလုံးထီထိုးၾကသည္။ဖဲကစားၾကသည္။တခ်ိဳ႕က မလုပ္ရမေနႏိုင္သည့္ ဝါသနာအရ လုပ္ၾကသည္။အခ်ိဳ႕က လက္ရွိစီးပြားေရးအက်ပ္အတည္းမွ လြတ္ေျမာက္ေအာင္ ထြက္ေပါက္ရွာၾကသည္။

အခ်ိန္ေတြၾကာလာေတာ့ စားဝတ္ေနေရးအတြက္ အကာအကြယ္မျဖစ္ဘဲ၊ ရွိသမွ်ပစၥည္းေလးေတြ ေပါင္ႏွံ၊ ေရာင္းခ်လာရသည္။အေႂကြးေတြတင္လာသည္။အခ်ိဳ႕မ်ားဆိုလွ်င္ အိမ္ေပါင္၊ အိမ္ေရာင္းအထိ ျဖစ္သြားၾကသည္။မိသားစုကို ဂ႐ုစိုက္ရမည့္အခ်ိန္ေတြ ဆုံးရႈံးၿပီး၊ ကိုယ္တိုင္လည္းအက်င့္ပ်က္၊ ကေလးေတြလည္း  မိဘအုပ္ထိန္းမႈေလ်ာ့ရဲ၍ ပညာေရးခ်ိဳ႕ယြင္းသြားၾကသည္။အက်င့္စာရိတၱပ်က္စီးၾကရသည္။ယူထားသည့္အေႂကြးကို ျပန္မဆပ္ႏိုင္သည့္အတြက္ ကိုယ့္ကိုေငြေၾကးစိုက္ထုတ္ေပးထားသည့္ အေႂကြးရွင္ပါ ကိုယ့္ေၾကာင့္ေငြလည္းဆုံးရႈံး၊ စိတ္လည္းဆင္းရဲျဖစ္ရသည္။

အခ်ိဳ႕အိမ္ေထာင္ဦးစီးမ်ားရွိေသးသည္။မိသားစုေကာင္းစားေရးအတြက္ဆိုကာ သူမ်ားပစၥည္း ခိုးသည္၊ လုသည္၊ လိမ္သည္။မိမိ၏လုပ္ရပ္ေၾကာင့္ မိမိႏွင့္တကြ မိသားစုတစ္ခုလုံး ပတ္ဝန္းက်င္အလယ္မွာ မ်က္ႏွာငယ္ရသည္။မိမိကိုယ္တိုင္ကလည္း၊ မိမိမဟုတ္တာလုပ္ထားသည့္အတြက္ အျပင္မွာဘယ္လိုဟန္ေဆာင္ေနေသာ္လည္း အတြင္းစိတ္က သိမ္ငယ္ေနရသည္။မလုံမလဲျဖစ္ေနရသည္။ထိတ္လန႔္ေနရသည္။တစ္ေန႔မဟုတ္တစ္ေန႔ အျပစ္ဒဏ္ခံရေလေတာ့သည္။

အကယ္၍မ်ား မိမိ၏သားသမီးမ်ားက မိမိ၏မေကာင္းမႈအေမြကို ဆက္လက္ခံယူသြားမည္ဆိုလွ်င္ ရင္နာစရာေကာင္းလွေပသည္။ပါးစပ္က ခ်စ္သည္ဆိုေသာ္လည္း တကယ္တမ္းမွာေတာ့ မိသားစုကိုဖ်က္ဆီးသလိုျဖစ္ေနေပသည္။

အခ်ိဳ႕ခ်စ္သူရည္းစား၊ လင္မယားတို႔မွာလည္း ထိုအျဖစ္မ်ိဳးကိုေတြ႕ရသည္။ခ်စ္ဟန္ေဆာင္ၿပီး ‘ကာမ’ ကို ရယူျခင္းမ်ိဳးျဖစ္သည္။အဆုံးကေတာ့ ခ်စ္ဟန္ေဆာင္ကာ ျပည့္တန္ဆာဘဝပို႔ျခင္း၊ ႏိုင္ငံျခားသို႔ေရာင္းစားကာ လူကုန္ကူးျခင္းတို႔ျဖစ္၏။

မိတ္ေဆြသူငယ္ခ်င္းမ်ားတြင္လည္း မၾကာခဏျမင္ရ၊ ေတြ႕ရတတ္ပါသည္။

“မင္းက ငါ့ဘဝရဲ႕မိတ္ေဆြစစ္ပါ။မင္းနဲ႔ ငါနဲ႔က အေတြးအေခၚအယူအဆခ်င္းလည္းတူတယ္။ဒါေၾကာင့္ မင္းေျပာတာေတြအားလုံး အမွန္ေတြခ်ည္းပဲဆိုတာ ငါလုံးဝယုံံၾကည္တယ္။”

ပါးစပ္ကေတာ့ ခ်ိဳခ်ိဳေလးေျပာသည္။တြယ္တာသံေလးႏွင့္ေျပာသည္။ထိုမိတ္ေဆြထြက္သြား၍ ေျခလွမ္းဆယ္လွမ္းပင္ မျပည့္တတ္ေသးခင္မွာပဲ ထိုမိတ္ေဆြမေကာင္းေၾကာင္း အျပစ္အမ်ိဳးမ်ိဳးတင္၍ အတင္းေျပာၾကေလသည္။

ေသေသခ်ာခ်ာေတြးၾကည့္လွ်င္ မည္သူမွ် အေျပာတစ္မ်ိဳး အလုပ္တစ္မ်ိဳး မက်င့္သုံးသင့္ပါ။အေျပာတစ္မ်ိဳး အလုပ္တစ္မ်ိဳးဆိုတာ လိမ္လည္ျခင္း (lying) (မုသားေျပာျခင္း) ပါပဲ။

လိမ္ျခင္းကို မည္သူမွ်မက်ဴးလြန္သင့္ပါ။လိမ္ျခင္းအားျဖင့္ မိမိကိုယ္တိုင္လည္း ေအာက္တန္းက်ပါသည္။တစ္ဖက္သား၏ ေစတနာ၊ ေမတၱာ၊ ဂုဏ္သိကၡာကိုလည္း ေစာ္ကားရာေရာက္ပါသည္။တခ်ိဳ႕လိမ္လည္ျခင္းက တစ္ဖက္သား၏ စီးပြားေရး၊ လူမႈေရး၊ အိမ္ေထာင္ေရးႏွင့္တကြ စိတ္ဓာတ္ေရာ ဘဝပါ ဆုံးရႈံးပ်က္စီးေစပါသည္။
တစ္ဦးခ်င္း တစ္ေယာက္ခ်င္း လိမ္တာထက္ အမ်ားကိုလိမ္တာက ပို၍အျပစ္ႀကီးပါသည္။အျခားဘ၀မ်ားစြာ ပ်က္စီးေစေသာေၾကာင့္ျဖစ္သည္။ထို႔ေၾကာင့္ လူတစ္စု၊ လူတစ္ခ်ိဳ႕၊ လူမ်ားစြာကို အုပ္ခ်ဳပ္ရေသာ၊ ထိုလူမ်ားအေပၚ ဩဇာေညာင္းေသာ ပုဂၢိဳလ္တို႔၏ လိမ္ျခင္းက ပို၍အျပစ္ႀကီးပါသည္။

မိဘဆရာမ်ား၊ ရပ္ကြက္ၿမိဳ႕နယ္စေသာ ေဒသဆိုင္ရာလူႀကီးမ်ား၊ လုပ္ငန္းပိုင္းဆိုင္ရာလူႀကီးမ်ား၊ စာေရးဆရာအပါအဝင္ အႏုပညာရွင္မ်ား၊ တရားေဟာပုဂၢိဳလ္မ်ား၊ ႏိုင္ငံ့ေခါင္းေဆာင္မ်ားသည္ အေရးႀကီးပုဂၢိဳလ္မ်ားျဖစ္သည္။သူတို႔ေရွ႕မွာ၊ သူတို႔ေနာက္မွာ၊ သူတို႔ေအာက္မွာ ပရိသတ္အနည္းႏွင့္အမ်ားရွိေနပါသည္။

ထိုပုဂၢိဳလ္မ်ားသည္ သူတို႔၏မိသားစုဝင္မ်ား၊ တပည့္မ်ား၊ လက္ေအာက္ငယ္သားမ်ားအေပၚ အခ်စ္ႀကီးခ်စ္သူမ်ားျဖစ္သည္။လက္ေအာက္ငယ္သားမ်ား၏ မဟာေက်းဇူးရွင္မ်ားျဖစ္သည္။သို႔ေသာ္လည္း အေျပာႏွင့္ အလုပ္ တစ္ထပ္တည္းက်မွသာ၊ မဟာေက်းဇူးရွင္မ်ားျဖစ္ၾကပါမည္။အေျပာတစ္မ်ိဳး အလုပ္တစ္မ်ိဳးဆိုလွ်င္ေတာ့ အခ်စ္ႀကီးသမားမဟုတ္ဘဲ အျပစ္ႀကီးသမားမ်ားသာျဖစ္ရပါလိမ့္မည္။

ဆရာမ်ားဆိုလွ်င္လည္း တပည့္အေပၚ ေစတနာထားရမည္။မိမိကိုယ္တိုင္ စည္းကမ္းရွိရမည္။ပညာထပ္ရွာ၊ ထပ္ႀကိဳးစားရမည္။လူငယ္သဘာဝ၊ ေက်ာင္းသားသဘာဝကို နားလည္ရမည္။စိတ္ဝင္စားရမည္။မိမိကတပည့္မ်ားအတြက္ အေကာင္းဆုံးစံျပျဖစ္ေစရမည္။မိမိ၏အက်င့္ဆိုးမ်ားကို ဦးစြာျမင္တတ္၊ ျပင္တတ္ၾကရမည္။

တရားေဟာပုဂၢိဳလ္မ်ားဆိုလွ်င္လည္း ေလာဘမေကာင္းေၾကာင္းေဟာၿပီး ကိုယ္တိုင္က ေငြေၾကးပစၥည္းဥစၥာ ဂုဏ္ပကာသနအေပၚ တြယ္တာေန၍မျဖစ္ပါ။ေဒါသ၏အျပစ္မ်ားကို ေဟာေျပာၿပီး ကိုယ္ကိုယ္တိုင္က စိတ္တိုျပေန၍မျဖစ္ပါ။ကၠဳႆာမစၦရိယ (မနာလိုဝန္တို) စိတ္ကို ေဖ်ာက္ဖ်က္သုတ္သင္ရမည္ဆိုၿပီး၊ ကိုယ္တိုင္က အျခားပုဂၢိဳလ္မ်ားအေပၚ ေဝဖန္အျပစ္တင္တာမ်ိဳး လုပ္မျပသင့္ပါ။

သို႔ေသာ္လည္း၊ ထိုပုဂၢိဳလ္အသီးသီး၏ တပည့္မ်ားတြင္ လြတ္လပ္စြာ ေဆြးေႏြး၊ ေျပာဆို၊ လုပ္ကိုင္ခြင့္ ရွိေနပါသည္။အျခားဆရာ၊ အျခားေဟာေျပာသူ၊ စာအုပ္စာေပ၊ က်မ္းဂန္မ်ား ရွိေနပါေသးသည္။ေဝဖန္ခြင့္၊ ညႇိႏႈိင္းခြင့္၊ စဥ္းစားဆုံးျဖတ္ခြင့္ ရွိပါသည္။ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ခ်၍ လုပ္ႏိုင္ပါသည္။        

ကြၽန္ေတာ္တို႔တိုင္းျပည္မွာ၊ သူတို႔ကိုယ္သူတို႔၊ 'တိုင္းျပည္ႏွင့္ လူမ်ိဳးခ်စ္သူမ်ား' ဟု ဝန္ခံၿပီး၊ သူတို႔လုပ္သမွ်၊ တိုင္းျပည္ႏွင့္ လူမ်ိဳး ေကာင္းစားေရးအတြက္ဟု ဆိုၾကသူေတြမ်ားလွသည္။

တိုင္းျပည္ႏွင့္ လူမ်ိဳးကိုခ်စ္၍၊ တိုင္းျပည္ႏွင့္ လူမ်ိဳးေကာင္းစားေရးအတြက္ဟု ေျပာတာကို အားလုံးက၊ ဝမ္းသာအားရ လက္ခုပ္တီးႀကိဳဆိုခ်င္ၾကသည္။သို႔ေသာ္လည္း ႏႈတ္သက္သက္ျဖင့္ အမွန္စကားေျပာေန႐ုံႏွင့္မၿပီးဘဲ၊ လက္ေတြ႕လုပ္ေဆာင္ရာတြင္လည္း၊ တိုင္းျပည္ႏွင့္လူမ်ိဳးကို တကယ္ခ်စ္ေၾကာင္း၊ တိုင္းျပည္ႏွင့္လူမ်ိဳး ေကာင္းစားေရးအတြက္ တကယ္လုပ္ေဆာင္ေနေၾကာင္း၊ လက္ေတြ႕သက္ေသျပရန္၊ အလြန႔္အလြန္လိုအပ္လွပါေၾကာင္း ....။

႐ိုက္ေမာင္း
ဒီဇင္ဘာ - ၃