【 ဆောင်းပါး 】 “အဟောင်းနှင့်အသစ် ရန်ဘက်အသွင်”

【 ဆောင်းပါး 】 “အဟောင်းနှင့်အသစ် ရန်ဘက်အသွင်”

စည်းကမ်းသည် လူ၏တန်ဖိုးဆိုသည့် စကားစုကို အကြိမ်ကြိမ်အခါခါ နားရည်ဝစွာဖြင့် ကျနော်တို့ ဖြတ်သန်းခဲ့ကြသည်။ယင်းစကားစုမှာ ဘယ်အချိန်ဘယ်အခါကတည်းက လူ့အဖွဲ့အစည်းကြား စိုက်ဝင်ခဲ့သလဲဆိုသည်ကို မသိသော်လည်း ကျနော့်ငယ်ဘ၀ ပထမအာဏာရှင် မဆလလက်ထက်ကတည်းက နားရည်ဝခဲ့ခြင်းဖြစ်သည်။

ကျနော့်ငယ်ဘ၀ ကျေးလက်မြင်ကွင်းတွင် ထင်သလိုအမှိုက်စွန့်ပစ်ထားခြင်းမျိုး မတွေ့ခဲ့ဖူးသလို အိမ်ရှေ့ရေမြောင်းထဲ အမှိုက်ပိတ်ဆို့နေခြင်းမျိုး တစ်ခါမှမကြုံခဲ့ဖူးပေ။ထို့ပြင် ကြွေကျနေသောသစ်ရွက်များဖြင့် ပွထနေခြင်းမျိုးမရှိ၊ အိမ်ဝင်းများစွာ ပြောင်လင်းနေခြင်းမျိုးကိုသာ မြင်တွေ့ခဲ့ဖူးသည်။

ကျနော့်အဘိုးအဘွားဆိုလျှင်လည်း မြေးဦးဖြစ်သူ ကျနော့်ကို အလိုလိုက်သော်လည်း စည်းပျက်ကမ်းပျက်ပုံစံမျိုးကို လက်မခံ။ကျနော့်အဘွား၏ အစ်မဆို ရပ်ထဲရွာထဲတွင် အင်မတန်စည်းကမ်းကြီးလှသည့် အပျိုကြီးဟူ၍ နာမည်ကျော်။

တစ်ဦးချင်းစီအလိုက် စည်းကမ်း ရှိမှု၊ မရှိမှု အပြင်းအပျော့ ရှိနိုင်သည်။သို့သော်၊ အားလုံးကိုခြုံငုံပြီး လူမျိုးတစ်မျိုး၏ စရိုက်လက္ခဏာကို ပြောပါဆိုလျှင် ကျနော်တို့သည် စည်းမဲ့ကမ်းမဲ့လူမျိုးတစ်မျိုး မဟုတ်တာသေချာသည်။

ဘာ့ကြောင့် လူမျိုးတွေဘာတွေအထိ ပြောနေရသလဲဆိုတော့ ကျနော်တို့၏ လက်ရှိစည်းကမ်းမရှိမှုသည် စည်းပျက်ကမ်းပျက် လူမျိုးတစ်မျိုးဟု ထင်ရလောက်အောင်အထိ စည်းကမ်းပျက်လွန်းခြင်းကြောင့်ဖြစ်သည်။

ပြောရလျှင် ခေတ်ကြီးက စည်းပျက်ကမ်းပျက်ပြည်သူများဖြစ်အောင် မြေသြဇာနိုင်နိုင်ဖြင့် ပြုစုပျိုးထောင်ခဲ့သည့်သဘော။စည်းကမ်းမဲ့မှုသည် ပစ်ချင်သလိုပစ်သည့် အမှိုက်ကစလို့ ပြဿဒ်အထိကုန်အောင် မီးလောင်ကျွမ်းခဲ့ပုံရသည်။

မှတ်မိသလောက်ပြောရမည်ဆိုလျှင် ကျနော်လူပျိုပေါက်အရွယ် ယခုလိုလူဦးရေမများသေးသော ရန်ကုန်မြို့တွင် အမှိုက်ပစ်လျှင် ဒဏ်ငွေမည်မျှဟု ရေးသားထားသောနေရာများ၌ စွန့်ပစ်ထားသောအမှိုက်တို့ ဟီးထလို့နေသည်။

ဆေးလိပ်ကို အသက်မရွေး နေရာမရွေး သောက်နိုင်သလို ဆေးလိပ်တိုကိုလည်း အဆင်ပြေသည့်နေရာတွင် လွှင့်ပစ်နိုင်သည်။လိုင်းကားကို မှတ်တိုင်မဟုတ်လည်း တားစီးနိုင်သည်။လိုင်းကားဆရာကလည်း ကားကိုတိုက်လေယာဉ်ပမာ ဝုန်းဒိုင်းကြဲမောင်းနိုင်သည်။

ထိုသို့ ဟိုတစ်စဒီတစ်စဖြင့် လောင်ခဲ့သောမီးသည် ကြာလာတော့ တိုင်းပြည်တိုင်းအတွက် အထွတ်အမြတ်ပြဿဒ်ဖြစ်သော တရားဥပဒေအထိပါ စွဲလောင်တော့သည်။ငွေများတရားနိုင်ဟု ကြားခဲ့ဖူးသည်။ငွေနှင့် အာဏာရှိမှုသည် အရာများစွာကို ဖန်တီးနိုင်သည်ဟုဆိုကြသည်။

နိုင်ငံတော်အာဏာကို ပြည်သူ့ထောက်ခံမှုဖြင့် နည်းမှန်လမ်းမှန်မရနိုင်သောသူများက အာဏာကို စိတ်ကြိုက်အသုံးပြုခွင့်ရရှိသောအခါ မိုးမမြင်လေမမြင်။ကိုယ့်ကိုယ်ကိုယ်လည်း ဘုရင်လိုလိုဘာလိုလို အထင်ရှိကာ အာဏာဖြင့် သိုက်တူးကြခြင်းမှာ အလုံးစုံစည်းကမ်းပျက်ခြင်းဆီသို့ တွန်းပို့လိုက်သလိုပင်ဖြစ်သည်။

လူ့ကျင့်ဝတ်၊ လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်း ဟားတိုက်ရယ်မောစရာ ဖြစ်ခဲ့ရသည်။ငွေရှိလျှင် အာဏာရှိလျှင် ဘယ်သူ့မှဂရုစိုက်စရာမလိုဆိုသည့်အမြင်က တလောကလုံးကိုလွှမ်းခြုံခဲ့သည်။

ကျနော်တို့ရပ်ရွာတွင် ဘာကိုမှဂရုမစိုက်ဘူးဆိုသည့် လူငယ်တချို့ကို မြင်ခဲ့ဖူးသည်။ထိုလူငယ်များမှာ ယခင့်ယခင်တုန်းက ရပ်တွင်းရွာတွင်း အလုပ်အကိုင်အတည်တကျမရှိသူများဖြစ်သည်။ထို့နောက် ထိုင်းသို့သွားကာ အလုပ်လုပ်သည်။ထိုင်းတွင် ပိပိပြားပြားအလုပ်ကြိုးစားကာ ရသမျှငွေ ကျစ်ကျစ်ပါစုသည်။သို့သော်၊ ဇာတိရပ်ရွာကို သင်္ကြန်လိုကာလ ခေတ္တအလည်ပြန်ရောက်တော့ လက်ထဲစုမိဆောင်းမိငွေကို သူဌေးတစ်ယောက်ပမာ ထင်မှတ်ကာ ဆောင့်ကြွားကြွားဟန်ပန်ဖြင့် ဘာကိုမှဂရုစိုက်စရာမလိုဘူးဆိုသည့် အပေါက်မျိုးချိုးကာ ထင်ရာစိုင်းတော့သည်။

ယခု COVID-19 အကျပ်အတည်းကာလ ကျနော်တို့ရပ်ရွာရှိ လွှတ်တော်အမတ်များနှင့် ရပ်ကျိုးရွာကျိုးဆောင် ပရဟိတသမားများက ကျေးရွာအလိုက် စာသင်ကျောင်းများတွင် စောင့်ကြည့်စင်တာများဖွင့်ကာ ထိုင်းမှပြန်လာသူများအား ၁၄ ရက် သီးခြားနေစေသည်။၁၄ ရက်တာ စားရေးသောက်ရေးကို အလှူရှင်တို့က ပံ့ပိုးသဖြင့် ပြန်တော်ပြန်များ တစ်ကျပ်တစ်ပြား ကုန်ကျစရာမလို။ပြီးတော့ ဘာ့ကြောင့် ၁၄ ရက်တာ သီးခြားနေရခြင်းအကြောင်းကို ရှင်းပြသည်။သို့သော်၊ တချို့ကလက်မခံ။ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်အိမ်ကိုယ်ပြန်နေတာ ဘယ်သူ့ကိုဂရုစိုက်ရမှာလဲဟု ရန်ဘက်အသွင် စိန်ခေါ်သံများပင်ကြားရသည်။မည်သို့မျှမတတ်နိုင်သော သူတို့လိုလူများအတွက် တတ်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းက တရားဥပဒေနှင့်သာ မိတ်ဆက်ပေးရတော့သည်။

ဖတ်ခဲ့ရသောသတင်းများအရ ယခုလိုအချိန်မျိုးတွင် လူစုလူဝေးဖြစ်စေသော မင်္ဂလာဆောင်ခြင်းမျိုးမလုပ်ရန် အကြိမ်ကြိမ်ဖြောင်းဖျသည်ကို လက်မခံ။ကိုယ့်ဘာသာ မင်္ဂလာဆောင်တာ ဘယ်သူ့ကိုဂရုစိုက်ရမှာလဲအပေါက်မျိုး။လူစုလူဝေးဖြင့် အလှူပွဲလုပ်သည်။လူစုလူဝေးဖြင့် ဘုရားထီးတင်ပွဲ လှည့်လည်သည်။ဘာဖြစ်လဲ၊ ကိုယ့်ဘာသာ ဘုရားတရား ကောင်းရာကောင်းကြောင်းလုပ်တာ ဘယ်သူ့ကိုဂရုစိုက်ရမှာလဲဆိုသည့်ပုံစံမျိုး။သူတို့လိုလူမျိုးများအတွက် နောက်ဆုံးအဖြေမှာ တရားဥပဒေကလွဲ ဘာမှမရှိ။

COVID-19 နှင့် ပတ်သက်၍ မန္တလေးတိုင်း၏ ဆောင်ရွက်ချက်များဆိုလျှင် တစ်ဆင့်ချင်းစီအလိုက် စနစ်ကျသောစီမံချက်ရှိသည်။ပညာပေးမှုအပိုင်းတွင် စေ့စပ်သလို ဘာ့ကြောင့်လုပ်ရသည်ဟူ၍ သေချာရေရာမှုရှိသော ရှင်းပြချက်များရှိသည်။ပြီးတော့ မလိုက်နာပါက အရေးယူမှုအပိုင်းကလည်း ပြတ်ပြတ်သားသား။

ဥပမာ - မန္တလေးမှထွက်ခွာမည့် အဝေးပြေးယာဉ်လိုင်းများအနေနှင့် တင်ဆောင်နိုင်သည့် ခရီးသည်အရေအတွက်၏ ထက်ဝက်ကိုသာ တင်ဆောင်ရန်နှင့် လက်မှတ်ခကို လက်ရှိနှုန်းထက် နှစ်ဆသတ်မှတ်ရန် မတ် ၂၈ ရက်တွင် သက်ဆိုင်ရာအာဏာပိုင်များက ညွှန်ကြားခဲ့သည်။

မန္တလေး-မကွေး ပြေးဆွဲသော ပန်တော်ဦးယာဉ်လိုင်းက ကားခနှစ်ဆသတ်မှတ်သည့် ညွှန်ကြားချက်ကြ လိုက်နာပြီး ခရီးသည်တင်ဆောင်မှုကိုမူ သတ်မှတ်အရေအတွက်ထက် ကျော်လွန်ခဲ့သည်။မန္တလေးအာဏာပိုင်တို့၏ အရေးယူမှုက ရာသက်ပန်ယာဉ်လိုင်းပိတ်သိမ်းစေဟု အမိန့်ချလိုက်သည်။

ကဲ၊ ဘယ်လောက်တောင်ပြတ်သားလိုက်လေသနည်း။ယင်းသို့သောပြတ်သားမှုအတွက် ပြည်သူအများစု၏ အမြင်မှာ အာဏာရှင်ဆန် ရက်စက်လေခြင်းဟုမမြင်။ယခုလိုပြတ်သားသော အရေးယူမှုမျိုး ယခုလိုအချိန်တွင် အကြီးအကျယ်လိုအပ်ကြောင်း ပြည်သူအများစုက သဘောပေါက်ကြသည်။

ဥပမာ - ယခုလိုအကျပ်အတည်းကာလမျိုးတွင် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်နေသော နှာခေါင်းစည်းကို အမြတ်ကြီးစားရောင်းချနေခြင်းမျိုး။သင်္ကြန်မတိုင်မီ ၁၀ ရက်ကျော်ကာလတုန်းက စာရေးသူကိုယ်တိုင် တစ်ခါသုံးနှာခေါင်းစည်းတစ်ခုကို ကျပ် ၁၅၀၀ ပေးပြီး ဝယ်ခဲ့ရဖူးသည်။
သင်္ကြန်နားနီးတော့ တစ်ခု ကျပ် ၅၀၀။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ စားသုံးသူရေးရာဦးစီးဌာနက အရေးယူမည်တကဲကဲဖြင့် ဟန်ရေးပြနေသည်မှာ ကြာပြီဖြစ်သော်လည်း သင်္ကြန်ရုံးပိတ်ရက်ပြီးသည့်တိုင် နှာခေါင်းစည်းသည်လည်း ၄၀၀၊ ၅၀၀ မှ မကျသေး။

မည်သည့်အရာမဆို ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုသည် အရေးပါသော်လည်း ပြည်သူများဝယ်ယူထားသည့် ပစ္စည်းဘောက်ချာ အထောက်အထားဖြင့် တိုင်တန်းကြပါဟု အဲကွန်းခန်းထဲမှမထွက် ကြေညာချက်ထုတ်နေ၍မရ။သက်ဆိုင်ရာအနေနှင့် ကိုယ်တိုင်အသွင်ယူ ကွင်းဆင်းကာ အမြတ်ကြီးစားများအား ဖော်ထုတ်အရေးယူရန် လိုပေသည်။

ယခုဆောင်းပါးကိုချုပ်ရသော် COVID-19 အကျပ်အတည်းကာလအတွင်း မြင်နေရသော ပြည်သူအများစု၏ ပူးပေါင်းပါဝင်မှု၊ စည်းကမ်းရှိမှုနှင့် အနည်းငယ်မျှသောလူတချို့၏ တစ်ကိုယ်ကောင်းဆန်မှု၊ စည်းကမ်းမဲ့မှုနှင့် ဥပဒေချိုးဖောက်မှုတို့သည် အသွင်ကူးပြောင်းရေးကာလတွင် အားပြိုင်လေ့ရှိသော အဟောင်းနှင့်အသစ်တို့၏ တိုက်ပွဲဖြစ်သည်။

ထို့အပြင် ရှေ့သို့သွားနေသော တိုင်းပြည်၏ခရီးလမ်းကို အဟန့်အတားပြုနေမှုများအား ထိရောက်စွာအရေးယူဖယ်ရှားခြင်းသည် မဖြစ်မနေဆောင်ရွက်ရမည့် နည်းလမ်းဖြစ်ကြောင်း အထက်ပါဖြစ်ရပ်များက သက်သေခံနေပေသည်။

လင်းဆက်ငြိမ်းချမ်း
ဧပြီ - ၂၉
( Zawgyi )
စည္းကမ္းသည္ လူ၏တန္ဖိုးဆိုသည့္ စကားစုကို အႀကိမ္ႀကိမ္အခါခါ နားရည္ဝစြာျဖင့္ က်ေနာ္တို႔ ျဖတ္သန္းခဲ့ၾကသည္။ယင္းစကားစုမွာ ဘယ္အခ်ိန္ဘယ္အခါကတည္းက လူ႔အဖြဲ႕အစည္းၾကား စိုက္ဝင္ခဲ့သလဲဆိုသည္ကို မသိေသာ္လည္း က်ေနာ့္ငယ္ဘ၀ ပထမအာဏာရွင္ မဆလလက္ထက္ကတည္းက နားရည္ဝခဲ့ျခင္းျဖစ္သည္။

က်ေနာ့္ငယ္ဘ၀ ေက်းလက္ျမင္ကြင္းတြင္ ထင္သလိုအမႈိက္စြန႔္ပစ္ထားျခင္းမ်ိဳး မေတြ႕ခဲ့ဖူးသလို အိမ္ေရွ႕ေရေျမာင္းထဲ အမႈိက္ပိတ္ဆို႔ေနျခင္းမ်ိဳး တစ္ခါမွမႀကဳံခဲ့ဖူးေပ။ထို႔ျပင္ ေႂကြက်ေနေသာသစ္႐ြက္မ်ားျဖင့္ ပြထေနျခင္းမ်ိဳးမရွိ၊ အိမ္ဝင္းမ်ားစြာ ေျပာင္လင္းေနျခင္းမ်ိဳးကိုသာ ျမင္ေတြ႕ခဲ့ဖူးသည္။

က်ေနာ့္အဘိုးအဘြားဆိုလွ်င္လည္း ေျမးဦးျဖစ္သူ က်ေနာ့္ကို အလိုလိုက္ေသာ္လည္း စည္းပ်က္ကမ္းပ်က္ပုံစံမ်ိဳးကို လက္မခံ။က်ေနာ့္အဘြား၏ အစ္မဆို ရပ္ထဲ႐ြာထဲတြင္ အင္မတန္စည္းကမ္းႀကီးလွသည့္ အပ်ိဳႀကီးဟူ၍ နာမည္ေက်ာ္။

တစ္ဦးခ်င္းစီအလိုက္ စည္းကမ္း ရွိမႈ၊ မရွိမႈ အျပင္းအေပ်ာ့ ရွိႏိုင္သည္။သို႔ေသာ္၊ အားလုံးကိုၿခဳံငုံၿပီး လူမ်ိဳးတစ္မ်ိဳး၏ စ႐ိုက္လကၡဏာကို ေျပာပါဆိုလွ်င္ က်ေနာ္တို႔သည္ စည္းမဲ့ကမ္းမဲ့လူမ်ိဳးတစ္မ်ိဳး မဟုတ္တာေသခ်ာသည္။

ဘာ့ေၾကာင့္ လူမ်ိဳးေတြဘာေတြအထိ ေျပာေနရသလဲဆိုေတာ့ က်ေနာ္တို႔၏ လက္ရွိစည္းကမ္းမရွိမႈသည္ စည္းပ်က္ကမ္းပ်က္ လူမ်ိဳးတစ္မ်ိဳးဟု ထင္ရေလာက္ေအာင္အထိ စည္းကမ္းပ်က္လြန္းျခင္းေၾကာင့္ျဖစ္သည္။

ေျပာရလွ်င္ ေခတ္ႀကီးက စည္းပ်က္ကမ္းပ်က္ျပည္သူမ်ားျဖစ္ေအာင္ ေျမၾသဇာႏိုင္ႏိုင္ျဖင့္ ျပဳစုပ်ိဳးေထာင္ခဲ့သည့္သေဘာ။စည္းကမ္းမဲ့မႈသည္ ပစ္ခ်င္သလိုပစ္သည့္ အမႈိက္ကစလို႔ ျပႆဒ္အထိကုန္ေအာင္ မီးေလာင္ကြၽမ္းခဲ့ပုံရသည္။

မွတ္မိသေလာက္ေျပာရမည္ဆိုလွ်င္ က်ေနာ္လူပ်ိဳေပါက္အ႐ြယ္ ယခုလိုလူဦးေရမမ်ားေသးေသာ ရန္ကုန္ၿမိဳ႕တြင္ အမႈိက္ပစ္လွ်င္ ဒဏ္ေငြမည္မွ်ဟု ေရးသားထားေသာေနရာမ်ား၌ စြန႔္ပစ္ထားေသာအမႈိက္တို႔ ဟီးထလို႔ေနသည္။

ေဆးလိပ္ကို အသက္မေ႐ြး ေနရာမေ႐ြး ေသာက္ႏိုင္သလို ေဆးလိပ္တိုကိုလည္း အဆင္ေျပသည့္ေနရာတြင္ လႊင့္ပစ္ႏိုင္သည္။လိုင္းကားကို မွတ္တိုင္မဟုတ္လည္း တားစီးႏိုင္သည္။လိုင္းကားဆရာကလည္း ကားကိုတိုက္ေလယာဥ္ပမာ ဝုန္းဒိုင္းႀကဲေမာင္းႏိုင္သည္။

ထိုသို႔ ဟိုတစ္စဒီတစ္စျဖင့္ ေလာင္ခဲ့ေသာမီးသည္ ၾကာလာေတာ့ တိုင္းျပည္တိုင္းအတြက္ အထြတ္အျမတ္ျပႆဒ္ျဖစ္ေသာ တရားဥပေဒအထိပါ စြဲေလာင္ေတာ့သည္။ေငြမ်ားတရားႏိုင္ဟု ၾကားခဲ့ဖူးသည္။ေငြႏွင့္ အာဏာရွိမႈသည္ အရာမ်ားစြာကို ဖန္တီးႏိုင္သည္ဟုဆိုၾကသည္။

ႏိုင္ငံေတာ္အာဏာကို ျပည္သူ႔ေထာက္ခံမႈျဖင့္ နည္းမွန္လမ္းမွန္မရႏိုင္ေသာသူမ်ားက အာဏာကို စိတ္ႀကိဳက္အသုံးျပဳခြင့္ရရွိေသာအခါ မိုးမျမင္ေလမျမင္။ကိုယ့္ကိုယ္ကိုယ္လည္း ဘုရင္လိုလိုဘာလိုလို အထင္ရွိကာ အာဏာျဖင့္ သိုက္တူးၾကျခင္းမွာ အလုံးစုံစည္းကမ္းပ်က္ျခင္းဆီသို႔ တြန္းပို႔လိုက္သလိုပင္ျဖစ္သည္။

လူ႔က်င့္ဝတ္၊ လူ႔တန္ဖိုး၊ လူ႔ဂုဏ္သိကၡာဆိုသည္မွာ လူ႔အဖြဲ႕အစည္းအတြင္း ဟားတိုက္ရယ္ေမာစရာ ျဖစ္ခဲ့ရသည္။ေငြရွိလွ်င္ အာဏာရွိလွ်င္ ဘယ္သူ႔မွဂ႐ုစိုက္စရာမလိုဆိုသည့္အျမင္က တေလာကလုံးကိုလႊမ္းၿခဳံခဲ့သည္။

က်ေနာ္တို႔ရပ္႐ြာတြင္ ဘာကိုမွဂ႐ုမစိုက္ဘူးဆိုသည့္ လူငယ္တခ်ိဳ႕ကို ျမင္ခဲ့ဖူးသည္။ထိုလူငယ္မ်ားမွာ ယခင့္ယခင္တုန္းက ရပ္တြင္း႐ြာတြင္း အလုပ္အကိုင္အတည္တက်မရွိသူမ်ားျဖစ္သည္။ထို႔ေနာက္ ထိုင္းသို႔သြားကာ အလုပ္လုပ္သည္။ထိုင္းတြင္ ပိပိျပားျပားအလုပ္ႀကိဳးစားကာ ရသမွ်ေငြ က်စ္က်စ္ပါစုသည္။သို႔ေသာ္၊ ဇာတိရပ္႐ြာကို သၾကၤန္လိုကာလ ေခတၱအလည္ျပန္ေရာက္ေတာ့ လက္ထဲစုမိေဆာင္းမိေငြကို သူေဌးတစ္ေယာက္ပမာ ထင္မွတ္ကာ ေဆာင့္ႂကြားႂကြားဟန္ပန္ျဖင့္ ဘာကိုမွဂ႐ုစိုက္စရာမလိုဘူးဆိုသည့္ အေပါက္မ်ိဳးခ်ိဳးကာ ထင္ရာစိုင္းေတာ့သည္။

ယခု COVID-19 အက်ပ္အတည္းကာလ က်ေနာ္တို႔ရပ္႐ြာရွိ လႊတ္ေတာ္အမတ္မ်ားႏွင့္ ရပ္က်ိဳး႐ြာက်ိဳးေဆာင္ ပရဟိတသမားမ်ားက ေက်း႐ြာအလိုက္ စာသင္ေက်ာင္းမ်ားတြင္ ေစာင့္ၾကည့္စင္တာမ်ားဖြင့္ကာ ထိုင္းမွျပန္လာသူမ်ားအား ၁၄ ရက္ သီးျခားေနေစသည္။၁၄ ရက္တာ စားေရးေသာက္ေရးကို အလႉရွင္တို႔က ပံ့ပိုးသျဖင့္ ျပန္ေတာ္ျပန္မ်ား တစ္က်ပ္တစ္ျပား ကုန္က်စရာမလို။ၿပီးေတာ့ ဘာ့ေၾကာင့္ ၁၄ ရက္တာ သီးျခားေနရျခင္းအေၾကာင္းကို ရွင္းျပသည္။သို႔ေသာ္၊ တခ်ိဳ႕ကလက္မခံ။ကိုယ့္ရပ္ကိုယ့္႐ြာ ကိုယ့္အိမ္ကိုယ္ျပန္ေနတာ ဘယ္သူ႔ကိုဂ႐ုစိုက္ရမွာလဲဟု ရန္ဘက္အသြင္ စိန္ေခၚသံမ်ားပင္ၾကားရသည္။မည္သို႔မွ်မတတ္ႏိုင္ေသာ သူတို႔လိုလူမ်ားအတြက္ တတ္ႏိုင္သည့္ တစ္ခုတည္းေသာနည္းလမ္းက တရားဥပေဒႏွင့္သာ မိတ္ဆက္ေပးရေတာ့သည္။

ဖတ္ခဲ့ရေသာသတင္းမ်ားအရ ယခုလိုအခ်ိန္မ်ိဳးတြင္ လူစုလူေဝးျဖစ္ေစေသာ မဂၤလာေဆာင္ျခင္းမ်ိဳးမလုပ္ရန္ အႀကိမ္ႀကိမ္ေျဖာင္းဖ်သည္ကို လက္မခံ။ကိုယ့္ဘာသာ မဂၤလာေဆာင္တာ ဘယ္သူ႔ကိုဂ႐ုစိုက္ရမွာလဲအေပါက္မ်ိဳး။လူစုလူေဝးျဖင့္ အလႉပြဲလုပ္သည္။လူစုလူေဝးျဖင့္ ဘုရားထီးတင္ပြဲ လွည့္လည္သည္။ဘာျဖစ္လဲ၊ ကိုယ့္ဘာသာ ဘုရားတရား ေကာင္းရာေကာင္းေၾကာင္းလုပ္တာ ဘယ္သူ႔ကိုဂ႐ုစိုက္ရမွာလဲဆိုသည့္ပုံစံမ်ိဳး။သူတို႔လိုလူမ်ိဳးမ်ားအတြက္ ေနာက္ဆုံးအေျဖမွာ တရားဥပေဒကလြဲ ဘာမွမရွိ။

COVID-19 ႏွင့္ ပတ္သက္၍ မႏၲေလးတိုင္း၏ ေဆာင္႐ြက္ခ်က္မ်ားဆိုလွ်င္ တစ္ဆင့္ခ်င္းစီအလိုက္ စနစ္က်ေသာစီမံခ်က္ရွိသည္။ပညာေပးမႈအပိုင္းတြင္ ေစ့စပ္သလို ဘာ့ေၾကာင့္လုပ္ရသည္ဟူ၍ ေသခ်ာေရရာမႈရွိေသာ ရွင္းျပခ်က္မ်ားရွိသည္။ၿပီးေတာ့ မလိုက္နာပါက အေရးယူမႈအပိုင္းကလည္း ျပတ္ျပတ္သားသား။

ဥပမာ - မႏၲေလးမွထြက္ခြာမည့္ အေဝးေျပးယာဥ္လိုင္းမ်ားအေနႏွင့္ တင္ေဆာင္ႏိုင္သည့္ ခရီးသည္အေရအတြက္၏ ထက္ဝက္ကိုသာ တင္ေဆာင္ရန္ႏွင့္ လက္မွတ္ခကို လက္ရွိႏႈန္းထက္ ႏွစ္ဆသတ္မွတ္ရန္ မတ္ ၂၈ ရက္တြင္ သက္ဆိုင္ရာအာဏာပိုင္မ်ားက ၫႊန္ၾကားခဲ့သည္။

မႏၲေလး-မေကြး ေျပးဆြဲေသာ ပန္ေတာ္ဦးယာဥ္လိုင္းက ကားခႏွစ္ဆသတ္မွတ္သည့္ ၫႊန္ၾကားခ်က္ၾက လိုက္နာၿပီး ခရီးသည္တင္ေဆာင္မႈကိုမူ သတ္မွတ္အေရအတြက္ထက္ ေက်ာ္လြန္ခဲ့သည္။မႏၲေလးအာဏာပိုင္တို႔၏ အေရးယူမႈက ရာသက္ပန္ယာဥ္လိုင္းပိတ္သိမ္းေစဟု အမိန႔္ခ်လိုက္သည္။

ကဲ၊ ဘယ္ေလာက္ေတာင္ျပတ္သားလိုက္ေလသနည္း။ယင္းသို႔ေသာျပတ္သားမႈအတြက္ ျပည္သူအမ်ားစု၏ အျမင္မွာ အာဏာရွင္ဆန္ ရက္စက္ေလျခင္းဟုမျမင္။ယခုလိုျပတ္သားေသာ အေရးယူမႈမ်ိဳး ယခုလိုအခ်ိန္တြင္ အႀကီးအက်ယ္လိုအပ္ေၾကာင္း ျပည္သူအမ်ားစုက သေဘာေပါက္ၾကသည္။

ဥပမာ - ယခုလိုအက်ပ္အတည္းကာလမ်ိဳးတြင္ ျပည္သူမ်ားအတြက္ မရွိမျဖစ္လိုအပ္ေနေသာ ႏွာေခါင္းစည္းကို အျမတ္ႀကီးစားေရာင္းခ်ေနျခင္းမ်ိဳး။သၾကၤန္မတိုင္မီ ၁၀ ရက္ေက်ာ္ကာလတုန္းက စာေရးသူကိုယ္တိုင္ တစ္ခါသုံးႏွာေခါင္းစည္းတစ္ခုကို က်ပ္ ၁၅၀၀ ေပးၿပီး ဝယ္ခဲ့ရဖူးသည္။
သၾကၤန္နားနီးေတာ့ တစ္ခု က်ပ္ ၅၀၀။စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနေအာက္ရွိ စားသုံးသူေရးရာဦးစီးဌာနက အေရးယူမည္တကဲကဲျဖင့္ ဟန္ေရးျပေနသည္မွာ ၾကာၿပီျဖစ္ေသာ္လည္း သၾကၤန္႐ုံးပိတ္ရက္ၿပီးသည့္တိုင္ ႏွာေခါင္းစည္းသည္လည္း ၄၀၀၊ ၅၀၀ မွ မက်ေသး။

မည္သည့္အရာမဆို ျပည္သူတို႔၏ ပူးေပါင္းပါဝင္မႈသည္ အေရးပါေသာ္လည္း ျပည္သူမ်ားဝယ္ယူထားသည့္ ပစၥည္းေဘာက္ခ်ာ အေထာက္အထားျဖင့္ တိုင္တန္းၾကပါဟု အဲကြန္းခန္းထဲမွမထြက္ ေၾကညာခ်က္ထုတ္ေန၍မရ။သက္ဆိုင္ရာအေနႏွင့္ ကိုယ္တိုင္အသြင္ယူ ကြင္းဆင္းကာ အျမတ္ႀကီးစားမ်ားအား ေဖာ္ထုတ္အေရးယူရန္ လိုေပသည္။

ယခုေဆာင္းပါးကိုခ်ဳပ္ရေသာ္ COVID-19 အက်ပ္အတည္းကာလအတြင္း ျမင္ေနရေသာ ျပည္သူအမ်ားစု၏ ပူးေပါင္းပါဝင္မႈ၊ စည္းကမ္းရွိမႈႏွင့္ အနည္းငယ္မွ်ေသာလူတခ်ိဳ႕၏ တစ္ကိုယ္ေကာင္းဆန္မႈ၊ စည္းကမ္းမဲ့မႈႏွင့္ ဥပေဒခ်ိဳးေဖာက္မႈတို႔သည္ အသြင္ကူးေျပာင္းေရးကာလတြင္ အားၿပိဳင္ေလ့ရွိေသာ အေဟာင္းႏွင့္အသစ္တို႔၏ တိုက္ပြဲျဖစ္သည္။

ထို႔အျပင္ ေရွ႕သို႔သြားေနေသာ တိုင္းျပည္၏ခရီးလမ္းကို အဟန႔္အတားျပဳေနမႈမ်ားအား ထိေရာက္စြာအေရးယူဖယ္ရွားျခင္းသည္ မျဖစ္မေနေဆာင္႐ြက္ရမည့္ နည္းလမ္းျဖစ္ေၾကာင္း အထက္ပါျဖစ္ရပ္မ်ားက သက္ေသခံေနေပသည္။

လင္းဆက္ၿငိမ္းခ်မ္း
ဧၿပီ - ၂၉