【 ဆောင်းပါး 】 “ ကြည်နူးရွှင်ပြိုင် လတန်ဆောင်တိုင် ”

【 ဆောင်းပါး 】 “ ကြည်နူးရွှင်ပြိုင် လတန်ဆောင်တိုင် ”

တန်ဆောင်မုန်းတန်ဆောင်တိုင်သာယာလှသည့် အခါသို့ ရောက်ပြီ။ တန်ဆောင်မုန်းဟူသော ဝေါဟာရ ကို ရှေးခေတ်ပုဂံ ကျောက်စာများတွင် မီးရှူး၊ မီးတိုင်၊ ဆီမီးဟူ၍ အဓိပ္ပာယ်တွေ့ရသည်။ တန်ဆောင်မုန်းလမှာ မြန်မာ လဆယ့်နှစ်လထဲတွင် ရှစ်လမြောက်ဖြစ်သည်။ မိုးနှောင်း၊ ဆောင်းအကူး သာယာကြည်နူးဖွယ် ကာလဖြစ်ပြီး ဗ္ဆြိာရာသီ ဖြစ်၏။လပြည့်မှာ ကြတ္တိကာနက္ခတ်နှင့် ယှဉ်ပြိုင် ထွန်းပသဖြင့် လရောင်က ရွှန်းမြကြည် လင်နေသည်။တာရာမှာ ကျီးတာရာဖြစ်ပြီး ရာသီပန်းက ခဝဲပန်း ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်များအဖို့လည်း တန်ဆောင်မုန်းလမှာ ဘာသာရေးအရ အထွဋ်အမြတ် ထူးခြားသည့် လ လည်း ဖြစ် သည်။ အထူး သဖြင့် တန်ဆောင်မုန်းလပြည့်နေ့တွင် မြတ်စွာဘုရားက အဇာတသတ်မင်း အား သာမညဖလ သုတ္တန်ကို ဟောကြား တော်မူ သောကြောင့် ဗုဒ္ဓဘာသာဝင်များက တန်ဆောင်မုန်း လပြည့်နေ့ကို သာမညဖလ နေ့ ဟုလည်း ခေါ်ကြသည်။ သာမညဖလ ဆိုသည်မှာ ရဟန်းပြုရခြင်း၏ အကျိုးဟု အဓိပ္ပာယ်ရကာ ဘုရားရှင်က ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ ဖြစ်၍လည်း ဤနေ့ကို သံဃာတော်များနေ့ဟု လည်း အများစုက မှတ်သားခေါ်ဝေါ်ကြသည်။

တန်ဆောင်မုန်းလပြည့်နေ့က ဗုဒ္ဓဘာသာဝင်လူပုဂ္ဂိုလ်များအတွက်လည်း နောင်သံသရာ ဘ၀ များ အတွက် အလွန်အကျိုးထူးရစေသည့် နေ့ရက်လည်းဖြစ်ကာ ဗုဒ္ဓဘာသာဝင်များအတွက် ကထိန် သင်္ကန်း ကို နောက်ဆုံးရက်အဖြစ် ကပ်လှူခွင့် ရသည့် နေ့လည်းဖြစ်ပြီး ကထိန်ခင်းရန် မတတ်နိုင်သည့် ကျောင်းများကိုရှာကာ ကထိန်ခင်းခွင့် နောက်ဆုံးရသည့်နေ့လည်း ဖြစ်သည်။

ကထိန်ဆိုသည်မှာ ''ကထိန'' ဟူသော ပါဠိဝေါဟာရကို ပြန်ဆိုထားခြင်း ဖြစ်သည်။အလုပ်အကျိုးပေး မြဲမြဲခိုင်ခံ့သောအလုပ်၊ ဘုရားအစရှိသော ပညာရှိတို့က ''ကောင်း၏၊ ကောင်း၏'' ဟု ချီးကျူးသြဘာ ထောမနာ ပြုရ သော အလုပ်ကျိုးကို ''ကထိန်'' ဟု ခေါ်သည်။ကထိန်ပွဲတော်သည် ရှေးဘုရင် လက် ထက် အဆက်ဆက်က ပင် ရှိခဲ့သည်။ ပဒုမုတ္တရဘုရားရှင်တို့၏ လက်ထက်၌ ကထိန်ခွင့်ပြုခဲ့သည်ဟု ဗုဒ္ဓစာပေများ၌ တွေ့ရှိရသည်။

ကထိန်ပွဲတော်ကို သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ခင်း ကျင်းရသည်။ကထိန်ခင်းရာတွင် မရှိနွမ်းပါးသော ရဟန်းအားဖြစ်စေ၊ အကြီးဆုံး မထေရ်အားဖြစ်စေ ကပ်လှူရန် ဥတ်သင်္ကန်းအပြင် အခြံအရံ လှူဖွယ်ပစ္စည်းများကို ထည့်သွင်းလှူဒါန်းလေ့ ရှိသည်။ ကထိန် ခင်းရာ၌ သံဃိက စစ်စစ် ဖြစ်သင့်သည့်အတွက် အလှူ့ဒကာများက မည်သည့်ပစ္စည်းကား သံဃိက ပစ္စည်း၊ မည်သည့်ပစ္စည်းကား ပုဂ္ဂလိက ပစ္စည်း ဖြစ်သည်ဟု ခွဲခြား လျှောက်တင်ကြား ရသည်။ ကထိန်ခင်း၍ သင်္ကန်းရရှိသော ရဟန်းတို့မှာ ကထိန်အာနိသင်ငါးပါး ခံစားရကြောင်းလည်း ကျမ်းဂန် များတွင် ဆိုထားသည်။

ထိုသို့ ကထိန်ခင်းခြင်းကြောင့် မိမိတွင် အကျိုးကုသိုလ်ထူးရသလို ရဟန်းသံဃာများအတွက် ကထိန် အာနိသင် ၅ ပါး ကိုလည်း ရစေသည့် အကျိုးထူးသောနေ့ ဖြစ်သည်။  ထို ကထိန်အာနိသင် ၅ ပါးကို ကထိန် ခင်းသော ရဟန်းနှင့် ကထိန်းခင်းရာဝယ် နှုတ်ဖြင့် ဝမ်းမြောက်နုမော်သာဓုခေါ်သော ရဟန်း အားလုံး ကထိန်း ခင်းသည့်နေ့မှစ၍ တပေါင်းလပြည့်တိုင်အောင် ခံစားခွင့်ရှိခြင်းတို့ ဖြစ်သည်။

ကထိန်သင်္ကန်း အလှူသည် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်သာပြုရသော ကာလဒါန မျိုး ဖြစ်သည်။ကထိန်သင်္ကန်းကပ်လှူပွဲ ခွင့်ပြုသောကာလ မှာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန် ဆောင် မုန်း လပြည့်နေ့အထိ ဖြစ်သည်။ တန်ဆောင်မုန်းလတွင်  ထင်ရှားသည့် ပွဲတော်တစ်ခု မှာ မသိုးသင်္ကန်းရက် လှူကြသည့်ပွဲဖြစ်သည်။ ကထိန်ကာလ၏နောက်ဆုံးနေ့ဖြစ်သော တန်ဆောင် မုန်း လပြည့်နေ့မတိုင်မီ လဆန်း ၁၄ ရက်နေ့ညနေပိုင်းတွင်စတင် ရက်လုပ်ပြီး လပြည့်နေ့ အရုဏ် မတက်မီ အပြီးချုပ်လုပ်ကာ ကပ်လှူကြပါသည်။
 
မသိုးသင်္ကန်းရက်လုပ်ဆက်ကပ် လှူဒါန်း ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း အမြို့မြို့အနယ်နယ်တွင် စည် ကား သိုက်မြိုက်စွာ ကျင်းပကြသည်။ တန်ဆောင်မုန်း လပြည့်နေ့ အရုဏ်တက်ချိန် မသိုး သင်္ကန်းများ ကပ် လှူရန်အတွက် ရက်လုပ်ပူဇော်ပွဲများ ကျင်းပလေ့ရှိပြီး နေ့မကူး၊ ရက်မကူးဘဲ တစ်ရက်တည်း အပြီး ရက် လုပ် လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟုလည်း ခေါ်ဝေါ်ကြသည်။

ဗုဒ္ဓဘာသာဝင်မြန်မာတို့က ကထိန်အလှူပွဲတော်ကို ခြိမ့်ခြိမ့်သဲကျင်းပကြပြီး ထိုရက်တွင် တန်ဆောင် တိုင်မီးထွန်းပွဲ၊ ကျီးမနိုးပွဲ၊ အမျိုးသားအောင်ပွဲနေ့ စသောလောကီပျော်ပွဲရွှင်ပွဲများကို ကျင်းပကြသလို ကုသိုလ် ရစေသည့် လောကုတ္တရာ ဘာသာရေးပွဲဖြစ်သော မသိုးသင်္ကန်းရက်ပြိုင်ပွဲ၊ ရှင်မာလဲပွဲပွဲများ ကိုလည်း ကျင်း ပကြသည်။ ယခုအခါ တန်ဆောင်တိုင်တွင် ဆီမီးပူဇော်ခြင်းသည် တာဝတိံသာ နတ်ပြည် ရှိ ဘုရားလောင်း၏ ဆံတော်ကို ဌာပနာ၍ သိကြားမင်းတည်ထားသော စူဋ္ဌာမဏိ စေတီတော် ကိုရည်စူး၍ ပူဇော်ခြင်းဖြစ်သည်။ တချို့ရပ်ရွာများ၌ ရှင်မာလဲ ပွဲကို ခမ်းနားစွာ ကျင်းပကြ သည်။

ရှင်မာလဲ ပွဲမှာ မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။  အရိမေတ္တေယျ ဘုရား အလောင်းနတ်သားက သီဟိုဠ်ကျွန်းသား ရှင်မာလဲမထေရ် အား တန်ဆောင်မုန်း လပြည့်နေ့တိုင်း လူအပေါင်း တို့အား ဝေဿန္တရာဇာတ်တော်ကို ဟောကြားပါရန် တောင်းပန်လျှောက်ထားသဖြင့် ရှင်မာလဲက ဂါထာတစ် ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောပြော သည်ကို အထိမ်းအမှတ်ပြု၍ ဝေဿန္တရာဇာတ်တော်ကို ဟောပြောခဲ့သည်။ ထိုသည်ကို အစွဲပြုကာ နောက်လူတို့က လှော်ကားတော်ပုံပြု၍ လှော်ကားထက်တွင် အသီးတစ်ထောင်၊ အပွင့်တစ်ထောင်၊ ထမင်းထုပ်တစ်ထောင်၊ ဆီမီးတစ်ထောင် စသည် တင်ကာ လှူဒါန်းခြင်းဖြင့်လည်း ရှင်မာလဲပွဲ ကိုလည်း ကျင်းပကြသည်။

တန်ဆောင်မုန်းလပြည့်နေ့ကာလများတွင် ကိုယ့်ရပ်ကိုယ့်ရွာအလိုက် အလှူအတန်းများ၊ မရှိနွမ်း ပါးသူ များ အထောက်အကူဖြစ်စေရန် နိဗ္ဗာန်ဈေးများ၊ မီးထွန်းပွဲတော်များကျင်းပကြသလို ဒေသအလိုက် တန်ခိုးကြီး ဘုရားများတွင်လည်း မသိုးသင်္ ကန်း ကပ်လှူကြသည်ကလည်း ယနေ့တိုင်မြဲနေသည့် ထူးကဲသောအစဉ်အလာ ကောင်းပင် ဖြစ်သည်။ လောကုတ္တရာတွင် တန်ဆောင်မုန်းလမှ ဤသို့ မြင့်မြတ်ကြည်နူးစရာ လတစ်ခုဖြစ်သလို  လောကီ တွင်လည်း တန်ဆောင်မုန်းလမှာ ထူးခြားလေး နက် သည့် လမြတ်တစ်ခုဖြစ်သည်။ တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့မှာ ၁၉၂၀ ပြည့်နှစ် မြန်မာ ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အက် ဥပဒေကို ရန်ကုန် ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသားများက ကန့်ကွက် သည့်အနေဖြင့် သပိတ်မှောက် သောနေ့ဖြစ်သဖြင့် ထိုနေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် နှစ်စဉ် ဆင်ယင်ကျင်းပကြသည်။

နှစ်စဉ်တန်ဆောင်တိုင်ပွဲတော်ကို ကျေးလက်မြို့ရွာအလိုက် သူ့အရပ်နှင့် သူ့ဓလေ့ စည်ကားသိုက်မြိုက် စွာကျင်းပကြသည်။ တန်ဆောင်တိုင် မီးပုံပျံပွဲတော်မှာ တောင်ကြီးမြို့၏အထင်ကရ ပွဲတော်ဖြစ် သလို အနယ် နယ်အရပ်ရပ်မှ ဧည့်ပရိတ်သတ်များ လာရောက်ကြသလို မြန်မာပြည်၏ထူးထင်ရှား သည့် ပွဲတော်တစ်ခုလည်း ဖြစ်သည်။ တန်ဆောင်မုန်းလပြည်နေ့မှာ စကာ အချို့ရပ်ရွာများတွင် စတုဒိသာပွဲများကျင်းပကြသလို ပျော်ပွဲရွှင်ပွဲ ကုသိုလ်ပွဲများဖြင့် တန်ဆောင်တိုင်ကာလကို ဖြတ်ကျော်ကြသည်။

ယခုအခါ ယခင်ကထက်ပိုပွင်လင်းလာသလို ပို၍လည်းစည်ကားလာသည့် တန်ဆောင်တိုင်ကို ကျွန် တော်တို့ အားလုံးတွေ့နေရပြီဖြစ်သည်။ ယဉ်ကျေးမှုတန်ဖိုးကျဆင်းလာသည့် ယနေ့အချိန်အခါတွင် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာပွဲတော်ဖြစ်သည့် တန်ဆောင်တိုင်ပွဲတော်မှာ ကိုယ်အပျော်လွန်မှုကြောင့် အရုပ်ဆိုး အကျဉ်းမတန်အောင် သတိထားရမှာဖြစ်ပါသည်။

                                                ဖြိုးဝေလှ

(  Zawgyi  )

 တန္ေဆာင္မုန္းတန္ေဆာင္တိုင္သာယာလွသည့္ အခါသို႔ ေရာက္ၿပီ။ တန္ေဆာင္မုန္းဟူေသာ ေဝါဟာရ ကို ေရွးေခတ္ပုဂံ ေက်ာက္စာမ်ားတြင္ မီးရႉး၊ မီးတိုင္၊ ဆီမီးဟူ၍ အဓိပၸာယ္ေတြ႕ရသည္။ တန္ေဆာင္မုန္းလမွာ ျမန္မာ လဆယ့္ႏွစ္လထဲတြင္ ရွစ္လေျမာက္ျဖစ္သည္။ မိုးေႏွာင္း၊ ေဆာင္းအကူး သာယာၾကည္ႏူးဖြယ္ ကာလျဖစ္ၿပီး ျဗၦိာရာသီ ျဖစ္၏။လျပည့္မွာ ၾကတၱိကာနကၡတ္ႏွင့္ ယွဥ္ၿပိဳင္ ထြန္းပသျဖင့္ လေရာင္က ႐ႊန္းျမၾကည္ လင္ေနသည္။တာရာမွာ က်ီးတာရာျဖစ္ၿပီး ရာသီပန္းက ခဝဲပန္း ျဖစ္သည္။

ဗုဒၶဘာသာဝင္မ်ားအဖို႔လည္း တန္ေဆာင္မုန္းလမွာ ဘာသာေရးအရ အထြဋ္အျမတ္ ထူးျခားသည့္ လ လည္း ျဖစ္ သည္။ အထူး သျဖင့္ တန္ေဆာင္မုန္းလျပည့္ေန႔တြင္ ျမတ္စြာဘုရားက အဇာတသတ္မင္း အား သာမညဖလ သုတၱန္ကို ေဟာၾကား ေတာ္မူ ေသာေၾကာင့္ ဗုဒၶဘာသာဝင္မ်ားက တန္ေဆာင္မုန္း လျပည့္ေန႔ကို သာမညဖလ ေန႔ ဟုလည္း ေခၚၾကသည္။ သာမညဖလ ဆိုသည္မွာ ရဟန္းျပဳရျခင္း၏ အက်ိဳးဟု အဓိပၸာယ္ရကာ ဘုရားရွင္က ရဟန္းျပဳရျခင္း၏ အက်ိဳးကို ေဟာၾကားေသာေန႔ ျဖစ္၍လည္း ဤေန႔ကို သံဃာေတာ္မ်ားေန႔ဟု လည္း အမ်ားစုက မွတ္သားေခၚေဝၚၾကသည္။

တန္ေဆာင္မုန္းလျပည့္ေန႔က ဗုဒၶဘာသာဝင္လူပုဂၢိဳလ္မ်ားအတြက္လည္း ေနာင္သံသရာ ဘ၀ မ်ား အတြက္ အလြန္အက်ိဳးထူးရေစသည့္ ေန႔ရက္လည္းျဖစ္ကာ ဗုဒၶဘာသာဝင္မ်ားအတြက္ ကထိန္ သကၤန္း ကို ေနာက္ဆုံးရက္အျဖစ္ ကပ္လႉခြင့္ ရသည့္ ေန႔လည္းျဖစ္ၿပီး ကထိန္ခင္းရန္ မတတ္ႏိုင္သည့္ ေက်ာင္းမ်ားကိုရွာကာ ကထိန္ခင္းခြင့္ ေနာက္ဆုံးရသည့္ေန႔လည္း ျဖစ္သည္။

ကထိန္ဆိုသည္မွာ ''ကထိန'' ဟူေသာ ပါဠိေဝါဟာရကို ျပန္ဆိုထားျခင္း ျဖစ္သည္။အလုပ္အက်ိဳးေပး ၿမဲၿမဲခိုင္ခံ့ေသာအလုပ္၊ ဘုရားအစရွိေသာ ပညာရွိတို႔က ''ေကာင္း၏၊ ေကာင္း၏'' ဟု ခ်ီးက်ဴးၾသဘာ ေထာမနာ ျပဳရ ေသာ အလုပ္က်ိဳးကို ''ကထိန္'' ဟု ေခၚသည္။ကထိန္ပြဲေတာ္သည္ ေရွးဘုရင္ လက္ ထက္ အဆက္ဆက္က ပင္ ရွိခဲ့သည္။ ပဒုမုတၱရဘုရားရွင္တို႔၏ လက္ထက္၌ ကထိန္ခြင့္ျပဳခဲ့သည္ဟု ဗုဒၶစာေပမ်ား၌ ေတြ႕ရွိရသည္။

ကထိန္ပြဲေတာ္ကို သီတင္းကြၽတ္ လျပည့္ေက်ာ္ တစ္ရက္ေန႔မွ တန္ေဆာင္မုန္း လျပည့္ေန႔အထိ ခင္း က်င္းရသည္။ကထိန္ခင္းရာတြင္ မရွိႏြမ္းပါးေသာ ရဟန္းအားျဖစ္ေစ၊ အႀကီးဆုံး မေထရ္အားျဖစ္ေစ ကပ္လႉရန္ ဥတ္သကၤန္းအျပင္ အၿခံအရံ လႉဖြယ္ပစၥည္းမ်ားကို ထည့္သြင္းလႉဒါန္းေလ့ ရွိသည္။ ကထိန္ ခင္းရာ၌ သံဃိက စစ္စစ္ ျဖစ္သင့္သည့္အတြက္ အလႉ႔ဒကာမ်ားက မည္သည့္ပစၥည္းကား သံဃိက ပစၥည္း၊ မည္သည့္ပစၥည္းကား ပုဂၢလိက ပစၥည္း ျဖစ္သည္ဟု ခြဲျခား ေလွ်ာက္တင္ၾကား ရသည္။ ကထိန္ခင္း၍ သကၤန္းရရွိေသာ ရဟန္းတို႔မွာ ကထိန္အာနိသင္ငါးပါး ခံစားရေၾကာင္းလည္း က်မ္းဂန္ မ်ားတြင္ ဆိုထားသည္။

ထိုသို႔ ကထိန္ခင္းျခင္းေၾကာင့္ မိမိတြင္ အက်ိဳးကုသိုလ္ထူးရသလို ရဟန္းသံဃာမ်ားအတြက္ ကထိန္ အာနိသင္ ၅ ပါး ကိုလည္း ရေစသည့္ အက်ိဳးထူးေသာေန႔ ျဖစ္သည္။  ထို ကထိန္အာနိသင္ ၅ ပါးကို ကထိန္ ခင္းေသာ ရဟန္းႏွင့္ ကထိန္းခင္းရာဝယ္ ႏႈတ္ျဖင့္ ဝမ္းေျမာက္ႏုေမာ္သာဓုေခၚေသာ ရဟန္း အားလုံး ကထိန္း ခင္းသည့္ေန႔မွစ၍ တေပါင္းလျပည့္တိုင္ေအာင္ ခံစားခြင့္ရွိျခင္းတို႔ ျဖစ္သည္။

ကထိန္သကၤန္း အလႉသည္ တစ္ႏွစ္တြင္ တစ္လ၊ တစ္လတြင္ တစ္ရက္သာျပဳရေသာ ကာလဒါန မ်ိဳး ျဖစ္သည္။ကထိန္သကၤန္းကပ္လႉပြဲ ခြင့္ျပဳေသာကာလ မွာ သီတင္းကြၽတ္လျပည့္ေက်ာ္ ၁ ရက္ေန႔မွ တန္ ေဆာင္ မုန္း လျပည့္ေန႔အထိ ျဖစ္သည္။ တန္ေဆာင္မုန္းလတြင္  ထင္ရွားသည့္ ပြဲေတာ္တစ္ခု မွာ မသိုးသကၤန္းရက္ လႉၾကသည့္ပြဲျဖစ္သည္။ ကထိန္ကာလ၏ေနာက္ဆုံးေန႔ျဖစ္ေသာ တန္ေဆာင္ မုန္း လျပည့္ေန႔မတိုင္မီ လဆန္း ၁၄ ရက္ေန႔ညေနပိုင္းတြင္စတင္ ရက္လုပ္ၿပီး လျပည့္ေန႔ အ႐ုဏ္ မတက္မီ အၿပီးခ်ဳပ္လုပ္ကာ ကပ္လႉၾကပါသည္။
 
မသိုးသကၤန္းရက္လုပ္ဆက္ကပ္ လႉဒါန္း ပြဲေတာ္ကို ႏွစ္စဥ္ႏွစ္တိုင္း အၿမိဳ႕ၿမိဳ႕အနယ္နယ္တြင္ စည္ ကား သိုက္ၿမိဳက္စြာ က်င္းပၾကသည္။ တန္ေဆာင္မုန္း လျပည့္ေန႔ အ႐ုဏ္တက္ခ်ိန္ မသိုး သကၤန္းမ်ား ကပ္ လႉရန္အတြက္ ရက္လုပ္ပူေဇာ္ပြဲမ်ား က်င္းပေလ့ရွိၿပီး ေန႔မကူး၊ ရက္မကူးဘဲ တစ္ရက္တည္း အၿပီး ရက္ လုပ္ လႉဒါန္းရေသာ သကၤန္းျဖစ္သျဖင့္ မသိုးသကၤန္းဟုလည္း ေခၚေဝၚၾကသည္။

ဗုဒၶဘာသာဝင္ျမန္မာတို႔က ကထိန္အလႉပြဲေတာ္ကို ၿခိမ့္ၿခိမ့္သဲက်င္းပၾကၿပီး ထိုရက္တြင္ တန္ေဆာင္ တိုင္မီးထြန္းပြဲ၊ က်ီးမႏိုးပြဲ၊ အမ်ိဳးသားေအာင္ပြဲေန႔ စေသာေလာကီေပ်ာ္ပြဲ႐ႊင္ပြဲမ်ားကို က်င္းပၾကသလို ကုသိုလ္ ရေစသည့္ ေလာကုတၱရာ ဘာသာေရးပြဲျဖစ္ေသာ မသိုးသကၤန္းရက္ၿပိဳင္ပြဲ၊ ရွင္မာလဲပြဲပြဲမ်ား ကိုလည္း က်င္း ပၾကသည္။ ယခုအခါ တန္ေဆာင္တိုင္တြင္ ဆီမီးပူေဇာ္ျခင္းသည္ တာဝတႎသာ နတ္ျပည္ ရွိ ဘုရားေလာင္း၏ ဆံေတာ္ကို ဌာပနာ၍ သိၾကားမင္းတည္ထားေသာ စူ႒ာမဏိ ေစတီေတာ္ ကိုရည္စူး၍ ပူေဇာ္ျခင္းျဖစ္သည္။ တခ်ိဳ႕ရပ္႐ြာမ်ား၌ ရွင္မာလဲ ပြဲကို ခမ္းနားစြာ က်င္းပၾက သည္။

ရွင္မာလဲ ပြဲမွာ ျမတ္စြာဘုရားပရိနိဗၺာန္စံၿပီးမွ ေပၚေပါက္လာျခင္းျဖစ္သည္။  အရိေမေတၱယ် ဘုရား အေလာင္းနတ္သားက သီဟိုဠ္ကြၽန္းသား ရွင္မာလဲမေထရ္ အား တန္ေဆာင္မုန္း လျပည့္ေန႔တိုင္း လူအေပါင္း တို႔အား ေဝႆႏၲရာဇာတ္ေတာ္ကို ေဟာၾကားပါရန္ ေတာင္းပန္ေလွ်ာက္ထားသျဖင့္ ရွင္မာလဲက ဂါထာတစ္ ေထာင္ျဖင့္ တန္ဆာဆင္အပ္ေသာ ေဝႆႏၲရာဇာတ္ေတာ္ႀကီးကို ေဟာေျပာ သည္ကို အထိမ္းအမွတ္ျပဳ၍ ေဝႆႏၲရာဇာတ္ေတာ္ကို ေဟာေျပာခဲ့သည္။ ထိုသည္ကို အစြဲျပဳကာ ေနာက္လူတို႔က ေလွာ္ကားေတာ္ပုံျပဳ၍ ေလွာ္ကားထက္တြင္ အသီးတစ္ေထာင္၊ အပြင့္တစ္ေထာင္၊ ထမင္းထုပ္တစ္ေထာင္၊ ဆီမီးတစ္ေထာင္ စသည္ တင္ကာ လႉဒါန္းျခင္းျဖင့္လည္း ရွင္မာလဲပြဲ ကိုလည္း က်င္းပၾကသည္။

တန္ေဆာင္မုန္းလျပည့္ေန႔ကာလမ်ားတြင္ ကိုယ့္ရပ္ကိုယ့္႐ြာအလိုက္ အလႉအတန္းမ်ား၊ မရွိႏြမ္း ပါးသူ မ်ား အေထာက္အကူျဖစ္ေစရန္ နိဗၺာန္ေဈးမ်ား၊ မီးထြန္းပြဲေတာ္မ်ားက်င္းပၾကသလို ေဒသအလိုက္ တန္ခိုးႀကီး ဘုရားမ်ားတြင္လည္း မသိုးသၤ ကန္း ကပ္လႉၾကသည္ကလည္း ယေန႔တိုင္ၿမဲေနသည့္ ထူးကဲေသာအစဥ္အလာ ေကာင္းပင္ ျဖစ္သည္။ ေလာကုတၱရာတြင္ တန္ေဆာင္မုန္းလမွ ဤသို႔ ျမင့္ျမတ္ၾကည္ႏူးစရာ လတစ္ခုျဖစ္သလို  ေလာကီ တြင္လည္း တန္ေဆာင္မုန္းလမွာ ထူးျခားေလး နက္ သည့္ လျမတ္တစ္ခုျဖစ္သည္။ တန္ေဆာင္မုန္းလဆုတ္ ၁ဝ ရက္ေန႔မွာ ၁၉၂၀ ျပည့္ႏွစ္ ျမန္မာ ၁၂၈၂ ခုႏွစ္ တန္ေဆာင္မုန္းလဆုတ္ ၁ဝ ရက္ေန႔တြင္ ရန္ကုန္တကၠသိုလ္ အက္ ဥပေဒကို ရန္ကုန္ ေကာလိပ္ႏွင့္ ဂ်ပ္ဆင္ေကာလိပ္ေက်ာင္းသားမ်ားက ကန႔္ကြက္ သည့္အေနျဖင့္ သပိတ္ေမွာက္ ေသာေန႔ျဖစ္သျဖင့္ ထိုေန႔ကို အမ်ိဳးသားေန႔အျဖစ္ သတ္မွတ္ခဲ့ၾကျခင္းျဖစ္သည္။ တန္ေဆာင္မုန္း လဆုတ္ ၁၀ ရက္ေန႔ကို အမ်ိဳးသားေန႔အျဖစ္ ႏွစ္စဥ္ ဆင္ယင္က်င္းပၾကသည္။

ႏွစ္စဥ္တန္ေဆာင္တိုင္ပြဲေတာ္ကို ေက်းလက္ၿမိဳ႕႐ြာအလိုက္ သူ႔အရပ္ႏွင့္ သူ႔ဓေလ့ စည္ကားသိုက္ၿမိဳက္ စြာက်င္းပၾကသည္။ တန္ေဆာင္တိုင္ မီးပုံပ်ံပြဲေတာ္မွာ ေတာင္ႀကီးၿမိဳ႕၏အထင္ကရ ပြဲေတာ္ျဖစ္ သလို အနယ္ နယ္အရပ္ရပ္မွ ဧည့္ပရိတ္သတ္မ်ား လာေရာက္ၾကသလို ျမန္မာျပည္၏ထူးထင္ရွား သည့္ ပြဲေတာ္တစ္ခုလည္း ျဖစ္သည္။ တန္ေဆာင္မုန္းလျပည္ေန႔မွာ စကာ အခ်ိဳ႕ရပ္႐ြာမ်ားတြင္ စတုဒိသာပြဲမ်ားက်င္းပၾကသလို ေပ်ာ္ပြဲ႐ႊင္ပြဲ ကုသိုလ္ပြဲမ်ားျဖင့္ တန္ေဆာင္တိုင္ကာလကို ျဖတ္ေက်ာ္ၾကသည္။

ယခုအခါ ယခင္ကထက္ပိုပြင္လင္းလာသလို ပို၍လည္းစည္ကားလာသည့္ တန္ေဆာင္တိုင္ကို ကြၽန္ ေတာ္တို႔ အားလုံးေတြ႕ေနရၿပီျဖစ္သည္။ ယဥ္ေက်းမႈတန္ဖိုးက်ဆင္းလာသည့္ ယေန႔အခ်ိန္အခါတြင္ ဗုဒၶဘာသာ ထုံးတမ္းစဥ္လာပြဲေတာ္ျဖစ္သည့္ တန္ေဆာင္တိုင္ပြဲေတာ္မွာ ကိုယ္အေပ်ာ္လြန္မႈေၾကာင့္ အ႐ုပ္ဆိုး အက်ဥ္းမတန္ေအာင္ သတိထားရမွာျဖစ္ပါသည္။

                                                ၿဖိဳးေဝလွ