【 ဆောင်းပါး 】 “facebook ပေါ်မှ ငပေါများ”

【 ဆောင်းပါး 】 “facebook ပေါ်မှ ငပေါများ”

ယနေ့ခေတ်လို မီဒီယာထွန်းကားမှုအားကောင်းသည့် ခေတ်ကာလမှာ facebook ပေါ်တက်ကာ ကလေးကလားရေးတတ်သည့် တစ်ချိန်က ရာထူးရာခံယူထားခဲ့သူတွေ၏ စာတွေကို မကြာခဏတွေ့မြင်ရသည်။ဒီလိုတွေမြင်ရတော့ တိုင်းပြည် ဘာကြောင့် အဖက်ဖက်ကနိမ့်ကျလာရသလဲဆိုသည်ကို သဘောပေါက်လာမိသည်။တစ်ခါတစ်လေ တော်တော်ယုတ်ယုတ်ညံံ့ညံ့တွေရေးတာ တွေ့ရသည့်အခါ ဒီလိုလူမျိုးမှဟုတ်ပါလေစလို့ မသက်မသာဖြစ်မိသည်။ဒီလိုမရင့်ကျက်တဲ့သူတွေ ဘယ်လိုလုပ် ဒီနေရာတွေကိုတာဝန်ယူခဲ့ပါလိမ့်ဟု တွေးလည်းတွေးမိသည်။

တစ်ခါတစ်လေ ရေးသူကတော့ ဘယ်လိုနေမယ်မှန်းမသိ။သူများ share ရင်း အခန့်မသင့်လို့ ကိုယ့်ဆီ ဒီလိုမျိုး status တွေ တွေ့လာရသည်အခါ ရေးသူကတော့မသိ။တွေ့မြင်ဖတ်ရှုရသူ ကျွန်တော်တို့အဖို့ သူတို့အစား မျက်နှာပူလှသည်။

စကားဆိုသည်က ပြောပါများလာလျှင် စကားထဲကနေ ထိုသူ၏အကျင့်နှင့် ဓလေ့ဇရိုက်ကို ပြလာသည်။ငါပြောသမျှအမှန် ငါပြောသမျှအဟုတ်ဆိုသည့် အတ္တကြီးတာတွေ၊ သဘောထားမပြည့်တာတွေ၊ သဘောထားသေးသိမ်သူတွေ ပေါ်လာသည်။

ကိုယ်လိမ်ပြောတာကို တခြားသူမသိဘူးထင်ကာ အတင်းဇွတ်ယုံအောင်ပြောလေ ထိုသူမဟုတ်တာ ဘယ်လောက်လုပ်ခဲ့ပြီလဲဆိုတာကို လူတွေကပိုသိလာလေဆိုတာမျိုးတွေလည်း ဖြစ်လာတတ်သည်။တစ်ခါတစ်လေ ကိုယ်ယူထားသည့်နေရာနှင့် မတန်စွာပြောသည့် တာဝန်မဲ့စကားတွေ၊ ကလေးကလားပုံတွေ မီဒီယာပေါ်ထွက်လာသည့်အခါ တော်တော်ဦးနှောက်မရှိသည့်လူတွေအောက်မှာ နေခဲ့ရသည့်နှစ်တွေအတွက် ပြန်တွေးတိုင်း ဘုရားတမိသည်။

ဟိုယခင်ကတော့ ဘယ်လိုတွေဖြစ်နေသလဲမသိ။ဒီဘက်ခေတ် မီဒီယာတွေအားကောင်းလာသည့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ ဒီလိုပေါတောတောစကားတွေ၊ သမိုင်းဝင် တာဝန်မဲ့စကားတွေ၊ ဒီလိုလက်လွတ်စပယ် တာဝန်မယူသည့်စကားတွေ ခဏခဏတွေ့လာရသည်။

တချို့က ကိုယ်ယူထားရသည့်နေရာနှင့် မလျော်ညီစွာ စကားတစ်ခွန်းကို တာဝန်မဲ့စွာပြောကြသည်။ကိုယ်ပြောသည့် စကားတစ်ခွန်းက ဘယ်လောက်ထိ တာသွားသည်ဆိုတာကိုလည်း မသိကြ။စကားတစ်ခွန်းနောက်မှာ တာဝန်ခံမှု တာဝန်ယူမှု ရှိရမည်ဆိုတာကို သိပုံမရ။

တချို့က ငါက ဘာကောင်ဖြစ်နေပြီဆိုပြီး ငါ့စကားနွားရဆိုသလို ပြောချင်တာတွေ ပြောကြသလို ပြောပြီး လုပ်ချင်မှလည်း လုပ်ကြသည်။တချို့ကတော့ ကလေးများသဖွယ် ငါနိုင်လျှင်ပြီးရော အဓိပ္ပါယ်မရှိတာတွေ နေရာဌာနနှင့်မဆိုင်တာတွေ ပြောကြဆိုကြ။ဒီလိုလူတွေမှာ ကိုယ်ရထားသည့်နေရာနှင့် မိသားစု၊ ကိုယ်စားပြုသည့် အဝန်းအဝိုင်းသိက္ခာဆိုတာ ထည့်သွင်းစဉ်းစားခြင်းမရှိတော့။

တစ်လောက ရထားပေါ်မှာ လူတစ်ယောက် ဘေးဘီကိုဂရုမစိုက်ဘဲ အော်ကြီးဟစ်ကျယ် ဖုန်းဆက်သည်။

"ဘယ်သူ့ကို ဘယ်လိုလုပ်လိုက်၊ ဘယ်သူက ဘာပြောတာလဲ။ငါ့နာမည်ပြောလိုက်၊ ငါ့ဘာကောင်ထင်သလဲ ငါ့ကို ရွာကဆရာတော်ကြီးတောင် ပြောရဲတာမဟုတ်ဘူး" စသဖြင့် ။

ကိုယ့်အိမ် ကိုယ့်ရုံးမဟုတ်ဘဲ လူကြပ်သည့်ရထားပေါ်မှာဆိုတာကိုတောင် သတိထားမိပုံမရ။ဒါမှမဟုတ် လူအထင်ကြီးအောင် ဟိတ်ဟန်ထုတ်ပြောလေသလားမသိ။

ဆရာကန်တော့ပွဲတစ်ခုမှာ အငြိမ်းစား ဆရာ၊ ဆရာမများကို ပြန်ဆုံးမနေသည့် ဋ္ဌာနဆိုင်ရာ လူကြီးတစ်ဦးကို တွေ့ဘူးသည်။တစ်ခါက မင်္ဂလာဆောင်တစ်ခုမှာ မင်္ဂလာဆုံးမစကားတက်ပြောရင်း ကိုယ်ရည်သွေးတာလွန်လို့  ငပေါဖြစ်သွားသည့် လူကြီးတစ်ဦးကိုလည်း တွေ့ရဘူးသည်။ရပ်ထဲရွာထဲမှာ ဘယ်သူနှင်မှမတည့်သည့် ပင်စင်စားကြီးတွေ၊ တရားစခန်းသွားပြီး တရားပြသည့် ဆရာတော်နှင့် မတည့်လို့ တရားစခန်း ဘယ်တော့မှမဝင်တော့ဘူးဆိုသည့် ပင်စင်စားအရာရှိကြီးတွေ မကြာခဏကြုံဘူးသည်။ဒါမျိုးတွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မကြာခဏတွေ့နိုင်သည်။ထိုသူက ဘေးလူတွေအထင်ကြီးအောင် ဟိတ်ထုတ်ကာပြောပေမယ့် ကြားရတဲ့သူတွေ အထင်ကြီးမကြီးတော့မသိ။ဒီလိုကြုံရကြားရတိုင်းက စိတ်ထဲ ငပေါကြီးဟု ခေါ်မိသည်။

ဒီလိုလူတွေ ဒီလိုမျိုးတွေ လုပ်ငန်းခွင်ထဲမှာ၊ ရပ်ထဲရွာထဲမှာ၊ ဌာနဆိုင်ရာတွေမှာ၊ အာဏာပိုင်တွေထဲမှာ တွေ့ရတိုင်း လူကြီးသူမတွေပြောလေ့ရှိသည့် စကားတစ်ခွန်းကို သွားသတိရမိသည်။

ထိုစကားက "အသက်ကသာကြီးတာ၊ စိတ်က ကလေးစိတ်" ဆိုသည့် စကားပင်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒီလိုလူတွေများလွန်းလှသည်။ကျွန်တော်တို့က လူကြီးဆိုပြီး ရိုသေချင်သည်။ကိုယ့်အထက်က အရာရှိဆိုပြီး လေးစားချင်သည်။ကိုယ်တွေကို ကိုယ်စားပြုသူဆိုပြီး အားကိုးချင်သည်။

ထိုသူတွေက နူတ်ကသာမဟရင် အားကိုးလေးစားစရာ။နူတ်ကလည်းဟကော တစ်ကယ်ကို ပေါက်တတ်ကရတွေ၊ပေါက်ပန်းလေးဆယ်တွေ ထင်ရာမြင်ရာတွေ ပြောကြဟောကြ။သူတို့ ကြောင့် ကျွန်တော်တို့မှာ ဘာလုပ်လို့ လုပ်ရမယ်မသိတော့။တစ်ကယ့်ကို စိတ်ပျက်စရာ။

လူမှုကွန်ရက်ပေါ်တက်ပြီး ပေါတောတောတွေ ပြောတာတွေ ရေးတာတွေက ဖတ်ရကြားရတာ ရယ်စရာကောင်းပေမယ့် ဘယ်သူကမှ ယုံကြည်ကိုးစားမည်မဟုတ်။

ယခု ဒီလိုလူတွေကို အာဏာလက်ရှိနှင့် အာဏာလက်မဲ့ဆိုသည့် နှစ်ဘက်လုံးမှာ များလာနေပြီ။

တစ်ကယ်က ဟာသလုပ်တာ ပေါတောတောပြောကာ ပြည်သူကိုဖျော်ဖြေတာက လူရွှင်တော်တွေအလုပ်ဖြစ်သည်။နိုင်ငံရေးသမားတွေဆိုတာ ပြည်သူတွေအားကိုးယုံစားဖို့ဆို ပြည်သူတွေယုံကြည်အောင် လုပ်ပြရန်သာရှိပါသည်။

ပြည်သူတွေက ယခင်လူတွေကို ယူထားသည့်နေရာနှင့် လိုက်ဖက်သည့် ရင့်ကျက်မှုမရှိသဖြင့် မဲဖြင့်ဖယ်ရှားခဲ့ခြင်းဖြစ်သည်။ထိုက်သင့်သည့် တာဝန်ယူမှုမရှိသဖြင့် ဖယ်ရှားခဲ့ခြင်းဖြစ်သည်။ရာထူးဌာနန္တရနှင့် ဆီလျော်သော စကားမျိုးမပြောဘဲ အရပ်ထဲ ခပ်ပျက်ပျက်လူတွေပြောသလို စကားတွေပြောသဖြင့် ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

ပြည်သူတွေက ကိုယ့်ထက် ဉာဏ်ပညာ၊ အကျင့်သီလ၊ ကိုယ်ကျင့်တရား၊ တာဝန်ယူမှု တာဝန်ခံမှု သာတဲ့သူတွေမှသာ ကိုယ့်ကိုအုပ်ချုပ်မည့်သူတွေအဖြစ် လက်ခံချင်ကြသည်။အပြောသမားတွေကို မလိုချင်။အလုပ်နှင့်သက်သေပြသည်ဆိုကာ ကိုယ့်အိတ်ထဲကောက်ထည့်သူများကိုလည်း မလိုချင်။အပြောနှင့် အလုပ်၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု ဒါတွေမျှသည့် လူတွေကိုသာ လိုချင်ကြသည်။နေရာက ကြီးပြီး ကလေးစိတ်သာသာ ပေါတောတောလူတွေကို မလိုချင်။လူကြီးဆိုသည့်နေရာနှင့်ထိုက်တန်သည့် လူကြီးဆန်ပြီး ရင့်ကျက်သည့် အားကိုးရသည့်သူမျိုးတွေကိုသာ ပြည်သူတွေက မျှော်လင့်ကြတာဖြစ်သည်။

ပြည်သူပေးသည့် အခွင့်အာဏာ လိုချင်ပါသည်ဆိုလျှင် ပေါတောတော ပြောတာတွေ ရေးတာတွေ သင့်၊ မသင့် ပြန်စဉ်းစားသင့်သည်။

ကလေးစိတ်မကုန်ဘဲ ပြောချင်ရာပြောတဲ့သူတွေကို  ခေါင်းပေါ်အောင့်အည်းပြီး တင်ထားရတဲ့ခေတ်က ကုန်ခဲ့ပြီ။ပြည်သူတွေဆီက မဲကိုလိုချင်သည်ဆိုလျှင် ကလေးဆန်သည့် ပေါပေါတောတော ပြောတာတွေ၊ လုပ်တာတွေ မလုပ်ဖို့တော့လိုသည်။ပြည်သူတွေ ယုံကြည်ကိုးစားမှုရဖို့ဆို …. နေရာနှင့်လိုက်ဖက်သည့် ရင့်ကျက်မှုရှိဖို့ နှစ်ဖက်လုံးမှာ လိုပါသည်…….။

ဖြိုးဝေလှ
သြဂုတ် - ၂၀

( Zawgyi )

ယေန႔ေခတ္လို မီဒီယာထြန္းကားမႈအားေကာင္းသည့္ ေခတ္ကာလမွာ facebook ေပၚတက္ကာ ကေလးကလားေရးတတ္သည့္ တစ္ခ်ိန္က ရာထူးရာခံယူထားခဲ့သူေတြ၏ စာေတြကို မၾကာခဏေတြ႕ျမင္ရသည္။ဒီလိုေတြျမင္ရေတာ့ တိုင္းျပည္ ဘာေၾကာင့္ အဖက္ဖက္ကနိမ့္က်လာရသလဲဆိုသည္ကို သေဘာေပါက္လာမိသည္။တစ္ခါတစ္ေလ ေတာ္ေတာ္ယုတ္ယုတ္ညံံ့ညံ့ေတြေရးတာ ေတြ႕ရသည့္အခါ ဒီလိုလူမ်ိဳးမွဟုတ္ပါေလစလို႔ မသက္မသာျဖစ္မိသည္။ဒီလိုမရင့္က်က္တဲ့သူေတြ ဘယ္လိုလုပ္ ဒီေနရာေတြကိုတာဝန္ယူခဲ့ပါလိမ့္ဟု ေတြးလည္းေတြးမိသည္။

တစ္ခါတစ္ေလ ေရးသူကေတာ့ ဘယ္လိုေနမယ္မွန္းမသိ။သူမ်ား share ရင္း အခန႔္မသင့္လို႔ ကိုယ့္ဆီ ဒီလိုမ်ိဳး status ေတြ ေတြ႕လာရသည္အခါ ေရးသူကေတာ့မသိ။ေတြ႕ျမင္ဖတ္ရႈရသူ ကြၽန္ေတာ္တို႔အဖို႔ သူတို႔အစား မ်က္ႏွာပူလွသည္။

စကားဆိုသည္က ေျပာပါမ်ားလာလွ်င္ စကားထဲကေန ထိုသူ၏အက်င့္ႏွင့္ ဓေလ့ဇ႐ိုက္ကို ျပလာသည္။ငါေျပာသမွ်အမွန္ ငါေျပာသမွ်အဟုတ္ဆိုသည့္ အတၱႀကီးတာေတြ၊ သေဘာထားမျပည့္တာေတြ၊ သေဘာထားေသးသိမ္သူေတြ ေပၚလာသည္။

ကိုယ္လိမ္ေျပာတာကို တျခားသူမသိဘူးထင္ကာ အတင္းဇြတ္ယုံေအာင္ေျပာေလ ထိုသူမဟုတ္တာ ဘယ္ေလာက္လုပ္ခဲ့ၿပီလဲဆိုတာကို လူေတြကပိုသိလာေလဆိုတာမ်ိဳးေတြလည္း ျဖစ္လာတတ္သည္။တစ္ခါတစ္ေလ ကိုယ္ယူထားသည့္ေနရာႏွင့္ မတန္စြာေျပာသည့္ တာဝန္မဲ့စကားေတြ၊ ကေလးကလားပုံေတြ မီဒီယာေပၚထြက္လာသည့္အခါ ေတာ္ေတာ္ဦးေႏွာက္မရွိသည့္လူေတြေအာက္မွာ ေနခဲ့ရသည့္ႏွစ္ေတြအတြက္ ျပန္ေတြးတိုင္း ဘုရားတမိသည္။

ဟိုယခင္ကေတာ့ ဘယ္လိုေတြျဖစ္ေနသလဲမသိ။ဒီဘက္ေခတ္ မီဒီယာေတြအားေကာင္းလာသည့္ ၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္းမွာ ဒီလိုေပါေတာေတာစကားေတြ၊ သမိုင္းဝင္ တာဝန္မဲ့စကားေတြ၊ ဒီလိုလက္လြတ္စပယ္ တာဝန္မယူသည့္စကားေတြ ခဏခဏေတြ႕လာရသည္။

တခ်ိဳ႕က ကိုယ္ယူထားရသည့္ေနရာႏွင့္ မေလ်ာ္ညီစြာ စကားတစ္ခြန္းကို တာဝန္မဲ့စြာေျပာၾကသည္။ကိုယ္ေျပာသည့္ စကားတစ္ခြန္းက ဘယ္ေလာက္ထိ တာသြားသည္ဆိုတာကိုလည္း မသိၾက။စကားတစ္ခြန္းေနာက္မွာ တာဝန္ခံမႈ တာဝန္ယူမႈ ရွိရမည္ဆိုတာကို သိပုံမရ။

တခ်ိဳ႕က ငါက ဘာေကာင္ျဖစ္ေနၿပီဆိုၿပီး ငါ့စကားႏြားရဆိုသလို ေျပာခ်င္တာေတြ ေျပာၾကသလို ေျပာၿပီး လုပ္ခ်င္မွလည္း လုပ္ၾကသည္။တခ်ိဳ႕ကေတာ့ ကေလးမ်ားသဖြယ္ ငါႏိုင္လွ်င္ၿပီးေရာ အဓိပၸါယ္မရွိတာေတြ ေနရာဌာနႏွင့္မဆိုင္တာေတြ ေျပာၾကဆိုၾက။ဒီလိုလူေတြမွာ ကိုယ္ရထားသည့္ေနရာႏွင့္ မိသားစု၊ ကိုယ္စားျပဳသည့္ အဝန္းအဝိုင္းသိကၡာဆိုတာ ထည့္သြင္းစဥ္းစားျခင္းမရွိေတာ့။

တစ္ေလာက ရထားေပၚမွာ လူတစ္ေယာက္ ေဘးဘီကိုဂ႐ုမစိုက္ဘဲ ေအာ္ႀကီးဟစ္က်ယ္ ဖုန္းဆက္သည္။

"ဘယ္သူ႔ကို ဘယ္လိုလုပ္လိုက္၊ ဘယ္သူက ဘာေျပာတာလဲ။ငါ့နာမည္ေျပာလိုက္၊ ငါ့ဘာေကာင္ထင္သလဲ ငါ့ကို ႐ြာကဆရာေတာ္ႀကီးေတာင္ ေျပာရဲတာမဟုတ္ဘူး" စသျဖင့္ ။

ကိုယ့္အိမ္ ကိုယ့္႐ုံးမဟုတ္ဘဲ လူၾကပ္သည့္ရထားေပၚမွာဆိုတာကိုေတာင္ သတိထားမိပုံမရ။ဒါမွမဟုတ္ လူအထင္ႀကီးေအာင္ ဟိတ္ဟန္ထုတ္ေျပာေလသလားမသိ။

ဆရာကန္ေတာ့ပြဲတစ္ခုမွာ အၿငိမ္းစား ဆရာ၊ ဆရာမမ်ားကို ျပန္ဆုံးမေနသည့္ ႒ာနဆိုင္ရာ လူႀကီးတစ္ဦးကို ေတြ႕ဘူးသည္။တစ္ခါက မဂၤလာေဆာင္တစ္ခုမွာ မဂၤလာဆုံးမစကားတက္ေျပာရင္း ကိုယ္ရည္ေသြးတာလြန္လို႔  ငေပါျဖစ္သြားသည့္ လူႀကီးတစ္ဦးကိုလည္း ေတြ႕ရဘူးသည္။ရပ္ထဲ႐ြာထဲမွာ ဘယ္သူႏွင္မွမတည့္သည့္ ပင္စင္စားႀကီးေတြ၊ တရားစခန္းသြားၿပီး တရားျပသည့္ ဆရာေတာ္ႏွင့္ မတည့္လို႔ တရားစခန္း ဘယ္ေတာ့မွမဝင္ေတာ့ဘူးဆိုသည့္ ပင္စင္စားအရာရွိႀကီးေတြ မၾကာခဏႀကဳံဘူးသည္။ဒါမ်ိဳးေတြ ကြၽန္ေတာ္တို႔ပတ္ဝန္းက်င္မွာ မၾကာခဏေတြ႕ႏိုင္သည္။ထိုသူက ေဘးလူေတြအထင္ႀကီးေအာင္ ဟိတ္ထုတ္ကာေျပာေပမယ့္ ၾကားရတဲ့သူေတြ အထင္ႀကီးမႀကီးေတာ့မသိ။ဒီလိုႀကဳံရၾကားရတိုင္းက စိတ္ထဲ ငေပါႀကီးဟု ေခၚမိသည္။

ဒီလိုလူေတြ ဒီလိုမ်ိဳးေတြ လုပ္ငန္းခြင္ထဲမွာ၊ ရပ္ထဲ႐ြာထဲမွာ၊ ဌာနဆိုင္ရာေတြမွာ၊ အာဏာပိုင္ေတြထဲမွာ ေတြ႕ရတိုင္း လူႀကီးသူမေတြေျပာေလ့ရွိသည့္ စကားတစ္ခြန္းကို သြားသတိရမိသည္။

ထိုစကားက "အသက္ကသာႀကီးတာ၊ စိတ္က ကေလးစိတ္" ဆိုသည့္ စကားပင္။

ကြၽန္ေတာ္တို႔ပတ္ဝန္းက်င္မွာ ဒီလိုလူေတြမ်ားလြန္းလွသည္။ကြၽန္ေတာ္တို႔က လူႀကီးဆိုၿပီး ႐ိုေသခ်င္သည္။ကိုယ့္အထက္က အရာရွိဆိုၿပီး ေလးစားခ်င္သည္။ကိုယ္ေတြကို ကိုယ္စားျပဳသူဆိုၿပီး အားကိုးခ်င္သည္။

ထိုသူေတြက ႏူတ္ကသာမဟရင္ အားကိုးေလးစားစရာ။ႏူတ္ကလည္းဟေကာ တစ္ကယ္ကို ေပါက္တတ္ကရေတြ၊ေပါက္ပန္းေလးဆယ္ေတြ ထင္ရာျမင္ရာေတြ ေျပာၾကေဟာၾက။သူတို႔ ေၾကာင့္ ကြၽန္ေတာ္တို႔မွာ ဘာလုပ္လို႔ လုပ္ရမယ္မသိေတာ့။တစ္ကယ့္ကို စိတ္ပ်က္စရာ။

လူမႈကြန္ရက္ေပၚတက္ၿပီး ေပါေတာေတာေတြ ေျပာတာေတြ ေရးတာေတြက ဖတ္ရၾကားရတာ ရယ္စရာေကာင္းေပမယ့္ ဘယ္သူကမွ ယုံၾကည္ကိုးစားမည္မဟုတ္။

ယခု ဒီလိုလူေတြကို အာဏာလက္ရွိႏွင့္ အာဏာလက္မဲ့ဆိုသည့္ ႏွစ္ဘက္လုံးမွာ မ်ားလာေနၿပီ။

တစ္ကယ္က ဟာသလုပ္တာ ေပါေတာေတာေျပာကာ ျပည္သူကိုေဖ်ာ္ေျဖတာက လူ႐ႊင္ေတာ္ေတြအလုပ္ျဖစ္သည္။ႏိုင္ငံေရးသမားေတြဆိုတာ ျပည္သူေတြအားကိုးယုံစားဖို႔ဆို ျပည္သူေတြယုံၾကည္ေအာင္ လုပ္ျပရန္သာရွိပါသည္။

ျပည္သူေတြက ယခင္လူေတြကို ယူထားသည့္ေနရာႏွင့္ လိုက္ဖက္သည့္ ရင့္က်က္မႈမရွိသျဖင့္ မဲျဖင့္ဖယ္ရွားခဲ့ျခင္းျဖစ္သည္။ထိုက္သင့္သည့္ တာဝန္ယူမႈမရွိသျဖင့္ ဖယ္ရွားခဲ့ျခင္းျဖစ္သည္။ရာထူးဌာနႏၲရႏွင့္ ဆီေလ်ာ္ေသာ စကားမ်ိဳးမေျပာဘဲ အရပ္ထဲ ခပ္ပ်က္ပ်က္လူေတြေျပာသလို စကားေတြေျပာသျဖင့္ ဖယ္ရွားခဲ့ျခင္းျဖစ္သည္။

ျပည္သူေတြက ကိုယ့္ထက္ ဉာဏ္ပညာ၊ အက်င့္သီလ၊ ကိုယ္က်င့္တရား၊ တာဝန္ယူမႈ တာဝန္ခံမႈ သာတဲ့သူေတြမွသာ ကိုယ့္ကိုအုပ္ခ်ဳပ္မည့္သူေတြအျဖစ္ လက္ခံခ်င္ၾကသည္။အေျပာသမားေတြကို မလိုခ်င္။အလုပ္ႏွင့္သက္ေသျပသည္ဆိုကာ ကိုယ့္အိတ္ထဲေကာက္ထည့္သူမ်ားကိုလည္း မလိုခ်င္။အေျပာႏွင့္ အလုပ္၊ တာဝန္ယူမႈႏွင့္ တာဝန္ခံမႈ ဒါေတြမွ်သည့္ လူေတြကိုသာ လိုခ်င္ၾကသည္။ေနရာက ႀကီးၿပီး ကေလးစိတ္သာသာ ေပါေတာေတာလူေတြကို မလိုခ်င္။လူႀကီးဆိုသည့္ေနရာႏွင့္ထိုက္တန္သည့္ လူႀကီးဆန္ၿပီး ရင့္က်က္သည့္ အားကိုးရသည့္သူမ်ိဳးေတြကိုသာ ျပည္သူေတြက ေမွ်ာ္လင့္ၾကတာျဖစ္သည္။

ျပည္သူေပးသည့္ အခြင့္အာဏာ လိုခ်င္ပါသည္ဆိုလွ်င္ ေပါေတာေတာ ေျပာတာေတြ ေရးတာေတြ သင့္၊ မသင့္ ျပန္စဥ္းစားသင့္သည္။

ကေလးစိတ္မကုန္ဘဲ ေျပာခ်င္ရာေျပာတဲ့သူေတြကို  ေခါင္းေပၚေအာင့္အည္းၿပီး တင္ထားရတဲ့ေခတ္က ကုန္ခဲ့ၿပီ။ျပည္သူေတြဆီက မဲကိုလိုခ်င္သည္ဆိုလွ်င္ ကေလးဆန္သည့္ ေပါေပါေတာေတာ ေျပာတာေတြ၊ လုပ္တာေတြ မလုပ္ဖို႔ေတာ့လိုသည္။ျပည္သူေတြ ယုံၾကည္ကိုးစားမႈရဖို႔ဆို …. ေနရာႏွင့္လိုက္ဖက္သည့္ ရင့္က်က္မႈရွိဖို႔ ႏွစ္ဖက္လုံးမွာ လိုပါသည္…….။

ၿဖိဳးေဝလွ
ၾသဂုတ္ - ၂၀