【 နည်းပညာ 】Google ရဲ့ တန်ဖိုးနည်း Pixel ဖုန်းတွေ ထွက်ပေါ်လာတော့မလား

【  နည်းပညာ 】Google ရဲ့ တန်ဖိုးနည်း Pixel ဖုန်းတွေ ထွက်ပေါ်လာတော့မလား

Google ရဲ့ Pixel စမတ်ဖုန်းတွေဟာ နည်းပညာပိုင်း ကောင်းမွန်သလိုပဲ ဈေးနှုန်းမှာလည်း ကြီးလွန်းပါတယ်။

ဒါပေမယ့် နည်းပညာဘီလူးကြီးဟာ နောက်ပိုင်းမှာ တန်ဖိုးသင့် စမတ်ဖုန်းဈေးကွက်ကို ယှဉ်ပြိုင်ဖို့အတွက် ၎င်းရဲ့ အလယ်အလတ်တန်းစား အဆင့်ရှိတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ပေါက်ကြားလာတဲ့ သတင်းတွေသာ အမှန်ဆိုရင်တော့ ကျနော်တို့ ဝမ်းသာရမှာပါ ဘာကြောင့်လဲဆိုတော့ ဈေးနှုန်းသင့်ပြီး နည်းပညာပိုင်း ကောင်းမွန်တဲ့ Pixel စမတ်ဖုန်းတွေရဲ့ အရသာကို ခံစားနိုင်မှာကြောင့် ဖြစ်ပါတယ်။

ကျနော်တို့ Pixel စမတ်ဖုန်းတွေရဲ့ မျိုးဆက် ၃ ခုကို တွေ့မြင်ခဲ့ရပြီးပါပြီ။နောက်ဆုံးထွက်ရှိထားခဲ့တဲ့ Pixel 3 ဆိုရင် အမေရိကန်ဒေါ်လာ ၇၉၉ (မြန်မာငွေ ၁၂သိန်းကျော်) ရှိတဲ့အတွက် ဈေးနှုန်းမြင့်မားလွန်းပါတယ်။Pixel 3 XL ဆိုရင်တော့ ဒီထက်ပိုဈေးမြင့်မှာပါ။

Google ကတော့ ၎င်းရဲ့ တန်ဖိုးသင့် စမတ်ဖုန်းတွေကို သိပ်မကြာခင် မိတ်ဆက်နိုင်ပါတယ်။ပေါက်ကြားလာတဲ့ သတင်းတွေအရ Pixel 3a နဲ့ Pixel 3a XL လို့ အမည်ပေးထားကြောင်းလည်း သိရပါတယ်။ 3a model က 5.6-inch မျက်နှာပြင်၊ 3a XL ကတော့ 6-inch မျက်နှာပြင်နဲ့ ပွဲထွက်လာမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

သတင်းတွေအရ Pixel 3a ဟာ 4GB RAM, Snapdragon 670 processor ကို တပ်ဆင်လာဖွယ်ရှိပြီး ကင်မရာကတော့ နောက်ဘက်ကို 12-megapixels နဲ့ ရှေ့ဘက် selfie ကင်မရာကိုတော့ 8-megapixels နဲ့ ပွဲထုတ်လာဖွယ် ရှိပါတယ်။

Pixel 3 ရဲ့ အကောင်းဆုံး feature ကတော့ ကင်မရာပဲ ဖြစ်ပါတယ်။ပေါက်ကြားနေတဲ့ သတင်းတွေအရ Pixel 3a နဲ့ 3a XL မှာ Pixel 3 ရဲ့ ကင်မရာကိုပဲ တပ်ဆင်လာဖွယ် ရှိနေတာပါ။အမှန်တကယ်သာ တပ်ဆင်လာခဲ့မယ်ဆိုရင် အလယ်အလတ်တန်း စမတ်ဖုန်းနဲ့ high-end ကင်မရာ ပေါင်းစပ်မှုကို တွေ့မြင်ရမှာပါ။

သြဂုတ်လလောက်မှာပဲ Google ဟာ ၎င်းရဲ့ တန်ဖိုးသင့် စမတ်ဖုန်းတွေကို မိတ်ဆက်လာဖွယ်ရှိပါတယ်။ပေါက်ကြားထားတဲ့ သတင်းတွေ အတိုင်းသာ ပွဲထုတ်လာခဲ့မယ်ဆိုရင်တော့ ဈေးနှုန်းကြီးမြင့်ခဲ့တဲ့ Pixel ဖုန်းတွေရဲ့ နည်းပညာကို ကျနော်တို့ ခံစားရမှာပဲ ဖြစ်ပါတယ်။

Damien
Ref - cnet 

(   Zawgyi  )

 
Google ရဲ႕ Pixel စမတ္ဖုန္းေတြဟာ နည္းပညာပိုင္း ေကာင္းမြန္သလိုပဲ ေဈးႏႈန္းမွာလည္း ႀကီးလြန္းပါတယ္။

ဒါေပမယ့္ နည္းပညာဘီလူးႀကီးဟာ ေနာက္ပိုင္းမွာ တန္ဖိုးသင့္ စမတ္ဖုန္းေဈးကြက္ကို ယွဥ္ၿပိဳင္ဖို႔အတြက္ ၎ရဲ႕ အလယ္အလတ္တန္းစား အဆင့္ရွိတဲ့ စမတ္ဖုန္းေတြကို ထုတ္လုပ္သြားမယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

ေပါက္ၾကားလာတဲ့ သတင္းေတြသာ အမွန္ဆိုရင္ေတာ့ က်ေနာ္တို႔ ဝမ္းသာရမွာပါ ဘာေၾကာင့္လဲဆိုေတာ့ ေဈးႏႈန္းသင့္ၿပီး နည္းပညာပိုင္း ေကာင္းမြန္တဲ့ Pixel စမတ္ဖုန္းေတြရဲ႕ အရသာကို ခံစားႏိုင္မွာေၾကာင့္ ျဖစ္ပါတယ္။

 က်ေနာ္တို႔ Pixel စမတ္ဖုန္းေတြရဲ႕ မ်ိဳးဆက္ ၃ ခုကို ေတြ႕ျမင္ခဲ့ရၿပီးပါၿပီ။ေနာက္ဆုံးထြက္ရွိထားခဲ့တဲ့ Pixel 3 ဆိုရင္ အေမရိကန္ေဒၚလာ ၇၉၉ (ျမန္မာေငြ ၁၂သိန္းေက်ာ္) ရွိတဲ့အတြက္ ေဈးႏႈန္းျမင့္မားလြန္းပါတယ္။Pixel 3 XL ဆိုရင္ေတာ့ ဒီထက္ပိုေဈးျမင့္မွာပါ။

Google ကေတာ့ ၎ရဲ႕ တန္ဖိုးသင့္ စမတ္ဖုန္းေတြကို သိပ္မၾကာခင္ မိတ္ဆက္ႏိုင္ပါတယ္။ေပါက္ၾကားလာတဲ့ သတင္းေတြအရ Pixel 3a နဲ႔ Pixel 3a XL လို႔ အမည္ေပးထားေၾကာင္းလည္း သိရပါတယ္။ 3a model က 5.6-inch မ်က္ႏွာျပင္၊ 3a XL ကေတာ့ 6-inch မ်က္ႏွာျပင္နဲ႔ ပြဲထြက္လာမယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။

သတင္းေတြအရ Pixel 3a ဟာ 4GB RAM, Snapdragon 670 processor ကို တပ္ဆင္လာဖြယ္ရွိၿပီး ကင္မရာကေတာ့ ေနာက္ဘက္ကို 12-megapixels နဲ႔ ေရွ႕ဘက္ selfie ကင္မရာကိုေတာ့ 8-megapixels နဲ႔ ပြဲထုတ္လာဖြယ္ ရွိပါတယ္။

Pixel 3 ရဲ႕ အေကာင္းဆုံး feature ကေတာ့ ကင္မရာပဲ ျဖစ္ပါတယ္။ေပါက္ၾကားေနတဲ့ သတင္းေတြအရ Pixel 3a နဲ႔ 3a XL မွာ Pixel 3 ရဲ႕ ကင္မရာကိုပဲ တပ္ဆင္လာဖြယ္ ရွိေနတာပါ။အမွန္တကယ္သာ တပ္ဆင္လာခဲ့မယ္ဆိုရင္ အလယ္အလတ္တန္း စမတ္ဖုန္းနဲ႔ high-end ကင္မရာ ေပါင္းစပ္မႈကို ေတြ႕ျမင္ရမွာပါ။

ၾသဂုတ္လေလာက္မွာပဲ Google ဟာ ၎ရဲ႕ တန္ဖိုးသင့္ စမတ္ဖုန္းေတြကို မိတ္ဆက္လာဖြယ္ရွိပါတယ္။ေပါက္ၾကားထားတဲ့ သတင္းေတြ အတိုင္းသာ ပြဲထုတ္လာခဲ့မယ္ဆိုရင္ေတာ့ ေဈးႏႈန္းႀကီးျမင့္ခဲ့တဲ့ Pixel ဖုန္းေတြရဲ႕ နည္းပညာကို က်ေနာ္တို႔ ခံစားရမွာပဲ ျဖစ္ပါတယ္။

Damien
Ref - cnet