【 နိုင်ငံတကာဆောင်းပါး 】ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် စာတမ်း

【 နိုင်ငံတကာဆောင်းပါး 】ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် စာတမ်း

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် စာတမ်းကို တရုတ်နိုင်ငံက ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်းသည် ငြိမ်းချမ်းရေးနှင့် တန်းတူအချုပ်အခြာအာဏာပိုင်မှု ရှုထောင့်မှ လက်ရှိဖြစ် ပေါ်နေသည့် ကမ္ဘာ့အခင်းအကျင်းနှင့် တိုးတက်ဖွံ့ဖြိုးရေးအတွက် တည်ငြိမ်လုံခြုံသည့်အခင်းအကျင်းဖြစ် လာ စေရေးကို ချည်းကပ်ထားခြင်းဖြစ်သည်။ ထို့အတွက် တရုတ်၏ တင်ပြမှုအပေါ် နိုင်ငံတကာက အပြုသဘော ဆောင်ကာ လက်ခံကြသည်ကိုလည်းတွေ့ရသည်။

အဆိုပါစာတမ်းတွင် ၁။ နောက်ခံအခြေအနေ၊ ၂။ အဓိကသဘောတရားများနှင့် အခြေခံမူများ ၊ ၃။ အဓိက ပူးပေါင်းဆောင်ရွက်ရန် ဦးတည်ချက်လားရာ၊၄။ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းနှင့် ယန္တရား ဆိုပြီး အပိုင်း ၄ ပိုင်းပါဝင်သည်။ထိုအပိုင်း ၄ ပိုင်းတွင် နိုင်ငံတကာလုံခြုံရေးအတွက် ဆောင်ရွက်သင့်သည်များကို ပို၍ဇောင်း ပေးဖော်ပြထားသည်။

ပထမအပိုင်းဖြစ်သည့် နောက်ခံအခြေအနေတွင် ကြုံတောင့်ကြုံခဲ အန္တရာယ်များ၊ စိန်ခေါ်မှုများနှင့် ကြုံ တွေ့နေရသည့် ယနေ့ နိုင်ငံတကာအခြေအနေကို ဖော်ပြထားပြီး သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကြောင့် သမိုင်းကြောင်း၏လမ်းဆုံလမ်းခွတွင် နောက်ထပ်တစ်ကြိမ် ကမ္ဘာ ကြီး ပြန်ရပ်တည်နေသည်ကို ဖော်ပြထားသည်။ယခုတင်ပြသည့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် ၏ ရည်ရွယ် ချက်အဖြစ် နိုင်ငံတကာ ပဋိပက္ခများ၏ အရင်းအမြစ်ကို ဖယ်ရှားရန်၊ ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေး စီမံအုပ် ချုပ်မှုကို ပြီးပြည့်စုံမှုရှိစေရန်၊ နိုင်ငံတကာအသိုင်းအဝိုင်းတို့ အတူလက်တွဲ၍ မငြိမ်မသက် ပြောင်းလဲနေသော ခေတ်ကြီးကို တည်ငြိမ်မှုနှင့် သေချာမှုများ ပိုမိုဖြည့်တင်းပေးနိုင် စေ ရေး မြှင့်တင်ရန်၊ ကမ္ဘာကြီး ရေရှည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။

အပိုင်း ၂ တွင် လိုက်နာခြင်း ၆ ရပ်ကို ဖော်ပြထားရာ အဓိကသဘောတရားများနှင့် အခြေခံမူများ လိုက်နာ ခြင်းတွင် တတိယသက်တမ်း တာဝန်ယူနေသည့် သမ္မတရှီကျင့်ဖျင်က ၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာသို့ ပထမဆုံး အကြိမ် အဆိုပြုခဲ့သည်ပူးပေါင်းဆောင်ရွက်မှုရှိသည့် စဉ်ဆက်မပြတ်လုံခြုံရေးအမြင်၏ အဓိကသဘောတရားကို ပြန်ဖော်ပြခဲ့သည်။ ၎င်းတွင် ဘုံလုံခြုံရေးသဘောတရားကို ကိုင်စွဲထား၍ နိုင်ငံတိုင်း၏ လုံခြုံရေးကိုလေးစားရန်၊ အာ မ ခံချက်ပေးရန် အဆိုပြုခြင်း၊ အထွေထွေမူဝါဒများကို အလေးထား၍ သမားရိုးကျနယ်ပယ်များနှင့် သမား ရိုးကျမဟုတ်သောနယ်ပယ်များ၏ လုံခြုံရေးကို ဘက်ပေါင်းစုံက စီမံ ဆောင်ရွက် ထိန်းသိမ်းကာ လုံခြုံရေး စီမံအုပ် ချုပ်မှု ကို ညှိနှိုင်းမြှင့်တင်ရန် အဆိုပြုခြင်း၊ ပူးပေါင်း ဆောင်ရွက်ရေးနည်းလမ်းကို ကိုင်စွဲထား၍ နိုင်ငံရေးဆွေး နွေးပွဲ၊ ငြိမ်း ချမ်းရေးဆွေးနွေးပွဲများက တစ် ဆင့် လုံခြုံရေးကို အကောင်အထည်ဖော်ရန် အဆိုပြုခြင်း၊ စဉ်ဆက် မပြတ် လုံခြုံ ရေးကို ရှာဖွေ၍ ပဋိပက္ခများပြေလည်ရေးအတွက် ဆောင်ရွက်ပြီး လုံခြုံမှုမရှိသောမြေဆီလွှာများကို ဖယ်ရှားရန် အဖြစ်ဖော်ပြခဲ့သည်။

ထိုအပိုင်းတွင် နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားလိုက်နာခြင်း တွင် နိုင်ငံများကြီးသည် ငယ်သည်ဖြစ်စေ၊ အားကောင်း သည် အားနည်းသည်ဖြစ်စေ၊ ဆင်းရဲသည် ချမ်းသာ သည် ဖြစ်စေ နိုင်ငံတကာအသိုင်းအဝိုင်း၏ တန်းတူညီမျှသော အဖွဲ့ဝင်တစ်ဦးအဖြစ် အဆိုပြုခဲ့ပြီး နိုင်ငံအသီးသီး၏ ပြည် တွင်းရေးကို စွက်ဖက်ခြင်းမပြုရန်၊ အချုပ်အခြာ အာ ဏာနှင့် ဂုဏ် သိက္ခာကို လေးစားရန်၊ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းနှင့် လူမှုရေးစနစ်အား ကိုယ်တိုင်ရွေးချယ် ပိုင်ခွင့်ကိုထိန်းသိမ်းထားခွင့်ပေးရန် အဆိုပြုခဲ့သည်။

ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို လိုက်နာခြင်းတွင် ယနေ့ကမ္ဘာပေါ် ၌ ဖြစ်ပေါ်လျက်ရှိသော ထိပ်တိုက် ရင်ဆိုင်မှုများနှင့် မမျှတမှုများဖြစ်ပေါ်လာရခြင်း နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများ ခေတ်နောက်ကျလာ ခြင်း ကြောင့်မဟုတ်ဘဲ ၎င်းတို့ကို ထိထိ ရောက်ရောက်ထိန်းသိမ်းခြင်းနှင့် အကောင်အထည်မဖော်ဆောင်နိုင်ခြင်း ကြောင့်ဟု ထောက်ပြထားသည်။

လိုက်နာခြင်း နောက်တစ်ခုဖြစ်သည့် နိုင်ငံအသီးသီး၏ ကျိုးကြောင်းဆီလျော်မှုရှိသော လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို အလေးထား လိုက်နာခြင်းတွင် မည်သည့် နိုင်ငံမဆို ၎င်း၏ ကိုယ်ပိုင်လုံခြုံရေးကို ရှာဖွေသည့်အခါ အခြားနိုင်ငံများ၏ ကျိုးကြောင်းဆီလျော်မှုရှိသော လုံခြုံရေး ဆိုင်ရာ စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားသင့် ကြောင်း အကြံပြုထားပြီး လုံခြုံရေးကိုခွဲခြား၍မရသော မူအား လက်ကိုင်ထားရန် အဆိုပြုပြီး ကိုယ်ပိုင်လုံခြုံရေး နှင့် ဘုံလုံခြုံရေးကို ခွဲခြား၍မရခြင်း၊ သမားရိုး ကျလုံခြုံရေးနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးကို ခွဲခြား ၍မရခြင်း၊ လုံခြုံရေးအခွင့်အရေးနှင့် လုံခြုံရေးတာဝန်ဝတ္တရားများကို ခွဲခြား၍မရခြင်း၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး ခွဲခြား၍မရခြင်း တို့ကိုလည်း အဆိုပြုကာ ဟန်ချက်ညီသော၊ ထိရောက်သော၊ စဉ်ဆက်မပြတ်သော လုံခြုံရေးဖွဲ့ စည်းပုံကို တည်ဆောက်ခြင်းဖြင့် အထွေထွေလုံခြုံရေး၊ ဘုံလုံခြုံရေးတို့ကို အကောင်အထည် ဖော်ရန် တိုက်တွန်းထားသည်။

နိုင်ငံများအကြား ကွဲလွဲမှုများနှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ဆွေး နွေး ညှိနှိုင်းခြင်းကို လိုက်နာခြင်းတွင် ငြိမ်းချမ်းသော နည်း လမ်းဖြင့် ဖြေရှင်းနိုင်ရန် ဆွေးနွေးညှိနှိုင်းခြင်းကို အဆို ပြုထားသည်။ စစ်ပွဲနှင့် ပိတ်ဆို့အရေးယူမှုများသည် အငြင်းပွား မှုများကို ဖြေရှင်းရန် အခြေခံနည်းလမ်းမဟုတ် ကြောင်း ဖော်ပြထားသည်။ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှု များ နှင့် “အဝေးမှလှမ်း၍ ထိန်းချုပ်မှုများ” လုပ် ခြင်းမှာ ပြဿနာကို မဖြေရှင်းနိုင်ရုံသာမက အခက်အခဲများနှင့် ရှုပ်ထွေးသောအကြောင်းအချက်များသာ ပိုမိုဖန် တီးလိမ့်မည်ဟု သတိပေးထားပြီး နိုင်ငံများအကြား မဟာဗျူဟာမြောက်ဆက်သွယ်မှုများ တိုးမြှင့်ရန်၊ လုံခြုံရေး ဆိုင်ရာ အပြန်အလှန် ယုံကြည်မှုများ မြှင့်တင်ရန်၊ ပဋိပက္ခများ ဖြေရှင်းရန်၊ အငြင်းပွား မှုများကို စီမံထိန်းချုပ်ရန်၊ အကျပ်အတည်းများ ဖြစ်ပေါ်စေသည့် အရင်းအမြစ်များကို ဖယ်ရှားပစ်ရန်လည်း တိုက်တွန်းထားသည်။

သမားရိုးကျနယ်ပယ်နှင့် သမားရိုးကျမဟုတ်သောနယ်ပယ် လုံခြုံရေးကို ဘက်ပေါင်းစုံ စီမံဆောင် ရွက်၊ ထိန်းသိမ်းရန် လိုက်နာခြင်းတွင် အတူတကွတိုင်ပင်ဆွေးနွေးသော၊ အတူတကွတည်ဆောက်သော၊ အတူတကွ မျှဝေသော ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုသဘောတရားများကို ကျင့်သုံးကြပြီး ဒေသတွင်းအငြင်းပွားမှုများနှင့် အကြမ်းဖက်ဝါဒ၊ ရာသီဥတုပြောင်းလဲမှု၊ အင်တာနက်ကွန်ရက်လုံခြုံရေး၊ ဇီဝလုံခြုံရေး စသည့် ကမ္ဘာ လုံးဆိုင်ရာ အရေးကိစ္စများကို အတူတကွရင်ဆိုင်ဖြေရှင်းရန်၊ နည်းလမ်းများ တစ်ပြိုင်နက်ကျင့်သုံးရန်၊ အထွေထွေအစီ အမံ များ ဆောင်ရွက်ရန်၊ စည်းမျဉ်းစည်းကမ်းများ ပြီးပြည့်စုံစေရန် ကြိုးပမ်းပြီး ရေ ရှည်ဖြေရှင်းမှုနည်းလမ်းများ အတူ လက်တွဲရှာဖွေကြရန်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး စီမံအုပ်ချုပ်မှုများ ကို တိုးမြှင့်ပြီး လုံခြုံရေးအကျပ် အတည်းများ ကို တားဆီးဖြေရှင်းရန်ကို အကြံပြုခဲ့သည်။

အပိုင်း ၃ ဖြစ်သည့်  အဓိကပူးပေါင်းဆောင်ရွက်ရန် ဦးတည်ချက်လားရာ တွင် လူသားလုံခြုံရေးအသိုက် အဝန်းတည်ဆောက်ရန်နှင့် အကြောက်တရားကင်းစင်ပြီး အထွေထွေလုံခြုံမှုရှိသော ကမ္ဘာကြီးတစ်ခုကို လက်တွဲ တည်ဆောက်ရန် လိုအပ်ကြောင်းကို ဖော်ပြပြီး အထက်ပါမျှော်မှန်းချက် အကောင်အထည်ဖော်ရန် ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေးအဆိုပြုချက်မူဘောင်အောက်တွင် တရုတ်နိုင်ငံ အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး၊ နိုင်ငံတကာ၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် နှစ်ဖက်အကြား၊ ဘက်ပေါင်းများစွာအကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည်ဖော်ဆောင်၍ လုံခြုံရေးသဘောတရားများ ချိတ်ဆက်ခြင်းနှင့် အကျိုးစီးပွားများ ပေါင်းစည်း ခြင်းကို တက်ကြွစွာ မြှင့်တင်မည်ဟု ဖော်ပြထားသည်။

ထိုအပိုင်းတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ “ငြိမ်းချမ်းရေးလမ်းစဉ်သစ်” စသည့်အကြံ ပြုချက် များ ရေးဆွဲခြင်းဆိုင်ရာ “ကျွန်ုပ်တို့၏ ဘုံအစီအစဉ်” အစီရင်ခံစာတွင် တက်ကြွစွာ ပါဝင်ရန်၊ အင်အား ကြီးနိုင်ငံများအကြား ညှိနှိုင်းဆောင်ရွက်ရေး တွန်းအားပေးရန်၊ “နျူကလီးယားစစ်ပွဲသည် အနိုင်မရနိုင်၊ ဆင်နွှဲရန် လည်းမသင့်” ဟူသော သဘောတူညီချက်ကို ပြတ်ပြတ်သားသား ထိန်းသိမ်းရန်၊ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အတည်ပြုခဲ့သည့် “နိုင်ငံတကာ လုံခြုံရေး နယ်ပယ်တွင် နိုင်ငံတကာပူးပေါင်း ဆောင် ရွက်မှုများကို ငြိမ်းချမ်းစွာ အသုံးပြုမှု မြှင့်တင်ရေး” ဆုံးဖြတ်ချက်ကို ဘက်စုံအကောင်အထည်ဖော်ဆောင်ရန်၊ နိုင်ငံတကာနှင့် ဒေသတွင်း ရေပန်းစားပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းရန် တွန်းအားပေးရန်၊ အာဆီယံနည်း လမ်းကို ကိုင်စွဲကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ အရှေ့အလယ်ပိုင်း လုံခြုံရေးနှင့် တည်ငြိမ်မှု ရရှိစေ ရေး အဆိုပြုချက်ငါးချက်ကို အထောင်အထည် ဖော်ဆောင်၍ အပြန်အလှန်လေးစားရန်၊ အာဖရိကနိုင်ငံများ၊ အာဖ ရိကသမဂ္ဂ၊ ဒေသခွဲအဖွဲ့အစည်းများက ဒေသတွင်းပဋိပက္ခများ ဖြေရှင်း ရန်၊ အကြမ်းဖက်ဝါဒကို ဆန့်ကျင်ရန်၊ ရေ ကြောင်းလုံခြုံရေးကို ထိန်းသိမ်းရန် တို့အတွက် ကြိုးပမ်းအား ထုတ်မှုများကို ထောက်ခံအားပေးရန်၊ လက်တင် အ မေရိကနှင့် ကာရေဘီယံအား ငြိမ်းချမ်းရေးဇုန်အဖြစ် ကြေညာခြင်းဆိုင်ရာ ထုတ် ပြန်ကြေညာချက်” ကတိက ဝတ် ကို လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများက တက်ကြွစွာ ကျင့်သုံးရန် ထောက်ခံအားပေးရန်၊ အပြာ ရောင် ပစိဖိတ် ၂၀၅၀ ခုနှစ် မဟာဗျူဟာ” ကျွန်းနိုင်ငံများ ဖော်ဆောင်ရန် အားပေးရန်၊ ပင်လယ်ရေကြောင်း ဆိုင်ရာ ဆွေးနွေးဖလှယ်မှုများနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေ၍ ပင်လယ်ရေကြောင်းဆိုင်ရာ သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းရန်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ထောက်ခံအား ပေးရန်၊ သတင်းအချက်အလက်လုံခြုံရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်၊ ဇီဝ လုံခြုံရေးအန္တရာယ် စီမံခန့်ခွဲမှုကို အားကောင်းစေရန်၊ ဉာဏ်ရည်တုကဲ့သို့ ထွန်းသစ်စသိပ္ပံနည်း ပညာနယ် ပယ်များ တွင် နိုင်ငံတကာ လုံခြုံရေး စီမံ အုပ်ချုပ်မှုကို အားကောင်းစေ၍ ကိန်းအောင်းနေသော လုံခြုံရေး အန္တရာယ်များကို ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရန်၊ အာကာသနယ်ပယ်တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေ ပြီး နိုင်ငံတကာ ဥပဒေကို အခြေခံသော အာကာသနိုင်ငံတကာအစီအစဉ်ကို ထိန်းသိမ်းရန်၊ ကမ္ဘာလုံးဆိုင်ရာ ကြီး မားသော ကူးစက်ရောဂါများကို အတူရင်ဆိုင်ရေး အားပေးရန်၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေးကို ထိန်း သိမ်းစောင့်ရှောက်ရန်၊ “နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားသော ရာဇဝတ်မှုဆန့်ကျင်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်း”ကို ဘက်စုံ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရန်၊ ရာသီဥတုပြောင်းလဲမှု၊ ထောက်ပံ့ရေးကွင်းဆက်၊ စက်မှု ကွင်းဆက် တည်ငြိမ်ချောမွေ့စေရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ထောက်ခံအား ပေးရန် စသည့် ဆောင်ရွက်ရမည့် အချက် ၂၀ ကိုဖော်ပြထားသည်။

အပိုင်း ၄ ဖြစ်သည့်‌ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းနှင့် ယန္တရားတွင်  အချက် ၅ ချက်ကို ဖော်ပြ ထားပြီး လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ သဘောတူညီ ချက် များကို စုစည်းရန်အထူးအလေးပြုဖော်ပြထားသည်။

တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်(GSI) သည် တံခါးဖွင့်မှု၊ အားလုံးပါဝင်မှု အခြေခံမူကို လိုက်နာပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် လိုအပ်သည့် အစီ အမံတစ်ရပ်ဖြစ်နေရာ နိုင်ငံအများစုက တရုတ်၏ ဘုံလုံခြုံရေးအစီအမံကို လက်ခံထားကြသည်။အဆိုပါ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် စာ တမ်း(GSI)ကိုကြည့်ပါက အပြန်အလှန်လေးစားမှု အပေါ် အခြေခံ၍ နှစ်နိုင်ငံနှင့် ဘက်စုံအဆင့်များတွင် universal security ကမ္ဘာကြီးကို တည်ဆောက်ပေးမည့် တန်းတူညီမျှစွာဝင်ရောက်ခွင့်နှင့် အားလုံးပါဝင်နိုင်မှုကို မြှင့်တင်ပေး ထားသည်။

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအမြင်၏ ဗဟိုချက်ဖြစ်သော ကုလသမဂ္ဂနှင့် အတူ ဘုံလုံခြုံရေးဆောင် ရွက်မှု က ယနေ့ကမ္ဘာ့၏ ကြီးထွားလာသော အကျပ်အတည်းကို ဖြေရှင်းပေးနိုင်မည်ဟု နိုင်ငံများက ယုံကြည်ထားကြရာ လာမည်ကာလတွင် မည်မျှ ရလဒ်ကောင်းထွက်မည်ကိုသာ စောင့်ကြည့်ရတော့မည် ဖြစ်ပေသည်။

လင်းသစ်အောင်