【 နိုင်ငံတကာဆောင်းပါး 】ကိုဗစ်မူဝါဒနှင့် တရုတ်စီးပွားရေးဇုန်များမောင်းနှင်မှု

【 နိုင်ငံတကာဆောင်းပါး 】ကိုဗစ်မူဝါဒနှင့်  တရုတ်စီးပွားရေးဇုန်များမောင်းနှင်မှု

တရုတ်နိုင်ငံအနေဖြင့် COVID-19 ကာကွယ်ရေးနှင့် ထိန်းချုပ်မှုများကို ဆက် လက်ထိန်းသိမ်းထားစဉ် စီးပွားရေးတိုးတက်မှုကို တည်ငြိမ်စေရန်၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို အကောင်အထည်ဖော်ရန် မက်ခရိုစီး ပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုကို အားကောင်းခိုင်မာစေရန် လုပ်ဆောင်ခဲ့သည်။ ထိုအတွက် စက်မှုဇုန်များက အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး တရုတ်စက်မှုလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါလှသည်။ 
ယခုနှစ်တွင် တရုတ်စီးပွားရေးမှာ ခက်ခဲမှုများဖြင့် အောင်မြင်မှုများဖြင့် စတင်ခဲ့သော်လည်း COVID-19 ကပ်ရောဂါနှင့် ယူကရိန်းအကျပ်အတည်းကြားတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပတ်ဝန်းကျင်မှာ ပိုမိုမငြိမ်မသက်ဖြစ်ပြီး မသေ ချာမရေရာမှုများကြောင့် တိုးတက်မှု၊ အလုပ်အကိုင်နှင့် ဈေးနှုန်းတည်ငြိမ်ရေးစသည့် စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ 
ထို့ကြောင့်လည်း CPC ဗဟိုကော်မတီ၏ အစည်းအဝေးများတွင် ပြည်သူများ၏ အသက်မွေးဝမ်း ကျောင်း မှုကို ထိထိရောက်ရောက်ကာကွယ်ခြင်းနှင့် မြှင့်တင်ပေးရန်၊ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် လိုက်နာ ဆောင်ရွက်ပြီး စီးပွားရေးတည်ငြိမ်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးနှစ်ရပ်လုံးအား အာမခံချက်ရှိစေရေး တို့ကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်ကို တွေ့ရသည်။ 
ကမ္ဘာတစ်ဝန်း ဗီဇပြောင်းလဲမှုအများအပြားပါ၀င်သော COVID-19 ၏ လျင်မြန်စွာပြန့်ပွားနေသော မျိုးကွဲများကြောင့် ကပ်ရောဂါထိန်းချုပ်ရေးကို ခက်ခက်ခဲခဲဆောင်ရွက်နေရစဉ် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကြား ထိထိရောက်ရောက်ညှိနှိုင်းဆောင်ရွက်ရန်မှာ လူဦးရေများပြားသည့် တရုတ်နိုင်ငံအတွက် အရေးကြီးလှသည့် လုပ်ငန်းစဉ်ဖြစ်သည်။ လက်ရှိတွင် စီးပွားရေး ပြန်လည်နာလံထမှုက နိုင်ငံတိုင်းအတွက် အရေးကြီးနေသည်ဖြစ်ရာ တရုတ်ဦးဆောင်သည့် အာရှ-ပစိဖိတ်စီးပွားရေးရပ်ဝန်း၏ ရုန်းထနိုင်မှုက ကမ္ဘာ့စီးပွားရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိနေသဖြင့် နိုင်ငံတကာက တရုတ်စီးပွားရေးကိန်းဂဏန်းများကို သတိထားစောင့်ကြည့်နေကြ ရသည်။ အထူးသဖြင့် နိုင်ငံတိုင်းအထိနာခဲ့သည့် ကိုဗစ်ကာလအတွင်း တရုတ်စီးပွားရေးအတက်အကျကို ပို၍ စောင့်ကြည့်ခဲ့ကြသည်။ 
ကိုဗစ်ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွားရေးမှာ ထိခိုက်ခဲ့သော်လည်း ထူးထူးခြားခြား ယခုနှစ် တရုတ် စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းများက အတက်ဘက်ပြနေသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ကားကုမ္ပဏီများ၏ ကားတင်ပို့မှုကိုကြည်လျှင်ပင် သိနိုင်သည်။ ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်း ပြည်ပသို့ ကားစီးရေ ၂၉၀,၀၀၀ ခန့် တင်ပို့ခဲ့သည်။ထိုပမာဏမှာ ယမန် နှစ်ကာလတူထက် ၆၇ ရာခိုင်နှုန်းနှင့် ပြီးခဲ့သည့် ဇွန်လထက် ၁၆.၅ ရာခိုင်နှုန်းတိုးတက်လာခဲ့ခြင်းဖြစ်သည်။ ထင်ရှားသည့်လျှပ်စစ်ကားကုမ္ပဏီ ဖြစ်သော Tesla ဆိုလျှင် ရှန်ဟိုင်းရှိ Gigafactory စက်ရုံမှ (၂၀၂၀-၂၁-၂၂) သုံးနှစ်တာကာလအတွင်း ထုတ်လုပ်မှုမှာ စီးရေ တစ်သန်း အထိ ထုတ်လုပ်နိုင်ခဲ့သည်ဟုဆိုသည်။ ထိုကာလမှာ ကမ္ဘာတစ်ဝန်းကိုဗစ်ကူးစက်မှုပြင်းထန်နေသည့် ကာလ ဖြစ်သည်။ ထိုအချက်ကိုကြည့်ပါက တရုတ်နိုင်ငံတွင် ကိုဗစ်ကာလအတွင်း ပြည်တွင်းဝယ်လိုအားနှင့် ပြည်တင်ပို့မှု မှာ အားကောင်းနေဆဲဖြစ်သည်ကို ပြနေသည်။ 
ကိုဗစ်ကာလအတွင်း တရုတ်အာဏာပိုင်များ၏ စီမံခန့်ခွဲမှုစွမ်းရည်ကြောင့် တရုတ်စီးပွားရေးမှာ ကောင်းမွန်နေခဲ့သည်။ ကိုဗစ်ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိခဲ့သည့် တရုတ်စီးပွားရေးကိုမှီကာ အာရှ-ပစိဖိတ်ဒေသ၏ စီးပွားရေးမှာ ကိုဗစ်ကူးစက်မှုလျော့ကျလာချိန်တွင် အလျင်အမြန်ရုန်းထလာနိုင်ခဲ့သည်။ ထိုပြင် တရုတ် ၏ ထောက်ပံ့ရေးကွင်းဆက်စီမံမှုကောင်းခြင်းကြောင့်လည်း ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းက ထင်သလောက်မကျဆင်းခဲ့ပေ။ 
ကိုဗစ်ကာလအတွင်းတရုတ်နိုင်ငံ၏စီးပွားရေးထင်သလောက်မကျဆင်းခဲ့ခြင်း ၏နောက်ကွယ်တွင် တရုတ် အထူးစီးပွားရေးဇုန်များ၏ မောင်းနှင်အားက အရေးပါခဲ့သည်။ထို ကာလတွင် ကိုဗစ်လှိုင်းကို တစ်ဖက်က ထိန်းချုပ် ရင်း တစ်ဖက်က ကုန်ထုတ်လုပ်မှုကို မရပ်တန့်သွားအောင်စီမံခဲ့သည့် တရုတ်အာဏာပိုင်များ၏ စီမံခန်ခွဲမှုကို ချီး ကျူးရမည်ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာ့ကုန်စည်ထောက်ပံ့မှုကို ထက်ဝက်နီးပါးကိုင်တွယ်နေသည့် တရုတ် ဆိပ် ကမ်းများကို ကမ္ဘာ့တစ်ဝန်းရှိ ဆိပ်ကမ်းများ ကိုဗစ်ကြောင့် ရပ်ဆိုင်းမှုရှိနေစဉ် လူအင်အားကို အနည်းဆုံးသုံး ကာ ပုံမှန်လည်ပတ်မှုပေးခဲ့သဖြင့် ကမ္ဘာကုန်စည်ထောက်ပံ့မှုလမ်းကြောင်းကို ကိုဗစ်ကာလအတွင်း အကောင်းဆုံး ထိန်းထားနိုင်ခဲ့သည်။ 
တရုတ်နိုင်ငံ၏ အထူးစီးပွားရေးဇုန်များမှာ ပင်လယ်ဆိပ်ကမ်းမြို့များကို အများဆုံးအမှီပြုထားသည်။ တရုတ်ဆိပ်ကမ်းများ လည်ပတ်နိုင်အောင် စီမံခဲ့သည့် တရုတ်အာဏာပိုင်များ၏စီမံခန့်ခွဲမှုကြောင့် စက်မှုဇုန်များရှိ ကမ္ဘာ့ကုန်စည်ထောက်ပံ့ရေးအတွက် မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းများ လည်ပတ်ခြင်းနှင့် တင်ပို့ခြင်းကို ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ခြင်းက ထိုအချိန်တွင် လိုအပ်ချက်ကြီးမားနေသည့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ၊ဆေးဝါးပစ္စည်းများနှင့် စား သောက်ကုန်များကို အရှိန်မပြတ် ကမ္ဘာကိုထောက်ပံ့ပေးနိုင်ခဲ့သည်။ ထိုသို့လည် ပတ်နိုင်ခဲ့ခြင်းကြောင့်လည်း ကိုဗစ်ဖြစ်ပွားမှုလျော့ကျလာသည့်အချိန်တွင် နိုင်ငံတိုင်းက စီးပွားရေးနာလန်ပြန်ထူရန် ကြိုးစားချိန် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ပြားသည့် စက်မှုဇုန်များကို လည်ပတ်ထားနိုင်သဖြင့် တရုတ်နိုင်ငံ၏ စီပွားရေးမှာ အရှိန်မပျက် လျင်မြန်စွာ နာလန်ထူလာခဲ့သည်။ 
တရုတ်အစိုးရပိုင်းအနေဖြင့် စက်မှုဇုန်များရှိလုပ်ငန်းကြီးများကိုသာ အာရုံစိုက်ထားခြင်းမဟုတ်ဘဲ ပြည်တွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းများနှင့် ကပ်ရောဂါ ကြောင့် ကြီးမားစွာ ထိခိုက်ခံစားရသော ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူ များအတွက်၊ ကပ်ရောဂါ၏ သက်ရောက်မှုကို ထေမိရန်အတွက် သက်သာခွင့်များစွာရှိသည့် မူဝါဒများစွာကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကာ ထောက်ပံ့ခဲ့သည်က တရုတ်စီးပွားရေးအတွက် ထူးခြားသည့် အကျိုးဖြစ်စေမှုပင်ဖြစ်သည်။ 
ထိုကာလအတွင်းကျင်းပခဲ့သည့် ဗဟိုအာဏာပိုင်အဖွဲ့များ၏ အစည်းအဝေးများတွင် စွမ်းအင်အရင်းအမြစ်များ၏ ဈေးနှုန်းများ တည်ငြိမ်စေရန်နှင့် နွေဦးထွန်ယက်ခြင်းအတွက် တည်ငြိမ်စွာ ကြိုတင်ပြင်ဆင်ခြင်းအပြင် နိုင်ငံအတွင်း အရေး ကြီးသော အသက်မွေးဝမ်းကျောင်း ကုန်ပစ္စည်းများ ထောက်ပံ့ရေးတို့ကို အာမခံချက် ပေးရန်ညွှန်ကြားမှုများ ရှိခဲ့သည်။ အစိုးရအနေဖြင့် ဗိုင်းရပ်စ်ထိန်းချုပ်ရန် တစ်ဖက်ကကြိုးစားနေစဉ် ပြည်တွင်း ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး စီးဆင်းမှု ချောမွေ့စေရန်နှင့် အထူးသဖြင့် ထောက်ပံ့ရေးကွင်းဆက်များ၊ ထောက်ပံ့ပို့ ဆောင်ရေး ဝန်ဆောင်မှုပေးသူများနှင့် COVID တိုက်ဖျက်ရေးအတွက် အရေး ကြီးသော အဓိကစက်မှု လုပ်ငန်းများ ၏ ထောက်ပံ့ရေးကွင်းဆက်ကို သေချာစေရန် ဆောင်ရွက်ခဲ့သည်ကိုတွေ့ရသည်။ 
အချုပ်အားဖြင့် ဆိုလျှင် ဟိုင်နန်တွင် ၁၉၈၄ခုနှစ်က အထူးစီးပွားရေးဇုန်ဖြင့် တံခါးဖွင့် စီးပွားရေးကို စတင်ခဲ့သည့် တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာစေသည့် လမ်းကြောင်းတွင် စီးပွားရေးဇုန်များက အဓိကအခန်းကဏ္ဍတွင်ရှိနေခဲ့သည်။၁၉၉၀ခုနှစ်တွင် ရှန်ဟိုင်း၌ Pudong စက်မှုဇုန်ကို ပြည်ပရင်း နှီးမြှုပ်နှံမှု အဖြစ်ဖွင့်လှစ်ခဲ့ပြီးနောက် ၁၉၉၂ ခုနှစ်မှစကာ နယ်စပ်မြို့များနှင့်ကုန်းတွင်းပိုင်းပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအားလုံး၌ စီးပွား ရေးဇုန်များဖွင့်လှစ်ခဲ့ခြင်း၏ အကျိုးကျေးဇူးကို ယခုအခါ ခံစားနေရပြီ ဖြစ် သည်။ 
ကိုဗစ်ကို အပြည့်အဝထိန်းချုပ်သည့် ကိုဗစ် သုညမူဝါဒမှာ ကိုဗစ်နှင့် အတူယှဉ်တွဲနေထိုင်သည့် မူဝါဒသို့ အပြောင်းအလဲတွင် တရုတ်စက်မှုဇုန်များရှိလုပ် ငန်းများအတွက်ပို၍ပင် အရှိန်အဟုန်ကောင်းလာဦးမည်ဖြစ်သည်။ လက်ရှိ ပြည် တွင်း၌ ကူးစက်နေသည့် နောက်ဆုံးပေါ် Omicron မျိုးကွဲမှာ ကူးစက်ခံရသူ ၉၉ ရာခိုင်နှုန်းကို ခုနစ် ရက်မှ ၁၀ ရက် အတွင်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာနိုင်သဖြင့် လက်ရှိဖြစ်နေမှုမှာ ရက်အနည်းငယ်သာ တက်နေခြင်းဖြစ်ပြီး အပြည့်အဝပြန်ထိန်းချုပ်နိုင်မည်ဖြစ်သည်။ 
ဒီဇင်ဘာ ၇ ရက်က တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်က ကိုဗစ်ကာကွယ်ရေးအတွက် တိကျသည့် အချက် ၁၀ ချက်ထုတ်ပြန်ခဲ့ရာ ထိုထုတ်ပြန်ချက်က တရုတ်ပြည်သူများနှင့် စီးပွားရေးလာရောက် လုပ်ကိုင်နေသူများအတွက် ကောင်းမွန်သော အခြေအနေဖြစ်ခဲ့သည်။ မြို့ကြီးအများအပြားသည် ကျယ်ပြန့်သော လော့ခ်ဒေါင်းချမှုများကို ရုတ်သိမ်းရန်၊ ပုံမှန် PCR စမ်းသပ်မှုများကို လျှော့ချရန်နှင့် မြေအောက်ရထားဘူတာများနှင့် ပန်းခြံများကဲ့သို့သော အများသူငှာနေရာများတွင် ကိုဗစ်ကူးစက်မှုကင်းရှင်းကြောင်း ရှိ/မရှိစစ်ဆေးမှုများကို အဆုံးသတ်ခဲ့ရာ တရုတ်နိုင်ငံသားများအတွက် အလွန်ကောင်းမွန်သည်သာမက အာရှနှင့် ကမ္ဘာ့နိုင်ငံများအတွက်လည်း အရေးပါသည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏အကြီးအကဲက ပြောခဲ့သည်ကိုတွေ့ရသည်။ 
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် (WTO) ညွှန်ကြားရေးမှူးချုပ် အိုကွန်ဂျိုအိုင်ဝီလာကတရုတ်၏ ကိုဗစ်ကင်းစင်ရေးမူဝါဒကို ရုပ်သိမ်းခြင်းသည် ကပ်ရောဂါ၏ သက် ရောက်မှုများ၊ ယူကရိန်းစစ်ပွဲနှင့် ရာသီဥတု ပြောင်းလဲမှုများကြောင့် လှုပ်ခတ်နေသော ကမ္ဘာတွင်မသေချာမှုများကို ဖယ်ရှားရာ၌ အကူအညီဖြစ်စေလိမ့်မည်ဟုထုတ်ဖော်ပြောဆိုခဲ့သည်။ တရုတ်၏ စီးပွားရေးလုပ်ငန်းများသည် ကိုဗစ်ကာလအတွင်း ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်မပြတ်ရအောင် စွမ်းဆောင်ပေးခဲ့သလို ယခုလို ကမ္ဘာတစ်ဝန်း ကိုဗစ် ကြောင့်ထိခိုက်မှု လျော့ကျလာချိန်တွင် ကမ္ဘာ့စီးပွားရေးလျင်မြန်စွာနာလံထူစေရန် အရေးပါသည့် အခန်းကဏ္ဍတွင် ဆက်၍ရှိ နေဦးမည်ဖြစ်လေသည်။
 
လင်းသစ်အောင်