【 နိုင်ငံတကာဆောင်းပါး 】ကျစ်လစ်သော အစိုးရနှင့် ကြီးမားသော တရုတ်လူမှုအဖွဲ့အစည်း

【 နိုင်ငံတကာဆောင်းပါး 】ကျစ်လစ်သော အစိုးရနှင့် ကြီးမားသော တရုတ်လူမှုအဖွဲ့အစည်း

ယခုနှစ်ကျင်းပသော အစည်းအဝေးကြီးနှစ်ရပ်တွင် ဆွေးနွေးခဲ့ကြသော အဓိကအကြောင်းအရင်းတစ်ခုကတော့ ဗဟိုအစိုးရအဖွဲ့အစည်းများတွင် လူသားအရင်းအမြစ် ၅ ရာခိုင်နှုန်း လျှော့ချရေးဖြစ်ပြီး ဗဟိုအစိုးရဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းဆိုင်ရာ အဖွဲ့ဖွဲ့စည်းရေးနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်းခြင်းအပြင် အခြားအသေးစားဖွဲ့စည်းမှု ပြန်လည်ပြုပြင်ခြင်းတို့ ပါဝင်ပါတယ်။

ဒါဟာ အစိုးရကောင်စီတွင် ပြုပြင်ပြောင်းလဲခြင်းနှင့် တံခါးဖွင့်မူဝါဒ ကျင့်သုံးလာပြီးနောက် ၉ ကြိမ်မြောက် ပြန်လည်ဖွဲ့စည်းခြင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၈ ကြိမ်ဟာ ၁၉၈၂ ၊ ၁၉၈၈ ၊ ၁၉၉၃ ၊ ၂၀၀၃ ၊ ၂၀၀၈ ၊ ၂၀၁၃ နှင့် ၂၀၁၈ တို့တွင်ဖြစ်ပွားခဲ့ပါတယ်။ ပြန်လည်ဖွဲ့စည်းခြင်းဟာ ငါးနှစ်တွင် တစ်ကြိမ်ဖြစ်ပွားတယ်လို့လည်း ပြောလို့ရပါတယ်။ နောက်ကြောင်းကို ပြန်လည်လေ့လာပါက ဒီလို ပြန်လည်ဖွဲ့စည်းခြင်းကို တရုတ်အစိုးရ၏ အမြင့်ဆုံးအဆင့်တွင် ပြုလုပ်ခြင်းဟာ စွမ်းဆောင်ရည်မြင့်မားခြင်း နှင့် အချိန်နဲ့ လိုက်လျှောညီထွေမှုရှိသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတိုင်း ပြုလုပ်ရခြင်းဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာလည်း ချို့ယွင်းချက်မရှိပဲ အစိုးရရဲ့ ပြောဆိုချက်အရအခြေခံ ရည်မှန်းချက်ကတော့ စွမ်းဆောင်ရည်အားကောင်းလာရေးနှင့် အဖွဲ့အစည်းများကို အလေးထားရမည့်နေရာတွင် ပြင်ဆင်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ဆိုပါတယ်။ ဒီအလေးထားရမည့် နေရာတွင် သိပ္ပံနှင့် နည်းပညာ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် ဉာဏပိုင်ဆိုင်ပိုင်ခွင့် အစရှိသော အကြောင်းအရာများလည်းပါဝင်ပါတယ်။

သိပ္ပံနှင့်နည်းပညာကဏ္ဍဝန်ကြီးဌာနကို ပြန်လည်ဖွဲ့ခြင်းဟာ အားလုံးရဲ့ အထူးစိတ်ဝင်စားမှုကို ခံနေရပါတယ်။ ပထမ အချက်ကတော့ သေးငယ်သော ဝန်ကြီးဖြစ်လာမည်ဖြစ်ပြီး အရေးကြီးသော ရန်ပုံငွေချမှတ်ပေးခြင်းနှင့် စီမံခန်းခွဲမှုတွင် ဆုံး ဖြတ်ချက်ချပိုင်ခွင့်ကိုလည်း ရရှိမည်မဟုတ်တော့မှာ မဟုတ်ပါဘူး။ ဒီဝန်ကြီးဌာနဟာ ဗဟိုစီမံကိန်းနှင့် မူဝါဒလမ်းညွှန်မှုတွင်ပိုမို အလုပ်လုပ်မည်ဖြစ်ပြီး ယခင်က တာဝန်ယူမှုနဲ့ ဆန့်ကျင်ဖြစ်မည်ဖြစ်ပါတယ်။ တစ်နည်းပြောရမည်ဆိုပါက မိုက်ခရိုနှင့် မီခရိုတာဝန်များကလည်း ပိုမိုရှင်းလင်းလာမည်ဖြစ်‌ပြီး မီခရိုတာဝန်များကို ဦးဆောင်တော့မည် မဟုတ်တော့ပါဘူး။

ဒုတိယအချက်ကတော့ တချို့သော ဝန်ကြီးဌာနအတွင်းက နည်းပညာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို အခြားသော ဝန်ကြီးဌာနများသို့ လွှဲပြောင်းပေးမည်ဖြစ်ပြီး ထိုထဲတွင် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသရေးရာဝန်ကြီးဌာန၊ စက်မှုနှင့်အချက် အလက်နည်းပညာဝန်ကြီးဌာန ၊ လူသားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနတို့ ပါဝင်မည်ဖြစ်ပါတယ်။

တတိယအချက်အဖြစ်  သိပ္ပံနှင့်နည်းပညာကော်မရှင်ကို ဖွဲ့စည်းမည်ဖြစ်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက စီမံခန့်ခွဲသူအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း အစိုးရကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ရှောင်ဂျီးက ပြောပါတယ်။ ဒါဟာ သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ကြီးမားသော တိုးတက်မှုဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ အလေးထားသော ကဏ္ဍတစ်ခုဖြစ်ပါတယ်။

ဒီပြန်လည်ဖွဲ့စည်းခြင်းကို လုပ်ဆောင်ပြီးနောက်မှာတော့၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဟာ သေးငယ်ပြီး တာဝန်ယူမှုနည်းသော ဝန်ကြီးဌာနဖြစ်လာမည်ဖြစ်သော်လည်း ပိုမိုထိရောက်သော ဝန်ကြီးဌာနဖြစ်လာမည်ဖြစ်ပါတယ်။ အစိုးရကောင်စီအောက်က ဝန်ကြီးဌာနများအကြား လည်ပတ်မှုဟာ ပိုမိုအရေးပါပါတယ်။ တရုတ်နိုင်ငံ၏ ခက်ခဲလာသော ပြည်တွင်း ဖွံ့ဖြိုးတိုးတက်မှုပတ်ဝန်းကျင်တွင် ဒါဟာ အရေးပါသော ဆန်းသစ်တီထွင်မှုဖြစ်ကြောင်းကို ပြသနေပါတယ်။ အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံကို ဆန့်ကျင်ကာ နည်းပညာကဏ္ဍတွင် ဆန္ဒပြမှုလုပ်လာခဲ့ပြီး ဒါကို သူတို့ကတော့ ယှဉ်ပြိုင်မှုဟု ခေါ်ပါတယ်။ တရုတ်နိုင်ငံဟာ ပြည်တွင်းနည်းပညာတိုးတက်မှုဖြင့် ဒီပြဿနာကို ဗျူဟာကျကျ တုံ့ပြန်ရန် ကြိုးပမ်းနေပါတယ်။ ထို့ကြောင့် ဒီဝန်ကြီးဌာနဟာ ပိုမိုအရေးပါသော ဝန်ကြီးဌာနဖြစ်လာမည်ဖြစ်ပါတယ်။

နောက်ဆုံးအချက်အဖြစ် အစိုးရကောင်စီရဲ့ ဝန်ထမ်းအင်အား ၅ ရာခိုင်နှုန်း လျှော့ချရန် ဆုံးဖြတ်ချက်ကို ဖော်ပြသင့်ပါတယ်။ သေးငယ်သော အစိုးရကို အမြဲတမ်း ကြိုဆိုပါတယ်၊ ဒါဟာ ကြီးမားသော လူမှုအသိုင်းအဝိုင်းအတွက် ပိုကောင်းသော အရာဖြစ်ပါတယ်။

Naing

Ref:CMG| Smaller government, bigger society