【 နိုင်ငံတကာဆောင်းပါး 】ဆယ်စုနှစ်အတွင်း မြေစာပုံကနေ အစိမ်းရောင်တောင်တန်းအဖြစ်ပြောင်းလဲသွားမှုများ

【 နိုင်ငံတကာဆောင်းပါး 】ဆယ်စုနှစ်အတွင်း မြေစာပုံကနေ အစိမ်းရောင်တောင်တန်းအဖြစ်ပြောင်းလဲသွားမှုများ

တရုတ်နိုင်ငံ၏ ပတ်ဝန်းကျင်အခြေအနေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းကြီးမားစွာ တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ အဖွဲ့အစည်းများစွာနှင့် ဒေသန္တရအစိုးရတို့၏ အားထုတ်မှုကြောင့် ဒီလိုအောင်မြင်မှုကို ရရှိလာခဲ့တာဖြစ်ပြီး ဒီလိုအောင်မြင်ခြင်းကလည်း အခြားသော လူမှုအဖွဲ့အစည်းများကိုလည်း ပူးပေါင်းပါဝင်စေရန် အားပေးလာခဲ့ပါတယ်။

တရုတ်နိုင်ငံ မြောက်ပိုင်းက ရှန်ဇီပြည်နယ်က မြို့ဖြစ်တဲ့ တိုင်ယွမ်တွင်နေထိုင်သော လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ယန်ကျွန်ဖျင်ဟာ သတ္တုတူးဖော်ခြင်းကြောင့် ဖြစ်ပေါ်လာသော မြေစာပုံများကို အစိမ်းရောင်တောင်များ အဖြစ်သို့ ပြောင်းလဲရန် ယွမ် ၆၀၀ သန်းကျော်ကို သုံးစွဲခဲ့ပါတယ်။ မူလက မဖြစ်နိုင်ဘူးလို့ ထင်ရသောအရာကို သူဘယ်လိုရအောင်လုပ်နိုင်ခဲ့သလဲဆိုတာကိုသိတော့ လူတွေက သိပ်ပြီးအံ့ဩသွားခဲ့ကြပါတယ်။

၂၀၀၉ ခုနှစ်တွင် သတ္တုတူးဖော်မှုကြောင့် တိုင်ယွမ်မြို့ပြင်တွင်တည်ရှိသော ယုကွန်တောင်ဟာ ကျောက်များပြီး၊ စိုက်ပျိုးရန် မဖြစ်ထွန်းသော တောင်ဖြစ်ပါတယ်။ ယန်ဟာ ဒီဧရိယာကို ပြန်လည်နုပျိုစေရန်အတွက် ဆုံး ဖြတ်ခဲ့ပြီးဒေသခံ အလုပ်သမားများစွာကို ငှားရမ်းခဲ့ပြီး သစ်ပင်များစိုက်ပျိုးကာ ထိုတောင်ကို ကယ်တင်ရန် ကြိုးပမ်းခဲ့ကြပါတယ်။

နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးနောက်၊ ယုယွမ်တောင်၏ စတုရန်းမီတာ ၈ သန်းခန့်တွင် သစ်ပင်ပေါင်း ၄ သန်းကျော်ကို စိုက်ပျိုးနိုင်ခဲ့ပြီး ရေသွယ်ပေးရေးကြောင့် ဒီစီမံကိန်းဟာ အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။

ယန်ဟာ ခုလည်း ယုယန်တောင်၏ ပျက်စီးမှုများကို ပြန်လည်ပြုပြင်နိုင်ရန် သစ်ပင်များကို ထူထပ်စွာပြန်လည် စိုက်ပျိုးခဲ့ပါတယ်။ ပျက်စီးပွားသော တောင်များကို စိုက်ပျိုးမြေအဖြစ်သို့ ပြောင်းလဲခြင်းဟာ အချိန်များစွာနှင့် ငွေကြေးများစွာ ကုန်ကြောင်းသူကတော့ ပြောပါတယ်။

“ပျက်စီးသွားသော နေရာကို ပြန်လည်ပြုပြင်နိုင်ရန် သာမန်အားဖြင့် အချိန် ၃ လ ကနေ ၄ လအထိယူပါတယ်။ ပထမကတော့ ကုန်းစောင်းပြန်ဖန်တီးရန်အတွက် မြေတူးစက်များကိုသုံးပါတယ်၊ ဒုတိယကတော့ အလုပ်သမားများဟာ ကျောက်ကို အပေါက်ဖောက်ပါတယ်။ တတိယလုပ်ရမှာကတော့ တောင်ပေါ်ကို မြေဆီလွှာ နှင့် ဓာတ်မြေဇာများကိုပို့ပါတယ်။ နောက်ဆုံးအဆုံးအဆင့်ကတော့ သစ်ပင်စိုက်ပျိုးခြင်းပဲ ဖြစ်ပါတယ်” ဟု သူက ပြောပါတယ်။

ပထမ ၉ နှစ်အတွင်း ယန်နှင့် အဖွဲ့သားများဟာ ကျောက်ထူထပ်သော တောင်ကုန်းပေါင်း ၁၀၀ ခန့်တွင် အပင်များစိုက်ပျိုးခဲ့ကြပါတယ်။ အခုတော့ သူတို့ဟာ လာမယ့် ၅ နှစ်ကနေ ၆ နှစ်အတွင်း အပင်မရှိသော ကုန်းစောင်း ၇၀ ကနေ ၈၀ တွင် အပင်များစိုက်ပျိုးရန် ကြိုးပမ်းနေကြပါတယ်။

ယန်ကတော့ ဆောက်လုပ်မှုလုပ်နေသော လုပ်ငန်းခွင်ထဲနေရတာကို သူနှစ်သက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ခြေထောက်ကျိုးသော်လည်းသူကတော့ အလုပ်ကို ဆက်တိုက်လာရန်ကြိုးပမ်းခဲ့ပါတယ်။ သူဟာ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး သံသယများလည်းဝင်ခဲ့ဖူးပါတယ်။ဒါပေမယ့် ရှေ့ဆက်သွားဖို့ရန် ရွေးချယ်ခဲ့ပါတယ်။

ယန်က “ပထမကတော့ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေများစွာက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သဘောမတူခဲ့ကြဘူး။ ဒီအလုပ်တွေကို လုပ်နိုင်မယ်လို့ မထင်ခဲ့ကြဘူးလို့ သူတို့ယုံကြည်ခဲ့ကြတယ်။ကျွန်တော် ကလည်း အလုပ်ကို ကျွန်တော်ပြီးနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့သားက ပြီးအောင်လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ကျွန်တော့်ရဲ့သားက မပြီးနိုင်ရင်၊ ကျွန်တော့်ရဲ့ မြေးကပြီးနိုင်မှာပါ။ သေချာတာကတော့ တစ်နေ့ကျရင် အောင်မြင်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အားတင်းထားပြီး ဘယ်တော့မှ‌ အရှုံးမပေးဖို့ပါပဲ” ဟု သူကပြောပါတယ်။

ယုကွန်သစ်တောဥယျာဉ်ဟာ လာမယ့် ၅ နှစ်အတွင်း ဆောက်လုပ်ရေးပြီးစီးမည်ဟု ခန့်မှန်းထားကြပါတယ်။ အကျိုးအမြတ်ရရှိမှု တစ်စုံတစ်ရာ မရှိသောကြောင့် ကုန်ကျစရိတ်ကို ပြန်လည်ကာမိရန် အလွန်ခက်ခဲမည်ဖြစ်ကြောင်း ယန်ကပြောပါတယ်။ သို့သော်လည်း သူကတော့ နောင်တရမည်မဟုတ်ကြောင်း ဆိုပါတယ်။ သစ်ပင်တိုင်းဟာ သူ့အတွက်တော့ သူ့ရဲ့ ကလေးလိုပဲဖြစ်ကြောင်း နှင့် အပင်များ ကြီးထွားလာတာကို ကြည့်ခြင်း ကလည်း ကမ္ဘာပေါ်တွင် ပျော်စရာ အကောင်းဆုံးသောအရာဖြစ်ကြောင်း ဆိုပါတယ်။

Naing

Ref:CMG|Waste mines turned into green mountains in northern China