【 နိုင်ငံတကာဆောင်းပါး 】တစ်နှစ်တာအတွင်း အကြီးမားဆုံး နိုင်ငံတကာသိပ္ပံသတင်း ၁၀ ခု

【 နိုင်ငံတကာဆောင်းပါး 】တစ်နှစ်တာအတွင်း အကြီးမားဆုံး နိုင်ငံတကာသိပ္ပံသတင်း ၁၀ ခု

နိုင်ငံတကာက နက္ခတ္တဗေဒပညာရှင်များ တရုတ်နိုင်ငံအပါအဝင် Milky Way တွင်ရှိသော black hole ပုံကို မေလ ၁၂ ရက်နေ့တွင် ပထမဆုံးထုတ်ပြန်ခဲ့ကြပါတယ်။ Sagittarius A လို့ခေါ်တဲ့ ထို black hole ရဲ့ Event Horizon Telescope International Collaboration က ထုတ်ပြန်ထားသော ဒုတိယမြောက်ပုံပဲဖြစ်ပါတယ်။

အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က သိပ္ပံပညာရှင်များဟာ စကြဝဠာအတွင်းက အအေးဆုံးဒြပ်ကို ဖန်တီးခဲ့ကြပါတယ်။ သူတို့ဟာ အက်တမ်နှင့် ytterbium တို့ပါဝင်သော ထိုဒြပ်ကို အေးအောင်လုပ်ပြီး -၂၇၃.၁၃ ဒီဂရီဆဲလ်းဆီးယပ်အထိ အေးအောင်ထားပါတယ်၊ ထိုကဲ့သို့သော အပူချိန်တွင် အက်တမ်ရဲ့ လှုပ်ရှားမှုဟာ ရပ်တန့်သွားပါတယ်။ 

တရုတ်နိုင်ငံက ထုတ်လုပ်သော Tianwen-1 အာကာသယာဉ်ဟာ စက်တင်ဘာလ ၁၈ ရက်နေ့တွင် World Space Award ဆု ရရှိခဲ့ပြီး International Astronautical Federation က ပေးသော အမြင့်ဆုံးဆုပဲ ဖြစ်ပါတယ်။ ဒီဆုကို ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ပြုလုပ်ခဲ့သော ၇၃ ကြိမ်မြောက် International Astronautical Congress တွင် ပေးအပ်ခဲ့တာဖြစ်ပါတယ်။ IAF ရဲ့ ပြောဆိုချက်အရ အင်္ဂါဂြိုဟ်တွင် လေ့လာမှုများ ပြုလုပ်နိုင်ရန်အတွက် ဆန်းသစ်သော ရွေးချယ်မှုများကိုပေးနိုင်ခဲ့ကြောင်း ပြောပါတယ်၊ တစ်ချိန်တည်းမှာပဲ အာကာသအတွင်းပိုင်း လေ့လာရေးအတွက် အလွန်ကောင်းသော အခန်းကနေ ပါဝင်ကြောင်း ဆိုပါတယ်။

ဆီလီကွန် ကွမ်တန်ကွန်ပျူတာတွင်လည်း ကြီးမားသောခြေလှမ်းများကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ New South Wales တက္ကသိုလ်က သိပ္ပံပညာရှင်များ၊ နယ်သာလန်နိုင်ငံက Delft University of Technology နှင့် ဂျပန်နိုင်ငံက Institute of Physical and Chemical Research ကျောင်းတို့က သိပ္ပံပညာရှင်များဟာ fault-tolerant quantum computers တွင် ကြီးမားသော ထိုးဖောက်မှုများကို လုပ်နိုင်ခဲ့ပါတယ်။

နာဆာကတော့ JWST လို့ခေါ်တဲ့  James Webb Space Telescope လို့ခေါ်တဲ့ ဂြိုဟ်တုကနေ ပေးပို့ သော ဓါတ်ပုံများကို ထုတ်ပြန်ခဲ့ပြီး စကြဝဠာရဲ့ ပုံကို ယခင်က မမြင်ဖူးသော ကြည်လင်စွာ ထုတ်ပြန်ခဲ့ပါတယ်။ 

ဗြိတိန်နိုင်ငံ University of Bristol က သိပ္ပံပညာရှင်များဟာ synthetic biology လို့ခေါ်တဲ့ ပေါင်းစည်းထားတဲ့ဇီဝဗေဒပညာတွင် ကြီးမားသော ခြေလှမ်းများကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ Nature သတင်းစာတွင် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသော အချက်အလက်များအရ ရှုပ်ထွေးသော ဆဲလ်းပေါင်းစည်းမှုများ၊ ဆဲလ်တည်ဆောက်ပုံ နှင့် ဆဲလ်များရဲ့ လည်ပတ်ပုံတို့ကို ပိုမိုတိကျစွာ ပြသနိုင်ရန်အတွက် synthetic cells များကို အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ကြောင်း ဆိုပါတယ်။

နက္ခတ္တဗေဒပညာရှင်များဟာ ဂဲလက်ဆီ ၊ Milky Way မြေပုံအတိအကျကို ရေးဆွဲနိုင်ခဲ့ပြီး ဒီမြေပုံများရဲ့ မူလအဆင့်ကနေ တစ်ဆင့်ပြည့်စုံလာခဲ့ပါတယ်။ Large Sky Area Multi-Object Fiber Spectroscopic Telescope in China နှင့် European Space Agency’s Gaia ဂြိုဟ်တုကနေ ဖမ်းယူရမိသော ဓါတ်ပုံများအရ ဂဲလက်ဆီနှင့် Milky Way တို့ရဲ့ မြေပုံကို ပိုမိုတိကျစွာ ဖန်တီးလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလေ့လာချက်ကို မတ်လ ၂၃ ရက်နေ့တွင် Nature သတင်းစာစောင်တွင် ဖော်ပြခဲ့ပါတယ်။

ပထမဆုံးနိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီသော ရှုခင်းအခြေခံအလိုအလျှောက်မောင်းနှင်နိုင်သော ယာဉ် ကို တရုတ်နိုင်ငံက ဦးဆောင်ပြီး စမ်းသပ်နိုင်ခဲ့တဲ့ အကြောင်းကို အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့ပါတယ်။ International Organization for Standardization စမ်းသပ်မှုစံနှုန်းကို Road vehicles ဟု ခေါ်ဆိုခဲ့ကြပြီး ရှုခင်းအခြေစိုက် အလိုအလျှောက်မောင်းနှင်စနစ်ကို  Vocabulary ဟု ခေါ်ဆိုပါတယ်။

မီတာ ၅၀၀ Aperture Spherical Radio Telescope (FAST) ကိုအသုံးပြုပြပြီး သို့မဟုတ် China Sky Eye လို့လည်း ခေါ်ဆိုကြတဲ့ Chinese Academy of Sciences အောက်က National Astronomical Observatories တွင် တာဝန်ထမ်းဆောင်နေကြသော နက္ခတ္တဗေဒပညာရှင်များဟာ ရေဒီယိုလှိုင်း အဆက်မပြတ် ထုတ်လွှင့်နေသော FRB 20190520B လို့ခေါ်တဲ့ ကမ္ဘာမြေကနေ အလင်းနှစ် ၃ ဘီလီလျံခန့်ဝေးကွာသော နေရာတွင်တည်ရှိတဲ့ ဂြိုဟ်ငယ်လေးကို တွေ့ရှိနိုင်ခဲ့ပါတယ်။ ဒီအကြောင်းကို ဇွန်လ ၈ ရက်နေ့တွင် Nature သတင်းစာတွင် ဖော်ပြခဲ့ပါတယ်။

Naing

Ref:CMG| The 10 biggest scientific news stories of the year worldwide – chosen by CMG