【 နိုင်ငံတကာဆောင်းပါး 】တရုတ်ကွန်မြူနစ်ပါတီ( CPC) ပါတီ၏ အဓိက မဏ္ဍိုင်

【 နိုင်ငံတကာဆောင်းပါး 】တရုတ်ကွန်မြူနစ်ပါတီ( CPC) ပါတီ၏ အဓိက မဏ္ဍိုင်

တရုတ်ကွန်မြူနစ်ပါတီ (CPC)ဟာ  ၎င်း၏ အဖွဲ့ဝင်များကို ရှီကျင့်ဖျင်နဲ့အတူ နီးကပ်စွာစည်းလုံးရန် ၂၀၁၆ ခုနှစ်အောက်တိုဘာလတုန်းက ကျင်းပခဲ့တဲ့  ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ၆ ကြိမ် မြောက်စုံညီအစည်းအဝေးမှာ ဆော်ဩခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒ၏ ဗိသုကာအဖြစ် သတ်မှတ်ခံထားရသော တိန်ရှောင်ဖိန်ရဲ့ လူသိများခဲ့သော စကားတစ်ခုရှိပါတယ်။

 “လူတစ်ယောက်ဟာ ဗဟိုပြုမှုမရှိသော အုပ်စုလိုက်ခေါင်းဆောင်မှုအပေါ် မှီခိုလို့မရဘူး” ဆိုတဲ့ စကားပါဘဲ။

ရှီကျင့်ဖျင်ဟာ ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းခံရချိန်တွင် သူဟာ တရုတ်နိုင်ငံတွင် အရေးကြီးသော နေရာသုံးခုတွင် ခေါင်းဆောင်နေရာကို ယူထားပြီဖြစ်ပါတယ်။ ထို့ကြောင့် ရှီကျင့်ဖျင်အတွက် ပါတီ၏ ပင်မခေါင်း ဆောင်အဖြစ် သတ်မှတ်ခံရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။

ရှီကျင့်ဖျင်ဟာ ဘာကြောင့် ပါတီ၏ ပင်မခေါင်းဆောင်အဖြစ် သတ်မှတ်ခံရကြောင်းနှင့် ဒါဟာပါတီ၏ စုပေါင်းဆုံးဖြတ်ချက်များအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတာနဲ့ပတ်သက်ပြီး Close to China သတင်းဌာနက R.L. Kuhn ဟာ အဲဒီတုန်းက ပါတီအတွင်းပိုင်း နားလည်သောသူများနဲ့ စကားပြောခဲ့ပါတယ်။

ပင်မခေါင်းဆောင်ဟာ ပါတီ၏ ခေါင်းဆောင်ပဲဖြစ်သင့်သလား?

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအောက်တွင်ရှိသော ပါတီကျောင်းတွင် ယခင်က ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော လီဂျွန်ရုကလည်း Close to China သတင်းဌာနကို “ပင်မခေါင်းဆောင်ဖြစ်နေခြင်းဟာပါတီအတွင်း ရာထူးများနဲ့ ဘာမှမဆိုင်ပါဘူး။ ပါတီအတွင်းက ထိပ်ပိုင်းနေရာများကို ယူထားသောသူများဟာ ပင်မခေါင်းဆောင်နေရာယူထားသူများ မဖြစ်ကြပါဘူး၊ ပြီးတော့ ပြောင်းပြန်ထားလည်း ဒီလိုမဖြစ်ပါဘူး” ဟု အဲဒီ တုန်းက ပြောခဲ့ပါတယ်။

မော်စီတုန်းဟာ ရာထူးပေးအပ်ခြင်းခံရချိန်မှာ ပါတီရဲ့ အထွေထွေအတွင်းရေးမှူးမဖြစ်ခဲ့ပါဘူး၊ တိန်ရှောင်ဖိန်ဟာ အထွေထွေအတွင်းရေးမှူးအဖြစ် ဘယ်တုန်းကမှ တာဝန်ထမ်းဆောင်ခြင်း မရှိခဲ့ပေမယ့် သူ့ကိုပါတီရဲ့ ပင်မခေါင်းဆောင်အဖြစ် သတ်မှတ်ခံရပါတယ်။

ပင်မခေါင်းဆောင်မှုဆိုတာ ပါတီအတွင်းက ရာထူးမဟုတ်ပါဘူး။ ရှီကျင့်ဖျင်ဟာ ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီညီလာခံက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲကနေ ပါတီအထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့တာပါ။  သို့သော်လည်း သူ့ရဲ့နေရာကို လွန်ခဲ့တဲ့နှစ်များအတွင်းက သူရရှိခဲ့တဲ့ အောင်မြင်မှုများကနေ ပင်မခေါင်းဆောင် ဆိုတဲ့နေရာကို သူရရှိလာခဲ့တာဖြစ်ပါတယ်။

ပင်မခေါင်းဆောင်မှုဟာ ပြုပြင်ပြောင်းလဲမှုကို လျင်မြန်စေမှာလား

အစိုးရပိုင်စီးပွားရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသများကို ပြုပြင်ပြောင်းလဲရေးဟာ အလွန်နှေးကွေးလာခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီမှာ ယခင်က မူဝါဒသုတေသနဌာန ဒု-ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ချောင်ရှင်လီကပြောပါတယ်။

ရှီကျင့်ဖျင်၏ ပင်မခေါင်းဆောင်မှုဟာ ထူးခြားမှုကို ဖြစ်စေမှာလား?

“တစ်ခုလုံးအနေအထားမှာ တိုးတက်မှုဟာ အားရစရာအလွန်ကောင်းပါတယ်။ ဗဟိုခေါင်းဆောင်မှုမှာ ရှီကျင့်ဖျင်ကို ပင်မခေါင်းဆောင်အဖြစ် အတည်ပြုပြီးနောက်၊ ဗဟိုကော်မတီ၏ အာဏာကိုခိုင်မာအောင် ဆက် လက်လုပ်ဆောင်ရမည်ဖြစ်ပါတယ်” ဟု ဇဲန်က ထိုတုန်းကပြောခဲ့ပါတယ်။

“အလုပ်သမားများ၊ ပါတီဝင်များ နှင့် အများပြည်သူဟာ ဗဟိုကော်မတီနဲ့အတူတူ အလုပ်လုပ်ရန် လိုအပ် ပြီး ပင်မခေါင်းဆောင်အဖြစ် ရှိသော ရှီကျင့်ဖျင်ချမှတ်ထားသော ပြုပြင်ပြောင်းလဲမှုလမ်းစဉ်များကို အကောင် အထည်ဖော်ရမည်ဖြစ်ပါတယ်” ဟု ဇဲန်က ပြောခဲ့ပါတယ်။

ပင်မခေါင်းဆောင်မှုဟာ နောက်ဆုံးဖြတ်ဆုံးဖြတ်ချက် လုပ်နိုင်သူလား?

ပင်မဆိုတာ အထွေထွေအတွင်းရေးမှူးဖြစ်လာစရာ မလိုပါဘူး။ ဒါပေမယ့် ပင်မဖြစ်နေသော အထွေထွေအတွင်းရေးမှူးနှင့် ပင်မမဖြစ်သော အထွေထွေအတွင်းရေးမှူးအကြားက ခြားနားမှုဟာဘာတွေလဲ။ “အထွေထွေ အတွင်းရေးမှူးတစ်ယောက်တည်း ဆုံးဖြတ်ချက်ချပိုင်ခွင့်မရှိပါဘူး။ ဒါပေမယ့် ပင်မဆိုတာ ခြားနားပါတယ်။ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီသော ဗဟိုပြုရေးတွင် “ပင်မ” ဆိုတာ သဘောတူညီမှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ဘက်ပေါင်းစုံက အငြင်းပွားမှုအပြီးမှာတော့ ပင်မခေါင်းဆောင်ဟာ နောက်ဆုံးဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိပါတယ်” ဟု လီဂျွန်ရုက ပြောပါတယ်။

အကယ်၍ အမြဲတမ်း ကော်မတီဝင်များအကြား တရုတ်ကွန်မြူနစ်ပါတီ နဲ့ပတ်သက်ပြီး ခြားနားသော အမြင်ရှိပြီး ပင်မခေါင်းဆောင်ကလည်း ခြားနားသော အမြင်ရှိပါက  ဘယ်လိုဆက်ဖြစ်လာနိုင်ပါသလဲ?

“အားလုံးပါဝင်သော ခေါင်းဆောင်မှုပိုင်းတွင် ပင်မခေါင်းဆောင်၏ လုပ်ပိုင်ခွင့်အရ ပင်မခေါင်းဆောင်ဟာ ဒီလို အခြေအနေမှာ နောက်ဆုံးအမြင်ပြောဆိုခွင့်ရှိပါတယ်။ သို့သော်လည်း တိတိကျကျပြောရရင်တော့ သူက လည်း သူ့ရဲ့အမြင်ကို တင်ပြရမည်ဖြစ်ပါတယ်၊ အခြားသူများကို လက်ခံလာစေရန် သူအကောင်းဆုံးကြိုးစားရမယ်။ ပြီးမှဆုံးဖြတ်ခွင့်ရှိတယ်။ ဘာပဲဖြစ်ဖြစ်နောက်ဆုံးမှာတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကပဲ အတည်ဖြစ်ပါတယ်” ဟု လီဂျွန်ရုက ပြောပါတယ်။

ရှီကျင့်ဖျင်ကို ဘာကြောင့် ပင်မခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတာလဲ?

R.L Kuhn ၏ ပြောကြားချက်အရ ပါတီအတွင်းက ကျွမ်းကျင်သူများက သူ့ကို ရှင်းပြချက် ၄ ခု ပြောပြခဲ့ပါတယ်။ထိုရှင်းပြချက်များတွင် ရှီကျင့်ဖျင်ဟာ ဘယ်လိုပင်မခေါင်းဆောင်ဖြစ်လာသလဲဆိုတာကို သူပြောပြပါ တယ်။ တည်ငြိမ်မှု၊ စည်းလုံးမှု တည်ဆောက်ရန်နှင့် ပြုပြင်မှုများ ဖော်ဆောင်ရန် ခိုင်မာသော ခေါင်းဆောင်မှု ပထမဆုံးလိုအပ်ပါတယ်။ ဒုတိယအချက်အဖြစ် ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံကို ပြုပြင်ပြောင်းလဲခြင်းအတွက် တာဝန်ရှိရုံသာမကပဲ သူဟာ အာမခံပေးရမည်ဖြစ်ပါတယ်။ တတိယအချက်ကတော့ ပင်မခေါင်းဆောင်ဟာ ဒီမိုကရေစီစံညွှန်းနဲ့ညီသော ဗဟိုပြုမှုတွင် ပါတီ၏ စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင်ခြင်းမရှိပါဘူး၊ နောက်ဆုံးအချက်ကတော့ ပင်မခေါင်းဆောင်ဟာ ပါတီကို တင်းကျပ်စွာ စီမံရန်လိုအပ်ပါတယ်။

Naing

Ref:CMG | Closer to China: Xi Jinping as ‘core’ of the CPC