【 နိုင်ငံတကာဆောင်းပါး 】တရုတ်ခရီးသွားများနှင့် ကမ္ဘာ့စီးပွားရေးသို့ သက်ရောက်မှု

【 နိုင်ငံတကာဆောင်းပါး 】တရုတ်ခရီးသွားများနှင့် ကမ္ဘာ့စီးပွားရေးသို့ သက်ရောက်မှု

တရုတ်နိုင်ငံသည် Covid-19 နှင့်ပတ်သက်သည့် ခရီးသွားလာခွင့်ကန့်သတ်ချက်များကို ဖြေလျှော့ပေးကြောင်း ဇန်နဝါရီ ၈ ရက်က ကြေညာခဲ့သည်။ ဆိုလိုသည်မှာ သုံးနှစ်ကြာပြီးနောက် တရုတ်လူမျိုးများသည် ပြည် တွင်း၌သာမက နိုင်ငံတကာသို့ပါ လွတ်လပ်စွာ သွားလာခွင့် ရှိပြီဆိုသည့်အချက်ဖြစ်သည်။

ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ပေကျင်းသည် ၎င်း၏နိုင်ငံသားများအပေါ် တင်းကျပ်သောကန့်သတ်ချက် များကို ချမှတ်ခဲ့ပြီး အဆိုပါကန့်သတ်ချက်များကို ဖြေလျှော့ပေးမှုသည် နှစ်သစ်တွင် ပြောင်းလဲလာခဲ့ကာ ထိုအ ချက်က တရုတ်ပြည်တဝှမ်းနှင့်  နိုင်ငံတကာမှာပါ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့သည်။

တရုတ်အစိုးရ၏ ထိုဆုံးဖြတ်ချက်ကို တရုတ်လူမျိုးများသာမက နိုင်ငံတကာ ခရီးသွား လုပ်ငန်းများက လည်း ကြိုဆိုကြသည်။

အဆိုပါကြေညာချက်များထုတ်ပြန်ပြီး တစ်နာရီမပြည့်မီ  trip.com ကဲ့သို့သော ဝက်ဘ်ဆိုဒ်များတွင် ခရီး စဉ်များအကြောင်းရှာဖွေမှုသည့် ပြီးခဲ့သောသုံးနှစ်အတွင်း ပထမဆုံးအကြိမ် အများဆုံးရှာဖွေခဲ့သည်ကို တွေ့ရှိခဲ့ ကြောင်း အစီရင်ခံစာများက ဆိုသည်။ ထိုသည်မှာ အံဩစရာတော့မဟုတ်ပေ။ ကိုဗစ်မဖြစ်ခင် ၂၀၁၉ခုနှစ်တွင် ကမ္ဘာ့တစ်ဝန်းလည်ပတ်ခဲ့သည့် တရုတ်ခရီးသွားအရေအတွက်မှာ သန်း ၁၇၀ ခန့်ရှိခဲ့သည်။

တရုတ်ခရီးသွားများသည် ကမ္ဘာ့အနှံကျယ်ကျယ်ပြန့်ပြန့် ခရီးသွားလာရုံသာမက တည်းခိုခန်းများတွင် လည်း ချိုးခြံသုံးစွဲသည်မှ အလွန်အကျွံသုံးကြသည်အထိ ရှိသည်။ တရုတ်ခရီးသွားလာရေးဝန်ကြီးဌာန၏ အဆိုအရ နှစ်သစ်ကူးအားလပ်ရက်အတွင်း ခရီးစဉ်အရေအတွက်သည် ၂ ဘီလီယံခန့် ရှိသည်ဟု ခန့်မှန်းထားသည်။ ယခု တစ်ကြိမ်တွင် တရုတ်ခရီးသွားများအတွက် ထိပ်တန်းနေရာများမှာ သြစတြေးလျ၊ ထိုင်း၊ ဂျပန်၊ ဗြိတိန်၊ အမေရိ ကန်နှင့် ဟောင်ကောင်တို့ဖြစ်သည်။

တရုတ်နိုင်ငံသည် စီးပွားရေးအရ တိုးတက်ကာ နိုင်ငံသားများ ချမ်းသာလာလေလေ ခရီးသွားများကဲ့သို့ ဆွဲဆောင်မှု ရှိလာလေဖြစ်သည်။ထို့ကြောင့် ဤခရီးစဉ်များအတွင်း တရုတ်ခရီးသွားများ၏ သုံးစွဲနိုင်မှုစွမ်းရည် သည် အဆိုပါနိုင်ငံများစွာအတွက် အလွန်ဆွဲဆောင်မှုရှိလေသည်။

Covid-19 ဗိုင်းရပ်စ်ကူးစက်မှုပြင်းထန်သည် ၃ နှစ်အတွင်း ဗိုင်းရပ်စ်သည် ခရီးသွားလုပ်ငန်းကို များစွာ ဆိုးရွားစွာထိခိုက်စေသည့် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များနှင့် တင်းကျပ်သော ပရိုတိုကောများ ချမှတ် ရန် အစိုးရများကို တွန်းအားပေးခဲ့သည်။ထို့ကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် ကဏ္ဍတစ်ခုလုံး ပြိုလဲခဲ့သည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းကို မပြိုလဲစေရန် နိုင်ငံများက ဗိုင်းရပ်စ်ကို အံတုကာ ကြိုးပမ်းခဲ့ကြ သည်။

တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုတွေနဲ့ အသွားအလာ ပိတ်ပင်မှုတွေကြောင့် ခရီး သွား လုပ်ငန်း တွေမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပြီး တရုတ်ခရီးသွားဦးရေ ကျဆင်းမှုကြောင့် တရုတ်ခရီး သွား အဓိက ဝင်ရောက်တဲ့ နိုင်ငံတွေမှာ ငွေကြေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိခဲ့သည်။

ကပ်ရောဂါမဖြစ်မီက တရုတ်ခရီးသွားများ၏ သုံးစွဲမှုသည် နိုင်ငံတကာခရီးသွားလုပ်ငန်း စုစုပေါင်းအသုံး စရိတ်၏ ၂၀ ရာခိုင်နှုန်းထိရှိသည်။ တရုတ်ခရီးသွားများက ၂၀၁၈ခုနှစ်တွင် ၂၇၇ ဘီလီယံနှင့် ၂၀၁၉ခုနှစ်တွင် ၂၅၅ ဘီလီယံ ကမ္ဘာ့တစ်ဝန်းသုံးစွဲခဲ့သည်။ ထို့ကြောင့် တရုတ်ခရီးသွားလုပ်ငန်း ပြန်လည်နိုးထလာချိန်တွင် ကမ္ဘာ့လှည့် ခရီးသွားလုပ်ငန်းကဏ္ဍသို့ ဒေါ်လာ ဘီလီယံ ၂၀၀ ခန့် ဝင်လာနိုင်သည်ဟု မျှော်လင့်ထားကြသည်။

တရုတ်နိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လာမယ့် နွေဦးကာလပွဲ တော်များ အတွင်း ခရီးသွားမှုနှင့် ခရီးသည်ပို့ဆောင်မှု ယခင်နှစ်ထက် ၉၉.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာ စေမည်ဖြစ် ကြောင်း နှင့် ၂၀၁၉ ခုနှစ်တုန်းက ခရီးသွားလာမှု၏ ၇၀.၃ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိမည် ဖြစ် ကြောင်း ခန့်မှန်းထား သည်။ ယင်းခန့်မှန်းချက် အရ ယခုနှစ် တရုတ် နိုင်ငံရဲ့ နှစ် သစ်ကူးခရီး သွားလာမှုကာလ (ဇန်နဝါရီလ ၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ)အတွင်း ခရီးသည် စုစု ပေါင်း ပမာဏမှာ လူဦးရေ ၂၀၉၅ သန်းခန့် ရှိနိုင်ကြောင်း ဖော်ပြထားသည်။

တရုတ်နှစ်သစ်ကူးချိန် ချိန်ကိုက်ကာ ခရီးသွားကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလိုက်ခြင်းက  ပြည် တွင်းမှာရော နိုင်ငံတကာမှာပါ ရုန်းကန်နေရသည့်  ခရီးသွားစီးပွားရေးကို မြှင့်တင်ရာမှာ အထောက်အကူ ဖြစ် မည် ဟု မျှော်လင့်ကြသည်။ ထို့ပြင် လက်လီစားသုံးသူကဏ္ဍကို အားပေးသည့်အတွက် ပြည်တွင်းတရုတ်စီးပွားရေး တိုး တက်မှုကိုလည်း အထောက်အကူပြုမယ်လို့ ခန့်မှန်းမှုတွေလည်း ရှိသည်။

ယခု ဇန်နဝါရီလ ပထမပတ်အတွင်းမှာပဲ တရုတ်နိုင်ငံ၏ ခရီးသွားသူဦးရေ ၃၄.၇၃ သန်းကျော် ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ကာလတူထက် ၃၈.၉ရာခိုင်နှုန်း တိုးလာခဲ့သည်။ လက်လီစားသုံးမှုတွင်လည်း တက်လာကာ စီးပွားရေး မြို့ ဖြစ်သည့် ရှန်ဟိုင်းမြို့တွင်  ကိုဗစ်စည်းကမ်းလျော့ပေါ့ပြီးနောက် ၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက်နေ့ကနေ ၂၀၂၃ ဇန်နဝါရီလ ၁ ရက်နေ့အကြား အပြင်ထွက် စားသုံးမှုတန်ဖိုးမှာ ယွမ် ၁၂.၀၁ ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း Consumer Market Big Data Laboratory က ထုတ်ပြန်ခဲ့သည်။

တရုတ်အထွေထွေအုပ်ချုပ်ရေးအကောက်ခွန်ရုံး၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားကုန်သွယ်ရေး တန်ဖိုးဟာ ယွမ် ၄၀ ထရီလီယံကို ရောက်ရှိခဲ့ကြောင်း ဆိုပါတယ်။ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး ယွမ် ၄၂.၀၇ ထရီလီယံဟာ ယခင်နှစ်ထက် ၇.၇ ရာခိုင်နှုန်း တိုးတက်ခြင်းဖြစ်ပြီး နိုင်ငံတကာတွင် အများဆုံး ပမာဏအဖြစ် ၆ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သည်။

အခြားအချက်မှာ ပြီးခဲ့သော သုံးနှစ်အတွင်း တရုတ်နိုင်ငံသို့ မသွားရောက်နိုင်ခဲ့သော နိုင်ငံတကာ ကျောင်း သားများအတွက် အကောင်းမြင်သော သတင်းတစ်ခုလည်း ဖြစ်သည်။ တရုတ်ကျောင်းသားများ အဓိကသွား ရောက်သည့် ဩစတြေးလျအတွက်လည်း သတင်းကောင်းဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးများသည် ၀င်ငွေ၏အဓိကရင်းမြစ်အဖြစ် ခရီးသွားလုပ်ငန်းကို အဓိကမှီခို နေရ ပြီး ကပ်ရောဂါကာလအတွင်း ရှင်သန်ရန် ရုန်းကန်နေကြရသည်။ သန်းရာနှင့်ချီသည့် တရုတ်နိုင်ငံမှ ခရီးသွားများ ကမ္ဘာ့တစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားပါက ဝင်ငွေဖြန်ဖြူးပုံမှန်ကာ ကမ္ဘာ့စီးပွားရေး တိုးတက်မှု အလား အလာ ရှိနေသည်ကို နိုင်ငံတကာ စီးပွားရေးပညာရှင်များက ထောက်ပြထားသည်။

ထို့ကြောင့် အိန္ဒိယ၊ စပိန်၊ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်နဲ့ အီတလီ စတဲ့နိုင်ငံတွေက တရုတ်ခရီး သွားတွေကို တင်းကျပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြချိန်တွင်  ရင်းနှီးမြုပ်နှံမှုနှင့် ဝင်ငွေ အခွင့်အလမ်း အများဆုံးရရှိရန် ကြိုးပမ်းမှုအဖြစ် ထိုင်း၊ကမ္ဘောဒီးယား၊လာအို၊ဖိလစ်ပိုင်စသည့်ဒေသတွင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများက အထက်ပါနိုင်ငံအချို့နှင့် ကွဲပြားစွာ တရုတ်ခရီးသွားများအတွက် လိုအပ်သော စာရွက် စာတမ်း များနှင့် စစ်ဆေးမှုများတွင် အဓိက ဖြေလျှော့ကြောင်း ကြေညာခဲ့သည်။

ထိုင်းအစိုးရကတော့ ထိုင်းနိုင်ငံထဲကို တရုတ် ခရီး သွား ဧည့်သည်ဦးရေ ၅ သန်းခန့် ဝင်ရောက်ဖို့ မျှော် လင့်ထားပြီး လက်ရှိမှာ နေ့စဉ်တရုတ်ခရီးသွားတွေ ထောင် သောင်းချီ ဝင်ရောက်နေကြောင်း ဆိုသည်။ ထို့အတူ မလေးရှားအနေဖြင့်လည်း တရုတ်ခရီးသွားများအပေါ် ကန့် သတ်ချက်ထားရှိမည်မဟုတ်ဘဲ ယခုနှစ် အတွင်း တရုတ်ခရီးသွား ၃ သန်းခန့်ကို လက်ခံဖို့မျှော်လင့်ထားတယ်လို့ ဆိုသည်။

ကမ္ဘောဒီးယားကလည်း တရုတ်ခရီးသွားများကို အခြားခရီးသွားများနှင့် တန်းတူလက်ခံသွားပြီး တရုတ် ခရီးသွား ၂ သန်း လက်ခံသွားရန် ရည်မှန်း ထားတယ်လို့ ဆိုပါတယ်။ ကပ်ရောဂါမတိုင်မီတွင် ကမ္ဘောဒီး ယားသို နှစ်စဉ် တရုတ် ခရီးသွား ၂ သန်းကျော်ဝင်ရောက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံတကာခရီး သွားဝင် ရောက်မှုရဲ့ ၄၀ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။

ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်မှာ အာဆီယံ၁၀ နိုင်ငံသို့ ခရီးသွားခဲ့သော တရုတ်ခရီးသွား ၃၂ သန်း ရှိပြီး၂၀၂၀ခုနှစ်တွင်  ၄ သန်းထိ  လျော့ကျခဲ့သော်လည်း ယခုအခါ ခရီးသွားစည်းမျဉ်းများ လျှော့ချပေးသော ကြောင့် အာရှ-ပစိဖိတ် ခရီး သွားလုပ်ငန်း ပြန်လည်နာလန်ထူရေးကို အားဖြည့်ပေးနိုင်မယ်လို့ မျှော်လင့်နေကြ သည်။  

ခရီးသွားလုပ်ငန်းသည် တရုတ်ခရီးသွားများ လာရောက်လည်ပတ်မှု ၊ ၎င်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ အလွန်အပြုသဘော ဆောင်သော်လည်း နိုင်ငံရေး ပယောဂပါနေသည့် နောက်တစ်ကြိမ် ကမ္ဘာလုံး ဆိုင်ရာ Covid လှိုင်းယူဆချက်ကြောင့် အချို့နိုင်ငံများက တရုတ်ခရီးသွားများ လာရောက်လည်ပတ်မှုကို လက်ခံ ရန် တွန့်ဆုတ်နေကြသည်။ သို့သော် ထိုစိုးရိမ်ကြောင့်ကြမှုဖြစ်သည့် Covid  မျိုးကွဲသစ်ပေါ်ပေါက်နိုင်ချေနှင့် ပတ် သက်ပြီး တိကျခိုင်မာသည့် သက်သေမပေါ်ပေါက်သေးချေ။ ဥရောပကျန်းမာရေးကောင်စီက တရုတ်ခရီးသွားများ တွင် ကူးစက်ခံထားရသည့် ကိုဗစ်ဗိုင်းရပ်စ်မှာ ဥရောပတွင် ဖြစ်ပွားခဲ့ဖူးပြီးသည့် ဗိုင်းရပ်စ်မျိုးကွဲသာဖြစ်သည်ဟုဆို သည်။

တရုတ်သည်  နိုင်ငံတကာတိုးတက်မှုအတွက် အကြီးမားဆုံးသော တွန်းအားဖြစ်ပြီး နိုင်ငံတကာ စီးပွား ရေး ၃၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသော နိုင်ငံလည်းဖြစ်ရာ သန်းရာနှင့်ချီသော တရုတ်ခရီးသွားများ၏ သုံးစွဲမှု ကြောင့် နှေးကွေးနေသော ကမ္ဘာ့စီးပွားရေးပြန်လည်သွက်လက်လာလိမ့်မည့်ဟု  နိုင်ငံတကာခရီးသွားလုပ်ငန်းများနှင့် အစိုးရများက  ယုံကြည်မျှော်လင့်ထားကြလေသည်။

 

လင်းသစ်အောင်