【 နိုင်ငံတကာဆောင်းပါး 】တရုတ်တွင် ဖြစ်ပွားခဲ့သော အရေးပါသော ဖြစ်စဉ်ပေါင်း ၁၀ ခု

【 နိုင်ငံတကာဆောင်းပါး 】တရုတ်တွင် ဖြစ်ပွားခဲ့သော အရေးပါသော ဖြစ်စဉ်ပေါင်း ၁၀ ခု

ကျောင်းသင်ခန်းစာကို live stream လွှင့်ခဲ့တဲ့ Taikonauts အာကာသယာဉ်မှူးများ

တရုတ်နိုင်ငံက Shenzhou-13 အာကာသယာဉ်ပေါ်က ယာဉ်မှူးများဖြစ်ကြတဲ့ ချိုင်ဇီကန်း၊ ဝမ်ဘာပိန်း နှင့် ယီကွန်ဖုတို့ဟာ သိပ္ပံသင်ခန်းစာတစ်ခုကို နိုင်ငံရဲ့ အာကာသစခန်းပေါ်ကနေ livestream ဖြင့် တိုက်ရိုက်သင်ကြားပေးမှု ပြုလုပ်ခဲ့ပါတယ်၊ ထိုသင်ခန်းစာကို ကျောင်းသားပေါင်းတစ်ထောင်ကျော်က တိုက်ရိုက်သင်ယူလေ့လာခဲ့ကြပါတယ်။

ငွေကြေးဖောင်းပွမှု ကျဆင်းလာ

တရုတ်နိုင်ငံရဲ့ ကုန်စည်ငွေကြေးဖောင်းပွမှုဟာ နိုဝင်ဘာလတွင် ၁၂.၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီးနောက် အောက်တိုဘာလတွင် ၂၆ နှစ်အတွင်း ၁၃.၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးသို့ရောက်သွားခဲ့ပါတယ်။

မြင့်တက်လာသော ကျောက်မီးသွေး၊ သတ္တု နှင့် အခြားသော ကုန်ကြမ်းပစ္စည်းများ စျေးနှုန်းမြင့်တက်လာမှုကို ထိန်းသိမ်းရန် မူဝါဒကို မိတ်ဆက်အကောင်အထည် ဖော်ပြီးနောက် PPI ကလည်း ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။

 စံချိန်တင်မြင့်တက်လာသော ပစ္စည်းပို့ဆောင်ရေးလုပ်ငန်း

တရုတ်နိင်ငံရဲ့ ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းဟာ ၂၀၂၁ ခုနှစ်တွင် စံချိန်တင် ပါဆယ်ပို့ဆောင်မှုပေါင်း ၁၀၀ ဘီလီယံအထိ ပြုလုပ်နိုင်ခဲ့ပြီး ကမ္ဘာပေါ်တွင် ပစ္စည်းတင်ပို့မှု အများဆုံး လုပ်နိုင်သော နိုင်ငံအဖြစ် ၈ နှစ် ဆက်တိုက် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို စံချိန်တင်လာနိုင်သည့် အကြောင်းအရင်းများကတော့ အွန်လိုင်း လက်လီရောင်းချခြင်း၊ စိုက်ပျိုး ရေးထုတ်ကုန်များ နှင့် နယ်စပ်ကုန်သွယ်ရေး e-commerce အပြင် စက်မှုလုပ်ငန်းများမှ ထုတ်ကုန်များလည်း ပါဝင်ကြောင်း တာဝန်ရှိသူများက ပြောပါတယ်။

မြင့်တက်လာသော တရုတ်နိုင်ငံ၏ သွင်းကုန်

တရုတ်နိုင်ငံ၏ သွင်းကုန်ဟာ ယခင်နှစ်က ဒေါ်လာတန်ဖိုးနဲ့ နှိုင်းယှဉ်ကြည့်ပါက ၃၁.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး မြင့်တက်လာသော ကုန်ဈေးနှုန်း နှင့် မြင့်တက်လာသော ကျောက်မီးသွေး စျေးနှုန်း၊ လောင်စာဆီမလုံလောက်တော့မှာ စိုးရိမ်မှုအကြား သွင်းကုန်ကလည်း မြင့်တက်လာတာ ဖြစ်ပါတယ်။ 

အမြင့်ဆုံး သစ်ပင်ပေါ်ကနေ အစေ့ယူနိုင်ခြင်း 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင်ရှိသော ယူနန်ပြည်နယ်က သိပ္ပံပညာရှင်များဟာ နိုင်ငံတွင် အမြင့်ဆုံးသစ်ပင်လို့ လူသိများတဲ့ အပင်ပေါ်က အစေ့ကို ရယူနိုင်ခဲ့ကြပါတယ်။ Taiwania cryptomerioides လို့ခေါ်ကြတဲ့ ထိုအပင်ဟာ အမြဲတမ်း စိမ်းလန်းနေပြီး ယူနန်ပြည်နယ်က တောင်တန်းတွင် အများစုပေါက်တတ်ပြီး မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေသော နေရာများတွင် မြင်ရပါတယ်။

ထိုအပင်ဟာ အမြင့်မီတာပေါင်း ၇၂ မီတာရှိပြီး အကျယ်ကတော့ ၂၅၀ စင်တီမီတာ ကျယ်ဝန်းပါတယ်၊ အပင်ဟာ နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိပြီဖြစ်ပါတယ်။

 ဆိပ်ကမ်းကို ပြန်ရောက်လာသော သုတေသီသဘော

သုတေသီသဘောဖြစ်တဲ့ Tansuo-1 ဟာ တရုတ်နိုင်ငံတောင်ပိုင်းတွင် တည်ရှိသော ဟိုင်နန်ပြည်နယ်က ဆန်ညာမြို့ကို ပြန်လည်ရောက်ရှိလာပြီး မာရီယာနာချောက် (Mariana Trench) တွင် ရေနက်ပိုင်း လေ့လာမှုကို ပြုလုပ်ပြီးနောက် ပြန်ရောက်လာတာ ဖြစ်ပါတယ်။

ထိုသဘောဟာ တရုတ်နိုင်ငံက ကိုယ်တိုင်ထုတ်လုပ်ထားသော သဘောဖြစ်ပြီး ပင်လယ်ရေအောက်တွင် မောင်းနှင်နိုင်သော သဘောဖြစ်ပါတယ်။ ထိုသဘောဟာ ရေနက်ပိုင်းကို အကြိမ်ပေါင်း ၂၃ ကြိမ်အထိ ဆင်းနိုင်ခဲ့ပြီး မီတာ ၁၀၀၀၀ အောက်နက်သော နေရာသို့ ၆ ကြိမ် အထိ ၅၃ ရက်နေ့ကြာသော လေ့လာခရီးတွင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ထိုခရီးစဉ်ကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်ခဲ့တာ ဖြစ်ပါတယ်။

 တိဘက်ရေခဲတောင်ကနေ နမူနာများကို သိပ္ပံပညာရှင်များ ရယူနိုင်ခဲ့

တရုတ်သိပ္ပံပညာရှင်များဟာ ရေခဲတောင်တွင် လေးနေရာကို အောက်ခြေအထိ တူးဖော်နိုင်ခဲ့ပြီး ပင်လယ်ရေအမြင့်ပေ ၆၀၀၀ ကျော်တွင် ထိုတူးဖော်မှုကို လုပ်နိုင်ခဲ့ပါတယ်၊ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ တိဘက်တွင် ရေခဲတောင်အောက်ကိုတူးဖော်မှု ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခင်ကလည်း ဒီလိုမြင့်မားသော ရေခဲတောင်ပေါ်တွင် နမူနာယူရန် ကြိုးပမ်းခဲ့သော်လည်း ကုန်ပစ္စည်းသယ်ယူရန် ခက်ခဲမှုကြောင့် မပြုလုပ်နိုင်ခဲ့ပါဘူး၊ သို့သော်လည်း ခုတော့ သိပ္ပံပညာရှင်များဟာ ရဟတ်ယာဉ်ကို အသုံးပြုပြီး လိုအပ်သော ပစ္စည်းများကို သယ်ယူနိုင်ခဲ့သောကြောင့် တူးဖော်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာရုပ်မြင်သံကြားထုတ်လွှင့်မှု နှစ်ပေါင်း ၈၀ ရှိလာသောတရုတ်နိုင်ငံ

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပြီးခဲ့တဲ့ သောကြာနေ့တွင် Chinese People’s Overseas Broadcasting Services စတင်ခဲ့တာ နှစ်ပေါင်း ၈၀ ပြည့်နှစ်အတွက် ဂုဏ်ယူကြောင်း ထည့်ဝင်ပြောကြားခဲ့ပါတယ်။၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် CPC ဟာ ရေဒီယိုအသုံးထုတ်လွှင့်မှုအစီအစဉ်ဖြစ်တဲ့ Yan’an ကို စတင်ခဲ့ပြီး ဂျပန်နိုင်ငံတွင် အသံလွှင့်မှုကို စတင်ခဲ့ပါတယ်။

 နိုင်ငံဘောလုံးအသင်းကို လက်ရွေးစင်ကစားသမားဟောင်း နည်းပြကိုင်တွယ်တော့မည်

တရုတ်ဘောလုံအဖွဲ့ချုပ်ဖြစ်တဲ့ Chinese Football Association ဟာ သောကြာနေ့တွင် နည်းပြချုပ် လီတိုင်ရဲ့ အနားယူနုတ်ထွက်မည့် လျှောက်လွှာစာကို လက်ခံခဲ့ပြီး အမျိုးသားဘောလုံးအသင်းအတွက် လက် ရွေးစင်ကစားသမားဟောင်း ဖြစ်ပြီး ဝူဟန်ကလပ်ရဲ့ နည်းပြဖြစ်သူ လီချောင်ပဲန်ကို အစားထိုး ခန့်အပ်လိုက်ပါတယ်။

စီးကရက်ထိန်းချုပ်ရန် ခြေလှမ်း

တရုတ်အစိုးရလက်အောက်တွင်ရှိသော State Tobacco Monopoly Administration ရဲ့ ကြာသပတေးနေ့တွင် ထုတ်ပြန်ချက်အရ အီး-စီးကရက်ကို ထိန်းချုပ်ရန် ဥပဒေမူကြမ်းကို ရေးဆွဲနိုင်ခဲ့ပြီဖြစ်ကြောင်း နှင့် စီးကရက်လုပ်ငန်းများ တိုးတက်လာစေမည့် စည်းမျဉ်းစည်းကမ်းများဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အသစ်ရေးဆွဲထားသော ဥပဒေကြမ်းအရ တရုတ်နိုင်ငံတွင် အီး-စီးကရက်ရောင်းချသော နိုင်ငံများဟာ အမျိုးသားစံနှုန်းကို လိုက်နာရမှာဖြစ်ပြီး တရားဝင်စီးပွားရေးလုပ်ကိုင်နိုင်ရန်အတွက် စည်းကမ်းချက်များ ကို လိုက်နာရန်လိုအပ်ကြောာင်း ထုတ်ပြန်ထားပါတယ်။

Naing

Ref:CMG| Year-end review: Milestones of China Space Station in 2022