【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး အဝါရောင်ရေတံခွန်ကြီး

【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး အဝါရောင်ရေတံခွန်ကြီး         

တရုတ်နိုင်ငံအတွင်းမှာ ကမ္ဘာ့အကြီးဆုံးလို့ သတ်မှတ်ထားပြီး၊ အလွန်တရာလှပတဲ့ အဝါရောင်ရေတံခွန် ကြီးရှိပါတယ်။အဝါရောင်ရေတံခွန်ကြီးကို ဟုခို (Hukou) လို့ အမည်ပေးထားပြီး တရုတ်နိုင်ငံအတွင်းရှိ ရေတံခွန်များအနက် ဒုတိယအကြီးဆုံး ရေတံခွန်ကြီးလည်းဖြစ်ပါတယ်။

ဟုခို (Hukou) ရေတံခွန်ဟာ တရုတ်နိုင်ငံ၊ ဆန်းရှီးပြည်နယ်၊ ချန်ကျစ်မြို့ရဲ့ ရှုမျှော်ခင်းနေရာလို့ သတ်မှတ်ထားတဲ့ အပန်းဖြေနေရာမှာ တည်ရှိပါတယ်။၎င်းရေတံခွန်ကြီးရဲ့ အလွန်သာယာလှပမှုက ခရီးသွားတွေကို ဆွဲဆောင်လျက် ရှိပါတယ်။

ဟုခို (Hukou) ဆိုတဲ့ အဓိပ္ပါယ်ကတော့ လက်ဖက်ရည်အိုးရဲ့ နှုတ်ခမ်းဝလို့ အဓိပ္ပါယ်ရပြီး၊ ရေတံခွန်ကြီးရဲ့ အဝါရောင်ရေတွေကိုတော့ လက်ဖက်ရည်အိုးကနေ ထွက်လာတဲ့ လက်ဖက်ရည်တွေလို့ ဒေသခံတွေက တင်စားထားတာဖြစ်တယ်လို့ သိရပါတယ်။အဝါရောင်ရေတံခွန်ကြီးလို့ ခေါ်ရတဲ့ အကြောင်းအရင်းကတော့ ရေထဲမှာ အနည်တွေအမြောက်အများပါဝင်တာကြောင့် အဝါရောင်ဖြစ်နေတာကို ဆိုလိုတာဖြစ်ပါတယ်။

သမိုင်းမှတ်တမ်းတွေအရ ဟုခို (Hukou) ရေတံခွန်ကြီး စတင်ပေါ်ပေါက်လာခဲ့တာကတော့ တရုတ်နိုင်ငံရဲ့ အသက်သွေးကြောလို့ ဆိုရမယ့် မြစ်ဝါမြစ်နဲ့ သက်ဆိုင်နေပါတယ်။လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက မြစ်ဝါမြစ် ရေတိုက်စားမှုကြောင့် ဟုခို (Hukou) ရေတံခွန်ကြီး ပေါ်ပေါက်လာတာဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပြီး၊ သမိုင်းကြောင်း ကြီးကျယ်တဲ့ မြစ်ဝါမြစ်ရဲ့ အမှတ်သင်္ကေတဖြစ်လာခဲ့ပါတယ်။

တရုတ်နိုင်ငံတွင်း ခရီးသွားလုပ်ငန်းတိုးတက်မှု မြင့်မားလာတာနဲ့အမျှ ရင်သပ်ရှုမောဖွယ်အလှအပတွေနဲ့ ဟုခို (Hukou) ရေတံခွန်ဟာ ရေပန်းစား နာမည်ကျော်ကြားလာခဲ့ပြီး၊ သဘာဝရှုခင်း ခရီးသွားနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဟုခို (Hukou) ရေတံခွန် တည်ရှိတဲ့ တရုတ်နိုင်ငံမြောက်ပိုင်းမှာ အပူချိန်တွေဆက်တိုက် ဆိုသလို ကျဆင်းခဲ့ပါတယ်။ထိုသို့ အပူချိန်တွေ ဆက်တိုက်ကျဆင်းခဲ့တဲ့အတွက် ဟုခို (Hukou) ရေတံခွန်နဲ့ မြစ်ဝါမြစ်ရေတွေဟာ ရေခဲသွားခဲ့ပြီး အလွန်လှပတဲ့ ပုံရိပ်တွေအဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။

ဟုခို (Hukou) ရေတံခွန်မှ ကျဆင်းလာတဲ့ ရေစက်တွေဟာ ရေခဲမှုန် ရေခဲမွှားတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး၊ ‌ရေခဲတိုင်တွေဖြစ်ပေါ်လာခဲ့ပါတယ်။ဒေသခံတွေက ဟုခို (Hukou) ရေတံခွန်ကြီးကို လာရောက်သင့်တဲ့အချိန်ဟာ ဆောင်းရာသီဖြစ်တယ်လို့ဆိုထားပြီး၊ ရာသီဥတုအလွန်အေးပေမယ့် သဘာဝရှုခင်းတွေဟာ ရင်သပ်ရှုမောဖွယ်ကောင်းတယ်လို့ ဆိုကြပါတယ်။

တရုတ်နိုင်ငံအစိုးရဟာ ဟုခို (Hukou) ရေတံခွန်ကြီးနဲ့ ပတ်ဝန်းကျင်ဧရိယာရဲ့ ဂေဟစနစ်ဆိုင်ရာ အရေးပါမှုကို အသိအမှတ်ပြုပြီး ၎င်းရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ မြစ်ဝါ မြစ်ရဲ့ ရေအရည်အသွေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ဒေသတွင်း ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ဖို့ နဲ့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ဟုခို (Hukou) ရေတံခွန်ကြီးနဲ့ အနီးနေရာဝန်းကျင်တွေကို ထိန်းသိမ်းကာကွယ်ဖို့ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး၊ ဒေသခံတွေအတွက် ခရီးသွားလုပ်ငန်းကနေ ဝင်ငွေများစွာရရှိစေဖို့ ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။

မိုးသီဟန်

                【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး အဝါရောင်ရေတံခွန်ကြီး                                                                                                               

 

တရုတ်နိုင်ငံအတွင်းမှာ ကမ္ဘာ့အကြီးဆုံးလို့ သတ်မှတ်ထားပြီး၊ အလွန်တရာလှပတဲ့ အဝါရောင်ရေတံခွန် ကြီးရှိပါ တယ်။အဝါရောင်ရေတံခွန်ကြီးကို ဟုခို (Hukou) လို့ အမည်ပေးထားပြီး တရုတ်နိုင်ငံအတွင်းရှိ ရေတံခွန် များအနက် ဒုတိယအကြီးဆုံး ရေတံခွန်ကြီးလည်းဖြစ်ပါတယ်။

ဟုခို (Hukou) ရေတံခွန်ဟာ တရုတ်နိုင်ငံ၊ ဆန်းရှီးပြည်နယ်၊ ချန်ကျစ်မြို့ရဲ့ ရှုမျှော်ခင်းနေရာလို့ သတ် မှတ် ထားတဲ့ အပန်းဖြေနေရာမှာ တည်ရှိပါတယ်။၎င်းရေတံခွန်ကြီးရဲ့ အလွန်သာယာလှပမှုက ခရီးသွားတွေကို ဆွဲဆောင်လျက် ရှိပါတယ်။

ဟုခို (Hukou) ဆိုတဲ့ အဓိပ္ပါယ်ကတော့ လက်ဖက်ရည်အိုးရဲ့ နှုတ်ခမ်းဝလို့ အဓိပ္ပါယ်ရပြီး၊ ရေတံခွန်ကြီးရဲ့ အဝါ ရောင်ရေတွေကိုတော့ လက်ဖက်ရည်အိုးကနေ ထွက်လာတဲ့ လက်ဖက်ရည်တွေလို့ ဒေသခံတွေက တင်စား ထား တာဖြစ်တယ်လို့ သိရပါတယ်။အဝါရောင်ရေတံခွန်ကြီးလို့ ခေါ်ရတဲ့ အကြောင်းအရင်းကတော့ ရေထဲမှာ အ နည်တွေအမြောက်အများပါဝင်တာကြောင့် အဝါရောင်ဖြစ်နေတာကို ဆိုလိုတာဖြစ်ပါတယ်။

            သမိုင်းမှတ်တမ်းတွေအရ ဟုခို (Hukou) ရေတံခွန်ကြီး စတင်ပေါ်ပေါက်လာခဲ့တာကတော့ တရုတ်နိုင်ငံရဲ့ အသက်သွေးကြောလို့ ဆိုရမယ့် မြစ်ဝါမြစ်နဲ့ သက်ဆိုင်နေပါတယ်။လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက မြစ်ဝါမြစ် ရေတိုက်စားမှုကြောင့် ဟုခို (Hukou) ရေတံခွန်ကြီး ပေါ်ပေါက်လာတာဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပြီး၊ သမိုင်းကြောင်း ကြီးကျယ်တဲ့ မြစ်ဝါမြစ်ရဲ့ အမှတ်သင်္ကေတဖြစ်လာခဲ့ပါတယ်။

တရုတ်နိုင်ငံတွင်း ခရီးသွားလုပ်ငန်းတိုးတက်မှု မြင့်မားလာတာနဲ့အမျှ ရင်သပ်ရှုမောဖွယ်အလှအပတွေနဲ့ ဟုခို (Hukou) ရေတံခွန်ဟာ ရေပန်းစား နာမည်ကျော်ကြားလာခဲ့ပြီး၊ သဘာဝရှုခင်း ခရီးသွားနေရာတစ်ခုဖြစ်လာ ခဲ့ပါတယ်။လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဟုခို (Hukou) ရေတံခွန် တည်ရှိတဲ့ တရုတ်နိုင်ငံမြောက်ပိုင်းမှာ အပူချိန် တွေဆက်တိုက် ဆို သလို ကျဆင်းခဲ့ပါ တယ်။ထိုသို့ အပူချိန်တွေ ဆက်တိုက်ကျဆင်းခဲ့တဲ့အတွက် ဟုခို (Hukou) ရေတံခွန်နဲ့ မြစ်ဝါမြစ်ရေတွေဟာ ရေခဲသွားခဲ့ပြီး အလွန်လှပတဲ့ ပုံရိပ်တွေအဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။

ဟုခို (Hukou) ရေတံခွန်မှ ကျဆင်းလာတဲ့ ရေစက်တေွဟာ ရေခဲမှုန် ရေခဲမွှားတွေအဖြစ် ပြောင်း လဲ သွားခဲ့ပြီး၊ ‌ရေခဲတိုင်တွေဖြစ်ပေါ်လာခဲ့ပါတယ်။ဒေသခံတွေက ဟုခို (Hukou) ရေတံခွန်ကြီးကို လာ ရောက်သင့် တဲ့အချိန်ဟာ ဆောင်းရာသီဖြစ်တယ်လို့ဆိုထားပြီး၊ ရာသီဥတုအလွန်အေးပေမယ့် သဘာဝရှုခင်းတွေဟာ ရင်သပ် ရှုမောဖွယ်ကောင်းတယ်လို့ ဆိုကြပါတယ်။

တရုတ်နိုင်ငံအစိုးရဟာ ဟုခို (Hukou) ရေတံခွန်ကြီးနဲ့ ပတ်ဝန်းကျင်ဧရိယာရဲ့ ဂေဟစနစ်ဆိုင်ရာ အရေး ပါမှုကို အသိအမှတ်ပြုပြီး ၎င်းရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါ တယ်။ မြစ်ဝါ မြစ်ရဲ့ ရေအရည်အသွေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ဒေသတွင်း ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ဖို့ နဲ့ ခရီးသွား လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ဟုခို (Hukou) ရေတံခွန်ကြီးနဲ့ အနီးနေရာဝန်းကျင်တွေကို ထိန်းသိမ်းကာကွယ်ဖို့ ဆက် လက်ဆောင်ရွက်လျက်ရှိပြီး၊ ဒေသခံတွေအတွက် ခရီးသွားလုပ်ငန်းကနေ ဝင်ငွေများစွာရရှိစေဖို့ ဆောင် ရွက်ပေး လျက်ရှိနေပါတယ်။

မိုးသီဟန်