【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံ၏တိုးတက်မှု လမ်းကြောင်းများ

【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံ၏တိုးတက်မှု လမ်းကြောင်းများ

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများနှင့် နိုင်ငံတကာတွင် ရှုပ်ထွေးသော ပြောင်းလဲမှုများ ရှိခဲ့သော်လည်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဟာ ရဲဘော်ရှီကျင့်ဖျင်၏ ခေါင်းဆောင်မှုဖြင့် တရုတ်နိုင်ငံကို ၂၀၂၀ တွင် ကြီးမားသောတိုးတက်မှုကို ရရှိစေခဲ့ပါတယ်။။

တရုတ်ကွန်မြူနစ်ပါတီ၏ အာဏာကို အသုံးပြုပြီး၊ ပြည်သူလူထုကို ဦးစားပေးကာ၊ အဖွဲ့အစည်းဆိုင်ရာ အားသာချက်များကို ကောင်းမွန်စွာ အသုံးပြုခဲ့ခြင်းဟာ ပြီးခဲ့တဲ့နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ဆင်းရဲမွဲတေမှုများတွင် တရုတ်နိုင်ငံကို ကြီးမားသောအောင်မြင်မှု ရရှိစေခဲ့ပါတယ်။

ပြည်သူ့ဦးစားပေး

ရှီကျင့်ဖျင်၏ ဦးဆောင်မှုအောက်တွင် တရုတ်၏စဉ်ဆက်မပြတ်တိုက်ပွဲဆင်နွဲနေသော ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ပြည်သူလူထုကို ဦးစားပေးရေးဟာ အဓိကဖြစ်ပါတယ်။

“ပြည်သူလူထု၏ ဘေးကင်းရေးနှင့် ကျန်းမာရေးဟာ အမြဲတမ်းပထမဦးစားပေးပဲ၊ ထို့အပြင် ကပ်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဟာ နိုင်ငံ၏ အရေးကြီးသော အလုပ်ဖြစ်တယ်” ဟု ရှီကျင့်ဖျင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ အထွေထွေညွှန်ကြားရေးမှူးဖြစ်တဲ့ တက်ဒရိုစ်အာဒမ်နိုဂီဘရီယေဇူးစ်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလက တွေ့ဆုံမှုတွင် ပြောကြားခဲ့ပါတယ်။

ထို့ကြောင့် တရုတ်ကွန်မြူနစ်ပါတီဟာ စိန်ခေါ်မှုများအကြား ပြည်သူများအတွက် အားကိုးအားထားရာ ကျော်ထောက်နောက်ခံလည်းဖြစ်ပါတယ်၊ ရှီကျင့်ဖျင်ဟာ ကပ်ရောဂါတိုက်ဖျက်အရေးအတွက် နိုင်ငံ၏အရင်းအမြစ်များအားလုံးကို အသုံးပြုရန် ညွှန်ကြားခဲ့ခြင်းဟာ တရုတ်ဆိုရှယ်လစ်စနစ်၏ အားသာချက်လည်းဖြစ်ပါတယ်။

ထို့ကြောင့် တရုတ်နိုင်ငံဟာ ဗိုင်းရပ်စ်ကို ပထမဆုံး ထိန်းချုပ်နိုင်ခဲ့သော နိုင်ငံဖြစ်လာခဲ့ကာ၊ စီးပွားရေးလည်ပတ်မှုကို ဘေးကင်းစွာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကာ စီးပွားရေးတိုးတက်မှုကို ပြန်လည်ဖော်ဆောင်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ၏ ဂျီဒီပီဟာ ၂၀၂၀ တွင် ယွမ် ၁၀၀ ထရီလီယံအထိ တိုးတက်လာမည်ဟု ခန့်မှန်းရပြီး လူတစ်ဦးချင်း၏ ဝင်ငွေကလည်း ကန်ဒေါ်လာ ၁၀၀၀၀ အထိ တိုးလာမည်ဟု ခန့်မှန်းထားပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်ဟာ ဆေးပညာရှင်အဖွဲ့ ၃၆ ဖွဲ့ကို နိုင်ငံပေါင်း ၃၄ နိုင်ငံကို စေလွှတ်ခဲ့ပြီး နိုင်ငံ ပေါင်း ၁၅၀ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၀ ခုကို ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက်ကို ကူညီပေးရန် ကမ်းလှမ်းခဲ့ပြီး ရှီကျင့်ဖျင်၏ လူသားများအတွက် ဘုံကျန်းမာရေးလူမှုအသိုင်းအဝိုင်းတည်ဆောက်ရေးမှာကြားချက်ကို ထင်ဟပ်ပြနေခြင်ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို အများပြည်သူကောင်းကျိုးအတွက် နိုင်ငံတကာကို ဖြန့်ဝေမည်ဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံ၏ ကာကွယ်ဆေးရရှိပိုင်ခွင့်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ စျေးတက်နိုင်သော နှုန်းထားဖြင့် ရောင်းချပေးရေးတွင် ပါဝင်မှုဖြစ်ပြီး ဒီအကြောင်းအရာကိုလည်း ရှီကျင့်ဖျင်က ၇၃ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအစည်းအဝေးတွင် ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

မည်သူမှ မကျန်ရစ်စေရေး

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်းက ကွေ့ကျိုးပြည်နယ်တွင် ဆင်းရဲမွဲတေမှုအားလုံးကို လျော့ချစေနိုင်ကာ ဆင်းရဲသားများအားလုံးကို ဆင်းရဲမှုစာရင်းကနေ ဖယ်ရှားနိုင်ခဲ့ပါတယ်။

မတ်လတွင်လည်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတွင်လည်း အရေးကြီးသော အောင်မြင်မှုကို ရရှိခဲ့ကာ ၂၀၂၀ တွင် ကျေးလက်ဒေသနေထိုင်းသော ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် နေထိုင်သောသူများကို ကယ်တင်နိုင်ခဲ့ကြောင်း ရှီကျင့်ဖျင်က ပြောကြားခဲ့ပြီး ဒါဟာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီရဲ့ ကတိဖြစ်ပြီး ဒါဟာ အချိန်နဲ့အညီ ပြည့်မှီအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါတယ်။

ရှီကျင့်ဖျင်ဟာ သူ့ရဲ့ အုပ်ချုပ်မှုရှေ့ရေးတွင် ဆင်းရဲသူများကယ်ဆယ်ရေးကို  ဦးစားပေးခဲ့ပြီး စွမ်းအားအများစုကို ဒီကဏ္ဍမှာပဲ အသုံးပြုခဲ့ပါတယ်။ သူ့ရဲ့ ပြီးခဲ့တဲ့နှစ်တွင် ပြည်တွင်းစစ်ဆေးရေးခရီးစဉ်တွင် ရှီကျင့်ဖျင်ဟာ ဆင်းရဲသားများ ကယ်ဆယ်ရေး လုပ်ငန်းများ၏ ရှေ့တန်းကို ကိုယ်တိုင်သွားရောက် ကွပ်ကဲခဲ့ပါတယ်။

“ဆိုရှယ်လစ်လမ်းစဉ်တွင် မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရစ်စေရဘူး။ ကဏ္ဍအားလုံးနှင့် ဘုံကြွယ်ဝချမ်းသာမှုတွင် အသင့်သင့်ကြွယ်ဝချမ်းသာသော လူမှုအတိုင်းအဝိုင်း လမ်းကြောင်းပေါ် အားလုံးလမ်းလျှောက်ရမယ်” ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

Ref:CMG|What drives China's success in 2020?

 

Naing