【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံ၏ ကမ္ဘာ့ရာသီဥတုဆိုင်ရာ အခန်းကဏ္ဍ

【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံ၏ ကမ္ဘာ့ရာသီဥတုဆိုင်ရာ အခန်းကဏ္ဍ 

၂၀၀၇ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် National Development and Reform Commission တွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယဝန်ကြီး မာကိုင်က “ရာသီဥတုပြောင်းလဲမှုဟာ တရုတ်နိုင်ငံအတွက် ရေရှည်ခိုင်မာသော ဖွံ့တိုးတက်မှုကို အကောင်အထည်ဖော်စေရန် စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်။ ရာသီဥတု ပြောင်းလဲမှုထိန်းချုပ်ရေးမူဝါဒများကို အကောင်အထည်ဖော်ခြင်းဟာ ကုန်ကျစရိတ်ကြီးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နှောင့်နှေးနေပါက ကုန်ကျစရိတ်ဟာ ပိုမိုကြီးမားနိုင်ပါတယ်။အစောဆုံး အကောင်အထည်ဖော်ရမည်” ဟုပြောခဲ့ဖူးပါတယ်။

၁၅ နှစ်ကြာလာချိန်မှာတော့ တရုတ်နိုင်ငံဟာ နိုင်ငံတကာမှာ ဒါကို အကောင်အထည်ဖော်လာပါတယ်။ တရုတ်ဟာ နိုင်ငံတကာစံနှုန်းနဲ့ကိုက်ညီသော ရပ်တည်ချက်ကို ကျင့်သုံးနေပြီး၊ နိုင်ငံတကာအတူတူ အလုပ်လုပ်ပြီး ရာသီဥတုပြောင်းလဲမှုကို ပါရီမြို့သဘောတူညီချက်အောက်တွင် အကောင်အထည်ဖော်ရန် တိုက်တွန်းနေပါတယ်။

တရုတ်ဦးဆောင်မှုအောက်တွင် ရာသီဥတုပြောင်းမှု ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် တိုက်တွန်းနှိုးဆော်မှုဟာ သမ္မတဟောင်းဒေါ်နယ်ထရမ့် ပါရီမြို့သဘောတူညီချက်ကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့ချိန်တွင် အထူးအလေးထားခံရပါတယ်။

နိုင်ငံတော်၏ စီမံချက်ချမှတ်ပြီး ၁၀ နှစ်အကြာမှာတော့ စီးပွားရေးကို ပြန်လည်တည်ဆောက်ခြင်း၊ သန့်ရှင်းသော စွမ်းအင်အသုံးပြုမှုကို အားပေးခြင်းနှင့် စွမ်းအင်လုံလောက်မှုကို တိုးမြှင့်ဆောင်ရွက်ခြင်း များဆောင်ရွက်နေချိန် တချို့ကတော့ တရုတ်ဟာ ဘာလုပ်နေတာလဲဟု မေးခွန်းထုတ်နေကြပါတယ်။

နိုင်ငံတကာတွင်ပါဝင်မှု-ပါရီသဘောတူညီချက်

တရုတ်ဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ပါရီမြို့ သဘောတူညီချက်ကို ထပ်လောင်းအတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး အနာဂတ်ကမ္ဘာကြီးအတွက်အရေးပါသော အကြောင်းကို တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတအိုဘားမားတို့ ဟန်ကျူးမြို့တွင် ဆွေးနွေးရင်း လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

သဘောတူညီချက်များအရ ကမ္ဘာကြီးပူနွေးလာမှုကို စက်မှုတော်လှန်ရေးမတိုင်ခင်က အပူချိန်ထက် ၂ ဒီဂရီဆဲလ်ဆီးယပ်အောက်လျှော့ရန်ဖြစ်ပြီး အနည်းဆုံး ၁.၅ ဒီဂရီအထိ လျှော့ချရန်ဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပြီး အစိမ်းရောင် ကာဗွန်ထုတ်လွှတ်မှု နည်းပါးပြီး အရင်းအမြစ်များကို အသုံးပြုနိုင်သရွေ့အသုံးပြုခြင်းနှင့် တရုတ်နိုင်ငံ၏ အရင်းအမြစ်ထိန်းသိမ်းရေး မူဝါဒနှင့် ပတ်ဝန်းကျင် ကာကွယ်ရေးကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ပါတယ်။ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမည်ဖြစ်ပြီး ရာသီဥတု ပြောင်းလဲရေးပြဿနာကိုလည်း ဖြေရှင်းကာ အပိုလျှံထုတ်လုပ်မှုကိုလည်း ဖြေရှင်းမယ်” ဟု ရှီကျင့်ဖျင်က ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ပါရီမြို့သဘောတူညီချက်ကို ထပ်လောင်းအတည်ပြုချိန်တွင် ပြောကြားခဲ့ပါတယ်။

ဒီသဘောတူညီချက်အောက်တွင် တရုတ်နိုင်ငံဟာ ကာဗွန်ထုတ်လွှတ်မှုကို ၂၀၄၀ ခုနှစ်တွင် ဂျီဒီပီ ယူနစ်တစ်ခုတွင် ၆၀ ကနေ ၆၅ ရာခိုင်နှုန်းအထိလျှော့ချရန် ကတိပြုထားပြီး လောင်စာဆီမဟုတ်သော စွမ်းအင် အသုံးပြုမှုကို ၂၀ ရာခိုင်နှုန်း တိုးမြှင့်ပြီး ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးပမာဏကို ၂၀၃၀ ခုနှစ်ကစပြီး လျှော့တော့မည် ဖြစ်ပါတယ်။

BRI စီမံကိန်း

BRI စီမံကိန်းတွင် စွမ်းအင်ကဏ္ဍဟာ အရေးပါသောကဏ္ဍတစ်ခုဖြစ်ပါတယ်၊ ၎င်း၏ မူဘောင်အောက်တွင် တရုတ်ကုမ္ပဏီများဟာ ဆိုလာနည်းပညာများကို တင်ပို့နေပြီးလေတာဘိုင် နှင့် အသစ်ပြန်လည်ထုတ်လုပ်နိုင်သော စွမ်းအင်များကိုလည်း ဖွံ့ဖြိုးဆဲနိုင်ငံများသို့ တင်ပို့နေပါတယ်။

၂၀၁၇  ခုနှစ်က ကျင်းပခဲ့သော BRI နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် သမ္မတရှီကျင့်ဖျင်က BRI စီမံကိန်းအောက်တွင် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာအဖွဲ့အစည်း ဖွဲ့စည်းရန် အဆို ပြုခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စီမံချက်များကို အကောင်အထည်ဖော်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများကို ကမ်းလှမ်းခဲ့ပါတယ်။

နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး

တရုတ်နိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး အိန္ဒိယ၊ ဘရာဇီးလ် ၊ အီးယူ ၊ အမေရိကန် ၊ ပြင်သစ်နှင့် အခြားနိုင်ငံတို့နဲ့ နှစ်ဖက်သဘာတူချက် လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံက နျူကလီး ယားစီမံကိန်းကြီးများတွင် ရင်းနှီးမြှုပ်နှံနေပြီး၊ ပြင်သစ်နိုင်ငံက Hinkley Point စီမံကိန်းလည်း ပါဝင်ပါတယ်။

၂၀၁၄ ခုနှစ်မှာ တရုတ်နိုင်ငံဟာ South-South Cooperation Foundation ကို ရာသီဥတုပြောင်းလဲမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့တွင် နိုင်ငံပေါင်း ၂၇ နိုင်ငံနဲ့ စတင်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုနှင့် သူတို့၏ စီမံခန့်ခွဲရေးအပြင် ဘဏ္ဍာရေးစွမ်းဆောင်ရည်များတွင်လည်း ပူပေါင်းရန် သဘောတူခဲ့ကြပါတယ်။

ပြည်တွင်းလှုပ်ရှားမှုနှင့် ရည်မှန်းချက်များ

တရုတ်နိုင်ငံဟာ ပြည်တွင်း ကျောက်မီးသွေးအသုံးပြုမှုကို ၂၀၂၀ တွင် ၅၈ ရာခိုင်နှုန်း လျှော့ချရန် ရည်မှန်းထားပြီး လောင်စာဆီမဟုတ်သော စွမ်းအင်အသုံးပြုမှုကို ၁၅ ရာခိုင်နှုန်းတိုးရန် နှင့် သဘာဝဓာတ်ငွေ့ အသုံးပြုမှုကို ၁၀ ရာခိုင်နှုန်း တိုးရန်ရည်မှန်းထားပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အတွင်း ၁၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပြီး စွမ်းအင်အသုံးပြုမှုကလည်း ဂျီဒီပီ ယူနစ်တစ်ခုတွင်  ၁၈ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ လောင်စာဆီမဟုတ်သောစွမ်းအင်အသုံးပြုမှုကို ၂၀၃၀ ခုနှစ်တွင် အနည်းဆုံး ၂၀ ရာခိုင်နှုန်းတိုးရန် ရည်မှန်ထားပြီး ၂၀၁၅ ခုနှစ်တွင် ၁၂ ရာခိုင်နှုန်းရှိရာကနေ တိုးမြှင့်ခြင်းဖြစ်ပါတယ်၊ ဒါဟာ ပါရီမြို့ သဘောတူညီချက်နဲ့ ကိုက်ညီသော ရည်မှန်းချက်များဖြစ်ပါတယ်။

အသစ်တဖန်ပြန်လည်ထုတ်လုပ်အသုံးပြုနိုင်ခြင်း

တရုတ်နိုင်ငံဟာ အသစ်တဖန်ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်အသုံးပြုမှုကို အားပေးလာခဲ့ပါတယ်။ ကုလသမဂ္ဂပတ်ဝန်းကျင်စီမံချက်အရ တရုတ်နိုင်ငံဟာ အသစ်တဖန်ပြန်လည်ထုတ်လုပ်အသုံးပြုနိုင်သော စွမ်းရည်အတွက် ငွေအများဆုံး အသုံးပြုထားသောနိုင်ငံဖြစ်ကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၇၈.၃ ဘီလီယံအထိ အသုံးပြုထားပါတယ်။

၂၀၁၆-၂၀၂၀  ငါးနှစ်တာစီမံကိန်းအောက်က ရည်မှန်းချက်များတွင် ဟိုက်ဒရိုစွမ်းအင်တိုးမြှင့်ရေးနှင့် လေစွမ်းအင်ထုတ်လုပ်မှုကို ၅၀ ရာခိုင်နှုန်းအထိ တိုးထုတ်ရန် ရည်မှန်းခဲ့ပါတယ်။

ကျောက်မီးသွေး

တရုတ်နိုင်ငံရဲ့ ၂၀၁၆-၂၀  ငါးနှစ်တာစီမံချက်တုန်းက စွမ်းအင်ကဏ္ဍမှာ ကျောက်မီးသွေး အသုံးပြုမှုကို ၂၀၂၀ တွင် ၄.၁ တန်အထိ လျှော့ချရန် ရည်မှန်းခဲ့ပါတယ်။ ဒီစီမံကိန်းအရ တရုတ်နိုင်ငံရဲ့ ကျောက်မီးသွေးအ သုံးပြုမှု ၅၈ ရာခိုင်နှုန်းအထိ လျှော့ကျခဲ့ပြီး ၂၀၁၅ တွင် ကျောက်မီးသွေးဟာ တရုတ်နိုင်ငံ၏ စွမ်းအင် ၆၄ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးခဲ့ပါတယ်။

အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေးရုံး၏ ၂၀၁၇ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံဟာ ၂၀၁၇ ခုနှစ်တွင် အိုဟောင်းနေပြီဖြစ်သော ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်း အနည်းဆုံး ၅၀၀ ခန့်ကို ပိတ်ကာ သန့်ရှင်းသော စွမ်းအင်ကို ပိုမိုအသုံးပြုမည်ဟု ထုတ်ပြန်ထားပါတယ်။

နျူကလီယားစွမ်းအင်

၂၀၂၀ နှစ်ကုန်တွင် တရုတ်နိုင်ငံဟာ နျူကလီးယားစွမ်းအင်ကနေ လျှပ်စစ်ဓါတ်အားပေါင်း ၅၈ သန်း ကီလီုဝပ်ကို ထုတ်နိုင်ရန် ခန့်မှန်းခဲ့ပြီး နောက်ထပ် ၃၀ သန်း ကီလီုဝပ်အတွက် တည်ဆောက်ရေး လုပ်ငန်းလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်တွင် နျူကလီးယားဓါတ်ပေါင်းဖိုတွေ လည်ပတ်နေပြီ ဖြစ်ပါတယ်။

ပမာဏနှင့် အရောင်းအဝယ်

တရုတ်နိုင်ငံဟာ ၂၀၁၇ ခုနှစ်အတွင်း တစ်နိုင်ငံလုံး ကာဗွန်ရောင်းဝယ်မှုကို စတင်ပြီး ၂၀၁၃ တွင် စတင်ခဲ့သော ရှေ့ပြေးအစီအစဉ် ၇ ခုအောက်အတိုင်း လုပ်ဆောင်ခဲ့ပါတယ်။

ကာဗွန်ဆိုင်ရာ  အရောင်းအဝယ်တွင် ကာဗွန်ထုတ်လွှတ်မှု ပမာဏကို ကန့်သတ်ခြင်းနှင့် ပါဝင်သော ကုမ္ပဏီများကို ကာဗွန်ဆိုင်ရာ အကန့်အသတ်တချို့ကို ချမှတ်ပေးထားပါတယ် ။သို့မဟုတ် ထုတ်လွှတ်နိုင်သော ကာဗွန်ပမာဏကို သတ်မှတ်ပေးထားပါတယ်။ ကုမ္ပဏီများဟာ ထုတ်လွှတ်လိုသော ကာဗွန်ပမာဏအတွက် ရောင်းဝယ်မှုပြုလုပ်ရမည်ဖြစ်ပါတယ်။

Naing

Ref:CMG| China's global climate role 10 years after first national strategy