【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာ အလုပ်သမားနေ့

【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာ အလုပ်သမားနေ့

ကမ္ဘာပေါ်တွင် အလုပ်သမားနေ့ကို မေလ ၁ရက်နေ့ အဖြစ်သတ်မှတ်ထားပြီး အစိုးရရုံးများ၊ အလုပ်ရုံများ၊ ဈေးဆိုင်များ တရားဝင်ပိတ်ကာ အလုပ်သမားများအတွက် အထိမ်းအမှတ်ပွဲများလည်း ကျင်းပလေ့ရှိကြပါတယ်။

အလုပ်သမားနေ့(ခ)မေဒေးနေ့သည် ကမ္ဘာ့ပေါ်ရှိ အလုပ်သမားလူတန်းစားများအတွက် နိုင်ငံရေးသဘောတရားအရ လွန်စွာအရေးပါသောနေ့ဖြစ်ပြီး ပစ္စည်းမဲ့လူတန်းစား အလုပ်သမားများ ဖိနှိပ်ချုပ်ချယ်ခဲ့သော အရင်းရှင်စနစ်ကို တော်လှန်၍ အလုပ်သမားတို့ရဲ့ ဘဝသစ် တည်ဆောက်ရန် အလုပ်သမားများ သွေးစည်းလိုက်နာသည့်နေ့ဟု သတ်မှတ်ခေါ်ဝေါ်ကျပါတယ်။

တရုတ်နိုင်ငံမှာလည်း  သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများနှင့် အခြားသောကျွမ်းကျင်ပညာရှင်များရဲ့ ကြိုးစားအားထုတ်မှုနှင့် ပံ့ပိုးမှုများကို ဂုဏ်ပြုရန်ရည်ရွယ်ချက်ဖြင့် သိပ္ပံနှင့်နည်းပညာ အလုပ် သမားနေ့ဖြင့် ၂၀၁၈ခုနှစ် မေလ ၃၀ရက်နေ့တွင် စတင်သတ်မှတ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

သိပ္ပံနှင့်နည်းပညာ အလုပ်သမား အထိမ်းအမှတ်နေ့တွင် အလုပ်ရုံဆွေးနွေးပွဲများ၊ သိပ္ပံပြပွဲများနှင့် ပွဲလမ်းသဘင်များကို နိုင်ငံတစ်ဝှမ်းတွင် အမျိုးမျိုးလှုပ်ရှားမှုများမျိုးစုံဖြင့်ပွဲများကို ကျင်းပပြုလုပ်ကြပြီး လူငယ်များအတွက်လည်း စိတ်ဓာတ်အင်အားတက်ကြွစေရန်နှင့် သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် အသက်မွေးဝမ်းကြောင်းပြုရန် တွန်းအားပေးရန် ရည်ရွယ်တာလို့ဆိုပါတယ်။

အဆိုပါပွဲများသည် တရုတ်သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများရဲ့အောင်မြင်မှုများကို ပြရုံသာမက နယ်ပယ်အတွင်းရှိ ကျွမ်းကျင်ပညာရှင်များအကြား အသိပညာဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ပေးသည့်ပွဲများ ဖြစ်ပါတယ်။

သိပ္ပံတက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများကလည်း နေ့စဉ်လူမှုဘဝတွင် သိပ္ပံနှင့်နည်းပညာရဲ့ အရေးပါမှုကို မီးမောင်းထိုးပြရန်နှင့် အသိပညာနှင့် အကြံဥာဏ်များဖလှယ်ခြင်းကို မြှင့်တင်ရန်အတွက် လူထုဟောပြောပွဲများကျင်းပလေ့ရှိပါတယ်။

သိပ္ပံနှင့်နည်းပညာအလုပ်သမားနေ့တွင် တရုတ်အစိုးရသည် သိပ္ပံနှင့်နည်းပညာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ကြီးကြီးမားမားရင်းနှီးမြှုပ်နှံထားသောကြောင့် ဥာဏ်ရည်တု၊ဆက်သွယ်ရေးနှင့် အာကာသရှာဖွေရေး စသည့်နယ်ပယ်များ လျင်မြန်သောတိုးတက်မှု ရလဒ်များကို တွေ့မြင်နိုင်ပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားတိုးတက်မှုနှင့် အလုံးစုံဖွံ့ဖြိုးတိုးတက်ရေးတို့ အဓိကမောင်းနှင်ရာတွင် သိပ္ပံနှင့်နည်းပညာရဲ့ အထူးပင်လိုအပ်တယ်လို့လည်း သိရပါတယ်။  

တရုတ်နိုင်ငံတွင် သိပ္ပံနှင့်နည်းပညာ အလုပ်သမားနေ့သည် ရေပန်းစားသောပွဲတော်တစ်ခုဖြစ်ပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် သိပ္ပံပညာနှင့်နည်းပညာရဲ့ အရေးပါမှုကို အသိအမှတ်ပြုလာသူ များပြားလာပါတယ်။

တရုတ်နိုင်ငံတွင် သိပ္ပံနှင့်နည်းပညာ အလုပ်သမားနေ့ ရေပန်းစားလာရခြင်းရဲ့ အကြောင်းအရင်းမှာ တရုတ်နိုင်ငံရှိ လူငယ်များကြား သိပ္ပံနှင့်နည်းပညာကို စိတ်ဝင်စားမှု တိုးလာခြင်းကြောင့်ဖြစ်ပြီး အဆိုပါနယ်ပယ်များတွင် လူငယ်များသည် သိပ္ပံနှင့်နည်းပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုရန် အခြားသူများကို လှုံ့ဆော်ပေးရန်အတွက် ပလက်ဖောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။

ခြုံငုံကြည့်လျှင် တရုတ်နိုင်ငံရဲ့ သိပ္ပံနှင့်နည်းပညာ အလုပ်သမားနေ့သည် သိပ္ပံနှင့်နည်းပညာ လုပ်သားများရဲ့ အောင်မြင်မှုများကို ဂုဏ်ပြုရန်နှင့် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် သိပ္ပံနှင့်နည်းပညာ ရဲ့အရေးပါမှုကို မြှင့်တင်ရန် အရေးကြီးသောအချိန်အခါဖြစ်ပါတယ်။

ဇွန်မိုး