【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံ၏ အရှိန်အဟုန်ဖွံ့ဖြိုးတိုးတက်မှုနှင့် နည်းပညာ

【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံ၏ အရှိန်အဟုန်ဖွံ့ဖြိုးတိုးတက်မှုနှင့် နည်းပညာ

တရုတ်အရေးကျွမ်းကျင်ပညာရှင်တစ်ဦးရဲ့ ပြောဆိုချက်အရ ပလတ်စတစ်ထုတ်လုပ်သော ခေတ်ဟာ မကြာခင်အဆုံးသတ်တော့မည်ဟု ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်နိုင်ငံဟာ လာမယ့် စီးပွားရေးအဆင့် တွင် အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်မည်ဟု ပြောပါတယ်။

“တရုတ်ဟာ လာမယ့် စီးပွားရေးအဆင့်တွင် ပလတ်စတစ်ထုတ်လုပ်မှုကို ရပ်နားမှာသာမကပဲ သို့မဟုတ် အဝတ်အစား သို့မဟုတ် ပရိဘောဂများ သို့မဟုတ် ၁၉၈၀ ကျော်နှင့် ၁၉၉၀ ခုနှစ်ကျော်တုန်းက ထုတ်လုပ်ခဲ့သော အရာများကို ထပ်မံထုတ်လုပ်မှာ မဟုတ်ပါဘူး” ဟု China Center at Oxford University တွင် ညွှန်ကြားရေးမှူးအဖြစ် ရဲနာမစ်တာက ပြောပါတယ်။ ဒီစီမံချက်ကို မကြာခင် အတည်ပြုတော့မည်ဟု ပြောပါတယ်။

တရုတ်ဟာ “March in China 2025” စီမံချက်ကိုလည်း စတင်အကောင်အထည်ဖော်နေပြီး ဒါကို နိုင်ငံ၏ ထုတ်ကုန်စွမ်းအင် ကောင်းမွန်လာစေရန်အတွက် လွန်ခဲ့တဲ့ ၂ နှစ်ခန့်က စတင်ခဲ့တာဖြစ်ပါတယ်။

မစ်တာရဲ့ ခန့်မှန်းချက်အရ တရုတ်နိုင်ငံဟာ ၎င်းရဲ့ စီးပွားရေးကို အဆင့်မြင့်စွာ တိုးချဲ့နိုင်မည်ဖြစ်ပြီး အဆင့်မြင့်နည်းပညာများနှင့် နောက်ဆုံးပေါ် နည်းပညာများအသုံးပြုပြီး ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်စေမည်ဟု ပြောပါတယ်။

အမျိုးသားညီလာခံ

မစ်တာကတော့ တရုတ်နိုင်ငံ၏ နိုင်ငံရေးပြက္ခဒိန်တွင် အရေးကြီးသော နိုင်ငံရေးတွေ့ဆုံမှုစတင်ချိန်မှာပဲ CGTN နဲ့ အင်တာဗျူးဖြေဆိုခဲ့ပြီး အောက်တိုဘာလ ၁၈ ရက်နေ့တွင် စတင်ခဲ့သော ၁၉ ကြိမ်မြောက် CPC ၏ အမျိုးသားညီလာခံကျင်းပချိန်တွင် အင်တာဗျူးဖြေဆိုခဲ့တာဖြစ်ပါတယ်။

ပါတီကိုယ်စားလှယ်များဟာ ညီလာခံတွင် CPC အတွက် ခေါင်းဆောင်အသစ်ကို ရွေးချယ်ကြမည်ဖြစ်ပါတယ်။ မစ်တာကတော့ အားလုံးက တရုတ်နိုင်ငံကို စောင့်ကြည့်နေတယ်လို့ပြောပါတယ်။ အထူးသဖြင့် အနောက် နိုင်ငံက ပညာရှင်များဟာ ပါတီညီလာခံကို လေ့လာရန် အထူးစိတ်ဝင်စားနေကြကြောင်း ဆိုပါတယ်။

ဒါဟာ ၅ နှစ်အတွင်း နိုင်ငံရေးပြောင်းလဲမှုနှင့် ဆက်လက်လည်ပတ်မှုအတွက် တရုတ်နိုင်ငံတွင် အရေးကြီးဆုံးသော အချိန်ဖြစ်ပါတယ်။

ထိပ်ပိုင်းခေါင်းဆောင်နေရာတွင် ပြောင်းလဲမှုမြင်ရန် ပညာရှင်များကတော့ ခန့်မှန်းနေကြပြီး ခေါင်းဆောင်များဟာ ဘယ်လိုဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများနှင့် ပြောင်းလဲမှုများဟာ နိုင်ငံရဲ့ လာမယ့် ၅ နှစ်တွင်ကြုံလာမလဲဆို တာကို ကြိုးပမ်းနေကြကြောင်း သူကတော့ ပြောပါတယ်။

နည်းပညာကဏ္ဍတွင် အဆင့်မြင့်ခြင်း

မစ်တာကတော့ တရုတ်နိုင်ငံရဲ့ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းက နည်းပညာကဏ္ဍ လက်ခံမှုကို ချီးကျူးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ကနေ ၇ နှစ်တုန်းက တရုတ်နိုင်ငံအတွင်း နည်းပညာအများစုဟာ အနောက်နိုင်ငံများက နည်းပညာများနဲ့ ခပ်ဆင်ဆင် သို့မဟုတ် အနည်းငယ် ပိုအဆင့်မြင့်ကောင်းမြင့်နိုင်ကြောင်း သူကပြောပါတယ်။

“ဒါပေမယ့် ကဏ္ဍအများစုမှာ အခုတော့ တရုတ်နိုင်ငံဟာ အခြားအနောက်နိုင်ငံများထက် ရှေ့တန်း ရောက်နေပြီလို့ ကျွန်တော်ထင်တယ်” ဟု မစ်တာက ပြောပါတယ်၊ ကတော့ ငွေသားမလိုအပ်သော ငွေပေးချေမှု စနစ်ကို ဥပမာအဖြစ် ထောက်ပြသွားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ယနေ့ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံးသော နိုင်ငံဖြစ်ပြီး ငွေသားကိုင်ဆောင်မှု နည်းပါးသော နိုင်ငံအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲလာပါတယ်။ နိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ဟာ ငွေသား သယ်ဆောင်ခြင်း မရှိတော့ပါဘူး။ သူကတော့ ဆိုင်စောင့်မရှိသော ကုန်စုံဆိုင်ကိုလည်း ဥပမာအဖြစ် ထောက်ပြသွားခဲ့ပြီး စားသုံးသူများဟာ စမတ်ဖုန်းအသုံးပြုပြီး QR code ဖြင့်သာ စျေးဝယ်နေကြတာကို ထောက်ပြသွားခဲ့ပါတယ်။

ငွေသားမလိုအပ်သော‌ ငွေပေးချေကဏ္ဍဟာ ဆက်လက်တိုးတက်လာပြီး အထူးသဖြင့် ပို့ဆောင်ရေးနှင့် စားသောက်ဆိုင်တွင် စားသုံးမှုတွင် ငွေသားလက်ခံခြင်း နည်းပါးလာနေပြီဖြစ်ပါတယ်။

မစ်တာရဲ့ CMG ရဲ့ အင်တာဗျူးတွင် ရှင်းပြချက်အရ “အခြေခံအားဖြင့် အားလုံးဟာ မိုဘိုင်းဖုန်းနဲ့ပဲ ဆက်သွယ်နေကြတယ်” လို့သူက ပြောပါတယ်။

“သင့်မှာ တရုတ်သူငယ်ချင်းရှိတယ်ဆိုရင် လူတိုင်းက သိတယ်။သူ့ကို Wechat သို့မဟုတ် အကောင့်ပေးရမယ်ဆိုတာ အားလုံးသိတယ်။ ဒါဟာ ကြီးမားတဲ့ ပြောင်းလဲမှုဖြစ်တယ်၊ ဒါကို နည်းပညာကပဲ ဖြစ်ပေါ်လာစေ တယ်” ဟု သူက ရှင်းပြပါတယ်။

“တရုတ်နိုင်ငံကို ဒီကနေ့ နိုင်ငံခြားသားတစ်ယောက်အဖြစ် သွားပါက လူတိုင်းဟာ သူတို့ရဲ့ စမတ်ဖုန်းနဲ့ ငွေပေးချေမှု လုပ်နေတာကိုမြင်တော့ အံ့ဩနေကြတယ်။ သူတို့က Alipay နှင့် အခြားငွေပေးချေမှု စနစ်ကိုအသုံးပြုနေကြတယ်” ဟု သူက ပြောပါတယ်။

ဒါပေမယ့်လည်း ဒါဟာ အစပဲရှိပါသေးတယ်လို့ မစ်တာက ပြောပါတယ်၊ အနာဂတ်တွင် နောက်ထပ်တိုးတက်မှုတွေ ရှိလာအုံးမယ်ဟု ပြောပါတယ်။အကယ်၍ တရုတ်အစိုးရဟာ စျေးကွက်ကဏ္ဍ စီးပွား‌ရေးပြောင်းလဲမှုကို တိုးတက်မှုများ လုပ်လာမလားဆိုတာကို လူတွေက စိတ်ဝင်စားနေကြတယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံဟာ နည်းပညာတိုးတက်မှုကြောင့် အားလုံးရဲ့ အာရုံစိုက်မှုကို ခံနေရပါတယ်။ ဒီနှစ်အတွင်း အကြီးမားဆုံးသော အောင်မြင်မှုများတွင် ကမ္ဘာ့ပထမဆုံး ကွန်တမ်ဂြိုဟ်တု စေလွှတ်ခြင်းနှင့် Long March 5 ဒုံးပျံစေလွှတ်နိုင်ခြင်းတို့ ပါဝင်ပါတယ် ထို့အပြင် ပြည်တွင်းထုတ် ပထမဆုံး စီးပွားရေးလေကြောင်းလိုင်းသုံး လေယာဉ် C919 ထုတ်လုပ်နိုင်မှုလည်းပါဝင်ပါတယ်။

Naing

Ref:CMG| China has made rapid development and tech advances over past five years