【 နိုင်ငံတကာဆောင်းပါး 】တရုတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့အတွက် မျှော်လင့်ချက်

【 နိုင်ငံတကာဆောင်းပါး 】တရုတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့အတွက် မျှော်လင့်ချက်

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ကမ္ဘာ့တစ်ဝန်းမှ နိုင်ငံတကာခေါင်းဆောင်များက ကမ္ဘာ့နှင့် ၎င်းတို့ နိုင်ငံမှ ပြည် သူများသို့ နှစ်သစ် မိန့်ခွန်းစကားပြောခဲ့ကြသည်။ထိုထဲတွင် လူဦးရေ တစ်ဘီလီယံခွဲနီးပါးရှိသည့် တရုတ်နိုင်ငံခေါင်း ဆောင် ရှီကျင့်ဖျင်၏ နှစ်သစ်ကူးမိန့်ခွန်းမှာ စိတ်ဝင်စားစရာကောင်းခဲ့သည်။

ရှီက “လှိုင်းတစ်လုံးပြီး တစ်လုံး ပုတ်ခတ်ပြီး သမိုင်းရဲ့ အားကြီးတဲ့မြစ်ကြီးဟာ အရှေ့ကို ဦးတည်လာ ကြောင်း၊ မျိုးဆက်တစ်ခုပြီးတစ်ခုရဲ့ မပြတ်သော ကြိုးစားအားထုတ်မှုတွေကြောင့် တရုတ်နိုင်ငံကို ယခုနေရာ အထိ ခေါ်ဆောင်လာနိုင်တာဖြစ်ကြောင်း၊ ယနေ့ခေတ် တရုတ်နိုင်ငံဟာ ကမ္ဘာကြီးနဲ့ နီးကပ်စွာဆက်နွယ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ မိတ်ဆွေဟောင်းတွေရော မိတ်ဆွေသစ်တွေကိုပါ ပေကျင်းမှာ လက်ခံတွေ့ ဆုံခဲ့ တဲ့အပြင် နိုင်ငံရပ်ခြားအထိ သွားလာပြီး ကမ္ဘာကြီးအပေါ်မှာ တရုတ်ရဲ့ ရပ်တည်ချက်တွေကို မျှဝေခဲ့ကြောင်း၊ ရာစု နှစ်အတွင်း မကြုံဖူးသေးတဲ့ ပြောင်းလဲမှုတွေဟာ လျှင်မြန်စွာ ဖြစ်ပေါ်နေပြီး ကမ္ဘာကြီးဟာ ငြိမ်းချမ်းတဲ့ နေရာ တစ်ခု မဟုတ်သေးကြောင်း၊ မိမိတို့ဟာ ငြိမ်းချမ်းရေးနဲ့ တိုးတက်မှုကို မြတ်နိုးပြီး မိတ်ဆွေများကို တန်ဖိုး ထား ကြောင်း၊ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်မှာ ရပ်တည်ပြီး လူသားမျိုးနွယ်ယဉ်ကျေးမှုနဲ့ တိုးတက်မှုအတွက် ရပ်တည်ပါ ကြောင်း၊ မိမိတို့ဟာ တရုတ်ရဲ့ အသိပညာနဲ့ ဖြေရှင်းချက်တွေကို လူသားမျိုးနွယ်အားလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ တိုး တက်ရေး ဖော်ဆောင်ရာမှာ အကျိုးပြုစေဖို့ ကြိုးစားအားထုတ်နေပါကြောင်း ပြောခဲ့တာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကို ပြန်ကြည့်မယ်ဆိုရင် ကိုဗစ်-၁၉ကြောင့် ကမ္ဘာ့ပေါ်မှာ လူသန်းချီသေဆုံးခဲ့ရပြီး ကမ္ဘာ့ နိုင်ငံများ စီးပွားရေးအလဲလဲအပြိုပြိုဖြစ်ချိန်မှာ ကမ္ဘာ့အတွက်လိုအပ်တဲ့ ထောက်ပံ့ရေးကို မားမားမတ်မတ်ရပ်တည် လုပ်ပေးနိုင်ခဲ့သည်က တရုတ်နိုင်ငံဖြစ်ပြီး ကိုဗစ်ကူးစက်မှု အားလျော့ချိန် ကမ္ဘာ့စီးပွားရေး ပြန်လည် စတင်လာချိန် တွင်လည်း ဒေသတွင်းထုတ်လုပ်ရေးကွင်းဆက်ကို ဦးဆောင်ပြီး ဒေသတွင်းစီးပွားရေးခံနိုင်အားကို မြှင့်တင်ကာ ကမ္ဘာ့ဒေသတွေထဲ စီးပွားရေး အလျင်အမြန်နာလံထူလာတဲ့ ဒေသတစ်ခုဖြစ်အောင် ဦးဆောင်နိုင်ခဲ့တာကို တွေ့ ရပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေကိုကြည့်ရင် တရုတ်နိုင်ငံ၏ ကမ္ဘာ့စီးပွားရေးအတွက် ကြိုးပမ်းအား ထုတ်မှုများ၊ ကမ္ဘာ့ တစ်ဝန်းသို့ စီးပွားရေးနှင့် ကျန်းမာရေး ထောက်ပံ့မှုများက  အကျပ်အတည်းဆိုက်နေသည့် ယနေ့ကမ္ဘာတစ်ဝှမ်းရှိ လူဦးရေ ၇ ဘီလီယံကျော်အတွက် မျှော်လင့်ချက်တစ်ခုဖြစ်နေခဲ့သည်ကိုတွေရသည်။

တရုတ်လူမျိုးများသည် ၁၉၄၉ ခုနှစ် လွတ်လပ်ရေးရပြီးစမှ ကြီးပွားချမ်းသာလာကာ ဘုံ သာယာဝပြော ရေးအတွက် ကြိုးပမ်းခဲ့ကြသည့် သက်တောင့်သက်သာဘဝများကို ဦးဆောင်ခဲ့ကြ သည်။ တရုတ်လူမျိုးများ၏ တစ်ခုတည်းသောပန်းတိုင်ဖြစ်သည့် ပြန်လည်နုပျိုရေးဆီသို့ ဦးတည်ထားသော လိုအပ်ချက်နှင့် ဆန္ဒများအပေါ် အခြေခံထားသည့် CPC ၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် လုံးဝဆင်း ရဲမွဲတေမှုကို ဖယ်ရှားပြီး ပြည် သူများ၏ လူနေမှုအဆင့်အတန်းကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။ ၂၀၂၀ နှစ်ကုန်တွင် တရုတ်နိုင်ငံ၌ ဆင်းရဲ နွမ်းပါးသော ကျေးလက်နေပြည်သူ ၉၈.၉၉ သန်းကို ဆင်းရဲတွင်းမှ လွတ်မြောက်ခဲ့ပြီး ဆင်းရဲနွမ်းပါးသော ခရိုင် ပေါင်း၈၃၂ လုံးကို ဆင်းရဲနွမ်းပါးမှုစာရင်းမှ ဖယ်ရှားနိုင်ခဲ့သည်။

စီးပွားရေးအကျပ်အတည်းဆိုက်နေသည့် ယနေ့ကမ္ဘာတွင် တရုတ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် အ ခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျသောနှုန်းဖြင့် ဆက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ နိုင်ငံတစ်ဝှမ်း အင်တာနက် နှင့် ထောက်ပံ့ပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်လာမှုကြောင့်လည်း ကျေးလက်ဒေသများတွင်ပင် လိုက်လျောညီ ထွေရှိသော ငွေပေးချေမှုစနစ်များကို အသုံးပြု၍ တရုတ်နိုင်ငံသား အများအပြားသည် ကမ္ဘာ့နှင့် ချိတ်ဆက်ကာ ရောင်းဝယ်ကုန်သွယ်နိုင်ခဲ့သည်။ ၂၀၂၂ ခုနှစ် သြဂုတ်လတွင် တရုတ်နိုင်ငံတွင် 5G အခြေစိုက်စခန်းစုစုပေါင်း ၂.၁ သန်းရှိခဲ့ပြီး မိုဘိုင်းအင်တာနက်အသုံးပြုသူဦးရေ ၁.၄၆ ဘီလီယံဝန်းကျင်အထိ တိုးလာကာ ၂၀၂၁ ခုနှစ်အကုန်တွင် ၄၃.၃၇ သန်း ပိုများလာခဲ့သည်။

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုမှာ ကမ္ဘာ့ကိုမည်မျှ အကူအညီရစေခဲ့သည်ဆိုသည်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများပြား အထူး သဖြင့် အာရှနှင့်အာဖရိကနိုင်ငံများ၏ အခြေခံအဆောက်အဦတိုးတက်မှုကိုကြည့်ပါက သိနိုင်သည်။ အခြေခံ အ ဆောက်အအုံပိုင်းတွင် ၂၀၀၀ ခုနှစ်မှ ၂၀၂၀ခုနှစ်အတွင်း တရုတ်သည် အာဖရိကတွင် လမ်းများ နှင့် မီးရထား လမ်းပေါင်း ၁၃,၀၀၀ ကီလိုမီတာကျော်ကို တည်ဆောက်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲ့ သည့် အာဖရိကနိုင်ငံ များအတွက် မျှော်လင့်ချက်များ ဖြစ်စေခဲ့သည်။

နိုင်ဂျီးရီးယားတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ များပြားသည်။ ဥပမာအားဖြင့်၊ နိုင်ဂျီးရီးယားနိုင်ငံ အနောက် မြောက်ပိုင်းရှိ ကုန်သွယ်ရေးဗဟိုချက်နှင့် သယ်ယူပို့ဆောင်ရေးအချက်အချာဖြစ်သော Kaduna နှင့် နိုင်ငံ၏မြို့ တော် အဘူဂျာ ကို ဆက်သွယ်ထားသော စံချိန်မီရထားလမ်းဖောက်လုပ်မှုသည် ၂၀၁၆ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ဒေသ တွင်း၏ ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးမှုကို ရရှိခဲ့သည်။

ကပ်ရောဂါနှင့် ရင်ဆိုင်ရာတွင် ကမ္ဘာ့မည့်သည်နေရာထက်မဆို ချို့တဲ့ပြီး ထောက်ပံ့မှုနည်းပါးစွာရသည် အာဖရိကတွင် တရုတ်က အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဗဟိုဌာနချုပ်ကို အီသီယိုးပီးယားနိုင်ငံ အဒစ္စဘာဘာတွင် တည် ဆောက်ပေးခဲ့သည်။ ထိုအဆောက်အအုံဖွင့်လှစ်သည့် 2021 FOCAC အခမ်းအနားတွင် တရုတ်နိုင်ငံက ဆေးဝါး သန်း ၆၀၀ နှင့် အာဖရိကနိုင်ငံများအကြား ပူးပေါင်းထုတ်လုပ်သည့် နည်းလမ်းများ အပါ အဝင် အာဖရိကတိုက်သို့ ကာကွယ်ဆေး ပမာဏ ၁ ဘီလီယံကို လှူဒါန်းပံ့ပိုးပေးမည်ဟု ကြေညာခဲ့သည်။

ထို့တွင်သာမက စိုက်ပျိုးရေး၊ စက်မှုထွန်းကားရေး၊ အခြေခံအဆောက်အအုံ၊ စွမ်းရည်မြှင့်တင်ရေးစသည် အခြားနယ်ပယ်များစွာတွင် အာဖရိက၏ ဖွံ့ဖြိုးတိုးတက်မှုကို တရုတ်နိုင်ငံက အခိုင်အမာ ပံ့ပိုးပေးခဲ့သည်။ ဤ သည်မှာ  တရုတ်၏ဖွံ့ဖြိုးတိုးတက်မှုက  အာဖရိက၏ တည်ငြိမ်မှုအတွက် ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်အဖြစ် ဆက် ရှိနေရန် နှင့် အာဖရိကတိုက်၏ ပြဿနာများအတွက် ၎င်း၏ဖြေရှင်းနည်းများကို ရှာဖွေရန်၊ အာဖရိကပြည်သူများ အား ကူညီပေးရန် ရှိနေသည်ဆိုသည့် တရုတ်၏သတင်းစကားဖြစ်သည်။

အာရှဒေသတွင်းပြန်ကြည့်ပါကလည်း  ယူနန်ပြည်နယ် မြို့တော် ကူမင်းနှင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ ကို ချိတ်ဆက်ထားသည့် တရုတ်-လာအိုနယ်စပ်ဖြတ်ကျော် မြန်နူန်းမြင့် ရထားလမ်းကြောင့် ကုန်းတွင်းပိတ် လာအိုနိုင်ငံမှာ  အင်ဒိုချိုင်းနားကျွန်းဆွယ်ဒေသတွင် တရုတ်နှင့် ဆက်စပ်သည့် အချက်အခြာနေရာအဖြစ် ကူး ပြောင်းနိုင်ခဲ့သည်။ BRI စီမံကိန်းဖြစ်သည့် ၁၀၃၅ ကီလိုမီတာရှည်လျားသည့် ထိုရထားလမ်းက  ၂၀၂၂ခုနှစ် အ တွင်း ခရီးသည် ၈ ဒသမ ၅ သန်းနှင့် ကုန်စည်ပို့ဆောင်မှု တန်ချိန် ၁၁ ဒသမ ၂ သန်းကို နယ်စပ်ဖြတ်ကျော် ကုန် တင်သယ်ယူပို့ဆောင်နိုင်ခဲ့ပြီး လွန်ခဲ့ သည့်တစ်နှစ်မှ စတင်ကာ နိုင်ငံနှင့် ဒေသ ၁၀ ခုကျော်ကို လွှမ်းခြုံနိုင်ခဲ့သည်။

ဒေသတွင်းအရေးပါသည့် အင်ဒိုနီးရှားတွင်လည်း တရုတ်၏ ငွေကြေးမြုပ်နှံမှု၊နည်းပညာလွှဲပြောင်းမှုဖြင့် တည်ဆောက်နေသည့် BRI စီမံကိန်းများရှိသည်။ထိုထဲတွင်  မြို့တော်ဂျကာတာနှင့်  နိုင်ငံ၏ အကြီးဆုံးမြို့များထဲမှ တစ်ခုဖြစ်သည့် ဘန်ဒေါင်းကို ဆက်သွယ်မည့် ၁၄၂ ကီလိုမီတာ ရှည်လျားသော မြန်နူန်းမြင့်‌ ရထားလမ်း ဖောက် လုပ်မှုမှာ  ရုပ်လုံးကြွနေပြီဖြစ်သည်။ ဒေသတွင်းရှိ တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် လူဦးရေများကာ သဘာ၀ ဘေးဒဏ်မကြာခဏခံရသည့် ဘင်္ဂလားဒေ့ရှ်တွင်လည်း တရုတ်၏အကူအညီဖြင့် တံတားကြီးများ၊ မြေအောက် ရထား လမ်းနှင့် ဓာတ်အားပေးစက်ရုံများမှာ ဆောက်လုပ်ခဲ့ပြီး ၂၀၂၂ခုနှစ်တွင် တစ်ခုပြီး တစ်ခု စတင်လည်ပတ်ခဲ့ ရာ တရုတ်၏ဖွံ့ဖြိုးတိုးတက်မှုက ဒေသတွင်းသို့ မည်မျှအကျိုးသက်ရောက်မှုရှိနေသည်ကိုတွေ့နေရပြီ ဖြစ်သည်။

ကုလသမဂ္ဂ (UN) ၏ 2030 Agenda for Sustainable Development နှင့် "မည်သူ့ကိုမျှ နောက် ချန်မ ထားခဲ့ပါ" ဟူသော မူအရ ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ထိပ်တန်းဦးစား ပေးဖြစ် သင့်သည်ဟု တရုတ်ခေါင်းဆောင်များက ယုံကြည်ထားကြသည်ကို မိန့်ခွန်းများတွင် တွေ့ရသည်။ ထိုသည်နှင့် အ ညီ ကမ္ဘာ့နိုင်ငံများနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်နေသည့် Belt and Road Initiative (BRI) ကဲ့သို့သော တရုတ် နိုင် ငံ၏  ဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်များမှတဆင့် ကမ္ဘာ့အဆင့် နိုင်ငံများကို ပံ့ပိုးကူညီမှုများဖြင့် တရုတ်နိုင်ငံ၏ ဦးဆောင်မှုမှာ ယခုဆယ်စုနှစ်ပိုင်းတွင် ပိုမို ပေါ်လွင်လာခဲ့သလို တရုတ်၏ဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာအတွက် မျှော်လင့်ချက်ဖြစ်လာနေသည်ကို တစတစတွေ့လာနေရပြီ ဖြစ်လေသည်။ 

လင်းသစ်အောင်