【 နိုင်ငံတကာဆောင်းပါး 】တရုတ်၏ နောက်ဆုံးနယ်နိမိတ်ရည်မှန်းချက်က အာကာသအထိလား

【 နိုင်ငံတကာဆောင်းပါး 】တရုတ်၏ နောက်ဆုံးနယ်နိမိတ်ရည်မှန်းချက်က အာကာသအထိလား

၂၀၂၃ ခုနှစ်အတွက် နှစ်သစ်မိန့်ခွန်းတွင် တရုတ်သမ္မတရှီကျင့်ဖျင်က “ရှေ့ဆက်တိုးရေး၊ တရုတ်နိုင်ငံဟာ အံ့ဩဖွယ်ကောင်းသော အရာများကို ကြိုးစားမှုဖြင့် လုပ်နေသော နိုင်ငံဖြစ်လာမည်” ဟု ပြောကြားခဲ့ပြီးဆုန်ခေတ်တုန်းက နာမည်ကြီး ကဗျာဆရာဖြစ်တဲ့ ဆူရှီ၏ ပြောစကားဖြစ်တဲ့ “အပြင်းထန်ဆုံးနေရာကိုဝင်တိုက်ပြီး၊ အဝေးဆုံးကို မှန်းထားပါ” ဆိုတဲ့ စကားကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

မှန်ပါတယ်၊ တရုတ်နိုင်ငံဟာ နည်းပညာနဲ့ပတ်သက်လာပါက အထူးသဖြင့် အာကာသကဏ္ဍတွင် အဝေးဆုံး သို့မဟုတ် အပြင်းထန်အခက်ခဲဆုံးနေရာကို ရည်ရွယ်သော အခြားအရာ မရှိပါဘူး။ ထို့အပြင် အာကာသစူးစမ်းလေ့လာရေးဟာ လူသားများအားလုံးအတွက် ပိုမိုတောက်ပပြီး ကောင်းသော အနာဂတ်ဖော်ဆောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍတွင်ရှိပါတယ်။ အာကာသစူးစမ်းလေ့လာခြင်းဟာ စကြဝဋ္ဌာ၊ နေအဖွဲ့အစည်း၊ သက်ရှိ နှင့် ကမ္ဘာကြီး အစရှိသောအရာများ စတင်ဖြစ်ပေါ်လာခြင်းအကြောင်းကို ပိုမိုနားလည်စေပါတယ်။

အာကာသဟာ အသစ်သော နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စတင်စေခဲ့ပါတယ်၊ ထိုထဲတွင် ဂြိုဟ်တုဆက်သွယ်ရေးစနစ်၊ GPS နှင့် ဆိုလာ‌ပြားအသုံးပြုမှုတို့ပါဝင်ပါတယ်။ နောက်ဆုံးအချက်ကတော့ နောက်မျိုးဆက်သစ်ဖြစ်ပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် နယ်မြေအသစ်များအတွက် အခွင့်အလမ်းဖြစ်ပေါ်စေရန်အတွက် အခြေခံအုတ်မြစ်အခွင့်အရေးကို ချပေးသွားမည်ဖြစ်ပြီး အခြားသော ဂြိုဟ်များနှင့် လကမ္ဘာများ ပေါ်တွင်လည်း ကိုလိုနီတည်ဆောက်ရန် အခွင့်အလမ်းများပေးသွားမည်ဖြစ်ပါတယ်။

ကြိုးစားခြင်းဖြင့် အံ့ဩဖွယ်အရာများဖန်တီးခြင်း၏ အထူးခြားဆုံးသောဥပမာကောင်းတစ်ခုကတော့ တရုတ်၏ အဝေးဆုံးကို ရည်မှန်ချက်ထားခဲ့ပြီး ဆယ်စုနှစ်များစွာ အာကာသစီမံချက်များကို အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။

တရုတ်နိုင်ငံအာကာသစူးစမ်းလေ့လာရေး၏ ဖခင်အဖြစ် သတ်မှတ်ခံရသောသူဖြစ်တဲ့ ချန်ချူဆဲန်၏ ခေါင်းဆောင်မှုအောက်တွင် တရုတ်နိုင်ငံဟာ နိုင်ငံတကာကို အံ့အားသင့်သွားစေခဲ့ပါတယ်။ ၁၉၅၀ ကနေ ၁၉၆၀ ခုနှစ်များအကြားက တရုတ်နိုင်ငံ၏ နည်းပညာအဆင့်များကို လေ့လာကြည့်ပါက လူနည်းစုကသာ တရုတ်နိုင်ငံဟာ ဒုံးကျည် (သို့မဟုတ်) အာကာသအတွင်းသို့ ဂြိုဟ်တုများကို စေလွှတ်နိုင်မည်ဟု ယုံကြည်ခဲ့ကြပါတယ်။ သို့ သော်လည်း ချန်၏ အာကာသဆိုင်ရာကျွမ်းကျင်မှု၊ အဖွဲ့အစည်းဆိုင်ရာအမြင်ထက်မြက်မှုနှင့် စွမ်းဆောင်ရည်များကို တိုးတက်အောင်လုပ်ဆောင်နိုင်မှုတို့ဟာ တရုတ်နိုင်ငံကို ကြီးမားသောအောင်မြင်မှုများ ရရှိစေခဲ့ပါတယ်။ ချန်နှင့် သူဦးဆောင်ခဲ့သော အဖွဲ့ဟာ သူတို့၏ ရဲရင့်မှုနဲ့ပတ်သက်ပြီး ချီးကျူးခံရသူများဖြစ်ပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ အခက်ခဲဆုံးနေရာတွင် တိုက်ပွဲဝင်ခဲ့ကြပြီး အဝေးဆုံးကို ရည်မှန်းချက်ထားခဲ့ကြသောကြောင့် ဖြစ်ပါတယ်။ သို့မဟုတ် ရှီကျင့်ဖျင်၏ ပြောကြားချက်အတိုင်း အကြီးမားဆုံး စိန်ခေါ်မှုကို ရင်ဆိုင်ပြီး ရည်မှန်းချက် အကြီးဆုံး  ပန်းတိုင်များကို သွားခြင်းတို့ပဲဖြစ်ပါတယ်။ ဒီအောင်မြင်မှုများဟာ တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာရေးနဲ့ပတ်သက်ပြီး နောက်တစ်ဆင့်အတွက် အုတ်မြစ်မျာကို ချမှတ်ပေးသွားခဲ့ပါတယ်။

၁၉၉၂ ခုနှစ် စက်တင်ဘာလက စပြီး တရုတ်ဟာ China Manned Space Program ကို စတင်ခဲ့ပြီး ထို စီမံချက်ကို Project 921 ဟု ခေါ်ခဲ့ကာ တရုတ်နိုင်ငံအတွက် လူသားပါဝင်သော အာကာသယာဉ်ထုတ်လုပ်ရေးအတွက် တာဝန်ယူခဲ့ပါတယ်။ ဒီမစ်ရှင်ကို အောင်မြင်ခြင်းဟာ အာကာသစူးစမ်းလေ့လာရေးတွင် အရှုပ်ထွေးဆုံးသော လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒီမစ်ရှင်ကို အဆင့် ၃ ဆင့်ဖြင့် လုပ်ဆောင်ခဲ့ပြီး အာကာသ ယာဉ်မှူးများပါဝင်သော ယာဉ်ကိုစေလွှတ်ပြီး ကမ္ဘာမြေကို ပြန်လာစေခြင်း၊ အာကာသဓာတ်ခွဲခန်း နှင့် ရေရှည်အတွက် မော်ဂျူလာအာကာသစခန်းတည်ဆောက်ရေးတို့ပါဝင်ပါတယ်။ ပဲ့ထိန်းဒုံးကျည်များထုတ်လုပ်နိုင်ခြင်းနှင့် အာကာသကို အာကာယာဉ်များစေလွှတ်ခြင်း၊ အာကာသယာဉ်မောင်းပါဝင်သော အာကာသခရီးစဉ်များ စတင်ခြင်းတို့ကို အများစုက တရုတ်နိုင်ငံအတွက် မဖြစ်နိုင်ကြောင်း ထင်ခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်နိုဝင်ဘာလတွင် ဒီအိပ်မက်ကို အကောင်အထည်ဖော်ခဲ့ပြီး Shenzhou-15 Tiangong  ဟာ အာကာသစခန်းကို ရောက်သွားခဲ့ပြီးနောက် အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ China Manned Space Agency ဟာ အဆင့်သုံးခုလုံးကို ဒီမစ်ရှင်တွင် အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ လူသားပါဝင်သော အာကာသယာဉ်ဖြင့် အာကာသထဲသွားရောက်နိုင်သော တတိယနိုင်ငံဖြစ်လာပြီး မော်ဂျူလာ အာကာသစခန်းရှိသော ဒုတိယ နိုင်ငံဖြစ်လာခဲ့ပါတယ်။

လကမ္ဘာစူးစမ်းလေ့လာရေးနဲ့ပတ်သက်ပြီး Chang’e-4 ဟာ လကမ္ဘာ၏ အစွန်းဘက်တွင် ပထမဆုံး ဆင်းသက်နိုင်ခဲ့ပါတယ်၊ ထို့နောက် ၂၀၂၀ တွင်လည်း Chang’e-5 ဟာ လကမ္ဘာကနေ ပြန်လာခဲ့ပြီး လကမ္ဘာပေါ် က နမူနာတချို့လည်း ယူဆောင်လာခဲ့ပါတယ်။

တရုတ်ဟာ အင်္ဂါဂြိုဟ်ကိုလည်း စူးစမ်းလေ့လာနေပြီး ၂၀၂၀ ဇူလိုင်လ ၂၃ ရက်နေ့တွင် Tianwen-1 ဟာ ၂၀၂၁ ဖေဖော်ဝါရီလ တွင် အင်္ဂါဂြိုဟ်ပတ်လမ်းကို ၆ လအကြာတွင်ရောက်သွားခဲ့ပါတယ်။ ထို့နောက် lander နှင့် Zhurong ရိုဗာတို့ဟာ ၂၀၂၁ မေလတွင် ဆင်းသက်နိုင်ခဲ့ပြီးနောက် တရုတ်ဟာ အင်္ဂါဂြိုဟ်ပေါ်တွင် ပထမဆုံး ဆင်းသက်နိုင်ပြီး ဆက်သွယ်ရေးလုပ်ဆောင်နိုင်သော နိုင်ငံဖြစ်လာခဲ့ပါတယ်။

၂၀၂၂ ခုနှစ်က နည်းပညာကဏ္ဍမှာ  အာကာသနည်းပညာအပြင် အခြားအောင်မြင်မှုများကို ရရှိခဲ့သော နှစ်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ဟိုက်ဒရိုလျှပ်စစ်စွမ်းအင်စက်ရုံဖြစ်တဲ့ Baihetan Hydropwer Station ဟာ သန့်ရှင်းသော စွမ်းအင်နှင့် ဒေသအတွင်းက သန်းပေါင်းများစွာသော ပြည်သူများအတွက် တည်ငြိမ်သော လျှပ်စစ်ဓာတ်အားပေးနိုင်သော စက်ရုံကို ပြီးစီးခဲ့ပါတယ်။ တရုတ်နိုင်ငံ၏ တတိယမြောက် ကုန်ပစ္စည်းတင် လေယာဉ်ကြီးဖြစ်တဲ့ Fujian ကိုလည်း မိတ်ဆက်နိုင်ခဲ့ပြီး ဒါဟာ တရုတ်စစ်တပ်နှင့် ရေတပ်ဆိုင်ရာ စစ်ဆင်ရေးများအတွက် အရေးပါသော အပိုင်းတွင် ပါဝင်ပေးမည်ဖြစ်ပါတယ်။  နောက်ဆုံးတစ်ချက်ကတော့ တရုတ်နိုင်ငံဟာ ကွန်တမ်ကွန်ပျူးတင်းတွင်လည်း တိုးတက်မှုများကို လုပ်ဆောင်နိုင်ခဲ့ပြီး ဒီတိုးတက်မှုဟာ အချက်အလက်များ သိမ်းဆည်းခြင်းကို ပြောင်းလဲစေနိုင်ပါတယ်။

ရှီကျင့်ဖျင်၏ ပြောကြားချက်အတိုင်း “တရုတ်နိုင်ငံသားများစွာ၏ ချွေးနှင့်ကြိုးစားမှုများ မရှိပါက ဒါတွေ အားလုံးဟာ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ အရည်းအချင်းရှိသူများဟာ အတူတူအလုပ်လုပ်နေကြပြီး ဒါဟာ တရုတ် နိုင်ငံ၏ ခွန်အားဖြစ်တယ်” ဟု ပြောပါတယ်။

Naing

Ref:CMG|From rice paddies to rocket ships: The Chinese Dream for space, the final frontier