【 နိုင်ငံတကာဆောင်းပါး 】တိုးတက်လာသည့် တရုတ်ရေလုပ်ငန်းကဏ္ဍ

【 နိုင်ငံတကာဆောင်းပါး 】တိုးတက်လာသည့် တရုတ်ရေလုပ်ငန်းကဏ္ဍ  

တရုတ်နိုင်ငံ၏ ရေလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း တစ်နှစ်ကို ၇.၂ ရာခိုင်နှုန်းဖြင့် နှစ်စဉ်တိုးတက်လာခဲ့ကာ ၂၀၁၇ တွင် ကန်ဒေါ်လာ ၁.၁၂ ထရီလီယံနဲ့ ညီမျှသော ယွမ် ၇.၇၆ ထရီလီယံ အထိ ကြီးထွားလာခဲ့ကြောင်း တနင်္လာနေ့တွင် အမျိုးသားပြည်သူ့ညီလာခံအမြဲတမ်းအဖွဲ့ဝင်ကောင်မတီကို တင်ပြခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ၏ ရေလုပ်ငန်းစီးပွားရေးဟာ နိုင်ငံ၏ မြောက်၊ အရှေ့နှင့် တောင်ပိုင်းတို့တွင် ရေလုပ်ငန်းစီးပွားရေးဇုန် ၃ ခုဖြင့်ဖွဲ့စည်းထားပြီး ၂၀၁၇ တွင် နိုင်ငံ၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု ၉.၄ ရာခိုင်နှုန်းကို ကိုယ်စားပြုခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ ရေလုပ်ငန်းဆိုင်ရာ နည်းပညာကဏ္ဍတွင် ဆန်းသစ်တီထွင်မှုဖြင့် ဆက်လက်တိုးတက်လာခဲ့ပြီး စက်မှုအဆင့်ကူးပြောင်းခြင်းတွင်လည်း ဆက်လက်တိုးတက်လာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ ထို့ကြောင့် နည်းပညာနှင့် စီမံကိန်းများတွင် ကြီးမားသော တိုးတက်မှုများ ဖော်ဆောင်လာနိုင်ခဲ့ခြင်းဟာ တရုတ်နိုင်ငံ၏ ရေလုပ်ငန်းတွင် အင်အားတိုးတက်ကြီးမားလာမှုကို ကြီးမားစွာ အထောက်အကူ ပြုပါတယ်။

သို့သော်လည်း တရုတ်နိုင်ငံဟာ ကုန်းတွင်းကမ်းရိုးတန်းရေ ဆိုးရွားစွာအသုံးပြုမှု စိန်ခေါ်မှုနဲ့လည်းရင်နေရပြီး၊ ရေပေါ်ရေအောက် မလုံလောက်သော ရှာဖွေမှုများမလုပ်ကိုင်နိုင်ခြင်း၊ ရေလုပ်ငန်းဆိုင်ရာ နည်းပါးသော သိပ္ပံနည်းကျရှာဖွေမှုများ နှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများအပြင် ဂေဟစနစ်ထိန်းသိမ်းရေးတွင်လည်း စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါတယ်။

အစီရင်ခံစာတွင် ဖော်ပြချက်အရ တရုတ်နိုင်ငံဟာ မူဝါဒများကို ရေးဆွဲပြီး တရားဥပဒေနည်းလမ်းဖြင့် ရေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး၊ ရေလုပ်ငန်းဆိုင်ရာစက်မှု ဆောက်လုပ်ရေး တိုးတက်စေခြင်း၊ ရေလုပ်ငန်းစီးပွားရေးအရည်အသွေးနှင့် ထိရောက်မှုရှိသော နိုင်ငံဖြစ်လာရန် စီမံချက်များလည်း ရေးဆွဲမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

စီမံချက်များဖြင့် မိရိုးဖလာရေလုပ်ငန်းများကို အဆင့်မြှင့်တင်ပြီး နိုင်ငံတကာ ရေထွက်ပစ္စည်းများ တင်ပို့မှုတွင် အရည်အသွေးအလယ်အလတ်နှင့် မြင့်မားသော နိုင်ငံဖြစ်လာစေရန် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

ရေထွက်ပစ္စည်းအရင်းအမြစ်များ ထိန်းချုပ်မှုကိုလည်း တာဝန်ရှိသူများက အဆင့်မြှင့်တင်မည်ဖြစ်ပြီး ဆန်းသစ်တီထွင်မှုကို အခြေခံထားသော လုပ်ငန်းများကို ပြုစုပျိုးထောင်ကာ ရေလုပ်ငန်းနဲ့ပတ်သက်ပြီး နည်းပညာဖြင့် ကြီးမားသော ပြောင်းလဲမှုများ ဆောင်ရန် ကြိုးပမ်းမည်ဖြစ်ပါတယ်။ ထို့အပြင် ပင်လယ်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တွင်လည်း ဆန်းသစ်တီထွင်မှုကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ပါတယ်။

 

Naing

Ref:CMG|China's marine economy grows 7.2 percent annually since 2012: report