【 နိုင်ငံတကာဆောင်းပါး 】နည်းပညာဆန်းသစ်တီထွင်မှုက တရုတ်နိုင်ငံကို ခေတ်မီစေခြင်း
ပြီးခဲ့တဲ့ အောက်တိုဘာတွင် တရုတ်သမ္မတရှီကျင့်ဖျင်ဟာ သူ့ရဲ့ အသုံးအနှုန်းဖြစ်တဲ့ တရုတ်ပုံစံခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အရေးပါပုံအကြောင်းကို ပြောကြားခဲ့ပါတယ်။ အရည်အသွေးမြင့်ပြီး အားလုံးပါဝင်မှုရှိသော တိုးတက်မှုကို ဖော်ဆောင်ခြင်း နှင့် တံခါးဖွင့်မူဝါဒအပြင် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုအကြောင်းတို့ကို အလေးထားပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း စီးပွားရေးစွန့်စားလုပ်ကိုင်သူများဟာ ကျယ်ပြန့်ပြီး အသုံးပြုသူများ အလွယ်တကူအသုံးပြုလို့ရသော ထုတ်ကုန်များကို ဖန်တီးကြပြီး တရုတ်နိုင်ငံအတွင်းက စားသုံးသူများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းလာခဲ့ပါတယ်၊ အထူးသဖြင့် ဝိုင်ယာကြိုးမဲ့အင်တာနက်ကဏ္ဍဖြစ်ပါတယ်။ ဥပမာအားဖြင့် WeChat ဟာ တရုတ်နိုင်ငံသားများ ၂၄ နာရီအသုံးပြုနေကြသော စူပါဆော့ပ်ဝဲတစ်ခုဖြစ်လာခဲ့ပါတယ်။
တရုတ်နိုင်ငံတွင် ဆန်းသစ်တီထွင်မှုများစွာရှိပါတယ်။ တစ်ခုကတော့ အစိုးရဦးဆောင်နေပြီး ထိုထဲတွင် အာကာသ၊ ဆိုလာဖူးရှင်း၊ စူပါကွန်ပျူတာ၊ ရေနက်လေ့လာရေး၊ အမြန်နှုန်းမြင့်ရထား၊ ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေးစနစ်နှင့် အခြားသော အရာများလည်းပါဝင်ပါတယ်။ အခြားသော ကဏ္ဍကတော့ စီးပွားရေးစွန့်စားလုပ်ကိုင်သူများကို ဦးဆောင်နေပြီး သူတို့ရဲ့ အားကောင်းသော ဆန်းသစ်တီထွင်မှုဟာ လူများရဲ့ အသက်ရှင်ပုံနှင့် အလုပ်လုပ်ပုံတို့ကို ပြောင်းလဲလာစေခဲ့ပါတယ်၊ အထူးသဖြင့် ကြိုးမဲ့အင်တာနက်ဆက်သွယ်ရေးဖြစ်တဲ့ နည်းပညာကဏ္ဍဖြစ်ပါတယ်။ e-commerce ၊ social commerce ၊ ရွှေ့ပြောင်းနိုင်သော ဝန်ဆောင်မှု ၊ အွန်လိုင်းငွေပေးချေမှု နှင့် အစားအသောက်ပို့ဆောင်ရေးတို့ဟာ ဥပမာများဖြစ်ပါတယ်။
ကြိုးမဲ့အင်တာနက်တွက် ဆန်းသစ်တီထွင်မှုဟာ တဖြည်းဖြည်းအားနည်းလာချိန်တွင် အခြားသော ကဏ္ဍဖြစ်တဲ့ AI ၊ ကွမ်တမ်ကွန်ပျူးတင်းနှင့် blockchain အစရှိသော ကဏ္ဍသစ်များတွင် အခွင့်အရေးသစ်များ ရှိလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံက စွန့်ဦးတီထွင်သူများဟာ hard technology လို့ခေါ်တဲ့ လျှပ်စစ်ကား ၊ ရေရှည်တည်တံ့နိုင်မှု ၊ ဇီဝဆေးဝါး နှင့် လုံခြုံရေးတို့တွင်အားစိုက်လာကြပါတယ်။ ဒီကဏ္ဍများဟာ ခုတော့ ဆန်းသစ်တီထွင်မှုအတွက် လမ်းသစ်ဖြစ်လာနေပြီး လျှပ်စစ်ကား နှင့် ပြန်လည်ထုတ်လုပ်အသုံးပြုနိုင်စွမ်းအင်ကဏ္ဍတို့တွင် တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်တွင် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာနေပြီဖြစ်ပါတယ်။
သမ္မတရှီကျင့်ဖျင်ရဲ့ ပြောဆိုချက်အရ တရုတ်နိုင်ငံဟာ ၂၀၃၅ ခုနှစ်တွင် နိုင်ငံ၏ ဂျီဒီပီကို နှစ်ဆတိုးရန် ခန့်မှန်းထားပြီး ၂၀၅၀ တွင် ကြီးကျယ်သော ခေတ်မီဆိုရှယ်လစ်နိုင်ငံကြီးကို တည်ဆောက်ရန် ရည်မှန်းထားပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံ၏ တစ်ဦးချင်းဝင်ငွေကလည်း ဆက်လက်မြင့်တက်လာရန်ရှိပြီး ၂၀၃၅ တွင် တိုးတက်မှု အလယ်အလတ်ရှိသော နိုင်ငံဖြစ်လာရန် ခန့်မှန်းထားပါတယ်။
ထို့ကြောင့် တရုတ်နိုင်ငံဟာ ဝင်ငွေအလယ်အလတ်ထောင်ချောက်ဆိုတဲ့ စိန်ခေါ်မှုကို ကျော်ဖြတ်ရမည်ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်စီးပွားရေးပညာရှင်များ၏ ခန့်မှန်းချက်အရ ဝင်ငွေအလယ်အလတ်ရှိသောနိုင်ငံများဟာ “ဝင်ငွေအလယ်အလတ်ထောင်ချောက်” ဖြင့် ဆန်းသစ်တီထွင်မှုကို ပြုလုပ်နိုင်ကြောင်း ယုံကြည်နေကြပါတယ်။ တရုတ်နိုင်ငံကလည်း ဒါကိုပဲလုပ်နေတာဖြစ်ပါတယ်။
သို့သော်လည်း တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဟာ စီးပွားရေးတိုးတက်မှုအလွန်ကို ရည်မှန်းထားပြီး ထိုထဲတွင် လူသားများနှင့် သဘာဝအကြားက အေးချမ်းစွာ အတူတူယှဉ်တွဲနေထိုင်ရေး၊ ဂေဟစနစ်ယဉ်ကျေးမှုတည်ဆောက်မှုအတွက် အခြေခံစည်းကမ်းများ၊ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့သော လူမှုအသိုင်းအဝိုင်းရဲ့ ထူးခြားသော ကျင့်ဝတ်များလည်းပါဝင်ပါတယ်။
အနောက်နိုင်ငံက စီနီယာနိုင်ငံရေးသမားများ၊ နာမည်ကြီး စီးပွားရေးခေါင်းဆောင်များ၊ သတင်းစာဆရာများ နှင့် နာမည်ကြီး ပညာရှင်များတို့ကတော့ တရုတ်နိုင်ငံဟာ ဆန်းသစ်တီထွင်မှုကို မပြုလုပ်နိုင်ကြောင်း ယခင်က ပြောခဲ့ကြပါတယ်။ အများကပေးသော အကြောင်းပြချက်တွင် အလွတ်ကျက်သင်ကြားရေးစနစ်နှင့် ကျင့်ထုံးများကြောင့် ဖြစ်ကြောင်းဆိုကြပါတယ်။
သို့သော်လည်း Google ရဲ့ စီအီးအိုဟောင်းတစ်ယောက်ဖြစ်တဲ့ ဂရေဟမ်အာလီဆန်ရဲ့ ပြောဆိုချက်အရ တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံထက် ရှေ့ရောက်နေပြီဖြစ်ကြောင်း၊ အထူးသဖြင့် နည်းပညာဖြစ်တဲ့ AI တွင် ရှေ့ရောက်နေပြီဖြစ်ကြောင်း ပြောပါတယ်။ Microsoft ကုမ္ပဏီတည်ထောင်သူဖြစ်တဲ့ ဘီလ်းဂိတ်စ်ကလည်း သူဟာ တရုတ်နိုင်ငံကို လျင်မြန်စွာ နည်းပညာကဏ္ဍတွင် ဆန်းသစ်တီထွင်မှုများ လုပ်နိုင်သော မကြာခဏဆိုသလို ချီးကျူးခဲ့ပါတယ်။
မကြာသေးခင်ကပဲ တရုတ်အစိုးရကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိပ္ပံနှင့်နည်းပညာအပြင် ညာနပိုင်ဆိုင်မှုကဲ့သို့သော ကဏ္ဍတွင် အဖွဲ့အစည်းများရဲ့ တာဝန်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး ပြုပြင်ပြောင်းလဲခြင်း နှင့် ပြန်လည်တည်ဆောက်ခြင်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီလို ပြန်လည်တည်ဆောက်မှုဟာ တရုတ်နိုင်ငံကို သူ့ရဲ့ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုရဲ့ ရည်မှန်းချက်များကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန် ကူညီမည်ဖြစ်ပါတယ်။
တရုတ်ပုံစံခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းဟာ တရုတ်၏ ကိုယ်ပိုင်ပုံစံခေတ်သစ်နိုင်ငံအဖြစ် ပြောင်းလဲခြင်းကို ဖော်ဆောင်နေတာကို ပြသနေပါတယ်။ ရှေ့ခေတ်နှင့် ထွန်းကားခဲ့သော ယဉ်ကျေးမှုများနောက်ကွယ်တွင် တရုတ်နိုင်ငံဟာ ဆက်လက်ပြီး စမ်းသပ်မှုများ၊ သင်ယူမှုများနှင့် ပြုပြင်ပြောင်းလဲခြင်းနှင့် တံခါးဖွင့်မူဝါဒတို့ကို ကျင့်သုံးလာခဲ့ပါတယ်။ ဒီလို လက်တွေ့ကျသော အတွေးအခေါ်ဖြင့် ချဉ်းကပ်မှုဟာ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုကို အားပေးပါတယ်။ အရာရာအားလုံးဟာ ပြည့်စုံသော အရာမဟုတ်သော်လည်း တရုတ်နိုင်ငံဟာ ရှေ့ဆက်တိုးမည်ဆိုတာကတော့ သေချာနေပါတယ်။
Naing
Ref:CMG| Technological innovation core to Chinese modernization