【 နိုင်ငံတကာဆောင်းပါး 】နှစ် ၃၀ အတွင်း တစ်ကြိမ်သာ ပြောင်းလဲခဲ့တဲ့ တရုတ်တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးစာရင်း

【 နိုင်ငံတကာဆောင်းပါး 】နှစ် ၃၀ အတွင်း တစ်ကြိမ်သာ ပြောင်းလဲခဲ့တဲ့ တရုတ်တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးစာရင်း

ဒီနှစ် အစည်းအဝေးနှစ်ရပ်တွင် CPPCC အဖွဲ့ဝင်ဖြစ်ပြီး Artron Art Group ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဝမ်ဂျေက အစိုးရဦးစားပေးထိန်းသိမ်းကာကွယ်ရေးအောက်က တောရိုင်းတိရစ္ဆာန်များစာရင်းကို နောက်ဆုံးပြန်လည် စာရင်းပြုစုရန် အဆိုပြုခဲ့ပါတယ်။ ဒီစာရင်းဟာ နှစ်ပေါင်း ၃၀ အတွင်း အပြောင်းအလဲ တစ်ကြိမ်တည်းသာ ပြုလုပ်ခဲ့သော စာရင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွင် CPPCC ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့  ဇန်အင်ဒီ နှင့် မာဂျင်တို့ကတော့ ဒီစာရင်းဟာ တရုတ်နိုင်ငံတွင် အန္တရာယ်နဲ့ရင်ဆိုင်နေရသော တိရစ္ဆာန်များကို ထိရောက်စွာ ကာကွယ်ရာတွင် ဆိုးကျိုးများရှိလာစေကြောင်း ထောက်ပြခဲ့ကြပါတယ်။ သိပ္ပံပညာရှင်နှင့် NGO အဖွဲ့အစည်းများရဲ့ ပြောဆိုချက်အရ ပျောက်ကွယ်နိုင်သော အန္တရာယ်နဲ့ရင်ဆိုင်နေရသော တိရစ္ဆာန်များဟာ နောက်ထပ်မစောင့်ဆိုင်းစေနိုင်တော့ကြောင်းဟု ပြောပါတယ်။

တောင်ရိုင်းတိရစ္ဆာများနှင့် အပင်များကို တရုတ်က ဘယ်လိုကာကွယ်တာလဲ?

တရုတ်နိုင်ငံတွင် တိရစ္ဆာန်များနှင့် အပင်များကို ကာကွယ်နိုင်ရန် အစိုးရဟာ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ စာရင်းနှစ်ခုကို အတည်ပြုခဲ့ပြီး ထိုစာရင်းများကတော့ အစိုးရဦးစားပေးထိန်းသိမ်းကာကွယ်ရေးအောက်က တောရိုင်းတိရစ္ဆာန်များနှင့် အပင်များစာရင်းနှင့် တရုတ်ဇီဝမျိုးကွဲဆိုင်ရာ အနီရောင်စာရင်းတို့ပဲဖြစ်ပါတယ်။

ပန်ဒါဝက်ဝံကြီးကို အမျိုးသားရတနာအဖြစ်သတ်မှတ်ပြီး အစိုးရဦးစားပေးထိန်းသိမ်းကာကွယ်ရေးဆိုင်ရာဥပဒေအောက်က တောရိုင်းတိရစ္ဆာန်နှင့် အပင်များစာရင်းတွင် ဒါကို တရုတ်နိုင်ငံတွင် ပထမတန်းစားထိန်းသိမ်းကာကွယ်ရန် တိရစ္ဆာန်အဖြစ် သတ်မှတ်ထားပါတယ်။

၁၉၈၉ ခုနှစ်တွင် စတင်အတည်ပြုခဲ့သော ဒီစာရင်းဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ အတွင်း ပြောင်းလဲမှု တစ်ကြိမ်သာ ပြုလုပ်ခဲ့ပါတယ်၊ ထိုပြောင်းလဲမှုကတော့ ၂၀၀၃ ခုနှစ်တွင် ဒရယ်ကို ဒုတိယတန်းစား ထိန်းသိမ်းကာ ကွယ်ရမည့် တိရစ္ဆာန်ကနေ ပထမတန်းစားအဖြစ်သို့ ပြောင်းလဲခြင်းဖြစ်ပါတယ်။

နှစ်ပေါင်း ၁၀ နှစ်အကြာမှာတော့ ၁၉၉၉ ခုနှစ်တွင် ပထမအသုတ်စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယ အသုတ်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပဲ ဆွေးနွေးနေဆဲဖြစ်ပါတယ်။

Red List of Higher Plants လို့ခေါ်တဲ့ အပင်မြင့်များရဲ့ အနီရောင်စာရင်း ၊ ကျောရိုးပါသော တိရစ္ဆာန်များ နှင့် မိုက်ခရိုမှိုပင်များ စာရင်းများကို ၂၀၁၃ ၊ ၂၀၁၅ နှင့် ၂၀၁၈ ခုနှစ်တို့တွင် ထုတ်ပြန်ခဲ့ကြပါတယ်။ နိုင်ငံတကာ သဘာဝထိန်းသိမ်းရေးသမဂ္ဂလိုပဲ အနီရောင်စာရင်းများဟာ အမျိုးအစား ၉ မျိုးခွဲခြားထားပါတယ်၊ မျိုးတုန်းသွားသောအုပ်စု၊ မျိုးတုန်းသွားသောတောရိုင်းတိရစ္ဆာန်၊ ပျောက်ကွယ်လုနီးပါးတိရစ္ဆာန်၊ ပျောက်ကွယ်ရန် အန္တရာယ်ရှိသော တိရစ္ဆာန်၊ ပျောက်ကွယ်နိုင်ခြေရှိသော တိရစ္ဆာန်၊ ပျောက်ကွယ်ရန် ခြိမ်းခြောက်မှုခံရသော တိရစ္ဆာန်၊ ခြိမ်းခြောက်မှုအနည်းဆုံးရှိသော တိရစ္ဆာန်၊ အချက်အလက်ပြည့်စုံစွာရှိသော တိရစ္ဆာန်နှင့် အချက်အလက်ပြည့်စုံစွာ မရှိသော တိရစ္ဆာန်ဟု အမျိုးအစားများ ခွဲခြားထားပါတယ်။

သို့သော်လည်း တရုတ်နိုင်ငံရဲ့ ဇီဝမျိုးကွဲအနီရောင်စာရင်းဟာ ဒေသအတွင်းက အချက်အလက်များကို အခြေခံပြီး ပြုစုခဲ့တာဖြစ်ပါတယ်။ ဥပမာအားဖြင့် တရုတ်နိုင်ငံတွင်ပျောက်ကွယ်လုနီးပါးသော တိရစ္ဆာန်များဟာ အခြားနိုင်ငံတွင် အကောင်ရေများနိုင်သော်လည်း ဒေသခံများရဲ့ထိန်းသိမ်းကာကွယ်မှုလိုအပ်နေဆဲဖြစ်ပါတယ်။

နောက်ဆုံးစာရင်းပြုစုချက် ဘယ်တော့ထွက်လာမှာလဲ

အရင်ကတော့ တိရစ္ဆာန်များနဲ့ပတ်သက်သော အချက်အလက်စုံလင်စွာ မရှိမှု၊ အချက်အလက်ဖြန့်ချီမှုနှင့် အခြားသော အကြောင်းအရာများကြောင့် တိရစ္ဆာန်များနှင့် အခြားသော အပင်များအကြောင်းကို စာရင်းပြုစုရန် အလွန်ခက်ခဲခဲ့ပါတယ်။ သို့သော်လည်း တိုးတက်လာသော နည်းပညာနှင့် ထိန်းသိမ်းကာကွယ်ရေးအတွက် လူသားစွမ်းအားအရင်းအမြစ်များပြားလာခြင်းတို့ကြောင့် ဒါတွေအားလုံးဟာ ပိုမိုလွယ်ကူလာပြီဖြစ်ပါတယ်။

တာဝန်ရှိသူများနှင့် သိပ္ပံပညာရှင်များရဲ့ ကြိုးပမ်းမှုကြောင့် သတင်းကောင်းများလည်း ရှိလာပြီဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ရေးဥပဒေကို ၅ နှစ်တွင် အနည်းဆုံးတစ်ကြိမ် ပြန်လည် စိစစ်ခြင်း ပြုလုပ်ရန် ၂၀၁၇ တွင် ဥပဒေပြဋ္ဌာန်းခဲ့ပြီဖြစ်ပါတယ်။ သို့သော်လည်း စာရင်းပြုစုမှုဟာ ဖြစ်မလာသေးပါဘူး။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် မြို့ပြအသွင်ပြောင်းလဲခြင်းဟာ လျင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ပျောက်ကွယ်မယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရသော တိရစ္ဆာန်များဖြစ်တဲ့ ပန်ဒါ၊ တိဘက်ဒရယ် နှင့် ခရုစုပ်ငှက်တို့ကို ထိန်းသိမ်းကာကွယ်ရာတွင် ကြီးမားသော အောင်မြင်မှုရရှိခဲ့ပါတယ်။ သို့သော်လည်း လူသားများကြောင့် အရင်းအနှီးအသုံးပြုမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့က  တချို့သော တိရစ္ဆာန်များရဲ့ နေထိုင်ကျက်စားရာ နေရာများကို ဖျက်ဆီးနေဆဲဖြစ်ပါတယ်။

Naing

Ref: CMG|China's wildlife protection list has changed only once in 30 years