【 နိုင်ငံတကာဆောင်းပါး 】နှစ် ၄၀ အတွင်း တရုတ်စီးပွားရေး သမိုင်းဝင်အပြောင်းအလဲများ

【 နိုင်ငံတကာဆောင်းပါး 】နှစ် ၄၀ အတွင်း တရုတ်စီးပွားရေး သမိုင်းဝင်အပြောင်းအလဲများ

၁၉၇၈ ခုနှစ်တွင် ပြုပြင်ပြောင်းလဲခြင်းနှင့် တံခါးဖွင့်မူဝါဒကို လက်တွေ့ကျင့်သုံးပြီးနောက်ပိုင်း တရုတ်နိုင်ငံ၏ စီးပွားရေးတည်ဆောက်မှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်း ဟန်ချက်ညီသော စီးပွားရေးဖြစ်လာခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုဟာ ဒုတိယတန်းစား စီးပွားရေးလုပ်ငန်းထက် ကဏ္ဍ ၃ ခု၏ တွန်းအားကြောင့် အားကောင်းလာခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ ဂျီဒီပီတွင် အခြေခံစက်မှုလုပ်ငန်းများ၏ ပါဝင်မှုဟာ ၁၉၇၈ ခုနှစ်တွင် ၂၇.၇ ရာခိုင်နှုန်းရှိရာကနေ ၂၀၁၇ ခုနှစ်မှာတော့ ၇.၉ ရာခိုင်နှုန်းသို့ကျဆင်းလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တတိယအဆင့် စီးပွားရေးလုပ်ငန်းများ၏ ပါဝင်မှုဟာ ၁၉၇၈ ခုနှစ်တွင် ၂၇ ရာခိုင်နှုန်းရှိရာကနေ ၂၀၁၇ တွင် ၅၁.၆ ရာခိုင်နှုန်းသို့ မြင့်တက်သွားခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းများ တည်ဆောက်မှုကို ကြီးမားစွာ ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ တရုတ်နိုင်ငံ၏ စီးပွားရေးအုတ်မြစ်ဟာ စီးပွားရေးဖြစ်သောကြောင့် စီးပွားရေးတည်ဆောက်မှုပုံစံကလည်း ပိုမိုခိုင်မာလာခဲ့ပါတယ်။ စီးပွား ရေးလုပ်ငန်းများဟာ အလယ်အလတ် နှင့် အဆင့်မြင့် အဆင့်သို့ တိုးတက်သွားခဲ့ပြီး နိုင်ငံ၏အရေးပါသော စီးပွားရေးလုပ်ငန်းအဖြစ် ဝန်ဆောင်မှုလုပ်ငန်းဟာ တိုးတက်လာခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ နိုင်ငံ၏ စီးပွားရေးကို ပို့ကုန်အပေါ်မှီခိုသော စီးပွားရေးလုပ်ငန်းကနေ ပြည်တွင်းစားသုံးမှုကို ဦးစားပေးသော စီးပွားရေးလုပ်ငန်းအဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်းပြောင်းလဲလာခဲ့ပါတယ်။ မူလက တော့ စားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှု နှင့် ပို့ကုန်တို့ကို အခြေခံတဲ့အတွက် တရုတ်နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုဟာ တည်ငြိမ်မှုမရှိခဲ့ပါဘူး၊ ထိုကဲ့သို့ မတည်ငြိမ်ခြင်းဟာ ချောမွေ့သော စီးပွားရေးတိုးတက်မှုအတွက် ကောင်းသောအရာ မဟုတ်ခဲ့ပါဘူး။

ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မူဝါဒဟာ ပြည်တွင်းဝယ်လိုအားကို တိုးတက်လာစေရန် ရည်ရွယ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တွင် နောက်ဆုံးစားသုံးမှုအသုံးစရိတ်ဟာ နိုင်ငံ၏ ဂျီဒီပီ ၅၈.၈ ရာခိုင်နှုန်းပါဝင်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ၃၈.၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

စုစုပေါင်းအရင်းအနှီးဖွဲ့စည်းခြင်းပမာဏကလည်း ၂၀၁၇ တွင် ၃၂.၁ ရာခိုင်နှုန်းရှိခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ တွင် ၆၇ ရာခိုင်နှုန်းရှိခဲ့ရာကနေ ခုလိုကျဆင်းလာတာဖြစ်ပါတယ်။

ဝန်ဆောင်မှုနှင့် ကုန်စည်တင်ပို့မှုဟာ နိုင်ငံ၏ စုစုပေါင်းပို့ကုန် ပမာဏ၏ ၉.၁ ရာခိုင်နှုန်း ၂၀၁၇ တွင်ရှိခဲ့ပါတယ်။

ထို့အပြင် ဗျူဟာမြောက်စီမံချက် ၃ ခုကိုလည်း ၂၁ ရာစုနှစ် အစပိုင်းတွင် စတင်ခဲ့ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အသီးများကို ပြည်သူများထံ ဝေမျှပေးရန် ကြပ်မတ်ပေးမည်ဖြစ်ပါတယ်။ ထိုကဲ့သို့ ဆောင်ရွက်မှုတွင် နိုင်ငံ၏ အနောက်ပိုင်းဒေသကြီးမားစွာဖွံ့ဖြိုးတိုးတက်ရေး၊ တရုတ်အရှေ့မြောက်ပိုင်းဒေသကို ဘက်စုံပြန်လည် နုပျိုစေရေး နှင့် နိုင်ငံ၏အလယ်ပိုင်းတွင် အိုဟောင်းနေပြီဖြစ်သော လုပ်ငန်းများကို ပြန်လည်နုပျိုရန် လုပ် ဆောင်ခြင်းတို့ ပါဝင်ပါတယ်။

တရုတ်နိုင်ငံ၏ မြို့ပြနေရာသို့ ပြောင်းလဲမှုကလည်း ၂၀၁၇ တွင် ၅၈.၅၂ ရာခိုင်နှုန်းသို့ မြင့်တက်သွားခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ၁၇.၉၂ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်း တရုတ်နိုင်ငံ၏ မြို့အရေအတွက်ကလည်း ၃ ဆ မြင့်တက်လာခဲ့ပြီး ၆၆၁ ခုအထိ ရှိလာခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံတွင် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သော အိမ်ထောင်စုပေါင်း ၇၁.၃၇ သန်းရှိပြီး ပုဂ္ဂလိကကုမ္ပဏီပေါင်း ၃၀.၇၆ သန်းရှိခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သော အိမ်ထောင်မိသားစု ၁၄၀၀၀၀ သာရှိခဲ့ပါတယ်၊ ၁၉၈၉ ခုနှစ်တွင် မှတ်ပုံတင်ထားသော ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၉၀၅၀၀ သာရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံက ကုမ္ပဏီပေါင်း ၁၁၅ ခုဟာ Fortune Global 500 တွင် ပါဝင်နိုင်ခဲ့ပါတယ်။

ယနေ့ ပုဂ္ဂလိကကဏ္ဍဟာ တရုတ်နိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အရေးကြီးသော အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ နိုင်ငံ၏ အကောက်ခွန်ထက်ဝက်ကျော်ကို ဆောင်သောကဏ္ဍဖြစ်ပြီး ဂျီဒီပီ ၆၀ ရာခိုင်နှုန်းကိုယ်စားပြုပါ တယ်၊ နည်းပညာဆန်းသစ်တီထွင်မှု ၇၀ ရာခိုင်နှုန်းနှင့် ထုတ်ကုန်အသစ်များကိုလည်း ထုတ်လုပ်ပြီး ၊ မြို့ပြအလုပ်အကိုင်ရရှိမှု ၈၀ ရာခိုင်နှုန်းကိုလည်း ပံ့ပိုးပေးကာ အလုပ်အကိုင်မျိုးဆက် ၉၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးပါတယ်။

Naing

Ref:CMG| Historic changes in China's economic structure in past 40 years