【 နိုင်ငံတကာဆောင်းပါး 】ပတ်ဝန်းကျင်ထိခိုက်မှုနည်းစေသည့် အထည်ချုပ်ကဏ္ဍမှ နည်းပညာဆန်းသစ်တီထွင်မှုများ

【 နိုင်ငံတကာဆောင်းပါး 】ပတ်ဝန်းကျင်ထိခိုက်မှုနည်းစေသည့် အထည်ချုပ်ကဏ္ဍမှ နည်းပညာဆန်းသစ်တီထွင်မှုများ

တရုတ်နိုင်ငံရဲ့ အထည်ချုပ်ကဏ္ဍဟာ နိုင်ငံရဲ့ အထည်ချုပ်နှင့် အထည်လိပ်တင်ပို့မှုကနေ  ကန်ဒေါ်လာ ၂၅၆ ဘီလီယံကျော် တင်ပို့နိုင်ခဲ့ပြီးနောက် ၁၀ လအတွင်းတွင် တည်ငြိမ်စွာ တိုးတက်မှုများ ရှိလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒေသအတွင်းက သုတေသီများဟာ အထည်ချုပ်ကဏ္ဍကို အစိမ်းရောင်ပြောင်းလဲမှုများ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းအားထုတ်နေပါတယ်။

နိုင်ငံတကာဖက်ရှင် ကုမ္ပဏီကြီးများကနေ ကုမ္ပဏီသစ်များအထိ ကုမ္ပဏီများဟာ တရုတ်နိုင်ငံရဲ့ ကျယ်ပြန့်သော စျေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုများ ဖော်ဆောင်လာကြပါတယ်။ သို့သော်လည်း အကြီးမားဆုံး စိန်ခေါ်မှုကတော့ အထည်ချုပ်ကဏ္ဍဟာ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးသော ကဏ္ဍတစ်ခု မဟုတ်တာပဲဖြစ်ပါတယ်။ အ ထည်လိပ်လုပ်ငန်းဟာ နိုင်ငံတကာတွင် တစ်နှစ်တွင် အမှိုက်ပေါင်း တန်ချိန် ၉၂ သန်း အထိ ထုတ်လုပ်သော ကဏ္ဍတစ်ခုဖြစ်ပါတယ်။

ရှန်ဟိုင်းအခြေစိုက် Donghua University ဟာ နည်းပညာတစ်ခုကို ထုတ်လုပ်စမ်းသပ်နေပြီး ထိုနည်းပညာဟာ အထည်လိပ်စက်ရုံက စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုလို့ရအောင် ပြုလုပ်ရာတွင် ထိရောက်ကြောင်းကို ယခုနှစ် အစောပိုင်းမှာပဲ တွေ့ရှိခဲ့ပါတယ်။

Donghua University က College of Chemistry, Chemical Engineering & Biotechnology တွင် တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသော ဝေါင်ဘီဂျာရဲ့ ပြောဆိုချက်အရ စွန့်ပစ်ရေများကို ပြန်လည်ပြုပြင်ခြင်းနည်းပညာဟာ ဝယ်လိုအား အလွန်မြင့်မားနေကြောင်း၊ အထူးသဖြင့် တရုတ်ဟာ အထည်ချုပ် စက်ရုံက စွန့်ပစ်ပစ္စည်းများကို တင်းကျပ်သော စည်းကမ်းများ ထုတ်ပြန်ပြီးနောက် ဝယ်လိုအား‌မြင့်တက်လာတာဖြစ်ကြောင်း ဆိုပါတယ်။

“အထည်ချုပ်လုပ်ငန်းများဟာ ရေမလိုပဲ အခြားနည်းလမ်းနဲ့ စက်ရုံလည်ပတ်နိုင်ဖို့ နည်းလမ်းရှာဖွေခဲ့ကြတယ်၊ ရေမလိုအပ်သော ဆေးရောင်ဆိုးခြင်း (သို့မဟုတ်) ထုတ်လုပ်မှု နည်းလမ်းကို ရှာဖွေခဲ့ကြတယ်” ဟု ဝေါင်က CGTN ကို ပြောပါတယ်။

ဝေါင်နှင့် အဖွဲ့သားများကတော့ ဖက်ရှင်နှင့် ဓာတုပစ္စည်းထုတ်လုပ်သူများနဲ့ အနီးကပ်အလုပ်လုပ်နေကြပါတယ်။ သူတို့ရဲ့ နောက်ဆုံး တီထွင်ခဲ့သော နည်းပညာကတော့ ဇာထိုးထားတဲ့ အထည်များကို ပြန်ဖြေပြတဲ့ နည်းပညာကို ရှန်တုံက စက်ရုံတစ်ခုတွင် စမ်းသပ်ပြခဲ့ပါတယ်။ တစ်နှစ်ကို တန်ချိန်ပေါင်း ၃၀၀၀ အထိ ဇာထိုးထားသော အထည်များကို ဖြေပေးနိုင်ပါတယ်။ ဒီနည်းပညာအသစ်ဟာ ကုမ္ပဏီတွင် အသုံးပြုနေသော ရေပမာဏ ၇၀ ရာခိုင်နှုန်းအထိကို လျှော့ချနိုင်ပြီး ရေတွင်အသုံးပြုသော အီလက်ထရိုလိုက် ၆၅ ရာခိုင်နှုန်းကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

IKAR က ထုတ်ပြန်ထားသော အချက်အလက်များအရ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံဟာ အထည်လိပ်နှင့် အဝတ်အထည်များ အများဆုံး တင်ပို့ခဲ့သော နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ကုမ္ပဏီပေါင်း ၂၄၀၀၀ ကျော်ရှိကြောင်းဆိုပါတယ်။ ထို့ကြောင့် ဒီလိုလုပ်ငန်းများကို ဆက်ပြီးလည်ပတ်နိုင်ရန် ဆောင်ရွက်ခြင်းဟာ ကြီးမားသော စိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ်။ သို့သော်လည်း ဒါဟာ ဒီကဏ္ဍအတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုဟာ ပတ်ဝန်းကျင်ထိန်းသိမ်းလိုသောသူများကို ဆွဲဆောင်နေပြီး ဘွဲ့ရသူများအသစ်ကိုလည်း ဆွဲဆောင်နေပြီး သူတို့ကိုယ်ပိုင် ကုမ္ပဏီများထောင်ရန် တွန်းအားဖြစ်စေပါတယ်။

“လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဒီကဏ္ဍတွင် လုပ်ငန်းရှင်များနှင့် စီးပွားရေးစွန့်စားသူများရဲ့ ပါဝင်မှုကြောင့် ကျွန်တော်တို့ အရမ်းကို အားတက်ရပါတယ်” ဟု Kering Greater China တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသော ကိုင်ဂျင်ရှင်က ပြောပါတယ်။

ပါဝင်သူများဟာ ဆန်းသစ်တီထွင်မှုအားကောင်းပြီး ရေရှည်တွင် အသုံးပြုနိုင်သော ဖက်ရှင်အကြောင်းကို အလွန်စိတ်ဝင်စားသူများဖြစ်ပါတယ်၊ တစ်ချိန်တည်းမှာပဲ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး နည်းလမ်းကျွမ်းကျင်မှုလည်း ရှိပြီး သင်တန်းများလည်း တက်ရောက်ထားသူများဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

“ဒီနှစ်အတွင်းမှာပဲ အထူးသဖြင့် လူငယ်စီးပွားရေးစွန့်ဦးတည်ထောင်သူများဟာ ထိပ်တန်းနိုင်ငံတကာ တက္ကသိုလ်ကျောင်းကနေ ဘွဲ့ရသူများဖြစ်ပြီး ၊ တရုတ်နိုင်ငံက ပြန်လာပြီး တရုတ်နိုင်ငံအပေါ် အာရုံစိုက်ပြီး ကုမ္ပဏီသစ်တည်ထောင်သူများစွာကို မြင်ရပါတယ်” ဟု ကိုင်က ဆက်ပြောပါတယ်။

ရှီဒင်ဟွမ်ဟာ Energy Investment Professional Committee of Investment Association of China တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သူ တစ်ယောက်ဖြစ်ပါတယ်၊ သူ့ရဲ့ ပြောဆိုချက်အရ တရုတ်ဟာ ဥရောပ နိုင်ငံများကနေ အဆင့်မြင့်ပြီး သန့်ရှင်းသော နည်းပညာအသုံးပြုမှုနဲ့ ပတ်သက်ပြီး သင်ခန်းစာများ သင်ယူနိုင်ကြောင်း ပြောပါတယ်။

“ကျွန်မတို့ရဲ့ ကော်မတီဟာ ကာဗွန်ထုတ်လွှတ်မှုမရှိတဲ့ စက်မှုဇုန်အတွက် စံချိန်စံညွှန်းများကို ဖွဲ့စည်းနိုင်ရန် အလုပ်လုပ်နေပါတယ်။ စံချိန်အသစ်များနဲ့အတူ ကုမ္ပဏီများကို အစီအစဉ်ကောင်းများ ချမှတ်နိုင်ရန်အတွက် ကောင်းမွန်စွာ လမ်းညွှန်နိုင်မှာဖြစ်ပြီး သင့်တော်တဲ့ နည်းပညာကို ရှာဖွေစေနိုင်မှာဖြစ်ပါတယ်” ဟု ရှီက ဆက်ပြောပါတယ်။

Naing

Ref:CMG| Technological innovation helps textile sector to be more eco-friendly