【 နိုင်ငံတကာဆောင်းပါး 】ရုပ်လုံးပေါ်လာသည့် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း

【 နိုင်ငံတကာဆောင်းပါး 】ရုပ်လုံးပေါ်လာသည့် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း

မတ်လ ၂၈ ရက်နေ့က ကျင်းပခဲ့သော ပိုအော် အာရှဖိုရမ် ၂၀၂၃ခုနှစ် နှစ်ပတ်လည်အစည်း အဝေးမှာ ဖိုရမ်ခွဲအဖြစ်  “Belt and Road” ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းမျှဝေရေးခေါင်းစဉ်နဲ့ကျင်းပခဲ့ရာမှာ အဆိုပါပွဲကို တက်ရောက်သူတွေက“Belt and Road” ဖွံ့ ဖြိုးတိုးတက်ရေး ဆယ်နှစ်တာအောင်မြင်မှုတွေ အနာဂတ် ဖွံဖြိုး တိုးတက်ရေးစတဲ့ အကြောင်းအရာများနဲ့  ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ ဒီဖိုရမ်အစည်း အ ဝေးမှာ  ဥရောပအတိုင်ပင်ခံမဟာမိတ်အဖွဲ့ Ambrosetti ရဲ့ ဒါရိုက်တာဖြစ်တဲ့  Paolo က “Belt and Road” အဆိုပြုချက်ရဲ့ အရေးပါဆုံးသော ပံပိုးမှုထဲက တစ်ခုဟာ နိုင်ငံအသီးသီးအတွက် သာယာဝပြောရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးကို ဆောင်ကြဉ်းပေးလာတယ်လို့ ပြောခဲ့ပြီး “Belt and Road” အဆိုပြု ချက်ရှိနေခြင်းကြောင့် ကမ္ဘာ့ နိုင်ငံများဟာ  အာရှနိုင်ငံတွေ၊ တရုတ်နိုင်ငံတို့နဲ့ နီးကပ်စွာ ချိတ်ဆက်နိုင်လို့ ဂလိုဘယ်လိုက်ဇေးရှင်း ဖွံ့ဖြိုး တိုးတက်ရေးကို တွန်းအားပေးနေတယ်လို့ ပြောခဲ့ပါတယ်။

ဒီဘက်နှစ်ပိုင်း “Belt and Road” စီမံကိန်းတွေ ရုပ်လုံးပေါ်လာချိန်မှာ Paolo ရဲ့ ပြောဆိုချက်ဟာ တကယ်ကိုဘဲ ပကတိအရှိတရားကို လှစ်ပြလိုက်သလိုပါဘဲ။

၂၀၀၃ ခုနှစ်ကစခဲ့တဲ့ “Belt and Road” အဆိုပြုချက်ဟာ ယခုအခါ ဆယ်နှစ်တာကာလရောက်ရှိလာပြီ ဖြစ်သလို သိသာထင်ရှားတဲ့ အရွေ့တစ်ခုကိုလည်း မြင်လာနေရပြီဖြစ်ပါတယ်။ ယခုအချိန်မှာ  “Belt and Road” အဆိုပြုချက်အတွင်း နိုင်ငံပေါင်း ၁၅၀ ပါဝင်နေပြီဖြစ်သလိုကြီးမားသော အုပ်စုကြီးဖြစ်လာနေပြီး ယခုနှစ်မှာဆိုရင် အဖွဲ့ ဝင်နိုင်ငံအသစ် ၅ နိုင်ငံ ထပ်တိုးလာခဲ့ပါတယ်။ ဒီထဲမှာ နိုင်ငံတကာအဖွဲ့ အစည်းပေါင်း ၃၀ ကျော်ပါ ပါဝင် လာခဲ့လို့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ ကမ္ဘာ့ဒေသတွေဖြစ်တဲ့ အာရှ၊အာဖရိကနဲ့ လက်တင်အမေရိကနိုင်ငံတွေမှာ သိသာတဲ့ တိုးတက်မှုတွေကို မြင်လာနေရပါတယ်။

Belt and Road မစခင် ၂၀၁၂ ခုနှစ်မှာ  တရုတ်နိုင်ငံရဲ့ ပြည်ပတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) ဟာ  အမေ ရိကန်ဒေါ်လာ ၈၂ ဘီလီယံသာ ရှိခဲ့ပေမယ့် Belt and Road စပြီး ၈ နှစ်ခန့်အကြာ ၂၀၂၀ ခုနှစ်မှာ အမေရိကန်ဒေါ် လာ ၁၅၄ ဘီလီယံအထိ ရှိခဲ့လို့ တရုတ်နိုင်ငံဟာ BRI ကြောင့် ကမ္ဘာ့နံပါတ်တစ် ပြည်ပရင်း နှီးမြှုပ်နှံသူဖြစ် လာပါ တယ်။ BRI နိုင်ငံများတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု တိုးလာမှုက အထင်ကြီးစရာပါ။ တရုတ်ကုမ္ပဏီတွေက နိုင်ငံကာအခြေခံအဆောက်အဦးဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့တလွှား ရင်းနှီးမြုပ်နှံခဲ့ရာမှာ BRI စီမံကိန်းတွေ ကြောင့် သိသာတဲ့ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။

ယခု၂၀၂၃ ခုနှစ်မှာ တရုတ်နိုင်ငံဟာ  ၎င်း၏ အထင်ကရ Belt and Road Initiative (BRI) ၏ ဆယ်နှစ် ပြည့် အထိမ်းအမှတ်အဖြစ် ကမ္ဘာတစ်ဝှမ်းရှိ လမ်းများ၊ ဆိပ်ကမ်းများနှင့် အခြားအရေးကြီးသော အခြေခံ အ ဆောက်အအုံများ ဆောက်လုပ်ရင်းနှီးမြုပ်နှံဖို့ ဒေါ်လာဘီလီယံနှင့်ချီသော ရန်ပုံငွေပေးရန် တွန်းအားပေးမှု ပြုလုပ် မှာဖြစ်ပါတယ်။ ဒါဟာ စီးပွားရေးနာလန်ထူဖို့ ငွေပင်ငွေရင်း အပူတပြင်းလိုနေတဲ့ ဥရောပ၊အာရှ၊အမေရိကနဲ့ ဗဟို အာရှဒေသအတွက် ကောင်းမွန်တဲ့ သတင်းစကားပါဘဲ။

မကြာသေးမီက BRI ရဲ့ ရှေ့ဆက်သွားမည့် မစ်ရှင်သုံးခုကို တရုတ်အစိုးရက ထုတ်ဖော်ခဲ့ပါတယ်။ ဒါတွေက နားလည်သလိုပြောရမယ်ဆိုရင် --

တိုးတက်မှုမြှင့်တင်ခြင်း- တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံကို မျှဝေခြင်း၊ အခြားနိုင်ငံများ၏ စီးပွားရေးနှင့် ချိတ်ဆက်ခြင်း၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည်အခြေခံအုတ်မြစ်ကို မြှင့်တင်ပေးခြင်း။

ဂလိုဘယ်လိုက်ဇေးရှင်း- ပင်လယ်ရေကြောင်းနှင့် မြေယာဂလိုဘယ်လိုက်ဇေးရှင်းကို ပြန်လည်ချိန်ခွင် လျှာညှိခြင်း၊ ပိုမိုပါဝင်ပြီး သာတူညီမျှရှိသော ကမ္ဘာ့စီးပွားရေးကို ပြန်လည်တည်ဆောက်ခြင်း၊ အနောက်ပုံစံ‌ လျော့ချခြင်း (ဗဟိုချုပ်ကိုင်မှု)။

ဒေသစံနစ်သစ်- စီးပွားရေးစင်္ကြံများနှင့် ခါးပတ်များ၊ သမားရိုးကျ စီးပွားရေးသမဂ္ဂများနှင့် ဇုန်များနှင့် ယှဉ်ခြင်း-တို့ ဖြစ်ပါတယ်။

လက်ရှိမှာ BRI သက်တမ်းဆယ်နှစ်ရှိလာသည်နှင့်အမျှ  ၎င်းရဲ့ပြည်တွင် ဦးစားပေးများနဲ့ နိုင်ငံတကာ စီးပွားရေးချိတ်ဆက်ပေါင်းစည်းမှုဟာ  ပိုမိုစနစ်ကျပြီး အားကောင်းလာတာကိုတွေ့နေရပါတယ်။

ကုန်းမြေအခြေစိုက် BRI ကိုကြည့်ရင် စီးပွားရေးစင်္ကြံများကြား ရှင်ကျန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ် နိုင်ငံအနောက်ပိုင်းကို ဂလိုဘယ်လိုက်ဇေးရှင်းနှင့် တင်းတင်းကျပ်ကျပ် ချိတ်ဆက်ထားတာကိုတွေ့ရပါတယ်။

ပင်လယ်ရေကြောင်းအခြေစိုက် BRI ကိုကြည့်ရင် ဟောင်ကောင်ပတ်ဝန်းကျင်ရှိ Greater Bay မဟာဗျူ ဟာ၊ တရုတ်နိုင်ငံအရှေ့ပိုင်း၏ ရေကြောင်းချဲ့ထွင်မှုတို့နှင့် နီးကပ်စွာ ချိတ်ဆက်ထားပါတယ်။ဒါတွေဟာ စီးပွားရေး တိုးတက်မှုကို ပိုပြီးအာရုံစိုက်ကာ  ခိုင်မာစေတဲ့ နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းစေတဲ့ လုပ်ဆောင်မှုတွေပါ။

BRI ကိုကြည့်မယ်ဆိုရင် စင်္ကြန်၆ ခုပါပါတယ်။ ဒါတွေက

(၁) New Eurasian Continental Bridge

(၂) China-Mongolia-Russia Corridor  

(၃) China-Central Asia-West Asia Corridor

(၄) China-Indochina Peninsula Corridor

(၅) China-Pakistan Corridor

(၆) Bangladesh-China-India-Myanmar Corridor တို့ ဖြစ်ပါတယ်။

ဒီထဲက သိသာမြင်သာတဲ့ အကောင်အထည်ပေါ်မှုက တရုတ်-ဥရောပကုန်စည်ပို့ဆောင်ရေးရထားလိုင်း တွေပါဘဲ။  ဒီရထားလိုင်းတွေလွှမ်းခြုံထားတဲ့ ကုန်သွယ်မှုလမ်းကြောင်း ၄၃ ခုဟာဆိုရင် ရုရှား၊ ဖင်လန်နဲ့ ဂျာမနီ အပါအဝင် နိုင်ငံကိုးနိုင်ငံရှိ ဒေသ ၄၀ ကျော်နဲ့ ဆိပ်ကမ်း ၄၀ ကျော်ကို တရုတ်ပြည်တွင်းက မြို့ပေါင်း ၅၀ ကျော်နဲ့ ချိတ်ဆက်ပေးထားတာပါ။ ယနေ့ချိန်မှာတော့ ဒီထက်ပိုပြီးချိတ်ဆက်လာနိုင်နေပါပြီ။ တရုတ်ကနေ ထွက်ခွာလာ တဲ့ ကုန်တင်ရထားတွေဟာ ဥရောပနိုင်ငံ ၁၁ နိုင်ငံ ရှိ နိုင်ငံခြားမြို့ကြီး ၂၈ မြို့နှင့် ပြည်တွင်းမြို့ ၆၀ ကျော်ကို ချိတ် ဆက်ပြီး ၂၀၂၁ ခုနှစ်မှာဆိုရင်  တရုတ်-ဥရောပမီးရထားခေါက်ရေ ၁၂၄၀၀  ကျော်ကို ပြေးဆွဲခဲ့ပြီး ဒေါ်လာ ၁၉၀ ဘီလီယံကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဝေဖန်မှုတွေ များစွာရှိပေမယ် မငြင်းနိုင်တာကတော့ BRIကြောင့် အာရှရဲ့ စီးပွားရေးအခင်းအကျင်း သိ သာစွာ ပြောင်းလဲခဲ့တာကိုပါဘဲ။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှာဆိုရင် BRI ပရောဂျက်တွင် အမှတ်စဉ် (၄) ဖြစ်တဲ့  China-Indochina Peninsula Corridor  တရုတ်-အင်ဒိုချိုင်းနား စင်္ကြံမှ ဘိုတန်-ဗီယက်ကျန်း ရထားလမ်း ကို ဖွင့်နိုင်ခဲ့လို့ ကုန်းတွင်းပိတ် ယူနန် နှင့် လာအိုကို အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ ၂၀၂၂ခုနှစ် မေလမှာ  BRI တစ် စိတ်တစ်ပိုင်းဖြစ်တဲ့ အမှတ်စဉ်(၆)ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စင်္ကြန် (Bangladesh-China-India-Myanmar Corridor)မှ မဂ္ဂါဝပ် ၁၂၀၀ ထွက်ရှိသည့် Pajala ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဘင်္ဂလားဒေ့ရှ်မှာ ဖွင့်လှစ်နိုင်ခဲ့လို့ ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံးကို လျှပ်စစ်မီးပေးနိုင်ခဲ့ပါတယ်။ BRI ပရောဂျက်တွင် အမှတ်စဉ် (၃) ဖြစ်တဲ့ China-Central Asia-West Asia Corridorထဲက သီရိလင်္ကာမှာ ဟမ်ဘန်တိုတာ ဆိပ်ကမ်း နှင့် ကိုလံဘိုအပြည်ပြည်ဆိုင်ရာ ကွန်တိန်နာဂိတ်အပါအဝင် သီရိလင်္ကာရှိ အခြေခံအဆောက်အအုံ စီမံကိန်း ၊ ပါကစ္စတန်ရှိ Gwadar ဆိပ်ကမ်းတွေမှာ အများအပြား ရင်းနှီးမြှုပ်နှံထားသလို  BRI ပရောဂျက်တွင် အမှတ်စဉ် (၆) ဖြစ်တဲ့ Bangladesh-China-India-Myanmar Corridor က မြန်မာနိုင်ငံ- ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် မူဆယ်-မန္တလေး မီးရထားလမ်းအပါအဝင် မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်များစွာမှာ တရုတ်က ရင်းနှီးမြှုပ်နှံထားခဲ့လို့ တချို့တွေက လည်ပတ်စပြုနေတာကို မြင်ရမှာဖြစ်ပါတယ်။

ဒီထဲမှာ အမှတ်စဉ် (၄) China-Indochina Peninsula Corridor  ထဲက အင်ဒိုနီးရှားမှာဆောက်လုပ်နေတဲ့ ပြီးစီးလုနီးနေသည့် ဂျကာတာ-ဘန်ဒေါင်း မြန်နူန်းမြင့် ရထားလမ်းနဲ့ အောက်တိုဘာ ၂၉ ရက်မှာ တရုတ်နိုင်ငံ ရှင်း ကျန်း Kashgar ကနေ စတင်ထွက်ခွာခဲ့ပြီး Pamir ကုန်းမြင့်နဲ့ Hindu Kush တောင်တန်းကို ဖြတ် နောက် Karakoram နဲ့ Kunjirap Daban ကို ကျော်ဖြတ်ပြီး ပါကစ္စတန်နိုင်ငံ အနောက်ပိုင်းဒေသကနေ ကီလိုမီတာပေါင်း ၃၁၁၅ ကို မောင်းနှင်ပြီး နိုဝင်ဘာ ၁၂ ရက်မှာ ဂွါဒါဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည့် China-Pakistan Corridor ၏ ကားလမ်းကြောင်းတွေဟာ ပြီးစီးသွားခဲ့ရင် ဒေသတွင်း အကျိုးစီးပွားနဲ့ ဒေသတွင်းဖွံ့ဖြိုးမှုကို သိသိသာသာ ပြောင်း လဲစေမှာသေချာနေပါတယ်။

ယခု ၁၀ နှစ်တာအတွင်း  ကမ္ဘာ့ဒေသအချို့ဖွံ့ဖြိုးပြောင်းလဲမှုကိုကြည့်ရင် BRI နဲ့ဆက်နွယ်နေတာကို မြင် ရမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေကြောင့် BRIကို တွန်းအားပေးမယ် ဒီနှစ်မှာ ဘာတွေ ထပ်ပြီး တရုတ်က ရင်းနှီး မြုပ်နှံဦးမလဲ ဆိုတာ  ကမ္ဘာ့နိုင်ငံတွေအတွက် စိတ်ဝင်စားစရာဖြစ်နေတာပါ။ ဒါဟာ တရုတ်သမ္မတ ရှီကျင့် ဖျင်ရဲ့ လူသားကံကြမ္မာတူ အသိုက်အဝန်း အတွေးအခေါ်ကို အဆိုပြုခဲ့ခြင်း ၁၀ နှစ်ပြည့်မြောက် တဲ့နှစ်မှာ အတူတကွဖွံ့ဖြိုးဖို့ဆိုတာ စကားမဟုတ်ဘဲ တရုတ်ဘက်က BRIနဲ့ လက်တွေ ပြလိုက်တာလို ယူဆလို့ရပါတယ်။         

လင်းသစ်အောင်