【 နိုင်ငံတကာဆောင်းပါး 】လွန်ခဲ့တဲ့ဆယ်နှစ်အတွင်းတိုးတက်လာသည့် တရုတ်၏ တရားဥပဒေစိုးမိုးမှု

【 နိုင်ငံတကာဆောင်းပါး 】လွန်ခဲ့တဲ့ဆယ်နှစ်အတွင်းတိုးတက်လာသည့် တရုတ်၏ တရားဥပဒေစိုးမိုးမှု

၁၈ ကြိမ်မြောက် တရုတ်အမျိုးသားကွန်မြူနစ်ပါ၏ ၁၈ ကြိမ်မြောက်ညီလာခံပြီးနောက် ၁၀ နှစ်တာအတွင်း နိုင်ငံ၏ ဥပဒေစိုးမိုးမှုနဲ့ပတ်သက်ပြီး ကြီးမားသော တိုးတက်မှုများ ရှိလာခဲ့ပါတယ်။ ထို့ကြောင့်လွန်ခဲ့သော ၁၀ နှစ်အတွင်းကို ဥပဒေစိုးမိုးမှု၏ ရွှေရောင်ခေတ်ဟုလည်း ဆိုကြပါတယ်။ အသစ်သော ခေတ်တွင် CPC ၏ ဗဟိုကော်မတီတွင် ရှီကျင့်ဖျင်၏ ခေါင်းဆောင်မှုဖြင့် ဥပဒေအခြေပြုသော အစိုးရအုပ်ချုပ်မှုကို “ပြည့်စုံသော ဗျူဟာ ၄ ခု” ဖြင့် ပေါင်းစည်းခဲ့ပြီး ဥပဒေအခြေပြုသော အုပ်ချုပ်မှုအဖြစ်သို့ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။

CPC ၏ ခေါင်းဆောင်မှုတွင် ဥပဒေပြုလွှတ်တော်ဟာ ဥပဒေစိုးမိုးတဲ့ ရှေ့ပြေးတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အသစ်သော ဥပဒေများကို ဥပဒေပြုလွှတ်တော်က အသစ်သော ကဏ္ဍများအတွက်လည်း အတည်ပြုနိုင်ခဲ့ကြပါတယ်၊ အရေးကြီးကဏ္ဍနှင့် နိုင်ငံခြားနဲ့ပတ်သက်သော ကဏ္ဍတွင်လည်း ဥပဒေအသစ်များကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။ အမျိုးသားလုံခြုံရေးတွင်လည်း ဥပေဒေများစွာနှင့် စည်းမျဉ်းစည်းကမ်းများကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်တွင် အတည်ပြုခဲ့သော အမျိုးသားလုံခြုံရေးဥပဒေ နှင့် ၂၀၂၀ တွင် အတည်ပြုခဲ့သော ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေး ဥပဒေကနေ ၂၀၁၆ တွင် အတည်ပြုခဲ့သော ဆိုက်ဘာလုံခြုံရေးဥပဒေ၊ အချက်အလက်လုံခြုံရေးဥပဒေ နှင့် ၂၀၂၁ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော ကိုယ်ပိုင်အချက်အလက်ကာကွယ်ရေးဥပဒေတို့တွင် ပေကျင်းဟာ အမျိုးသားလုံခြုံရေးကွန်ရက်နဲ့ပတ်သက်ပြီး နိုင်ငံခြားက စိန်ခေါ်မှုများအကြား အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

လူ့အခွင့်အရေးကို လေးစားခြင်းနှင့် ကာကွယ်ခြင်းတို့ဟာ တရုတ်နိုင်ငံ၏ အခြေခံဥပဒေ၏ အခြေခံသဘောတရားဖြစ်ပါတယ်။ မကြာသေးခင်က နှစ်များအတွင်း ပေကျင်းဟာ ပြည်သူ့အခြေခံသော ရပ်တည်ချက်ကို စွဲကိုင်ထား‌ပြီး ပြည်သူများဟာ နိုင်ငံ၏သခင်များဖြစ်ကြောင်းကို ပြသနိုင်ခဲ့ပါတယ်၊ အမျိုးသာအရေးတွင် ဥပဒေပြုလွှတ်တော်ကို ထောက်ပံ့ပေးခြင်း၊ တင်းကျပ်သော ဥပဒေကျင့်သုံးရေး၊ တရားရေးရာ တရားမျှတခြင်းနှင့် ပြည်သူများအားလုံး၏ ဥပဒေလိုက်နာမှုကိုလည်း လေ့လာခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။ စနစ်နှင့်အစိုးရ၏ စွမ်းဆောင်ရည်ကို ခေတ်မီရေးတွင် တိုးတက်မှုများကိုလည်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပေကျင်းဟာ လူ့အခွင့်ရေးများကို ကာကွယ်နိုင်ခဲ့ပြီး ဥပဒေအောက်တွင် လွတ်လပ်ခွင့်ကိုလည်းကာကွယ်နိုင်ခဲ့ပါတယ်၊ တစ်ချိန်တည်းမှာပဲ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့ပါတယ်။

ခေတ်သစ်အချိန်တွင် အစိုးရဟာ ပွင့်လင်းမြင်သာမှုနှင့် ဥပဒေနဲ့အညီ အများပြည်သူ့အရေးတွင် ပွင့်လင်းမြင်သာမှုရှိရေးကိုအားပေးလာခဲ့ပါတယ်။ အများပြည်သူများဟာ အချက်အလက်များကို ရယူပိုင့်ခွင့်ရှိကြောင်း တာဝန်ရှိသူများက နားလည်ထားပြီး ပြည်သူများနားလည်ပြီး ပြည်သူများ၏ အုပ်ထိန်းမှုအောက်တွင် အစိုးရ၏အချက်အလက်များရှိရန် လိုအပ်ကြောင်းကို နားလည်းပါတယ်။ အွန်လိုင်းအစိုးရဆိုင်ရာ အချက်အလက်ပေးရေး ဝန်ဆောင်မှုကိုလည်း စတင်တည်ထောင်နိုင်ခဲ့ပြီး အချက်အလက်ကို အလွယ်တကူရယူနိုင်အောင်လည်း ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။

တရားစီရင်ရေးဟာ လူမှုဘဝတွင် မျှတမှုနှင့် တရားမျှတမှုနှင့် လူ့အခွင့်အရေးကို တရားရေးအရ ကာကွယ်ရေးကို ကာကွယ်ရန် နောက်ဆုံးကာကွယ်ရေးစည်းဖြစ်ပါတယ်။ မျှတပြီး၊ စွမ်းဆောင်ရည်အားကောင်းကာ အာဏာရှိသော လူမှုရေးတရားခွင်စနစ်ကို တည်ထောင်နိုင်ရန် တရားရေးရာစနစ်ပြုပြင်ပြောင်းလဲမှုကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း CPC ၏ ဗဟိုကောင်မတီဟာ တရားမျှတရေးနှင့် တရားစီရင်ရေးဆိုင်ရာစွမ်းဆောင်ရည်တွင် အောက်ခြေက ပြဿနာများကို ဖြေရှင်းနိုင်ခဲ့ပါတယ်။

နိုင်ငံခြားဆိုင်ရာ ဥပဒေပြုရေးကို ခိုင်မာအောင် လုပ်ဆောင်ခြင်းဟာ ဥပဒေစိုးမိုးရေးတည်ဆောက်ရေးတွင် အဓိက အလေးထားမည့် အကြောင်းအရာအဖြစ် ဆက်လက်ရှိမည်ဖြစ်ပါတယ်။ ပေကျင်းဟာ ပိတ်ဆို့အရေးယူမှု တုံ့ပြန်ရေး၊ စွက်ဖက်မှုကို တုံ့ပြန်ရေးနှင့် လက်တံရှည်တရားစီရင်ရေးဆိုင်ရာ တရားရေးစနစ်များကို အကောင်အ ထည် ဖော်နေပြီဖြစ်ကာ တရုတ်ကို ဆန့်ကျင်ပြီး လက်တံရှည်တရားရေးဆိုင်ရာ စွက်ဖက်သူများကို တုံ့ပြန်ကြိုးပမ်းနေပြီး အမေရိကန်နိုင်ငံနှင့် အခြားသော နိုင်ငံများ၏ စွက်ဖက်မှုများကို တရားရေးနည်းတုံ့ပြန်နိုင်ရန် ကြိုးပမ်းနေပါတယ်။

ပေကျင်း၏ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းခြင်းများဟာ နိုင်ငံတကာတွင်လည်း နိုင်ငံတကာဆက်ဆံရေးတွင် ဥပဒေစိုးမိုးရေးရှိစေရန်အတွက် အားပေးခြင်းဖြင့် တိုးချဲ့မှုဆောင်ရွက်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းအောက်တွင် နိုင်ငံတိုင်းအနေနဲ့ နိုင်ငံတကာဥပဒေကိုလိုက်နာစေရန် ဆော်ဩနေသောနိုင်ငံအဖြစ် တည်ရှိနေပြီး နိုင်ငံတကာဆက်ဆံရေးတွင်လည်း အခြေခံစည်းကမ်းများကို အသိအမှတ်ပြုရန် ဆော်ဩထားပါတယ်။ တရုတ်နိုင်ငံဟာ စည်းမျဉ်းစည်းကမ်းများမရှိသော နိုင်ငံတကာအုပ်ချုပ်မှုစနစ်ကို ဆန့်ကျင်သောနိုင်ငံဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးတွင်လည်း ဥပဒေစိုးမိုးမှုကို ခိုင်မာစွာ ထားရှိရန် တောင်းဆိုထားပါတယ်။

ဥပဒေစိုးမိုးရေးကို အဆင့်မြှင့်တင်ခြင်းဟာ ရေရှည်အတွက် အရေးပါပြီး သမိုင်းဝင်စီမံချက်ဖြစ်ပါတယ်။ CPC ဗဟိုကောင်မတီဟာ လာမယ့် ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံတွင် ဥပဒေစိုးမိုးမှုနဲ့ပတ်သက်ပြီး ရေရှည်စီမံချက် ၃ ချက်ကို အဆိုပြုခဲ့ပါတယ်။ ထိုစီမံချက်ဖြင့် တရုတ်ပုံစံဆိုရှယ်လစ်ဥပဒေစိုးမိုးမှုကို တည်ဆောက်ရေးဖြစ်ပြီး ၊ ဥပဒေစိုးမိုးမှုအောက်တွင်ရှိသော နိုင်ငံ၊ ဥပဒေအောက်တွင်ရှိသော အစိုးရ နှင့် ဥပဒေအောက်တွင်ရှိသော လူမှုအသိုင်းအဝိုင်းတည်ဆောက်ရေးကို ကြိုးပမ်းမည်ဖြစ်ပါတယ်။ CPC ဗဟိုကော်မတီ၏ ခေါင်းဆောင်မှုအပိုင်းတွင် ရှီကျင့်ဖျင်၏ ဦးဆောင်မှုဖြင့် ဥပေဒစိုးမိုးမှုတွင် ရှီကျင့်ဖျင်၏ ခံယူချက်များကို အကောင်အထည်ဖော်နေပြီး ဆိုရှယ်လစ်လမ်းစဉ်ကို မယိမ်းမယိုင်ပဲ တရုတ်ပုံစံလိုက်နာရေးဖြစ်ကာ ကောင်းသောဥပဒေနှင့် ကောင်းသော အစိုးရမှုအောက်တွင် ယခုနှစ် အနာဂတ်တွင် ရှေ့ဆက်ရေးကို အကောင်အထည်ဖော်မည်ဖြစ်ပါတယ်။

Naing

Ref: The rule of law process in the past 10 years