【 နိုင်ငံတကာဆောင်းပါး 】သေနတ်ဖြင့် ဆော့ကစားသော ကလေး၏ဗီဒီယိုဖိုင်

【 နိုင်ငံတကာဆောင်းပါး 】သေနတ်ဖြင့် ဆော့ကစားသော ကလေး၏ဗီဒီယိုဖိုင်

ပြီးခဲ့တဲ့ စနေနေ့တွင် ၄ နှစ်အရွယ်ကလေးတစ်ယောက်ဟာ သေနတ်ဖြင့်ကစားနေသော ဗီဒီယိုဖိုင်ကို ရုပ်မြင်သံကြားကနေ တစ်ဆင့် ပြသပြီးနောက်မှာတော့ အင်ဒီယားနားက အမျိုးသားတစ်ဦးကို ရဲများက ဖမ်းဆီးလိုက်ပါတယ်။

ထိုဗီဒီယိုဖိုင်တွင် ဒိုင်ပါဝတ်နေသော ကလေးဟာ သေနတ်အသုံးပြုပြီး ကစားနေတာကို မြင်ရပါတယ်။ ကလေးဟာ သေနတ်၏ ခလုတ်ကို အကြိမ်ကြိမ်နှိပ်ပုံဟန်ပေါ်နေပြီး သေနတ်ပစ်ခတ်မှုတော့ ဖြစ်ပွားခြင်း မရှိခဲ့ပါဘူး။

လွန်ခဲ့တဲ့ တစ်ပတ်တုန်းကပဲ ပထမတန်းကျောင်းသားတစ်ဦးဟာ ၉ မမ ရှိသော ပစ္စတိုသေနတ်ဖြင့် ဗာဂျီးနီးယားတွင် ကျောင်းဆရာမတစ်ဦးကို ပစ်ခတ်ခဲ့ပြီးနောက် ဒီလိုအဖြစ်ကလည်း ရုပ်မြင်သံကြားပေါ်တွင် ထပ်မံမြင်နေရတာဖြစ်ပါတယ်။

“On Patrol: Live” လို့ခေါ်တဲ့ ရုပ်မြင်သံကြာရှိုးတွင် တင်ဆက်ထားသောသတင်းအရ အိမ်နီးချင်းတစ်ယောက်ဟာ ၉၁၁ ကိုဖုန်းဆက်ခဲ့ပြီး ဘတ်ချ်ဂရို့ရဲဌာနကို တိုင်ကြားချိန်တွင် သူမရဲ့ သားလေးဟာ အခန်းကို တံခါးကိုဖွင့်ချိန်တွင် အိမ်ရှေ့တွင် သေနတ်ဖြင့် ဆော့ကစားနေသော ကလေးကို‌တွေ့ထားကြောင်းကို တိုင်ကြားခဲ့ပါတယ်။ ထို့နောက် အိမ်တံခါးကိုပိတ်ပြီးနောက် မိသားစုဝင်များကို အကြောင်းကြားခဲ့ကြောင်းဆိုပါတယ်။ ရဲများကို သတင်းပေးခဲ့သော မိခင်၏ ပြောဆိုချက်အရ သူဟာ အိမ်ရှေ့က ကလေး သေနတ်အစစ်ဖြင့် ဆော့နေတာကို အပေါက်ကနေ မြင်ခဲ့ကြောင်း၊ သူဟာ သေနတ်ရောင်းသူဖြစ်ကြောင်း သေနတ်ဟာအစစ်ဖြစ်မှန်းသိခဲ့ကြောင်း ပြောပါတယ်။

ထို့နောက် ရဲများဟာ ကလေးငယ်လေး၏ ဖခင်အခန်းကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ ဖခင်၏ ပြောဆိုချက်အရ သူဟာ အိမ်ထဲမှာသာ ရှိပြီး သူဟာ ဖျားနာသောကြောင့် ရက်အတန်ကြာ အိပ်ပျော်နေခဲ့ကြောင်း ပြောပါတယ်။ ရဲများကတော့ ထိုအိမ်ကနေ ထွက်ခွာသွားခဲ့ပါတယ်၊ ၉၁၁ ကို ဆက်ပြီး ရဲများကို ဖုန်းဆက်ခဲ့သော အမျိုးသမီးထံကို ပြန်လာခဲ့ပါတယ်။ သူတို့ကတော့ အိမ်ထဲမှာ ဘာမှ ရှာမတွေ့ခဲ့ကြောင်း ပြောပါတယ်။ ထို့နောက် နောက်ထပ်အိမ်နီးချင်းတစ်ယောက်ဟာ ဗီဒီယိုမှတ်တမ်းကို ရဲများကို ပြခဲ့ပါတယ်။ ဖုန်းထဲက ဗီဒီယိုဖိုင်တွင် ကလေးဟာ သေနတ်ဖြင့် ဆော့ကစားနေတာကို ကောင်းမွန်စွာ မြင်ရပါတယ်။ ထို့နောက် အိမ်တံခါးရှေ့တွင် ဆင်ထားသော ကင်မရာကနေ အခြားသော ဗီဒီယိုဖိုင်များကိုလည်း ရုပ်မြင်သံကြားတွင် ထပ်မံပြသသွားခဲ့ပါတယ်။

ထို့နောက်ရဲများဟာ ထိုအမျိုးသားအိမ်ကို ပြန်လာခဲ့ကြပြီး အိမ်တွင်ရှိသော အံဆွဲထဲတွင် ဗီဒီုယိုဖိုင်တွင် မြင်ရသည့်အတိုင်း Smith & Wesson ပစ္စတို ၉ မမကို ရရှိခဲ့ပါတယ်။ ထိုအမျိုးသားကို ရဲများက ဖမ်းဆီးခဲ့ကြောင်း “On Patrol: Live” သတင်းက ပြောခဲ့ပြီး သေနတ်ဟာလည်း ကျည်ဆန်ထည့်ထားခဲ့ကြောင်း ဆိုပါတယ်။

ရဲအရာကြီးဖြစ်တဲ့ မိုက်ကလ်မောရစ်၏  အီးမေလ်းတွင် ပြောဆိုချက်အရ အသက် ၄၅ နှစ်အရွယ်ရှိတဲ့ ရှောန်အော့စ်ဘောန်းဟာ အဖမ်းခံရပြီး တာဝန်ယူမှုမရှိသောကြောင့် အဖမ်းခံရတာဖြစ်ကြောင်းဆိုပါတယ်။ ကလေးကိုတော့ မိခင်ထံကို အပ်ခဲ့ကြောင်းမောရစ်က ပြောပါတယ်။

မောရစ်၏ ပြောဆိုချက်အရ ကလေးစောင့်ရှောက်ရေးတာဝန်ရှိသူများကို ဒီကိစ္စနဲ့ပတ်သက်ပြီး အကြောင်းကြားထားပြီး နောက်ဆုံး ဘယ်လို စွဲချက်နဲ့ ထိုအမျိုးသားကို တရားစွဲမလဲဆိုတာကို မာရီအွန်ကောင်တီက တရားစီရင်ရေးရုံးက ဆုံးဖြတ်မည်ဖြစ်ကြောင်း ဆိုပါတယ်။ တရားစီရင်ရေးရုံးပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ မိုက်ကလ်လက်ဖလာ၏ ပြောဆိုချက်အရတော့ ဒီကိစ္စနဲပတ်သက်ပြီး စစ်ဆေးမှုများလုပ်ဆောင်နေသေးကြောင်း ဆိုပါတယ်။

သေနတ်ရှာတုန်းက ဗီဒီယိုဖိုင်ကိုလည်း ရုပ်သံတွင် ပြသခဲ့ပြီး ထိုသေနတ်ရှာဖွေတုန်းက ဗီဒီယိုတချို့ကိုတော့ ဖြတ်ကပ်လည်း အကြောင်းအရင်းအမျိုးမျိုးကြောင့် လုပ်နိုင်ပါတယ်။ သို့သော်လည်း စနေနေ့တွင် ပြသခဲ့သော ရုပ်သံသတင်းမှာတော့ ပြသထားသော စာသားကတော့ ရုပ်သံတွင် မပြသခင် သေနတ်ရှာဖွေမှုကို လုပ်ဆောင်ခဲ့ကြောင်းကို ဖော်ပြခဲ့ပါတယ်။

ဒီလို ကလေးတစ်ယောက် သေနတ်ဖြင့် ဆော့ကစားခြင်းဟာ အသက် ၆ နှစ်အရွယ်ကလေးတစ်ယောက်က သူ့အမေတရားဝင်ဝယ်ယူခဲ့သော သေနတ်ကို အသုံးပြုပြီး ကျောင်းဆရာမတစ်ဦးကို ပစ်ခတ်ကာ ဒဏ်ရာရရှိစေပြီး ၂ ပတ်အကြာတွင် ဒီအကြောင်းကို ရုပ်သံတွင် တင်ဆက်ခြင်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ ကလေးများသေနတ်အသုံးပြုပြီး အကြမ်းဖက်မှုတွင် ပါဝင်ရေးနဲ့ပတ်သက်ပြီး ဖြစ်စဉ်အများဆုံး ဖြစ်ပွားနေသောနိုင်ငံဖြစ်ပါတယ်၊ ၂၀၂၀ ခုနှစ်တွင် သေနတ်ဟာ အမေရိကန်နိုင်ငံက ကလေးများ အများဆုံးသော အရာဖြစ်လာခဲ့ပါတယ်။ သေနတ်ကြောင့် သေဆုံးမှုတွင် အသက်ပိုငယ်သောသူအများဆုံးဖြစ်ပါတယ်။ ၂၀၂၂ ဇူလိုင်လတွင် Kaiser Family Foundation က ပြုလုပ်ခဲ့သော စစ်တမ်းအရ အမေရိကန်နိုင်ငံဟာ Organization for Economic Cooperation and Development အဖွဲ့ဝင်နိုင်ငံများအကြား ကလေးလူဦးရေ ၄၆ ရာခိုင်နှုန်းအထိ ရှိသောနိုင်ငံဖြစ်ပြီး ဒီနိုင်ငံများဟာ ကမ္ဘာ့အတိုးတက်ဆုံးသောနိုင်ငံအများစုပါဝင်နေပြီး ထိုထဲတွင် အမေရိကန်နိုင်ငံသာ သေနတ်ကြောင့် ကလေးများသေဆုံးမှု ၉၇ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း ဆိုပါတယ်။

ဒီလေ့လာချက်ကို ပြုလုပ်သော သုတေသီများ၏ ပြောဆိုချက်အရ ကလေးများအကြား ဘာကြောင့်သေနတ်ဖြင့် သေဆုံးမှုမြင့်တက်လာကြောင်းကို ရှင်းပြရန် ခက်ခဲကြောင်း သို့သော်လည်း သေနတ်များ ပေါများလာခြင်းဟာ အရေးပါသော အကြောင်းအရင်းတစ်ခုဖြစ်နိုင်ကြောင်း ဆိုပါတယ်။

Naing

Ref:NYtimes | Indiana Man Is Arrested After Video Shows Child Playing With Gun