【 နိုင်ငံတကာဆောင်းပါး 】အဆင့်မြင့်စီးပွားရေးတိုးတက်မှုနှင့် ဆိုရှယ်လစ်စျေးကွက်စီးပွားရေး

【 နိုင်ငံတကာဆောင်းပါး 】အဆင့်မြင့်စီးပွားရေးတိုးတက်မှုနှင့် ဆိုရှယ်လစ်စျေးကွက်စီးပွားရေး

တရုတ်ဟာ ခေတ်သစ်မှာ အခြေခံဆိုရှယ်လစ်စီးပွားရေးစနစ်ကို တိုးတက်စေရန်အတွက် ဆောင်ရွက်မှာဖြစ်ပြီး အဆင့်မြင့်သော စီးပွားရေးတိုးတက်မှုကို တိုးမြှင့်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လျင်မြန်သောတိုးတက်မှုအဆင့်ရှိသော စီးပွားရေးကနေ အဆင့်မြင့်သောဖွံ့ဖြိုးတက်မှုသို့ ပြောင်းလဲလာခဲ့ပြီး ဈေးကွက်အခြေခံသော ပြုပြင်ပြောင်းလဲမှု နှင့် အဆင့်မြင့်သော တံခါးဖွင့်မူဝါဒကို တိုးချဲ့ရန် လိုအပ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနှင့် အစိုးရကောင်စီက ထုတ်ပြန်ထားသော လမ်းညွှန်ချက်တွင် ဖော်ပြထားပါတယ်။

လမ်းညွှန်ချက်များအရ တရုတ်ဟာ ပြည်သူပိုင်မဟုတ်သော စီးပွားရေး၏ အဖွဲ့အစည်းဆိုင်ရာပတ်ဝန်းကျင်ပံ့ပိုးပေးမည့် အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးရန် ကတိပြုခဲ့ပြီး စည်းမျဉ်းစည်း ကမ်းများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးရန် တိကျသော စီမံချက်များကိုတိုးတက်အောင် ဆောင်ရွက်ကာ လျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံလာစေရန် ဆောင်ရွက်မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဝန်ဆောက်မှုလုပ်ငန်းတွင် ပုဂ္ဂလိကလုပ်ငန်းများ ဝင်ရောက်လာစေရန်အတွက် စျေးကွက်ဝင်ရောက်ပိုင်ခွင့်စည်းမျဉ်းစည်းကမ်းများကိုလည်း ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ထုတ်ပြန်ထားပါတယ်။ 

အစိုးရဟာ ငွေကြေးစျေးကွက်ပြောင်းလဲမှုကို နက်ရှိုင်းစွာပြုလုပ်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွင်လည်း တရုတ်ဟာ IPOs လို့ခေါ်တဲ့ မူလပြည်သူ့ကမ်းလှမ်းချက်ကို ပြုပြင်ပြောင်းလဲမည်ဖြစ် ကြောင်း ကြေညာခဲ့ပါတယ်။ လမ်းညွှန်းချက်များအရ တရုတ်ဟာ ဈေးကွက်ပွင့်လင်းမြင်သာမှုကို ဆက်လက်အကောင်အထည်ဖော်မှာဖြစ်ပြီး အချက်အလက်များမှန်ခြင်းကိုလည်း တိုးတက်အောင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

 တရုတ်ဟာ စီးပွားရေးတံခါးကို ဆက်လက်ဖွင့်ထားမည်ဖြစ်ပြီး လွတ်လပ်သော ကုန်သွယ်ရေးနှင့် ကုန်သွယ်ရေးပိုင်းလော့ဇုန်များနှင့် ဆိပ်ကမ်းများကိုလည်း တိုးမြှင့်ဆောက်လုပ်မှာ ဖြစ်ပါတယ်၊ ကြီးမားသော ကုန်သွယ်မှုကနေ ရရှိသော ရလဒ်ကို ဖော်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ တရုတ်ဟာ ရှန်ဟိုင်းတွင် စမ်းသပ် ( Free Trade Zone) ဆိပ်ကမ်းအသစ်ကိုလည်း ထပ်မံဆောက်လုပ်မှာဖြစ်ပြီး အမှီအလိုကင်းသော ဖွံ့ဖြိုးတိုးတက်မှုကို လွတ်လပ်ခွင့် ပိုပေးမှာဖြစ်ပြီး ပြုပြင်ပြောင်းလဲခြင်းနှင့် ဆန်းသစ်တီထွင်မှုတွင်လည်း ပိုမိုလွတ်လပ်ခွင့်ပေးမှာ ဖြစ်ပါတယ်။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလွတ်လပ်ခွင့်နှင့် အထောက်အပံ့ပေးရေးကိုလည်း တိုးမြှင့်လုပ်ဆောင်မှုဖြစ်ပြီး ဟိုင်နန် Hainan Free Trade Port တည်ဆောက်ခြင်းကိုလည်း တည်ငြိမ်စွာ အားပေးမှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံဟာ မူဝါဒယန္တရားတွင်လည်း အဆင့်မြင့်သောယန္တရားဖြစ်လာစေရန် ဆက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ China Interational Import Expo ကို ယခုနှစ်အတွင်း ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုကို ကြီးကြီးမားမား လုပ်ဆောင်ခွင့်ပေးမှာဖြစ်ပြီး အထွေထွေအကောက်ခွန်ကိုလည်း‌လျှော့ချခြင်း၊ အကောက်ခွန်မရှိသော ကုန်သွယ်ရေးအတားအဆီးများ၊ အဖွဲ့အစည်းများဆိုင်ရာ သွင်းကုန်၊ပို့ကုန်ကုန်ကျစရိတ်ကိုလည်း လျှော့ကျစေမှာ ဖြစ်ပါတယ်။

ကုန်ထုတ်လုပ်မှုတံခါးဖွင့်လာခြင်းကိုတည်း အများသိအောင် ဆောင်ရွက်ရမှာ ဖြစ်ပြီး ဝန်ဆောင်မှု၊ စိုက်ပျိုးရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ရှယ်ယာ သို့မဟုတ် ပိုင်ဆိုင်မှုကို ကျယ်ပြန့်သော နယ်ပယ်တွင် အားပေးခြင်း နိုင်ငံခြားရင်နှီးမြှုပ်နှံမှုများရဲ့ negative list ကို အပြီးအပိုင် ရုပ်သိမ်းခြင်းတို့လည်း ပါဝင်ပါတယ်။

Naing

Ref:CMG| China unveils guideline on improving the socialist market economy