【 နိုင်ငံတကာဆောင်းပါး 】အာကာသမှာ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံပိုင်

【  နိုင်ငံတကာဆောင်းပါး  】အာကာသမှာ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံပိုင်

ဇန်နဝါရီလ ၃ရက်နေ့က လရဲ့ မရောက်ဖူးသေးတဲ့ တစ်ဖက်ခြမ်းကို တရုတ်နိုင်ငံရဲ့ ချန်းဂီ-၄ ဂြိုဟ်ဆင်းယာဉ် အောင်မြင်စွာ ဆင်းသက်နိုင်လိုက်တာဟာ အာကာသစူးစမ်းရေးမှာ သိသိသာသာ ရှေ့ကို တစ်လှမ်းတိုးသွားခဲ့တာဖြစ်ပြီး အနာဂတ်အာကာမစ်ရှင်တွေအတွက်လည်း လမ်းခင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။

ချန်းဂီ-၄ ရိုက်ပို့ိလိုက်တဲ့ ကမ္ဘာက ဘယ်တုန်းကမှ မမြင်ခဲ့ရတဲ့ လရဲ့ မစူးစမ်းရသေးတဲ့ ဘက်ခြမ်းက ပုံတွေကို ပြည်တွင်းရော ပြည်ပကပါ ချီးမွမ်းထောမနာကြတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ကျနော်တို့ဂြိုဟ်ကြီးရဲ့ အရံဂြိုဟ်၊ နေအဖွဲ့အစည်းနဲ့ ဟိုမှာဖက်က စကြဝဠာအကြောင်းကို ပိုသိလာဖို့ အထောက်အကူဖြစ်လို့ နိုင်ငံရော ပြည်သူတွေကပါ ဒီစွန့်ဦးအောင်မြင်မှုအတွက် ဂုဏ်ယူကြတာ ကျိုးကြောင်းဆီလျော်တယ်လို့ ပြောရမှာပါပဲ။

လနတ်သမီးကို အစွဲပြုပြီး ချန်းဂီရယ်လို့ နာမည်ပေးထားတဲ့ တရုတ်နိုင်ငံရဲ့ လစူးစမ်းလေ့လာရေး အစီအစဉ်ကို ၂၀၀၄ခုနှစ်က စတင်ခဲ့ပြီး လရဲ့ ပိုနီးတဲ့ဖက်ခြမ်းတွေကို လှည့်ပတ်ဆင်းသက်ပြီး နမူနာတွေ ကမ္ဘာမြေကို ပြန်လည်ဆောင်ကျဉ်းလာခဲ့ဖို့ မစ်ရှင်တွေ ပါဝင်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ချန်းဂီ-၄မစ်ရှင်နဲ့ တစ်ဆက်တည်းလိုလိုမှာပဲ အာကာသစူးစမ်းလေ့လာရေးမှာ ပိုပြီး ခပ်သွက် သွက်လှမ်းလာဖွယ်ရှိပါတယ်။

မကြာသေးမီနှစ်တွေမှာ တရုတ်အာကာသလုပ်ငန်းဟာ အရေးပါတဲ့ အရေးပါတဲ့အောင်မြင်မှုတွေ လုပ်နိုင်လာတာကြောင့် ကမ္ဘာနဲ့အဝန်းက စိတ်ဝင်စားလာခဲ့ကြပါတယ်။ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် တရုတ်အာကာသလုပ်ငန်းဟာ သက်တမ်းနုသေးပေမယ့်လည်း အာကာသစူးစမ်းရေး အပေါ်ထားတဲ့ တရုတ်နိုင်ငံရဲ့ သဘောထားကတော့ ကြည်လင်ပြတ်သားပြီး ခိုင်မာပါတယ်။ အာကာသကို ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်အတွက် အသုံးချတဲ့မူကိုသာ လက်ခံသလို၊ အာကာသကို စစ်မှုပြုတာ၊ အာကာသထဲမှာ လက်နက်ပြိုင်ဆိုင်တာကို ဆန့်ကျင်ပါတယ်။

အာကာသစူးစမ်းလေ့လာရေးမှာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တံခါးဖွင့်ထားပါတယ်။ဒီခံယူချက်သဘောထားတွေဟာ တရုတ်နိုင်ငံဟာ အာကာသကို နိုင်ငံများအကြား ပြိုင်ဆိုင်ရာ ထိပ်တိုက်တွေ့ရာ စစ်မျက်နှာသစ်တစ်ခုဖြစ်လာအောင် ထည့်ဝင်နေတယ်ဆိုတဲ့ တစ်ကမ္ဘာလုံးရဲ့ စိုးရိမ်သောကကို လျော့ပါးသက်သာ စေနိုင်ကောင်းပါတယ်။

ချန်းဂီ-၄ လဆင်းယာဉ်ကိုယ်၌က နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရဲ့ စံနမူနာကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလဆင်းယာဉ်ကို လသဘာဝပတ်ဝန်းကျင်၊ စကြဝဠာရောင်ခြည်ဖြာထွက်မှုတွေ၊ နေအဖွဲ့အစည်းရဲ့ လေနဲ့ လမျက်နှာပြင်ကြား တုံ့လှယ်သက်ရောက်တွေကို လေ့လာဖို့အတွက် ဆွီဒင်၊ ဂျာမနီနဲ့ တရုတ်က သိပ္ပံပညာရှင်တွေ တီထွင်ထားတဲ့ ကိရိယာတွေနဲ့ ဆင်ထားတာပဲ ဖြစ်ပါတယ်။ စွမ်းအင်ယန္တရားကို ရုရှပြည်မှာ ထုတ်လုပ်ထားတဲ့ ရေဒီယိုအိုင်ဆိုတုပ် လျှစ်စစ်ရင်းမြစ်နဲ့ ထောက်ပံ့တာပဲ ဖြစ်ပါတယ်။

ချန်းဂီလဆင်းယာဉ်တွေတင်မဟုတ်ပါဘူး။ တခြားအာကာသအစီအစဉ်တွေမှာလည်း တရုတ်နိုင်ငံဟာ နိုင်ငံတကာပါ့တနာတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်ကပဲ တရုတ်နိုင်ငံဟာ ၎င်းရဲ့ အနာဂတ် တရုတ်အာကာသစခန်းကို ပူးတွဲအသုံးပြုကြဖို့ ကုလသမဂ္ဂဝင်နိုင်ငံတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီအာကာသစခန်းကို ဒီနှစ်နှောင်းပိုင်းမှာ လွှင့်တင်ပြီး ၂၀၂၂ခုနှစ်လောက်မှာ အလုပ်လုပ်နိုင်ဖွယ်ရှိပါတယ်။

တရုတ်ရဲ့ နိုင်ငံတကာနဲ့ ပူူးပေါင်းဆောင်ရွက်လိုတဲ့ သဘောထားဟာ အာကာသကို လူသားအားလုံး ဘုံပိုင်ဆိုင်ကြတယ်၊ တရုတ်နိုင်ငံရဲ့ အာကာသအိပ်မက်ဟာလည်း လူ့အမျိုးနွယ်တစ်ရပ်လုံးရဲ့ အိပ်မက်တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုကို ထင်ဟပ်ဖော်ပြနေပါတယ်။

လုံးလုံး

(  Zawgyi  )

 ဇန္နဝါရီလ ၃ရက္ေန႔က လရဲ႕ မေရာက္ဖူးေသးတဲ့ တစ္ဖက္ျခမ္းကို တ႐ုတ္ႏိုင္ငံရဲ႕ ခ်န္းဂီ-၄ ၿဂိဳဟ္ဆင္းယာဥ္ ေအာင္ျမင္စြာ ဆင္းသက္ႏိုင္လိုက္တာဟာ အာကာသစူးစမ္းေရးမွာ သိသိသာသာ ေရွ႕ကို တစ္လွမ္းတိုးသြားခဲ့တာျဖစ္ၿပီး အနာဂတ္အာကာမစ္ရွင္ေတြအတြက္လည္း လမ္းခင္းေပးလိုက္တာပဲ ျဖစ္ပါတယ္။

ခ်န္းဂီ-၄ ႐ိုက္ပို႔ိလိုက္တဲ့ ကမာၻက ဘယ္တုန္းကမွ မျမင္ခဲ့ရတဲ့ လရဲ႕ မစူးစမ္းရေသးတဲ့ ဘက္ျခမ္းက ပုံေတြကို ျပည္တြင္းေရာ ျပည္ပကပါ ခ်ီးမြမ္းေထာမနာၾကတာ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။ က်ေနာ္တို႔ၿဂိဳဟ္ႀကီးရဲ႕ အရံၿဂိဳဟ္၊ ေနအဖြဲ႕အစည္းနဲ႔ ဟိုမွာဖက္က စၾကဝဠာအေၾကာင္းကို ပိုသိလာဖို႔ အေထာက္အကူျဖစ္လို႔ ႏိုင္ငံေရာ ျပည္သူေတြကပါ ဒီစြန႔္ဦးေအာင္ျမင္မႈအတြက္ ဂုဏ္ယူၾကတာ က်ိဳးေၾကာင္းဆီေလ်ာ္တယ္လို႔ ေျပာရမွာပါပဲ။

လနတ္သမီးကို အစြဲျပဳၿပီး ခ်န္းဂီရယ္လို႔ နာမည္ေပးထားတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ လစူးစမ္းေလ့လာေရး အစီအစဥ္ကို ၂၀၀၄ခုႏွစ္က စတင္ခဲ့ၿပီး လရဲ႕ ပိုနီးတဲ့ဖက္ျခမ္းေတြကို လွည့္ပတ္ဆင္းသက္ၿပီး နမူနာေတြ ကမာၻေျမကို ျပန္လည္ေဆာင္က်ဥ္းလာခဲ့ဖို႔ မစ္ရွင္ေတြ ပါဝင္ခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ခ်န္းဂီ-၄မစ္ရွင္နဲ႔ တစ္ဆက္တည္းလိုလိုမွာပဲ အာကာသစူးစမ္းေလ့လာေရးမွာ ပိုၿပီး ခပ္သြက္ သြက္လွမ္းလာဖြယ္ရွိပါတယ္။

မၾကာေသးမီႏွစ္ေတြမွာ တ႐ုတ္အာကာသလုပ္ငန္းဟာ အေရးပါတဲ့ အေရးပါတဲ့ေအာင္ျမင္မႈေတြ လုပ္ႏိုင္လာတာေၾကာင့္ ကမာၻနဲ႔အဝန္းက စိတ္ဝင္စားလာခဲ့ၾကပါတယ္။ တျခားႏိုင္ငံေတြနဲ႔ ႏႈိင္းယွဥ္ရင္ တ႐ုတ္အာကာသလုပ္ငန္းဟာ သက္တမ္းႏုေသးေပမယ့္လည္း အာကာသစူးစမ္းေရး အေပၚထားတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ သေဘာထားကေတာ့ ၾကည္လင္ျပတ္သားၿပီး ခိုင္မာပါတယ္။ အာကာသကို ၿငိမ္းခ်မ္းတဲ့ ရည္႐ြယ္ခ်က္အတြက္ အသုံးခ်တဲ့မူကိုသာ လက္ခံသလို၊ အာကာသကို စစ္မႈျပဳတာ၊ အာကာသထဲမွာ လက္နက္ၿပိဳင္ဆိုင္တာကို ဆန႔္က်င္ပါတယ္။

အာကာသစူးစမ္းေလ့လာေရးမွာ ႏိုင္ငံတကာနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔လည္း တံခါးဖြင့္ထားပါတယ္။
ဒီခံယူခ်က္သေဘာထားေတြဟာ တ႐ုတ္ႏိုင္ငံဟာ အာကာသကို ႏိုင္ငံမ်ားအၾကား ၿပိဳင္ဆိုင္ရာ ထိပ္တိုက္ေတြ႕ရာ စစ္မ်က္ႏွာသစ္တစ္ခုျဖစ္လာေအာင္ ထည့္ဝင္ေနတယ္ဆိုတဲ့ တစ္ကမာၻလုံးရဲ႕ စိုးရိမ္ေသာကကို ေလ်ာ့ပါးသက္သာ ေစႏိုင္ေကာင္းပါတယ္။

ခ်န္းဂီ-၄ လဆင္းယာဥ္ကိုယ္၌က ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္မႈရဲ႕ စံနမူနာေကာင္းတစ္ခုပဲ ျဖစ္ပါတယ္။ ဒီလဆင္းယာဥ္ကို လသဘာဝပတ္ဝန္းက်င္၊ စၾကဝဠာေရာင္ျခည္ျဖာထြက္မႈေတြ၊ ေနအဖြဲ႕အစည္းရဲ႕ ေလနဲ႔ လမ်က္ႏွာျပင္ၾကား တုံ႔လွယ္သက္ေရာက္ေတြကို ေလ့လာဖို႔အတြက္ ဆြီဒင္၊ ဂ်ာမနီနဲ႔ တ႐ုတ္က သိပၸံပညာရွင္ေတြ တီထြင္ထားတဲ့ ကိရိယာေတြနဲ႔ ဆင္ထားတာပဲ ျဖစ္ပါတယ္။ စြမ္းအင္ယႏၲရားကို ႐ုရွျပည္မွာ ထုတ္လုပ္ထားတဲ့ ေရဒီယိုအိုင္ဆိုတုပ္ လွ်စ္စစ္ရင္းျမစ္နဲ႔ ေထာက္ပံ့တာပဲ ျဖစ္ပါတယ္။

ခ်န္းဂီလဆင္းယာဥ္ေတြတင္မဟုတ္ပါဘူး။ တျခားအာကာသအစီအစဥ္ေတြမွာလည္း တ႐ုတ္ႏိုင္ငံဟာ ႏိုင္ငံတကာပါ့တနာေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ အသင့္ရွိေနပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကပဲ တ႐ုတ္ႏိုင္ငံဟာ ၎ရဲ႕ အနာဂတ္ တ႐ုတ္အာကာသစခန္းကို ပူးတြဲအသုံးျပဳၾကဖို႔ ကုလသမဂၢဝင္ႏိုင္ငံေတြကို ဖိတ္ေခၚခဲ့ပါတယ္။ အဲဒီအာကာသစခန္းကို ဒီႏွစ္ေႏွာင္းပိုင္းမွာ လႊင့္တင္ၿပီး ၂၀၂၂ခုႏွစ္ေလာက္မွာ အလုပ္လုပ္ႏိုင္ဖြယ္ရွိပါတယ္။

တ႐ုတ္ရဲ႕ ႏိုင္ငံတကာနဲ႔ ပူူးေပါင္းေဆာင္႐ြက္လိုတဲ့ သေဘာထားဟာ အာကာသကို လူသားအားလုံး ဘုံပိုင္ဆိုင္ၾကတယ္၊ တ႐ုတ္ႏိုင္ငံရဲ႕ အာကာသအိပ္မက္ဟာလည္း လူ႔အမ်ိဳးႏြယ္တစ္ရပ္လုံးရဲ႕ အိပ္မက္တစ္စိတ္တစ္ပိုင္းျဖစ္တယ္ဆိုတဲ့ ယုံၾကည္မႈကို ထင္ဟပ္ေဖာ္ျပေနပါတယ္။

လုံးလုံး