【 နိုင်ငံတကာဆောင်းပါး 】 ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လေ့လာစရာဖြစ်လာသည့် လှပသော တရုတ်နိုင်ငံ

【 နိုင်ငံတကာဆောင်းပါး 】 ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လေ့လာစရာဖြစ်လာသည့် လှပသော တရုတ်နိုင်ငံ

ပြီးခဲ့တဲ့အပတ်မှာ မိမိဟာ တရုတ်နိုင်ငံမြို့တော် ပေကျင်းကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပါတယ်။

အမေရိကန်တွေရဲ့ တရုတ်နိုင်ငံအကြောင်း ပြောဆိုချက်တွေကို နားထောင်ခဲ့စဉ်က ပေကျင်းမြို့ဟာ မှိန်မှိုင်းပြီး လူများပြည့်ကြပ်နေမယ်လို့ ထင်ခဲ့မိပါတယ်။လက်တွေ့မှာတော့ ဆန့်ကျင်ဖက်အနေနဲ့ လှပတဲ့ ကောင်းကင်ပြာကို မြင်တွေ့နိုင်ခဲ့ပါတယ်။

တရုတ်ဟာ ပေကျင်းအပါအဝင် အခြားသော မြို့များကို လှပစွာတည်ဆောက်ရာမှာ အောင်မြင်ခဲ့ပြီး ထိုသို့ပြုလုပ်ရာမှာတော့ ကျောက်မီးသွေးကို ဓာတ်ငွေ့ဖြင့် အစားထိုးခြင်း၊ ကျောက်မီးသွေးသုံး စက်ရုံများအတွက် ထုတ်လွှတ်မှုစံနှုန်း သတ်မှတ်ခြင်း၊ သံမဏိ၊ ဘိလပ်မြေကဲ့သို့သော နယ်ပယ်များအတွက် ပိုတင်းကြပ်သော စံနှုန်းများ သတ်မှတ်ခြင်းနှင့် ဂေဟဗေဒစပတ်ဝန်းကျင် အထောက်အကူပြု အရည်အသွေးမြင့်တိုးတက်ခြင်းကို ရှာဖွေခြင်းတို့ကို ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။

ဒီလိုမျိုး ပေကျင်းရဲ့ အောင်မြင်မှုတွေဟာ အခုအခါမှာတော့ ကမ္ဘာတစ်ဝှမ်းက နိုင်ငံကြီးများ အထူးသဖြင့် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများအတွက် ဥပမာကောင်းတစ်ခု ဖြစ်လာပြီဖြစ်ပါတယ်။

တရုတ်ကို ကမ္ဘာ့စံပြအဖြစ် ဘာကြောင့်သုံးသပ်ကြသလဲဆိုတာ ပေကျင်းရဲ့အခြေအနေကိုကြည့်လိုက်ရင် သိသာပါတယ်။ဒါဟာ ရည်ရွယ်ချက်ကြီးမားတဲ့ ရာသီဥတုပန်းတိုင်များနဲ့ အစိမ်းရောင်ကဏ္ဍမှာ စွန့်ဦးတီထွင်မှုရှိခြင်းကြောင့်သာမကဘဲ နိုင်ငံရဲ့ ကြီးမားတဲ့ အားထုတ်မှုနဲ့ ပြောင်းလဲမှုတွေကြောင့်လည်းဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဘက်ပေါင်းစုံမှာ လှပတဲ့ တရုတ်နိုင်ငံ တည်ဆောက်ရေးအတွက် အားထုတ်ဖို့ တိုက်တွန်းခဲ့ပြီး လူသားနဲ့ သဘာဝအကြား ဟန်ချက်ညီစွာဖြင့် ခေတ်မီဖွင့်ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်ဖို့ ဖော်ပြခဲ့ပါတယ်။တရုတ်ရဲ့ စီးပွားရေးနဲ့ လူမှုအသိုက်အဝန်းဟာ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော လုပ်ငန်းစဉ်ဖြင့် အရည်အသွေးမြင့် တိုးတက်ရေးဈေးကွက်ဆီ ဝင်ရောက်လာပြီဖြစ်ချိန်မှာ သမ္မတရှီက ဂေဟဗေဒနဲ့ သဘာဝပတ်ဝန်းကျင် အကာအကွယ်ပေးရေးကို မြှင့်တင်ဖို့ တိုက်တွန်းခဲ့ပြီး ခေတ်သစ်မှာ ဂေဟဗေဒထိန်းသိမ်းရေး စာမျက်နှာသစ်ကို ရေးသားဖို့ စိတ်အားထက်သန်လျက်ရှိပါတယ်။  

၂၀၃၀ ခုနှစ် မရောက်မီမှာ ကာဗွန်ထုတ်လွှတ်မှုကို အမြင့်ဆုံးအထိ သတ်မှတ်နိုင်ရေးနဲ့ ၂၀၆၀ ခုနှစ်မတိုင်မီ ကာဗွန်အသားတင်သုည သတ်မှတ်နိုင်ရေးတို့အတွက် တရုတ်ရဲ့ မယိုင်လဲတဲ့ ကတိကဝတ်အတွက် သွားမယ့်လမ်းကြောင်း၊ နည်းလမ်း၊ အရှိန်အဟုန်နဲ့ လုပ်အားတို့ကို ပြင်ပရဲ့ အနှောင့်အယှက်ကင်းကင်းနဲ့ တရုတ်ကပဲ ဆုံးဖြတ်မှာဖြစ်တယ်လို့ သမ္မတရှီက ဆိုပါတယ်။ဒီလိုဆိုလိုချက်က အမေရိကန်ကို ညွှန်းဆိုတာဖြစ်နိုင်ပါတယ်။

အမေရိကန် ရာသီဥတုသံတမန် ဂျွန် ကယ်ရီဟာ ပေကျင်းကို ရောက်ရှိလာချိန်က တရုတ်ကို ကာဗွန်ထုတ်လွှတ်မှု မြန်မြန်ကန့်သတ်ဖို့ တိုက်တွန်းခဲ့ပေမဲ့ အမေရိကန်က သမိုင်းတစ်လျှောက် ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။  

အဓိကအချက်ကတော့ တရုတ်နိုင်ငံကို လှပစွာ တည်ဆောက်ရေးဟာ အရေးကြီးပါတယ်။လူသားတွေဟာ ဒီကမ္ဘာမြေပေါ်မှာပဲ မွေးဖွားလာပြီး ဒီကမ္ဘာမြေပေါ်မှာပဲ သေဆုံးကြပါတယ်။ဒါကြောင့်လည်း ကမ္ဘာမြေကြီးကို ပျက်စီးစေမဲ့ စီးပွားရေးတိုးတက်မှုလမ်းကြောင်းကို မရှာဖွေသင့်ပါဘူး။ဒီလိုမျိုး အဆင်အခြင်မဲ့ တိုးတက်မှုကနေတစ်ဆင့် ရာသီဥတုပြောင်းလဲခြင်းသာမကဘဲ ညစ်ညမ်းမှုတွေနဲ့ သစ်တောပြုန်းတီးမှုတွေကဲ့သို့ ခြိမ်းခြောက်မှုများစွာဖြစ်စေတာဟာ လူသားမျိုးနွယ်အတွက် တာဝန်မဲ့လုပ်ရပ်ဖြစ်ပါတယ်။  

တရုတ်နိုင်ငံဟာ နိုင်ငံသာယာလှပရေးအတွက် နှစ်ပေါင်းများစွာ ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့ပါတယ်။တရုတ်ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်တက်စေပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုနည်းမယ့် အရည်အသွေးမြင့် တိုးတက်မှုအတွက် အဆင့်များစွာ ချမှတ်အကောင်အထည်ဖော်လျက်ရှိပါတယ်။သတင်းမီဒီယာတွေမှာ ဖော်ပြကြသလို တရုတ်ဟာ လေနဲ့ ဆိုလာ ပန်းတိုင်များကို သတ်မှတ်ချိန်ထက် ငါးနှစ်စောကာ အကောင်အထည်ဖော်နိုင်မယ့် လမ်းကြောင်းမှာရှိနေပြီး ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာလည်း အခြားနိုင်ငံများထက်များတဲ့ ကမ်းလွန်လေထုတ်လုပ်ခြင်းစွမ်းရည်ကိုလည်း တည်ဆောက်ပြီးဖြစ်ပါတယ်။

တရုတ်အနေနဲ့ ရာသီဥတုပြောင်းလဲခြင်းနဲ့ ညစ်ညမ်းမှုပြဿနာများကို ဖြေရှင်းနေနိုင်ပြီလားဟုမေးလျှင် သမ္မတရှီရဲ့ ပြောဆိုချက်တွေကို ကြည့်ခြင်းအားဖြင့် ဖြေရှင်းနေပါပြီလို့ ပြောလို့ရပါတယ်။

ပေကျင်းဟာ ကမ္ဘာ့တောင်ပိုင်းနိုင်ငံကြီးများအတွက် လေ့လာစရာမြို့တစ်ခုဖြစ်သလို လှပသော တရုတ်နိုင်ငံ အယူဝါဒဟာလည်း လှပသော ကမ္ဘာကြီးအတွက် စံပြတစ်ခုဖြစ်ပါတယ်။သို့သော်လည်း နိုင်ငံတိုင်းဟာ အခြေအနေနဲ့ လိုအပ်ချက်တွေအပေါ် မူတည်ပြီး ကိုယ်ပိုင်ချည်းကပ်မှုတွေနဲ့ သွားရမှာဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ တရုတ်ရဲ့ စည်းမျဉ်းမူဘောင်တွေက ကမ္ဘာ့တောင်ပိုင်းနိုင်ငံများအတွက် သင်ယူလေ့လာစရာ အုတ်မြစ်ဖြစ်ပါတယ်။

တရုတ်အနေနဲ့ အတွေ့အကြုံများနဲ့ ကျွမ်းကျင်မှုများကို ဘက်ပေါင်းစုံ ပလက်ဖောင်းများမှတစ်ဆင့် (သို့မဟုတ်) ပြည်သူအချင်းချင်း ဖလှယ်မှုများမှတစ်ဆင့် ဆက်လက်မျှဝေသွားဖို့ မျှော်လင့်ပါတယ်။

စိုးနိုင်ထွန်း
Ref - CMG | Beautiful China as a case study for developing nations