【 နိုင်ငံတကာဆောင်းပါး 】 လူသားမျိုးနွယ် ခေတ်မီတိုးတက်ရေးတွင် ဂေဟဗေဒစနစ် ပြန်လည်ပေါ်ထွန်းရေး

【 နိုင်ငံတကာဆောင်းပါး 】 လူသားမျိုးနွယ် ခေတ်မီတိုးတက်ရေးတွင် ဂေဟဗေဒစနစ် ပြန်လည်ပေါ်ထွန်းရေး

၂၁ ရာစုမှာ ဂေဟဗေဒယဉ်ကျေးမှု တိုးတက်ခြင်းဟာ တရုတ်နိုင်ငံအတွက် အမျိုးသားတိုးတက်ရေး မဟာဗျူဟာတစ်ခု ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ လှပတိုးတက်သော တရုတ်နိုင်ငံ တည်ဆောက်ရေးမှာ သိသာတဲ့အောင်မြင်မှုတွေရရှိခဲ့ပြီး ဂေဟဗေဒယဉ်ကျေးမှု တိုးတက်ရေးအတွက်လည်း အောင်မြင်မှုများရရှိခဲ့ပါတယ်။

တရုတ်ဟာ အဓိကနယ်ပယ်များစွာကို စနစ်ကျသော အုပ်ချုပ်မှုရှိစေရေး ပြောင်းလဲနိုင်ခဲ့ပြီး ဂေဟဗေဒပြဿနာရပ်များကို ဖြစ်ပေါ်လာမှ ဖြေရှင်းခြင်းထက် ကြိုတင်ဖြေရှင်းခြင်းလမ်းကြောင်းသို့ ရောက်နိုင်ခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်အုပ်ချုပ်ရေးမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ထို့အပြင် တရုတ်လက္ခဏာပါဝင်သော ခေတ်သစ်အတွက် ဂေဟဗေဒယည်ကျေးမှုထွန်းကားသော ဆိုရှယ်လစ်နိုင်ငံအဖြစ် တိုးတက်လာနိုင်ခဲ့ပါတယ်။

တရုတ်ဟာ ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးကန့်သတ်နိုင်ရေးနဲ့ ကာဗွန်အသားတင်သုညဖြစ်စေရေးတို့မှာ တက်ကြွမှန်ကန်တဲ့ တိုးတက်မှုကို မြင်နေရပြီး ပတ်ဝန်းကျင်အထောက်အကူပြုပြီး ကာဗွန်ထုတ်လွှတ်မှု နည်းပါးသော စီးပွားရေးစနစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွေဟာ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ဖွံ့ဖြိုးတိုးတက်ရေးဟာ အရှိန်မြင့်တက်နေပြီး လူသားနဲ့ သဘာဝအကြား ဟန်ချက်ညီစွာ ယှဉ်တွဲနေထိုင်ခြင်းအတွက် အားထုတ်မှုတွေလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။

လူသားနဲ့ သဘာဝအကြား ဟန်ချက်ညီစွာ ယှဉ်တွဲနေထိုင်ခြင်းဟာ ဂေဟဗေဒယဉ်ကျေးမှု တည်ဆောက်ရေးရဲ့ အုတ်မြစ်ဖြစ်ပြီး လူသားမျိုးနွယ်ရဲ့ ဒုတိယအကြိမ် ယဉ်ကျေးမှုထွန်းကားခြင်း ပုံစံဖြစ်ပါတယ်။

လူ့အသိုက်အဝန်းဟာ ယဉ်ကျေးမှုတိုးတက်ခြင်းကို နောက်တစ်ကြိမ် ဖြတ်ကျော်ရမှာဖြစ်ပြီး ဒီလိုခေတ်သစ်မှာ ဂေဟဗေဒကို တစ်ကမ္ဘာလုံးက လက်သင့်ခံ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

ဥရောပရဲ့ ပြန်လည်မွေးဖွားခြင်းက ကမ္ဘာ့ယဉ်ကျေးမှု၊ လူ့အသိဉာဏ်ပွင့်မှုနဲ့ ခေတ်မီတိုးတက်ခြင်းရဲ့ အစခြေလှမ်းလို့ ပြောနိုင်လျှင် တရုတ်ရဲ့ ဂေဟဗေဒယဉ်ကျေးမှုကလည်း လူသားမျိုးနွယ်အတွက် ဂေဟဗေဒပြန်လည်မွေးဖွားခြင်း ခြေလှမ်းလို့ ပြောလို့ရပါတယ်။

ကမ္ဘာကြီးပြန်လည်တည်ဆောက်ခြင်းမှာ လက်ရှိအယူဝါဒတွေကို ပြောင်းလဲဖို့ လိုအပ်ပြီး ဖွံ့ဖြိုးတိုးတက်မှု နမူနာတွေကိုလည်း ပြန်လည်ပုံဖော်ဖို့ လိုပါတယ်။  ဒီလိုမျိုး ဂေဟဗေဒယဉ်ကျေးမှုအတွက် တွန်းအားဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ မတွေ့ရဘဲ ဖွံ့ဖြိုးဆဲ တရုတ်နိုင်ငံမှာ တွေ့ရသလဲဆိုရင် အချို့သောစက်မှုယဉ်ကျေးမှုအတွက် တိုးတက်ပြီး နိုင်ငံတွေဟာ စက်မှုညစ်ညမ်းမှုများနဲ့ အဆင့်မြင့်နည်းပညာများကို အခြားနိုင်ငံများမှာ သွားရောက်လုပ်ကိုင်ခြင်းဖြင့် သူတို့အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ချန်ထားရစ်ပြီး ရှင်သန်ရေးလမ်းကြောင်းကို ရွေးချယ်ကြပါတယ်။ဒီနိုင်ငံတွေဟာ ပြင်ပမှဖိအားနဲ့ ခြိမ်းခြောက်မှုတွေကို မခံရဘဲ ဖြစ်ပေါ်လာတဲ့ ဖိအားတွေကိုလည်း သူတို့ရဲ့ စီးပွားရေး၊ နည်းပညာ ပါဝါတွေနဲ့ ဖိနှိပ်လို့ရပါတယ်။သို့သော်လည်း ဒီလိုခေတ်မီစက်မှုနယ်ပယ်တွေကနေ ဖြစ်ပေါ်လာတဲ့ ညစ်ညမ်းမှုဖိအားတွေက တရုတ်အတွက်တော့ စက်ရုံတွေကို အခြားနိုင်ငံတွေကို ရွှေ့ပစ်လိုက်ရုံနဲ့ ဖြေရှင်းလို့မရတာဖြစ်ပါတယ်။  

တရုတ်ရဲ့ အမျိုးသားရေးအခြေအနေတွေဟာ လူသားမျိုးနွယ် ဒုတိယအကြိမ် ယဉ်ကျေးမှုထွန်းကားခြင်းမှာ ထင်ရှားတဲ့ကဏ္ဍကနေ ပါဝင်နေပါတယ်။ဒါဟာ ဖွံ့ဖြိုးမှုနှေးကွေးနေတဲ့ နိုင်ငံတွေအတွက် စက်မှုတိုးတက်မှုဖြစ်စေပြီး ထို့နောက်တွင် ဂေဟဗေဒတိုးတက်မှုဖြစ်စေရေးနဲ့ ဆက်စပ်နေပါတယ်။မတူညီတဲ့နိုင်ငံတွေမှာ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုအခြေအနေဟာ မတူညီပေမဲ့ ဘုံတူညီတာကတော့ လူသားနဲ့ သဘာဝအကြား ဟန်ချက်ညီမှုဖြစ်ပါတယ်။ဒီမူဝါဒကို အခြေခံပြီး တရုတ်ရဲ့ အောင်မြင်ခဲ့တဲ့ ဂေဟဗေဒထိန်းသိမ်းမှု နည်းလမ်းများကို ကမ္ဘာကြီးနဲ့ မျှဝေနိုင်တာဖြစ်ပါတယ်။  

အရေးအကြီးဆုံးကတော့ ကောင်းမွန်တဲ့ရာသီဥတုဖြစ်အောင် ဖန်တီးခြင်းဖြစ်ပါတယ်။ရာသီဥတုပြောင်းလဲခြင်းဟာ လူသားမျိုးနွယ်အတွက် စိန်ခေါ်မှုဖြစ်ပြီး လူ့အသိုက်အဝန်းခေတ်မီတိုးတက်ရေးဟာ ပဲရစ်သဘောတူညီချက်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီရပါမယ်။ဒီအထဲမှာတော့ ကမ္ဘာလုံးဆိုင်ရာ အပူချိန်ပျမ်းမျှကို စက်မှုခေတ်မတိုင်မီထက် ၂ ဒီဂရီစင်တီဂရိတ်အကျော်တွင်သာ ထားရှိရေးနှင့် အပူချိန်တိုးလာခြင်းကို ၁.၅ ဒီဂရီစင်တီဂရိတ်အထိ ကန့်သတ်ရေးတို့ ပါဝင်ပါတယ်။ဒီလိုပန်းတိုင်တွေကို ရောက်ရှိဖို့ဆိုတာ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ပါဝင်မှုကို လိုအပ်ပါတယ်။

ဒုတိယအချက်အနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေရပါမယ်။သဘာဝပတ်ဝန်းကျင် အုပ်ချုပ်မှု၊ ဂေဟဗေဒစနစ် ကာကွယ်မှုနဲ့ ပြန်လည်ထိန်းသိမ်းမှုတွေကို အားကောင်းစေခြင်းဟာ လူ့အသိုက်အဝန်းရှင်သန်ရေးအတွက် အုတ်မြစ်တွေဖြစ်ပါတယ်။ဂေဟဗေဒလုံခြုံမှုကို ထိန်းသိမ်းပြီး ကြည်လင်သော ကောင်းကင်၊ စိမ်းလန်းသောမြင်ကွင်းနဲ့ ကြည်လင်သောရေတို့ရှိတဲ့ သာယာလှပတဲ့ သဘာဝပတ်ဝန်းကျင်ရရှိအောင် ကြိုးစားရမှာဖြစ်ပါတယ်။ဒီလိုလုပ်ဆောင်ရခြင်းဟာ တိတ်ဆိတ်လှပသော သဘာဝကို ပြန်လည်ဖန်တီးဖို့ဖြစ်ပါတယ်။  

တတိယအချက်အနေနဲ့ကတော့ ပတ်ဝန်းကျင်အထောက်အကူပြု စီးပွားရေးကို ဖော်ဆောင်ရမှာဖြစ်ပါတယ်။ဖွံ့ဖြိုးတိုးတက်ရေးပုံစံဟာ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုရမှာဖြစ်ပြီး စိမ်းလန်းသော စီးပွားရေးနဲ့ စိမ်းလန်းသော စက်မှုနယ်ပယ်များ တိုးတက်ရေး တွန်းအားပေးရမှာဖြစ်ပါတယ်။  

ထို့အပြင် ဂေဟဗေဒကို ယဉ်ကျေးမှုအဖြစ် သတ်မှတ်ရပါမယ်။ဂေဟဗေဒယဉ်ကျေးမှုတစ်ခု တည်ဆောက်ပြီး ဂေဟဗေဒစနစ်ပြောင်းလဲရေး မူဝါဒများကို နားလည်ပြီး သဘာဝဥပဒေကို လေးစားလိုက်နာဖို့ လိုပါတယ်။တီထွင်ဆန်းသစ်မှုသိပ္ပံများနဲ့ နည်းပညာများလည်း လိုအပ်ပြီး ဂေဟဗေဒစနစ်ပြောင်းလဲရေးမှာ နည်းပညာနဲ့ သိပ္ပံတို့ကို တန်ဖိုးမြှင့် အသုံးပြုရမှာဖြစ်ပါတယ်။  

နောက်ဆုံးအချက်အနေနဲ့ လူမှုရေးဟန်ချက်မျှမှုကို ရှာဖွေရပါမယ်။လူ့အသိုက်အဝန်းမှာ ဂေဟဗေဒစနစ်ပြောင်းလဲမှု လိုအပ်တာကို နားလည်ပြီး အရင်းအမြစ်များကို ထိန်းသိမ်းသော၊ သဘာဝပတ်ဝန်းကျင် အထောက်အကူပြုသော လူ့အသိုက်အဝန်းတည်ဆောက်ကာ လူသားတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝအကြား ဟန်ချက်မျှတစေပြီး ဂေဟဗေဒအရ တရားမျှတသော ညီမျှမှုရှိသော လူ့ဘောင်အဖွဲ့အစည်းကို ပုံဖော်ရမှာဖြစ်ပါတယ်။

စိုးနိုင်ထွန်း
Ref - CMG | Striving for ‘ecological renaissance’ of human modernization