【 နိုင်ငံတကာဆောင်းပါး 】 ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် မြို့များအား လေ့လာကြည့်ခြင်း (အပိုင်း ၈)

【 နိုင်ငံတကာဆောင်းပါး 】 ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် မြို့များအား လေ့လာကြည့်ခြင်း (အပိုင်း ၈)

ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် မြို့ (၅) မြို့အကြောင်း တင်ဆက်ပေးရာတွင် ယခုအခါ အပိုင်း (၈) ကို ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါသည်။

အားကစားပြိုင်ပွဲ လက်ခံကျင်းပရာ မြို့များမှာ သူမတူသည့် ခရီးသွားဆွဲဆောင်မှုနေရာများနှင့် စိတ်ဝင်စားဖွယ်ရာ လေ့လာစရာများ များပြားခြင်းကြောင့် ယခုတစ်ခေါက်တွင် ဆက်လက်ကြည့်ရှုရမည်မှာ အားကစားပြိုင်ပွဲ လက်ခံကျင်းပရာ မြို့တစ်မြို့ဖြစ်သည့် ဟူကျိုး (Huzhou) မြို့မှ ကျန်ရှိသော ခရီးသွားဆွဲဆောင်ရာ နေရာများအကြောင်းဖြစ်ပြီး ဖော်ပြပေးလိုပါသည်။

           ၅။ Feiying Tower

ဟူကျိုးမြို့ (Huzhou) ၏ (Wuxing) ခရိုင်တွင် တည်ရှိပါသည်။အဆောက်အဦကို မင် မင်းဆက်ခေတ် (၁၆၂၁) တွင် အမြင့် ၃၀ မီတာခန့် မြင့်သော ဘုရားကျောင်းကို တည်ဆောက်ခဲ့ခြင်းပါဝင်ပြီး အရေးပါသော ပြည်နယ်ယဉ်ကျေး မှုအမွေအနှစ်တစ်ခုအဖြစ် လူသိများပါသည်။

မြို့ပြအလယ်ပိုင်းရှိ (Feiying) စေတီ၊ မျှော်စင်သည် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးဌာနလည်းဖြစ်ပြီး ဟူကျိုးသို့ ခရီးသွားသည့်အခါ မဖြစ်မနေ သွားသင့်သည့် အကောင်းဆုံး ခရီးသွားနေရာများထဲမှ တစ်ခုအဖြစ် ဖော်ပြနေကြသည်။

           ၆။ Huzhou Nanxun Zhang Old House Buildings

(Nanxun) ရှေးဟောင်းမြို့တွင်ရှိသည့် (Zhang) ၏ အိမ်ဟောင်းကို မင် မင်းဆက် အစောပိုင်းတွင် ကွန်ဖြူးရှပ်ကုန်သည်ကြီး (Zhang Shiming) (Heng) မှ တည်ဆောက်ခဲ့ပြီး (Qing Guangxu) ခေတ်တွင် ၂၅ နှစ်မှ ၃၂ နှစ် (၁၈၉၉ မှ ၁၉၀၆) အတွင်း တည်ဆောက်ခဲ့သည်။၎င်းကို ချင် မင်းဆက် စာပေပညာရှင်ဟောင်း (Dong) နှင့် (Zhang Shiming) တို့က ပြန်လည်ပေါင်းစပ်ကာ တိုးချဲ့ပြုပြင်ခဲ့ကြပြီး တရုတ်နှင့် အနောက်တိုင်း၊ လက်ရာမြောက်သော လက်မှုပညာနှင့် နက်နဲသော ယဉ်ကျေးမှုတို့ ပေါင်းစပ်ထားသည့် (Jiangnan) ခန်းမ အဆောက်အအုံဖြစ်သည်။အဆောက်အဦး၏ အပြင်ဘက် နံရံတွင် မီးပုံးနီများဖြင့် ပြည့်နေသောကြောင့် ညဘက်တွင် အထူးလှပကြောင်း ညွှန်းဆိုကြပါသည်။

           ၇။ Former Residence of Zhang Shiming

(Zhang Shiming) ၏ ယခင်နေထိုင်ရာသည် တရုတ်နိုင်ငံအရှေ့ပိုင်း (Zhejiang) ပြည်နယ်၊ ဟူကျိုး (Huzhou) ရှိ အမျိုးသားရှုခင်းသာနေရာဖြစ်သည့် (Nanxun) ရှေးဟောင်းမြို့တွင်ရှိပြီး လည်ပတ်စရာ နေရာတစ်ခုဖြစ်သည်။သည်နေရာတွင် (Zhang Shiming) ဆိုသည်မှာ (Yangtze) မြစ်၏ တောင်ဘက်တွင်ရှိသော (Jiangnan) ဒေသတွင် အချမ်းသာဆုံး ကုန်သည်တစ်ဦးဖြစ်သည်။တရုတ်နှင့် အနောက်တိုင်းအငွေ့အသက်များ ပေါင်းစပ်ပါဝင်သည့် သူ၏စံအိမ်သည် ယခုအခါ နှစ်ပေါင်း ၁၂၀ နီးပါးရှိပြီဖြစ်ပြီး ၎င်း၏ထူးခြားသောပုံစံ၊ ခမ်းနားထည်ဝါသော ဖွဲ့စည်းပုံနှင့် လက်ရာ မြောက်သောလက်ရာများကြောင့် “Jiangnan ရှိ ပထမဆုံး သီးသန့်အိမ်” ဟု အမည်တွင်ခဲ့သည်။

အိမ်ရှိ ဖန်ထည်ပြားများသည် ပြင်သစ်ရှိ ပြတိုက်များပင်လျှင် ယင်းနေရာမှ မှန်ချပ်လေးများမှာ တစ်ဒါဇင်လောက်သာ ကျန်ရှိတော့ကြောင်း ဆိုကြသည်။ဖန်ချပ်တစ်ခုသည် လွန်ခဲ့သော နှစ်တစ်ရာကျော်က ရွှေ ၅၀ ဂရမ် တန်ဖိုးရှိကြောင်း ဆိုသည်များလည်း ရှိသည်။ဤဖန်ပြားများ၏ ထူးခြားသော လက္ခဏာမှာ သန့်ရှင်းရေးမလုပ်ဘဲ အညစ်အကြေးကင်းစင်နေကြောင်းလည်း ဖော်ပြကြသည်။

           ၈။ Xiaolianzhuang Scenic Resort

ကောင်းမွန်စွာ ထိန်းသိမ်းထားသော ရိုးရာလူနေအိမ်အဆောက်အအုံများကို ကြည့်ရှုရန် ပြီးပြည့်စုံသော နေရာအဖြစ် ညွှန်းကြပါသည်။ဒါ့အပြင် ရေကန်လည်းရှိပြီး ရေကန်ထဲတွင် လှပသော ကြာပန်းပွင့်များ၏ ဖမ်းစားမှုနှင့် ကန်ရေပြင်၏ တင့်တယ်မှုများကြောင့် စိတ်နှလုံးအေးချမ်းသည်ဟုဆိုကြပြီး ယင်းကိုလည်း လည်ပတ်စရာ နေရာအဖြစ် သတ်မှတ်ထားကြပါသည်။

           ၉။ Lotuses Garden

ယင်းမှာလည်း ကြာပန်းဥယျာဉ်တစ်ခုဖြစ်ပြီး Lotus Garden (pinyin “Lianhua Zhuang”) သည် (Huzhou) မြို့လယ်မှ တောင်ဘက် မိနစ် ၂၀ သာ အကွာတွင်ရှိသော ပျော်ရွှင်ဖွယ် ဥယျာဉ်တစ်ခုဖြစ်သည်။ကြာပန်းဥယျာဉ်ဆိုသည့် အမည်အတိုင်းပင် ဥယျာဉ်၏ အဓိကဆွဲဆောင်မှု ရေကန်သုံးခုတွင် ရာသီအလိုက်ပွင့်သော ကြာပန်းများ၊ မြောက်တံခါးအနီးရှိ (Koi) ရေကန်ကြီး၊ ကာရာအိုကေ ဝရန်တာနှင့် ကလေးများအတွက် အပန်းဖြေဆော့ကစား သွားလာခြင်းများ ပါဝင်သည်။သည်နေရာတွင် အပန်းဖြေလှေစီးရန်အတွက် သင်္ဘောပုံစံ စက်ဘီးနင်းလှေများလည်း ထားရှိထားပါသည်။

           ၁၀။ Nanxun Garden

ရှေးဟောင်း (Nanxun) မြို့တွင်ရှိပြီး ဥယျာဉ်ဝင်ပေါက်ဆီသို့ ဦးတည်သော ခန်းမကြီးထဲတွင် လှပသော ပန်းပွင့်များက ဆီးကြိုလျက်ရှိကြောင်း ဆိုကြသည်။ယင်းနေရာတွင်မူ ပိတ်ရက်များတွင် လူအရမ်းများတတ်ကြောင်း ဆိုကြသည်။

           ၁၁။ Jiaye Book Library Tower

စာကြည့်တိုက် အဆောက်အဦဖြစ်ပြီး ယင်းကို မူလက (Liu Chenggan) ၏ မြေးဖြစ်သူ (Liu Chenggan) မှ တည်ဆောက်ခဲ့သည်။စာကြည့်တိုက်သည် ၎င်း၏ ခမ်းနားထည်ဝါသော ဗိသုကာပညာနှင့် ရှေးဟောင်းစာအုပ်များ အမြောက်အမြားကြောင့် ကျော်ကြားသည်။အဆောက်အအုံသည် ရှေးရှေးကတည်းက ဆောက်လုပ်ခဲ့သော်လည်း အကောင်းအတိုင်းပင်ရှိနေသေးပြီး ၎င်းသည် မြစ်ငယ်တစ်လျှောက်ရှိ (Huzhou Tai Lake) နှင့် တရုတ်ရှေးဟောင်းမြို့တို့နှင့် နီးကပ်စွာရှိနေပါကြောင်း တင်ဆက်ရင်း ယခုအပိုင်းကို အဆုံးသတ်လိုက်ရပါသည်။

မိုးသား