【 နိုင်ငံတကာဆောင်းပါး 】 အံ့သြဖွယ်ရာ နည်းပညာသစ်များနှင့် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ (၁)

【 နိုင်ငံတကာဆောင်းပါး 】 အံ့သြဖွယ်ရာ နည်းပညာသစ်များနှင့် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ (၁)

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ယခုနှစ် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပမည့် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲတွင် အံ့သြဖွယ်ရာ နည်းပညာသစ်များကို တွေ့မြင်ရမည်ဖြစ်သည်။  

အဆင့်မြင့်နည်းပညာဖြင့် ကြည့်ရှုမှုအတွေ့အကြုံသစ်ကို ခံစားနိုင်ရန်အတွက် အာရှအားကစားပြိုင်ပွဲတွင် "Smart Asian Games One-Stop AR Experience" ၊ "Smart AR Minibus Travel Experience" ၊ "AR Smart Device Interactive Experience" နှင့် "Asian Games Digital Real Space Metaverse" စသည့် အခြားကဏ္ဍများ မြင်ကွင်းပေါင်းစုံ အဖြစ်အပျက် အချက်အလက်များကို ပရိသတ်အမျိုးမျိုး၏ စိတ်ကြိုက်လိုအပ်ချက်များအတိုင်း ဖြည့်ဆည်းပေးထားခြင်းဖြစ်သည်။

AR Smart Device Interactive Experience တွင် AR တပ်ဆင်ထားပြီး ပရိသတ်များအား AR လမ်းကြောင်းဖြင့် ဒစ်ဂျစ်တယ်ဆွဲဆောင်မှုနှင့် အဆင်ပြေစေမည့် ဝန်ဆောင်မှုတို့ကို ခံစားနိုင်မည်ဖြစ်သည်။အားကစားကွင်းအတွင်းမှာလည်း AR mascots များနှင့် အပြန်အလှန် ဓာတ်ပုံများ ရိုက်နိုင်မည်ဖြစ်သည်။

Asian Games AR Service Platform သည် ဟန်ကျိုး အာရှအားကစားပွဲတော် နေရာများအတွက် AR hybrid virtual technology ဖြင့် တစ်နေရာတည်းတွင် လမ်းကြောင်းပြခြင်းဝန်ဆောင်မှုတို့ကို ပံ့ပိုးပေးထားသည်။မိုဘိုင်းလ်ဖုန်းကင်မရာမှတစ်ဆင့် AR လမ်းညွှန်ချက်ကို အလိုလိုသိသောမြှားများ (သို့မဟုတ်) စာသားများဖြင့် ခရီးသွားလမ်းညွှန်များကို ညွှန်ပြမည်ဖြစ်သည်။ပတ်ဝန်းကျင်နှင့်ပတ်သက်သော အချက်အလက်များကို အချိန်နှင့်တပြေးညီ တွေ့မြင်နိုင်ပြီး ဦးတည်ရာလမ်းကြောင်းကို လျင်မြန်တိကျစွာ ခွဲခြားနိုင်မည်ဖြစ်သည်။

Augmented Reality (AR)- AR နည်းပညာသည် ရုပ်ပုံများ၊ ဗီဒီယိုများ (သို့မဟုတ်) 3D ပုံရိပ်များကဲ့သို့ ဒစ်ဂျစ်တယ်အကြောင်းအရာများကို လက်တွေ့ကမ္ဘာပတ်ဝန်းကျင်တွင် တပ်ဆင်ထားသည်။ Alipay ကိုဖွင့်ပြီး "Asian Games" ကို ရှာဖွေ၍ "Smart Asian Games One-Stop" applet မှ အားကစားပွဲတော်ကို စတင်ဆင်နွှဲနိုင်မည်ဖြစ်သည်။ထို့အပြင် လက်မှတ်ဝယ်ယူခြင်း၊ ခရီးသွားခြင်း၊ ဂိမ်းကြည့်ရှုခြင်းနှင့် မြင်ကွင်း ၁၈ ခုတို့မှ တစ်ကမ္ဘာလုံးရှိ ပရိသတ်များကို တစ်နေရာတည်းမှ အွန်လိုင်းဝန်ဆောင်မှုများ ပေးစွမ်းနိုင်မည်ဖြစ်သည်။

အာရှအားကစားပြိုင်ပွဲ ကျင်းပရာ နေရာများတွင် Artificial Intelligence (AI) ဉာဏ်ရည်တုနည်းပညာဖြင့် ကြိုဆိုဧည့်ခံခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ကင်းလှည့်ခြင်းတို့ကို ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးမည့် စမတ်စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့လည်း ရှိနေသေးသည်။

AR မိုဘိုင်းလ်ဖုန်း လမ်းကြောင်းပြခြင်းသည် ခရီးသွားသည့်အခါ လူအများစုအတွက် မရှိမဖြစ်လိုအပ်သော လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ၎င်းသည် ထိုင်ခုံရှာဖွေခြင်း၊ အိမ်သာရှာခြင်း၊ ရှေးဦးသူနာပြုခြင်းဝန်ဆောင်မှုများ စသည့်  ရှာဖွေခြင်းများတို့ ဆောင်ရွက်ပေးမည်ဖြစ်သည်။

မိုဘိုင်းလ်ဖုန်းကင်မရာမှတစ်ဆင့် AR လမ်းညွှန်ချက်ကို အလိုလိုသိသောမြှားများ (သို့မဟုတ်) စာသားနှင့် အခြားသော virtual သင်္ကေတများအသွင်ဖြင့် ပြသမည်ဖြစ်ပြီး ခရီးလမ်းညွှန်ချက်ကို ညွှန်ပြခြင်းဖြစ်သည်။

ပတ်ဝန်းကျင်နှင့်ပတ်သက်သော အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ တွေ့မြင်နိုင်ပြီး ဦးတည်ရာလမ်းကြောင်းကိုလည်း လျင်မြန်တိကျစွာ ခွဲခြားနိုင်သည့်အပြင် AR navigation သည် တည်နေရာပြောင်းလဲမှုများနှင့် လမ်းညွှန်လမ်းကြောင်းကို အလိုအလျောက် ချိန်ညှိပေးမည်ဖြစ်သည်။

မောင်းသူမဲ့ AR စမတ်ဘတ်စ်ကားများဖြင့် ခြေလှမ်းတိုင်းပြောင်းလဲနေသော ရှုခင်းများကို လေ့လာနိုင်မည့် စမတ်ကျသော ခရီးသွားလာမှုကို ဆောင်ကြဉ်းပေးမည်ဖြစ်သည်။

ဝန်ဆောင်မှုစက်ရုပ်များနှင့် အဆင့်မြင့်နည်းပညာထုတ်ကုန်များကိုလည်း နေရာတိုင်းတွင် တွေ့ရှိနိုင်မည်ဖြစ်သည်။

ထို့ကြောင့် အံ့သြစရာကောင်းအောင် အာရှအားကစားပြိုင်ပွဲတွင် ဉာဏ်ရည်ထက်မြက်သော နည်းပညာအသစ်များကို ခံစားရရှိသည့်အတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံသစ်များ၊ နည်းပညာဆိုင်ရာ ဆက်စပ်မှုများကို ကြုံတွေ့ခံစားနိုင်မည်ဖြစ်သည်။  

ထို့အပြင် အားကစားကွင်းအတွင်း အပူချိန်နှင့် စိုထိုင်းစပါသည့် အလိုအလျောက်ရေလောင်းစနစ်၊ ခန်းမအတွင်း အလိုအလျောက်ဖြန်းပက်စက်၊ ရေသွင်းစနစ်နှင့် စမတ်ရေနုတ်မြောင်းစနစ်တို့ တပ်ဆင်ထားပြီး အားကစားကွင်းများ၏ နေရာတိုင်းတွင် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုထားခြင်းဖြစ်သည်။

Jinhua အားကစားစင်တာမှ ကီလိုမီတာ ၁၆၀ ကျော် ကွာဝေးသော ဟန်ကျိုးရှိ Linping ခရိုင် အားကစားစင်တာသည် အစိမ်းရောင်၊ စွမ်းအင်ချွေတာသော LED မီးသီးများဖြင့် မီးထွန်းသည့်အခါ သိပ္ပံနည်းကျထိန်းချုပ်မှုမှတစ်ဆင့် မြင်ကွင်းအသုံးချမှုအမျိုးမျိုးကို သိရှိနားလည်စေမည်ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်။)

အမွန်