【 ပြည်တွင်း 】တရုတ်-မြန်မာ နယ်စပ်ဂိတ်သုံးခုကို စမတ်စနစ်သုံး နယ်စပ်ဂိတ်အဖြစ် တည်ဆောက်လျက်ရှိ

【 ပြည်တွင်း 】တရုတ်-မြန်မာ နယ်စပ်ဂိတ်သုံးခုကို စမတ်စနစ်သုံး နယ်စပ်ဂိတ်အဖြစ် တည်ဆောက်လျက်ရှိ

တရုတ်နိုင်ငံ “ယူနန်ပြည်နယ် စမတ်နယ်စပ်ဂိတ်များတည်ဆောက်ရေး အလုံးစုံစီမံချက်”အရ နယ်စပ်ဂိတ် အသီး သီးကို စမတ်စနစ်သုံး နယ်စပ်ဂိတ်တွေအဖြစ် တည်ဆောက်လျက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံက တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများသို့ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုဗဟိုစင်တာကို အရှိန်အဟုန်ဖြင့်တည်ဆောက်ရေး သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

“ယူနန်ပြည်နယ် စမတ်နယ်စပ်ဂိတ်များတည်ဆောက်ရေး အလုံးစုံစီမံချက်”အရ တရုတ်-လာအိုနယ်စပ်ရှိ မောဟန်းနယ်စပ်ဂိတ်၊ တရုတ်-ဗီယက်နမ်နယ်စပ်ရှိ ဟော်ခိုနယ်စပ်ဂိတ်၊ တရုတ်-မြန်မာနယ်စပ်ရှိ ရွှေလီနယ်စပ်ဂိတ် (ဝမ်တိန်အပါအဝင်)၊ တရုတ်-မြန်မာနယ်စပ်ရှိ ထိန်ချုံးဟုတ်ချောင်နယ်စပ်ဂိတ်နဲ့ တရုတ်-မြန်မာနယ်စပ်ရှိ မွန်တင့် ချင်ရွှေဟော်နယ်စပ်ဂိတ်တို့အား စမတ်စနစ်သုံးနယ်စပ်ဂိတ်အဖြစ် တည်ဆောက်နေတာလို့ ဆိုပါတယ်။

စမတ်သိပ္ပံနည်းပညာဖြင့် စွမ်းဆောင်မှုပြုခြင်း၊ ခေတ်မီသော အဆောက်အအုံများ၊ ထိရောက်သော ကြီးကြပ်မှု၊ ပထမတန်းစား ဝန်ဆောင်မှုများနှင့် ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုတို့ကို အလေးထားအာရုံစိုက်ကာ ၎င်းနယ်စပ်ဂိတ် များ၏ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုနှင့် ပံ့ပိုးကူညီမှုဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်မှုတို့ကို တစိုက်မတ်မတ်မြှင့်တင်ဖော်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

ယူနန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တံခါးဖွင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်နှင့် ယူနန်ပြည်နယ်ကူးသန်းရောင်း ဝယ်ရေးဦးစီးဌာနတို့ဟာ ရင်းနှီးမြုပ်နှံမှု ယွမ် ၃၆၉ သန်းအသုံးပြုကာ စမတ်နယ်စပ်ဂိတ်စီမံကိန်း ၅ ခုကို တည်ဆောက်ရေးအတွက် ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

002

ရန်ကုန်၊ မတ် ၂