【 ပြည်တွင်း 】ယူနန် - မြန်မာ စီးပွားရေး ချိတ်ဆက်မှုဆိုင်ရာ ဆွေးနွေး

【 ပြည်တွင်း 】ယူနန် - မြန်မာ စီးပွားရေး ချိတ်ဆက်မှုဆိုင်ရာ ဆွေးနွေး

ယူနန် - မြန်မာ စီးပွားရေး ချိတ်ဆက်မှုဆိုင်ရာ ဆွေးနွေးပွဲကြီးကို ရန်ကုန်မြို့ Wyndham Grand Hotel ၌ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ယင်းဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏  ယူနန်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာလုပ်ငန်းရှင်များ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲတွင်  ယူနန်ပြည်နယ် ၊ ကူးသန်းရောင်းဝယ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Dr. Li Chenyang က  မြန်မာပြည်သည် အကြီးမားဆုံးသော Trading Partner ဖြစ်ကြောင်း၊ ယူနန် - မြန်မာ အကြား စီးပွားရေးကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရန် Platform ကို တည်ဆောက်၍ ကုန်သွယ်မှု ၊ ရင်းနှီးမြှုပ်နှံမှုကို  ချိတ်ဆက်ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အတူ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းကလည်း  တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကြီးမားသော အရေးပါသည့်  ဈေးကွက်ကြီးဖြစ်သည့်အတွက်  GACC စနစ်တွင် အလားအလာရှိသော မြန်မာနိုင်ငံထွက် ထုတ်ကုန်ပစ္စည်းများ မှတ်ပုံတင်ရေးလုပ်ငန်းစဉ်များ လွယ်ကူမြန်ဆန်စေရန်  ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ ယူနန်စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာလုပ်ငန်းရှင်များက အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မည့် လယ်ယာလုပ်ငန်းများ၊ အိုင်တီနှင့်ဆက်စပ်လုပ်ငန်းများ၊ ဘဏ်လုပ်ငန်းနှင့်အာမခံလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ကုန်စည်ပို့ဆောင်ရေး သိုလှောင်ရုံ စီမံကိန်းများ၊ သတင်းအချက်အလက်လုပ်ငန်းဆိုင်ရာ စက်ပစ္စည်းကိရိယာများ၊ ၊လျှပ်စစ်၊ အခြေခံအဆောက်အုံ၊ ငွေပေးချေမှုနည်းပညာများ၊  စီမံကိန်းများအသီးသီးကို  ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်တို့အကြား စီးပွားရေးနှင့်ကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ကုန်သွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် ယူနန်ပြည်နယ်ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ ဦးဆောင်၍ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ရက်က နေပြည်တော်မှာ ကျင်းပခဲ့သေးတယ်လို့ သိရပါတယ်။

002

Photo-UMFCCI

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃