【 သတင်းဆောင်းပါး 】“မီးပုံးပျံလွှတ်တင်မှု နှင့် အန္တရာယ် "

【  သတင်းဆောင်းပါး  】“မီးပုံးပျံလွှတ်တင်မှု နှင့် အန္တရာယ် "

ရိုးရာပွဲတော်တွေနဲ့အတူ မီးပုံးပျံလွှတ်တင်တာတွေက တွင်ကျယ်လာခဲ့ပါတယ်။ ဒီဇိုင်းတွေအမျိုးမျိုးနဲ့ အပြိုင်အဆိုင် လုပ်ထားတဲ့ မီးပုံးပျံ အကြီးကြီးတွေကို လွှတ်တင်ယှဉ်ပြိုင်တာတွေရှိသလို အပျော်တမ်း ကြွပ် ကြွပ်အိတ်မီးပုံးပျံငယ်တွေကို တွင်တွင်ကျယ်ကျယ် လွှတ်တင်တာတွေလည်း မြင်ရမှာ ဖြစ်ပါတယ်။ မီးပုံးပျံ အကြီး များလုပ်တဲ့အခါ အချိန်ယူပြီး ခက်ခဲစွာလုပ်ကိုင်ရပေမယ့် အလွယ်တကူ လွှတ်တင်နိုင်ဖို့ အသင့်ပြု လုပ်ထားတဲ့ ရယ်ဒီမိတ် ကြွပ်ကြွ့ပ်အိတ်မီးပုံးပျံတွေဟာလည်း နှစ်သက်သူတွေများလာခဲ့သလို ဝယ်လို အားကောင်းလာ တဲ့ အပြင် အခုနောက်ပိုင်းမှာ ဈေးကွက်တစ်ရပ်ရရှိလာခဲ့ပါတယ်။

နေရာအများစု ကျင်းပလာတဲ့ မီးပုံးပျံပွဲများ မီးပုံးပျံပြိုင်ပွဲတွေကို မူလက တောင်ကြီး တန်ဆောင် တိုင် ပွဲနဲ့အတူ ကျင်းပလာခဲ့ရာကနေ ပြင်ဦးလွင် တန်ဆောင်တိုင်မှာလည်း မီးပုံးပျံပြိုင်ပွဲတွေကို ကျင်းပလာခဲ့ပြီး ယခု နောက်ပိုင်းမှာ အပေါ့စား မီးပုံးပျံငယ်တွေ နဲ့အတူ ရန်ကုန်အပါအဝင် မြို့အသီးသီးမှာ မီးပုံးပျံလွှတ်တင်ပွဲ တွေကို တွင်ကျယ်စွာ ကျင်းပလာခဲ့ကြပါတယ်။

နှစ်စဉ် တိုးမပေါက်အောင်စည်ကားခဲ့တဲ့ တောင်ကြီး တန်ဆောင်တိုင်ရဲ့ မီးပုံးပျံပြိုင်ပွဲမှာ ယခုနှစ်မှာလည်း နိုဝင်ဘာ ၄ ရက်ကနေ ၁၂ ရက်အထိ ကျင်းပခဲ့သလို ညမီးကြီးအမျိုးအစား မီးပုံးပျံ ၇၉ လုံး၊ စိန်နားပန်မီးပုံးပျံ ၃၆ လုံး၊ ခြေနှစ်ချောင်း နေ့လွှတ်အရုပ်မီးပုံးပျံ ၁၅၀ လုံး၊ ခြေလေးချောင်း နေ့လွှတ်အရုပ်မီးပုံးပျံ ၉၄ လုံး၊ အုပ်စုအရုပ် မီးပုံးပျံ ၃၅ လုံး စုစုပေါင်း ၃၉၄ လုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသလို နိုဝင်ဘာ ၁၂ ရက်မှာ ဆုရရှိတဲ့ မီးပုံးပျံတွေကို ကြေညာကာ ဆုချီးမြှင့်ခဲ့ကြပါတယ်။

အလားတူ ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကိုလည်း နိုဝင်ဘာ ၈ ရက်ကနေ ၁၂ ရက်အထိ ကျင်းပခဲ့ရာ တန်ဆောင်တိုင်ပွဲတော်နဲ့အတူ မီးပုံးပျံပြိုင်ပွဲတွေကို ထည့်သွင်းကျင်းပခဲ့ပြီး လေ့လာကြည့်ရှုသူတွေနဲ့ စည်ကား လှတဲ့ ပွဲတော်တစ်ခု ဖြစ်ခဲ့ပါတယ်။ “ဒီနှစ်မှာ က မီးပုံးပျံအရေအတွက်ဟာ နေ့ခင်းအရုပ်အလှ လွှတ်တင်ပွဲမှာ လျော့သွားပြီး ညမှာလုပ်တဲ့ မီးပုံးပျံလွှတ်တင်ရာမှာတော့ အလုံးရေ တိုးလာ ပါတယ်၊ ညမီးကြီးမီးပုံးပျံ အလုံး ၂၀၊ စိန်နားပန်မီးပုံးပျံ ၁၈ လုံး၊ နေ့ရုပ်အလှမီးပုံးပျံ ၄၄ လုံး ဒီနှစ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်”လို့ ပြင်ဦးလွင်မြို့ မီးပုံးပျံပွဲတော်ကျင်းပရေး ကော်မတီမှ အဖွဲ့ဝင် ဦးကျော်ဌေးက ပြောပြပါတယ်။

ဒါ့အပြင် ပင်းတယ၊ ကလော၊ မန္တလေး၊ ရန်ကုန် စတဲ့ မြို့တွေမှာလည်း မီးပုံးပျံပွဲတော်အဖြစ် အပေါ့စား မီးပုံးပျံငယ် တွေကို လွှတ်တင် တာ တွေ လုပ်ဆောင်လေ့ရှိပြီး နိုဝင်ဘာ ၁၁ ရက် ညက ရန်ကုန်မြို့၊ ပြည်လမ်း တံ တားဖြူမှတ်တိုင်အနီးက အင်းယားကန်ဘောင်မှာ မီးပုံးပျံလွှတ်တင်ပွဲကို ကျင်းပခဲ့ကြသလို မဟာဗန္ဓုလ ပန်းခြံ ထဲမှာလည်း စုပေါင်းလွှတ်တင်တာတွေရှိသလို မီးပုံးပျံလွှတ်တင်တဲ့ အလေ့အထဟာ ကျယ်ပြန့် လာခဲ့ပါတယ်။ ဝါသနာကို အရင်းခံရတဲ့ မီးပုံးပျံ မီးပုံးပျံလွှတ်တင်နိုင်ဖို့ လုပ်ဆောင်တာဟာ ဝါသနာကို အရင်းခံပြီး လုပ်ဆောင် ရတာဖြစ်သလို ရိုးရာယဉ်ကျေးမှု တွေကိုလည်း ပျက်စီးထိခိုက်တာမျိုးမဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်တဲ့ အပြင် သေသပ်စွာလုပ်ဆောင်နိုင်ဖို့ ကလည်း အရေးကြီးတယ်လို့ မီးပုံးပျံပညာရှင် ဦးကျော်ဝင်း က ပြောပါတယ်။
 
“တစ်ချို့ဟာတွေဆိုရင် လုပ်ရတာ လက်ဝင်တာပေါ့၊ စနစ်တကျနဲ့ သေချာဖို့လည်းလိုပါတယ်၊ မသေချာ လို့ မရဘူး၊ ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့ဟာတွေမှာဆိုရင် အလှဖောက်တဲ့ ယမ်းထည့်တာတွေကအစ အသေးစိတ် လုပ်ရ တယ်၊ လွဲမှားသွားရင် ဒီကောင်က အန္တရာယ်ရှိတယ်လေ၊ လှလှပပဖြစ်ဖို့လည်း စိတ်ရှည်ရှည်နဲ့ လုပ်ရတာပေါ့”လို့ သူက ရှင်းပြပါတယ်။ မီးပုံးပျံတွေ မှာ ညမီးကြီး အမျိုးအစားဟာ အရွယ်အစား ကြီးမားလှပစွာ ပြုလုပ်ထားတဲ့ မီးပုံးပျံမှာ ရောင် စုံမီးရှူး၊ မီးပန်း၊ မီးပဒေသာတွေနဲ့ တန်ဆာဆင်ပြီး သတ်မှတ်အမြင့်မှာ ဆန်းကြယ်လှပစွာ ဖြာထွက်အောင် ဆောင်ရွက်ရကြောင်း၊ စိန်နားပန် မီးပုံးပျံမှာတော့ အောက်ခြေမှာ မီးပုံးငယ် များစွာနဲ့ ဒီဇိုင်းပုံဖော်ချိတ်ဆွဲပြီး မီးပြောက်တွဲရောင်စုံများကို စိန်နားပန်ပမာ ဝင်းလက်ပြိုးပြက်ကာ လှပစေအောင် ပြုလုပ်ရကြောင်း၊ နေ့လွှတ် အရုပ်အလှမီးပုံးပျံတွေအနေနဲ့ ရောင်စုံမှိုင်းခံစက္ကူတွေကို ကြီးမားလှပတဲ့ အရုပ်ဒီဇိုင်းမျိုးစုံအဖြစ် အချိုးကျအောင်ပြုလုပ်ကာ နေ့ခင်းပိုင်းအလှပြလွှတ်တင်ကြရပါတယ်။

 မီးပုံးပျံတစ်ခု ပြုလုပ်ဖို့ မှိုင်းခံစက္ကူ၊ ပိတ်စဖြူ၊ ရေနံစိမ်း၊ ဖယောင်း၊ ကော်မှုန့် အစရှိတဲ့ ကုန်ကြမ်း ပစ္စည်း တွေက မဖြစ်မနေ လိုအပ်သလို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဖန်တီးပုံဖော်လုပ်ကိုင်ကြရတယ်လို့ သူက ရှင်းပြပါတယ်။ မီးရောင်စုံအလှအပတွေနဲ့ အတူ အရောင်တလက်လက်ဖြစ်ကာ ကောင်းကင်ထက်မှာ ပျံတက် လွင့်မြောနေတဲ့ မီးပုံးပျံတွေဟာ မြင်ရသူတွေရဲ့စိတ်ထဲမှာ လှပခမ်းနားလို့နေပြီး ကောင်းကင်တစ်ခုလုံးမှာလည်း တောက်ပ နေလျက်ရှိပါတယ်။

ဈေးကွက်အကြိုက်မီးပုံးပျံများ မီးပုံးပျံလို့ဆိုလိုက်တာနဲ့ ကြီးမားစွာလှပနေတဲ့ မီးပုံးပျံကြီးတွေကို ခမ်း ခမ်းနားနားမြင်ယောင်ပေမယ့် ကြွပ်ကြွပ် အိတ်ကို အခြေခံလုပ်ဆောင်ထားတဲ့ အပေါ့စားမီးပုံးပျံတွေက ဈေး ကွက်အကြိုက်ဖြစ်လာခဲ့ကာ နှစ်သက်သူများစွာနဲ့ ရောင်းအား ကောင်းခဲ့တဲ့ ပစ္စည်းမျိုးလည်းဖြစ်ခဲ့ပါတယ်။ အဆိုပါမီးပုံးပျံတွေဟာ အိမ်နီးချင်းနိုင်ငံကနေ တင်သွင်းထားတာဖြစ်သလို သီတင်းကျွတ်ကာလက ၁၀ ခုပါဝင်တဲ့ တစ်အိတ်စာကို လက္ကားဈေး ၂၅၀၀ ဝန်းကျင်လောက်ရှိရာမှ တန်ဆောင်တိုင်ပွဲတော်ကာလမှာ ၁၀ ခုပါဝင်တဲ့ အထုပ်တစ်ထုပ်ကို ၅၅၀၀ ကျပ် ဝန်းကျင်ဖြစ်ခဲ့ပြီး လက်လီအနေနဲ့ တစ်လုံးကို ၉၀၀ ကျပ်ကနေ ၁၅၀၀ ကျပ်လောက်အထိ ရောင်းချလာခဲ့ကြပါတယ်။

 “ဒီမီးပုံးပျံလေးတွေက တရုတ်က ဝင်တာတွေပါ၊ ဒီရက်ပိုင်းက ပစ္စည်းလည်း ပြတ်လောက်အောင် ရောင်း ခဲ့ရတယ်၊ ဈေးလည်း အနည်းငယ်တက်ခဲ့သလို ဒီဇိုင်းသစ်တွေလည်း ဝင်လာတယ်၊ လာမယ့် ခရစ္စမတ်ကာလတို့ New Year တို့မှာ ပိုပြီးတော့ ရောင်းအား ကောင်းမယ်လို့ မျှော်လင့်ရပါတယ်”လို့လည်း ရန်ကုန်မြို့ လသာ မြို့နယ်ထဲမှာ မီးပုံးပျံတွေကို လက္ကားရောင်းချ နေတဲ့ မနန္ဒာဖုန်းနိုင်က ဆိုပါတယ်။
 
အလွယ်တကူ လွှတ်တင်နိုင်တဲ့အပြင် ဈေးနှုန်းအနေနဲ့လည်း သိပ်ပြီးမြင့်မားတာမျိုးမဟုတ်တာကြောင့် တစ်ခုချင်းစီဝယ်ယူ လွှတ်တင် သူများလည်းရှိလာကြပြီး လက်လီယူရောင်းသူတွေလည်းအများအပြား ရှိလာခဲ့ ပါတယ်။ “ငွေ ၁၀၀၀ နဲ့ပဲရောင်းဦး၊ တော်ရုံက ဝယ်လွှတ် နိုင်ကြတော့ ရောင်းတဲ့သူတွေလည်း များတယ်၊ အင်း လျားဘက်တို့ ကန်တော်ကြီးဘက်တို့ ပွဲဈေးတွေမှာ ပြန်ရောင်းမယ့်သူတွေက ညီမတို့ဆီမှာ လာဝယ်ကြ တာ တွေရှိပါတယ်၊ အရောင်းအဝယ်အနေနဲ့က အခုတော်တော်လေးကောင်းလာပါတယ်”လို့ ၎င်းက ဆက်ပြော ပါတယ်။

စောင့်ကြည့်ရတဲ့ ကြွပ်ကြွပ်အိတ် မီးပုံးပျံတွေ ကြွပ်ကြွပ်အိတ် အပေါ့စားကို အခြေခံလုပ်ဆောင်ထားတဲ့ မီးပုံးပျံတွေဟာ အကြာကြီး မှိုင်းသွင်း စရာမလိုတဲ့အပြင် ပျံတက်တာလည်း မြန်ဆန်ပေမယ့် လေစီးကြောင်းနဲ့အတူ လေတိုက်ရာအရပ်ကို လွင့်မျောလေ့ရှိပြီး အချို့မှာ သစ်ပင်သစ်ကိုင်းတွေနဲ့ချိတ်မိတာတွေ၊ ဓာတ်အားလိုင်း ကြိုးတွေနဲ့ ချိတ်မိတာတွေလည်းရှိလာခဲ့ပါတယ်။

 “ဒီလိုအချိန်အခါဆိုရင် ညဘက်မအိပ်နိုင်ဘူး၊ အန်ကယ်တို့ရပ်ကွက်မှာ ဒါကိုသတိထားနေရတယ်၊ ရပ် ကွက်တော်တော်များများလည်း ဒီလိုပဲထင်ပါတယ်၊ ရန်ကုန်မှာက ဒီလိုမျိုးကြွပ်ကြွပ်အိတ်မီးပုံးပျံတွေလွှတ်တာ များတဲ့အခါ ကျတော့ ကိုယ့်အိမ်နားလွင့်လာပြီး မီးမငြိမ်းဘဲလာကျမှာကို စိုးရိမ်ကြတာပါ”လို့ ကြည့်မြင်တိုင် မြို့နယ် မန်ကျည်းတန်း(တောင်)ရပ်ကွက်တွင် နေထိုင်တဲ့ ရပ်မိရပ်ဖ တစ်ဦးက ပြောပြပါတယ်။

ထိုကြွပ်ကြွပ် အိတ် မီးပုံးပျံတွေ လွင့်ကျလာကာ ကြီးမားသော မီးလောင်မှုမျိုး မကြားသိခဲ့ဖူးပေမယ့် သစ်ပင်မှာ လာချိတ်ပြီး သစ်ကိုင်း များမီးစွဲတာတွေ၊ ဓာတ်အားလိုင်းကြိုးမှာ ချိတ်တာတွေကြောင့် မလိုလားအပ်တဲ့ မီးလောင်ကျွမ်းမှု မဖြစ်အောင် ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ကြရတာတွေကိုတော့ မြင်ခဲ့ဖူးပါတယ်။ ထိုအခြေအနေတွေ ကြောင့်လည်း မလိုလားအပ်သော မီးလောင်ကျွမ်းမှုဖြစ်စဉ်တွေ မကြုံစေဖို့ ရန်ကုန်မြို့က ဆင်ခြေဖုံး ရပ်ကွက် တွေမှာ မီးဘေးကာကွယ်ရေး အစီအမံတွေလုပ်ဆောင်လာကြရသလို မီးသတ်ဦးစီးဌာန အနေနဲ့လည်း လိုအပ် တဲ့ကြိုတင်ပြင်ဆင်မှုတွေနဲ့ အသင့်ပြင်ကာလုပ်ဆောင်ထားရတဲ့ ကာလလည်းဖြစ်ပါတယ်။

 “ဟိုလိုမျိုး မီးပုံးပျံကြီးတွေလို စနစ်တကျလွှတ်တင်တာမျိုးကိုမပြောဘူး၊ အခုဟာက ဘယ်အချိန် ကိုယ့် အိမ်ခေါင်မိုးပေါ် ပြုတ်ကျ လာပြီး မီးလောင်မလဲဆိုတာ စိုးရိမ်နေရပါတယ်၊ သူ့ရဲ့အားနည်းချက်တစ်ခုက မီးမငြိမ်း ဘဲ ကျတတ်တာတွေ၊ အောက်ကျတဲ့အခါမှာ လည်း ကြွပ်ကြွပ်အိတ်ဆိုတော့ မီးစွဲလောင်တာတွေရှိတယ်လေ၊ သိပ်ပြီး အန္တရာယ်များတာ”လို့ သူက ဆိုပါတယ်။ မီးပုံးပျံကြီးတွေ လွှတ်တင်တာကို ပွဲတော်တစ်ရပ်အနေနဲ့ ကျင်းပကြတဲ့အပေါ် ဝေဖန်မှုတွေရှိပေမယ့် တစ်ခဏတာ အတွင်းမှာ တွင်ကျယ်လာခဲ့တဲ့ ကြွပ်ကြွပ်အိတ်မီးပုံးပျံတွေကိုတော့ သတိပြုဝေဖန်သူတွေ နည်း ပါးနေပါတယ်။

ရိုးရာယဉ်ကျေးမှုကို အခြေခံပြီး ကျင်းပလာတဲ့ မီးပုံးပျံပြိုင်ပွဲကြီးတွေလို မြို့ကြီးတစ်ချို့မှာ လုပ်ဆောင်လာတဲ့ မီးပုံးပျံပွဲတွေ ရှိလာ ကြပေမယ့် အခုနောက်ပိုင်းမှာ အများဆုံးလွှတ်နေကြတဲ့ အပျော်တမ်း ကြွပ်ကြွပ်အိတ်မီးပုံးပျံတွေကိုတော့ ပတ်ဝန်းကျင်အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးမျိုးမကြုံအောင်၊ မိမိလွှတ်တင်လိုက်တဲ့ မီးပုံးပျံလေးကို ကြည့်ရှုရင်း အပန်းဖြေသူတွေရဲ့ ပျော်ရွှင်ကြည်နူးမှု တွေကိုလည်း မထိခိုက်အောင် ကြပ်မတ်သွားနိုင်ဖို့လိုအပ်တယ်ဆိုတာ ရေးသားတင်ပြလိုက်ရပါတယ်။

ဇွဲမာန် 

(  Zawgyi  )

 ႐ိုးရာပြဲေတာ္ေတြနဲ႔အတူ မီးပုံးပ်ံလႊတ္တင္တာေတြက တြင္က်ယ္လာခဲ့ပါတယ္။ ဒီဇိုင္းေတြအမ်ိဳးမ်ိဳးနဲ႔ အၿပိဳင္အဆိုင္ လုပ္ထားတဲ့ မီးပုံးပ်ံ အႀကီးႀကီးေတြကို လႊတ္တင္ယွဥ္ၿပိဳင္တာေတြရွိသလို အေပ်ာ္တမ္း ႂကြပ္ ႂကြပ္အိတ္မီးပုံးပ်ံငယ္ေတြကို တြင္တြင္က်ယ္က်ယ္ လႊတ္တင္တာေတြလည္း ျမင္ရမွာ ျဖစ္ပါတယ္။ မီးပုံးပ်ံ အႀကီး မ်ားလုပ္တဲ့အခါ အခ်ိန္ယူၿပီး ခက္ခဲစြာလုပ္ကိုင္ရေပမယ့္ အလြယ္တကူ လႊတ္တင္ႏိုင္ဖို႔ အသင့္ျပဳ လုပ္ထားတဲ့ ရယ္ဒီမိတ္ ႂကြပ္ႂကြ႕ပ္အိတ္မီးပုံးပ်ံေတြဟာလည္း ႏွစ္သက္သူေတြမ်ားလာခဲ့သလို ဝယ္လို အားေကာင္းလာ တဲ့ အျပင္ အခုေနာက္ပိုင္းမွာ ေဈးကြက္တစ္ရပ္ရရွိလာခဲ့ပါတယ္။

ေနရာအမ်ားစု က်င္းပလာတဲ့ မီးပုံးပ်ံပြဲမ်ား မီးပုံးပ်ံၿပိဳင္ပြဲေတြကို မူလက ေတာင္ႀကီး တန္ေဆာင္ တိုင္ ပြဲနဲ႔အတူ က်င္းပလာခဲ့ရာကေန ျပင္ဦးလြင္ တန္ေဆာင္တိုင္မွာလည္း မီးပုံးပ်ံၿပိဳင္ပြဲေတြကို က်င္းပလာခဲ့ၿပီး ယခု ေနာက္ပိုင္းမွာ အေပါ့စား မီးပုံးပ်ံငယ္ေတြ နဲ႔အတူ ရန္ကုန္အပါအဝင္ ၿမိဳ႕အသီးသီးမွာ မီးပုံးပ်ံလႊတ္တင္ပြဲ ေတြကို တြင္က်ယ္စြာ က်င္းပလာခဲ့ၾကပါတယ္။

ႏွစ္စဥ္ တိုးမေပါက္ေအာင္စည္ကားခဲ့တဲ့ ေတာင္ႀကီး တန္ေဆာင္တိုင္ရဲ႕ မီးပုံးပ်ံၿပိဳင္ပြဲမွာ ယခုႏွစ္မွာလည္း ႏိုဝင္ဘာ ၄ ရက္ကေန ၁၂ ရက္အထိ က်င္းပခဲ့သလို ညမီးႀကီးအမ်ိဳးအစား မီးပုံးပ်ံ ၇၉ လုံး၊ စိန္နားပန္မီးပုံးပ်ံ ၃၆ လုံး၊ ေျခႏွစ္ေခ်ာင္း ေန႔လႊတ္အ႐ုပ္မီးပုံးပ်ံ ၁၅၀ လုံး၊ ေျခေလးေခ်ာင္း ေန႔လႊတ္အ႐ုပ္မီးပုံးပ်ံ ၉၄ လုံး၊ အုပ္စုအ႐ုပ္ မီးပုံးပ်ံ ၃၅ လုံး စုစုေပါင္း ၃၉၄ လုံး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသလို ႏိုဝင္ဘာ ၁၂ ရက္မွာ ဆုရရွိတဲ့ မီးပုံးပ်ံေတြကို ေၾကညာကာ ဆုခ်ီးျမႇင့္ခဲ့ၾကပါတယ္။

အလားတူ ျပင္ဦးလြင္တန္ေဆာင္တိုင္ပြဲေတာ္ကိုလည္း ႏိုဝင္ဘာ ၈ ရက္ကေန ၁၂ ရက္အထိ က်င္းပခဲ့ရာ တန္ေဆာင္တိုင္ပြဲေတာ္နဲ႔အတူ မီးပုံးပ်ံၿပိဳင္ပြဲေတြကို ထည့္သြင္းက်င္းပခဲ့ၿပီး ေလ့လာၾကည့္ရႈသူေတြနဲ႔ စည္ကား လွတဲ့ ပြဲေတာ္တစ္ခု ျဖစ္ခဲ့ပါတယ္။ “ဒီႏွစ္မွာ က မီးပုံးပ်ံအေရအတြက္ဟာ ေန႔ခင္းအ႐ုပ္အလွ လႊတ္တင္ပြဲမွာ ေလ်ာ့သြားၿပီး ညမွာလုပ္တဲ့ မီးပုံးပ်ံလႊတ္တင္ရာမွာေတာ့ အလုံးေရ တိုးလာ ပါတယ္၊ ညမီးႀကီးမီးပုံးပ်ံ အလုံး ၂၀၊ စိန္နားပန္မီးပုံးပ်ံ ၁၈ လုံး၊ ေန႔႐ုပ္အလွမီးပုံးပ်ံ ၄၄ လုံး ဒီႏွစ္မွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္”လို႔ ျပင္ဦးလြင္ၿမိဳ႕ မီးပုံးပ်ံပြဲေတာ္က်င္းပေရး ေကာ္မတီမွ အဖြဲ႕ဝင္ ဦးေက်ာ္ေဌးက ေျပာျပပါတယ္။

ဒါ့အျပင္ ပင္းတယ၊ ကေလာ၊ မႏၲေလး၊ ရန္ကုန္ စတဲ့ ၿမိဳ႕ေတြမွာလည္း မီးပုံးပ်ံပြဲေတာ္အျဖစ္ အေပါ့စား မီးပုံးပ်ံငယ္ ေတြကို လႊတ္တင္ တာ ေတြ လုပ္ေဆာင္ေလ့ရွိၿပီး ႏိုဝင္ဘာ ၁၁ ရက္ ညက ရန္ကုန္ၿမိဳ႕၊ ျပည္လမ္း တံ တားျဖဴမွတ္တိုင္အနီးက အင္းယားကန္ေဘာင္မွာ မီးပုံးပ်ံလႊတ္တင္ပြဲကို က်င္းပခဲ့ၾကသလို မဟာဗႏၶဳလ ပန္းၿခံ ထဲမွာလည္း စုေပါင္းလႊတ္တင္တာေတြရွိသလို မီးပုံးပ်ံလႊတ္တင္တဲ့ အေလ့အထဟာ က်ယ္ျပန႔္ လာခဲ့ပါတယ္။ ဝါသနာကို အရင္းခံရတဲ့ မီးပုံးပ်ံ မီးပုံးပ်ံလႊတ္တင္ႏိုင္ဖို႔ လုပ္ေဆာင္တာဟာ ဝါသနာကို အရင္းခံၿပီး လုပ္ေဆာင္ ရတာျဖစ္သလို ႐ိုးရာယဥ္ေက်းမႈ ေတြကိုလည္း ပ်က္စီးထိခိုက္တာမ်ိဳးမျဖစ္ေအာင္ လုပ္ေဆာင္ဖို႔ လိုအပ္တဲ့ အျပင္ ေသသပ္စြာလုပ္ေဆာင္ႏိုင္ဖို႔ ကလည္း အေရးႀကီးတယ္လို႔ မီးပုံးပ်ံပညာရွင္ ဦးေက်ာ္ဝင္း က ေျပာပါတယ္။
 
“တစ္ခ်ိဳ႕ဟာေတြဆိုရင္ လုပ္ရတာ လက္ဝင္တာေပါ့၊ စနစ္တက်နဲ႔ ေသခ်ာဖို႔လည္းလိုပါတယ္၊ မေသခ်ာ လို႔ မရဘူး၊ ၿပိဳင္ပြဲမွာ ဝင္ၿပိဳင္တဲ့ဟာေတြမွာဆိုရင္ အလွေဖာက္တဲ့ ယမ္းထည့္တာေတြကအစ အေသးစိတ္ လုပ္ရ တယ္၊ လြဲမွားသြားရင္ ဒီေကာင္က အႏၲရာယ္ရွိတယ္ေလ၊ လွလွပပျဖစ္ဖို႔လည္း စိတ္ရွည္ရွည္နဲ႔ လုပ္ရတာေပါ့”လို႔ သူက ရွင္းျပပါတယ္။ မီးပုံးပ်ံေတြ မွာ ညမီးႀကီး အမ်ိဳးအစားဟာ အ႐ြယ္အစား ႀကီးမားလွပစြာ ျပဳလုပ္ထားတဲ့ မီးပုံးပ်ံမွာ ေရာင္ စုံမီးရႉး၊ မီးပန္း၊ မီးပေဒသာေတြနဲ႔ တန္ဆာဆင္ၿပီး သတ္မွတ္အျမင့္မွာ ဆန္းၾကယ္လွပစြာ ျဖာထြက္ေအာင္ ေဆာင္႐ြက္ရေၾကာင္း၊ စိန္နားပန္ မီးပုံးပ်ံမွာေတာ့ ေအာက္ေျခမွာ မီးပုံးငယ္ မ်ားစြာနဲ႔ ဒီဇိုင္းပုံေဖာ္ခ်ိတ္ဆြဲၿပီး မီးေျပာက္တြဲေရာင္စုံမ်ားကို စိန္နားပန္ပမာ ဝင္းလက္ၿပိဳးျပက္ကာ လွပေစေအာင္ ျပဳလုပ္ရေၾကာင္း၊ ေန႔လႊတ္ အ႐ုပ္အလွမီးပုံးပ်ံေတြအေနနဲ႔ ေရာင္စုံမႈိင္းခံစကၠဴေတြကို ႀကီးမားလွပတဲ့ အ႐ုပ္ဒီဇိုင္းမ်ိဳးစုံအျဖစ္ အခ်ိဳးက်ေအာင္ျပဳလုပ္ကာ ေန႔ခင္းပိုင္းအလွျပလႊတ္တင္ၾကရပါတယ္။

 မီးပုံးပ်ံတစ္ခု ျပဳလုပ္ဖို႔ မႈိင္းခံစကၠဴ၊ ပိတ္စျဖဴ၊ ေရနံစိမ္း၊ ဖေယာင္း၊ ေကာ္မႈန႔္ အစရွိတဲ့ ကုန္ၾကမ္း ပစၥည္း ေတြက မျဖစ္မေန လိုအပ္သလို စိတ္ကူးစိတ္သန္းေကာင္းေကာင္းနဲ႔ ဖန္တီးပုံေဖာ္လုပ္ကိုင္ၾကရတယ္လို႔ သူက ရွင္းျပပါတယ္။ မီးေရာင္စုံအလွအပေတြနဲ႔ အတူ အေရာင္တလက္လက္ျဖစ္ကာ ေကာင္းကင္ထက္မွာ ပ်ံတက္ လြင့္ေျမာေနတဲ့ မီးပုံးပ်ံေတြဟာ ျမင္ရသူေတြရဲ႕စိတ္ထဲမွာ လွပခမ္းနားလို႔ေနၿပီး ေကာင္းကင္တစ္ခုလုံးမွာလည္း ေတာက္ပ ေနလ်က္ရွိပါတယ္။

ေဈးကြက္အႀကိဳက္မီးပုံးပ်ံမ်ား မီးပုံးပ်ံလို႔ဆိုလိုက္တာနဲ႔ ႀကီးမားစြာလွပေနတဲ့ မီးပုံးပ်ံႀကီးေတြကို ခမ္း ခမ္းနားနားျမင္ေယာင္ေပမယ့္ ႂကြပ္ႂကြပ္ အိတ္ကို အေျခခံလုပ္ေဆာင္ထားတဲ့ အေပါ့စားမီးပုံးပ်ံေတြက ေဈး ကြက္အႀကိဳက္ျဖစ္လာခဲ့ကာ ႏွစ္သက္သူမ်ားစြာနဲ႔ ေရာင္းအား ေကာင္းခဲ့တဲ့ ပစၥည္းမ်ိဳးလည္းျဖစ္ခဲ့ပါတယ္။ အဆိုပါမီးပုံးပ်ံေတြဟာ အိမ္နီးခ်င္းႏိုင္ငံကေန တင္သြင္းထားတာျဖစ္သလို သီတင္းကြၽတ္ကာလက ၁၀ ခုပါဝင္တဲ့ တစ္အိတ္စာကို လကၠားေဈး ၂၅၀၀ ဝန္းက်င္ေလာက္ရွိရာမွ တန္ေဆာင္တိုင္ပြဲေတာ္ကာလမွာ ၁၀ ခုပါဝင္တဲ့ အထုပ္တစ္ထုပ္ကို ၅၅၀၀ က်ပ္ ဝန္းက်င္ျဖစ္ခဲ့ၿပီး လက္လီအေနနဲ႔ တစ္လုံးကို ၉၀၀ က်ပ္ကေန ၁၅၀၀ က်ပ္ေလာက္အထိ ေရာင္းခ်လာခဲ့ၾကပါတယ္။

 “ဒီမီးပုံးပ်ံေလးေတြက တ႐ုတ္က ဝင္တာေတြပါ၊ ဒီရက္ပိုင္းက ပစၥည္းလည္း ျပတ္ေလာက္ေအာင္ ေရာင္း ခဲ့ရတယ္၊ ေဈးလည္း အနည္းငယ္တက္ခဲ့သလို ဒီဇိုင္းသစ္ေတြလည္း ဝင္လာတယ္၊ လာမယ့္ ခရစၥမတ္ကာလတို႔ New Year တို႔မွာ ပိုၿပီးေတာ့ ေရာင္းအား ေကာင္းမယ္လို႔ ေမွ်ာ္လင့္ရပါတယ္”လို႔လည္း ရန္ကုန္ၿမိဳ႕ လသာ ၿမိဳ႕နယ္ထဲမွာ မီးပုံးပ်ံေတြကို လကၠားေရာင္းခ် ေနတဲ့ မနႏၵာဖုန္းႏိုင္က ဆိုပါတယ္။
 
အလြယ္တကူ လႊတ္တင္ႏိုင္တဲ့အျပင္ ေဈးႏႈန္းအေနနဲ႔လည္း သိပ္ၿပီးျမင့္မားတာမ်ိဳးမဟုတ္တာေၾကာင့္ တစ္ခုခ်င္းစီဝယ္ယူ လႊတ္တင္ သူမ်ားလည္းရွိလာၾကၿပီး လက္လီယူေရာင္းသူေတြလည္းအမ်ားအျပား ရွိလာခဲ့ ပါတယ္။ “ေငြ ၁၀၀၀ နဲ႔ပဲေရာင္းဦး၊ ေတာ္႐ုံက ဝယ္လႊတ္ ႏိုင္ၾကေတာ့ ေရာင္းတဲ့သူေတြလည္း မ်ားတယ္၊ အင္း လ်ားဘက္တို႔ ကန္ေတာ္ႀကီးဘက္တို႔ ပြဲေဈးေတြမွာ ျပန္ေရာင္းမယ့္သူေတြက ညီမတို႔ဆီမွာ လာဝယ္ၾက တာ ေတြရွိပါတယ္၊ အေရာင္းအဝယ္အေနနဲ႔က အခုေတာ္ေတာ္ေလးေကာင္းလာပါတယ္”လို႔ ၎က ဆက္ေျပာ ပါတယ္။

ေစာင့္ၾကည့္ရတဲ့ ႂကြပ္ႂကြပ္အိတ္ မီးပုံးပ်ံေတြ ႂကြပ္ႂကြပ္အိတ္ အေပါ့စားကို အေျခခံလုပ္ေဆာင္ထားတဲ့ မီးပုံးပ်ံေတြဟာ အၾကာႀကီး မႈိင္းသြင္း စရာမလိုတဲ့အျပင္ ပ်ံတက္တာလည္း ျမန္ဆန္ေပမယ့္ ေလစီးေၾကာင္းနဲ႔အတူ ေလတိုက္ရာအရပ္ကို လြင့္ေမ်ာေလ့ရွိၿပီး အခ်ိဳ႕မွာ သစ္ပင္သစ္ကိုင္းေတြနဲ႔ခ်ိတ္မိတာေတြ၊ ဓာတ္အားလိုင္း ႀကိဳးေတြနဲ႔ ခ်ိတ္မိတာေတြလည္းရွိလာခဲ့ပါတယ္။

 “ဒီလိုအခ်ိန္အခါဆိုရင္ ညဘက္မအိပ္ႏိုင္ဘူး၊ အန္ကယ္တို႔ရပ္ကြက္မွာ ဒါကိုသတိထားေနရတယ္၊ ရပ္ ကြက္ေတာ္ေတာ္မ်ားမ်ားလည္း ဒီလိုပဲထင္ပါတယ္၊ ရန္ကုန္မွာက ဒီလိုမ်ိဳးႂကြပ္ႂကြပ္အိတ္မီးပုံးပ်ံေတြလႊတ္တာ မ်ားတဲ့အခါ က်ေတာ့ ကိုယ့္အိမ္နားလြင့္လာၿပီး မီးမၿငိမ္းဘဲလာက်မွာကို စိုးရိမ္ၾကတာပါ”လို႔ ၾကည့္ျမင္တိုင္ ၿမိဳ႕နယ္ မန္က်ည္းတန္း(ေတာင္)ရပ္ကြက္တြင္ ေနထိုင္တဲ့ ရပ္မိရပ္ဖ တစ္ဦးက ေျပာျပပါတယ္။

ထိုႂကြပ္ႂကြပ္ အိတ္ မီးပုံးပ်ံေတြ လြင့္က်လာကာ ႀကီးမားေသာ မီးေလာင္မႈမ်ိဳး မၾကားသိခဲ့ဖူးေပမယ့္ သစ္ပင္မွာ လာခ်ိတ္ၿပီး သစ္ကိုင္း မ်ားမီးစြဲတာေတြ၊ ဓာတ္အားလိုင္းႀကိဳးမွာ ခ်ိတ္တာေတြေၾကာင့္ မလိုလားအပ္တဲ့ မီးေလာင္ကြၽမ္းမႈ မျဖစ္ေအာင္ ဝိုင္းဝန္းျငႇိမ္းသတ္ ခဲ့ၾကရတာေတြကိုေတာ့ ျမင္ခဲ့ဖူးပါတယ္။ ထိုအေျခအေနေတြ ေၾကာင့္လည္း မလိုလားအပ္ေသာ မီးေလာင္ကြၽမ္းမႈျဖစ္စဥ္ေတြ မႀကဳံေစဖို႔ ရန္ကုန္ၿမိဳ႕က ဆင္ေျခဖုံး ရပ္ကြက္ ေတြမွာ မီးေဘးကာကြယ္ေရး အစီအမံေတြလုပ္ေဆာင္လာၾကရသလို မီးသတ္ဦးစီးဌာန အေနနဲ႔လည္း လိုအပ္ တဲ့ႀကိဳတင္ျပင္ဆင္မႈေတြနဲ႔ အသင့္ျပင္ကာလုပ္ေဆာင္ထားရတဲ့ ကာလလည္းျဖစ္ပါတယ္။

 “ဟိုလိုမ်ိဳး မီးပုံးပ်ံႀကီးေတြလို စနစ္တက်လႊတ္တင္တာမ်ိဳးကိုမေျပာဘူး၊ အခုဟာက ဘယ္အခ်ိန္ ကိုယ့္ အိမ္ေခါင္မိုးေပၚ ျပဳတ္က် လာၿပီး မီးေလာင္မလဲဆိုတာ စိုးရိမ္ေနရပါတယ္၊ သူ႔ရဲ႕အားနည္းခ်က္တစ္ခုက မီးမၿငိမ္း ဘဲ က်တတ္တာေတြ၊ ေအာက္က်တဲ့အခါမွာ လည္း ႂကြပ္ႂကြပ္အိတ္ဆိုေတာ့ မီးစြဲေလာင္တာေတြရွိတယ္ေလ၊ သိပ္ၿပီး အႏၲရာယ္မ်ားတာ”လို႔ သူက ဆိုပါတယ္။ မီးပုံးပ်ံႀကီးေတြ လႊတ္တင္တာကို ပြဲေတာ္တစ္ရပ္အေနနဲ႔ က်င္းပၾကတဲ့အေပၚ ေဝဖန္မႈေတြရွိေပမယ့္ တစ္ခဏတာ အတြင္းမွာ တြင္က်ယ္လာခဲ့တဲ့ ႂကြပ္ႂကြပ္အိတ္မီးပုံးပ်ံေတြကိုေတာ့ သတိျပဳေဝဖန္သူေတြ နည္း ပါးေနပါတယ္။

႐ိုးရာယဥ္ေက်းမႈကို အေျခခံၿပီး က်င္းပလာတဲ့ မီးပုံးပ်ံၿပိဳင္ပြဲႀကီးေတြလို ၿမိဳ႕ႀကီးတစ္ခ်ိဳ႕မွာ လုပ္ေဆာင္လာတဲ့ မီးပုံးပ်ံပြဲေတြ ရွိလာ ၾကေပမယ့္ အခုေနာက္ပိုင္းမွာ အမ်ားဆုံးလႊတ္ေနၾကတဲ့ အေပ်ာ္တမ္း ႂကြပ္ႂကြပ္အိတ္မီးပုံးပ်ံေတြကိုေတာ့ ပတ္ဝန္းက်င္အတြက္ မလိုလားအပ္တဲ့ ဆိုးက်ိဳးမ်ိဳးမႀကဳံေအာင္၊ မိမိလႊတ္တင္လိုက္တဲ့ မီးပုံးပ်ံေလးကို ၾကည့္ရႈရင္း အပန္းေျဖသူေတြရဲ႕ ေပ်ာ္႐ႊင္ၾကည္ႏူးမႈ ေတြကိုလည္း မထိခိုက္ေအာင္ ၾကပ္မတ္သြားႏိုင္ဖို႔လိုအပ္တယ္ဆိုတာ ေရးသားတင္ျပလိုက္ရပါတယ္။

ဇြဲမာန္