【 သတင်းဆောင်းပါး 】“ ‌ဆောင်းနှင့်အတူ လာသည့် ငြိမ်းအေးမှု “

【  သတင်းဆောင်းပါး  】“ ‌ဆောင်းနှင့်အတူ လာသည့် ငြိမ်းအေးမှု “

ဒီဇင်ဘာလကိုရောက်ရှိပြီ ဆိုတာနဲ့ ဆောင်းရဲ့အေးချမ်းမှုနဲ့ အတူ ရန်ကုန်မြို့ရဲ့  ရပ်ကွက်အချို့မှာ ခရစ်ယာန်ဘာသာဝင်လူငယ်များရဲ့ သံပြိုင် ဓမ္မတေးသီဆိုမှုတွေက စတင်ပျံ့လွင့်လာပြီဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ဈေးဆိုင်တွေ ၊ စူပါမားကတ်တွေမှာ ခရစ္စမတ် လက်ဆောင် ပစ္စည်တွေကို အရောင်အသွေး စုံစုံလင်လင်နဲ့ ရောင်းချနေကြပါတယ်။ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ လူနေအိမ်တွေ၊ ပန်းခြံတွေ၊ ခရစ်ယာန်ဘုရားကျောင်း တွေမှာ ခရစ္စမတ် အထိမ်းအမှတ် ပစ္စည်းတွေ ရောင်စုံ အလှမီးတွေ ထွန်းညှိပြီး ခရစ္စမတ်ကာလကို ကြိုဆိုနေကြပြီလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ခရစ်ယာန် ဘာသာဝင်လူငယ်များအနေနဲ့လည်း ဓမ္မတေးသီချင်းတွေကို လိုက်လံသီဆိုဖို့ ကိုးကွယ်ရာ ခရစ်ယာန် ဘုရားကျောင်းများသို့ သွားရောက်စု ဝေကာ ဖိတ်ကြားထားတဲ့နေအိမ်များသို့ သွားရောက် ပြီး ဓမ္မတေးသီချင်းတွေ သီဆိုကာ အိမ်ရှင် များ ကျန်းမာချမ်းသာစေကြောင်း ၊ အလုပ်အကိုင်တွေ  ကောင်းမွန် စေကြောင်း ဆုတောင်း မေတ္တာတွေပို့သကြပါတယ်။

ရန်ကုန်မြို့မှာလည်း ခရစ်ယာန်ဘာသာဝင်လူငယ်များအနေနဲ့ နီးစပ်ရာဘုရားကျောင်းများမှာ  သွားရောက်စုဝေးပြီး ဘုရားကျောင်းမှ စီစဉ်ပေးတဲ့ မော်တော်ယာဉ်တွေ နဲ့ အတူ ဖိတ်ကြားထားရာ နေအိမ် များသို့ သွားရောက်ကြပြီး ဆုတောင်းမေတ္တာတွေ ပို့သကြပါတယ်။“ ကျွန်မတို့ သွားပြီး ဓမ္မသီချင်းတွေဆိုကြတယ်။ဆုတောင်းမေတ္တာတွေပို့ကြတယ်။ အဲ့ဒီအိမ်မှာ ရှိတဲ့သူတွေ ကျန်းမာ ချမ်းသာစေဖို့၊ စီးပွားရေးတိုးတက်စေဖို့၊နိုင်ငံခြားမှာ သွားရောက်အလုပ်လုပ်နေတဲ့ သူတွေလည်း အလုပ်အကိုင် အဆင်ပြေစေဖို့ ဆုတောင်းပေးတာပါ။ ငွေကြေး အလှူခံတာမရှိဘူး။ ဘယ်သူမှလည်း အလှူ ငွေထည့်တာ မရှိဘူး။ ဖိတ်ကြားတဲ့ အိမ်က လာရောက်ဆုတောင်းပေးတဲ့သူတွေကို အအေးတွေ၊ မုန့်တွေ နဲ့ ဧည့်ခံတာတွေတော့ရှိတယ် ” လို့ ဓမ္မတေးလိုက်လံ သီဆိုလေ့ရှိသူ မနန်းဝေလွင်က ဆိုပါတယ်။

နိုင်ငံတော်အကြီးအကဲများနေအိမ်များသို့လည်း သွားရောက် ဆုတောင်းမေတ္တာတွေ ပို့သပေးကြသလို နိုင်ငံတော်အကြီးအကဲ များ ကလည်း ခရစ်တော်မွေးနေ့ ဝတ်ပြုဆုတောင်းခြင်း ၊ကျေးဇူးတော် ချီးမွမ်းခြင်း အထိမ်းအမှတ် မိတ်ဆုံစားပွဲများကို တက်ရောက်ကြ ပါတယ်။

မြန်မာနိုင်ငံဟာ ကိုးကွယ်မှုပေါင်းစုံရှိတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ပြဌာန်းထားတဲ့ ဘာသာမရှိပေမယ့် ဗုဒ္ဓဘာသာ ကိုးကွယ်သူ အများဆုံးရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ ခရစ်ယာန်ဘာသာ ကိုကွယ်ယုံကြည်သူ ၆ ဒဿမ ၃ ရာခိုင် နှုန်းရှိပြီး ခရစ္စမတ်နေ့ကို နိုင်ငံတော် ရုံးပိတ်ရက်အဖြစ်သတ်မှတ်ခွင့်ပြုပေးထားပါတယ်။ခရစ်ယာန် ဘာသာဝင် တွေ ယုံကြည်မှုအရ ဘုရားသခင်ဟာ လူသားတွေကျူးလွန်ထားတဲ့ ပြစ်မှုတွေ  ပယ်ဖျက်နိုင် ရေးအတွက် ပေးဆပ်နိုင်ဖို့ သူ့ရဲ့တစ်ပါးတည်း သောသားတော်ကို လူ့လောကကြီးထဲ စေလွှတ်ပြီး အသက်ပေးစေခဲ့ တဲ့အတွက် လူသားတွေဟာ သူတို့ ကျူးလွန်ခဲ့တဲ့အပြစ်တွေ ကင်းလွတ်ခွင့်ရခဲ့တယ်လို့ ယုံကြည်ကြပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ခရစ်တော် မွေးဖွားပြီး လူ့လောကထဲကို ရောက်ရှိလာတဲ့ အတွက် ဝမ်းမြောက်ဝမ်း သာကြိုဆိုရမယ့် အချိန်ဖြစ် ပြီး ချစ်ခြင်းမေတ္တာတွေ မျှဝေဖို့ နဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရမယ့်အချိန်လို့ ခရစ်ယာန်ဘာသာဝင်တွေက ယုံကြည်ကြပါ တယ်။ “ ခရစ္စမတ်ရဲ့ အဓိပ္ပာယ်က လူတချို့အပြောအရဆိုရင်တော့ ခရစ်ယန်ဘာသာဝင်တွေရဲ့ ပွဲတော်လို့ပြောတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ခရစ္စမတ်ဆိုတာက သူ့ရဲ့ အဓိပ္ပာယ်အစစ်အမှန်က ဒီကမ္ဘာသူ၊ ကမ္ဘာသားတွေ အားလုံး စိတ်လက်ချမ်းသာ ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်ဖို့အတွက်ကို ဘုရားရဲ့ သားတော်က ချစ်ခြင်းမေတ္တာကို ယူဆောင်လာတဲ့ အခါသမယဖြစ်တယ်။ အဲ့ဒီတော့ ကျွန်တော်တို့ မှာ ဝမ်းနည်းခြင်းတွေ၊ ပူပန်ခြင်းတွေ၊ စိုးရိမ် စရာအားလုံး ငြိမ်းတယ်။ ခရစ္စမတ်ရဲ့ အဓိပ္ပာယ်က အဲ့ဒါဖြစ်တယ်။ အဲ့ဒီ သားတော်လေး ကြွရောက်လာပြီဆိုရင် လူတွေမှာ ရှိနေတဲ့ ရောဂါဝေဒနာတွေလည်း ငြိမ်းသွားမယ်။ လူတွေမှာ ရှိနေတဲ့ စိတ်မချမ်းသာမှု၊ စိတ်ဆင်းရဲမှု တွေအကုန်လုံး ငြိမ်းချမ်းသွားမယ်ဆိုတဲ့အသိကို ယူဆောင်လာတာဖြစ်ပါတယ်”လို့ အဆိုတော် စောဖိုးခွားက ဆိုပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ခရစ်တော် မပေါ်မီက အဒိုနစ်၊ ဒီယွန်နီဆပ် စတဲ့ နတ်ဘုရားတွေရဲ့ မွေးနေ့များ အဖြစ်ကျင်းပခဲ့ကြပါတယ်။ ခရစ္စမတ် နေ့အဖြစ်သတ်မှတ်ဖို့ ခရစ်တော်ကွယ်လွန်ပြီး အနှစ် ၃၀၀ အတွင်း ခရစ်ယာန်တို့ အချင်းချင်း သဘောထား ကွဲလွဲမှုများ ရှိခဲ့ပါ တယ်။ ရှေးယခင်က ခရစ္စမတ်ပွဲတော်ကို  မေ လ ၂၉ ရက်နေ့မှာ ကျင်းပခဲ့ကြပြီး  နောက်ပိုင်းမှာ ဧပြီရက်နေ့မှာ ကျင်းပခဲ့ကြပါတယ်။ ထိုမှတဖန် ဇန်နဝါရီလ ၆ ရက်နေ့မှာ ကျင်းပခဲ့ပြီး အေဒီ ၃၀၀ ပြည့်နှစ် မှသာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကိုခရစ္စမတ် ပွဲတော်နေ့အဖြစ် အတည်တကျ သတ်မှတ်နိုင်ခဲ့ကြပြီး လက်ရှိအချိန်အထိ ကျင်းပပြုလုပ်ကြတာဖြစ်ပါတယ်။

ခရစ္စမတ်ပွဲတော်ကို  ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကျင်းပကြပြီး ပွဲတော်အထိမ်းအမှတ်ဖြစ်တဲ့ ခရစ္စမတ် သစ်ပင် တွေ၊ဆန်တာကလော့ဒ် အရုပ်တွေ ၊ ရောင်စုံ မီးသီးတွေနဲ့ နေအိမ်တွေ၊ဆိုင်ခန်းတွေကို အလှဆင်ကြပြီး ခရစ္စမတ်ကာလကို ကြိုဆိုကြပါတယ်။ခရစ်စမတ် အထိမ်းအမှတ်တစ်ခု အပါအဝင်ဖြစ်တဲ့ ခရစ်စမတ်သစ်ပင်တွေဟာ ရောမအင်ပါယာလက်ထက် Saturanalia လူမျိုးတွေရဲ့ ရိုးရာနတ်ပွဲ မှာ  အသုံးပြုခဲ့တဲ့ အမြဲစိမ်းသစ်ပင်ကနေ စတင်တယ်လို့ ဆိုကြပြီး တချို့ကတော့ ဥရောပမြောက်ပိုင်းမှာ ရှိတဲ့ သစ်ပင်ကိုးကွယ်တဲ့ Druid လူမျိုးတွေကနေ အစပြုတယ်လို့ လည်းဆိုပါတယ်။အချို့ကလည်း လတ်ဗီးယားမှာရှိတဲ့ Riga ဒေသကနေ စတင်ပေါ်ပေါက် တယ်လို့ ဆိုကြပါ တယ်။ ခရစ္စမတ်သစ်ပင်အဖြစ် ထင်းရှုးပင်ကို အသုံးပြုလေ့ရှိပြီး ပုံစံတူ ပြုလုပ်ထားတဲ့ အပင်တု တွေကိုလည်း အသုံးပြုလေ့ရှိကြပါတယ်။

ခရစ်စမတ်သစ်ပင်ဟာ တြိဂံပုံစံရှိရမှာဖြစ်ပြီး အောက်ကနေ အပေါ်ကို တဖြည်းဖြည်း ကျဉ်းမြောင်းသွားကာ ထိပ်ဆုံးမှာတော့ ကြယ်တစ်စင်း ပုံရှိရမှာဖြစ်ပါတယ်။ အဲဒီကြယ်ဟာ ဗက်လင်ကြယ်ကို ဖော်ဆောင်တာဖြစ်ပြီး ခရစ်တော်မွေးဖွားရာ ဗက်လင်မြို့ကို ညွှန်ပြတဲ့ နိမိတ်လက္ခဏာဖြစ်တဲ့အတွက် အရေးကြီးတဲ့အရာ တစ်ခုဖြစ် ပြီး ကြယ်မပါဝင်တဲ့ သစ်ပင်ဟာ ခရစ္စမတ်သစ်ပင် အစစ်အမှန် လို့ မခေါ်ဆိုနိုင်ဘူးလို့ဆိုပါတယ်။

၁၈၅ဝခုနှစ်က  အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ခရစ်စမတ်သစ်ပင်တွေ ကို ပထမဆုံးအကြိမ်အဖြစ် အမြောက်အများ စတင် ရောင်းချခဲ့ပြီး ယခုကာလမှာတော့ ခရစ်စမတ်သစ်ပင်တွေကို ခရစ်ယာန်ဘာသာဝင် တွေအပြင် တခြားဘာသာဝင်တွေကလည်း ဝယ်ယူ အလှဆင်ပြီး စားသောက်ဆိုင်တွေ၊ဈေးဝယ် စင်တာတွေ၊ အပန်းဖြေ နေရာတွေမှာ ခရစ်စမတ်ကာလကို ထင်ဟပ်စေဖို့ အလှဆင်ထား ရှိကြ ပါတယ်။

ခရစ္စမတ်ကာလနီးကပ်လာတဲ့အချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်မြင်သံကြားဇတ်လမ်းတွေမှာ ခရစ္စမတ်နဲ့ ပတ်သက်တဲ့ ရုပ်ရှင် ကားတွေကို ထုတ်လွှင့်ပြသကြပြီး အဲ့ဒီ ရုပ်ရှင်တွေမှာ ကလေးငယ်တွေကို လက်ဆောင် ပစ္စည်းတွေ လိုက်လံ ဝေငှပေးတဲ့ ဆန်တာကလောက်စ်ဟာ မပါမဖြစ် ဇာတ်ကောင်တစ်ခုပဲဖြစ်ပါတယ်။ခရစ္စမတ် အထိမ်းအမှတ်တစ်ခုဖြစ်တဲ့ ဆန်တာကလောက်စ် လို့ခေါ်ဆိုကြတဲ့ နီကောလား ကို (၃)ရာစု အတောအတွင်း အာရှမိုင်းနားရှိပါတာရာ မြို့မှာ မွေးဖွားခဲ့ပြီး တူရကီနိုင်ငံ ၊မိုးရာ သာသနာဆရာတော်အဖြစ် အမှုထမ်းဆောင် ရွက်ရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။

နီကောလား နဲ့ သိကျွမ်းခဲ့တဲ့ လူဆင်းရဲတစ်ဦးဟာ ဆင်းရဲလွန်းတဲ့ အတွက် သမီး ၃ ဦးကို လင်ယောင်္ကျား ရှာမပေးနိုင်ဘဲ ဆက်လက် မထောက်ပံ့ နိုင်တော့တဲ့ အတွက် သမီးတွေကို ပြည့်တန်ဆာလုပ်ခိုင်း ရန်ဆုံး ဖြတ်ခဲ့ပါတယ်။အဲ့ဒီအကြောင်းကို နီကောလား သိရှိပြီးတဲ့ နောက် ရွှေအိတ် တစ်အိတ် ကိုယူဆောင်ကာ အမှောင်ထုကို အကာ အကွယ်ယူပြီး လူဆင်းရဲ ရဲ့နေအိမ်အတွင်းသို့ ပစ်သွင်းပေးခဲ့ပါတယ်။ အဲ့ဒီရွှေအိတ်ကြောင့် သမီးကြီးဖြစ်သူ အတွက် မင်္ဂလာဆောင်စရိတ်ရရှိခဲ့ပြီး  အိမ်ထောင်ပြုပေးနိုင်ခဲ့ပါတယ်။ သမီးအလတ်နဲ့ သမီး အငယ် တို့ အတွက် လည်း ရွှေအိတ်တွေ ထပ်မံပစ်သွင်းလက်ဆောင်ပေးခဲ့ပြီး လူဆင်းရဲဖြစ်သူက နောက်ဆုံးတစ်ကြိမ်မှာ ချောင်းမြောင်း စောင့်ကြည့်ရာ နီကောလားမှန်သိရှိသွားပြီး သူတို့ရဲ့ ကျေးဇူးရှင်ကြီးအဖြစ် လွန်စွာကျေးဇူးတင်ရှိခဲ့ ပါတယ်။

သူတော်စင်ကြီး နီကောလား ပျံလွန်တော်မူခဲ့သော်လည်း သူရဲ့ ကြင်နာမှု၊ရက်ရောမှု စိတ်ထားမှာ ရှင်သန်မြဲရှင် သန်ကာ ကမ္ဘာတဝှမ်း ကျော်ကြား လာခဲ့ပြီး ၁၉ ရာစုအတွင်း ဒတ်ချ်လူမျိုးပရိုတက်စတန် များက ဆရာတော် အမည်ကို ဆန်တာကလောစ်အဖြစ် ခေါ်ဝေါ် သမုတ်ခဲ့ကြပြီး ပျော်ပျော်နေတတ်ကာ ခရစ္စမတ်လက် ဆောင်များယူဆောင်ဝေငှသူအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ဆန်တာ ကလောစ် ဟာ ခရစ္စမတ်အနှစ်သာရ ဖြစ်ကာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဆင်းရဲသားများအပေါ် ချစ်ခြင်း မေတ္တာ နဲ့ ရက်ရောမှုထားရှိခြင်း အဓိပ္ပါယ်ကို ဖော်ဆောင်တယ်လို့ဆိုပါတယ်။

ခရစ္စမတ်ရဲ့အဓိပ္ပာယ်က လူသားတွေကို ကယ်တင်ဖို့အတွက် မွေးဖွားလာတဲ့ ခရစ်တော်ယေရှုရဲ့ မွေးနေ့ကို အသိအမှတ်ပြု ချီးမွမ်းဖို့ အတွက် သာ ဖြစ်ပါတယ်။ ဒါကြောင့် ခရစ္စမတ်ဆိုတာ ချစ်ခြင်းမေတ္တာကိုမျှဝေဖို့ အတွက်သာဖြစ်ပါတယ်။ ဒီနေ့ ကမ္ဘာ့နိုင်ငံ အချို့မှာ စစ်ပွဲတွေ၊ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် လူအများအပြားသေကြေပျက်စီးပြီး ထိခိုက်ဒဏ်ရာရရှိမှု၊ အိုအိမ် စွန်ခွာထွက်ပြေးရမှု ၊ငတ်မွတ်ခေါင်းပါးမှု အစရှိတဲ့ ဆင်းရဲဒုက္ခတွေကို ခံစားနေ ကြရပါတယ်။

စစ်ပွဲတွေ၊အကြမ်းဖက်မှုတွေအများအပြားရှိနေတဲ့ ဒီနေ့ကမ္ဘာကြီးမှာ ခရစ္စမတ်ပွဲတော်ကို ပျော်ရွှင်စွာ အတူဆင်နွှဲ ပြီး ခရစ္စမတ် ရဲ့ အဓိပ္ပာယ်အမှန်ဖြစ်တဲ့ ချစ်ခြင်းမေတ္တာကို နားလည် လက်ခံထားပြီး တစ်ဦးပေါ်တစ်ဦး နားလည် မှု ၊မနာလိုမုန်းတီးမှုတွေ ဖယ်ရှားပြီး  ချစ်ခြင်းမေတ္တာတွေ ဖြန့်ဝေနိုင်မယ်ဆိုရင်တော့ လက်ရှိ နေ့စဉ်ရင်ဆိုင်နေ ရတဲ့ အခက်အခဲတွေ၊ မွန်းကျပ်မှုတွေ၊ စိုးရိမ်သောကတွေ အားလုံး မလွဲမသွေ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း စစ်ပွဲတွေကြောင့် သေကြေပျက်စီးမှုတွေ၊ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ ပျက်စီးဆုံးရှုံးမှု တွေနဲ့ အတူ စစ်ရှောင် ဒုက္ခ သည်တွေ၊ ဆင်းရဲနွမ်းပါးမှုတွေ ငတ်မွတ်မှုပြဿနာတွေဟာ တိုင်းပြည်နဲ့ ပြည်သူတွေ အပေါ်ဆိုးဝါးစွား ဒုက္ခပေးလျှက်ရှိပါတယ်။ မည်သည့်ဘာသာဝင်ဖြစ်စေ ခရစ္စမတ် ရဲ့ အနှစ်သာရ ဖြစ်တဲ့ တစ်ဦး ပေါ်တစ်ဦး မေတ္တာတရားထားရှိနိုင်ပါက အေးချမ်းတဲ့ တိုင်းပြည် အဖြစ် ဒုက္ခတွေကင်းဝေးလာကြမှာ အမှန်ပါပဲ။

မင်းထွန်း(အုတ်ကျင်း)

ကိုးကား၊ ကက်သလစ်အသင်းတော်
-ဓမ္မစာစုများ
- ဝီကီပီဒဲယား (မြန်မာ) 

(  Zawgyi  )

 ဒီဇင္ဘာလကိုေရာက္ရွိၿပီ ဆိုတာနဲ႔ ေဆာင္းရဲ႕ေအးခ်မ္းမႈနဲ႔ အတူ ရန္ကုန္ၿမိဳ႕ရဲ႕  ရပ္ကြက္အခ်ိဳ႕မွာ ခရစ္ယာန္ဘာသာဝင္လူငယ္မ်ားရဲ႕ သံၿပိဳင္ ဓမၼေတးသီဆိုမႈေတြက စတင္ပ်ံ႕လြင့္လာၿပီျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕ရဲ႕ ေဈးဆိုင္ေတြ ၊ စူပါမားကတ္ေတြမွာ ခရစၥမတ္ လက္ေဆာင္ ပစၥည္ေတြကို အေရာင္အေသြး စုံစုံလင္လင္နဲ႔ ေရာင္းခ်ေနၾကပါတယ္။ ေဈးဆိုင္ေတြ၊ စားေသာက္ဆိုင္ေတြ၊ လူေနအိမ္ေတြ၊ ပန္းၿခံေတြ၊ ခရစ္ယာန္ဘုရားေက်ာင္း ေတြမွာ ခရစၥမတ္ အထိမ္းအမွတ္ ပစၥည္းေတြ ေရာင္စုံ အလွမီးေတြ ထြန္းညႇိၿပီး ခရစၥမတ္ကာလကို ႀကိဳဆိုေနၾကၿပီလည္းျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာရွိတဲ့ ခရစ္ယာန္ ဘာသာဝင္လူငယ္မ်ားအေနနဲ႔လည္း ဓမၼေတးသီခ်င္းေတြကို လိုက္လံသီဆိုဖို႔ ကိုးကြယ္ရာ ခရစ္ယာန္ ဘုရားေက်ာင္းမ်ားသို႔ သြားေရာက္စု ေဝကာ ဖိတ္ၾကားထားတဲ့ေနအိမ္မ်ားသို႔ သြားေရာက္ ၿပီး ဓမၼေတးသီခ်င္းေတြ သီဆိုကာ အိမ္ရွင္ မ်ား က်န္းမာခ်မ္းသာေစေၾကာင္း ၊ အလုပ္အကိုင္ေတြ  ေကာင္းမြန္ ေစေၾကာင္း ဆုေတာင္း ေမတၱာေတြပို႔သၾကပါတယ္။

ရန္ကုန္ၿမိဳ႕မွာလည္း ခရစ္ယာန္ဘာသာဝင္လူငယ္မ်ားအေနနဲ႔ နီးစပ္ရာဘုရားေက်ာင္းမ်ားမွာ  သြားေရာက္စုေဝးၿပီး ဘုရားေက်ာင္းမွ စီစဥ္ေပးတဲ့ ေမာ္ေတာ္ယာဥ္ေတြ နဲ႔ အတူ ဖိတ္ၾကားထားရာ ေနအိမ္ မ်ားသို႔ သြားေရာက္ၾကၿပီး ဆုေတာင္းေမတၱာေတြ ပို႔သၾကပါတယ္။“ ကြၽန္မတို႔ သြားၿပီး ဓမၼသီခ်င္းေတြဆိုၾကတယ္။ဆုေတာင္းေမတၱာေတြပို႔ၾကတယ္။ အဲ့ဒီအိမ္မွာ ရွိတဲ့သူေတြ က်န္းမာ ခ်မ္းသာေစဖို႔၊ စီးပြားေရးတိုးတက္ေစဖို႔၊ႏိုင္ငံျခားမွာ သြားေရာက္အလုပ္လုပ္ေနတဲ့ သူေတြလည္း အလုပ္အကိုင္ အဆင္ေျပေစဖို႔ ဆုေတာင္းေပးတာပါ။ ေငြေၾကး အလႉခံတာမရွိဘူး။ ဘယ္သူမွလည္း အလႉ ေငြထည့္တာ မရွိဘူး။ ဖိတ္ၾကားတဲ့ အိမ္က လာေရာက္ဆုေတာင္းေပးတဲ့သူေတြကို အေအးေတြ၊ မုန႔္ေတြ နဲ႔ ဧည့္ခံတာေတြေတာ့ရွိတယ္ ” လို႔ ဓမၼေတးလိုက္လံ သီဆိုေလ့ရွိသူ မနန္းေဝလြင္က ဆိုပါတယ္။

ႏိုင္ငံေတာ္အႀကီးအကဲမ်ားေနအိမ္မ်ားသို႔လည္း သြားေရာက္ ဆုေတာင္းေမတၱာေတြ ပို႔သေပးၾကသလို ႏိုင္ငံေတာ္အႀကီးအကဲ မ်ား ကလည္း ခရစ္ေတာ္ေမြးေန႔ ဝတ္ျပဳဆုေတာင္းျခင္း ၊ေက်းဇူးေတာ္ ခ်ီးမြမ္းျခင္း အထိမ္းအမွတ္ မိတ္ဆုံစားပြဲမ်ားကို တက္ေရာက္ၾက ပါတယ္။

ျမန္မာႏိုင္ငံဟာ ကိုးကြယ္မႈေပါင္းစုံရွိတဲ့ ႏိုင္ငံျဖစ္ၿပီး ႏိုင္ငံေတာ္ဘာသာအျဖစ္ တရားဝင္ျပဌာန္းထားတဲ့ ဘာသာမရွိေပမယ့္ ဗုဒၶဘာသာ ကိုးကြယ္သူ အမ်ားဆုံးရွိတဲ့ ႏိုင္ငံတစ္ခုျဖစ္ပါတယ္။၂၀၁၄ ခုႏွစ္ သန္းေခါင္းစာရင္းအရ ခရစ္ယာန္ဘာသာ ကိုကြယ္ယုံၾကည္သူ ၆ ဒႆမ ၃ ရာခိုင္ ႏႈန္းရွိၿပီး ခရစၥမတ္ေန႔ကို ႏိုင္ငံေတာ္ ႐ုံးပိတ္ရက္အျဖစ္သတ္မွတ္ခြင့္ျပဳေပးထားပါတယ္။ခရစ္ယာန္ ဘာသာဝင္ ေတြ ယုံၾကည္မႈအရ ဘုရားသခင္ဟာ လူသားေတြက်ဴးလြန္ထားတဲ့ ျပစ္မႈေတြ  ပယ္ဖ်က္ႏိုင္ ေရးအတြက္ ေပးဆပ္ႏိုင္ဖို႔ သူ႔ရဲ႕တစ္ပါးတည္း ေသာသားေတာ္ကို လူ႔ေလာကႀကီးထဲ ေစလႊတ္ၿပီး အသက္ေပးေစခဲ့ တဲ့အတြက္ လူသားေတြဟာ သူတို႔ က်ဴးလြန္ခဲ့တဲ့အျပစ္ေတြ ကင္းလြတ္ခြင့္ရခဲ့တယ္လို႔ ယုံၾကည္ၾကပါတယ္။

ဒီဇင္ဘာလ ၂၅ ရက္ေန႔ကို ခရစ္ေတာ္ ေမြးဖြားၿပီး လူ႔ေလာကထဲကို ေရာက္ရွိလာတဲ့ အတြက္ ဝမ္းေျမာက္ဝမ္း သာႀကိဳဆိုရမယ့္ အခ်ိန္ျဖစ္ ၿပီး ခ်စ္ျခင္းေမတၱာေတြ မွ်ေဝဖို႔ နဲ႔ ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ရမယ့္အခ်ိန္လို႔ ခရစ္ယာန္ဘာသာဝင္ေတြက ယုံၾကည္ၾကပါ တယ္။ “ ခရစၥမတ္ရဲ႕ အဓိပၸာယ္က လူတခ်ိဳ႕အေျပာအရဆိုရင္ေတာ့ ခရစ္ယန္ဘာသာဝင္ေတြရဲ႕ ပြဲေတာ္လို႔ေျပာတယ္။ တကယ္ေတာ့ မဟုတ္ပါဘူး။ ခရစၥမတ္ဆိုတာက သူ႔ရဲ႕ အဓိပၸာယ္အစစ္အမွန္က ဒီကမာၻသူ၊ ကမာၻသားေတြ အားလုံး စိတ္လက္ခ်မ္းသာ ၿငိမ္းၿငိမ္း ခ်မ္းခ်မ္း ျဖစ္ဖို႔အတြက္ကို ဘုရားရဲ႕ သားေတာ္က ခ်စ္ျခင္းေမတၱာကို ယူေဆာင္လာတဲ့ အခါသမယျဖစ္တယ္။ အဲ့ဒီေတာ့ ကြၽန္ေတာ္တို႔ မွာ ဝမ္းနည္းျခင္းေတြ၊ ပူပန္ျခင္းေတြ၊ စိုးရိမ္ စရာအားလုံး ၿငိမ္းတယ္။ ခရစၥမတ္ရဲ႕ အဓိပၸာယ္က အဲ့ဒါျဖစ္တယ္။ အဲ့ဒီ သားေတာ္ေလး ႂကြေရာက္လာၿပီဆိုရင္ လူေတြမွာ ရွိေနတဲ့ ေရာဂါေဝဒနာေတြလည္း ၿငိမ္းသြားမယ္။ လူေတြမွာ ရွိေနတဲ့ စိတ္မခ်မ္းသာမႈ၊ စိတ္ဆင္းရဲမႈ ေတြအကုန္လုံး ၿငိမ္းခ်မ္းသြားမယ္ဆိုတဲ့အသိကို ယူေဆာင္လာတာျဖစ္ပါတယ္”လို႔ အဆိုေတာ္ ေစာဖိုးခြားက ဆိုပါတယ္။

ဒီဇင္ဘာလ ၂၅ ရက္ေန႔ကို ခရစ္ေတာ္ မေပၚမီက အဒိုနစ္၊ ဒီယြန္နီဆပ္ စတဲ့ နတ္ဘုရားေတြရဲ႕ ေမြးေန႔မ်ား အျဖစ္က်င္းပခဲ့ၾကပါတယ္။ ခရစၥမတ္ ေန႔အျဖစ္သတ္မွတ္ဖို႔ ခရစ္ေတာ္ကြယ္လြန္ၿပီး အႏွစ္ ၃၀၀ အတြင္း ခရစ္ယာန္တို႔ အခ်င္းခ်င္း သေဘာထား ကြဲလြဲမႈမ်ား ရွိခဲ့ပါ တယ္။ ေရွးယခင္က ခရစၥမတ္ပြဲေတာ္ကို  ေမ လ ၂၉ ရက္ေန႔မွာ က်င္းပခဲ့ၾကၿပီး  ေနာက္ပိုင္းမွာ ဧၿပီရက္ေန႔မွာ က်င္းပခဲ့ၾကပါတယ္။ ထိုမွတဖန္ ဇန္နဝါရီလ ၆ ရက္ေန႔မွာ က်င္းပခဲ့ၿပီး ေအဒီ ၃၀၀ ျပည့္ႏွစ္ မွသာ ဒီဇင္ဘာလ ၂၅ ရက္ေန႔ကိုခရစၥမတ္ ပြဲေတာ္ေန႔အျဖစ္ အတည္တက် သတ္မွတ္ႏိုင္ခဲ့ၾကၿပီး လက္ရွိအခ်ိန္အထိ က်င္းပျပဳလုပ္ၾကတာျဖစ္ပါတယ္။

ခရစၥမတ္ပြဲေတာ္ကို  ကမာၻ႔ႏိုင္ငံ အသီးသီးမွာ က်င္းပၾကၿပီး ပြဲေတာ္အထိမ္းအမွတ္ျဖစ္တဲ့ ခရစၥမတ္ သစ္ပင္ ေတြ၊ဆန္တာကေလာ့ဒ္ အ႐ုပ္ေတြ ၊ ေရာင္စုံ မီးသီးေတြနဲ႔ ေနအိမ္ေတြ၊ဆိုင္ခန္းေတြကို အလွဆင္ၾကၿပီး ခရစၥမတ္ကာလကို ႀကိဳဆိုၾကပါတယ္။ခရစ္စမတ္ အထိမ္းအမွတ္တစ္ခု အပါအဝင္ျဖစ္တဲ့ ခရစ္စမတ္သစ္ပင္ေတြဟာ ေရာမအင္ပါယာလက္ထက္ Saturanalia လူမ်ိဳးေတြရဲ႕ ႐ိုးရာနတ္ပြဲ မွာ  အသုံးျပဳခဲ့တဲ့ အၿမဲစိမ္းသစ္ပင္ကေန စတင္တယ္လို႔ ဆိုၾကၿပီး တခ်ိဳ႕ကေတာ့ ဥေရာပေျမာက္ပိုင္းမွာ ရွိတဲ့ သစ္ပင္ကိုးကြယ္တဲ့ Druid လူမ်ိဳးေတြကေန အစျပဳတယ္လို႔ လည္းဆိုပါတယ္။အခ်ိဳ႕ကလည္း လတ္ဗီးယားမွာရွိတဲ့ Riga ေဒသကေန စတင္ေပၚေပါက္ တယ္လို႔ ဆိုၾကပါ တယ္။ ခရစၥမတ္သစ္ပင္အျဖစ္ ထင္းရႈးပင္ကို အသုံးျပဳေလ့ရွိၿပီး ပုံစံတူ ျပဳလုပ္ထားတဲ့ အပင္တု ေတြကိုလည္း အသုံးျပဳေလ့ရွိၾကပါတယ္။

ခရစ္စမတ္သစ္ပင္ဟာ ႀတိဂံပုံစံရွိရမွာျဖစ္ၿပီး ေအာက္ကေန အေပၚကို တျဖည္းျဖည္း က်ဥ္းေျမာင္းသြားကာ ထိပ္ဆုံးမွာေတာ့ ၾကယ္တစ္စင္း ပုံရွိရမွာျဖစ္ပါတယ္။ အဲဒီၾကယ္ဟာ ဗက္လင္ၾကယ္ကို ေဖာ္ေဆာင္တာျဖစ္ၿပီး ခရစ္ေတာ္ေမြးဖြားရာ ဗက္လင္ၿမိဳ႕ကို ၫႊန္ျပတဲ့ နိမိတ္လကၡဏာျဖစ္တဲ့အတြက္ အေရးႀကီးတဲ့အရာ တစ္ခုျဖစ္ ၿပီး ၾကယ္မပါဝင္တဲ့ သစ္ပင္ဟာ ခရစၥမတ္သစ္ပင္ အစစ္အမွန္ လို႔ မေခၚဆိုႏိုင္ဘူးလို႔ဆိုပါတယ္။

၁၈၅ဝခုႏွစ္က  အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕မွာ ခရစ္စမတ္သစ္ပင္ေတြ ကို ပထမဆုံးအႀကိမ္အျဖစ္ အေျမာက္အမ်ား စတင္ ေရာင္းခ်ခဲ့ၿပီး ယခုကာလမွာေတာ့ ခရစ္စမတ္သစ္ပင္ေတြကို ခရစ္ယာန္ဘာသာဝင္ ေတြအျပင္ တျခားဘာသာဝင္ေတြကလည္း ဝယ္ယူ အလွဆင္ၿပီး စားေသာက္ဆိုင္ေတြ၊ေဈးဝယ္ စင္တာေတြ၊ အပန္းေျဖ ေနရာေတြမွာ ခရစ္စမတ္ကာလကို ထင္ဟပ္ေစဖို႔ အလွဆင္ထား ရွိၾက ပါတယ္။

ခရစၥမတ္ကာလနီးကပ္လာတဲ့အခ်ိန္မွာ ျမန္မာႏိုင္ငံမွာရွိတဲ့ ႐ုပ္ျမင္သံၾကားဇတ္လမ္းေတြမွာ ခရစၥမတ္နဲ႔ ပတ္သက္တဲ့ ႐ုပ္ရွင္ ကားေတြကို ထုတ္လႊင့္ျပသၾကၿပီး အဲ့ဒီ ႐ုပ္ရွင္ေတြမွာ ကေလးငယ္ေတြကို လက္ေဆာင္ ပစၥည္းေတြ လိုက္လံ ေဝငွေပးတဲ့ ဆန္တာကေလာက္စ္ဟာ မပါမျဖစ္ ဇာတ္ေကာင္တစ္ခုပဲျဖစ္ပါတယ္။ခရစၥမတ္ အထိမ္းအမွတ္တစ္ခုျဖစ္တဲ့ ဆန္တာကေလာက္စ္ လို႔ေခၚဆိုၾကတဲ့ နီေကာလား ကို (၃)ရာစု အေတာအတြင္း အာရွမိုင္းနားရွိပါတာရာ ၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး တူရကီႏိုင္ငံ ၊မိုးရာ သာသနာဆရာေတာ္အျဖစ္ အမႈထမ္းေဆာင္ ႐ြက္ရန္ တာဝန္ေပးအပ္ျခင္းခံခဲ့ရပါတယ္။

နီေကာလား နဲ႔ သိကြၽမ္းခဲ့တဲ့ လူဆင္းရဲတစ္ဦးဟာ ဆင္းရဲလြန္းတဲ့ အတြက္ သမီး ၃ ဦးကို လင္ေယာက်ၤား ရွာမေပးႏိုင္ဘဲ ဆက္လက္ မေထာက္ပံ့ ႏိုင္ေတာ့တဲ့ အတြက္ သမီးေတြကို ျပည့္တန္ဆာလုပ္ခိုင္း ရန္ဆုံး ျဖတ္ခဲ့ပါတယ္။အဲ့ဒီအေၾကာင္းကို နီေကာလား သိရွိၿပီးတဲ့ ေနာက္ ေ႐ႊအိတ္ တစ္အိတ္ ကိုယူေဆာင္ကာ အေမွာင္ထုကို အကာ အကြယ္ယူၿပီး လူဆင္းရဲ ရဲ႕ေနအိမ္အတြင္းသို႔ ပစ္သြင္းေပးခဲ့ပါတယ္။ အဲ့ဒီေ႐ႊအိတ္ေၾကာင့္ သမီးႀကီးျဖစ္သူ အတြက္ မဂၤလာေဆာင္စရိတ္ရရွိခဲ့ၿပီး  အိမ္ေထာင္ျပဳေပးႏိုင္ခဲ့ပါတယ္။ သမီးအလတ္နဲ႔ သမီး အငယ္ တို႔ အတြက္ လည္း ေ႐ႊအိတ္ေတြ ထပ္မံပစ္သြင္းလက္ေဆာင္ေပးခဲ့ၿပီး လူဆင္းရဲျဖစ္သူက ေနာက္ဆုံးတစ္ႀကိမ္မွာ ေခ်ာင္းေျမာင္း ေစာင့္ၾကည့္ရာ နီေကာလားမွန္သိရွိသြားၿပီး သူတို႔ရဲ႕ ေက်းဇူးရွင္ႀကီးအျဖစ္ လြန္စြာေက်းဇူးတင္ရွိခဲ့ ပါတယ္။

သူေတာ္စင္ႀကီး နီေကာလား ပ်ံလြန္ေတာ္မူခဲ့ေသာ္လည္း သူရဲ႕ ၾကင္နာမႈ၊ရက္ေရာမႈ စိတ္ထားမွာ ရွင္သန္ၿမဲရွင္ သန္ကာ ကမာၻတဝွမ္း ေက်ာ္ၾကား လာခဲ့ၿပီး ၁၉ ရာစုအတြင္း ဒတ္ခ်္လူမ်ိဳးပ႐ိုတက္စတန္ မ်ားက ဆရာေတာ္ အမည္ကို ဆန္တာကေလာစ္အျဖစ္ ေခၚေဝၚ သမုတ္ခဲ့ၾကၿပီး ေပ်ာ္ေပ်ာ္ေနတတ္ကာ ခရစၥမတ္လက္ ေဆာင္မ်ားယူေဆာင္ေဝငွသူအျဖစ္သတ္မွတ္ခဲ့ၾကပါတယ္။ဆန္တာ ကေလာစ္ ဟာ ခရစၥမတ္အႏွစ္သာရ ျဖစ္ကာ တစ္ကမာၻလုံးမွာရွိတဲ့ ဆင္းရဲသားမ်ားအေပၚ ခ်စ္ျခင္း ေမတၱာ နဲ႔ ရက္ေရာမႈထားရွိျခင္း အဓိပၸါယ္ကို ေဖာ္ေဆာင္တယ္လို႔ဆိုပါတယ္။

ခရစၥမတ္ရဲ႕အဓိပၸာယ္က လူသားေတြကို ကယ္တင္ဖို႔အတြက္ ေမြးဖြားလာတဲ့ ခရစ္ေတာ္ေယရႈရဲ႕ ေမြးေန႔ကို အသိအမွတ္ျပဳ ခ်ီးမြမ္းဖို႔ အတြက္ သာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ခရစၥမတ္ဆိုတာ ခ်စ္ျခင္းေမတၱာကိုမွ်ေဝဖို႔ အတြက္သာျဖစ္ပါတယ္။ ဒီေန႔ ကမာၻ႔ႏိုင္ငံ အခ်ိဳ႕မွာ စစ္ပြဲေတြ၊ အၾကမ္းဖက္မႈျဖစ္စဥ္ေတြေၾကာင့္ လူအမ်ားအျပားေသေၾကပ်က္စီးၿပီး ထိခိုက္ဒဏ္ရာရရွိမႈ၊ အိုအိမ္ စြန္ခြာထြက္ေျပးရမႈ ၊ငတ္မြတ္ေခါင္းပါးမႈ အစရွိတဲ့ ဆင္းရဲဒုကၡေတြကို ခံစားေန ၾကရပါတယ္။

စစ္ပြဲေတြ၊အၾကမ္းဖက္မႈေတြအမ်ားအျပားရွိေနတဲ့ ဒီေန႔ကမာၻႀကီးမွာ ခရစၥမတ္ပြဲေတာ္ကို ေပ်ာ္႐ႊင္စြာ အတူဆင္ႏႊဲ ၿပီး ခရစၥမတ္ ရဲ႕ အဓိပၸာယ္အမွန္ျဖစ္တဲ့ ခ်စ္ျခင္းေမတၱာကို နားလည္ လက္ခံထားၿပီး တစ္ဦးေပၚတစ္ဦး နားလည္ မႈ ၊မနာလိုမုန္းတီးမႈေတြ ဖယ္ရွားၿပီး  ခ်စ္ျခင္းေမတၱာေတြ ျဖန႔္ေဝႏိုင္မယ္ဆိုရင္ေတာ့ လက္ရွိ ေန႔စဥ္ရင္ဆိုင္ေန ရတဲ့ အခက္အခဲေတြ၊ မြန္းက်ပ္မႈေတြ၊ စိုးရိမ္ေသာကေတြ အားလုံး မလြဲမေသြ ေပ်ာက္ကြယ္သြားမွာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာလည္း စစ္ပြဲေတြေၾကာင့္ ေသေၾကပ်က္စီးမႈေတြ၊ ထိခိုက္ဒဏ္ရာရရွိမႈေတြ၊ ပ်က္စီးဆုံးရႈံးမႈ ေတြနဲ႔ အတူ စစ္ေရွာင္ ဒုကၡ သည္ေတြ၊ ဆင္းရဲႏြမ္းပါးမႈေတြ ငတ္မြတ္မႈျပႆနာေတြဟာ တိုင္းျပည္နဲ႔ ျပည္သူေတြ အေပၚဆိုးဝါးစြား ဒုကၡေပးလွ်က္ရွိပါတယ္။ မည္သည့္ဘာသာဝင္ျဖစ္ေစ ခရစၥမတ္ ရဲ႕ အႏွစ္သာရ ျဖစ္တဲ့ တစ္ဦး ေပၚတစ္ဦး ေမတၱာတရားထားရွိႏိုင္ပါက ေအးခ်မ္းတဲ့ တိုင္းျပည္ အျဖစ္ ဒုကၡေတြကင္းေဝးလာၾကမွာ အမွန္ပါပဲ။

မင္းထြန္း(အုတ္က်င္း)

ကိုးကား၊ ကက္သလစ္အသင္းေတာ္
-ဓမၼစာစုမ်ား
- ဝီကီပီဒဲယား (ျမန္မာ)