【 သတင်းဆောင်းပါး 】 ခေါင်းမော့လာတော့မလား အိမ်ခြံမြေ

【 သတင်းဆောင်းပါး 】 ခေါင်းမော့လာတော့မလား အိမ်ခြံမြေ

ပြည်တွင်း အိမ်ခြံမြေဈေးကွက်ဟာ နှစ်ကုန်ပိုင်းကစလို့ ပြန်လည်လှုပ်ရှားလာခဲ့ပါတယ်၊ အခုလို ပြန်လည်လှုပ်ရှားလာတဲ့ အခြေအနေဟာ ဈေးကွက်ကောင်းချိန်ဖြစ်တဲ့ ၂၀၁၄-၁၅ လောက်က အခြေအနေကိုတော့ မမီဘူးလို့ ဆိုကြပါတယ်။အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာဖို့ မူဝါဒတွေ၊ ဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင်ပြီး လုပ်ဆောင်တာတွေရှိသလို ပရိုမိုးရှင်းတွေအမျိုးမျိုးနဲ့ စီစဉ်လာကြပါတယ်။ရန်ကုန်မြို့မှာ အခြေချနေထိုင်သူ များပြားလာသလို နေထိုင်ဖို့ လိုအပ်ချက်တွေလည်း ရှိလာနိုင်တဲ့အတွက် အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေအနေနဲ့ ဈေးကွက်မျှော်ကာ မြှုပ်နှံလုပ်ကိုင်ခဲ့ကြပါတယ်။

ပျောက်ကွယ်ခဲ့သော ကြိုပွိုင့်စနစ်

အိမ်ခြံမြေဈေးကွက်မှာ တစ်ချိန်က ခေတ်စားခဲ့တဲ့ ကြိုပွိုင့်စနစ်ဟာ ရောင်းသူနဲ့ဝယ်သူကြား ကတိတွေပျက်ပြီး ယုံကြည်မှုအားနည်းကာ ပျောက်ကွယ်ခဲ့ရာမှ အခုနောက်ပိုင်းမှာ ပြန်လည်ယုံကြည်မှုရစေဖို့ ကြိုပွိုင့်စနစ်ကို ပြန်လည်အသက်သွင်း လုပ်ဆောင်တာတွေလည်း ရှိလာပါတယ်။

“ကြိုပွိုင့်စနစ်က အိမ်ခြံမြေကောင်းတဲ့ အချိန်ကဆိုရင် အရမ်းကိုခေတ်စားခဲ့တယ်၊ လူတွေက ကြိုပွိုင့်စနစ်နဲ့ ဝယ်ကြတယ်၊ နောက်ပိုင်းမှာ ဆောက်လုပ်ရေးလောကထဲမှာ လိမ်လည်မှုတွေ ရှိလာခဲ့တာကို တွေ့ရတယ်၊ တစ်ချို့က ကြိုပွိုင့်နဲ့ ရောင်းချထားပြီးတော့ ပြီးအောင်မဆောက်တဲ့ အနေအထားမျိုးတွေ ဖြစ်ခဲ့တယ်၊ အများပြည်သူက ကြိုပွိုင့်အပေါ်မှာ ယုံကြည်မှုတွေ ပျက်ပြားသွားတယ်၊ နောက်ပိုင်းမှာ ဈေးကွက်ထဲမှာ ကျန်ခဲ့တာက အမှန်တကယ်လုပ်နိုင်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေသာ ကျန်ခဲ့တယ် background တောင့်တဲ့ လုပ်ငန်းရှင်တွေသာ ကျန်ခဲ့တဲ့အတွက် အခုချိန်မှာ ကြိုပွိုင့်စနစ်ကို လုပ်ကိုင်နေကြတဲ့သူ အများစုက အမှန်တကယ် ဈေးကွက်ထဲမှာ လုပ်နိုင်တဲ့ အနေအထားရှိလို့သာ လုပ်နိုင်တာ ဖြစ်ပါတယ်” လို့ iMyanmarHouse.com ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူ က ပြောပါတယ်။

အဲ့ဒီကြိုပွိုင့်စနစ်ဟာ ဝယ်သူနဲ့ဆောက်လုပ်တဲ့ လုပ်ငန်းရှင်ဘက် နှစ်ဦးနှစ်ဘက် အကျိုးရှိပေမယ့် ယုံကြည်မှုပျက်ပြားရာကနေ ပျောက်ကွယ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ပြည်တွင်းက ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် လက်ရှိကာလမှာ ဆောက်လုပ်ပြီးသော တိုက်ခန်းများ၊ ကွန်ဒိုများ ရောင်းချရန်အတွက် ဈေးကွက်အေးနေတာကြောင့် ဝယ်သူစိတ်တိုင်းကျ အဆင်ပြေဝယ်ယူနိုင်ဖို့ လက်ငင်းပေးချေ ဝယ်ယူမှုအပြင် အရစ်ကျပေးချေမှုစနစ်အတွက် ဘဏ်တွေနဲ့ ချိတ်ဆက်ကာ ဘဏ်ချေးငွေဖြင့် ဝယ်ယူနိုင်တဲ့ စနစ်တွေကို လုပ်ဆောင်လာကြပါတယ်။

အခုအချိန်အထိလည်း ကြိုပွိုင့်စနစ်နဲ့ အရောင်းအဝယ်လုပ်ရင်း ကတိစာချုပ်ပါ အချက်အလက်တွေကို ဖောက်ဖျက်တာကြောင့် ရောင်းသူနဲ့ ဝယ်သူကြား တရားစွဲဆိုတဲ့ အမှုတွေ အခုအချိန်အထိ မပြီးပြတ်သေးတာတွေလည်း ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးခင်မောင်စိုး က ပြောပြပါတယ်။ဝယ်ယူသူတွေရဲ့ အရစ်ကျစနစ်နဲ့ ပေးဝယ်ထားတဲ့ ငွေတွေအပေါ် မူတည်ကာ ဆောက်လုပ်ရေးလုပ်ငန်း ပစ္စည်းတွေကို ဝယ်ယူအားဖြည့်ရင်း ဆောက်လုပ်ကြတာတွေရှိပြီး တစ်ချို့သော ကန်ထရိုက်တွေဟာ ကုန်ကြမ်းပစ္စည်းတွေကို မျှော်မှန်းထားတဲ့ အခြေအနေထက် ပိုမိုသုံးစွဲရတာတွေ၊ ဝယ်ယူရာမှာလည်း မျှော်မှန်းထားတဲ့ဈေးထက် ပိုမိုမြင့်တက်နေတာတွေကြောင့် တွက်ချေမကိုက်ဖြစ်လာတဲ့ အခြေအနေတွေလည်း ဖြစ်လာတာတွေရှိသလို ဆက်မဆောက်ဘဲ ရှောင်တိမ်းတာတွေ၊ တစ်ချို့မှာ တစ်ခန်းတည်းကို သုံး၊ လေးဦးလောက်ထံကို ကြိုပွိုင့်စနစ်နဲ့ ရောင်းချထားတာမျိုးတွေနဲ့ မရိုးမသားလုပ်လာကြတာတွေလည်း ရှိခဲ့ပါတယ်။ဒါကြောင့်လည်း အများပြည်သူတွေရဲ့ကြားမှာ ကြိုပွိုင့်စနစ်ဟာ အခုအချိန်အထိ ယုံကြည်မှုအားနည်းနေဆဲ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။

ဈေးကောင်းမျှော်ရင်း သောင်တင်လို့နေ

ရန်ကုန်မြို့မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ တိုက်ခန်းတွေမှာ ဈေးကောင်းမျှော်ရင်း ဒီအတိုင်းထားထားရတဲ့ အခြေအနေတွေလည်း ရှိကြပါတယ်။တိုက်တာ အဆောက်အအုံတွေဟာ မွေးမြူရေးလုပ်ငန်းတွေလို အစာမကျွေး ရေမတိုက်ရဘူး ဆိုပေမယ့် အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ အင်္ဂတေရဲ့ ကြံ့ခိုင်မှုစွမ်းအားက တဖြေးဖြေးလျော့ပါးသွားလေ့ ရှိပါတယ်။

“လူမနေဘဲ ပစ်ထားရင် နှစ် ၂၀ ကျော်လောက်ဆို တဖြေးဖြေးနဲ့ အင်္ဂတေရဲ့ ကြံ့ခိုင်မှုက လျော့ကျလာတယ်၊ လူနေနေတာတောင်မှ အသုံးပြုတဲ့ အင်္ဂတေက Quality မကောင်းတာမျိုးဆိုရင် ၁၀ နှစ်လောက်မှာ သိပ်သည်းမှု အနေအထား လျော့လာပြီး တစ်ဖက်အခန်းက အသံကို ကြားလာရတာမျိုး ဖြစ်လာပါတယ်၊ လူတွေနေထိုင်တဲ့အခါ ခန္ဓာကိုယ်အပူရှိန်ကနေ ထွက်တဲ့ စွမ်းအင်တစ်မျိုးက အင်္ဂတေတွေကို သိပ်သည်းကျစ်လစ်စေတဲ့ သဘောမျိုး သက်ရောက်စေပါတယ်၊ ဒါကြောင့်လည်း လူမနေဘဲ ပစ်ထားတာနဲ့ လူနေတဲ့ အဆောက်အအုံနဲ့ Quality ပိုင်းအရ တူတဲ့ အဆောက်အအုံချင်း ယှဉ်ကြည့်ရင် လူနေထိုင်တဲ့ အဆောက်အအုံက သက်တမ်းပိုပြီးတော့ ခံနိုင်တာမျိုးရှိတယ်၊ နေထိုင်တဲ့သူကလည်း စည်းကမ်းရှိဖို့တော့ လိုတာပေါ့၊ ကြွက်ဖောက် ဘာဖောက်ဆိုရင်တော့ ကြံ့ခိုင်မှု လျော့လာစေတာပေါ့” လို့လည်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဝင် မြို့ပြအင်ဂျင်နီယာ တစ်ဦးဖြစ်သူ ဦးတင်ထွဋ် က ရှင်းပြပါတယ်။

အရစ်ကျစနစ်ဖြင့် ၃၀ ရာခိုင်နှုန်းသွင်းကာ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းတွေကို တည်ဆောက်ရောင်းချပေမယ့် ကနဦး ၃၀ ရာခိုင်နှုန်းသွင်းပြီး ငွေထပ်မသွင်းနိုင်ဘဲ ပြင်ပမှာ လက်လွှဲရောင်းတာမျိုးတွေ ရှိသလို ဝယ်ယူခွင့်အတွက် လျှောက်လွှာတင်ပြီးပေမယ့် ဝယ်ယူခွင့် တကယ်ရရှိတဲ့အခါ ငွေမသွင်းနိုင်တာကြောင့် လာမဝယ်သူတွေလည်း ရှိပါတယ်။လက်ရှိကာလအထိ ဝယ်ယူခွင့်ရပြီး ငွေသွင်းတာမျိုးမလုပ်ဘဲ နေသူတွေဟာ ပျမ်းမျှ ၁၀၀ ကျော် ရှိနေတယ်လို့ Black List စာရင်းသွင်းဖို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ကြေညာခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

“တစ်ချို့က အရစ်ကျ ငွေသွင်းဝယ်ထားပြီး ဈေးကောင်းတာနဲ့ ပြန်ရောင်းမယ်လို့ စိတ်ကူးကြတာပါ၊ ဒါပေမဲ့ အခုခေတ်မှာက ပြန်ရောင်းထွက်ဖို့ဆိုတာ အဆင်မပြေတော့ဘူး၊ အဝယ်က သိပ်မရှိဘူး၊ ကျွန်တော့်လက်ထဲမှာတောင်မှ ရောင်းဖို့ပြထားတဲ့ အခန်းတွေ အများကြီးရှိတယ်၊ ဝယ်လက်ပါးနေတုန်းပဲ” လို့ ဇမ္ဗူထွန်း အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ကိုထွန်းလင်း က ပြောပါတယ်။

အရင်ကဆိုရင် တစ်လထဲကို လေး၊ ငါးခန်းလောက် ရောင်းရတဲ့ အခြေအနေမျိုးဖြစ်ပေမယ့် အခုနောက်ပိုင်း နှစ်လ၊ သုံးလလောက် နေတာတောင် တစ်ခန်းရောင်းချရဖို့ဟာ မလွယ်ကူတဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ ဒီနှစ်အစပိုင်း ကာလထဲမှာတော့ မြေကွက်တွေ ပြန်ပြီး အရောင်းအဝယ်ဖြစ်တာမျိုးရှိပြီး မြို့သစ်မြို့နယ်တွေက မြေကွက်တွေမှာ အရောင်းအဝယ်ဖြစ်ခဲ့တာလို့ သူက ဆိုပါတယ်။

“အထူးသဖြင့်တော့ လန ၃၉ ပေါက်ထားတဲ့ မြေတွေ၊ မြောက်ဒဂုံ၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ရွှေပေါက္ကံဘက်က မြေတွေတော့ အရောင်းအဝယ် အနည်းအကျဉ်း ရှိလာတယ်၊ ဈေးကွက်အနေအထားက မြေကွက်ဘက်ကို သွားနေသလိုမျိုး၊ ဒါပေမဲ့ များများစားစားကြီးတော့ ဝယ်တာမျိုး မဟုတ်ဘူး၊ တစ်ချို့က ငွေကို လက်ထဲမကိုင်ထားချင်တော့ ဘဏ်ထားဖို့ကလည်း ဘဏ်အတိုးက အခုထပ်လျှော့ထားတာဆိုတော့ မြေဝယ်ပြီး မြှုပ်နှံထားတာမျိုးကြောင့်လည်း ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်တာပဲ” လို့ ရှင်းပြပါတယ်။

အငှားဈေးကွက်က ထိုးဖောက်နေ

အစိုးရကနေ ဖော်ဆောင်နေတဲ့ တိုက်ခန်းတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတွေက မြို့သစ်ဧရိယာတွေမှာ ဖော်ဆောင်တည်ဆောက်နေတဲ့ အဆောက်အအုံတွေအဖို့ နေထိုင်လိုသူတွေအနေနဲ့ လတ်တလောမှာ စိတ်ဝင်စားမှု နည်းပါးလို့နေပါတယ်။

ရန်ကုန်မြို့မှာ လာရောက်အခြေချ နေထိုင်သူတွေမှာ အများစုဟာ မိမိတို့လုပ်ငန်းခွင်နဲ့ နီးစပ်တဲ့နေရာတွေ အနီးအနားတစ်ဝိုက်မှာ နေထိုင်လေ့ရှိပြီး အများစုဟာ ငှားရမ်းနေထိုင်ကြတာကြောင့်လည်း အရောင်းအဝယ်ထက်စာရင် အခုနောက်ပိုင်း အငှားဈေးကွက်အနေနဲ့ တော်တော်လေး သွက်လာပါတယ်။

“ကိုယ်က တိုက်ခန်းတွေ ဝယ်ထားရင် အခုခေတ်မှာက အကောင်းဆုံးဟာ ငှားစားရင် အဆင်ပြေတယ်၊ ဒါပေမဲ့ ကိုယ်ဝယ်ထားတဲ့ တိုက်ခန်းက ဟိုးချောင်ကလောင် သွားလာရခက်တဲ့ နေရာဆိုရင်တော့ ဘယ်လိုမှ အဆင်မပြေဘူးပေါ့လေ၊ ဆင်ခြေဖုံးရပ်ကွက်တွေထဲမှာ ဆိုရင်တော့ အဆင်ပြေတယ်၊ အဆောင်ပဲ ဖွင့်စားစား၊ ငှားပဲစားစား အခုခေတ်က အဆင်ပြေတယ်၊ ကိုယ့်အနားမှာ ရှော့ပင်းမောလ်ကြီးတွေ လာဖွင့်တာမျိုး၊ ပုဂ္ဂလိကဆေးခန်းတွေနဲ့ နီးတဲ့နေရာမျိုးဆိုရင် အဆောင်ဖွင့်စားရင် ငှားရမ်းတာထက် ပိုပြီးတော့ တွက်ချေကိုက်တယ်” လို့ ကမာရွတ်မြို့နယ်မှာ ဘော်ဒါဆောင် ဖွင့်လှစ်ထားတဲ့ ဦးစိန်တိုး က ပြောပါတယ်။

တန်ဖိုးနည်း တိုက်ခန်းတွေဟာ တည်ဆောက်ထားတဲ့ နေရာက လတ်တလောမှာ မဖွံ့ဖြိုးသေးတဲ့ နေရာတွေဖြစ်သလို အနာဂတ်ကာလကို မျှော်ကာ တည်ဆောက်ထားတာကြောင့်လည်း ငွေပိုငွေလျှံ လက်ထဲရှိနေသူများတောင်မှ ငွေကြေးလည်ပတ် သုံးစွဲဖို့ သွားလာရလွယ်ကူတဲ့ နေရာတွေက အခန်းတွေသာ စိတ်ဝင်တစား မေးမြန်းတာမျိုးတွေ ရှိလာတာ ဖြစ်ပါတယ်။

“မြို့ထဲကိုလာမယ်ဆိုရင် ဟိုးအဝေးကြီး နေရာလောက်မှာ သိန်း ၂၀၀၊ ၃၀၀ တန်လောက် ဝယ်မလား၊ သွားလာရလွယ်တဲ့ နေရာပဲ ဝယ်မလား စဉ်းစားကြည့်လေဗျာ၊ ဟုတ်တယ်မလား၊ ညရေးညတာဆိုရင်လည်း အရေးရယ် အကြောင်းရယ်ဆိုရင် ဆေးရုံ၊ ဆေးခန်း သွားဖို့ရာ ကားထွက်ငှားဖို့လည်း အဆင်မပြေဘူး၊ ဒါတွေကိုစဉ်းစားရင် ဘယ်ဟာရွေးမလဲပေါ့” လို့လည်း သူက ဆက်ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်ထဲမှာ အငှားဈေးကွက်ဟာ တော်တော်လေး လွှမ်းမိုးခဲ့ပါတယ်။ဆင်ခြေဖုံးဒေသတွေမှာ အိမ်အခန်းတစ်ခန်းကို သွားလာရလွယ်တဲ့ နေရာ ဟုတ်၊ မဟုတ်နဲ့ အိမ် ကောင်း၊ မကောင်းပေါ် မူတည်ပြီးတော့ အနည်းဆုံး ကျပ် ၇၀၀၀၀ လောက်ကနေကျပ် ၁၈၀၀၀၀ လောက်အထိ ရှိနေပြီး တိုက်ခန်းတွေအနေနဲ့က အနည်းဆုံး ကျပ် ၁၅၀၀၀၀ ကနေ ကျပ် ၂၂၀၀၀၀ လောက်အထိ ရှိနေတယ်လို့ အကျိုးတော်ဆောင်တွေက ဆိုကြပါတယ်။

“ကျွန်မတို့လို ဆင်ခြေဖုံးရပ်ကွက်တွေမှာတောင်မှ ဒီလောက်အထိ ဈေးတွေမြင့်နေတယ်၊ အငှားမှာတောင် တော်တော်လေး မြင့်လာတယ်လေ၊ စပေါ်နဲ့ ဆိုတာကတော့ မရှိသလောက်ပဲ၊ အပြတ်ပဲငှားကြတယ်၊ အပြတ်တောင်မှ ၁၀ လ၊ တစ်နှစ် ငှားတယ်၊ ခြောက်လ ငှားတာတောင်မှ အခုရှားလာတယ်၊ အခုလည်း ငှားချင်တဲ့သူတွေက အခန်းလိုက်ရှာနေတာတွေ ရှိနေသေးတယ်” လို့ မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်တဲ့ အကျိုးတော်ဆောင်တစ်ဦးဖြစ်သူ ဒေါ်အေးအေးဝင်း က ရှင်းပြပါတယ်။

သဘာဝဘေးတွေက အကဲစမ်းလေသလား

အိမ်ခြံမြေဈေးကွက်ကောင်းဖို့ မျှော်မှန်းကာ ပရိုမိုးရှင်းတွေနဲ့ လုပ်ဆောင်နေတဲ့ကြားက တစ်ခါတစ်ခါမှာ ငလျင်ကဲ့သို့သော သဘာဝဘေးတွေက အကဲစမ်းသလို ဖြစ်စေပါတယ်။တိုက်တာ အဆောက်အအုံတွေ တည်ဆောက်တဲ့နေရာမှာ ငလျင်ဒဏ်ခံနိုင်ဖို့ သတ်မှတ်ချက်တွေ ထည့်သွင်းတယ် ဆိုပေမယ့် လတ်တလော မြင်နိုင်သော သတ်မှတ်ချက်တစ်ခုဖြစ်တဲ့ အရေးပေါ်လှေကားတွေရဲ့ အပြင်အဆင်ကို ကြည့်တဲ့အခါ အဖြစ်လောက်သာ ဆောက်ထားပုံက မျက်စိဖြင့် ကြည့်လို့မမြင်နိုင်တဲ့ သတ်မှတ်ချက်တွေမှာ ဘယ်လောက်အထိ လိုက်နာမှုရှိမလဲ ဆိုတဲ့အပေါ် သံသယဖြစ်စရာပါပဲ။

ရန်ကုန်မှာလည်း စည်ပင်ဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲပြီး ကျင့်သုံးဆောင်ရွက်နေပေမယ့် လတ်တလောမှာ အရေးယူနိုင်မှု အားနည်းတဲ့ အခြေအနေမျိုးကိုလည်း မြင်ရသလို ဆင်ခြေဖုံးမြို့နယ်တွေမှာ ခွင့်ပြုချက်မရှိဘဲ တည်ဆောက်တဲ့ အထပ်မြင့်တိုက်တာ ကိစ္စတွေကလည်း ဖြေရှင်းစရာ အများအပြား ရှိနေကြပါတယ်။

“ကျွန်မတို့ ဒီဘက်အခြမ်းနဲ့ ဟိုဘက်အခြမ်း ရပ်ကွက်တွေထဲမှာဆိုရင် ၂၀၁၆-၁၇ လောက် ကတည်းက အပြိုင်အဆိုင်လိုလို ဆောက်ကြတာ၊ အဲ့ဒီတုန်းကတော့ ဘယ်သူတိုင်လိုက်လို့လဲ မသိဘူး၊ တည်ဆောက်ခွင့် ပါမစ်မရှိဘဲ ဆောက်တဲ့တိုက်တွေကို လိုက်စစ်ပြီး ဒဏ်ရိုက်တယ်၊ အခုနောက်ပိုင်းတော့ လိုက်စစ်တာ မတွေ့တော့ဘူး၊ ကျွန်မထင်တယ် အခုဟာက တိုင်မှပဲ စစ်မယ့်သဘောမျိုး ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

ရန်ကုန်မြို့က အထပ်မြင့်တိုက်တွေနဲ့ ပတ်သက်ပြီး မြေငလျင်ဒဏ် သတ်မှတ်ချက်နဲ့ ပတ်သက်လို့ ဘယ်မြို့နယ်မှာတော့ ပြင်းအားဘယ်လောက်ကို ခံနိုင်တဲ့ အခြေအနေစနစ်မျိုး လုပ်ဆောင်ဖို့ အစရှိတဲ့ သတ်မှတ်ချက်တွေကို မြေငလျင်ကော်မတီက ငလျင်ဇုန်မြေပုံတွေကို ရေးဆွဲကာ ပြည်တွင်းက အင်ဂျင်နီယာတွေ၊ မြို့တော်စည်ပင် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆွေးနွေးပြီး သတ်မှတ်ချက်တွေ ရှိထားတယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဝင် တစ်ဦးဖြစ်တဲ့ ဦးတင်လတ် က ပြောပါတယ်။

“သူ့ဟာနဲ့သူတော့ အသေးစိတ် သတ်မှတ်ချက် ရှိပါတယ်၊ ဥပမာပြောရင် အထပ်ဘယ်လောက်ဆိုရင် မဂ္ဂနီကျု ပြင်းအားများများကို ခံနိုင်အောင် ဘယ်နေရာတွေမှာ ဘယ်လိုစနစ်တွေ လုပ်ရမယ် ဆိုတာမျိုး တည်ဆောက်ရေး အင်ဂျင်နီယာဆိုင်ရာ သတ်မှတ်ချက်တွေ ရှိပါတယ်” လို့ သူက ပြောပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်က တိုက်တစ်တိုက်မှာ ပထမထပ် မျက်နှာကျက် အင်္ဂတေပဲ့ကျတဲ့ဖြစ်ရပ် ကြုံတွေ့ပြီး ဒဏ်ရာရတဲ့ အဖြစ်မျိုးတွေ ရှိသလို တစ်ချို့သော အထပ်မြင့်တိုက်ခန်းတွေမှာ အပေါ်ဘက် အမြင့်ပိုင်းအထပ်တွေရဲ့ မှန်တံခါးဒီဇိုင်းတွေ ပြင်ဆင်မှုအားနည်းရာမှ လေပြင်းပြင်းတိုက်ခတ်စဉ် မှန်တွေပြုတ်ကျတဲ့ အဖြစ်မျိုးတွေ၊ အလှဆင်စတီးလိုင်းတွေ ပြုတ်ကျလာတဲ့ အဖြစ်မျိုးတွေလည်း ရန်ကုန်မြို့ထဲမှာ ရှိခဲ့ဖူးပါတယ်။

ပရိုမိုးရှင်းတွေက စိတ်ဝင်စားမှု ပိုစေမလား

အခုနောက်ပိုင်း စီးပွားရေးလုပ်ငန်းတွေလည်း ကြပ်တည်းလာတာတွေကြောင့် အခြေခံပြည်သူတွေရဲ့ကြားမှာ အသုံးစရိတ်တွေလည်း ချွေတာတဲ့ကာလ ဖြစ်ပါတယ်။ဆောက်ထားပြီး တစ်နှစ်၊ နှစ်နှစ်လောက်ထိအောင် ရောင်းမထွက်ဘဲဖြစ်နေတဲ့ တိုက်တာအခန်း ပိုင်ရှင်တွေအဖို့လည်း မြုပ်နေတဲ့ငွေ ပြန်ပေါ်နိုင်ဖို့ ကြိုးစားနေကြဆဲကာလ ဖြစ်ပါတယ်။ဒါကြောင့်လည်း ပွင့်လင်းရာသီကာလနဲ့အတူ အရောင်းပွဲတော်တွေ ကျင်းပရင်း ပရိုမိုးရှင်းပေးတာတွေ၊ ဈေးလျှော့ပေးတာတွေ၊ အရစ်ကျစနစ်တွေနဲ့ လုပ်ဆောင်နေတာတွေ ရှိသလို တစ်ချို့သော လုပ်ငန်းရှင်တွေက ရန်ကုန်ပြင်ပ အခြားသောမြို့တွေမှာ အိမ်ရာတွေ ဖော်ဆောင်တည်ဆောက်ရင်း မြှုပ်နှံလုပ်ကိုင်တာတွေလည်း ရှိလာပါတယ်။

မြန်မာနိုင်ငံရဲ့ မိရိုးဖလာလူနေမှုစနစ်အရအထပ်မြင့်တိုက်ခန်းတွေထက် အိမ်တွေနဲ့ နေထိုင်ရတာမျိုးကိုပိုမိုနှစ်သက်ကြပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကာလလောက်ကတည်းက “တဲပေါ်ကတိုက်ပေါ်တင်” ဆိုတဲ့ စီမံချက်တွေအရဆင်ခြေဖုံးရပ်ကွက်တွေကိုဖျက်သိမ်းကာအိမ်ရာတွေတည်ဆောက်လာကြပြီးအထပ်မြင့် တိုက်စနစ်နဲ့ နေထိုင်မှုကိုမဖြစ်မနေဖန်တီးလို့လာခဲ့ကြပါတယ်။ “နေသာနေရတာ တကယ်တမ်းဆိုရင် မနေချင်ဘူး၊ အိမ်ကလေးနဲ့ နေရတာပဲ ပိုနှစ်သက်တယ်၊ အရင်တုန်းကဆိုရင် ရေမလာလို့ ကျွန်မတို့ တိုက်ခန်းသမားတွေ အခက်အခဲဖြစ်ခဲ့ရဖူးတယ်” လို့ ဒေါ်အေးအေးဝင်း က ရှင်းပြပါတယ်။

ဆင်ခြေဖုံးဒေသက ရပ်ကွက်တွေကို ဖျက်သိမ်းပြီး အထပ်မြင့်တိုက်တွေ အပြိုင်အဆိုင် တည်ဆောက်ပေမယ့် အရည်အသွေးပိုင်းမှာ ကြပ်မတ်နိုင်မှု အားနည်းခဲ့သလို တစ်ချို့သော တိုက်ခန်းတွေမှာဆိုရင် အရေးပေါ်လှေကား၊ ထွက်ပေါက်မျိုး မပါတာတွေ၊ မီးငြှိမ်းသတ်ဖို့ စနစ်တွေ မပါတာတွေလည်းရှိတဲ့ အထပ်မြင့်တိုက်ခန်းတွေ အများအပြား ရှိနေသေးတာကိုလည်း အများပြည်သူတွေအတွက် အစီအမံတွေနဲ့ ပြုပြင်လုပ်ဆောင်ဖို့လည်း လိုအပ်နေပါတယ်။

ဒါ့အပြင် အခုအချိန်အထိ မရောင်းရတဲ့ တိုက်ခန်းတွေဟာ ရန်ကုန်တိုင်းဒေသကြီး တစ်ခုထဲမှာ အခန်းပေါင်း သိန်းဂဏန်းလောက် ရှိလို့နေသလို ဆက်လက်ဆောက်ဖို့ ရေးဆွဲထားတဲ့ စီမံကိန်းတွေလည်း ရှိနေပါသေးတယ်။လူနေထိုင်မှု သိပ်သည်းလာတာနဲ့အမျှ အိမ်ရာနေထိုင်မှု လိုအပ်ချက် ဈေးကွက်ကတော့ ရှိနေဦးမှာပါ။ဒါပေမဲ့ ဝယ်ဖို့လက်လှမ်းမမီသူတွေ၊ ဝယ်ဖို့လက်လှမ်းမီသော်လည်း တည်ဆောက်ထားတဲ့ နေရာဟာ မြို့လယ် Downtown ထဲကို အချိန်ကြာမြင့်စွာ လာရတဲ့နေရာမျိုးတွေလည်း ဖြစ်နေတာကြောင့် ဝယ်သူဘက်က ချင့်ချိန်ရတဲ့ အခြေအနေမျိုးလည်း ရှိလာပါတယ်။အဲ့ဒီလိုအခြေအနေတွေကြားထဲ ဝယ်သူမျှော်ကာ ဒီအတိုင်းပဲထားသိုရင်း တဖြေးဖြေး ယိုယွင်းပျက်စီးလာတဲ့ အခြေအနေကလည်း စိန်ခေါ်လို့နေတာကြောင့် အနာဂတ်ရဲ့ အပြောင်းအလဲမျိုးတစ်ခုကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဇွဲမာန်
ဇန်နဝါရီ - ၁၅

( Zawgyi )

ျပည္တြင္း အိမ္ၿခံေျမေဈးကြက္ဟာ ႏွစ္ကုန္ပိုင္းကစလို႔ ျပန္လည္လႈပ္ရွားလာခဲ့ပါတယ္၊ အခုလို ျပန္လည္လႈပ္ရွားလာတဲ့ အေျခအေနဟာ ေဈးကြက္ေကာင္းခ်ိန္ျဖစ္တဲ့ ၂၀၁၄-၁၅ ေလာက္က အေျခအေနကိုေတာ့ မမီဘူးလို႔ ဆိုၾကပါတယ္။အိမ္ၿခံေျမေဈးကြက္ ျပန္လည္ဦးေမာ့လာဖို႔ မူဝါဒေတြ၊ ဥပေဒ၊ နည္းဥပေဒေတြကို ျပင္ဆင္ၿပီး လုပ္ေဆာင္တာေတြရွိသလို ပ႐ိုမိုးရွင္းေတြအမ်ိဳးမ်ိဳးနဲ႔ စီစဥ္လာၾကပါတယ္။ရန္ကုန္ၿမိဳ႕မွာ အေျခခ်ေနထိုင္သူ မ်ားျပားလာသလို ေနထိုင္ဖို႔ လိုအပ္ခ်က္ေတြလည္း ရွိလာႏိုင္တဲ့အတြက္ အေဆာက္အအုံ တည္ေဆာက္ေရး လုပ္ငန္းေတြအေနနဲ႔ ေဈးကြက္ေမွ်ာ္ကာ ျမႇဳပ္ႏွံလုပ္ကိုင္ခဲ့ၾကပါတယ္။

ေပ်ာက္ကြယ္ခဲ့ေသာ ႀကိဳပြိဳင့္စနစ္

အိမ္ၿခံေျမေဈးကြက္မွာ တစ္ခ်ိန္က ေခတ္စားခဲ့တဲ့ ႀကိဳပြိဳင့္စနစ္ဟာ ေရာင္းသူနဲ႔ဝယ္သူၾကား ကတိေတြပ်က္ၿပီး ယုံၾကည္မႈအားနည္းကာ ေပ်ာက္ကြယ္ခဲ့ရာမွ အခုေနာက္ပိုင္းမွာ ျပန္လည္ယုံၾကည္မႈရေစဖို႔ ႀကိဳပြိဳင့္စနစ္ကို ျပန္လည္အသက္သြင္း လုပ္ေဆာင္တာေတြလည္း ရွိလာပါတယ္။

“ႀကိဳပြိဳင့္စနစ္က အိမ္ၿခံေျမေကာင္းတဲ့ အခ်ိန္ကဆိုရင္ အရမ္းကိုေခတ္စားခဲ့တယ္၊ လူေတြက ႀကိဳပြိဳင့္စနစ္နဲ႔ ဝယ္ၾကတယ္၊ ေနာက္ပိုင္းမွာ ေဆာက္လုပ္ေရးေလာကထဲမွာ လိမ္လည္မႈေတြ ရွိလာခဲ့တာကို ေတြ႕ရတယ္၊ တစ္ခ်ိဳ႕က ႀကိဳပြိဳင့္နဲ႔ ေရာင္းခ်ထားၿပီးေတာ့ ၿပီးေအာင္မေဆာက္တဲ့ အေနအထားမ်ိဳးေတြ ျဖစ္ခဲ့တယ္၊ အမ်ားျပည္သူက ႀကိဳပြိဳင့္အေပၚမွာ ယုံၾကည္မႈေတြ ပ်က္ျပားသြားတယ္၊ ေနာက္ပိုင္းမွာ ေဈးကြက္ထဲမွာ က်န္ခဲ့တာက အမွန္တကယ္လုပ္ႏိုင္တဲ့ ေဆာက္လုပ္ေရး လုပ္ငန္းရွင္ေတြသာ က်န္ခဲ့တယ္ background ေတာင့္တဲ့ လုပ္ငန္းရွင္ေတြသာ က်န္ခဲ့တဲ့အတြက္ အခုခ်ိန္မွာ ႀကိဳပြိဳင့္စနစ္ကို လုပ္ကိုင္ေနၾကတဲ့သူ အမ်ားစုက အမွန္တကယ္ ေဈးကြက္ထဲမွာ လုပ္ႏိုင္တဲ့ အေနအထားရွိလို႔သာ လုပ္ႏိုင္တာ ျဖစ္ပါတယ္” လို႔ iMyanmarHouse.com ရဲ႕ မန္ေနဂ်င္းဒါ႐ိုက္တာ ဦးေနမင္းသူ က ေျပာပါတယ္။

အဲ့ဒီႀကိဳပြိဳင့္စနစ္ဟာ ဝယ္သူနဲ႔ေဆာက္လုပ္တဲ့ လုပ္ငန္းရွင္ဘက္ ႏွစ္ဦးႏွစ္ဘက္ အက်ိဳးရွိေပမယ့္ ယုံၾကည္မႈပ်က္ျပားရာကေန ေပ်ာက္ကြယ္ခဲ့ရတာလည္း ျဖစ္ပါတယ္။ျပည္တြင္းက ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအေနျဖင့္ လက္ရွိကာလမွာ ေဆာက္လုပ္ၿပီးေသာ တိုက္ခန္းမ်ား၊ ကြန္ဒိုမ်ား ေရာင္းခ်ရန္အတြက္ ေဈးကြက္ေအးေနတာေၾကာင့္ ဝယ္သူစိတ္တိုင္းက် အဆင္ေျပဝယ္ယူႏိုင္ဖို႔ လက္ငင္းေပးေခ် ဝယ္ယူမႈအျပင္ အရစ္က်ေပးေခ်မႈစနစ္အတြက္ ဘဏ္ေတြနဲ႔ ခ်ိတ္ဆက္ကာ ဘဏ္ေခ်းေငြျဖင့္ ဝယ္ယူႏိုင္တဲ့ စနစ္ေတြကို လုပ္ေဆာင္လာၾကပါတယ္။

အခုအခ်ိန္အထိလည္း ႀကိဳပြိဳင့္စနစ္နဲ႔ အေရာင္းအဝယ္လုပ္ရင္း ကတိစာခ်ဳပ္ပါ အခ်က္အလက္ေတြကို ေဖာက္ဖ်က္တာေၾကာင့္ ေရာင္းသူနဲ႔ ဝယ္သူၾကား တရားစြဲဆိုတဲ့ အမႈေတြ အခုအခ်ိန္အထိ မၿပီးျပတ္ေသးတာေတြလည္း ရွိတယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦးျဖစ္တဲ့ ဦးခင္ေမာင္စိုး က ေျပာျပပါတယ္။ဝယ္ယူသူေတြရဲ႕ အရစ္က်စနစ္နဲ႔ ေပးဝယ္ထားတဲ့ ေငြေတြအေပၚ မူတည္ကာ ေဆာက္လုပ္ေရးလုပ္ငန္း ပစၥည္းေတြကို ဝယ္ယူအားျဖည့္ရင္း ေဆာက္လုပ္ၾကတာေတြရွိၿပီး တစ္ခ်ိဳ႕ေသာ ကန္ထ႐ိုက္ေတြဟာ ကုန္ၾကမ္းပစၥည္းေတြကို ေမွ်ာ္မွန္းထားတဲ့ အေျခအေနထက္ ပိုမိုသုံးစြဲရတာေတြ၊ ဝယ္ယူရာမွာလည္း ေမွ်ာ္မွန္းထားတဲ့ေဈးထက္ ပိုမိုျမင့္တက္ေနတာေတြေၾကာင့္ တြက္ေခ်မကိုက္ျဖစ္လာတဲ့ အေျခအေနေတြလည္း ျဖစ္လာတာေတြရွိသလို ဆက္မေဆာက္ဘဲ ေရွာင္တိမ္းတာေတြ၊ တစ္ခ်ိဳ႕မွာ တစ္ခန္းတည္းကို သုံး၊ ေလးဦးေလာက္ထံကို ႀကိဳပြိဳင့္စနစ္နဲ႔ ေရာင္းခ်ထားတာမ်ိဳးေတြနဲ႔ မ႐ိုးမသားလုပ္လာၾကတာေတြလည္း ရွိခဲ့ပါတယ္။ဒါေၾကာင့္လည္း အမ်ားျပည္သူေတြရဲ႕ၾကားမွာ ႀကိဳပြိဳင့္စနစ္ဟာ အခုအခ်ိန္အထိ ယုံၾကည္မႈအားနည္းေနဆဲ အေျခအေနမ်ိဳးလည္း ျဖစ္ပါတယ္။

ေဈးေကာင္းေမွ်ာ္ရင္း ေသာင္တင္လို႔ေန

ရန္ကုန္ၿမိဳ႕မွာ တည္ေဆာက္ၿပီးစီးခဲ့တဲ့ တိုက္ခန္းေတြမွာ ေဈးေကာင္းေမွ်ာ္ရင္း ဒီအတိုင္းထားထားရတဲ့ အေျခအေနေတြလည္း ရွိၾကပါတယ္။တိုက္တာ အေဆာက္အအုံေတြဟာ ေမြးျမဴေရးလုပ္ငန္းေတြလို အစာမေကြၽး ေရမတိုက္ရဘူး ဆိုေပမယ့္ အခ်ိန္ကာလ ၾကာျမင့္လာတာနဲ႔အမွ် အဂၤေတရဲ႕ ႀကံ့ခိုင္မႈစြမ္းအားက တေျဖးေျဖးေလ်ာ့ပါးသြားေလ့ ရွိပါတယ္။

“လူမေနဘဲ ပစ္ထားရင္ ႏွစ္ ၂၀ ေက်ာ္ေလာက္ဆို တေျဖးေျဖးနဲ႔ အဂၤေတရဲ႕ ႀကံ့ခိုင္မႈက ေလ်ာ့က်လာတယ္၊ လူေနေနတာေတာင္မွ အသုံးျပဳတဲ့ အဂၤေတက Quality မေကာင္းတာမ်ိဳးဆိုရင္ ၁၀ ႏွစ္ေလာက္မွာ သိပ္သည္းမႈ အေနအထား ေလ်ာ့လာၿပီး တစ္ဖက္အခန္းက အသံကို ၾကားလာရတာမ်ိဳး ျဖစ္လာပါတယ္၊ လူေတြေနထိုင္တဲ့အခါ ခႏၶာကိုယ္အပူရွိန္ကေန ထြက္တဲ့ စြမ္းအင္တစ္မ်ိဳးက အဂၤေတေတြကို သိပ္သည္းက်စ္လစ္ေစတဲ့ သေဘာမ်ိဳး သက္ေရာက္ေစပါတယ္၊ ဒါေၾကာင့္လည္း လူမေနဘဲ ပစ္ထားတာနဲ႔ လူေနတဲ့ အေဆာက္အအုံနဲ႔ Quality ပိုင္းအရ တူတဲ့ အေဆာက္အအုံခ်င္း ယွဥ္ၾကည့္ရင္ လူေနထိုင္တဲ့ အေဆာက္အအုံက သက္တမ္းပိုၿပီးေတာ့ ခံႏိုင္တာမ်ိဳးရွိတယ္၊ ေနထိုင္တဲ့သူကလည္း စည္းကမ္းရွိဖို႔ေတာ့ လိုတာေပါ့၊ ႂကြက္ေဖာက္ ဘာေဖာက္ဆိုရင္ေတာ့ ႀကံ့ခိုင္မႈ ေလ်ာ့လာေစတာေပါ့” လို႔လည္း ျမန္မာႏိုင္ငံ အင္ဂ်င္နီယာအသင္းဝင္ ၿမိဳ႕ျပအင္ဂ်င္နီယာ တစ္ဦးျဖစ္သူ ဦးတင္ထြဋ္ က ရွင္းျပပါတယ္။

အရစ္က်စနစ္ျဖင့္ ၃၀ ရာခိုင္ႏႈန္းသြင္းကာ ၿမိဳ႕႐ြာႏွင့္ အိုးအိမ္ ဖြံ႕ၿဖိဳးေရး ဦးစီးဌာနက တန္ဖိုးနည္း၊ တန္ဖိုးသင့္ တိုက္ခန္းေတြကို တည္ေဆာက္ေရာင္းခ်ေပမယ့္ ကနဦး ၃၀ ရာခိုင္ႏႈန္းသြင္းၿပီး ေငြထပ္မသြင္းႏိုင္ဘဲ ျပင္ပမွာ လက္လႊဲေရာင္းတာမ်ိဳးေတြ ရွိသလို ဝယ္ယူခြင့္အတြက္ ေလွ်ာက္လႊာတင္ၿပီးေပမယ့္ ဝယ္ယူခြင့္ တကယ္ရရွိတဲ့အခါ ေငြမသြင္းႏိုင္တာေၾကာင့္ လာမဝယ္သူေတြလည္း ရွိပါတယ္။လက္ရွိကာလအထိ ဝယ္ယူခြင့္ရၿပီး ေငြသြင္းတာမ်ိဳးမလုပ္ဘဲ ေနသူေတြဟာ ပ်မ္းမွ် ၁၀၀ ေက်ာ္ ရွိေနတယ္လို႔ Black List စာရင္းသြင္းဖို႔ ၿမိဳ႕႐ြာႏွင့္ အိုးအိမ္ဖြံ႕ၿဖိဳးေရး ဦးစီးဌာနက ေၾကညာခဲ့တာေတြလည္း ရွိခဲ့ပါတယ္။

“တစ္ခ်ိဳ႕က အရစ္က် ေငြသြင္းဝယ္ထားၿပီး ေဈးေကာင္းတာနဲ႔ ျပန္ေရာင္းမယ္လို႔ စိတ္ကူးၾကတာပါ၊ ဒါေပမဲ့ အခုေခတ္မွာက ျပန္ေရာင္းထြက္ဖို႔ဆိုတာ အဆင္မေျပေတာ့ဘူး၊ အဝယ္က သိပ္မရွိဘူး၊ ကြၽန္ေတာ့္လက္ထဲမွာေတာင္မွ ေရာင္းဖို႔ျပထားတဲ့ အခန္းေတြ အမ်ားႀကီးရွိတယ္၊ ဝယ္လက္ပါးေနတုန္းပဲ” လို႔ ဇမၺဴထြန္း အက်ိဳးေဆာင္လုပ္ငန္းပိုင္ရွင္ ကိုထြန္းလင္း က ေျပာပါတယ္။

အရင္ကဆိုရင္ တစ္လထဲကို ေလး၊ ငါးခန္းေလာက္ ေရာင္းရတဲ့ အေျခအေနမ်ိဳးျဖစ္ေပမယ့္ အခုေနာက္ပိုင္း ႏွစ္လ၊ သုံးလေလာက္ ေနတာေတာင္ တစ္ခန္းေရာင္းခ်ရဖို႔ဟာ မလြယ္ကူတဲ့ အေျခအေနမ်ိဳးလည္း ျဖစ္ပါတယ္။ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္းနဲ႔ ဒီႏွစ္အစပိုင္း ကာလထဲမွာေတာ့ ေျမကြက္ေတြ ျပန္ၿပီး အေရာင္းအဝယ္ျဖစ္တာမ်ိဳးရွိၿပီး ၿမိဳ႕သစ္ၿမိဳ႕နယ္ေတြက ေျမကြက္ေတြမွာ အေရာင္းအဝယ္ျဖစ္ခဲ့တာလို႔ သူက ဆိုပါတယ္။

“အထူးသျဖင့္ေတာ့ လန ၃၉ ေပါက္ထားတဲ့ ေျမေတြ၊ ေျမာက္ဒဂုံ၊ ဒဂုံအေရွ႕၊ ဒဂုံဆိပ္ကမ္း၊ ေ႐ႊေပါကၠံဘက္က ေျမေတြေတာ့ အေရာင္းအဝယ္ အနည္းအက်ဥ္း ရွိလာတယ္၊ ေဈးကြက္အေနအထားက ေျမကြက္ဘက္ကို သြားေနသလိုမ်ိဳး၊ ဒါေပမဲ့ မ်ားမ်ားစားစားႀကီးေတာ့ ဝယ္တာမ်ိဳး မဟုတ္ဘူး၊ တစ္ခ်ိဳ႕က ေငြကို လက္ထဲမကိုင္ထားခ်င္ေတာ့ ဘဏ္ထားဖို႔ကလည္း ဘဏ္အတိုးက အခုထပ္ေလွ်ာ့ထားတာဆိုေတာ့ ေျမဝယ္ၿပီး ျမႇဳပ္ႏွံထားတာမ်ိဳးေၾကာင့္လည္း ျဖစ္ႏိုင္တယ္လို႔ ကြၽန္ေတာ္ထင္တာပဲ” လို႔ ရွင္းျပပါတယ္။

အငွားေဈးကြက္က ထိုးေဖာက္ေန

အစိုးရကေန ေဖာ္ေဆာင္ေနတဲ့ တိုက္ခန္းေတြ၊ ေဆာက္လုပ္ေရး လုပ္ငန္းရွင္ႀကီးေတြက ၿမိဳ႕သစ္ဧရိယာေတြမွာ ေဖာ္ေဆာင္တည္ေဆာက္ေနတဲ့ အေဆာက္အအုံေတြအဖို႔ ေနထိုင္လိုသူေတြအေနနဲ႔ လတ္တေလာမွာ စိတ္ဝင္စားမႈ နည္းပါးလို႔ေနပါတယ္။

ရန္ကုန္ၿမိဳ႕မွာ လာေရာက္အေျခခ် ေနထိုင္သူေတြမွာ အမ်ားစုဟာ မိမိတို႔လုပ္ငန္းခြင္နဲ႔ နီးစပ္တဲ့ေနရာေတြ အနီးအနားတစ္ဝိုက္မွာ ေနထိုင္ေလ့ရွိၿပီး အမ်ားစုဟာ ငွားရမ္းေနထိုင္ၾကတာေၾကာင့္လည္း အေရာင္းအဝယ္ထက္စာရင္ အခုေနာက္ပိုင္း အငွားေဈးကြက္အေနနဲ႔ ေတာ္ေတာ္ေလး သြက္လာပါတယ္။

“ကိုယ္က တိုက္ခန္းေတြ ဝယ္ထားရင္ အခုေခတ္မွာက အေကာင္းဆုံးဟာ ငွားစားရင္ အဆင္ေျပတယ္၊ ဒါေပမဲ့ ကိုယ္ဝယ္ထားတဲ့ တိုက္ခန္းက ဟိုးေခ်ာင္ကေလာင္ သြားလာရခက္တဲ့ ေနရာဆိုရင္ေတာ့ ဘယ္လိုမွ အဆင္မေျပဘူးေပါ့ေလ၊ ဆင္ေျခဖုံးရပ္ကြက္ေတြထဲမွာ ဆိုရင္ေတာ့ အဆင္ေျပတယ္၊ အေဆာင္ပဲ ဖြင့္စားစား၊ ငွားပဲစားစား အခုေခတ္က အဆင္ေျပတယ္၊ ကိုယ့္အနားမွာ ေရွာ့ပင္းေမာလ္ႀကီးေတြ လာဖြင့္တာမ်ိဳး၊ ပုဂၢလိကေဆးခန္းေတြနဲ႔ နီးတဲ့ေနရာမ်ိဳးဆိုရင္ အေဆာင္ဖြင့္စားရင္ ငွားရမ္းတာထက္ ပိုၿပီးေတာ့ တြက္ေခ်ကိုက္တယ္” လို႔ ကမာ႐ြတ္ၿမိဳ႕နယ္မွာ ေဘာ္ဒါေဆာင္ ဖြင့္လွစ္ထားတဲ့ ဦးစိန္တိုး က ေျပာပါတယ္။

တန္ဖိုးနည္း တိုက္ခန္းေတြဟာ တည္ေဆာက္ထားတဲ့ ေနရာက လတ္တေလာမွာ မဖြံ႕ၿဖိဳးေသးတဲ့ ေနရာေတြျဖစ္သလို အနာဂတ္ကာလကို ေမွ်ာ္ကာ တည္ေဆာက္ထားတာေၾကာင့္လည္း ေငြပိုေငြလွ်ံ လက္ထဲရွိေနသူမ်ားေတာင္မွ ေငြေၾကးလည္ပတ္ သုံးစြဲဖို႔ သြားလာရလြယ္ကူတဲ့ ေနရာေတြက အခန္းေတြသာ စိတ္ဝင္တစား ေမးျမန္းတာမ်ိဳးေတြ ရွိလာတာ ျဖစ္ပါတယ္။

“ၿမိဳ႕ထဲကိုလာမယ္ဆိုရင္ ဟိုးအေဝးႀကီး ေနရာေလာက္မွာ သိန္း ၂၀၀၊ ၃၀၀ တန္ေလာက္ ဝယ္မလား၊ သြားလာရလြယ္တဲ့ ေနရာပဲ ဝယ္မလား စဥ္းစားၾကည့္ေလဗ်ာ၊ ဟုတ္တယ္မလား၊ ညေရးညတာဆိုရင္လည္း အေရးရယ္ အေၾကာင္းရယ္ဆိုရင္ ေဆး႐ုံ၊ ေဆးခန္း သြားဖို႔ရာ ကားထြက္ငွားဖို႔လည္း အဆင္မေျပဘူး၊ ဒါေတြကိုစဥ္းစားရင္ ဘယ္ဟာေ႐ြးမလဲေပါ့” လို႔လည္း သူက ဆက္ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ရဲ႕ အိမ္ၿခံေျမေဈးကြက္ထဲမွာ အငွားေဈးကြက္ဟာ ေတာ္ေတာ္ေလး လႊမ္းမိုးခဲ့ပါတယ္။ဆင္ေျခဖုံးေဒသေတြမွာ အိမ္အခန္းတစ္ခန္းကို သြားလာရလြယ္တဲ့ ေနရာ ဟုတ္၊ မဟုတ္နဲ႔ အိမ္ ေကာင္း၊ မေကာင္းေပၚ မူတည္ၿပီးေတာ့ အနည္းဆုံး က်ပ္ ၇၀၀၀၀ ေလာက္ကေနက်ပ္ ၁၈၀၀၀၀ ေလာက္အထိ ရွိေနၿပီး တိုက္ခန္းေတြအေနနဲ႔က အနည္းဆုံး က်ပ္ ၁၅၀၀၀၀ ကေန က်ပ္ ၂၂၀၀၀၀ ေလာက္အထိ ရွိေနတယ္လို႔ အက်ိဳးေတာ္ေဆာင္ေတြက ဆိုၾကပါတယ္။

“ကြၽန္မတို႔လို ဆင္ေျခဖုံးရပ္ကြက္ေတြမွာေတာင္မွ ဒီေလာက္အထိ ေဈးေတြျမင့္ေနတယ္၊ အငွားမွာေတာင္ ေတာ္ေတာ္ေလး ျမင့္လာတယ္ေလ၊ စေပၚနဲ႔ ဆိုတာကေတာ့ မရွိသေလာက္ပဲ၊ အျပတ္ပဲငွားၾကတယ္၊ အျပတ္ေတာင္မွ ၁၀ လ၊ တစ္ႏွစ္ ငွားတယ္၊ ေျခာက္လ ငွားတာေတာင္မွ အခုရွားလာတယ္၊ အခုလည္း ငွားခ်င္တဲ့သူေတြက အခန္းလိုက္ရွာေနတာေတြ ရွိေနေသးတယ္” လို႔ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္ (၂) ရပ္ကြက္တြင္ ေနထိုင္တဲ့ အက်ိဳးေတာ္ေဆာင္တစ္ဦးျဖစ္သူ ေဒၚေအးေအးဝင္း က ရွင္းျပပါတယ္။

သဘာဝေဘးေတြက အကဲစမ္းေလသလား

အိမ္ၿခံေျမေဈးကြက္ေကာင္းဖို႔ ေမွ်ာ္မွန္းကာ ပ႐ိုမိုးရွင္းေတြနဲ႔ လုပ္ေဆာင္ေနတဲ့ၾကားက တစ္ခါတစ္ခါမွာ ငလ်င္ကဲ့သို႔ေသာ သဘာဝေဘးေတြက အကဲစမ္းသလို ျဖစ္ေစပါတယ္။တိုက္တာ အေဆာက္အအုံေတြ တည္ေဆာက္တဲ့ေနရာမွာ ငလ်င္ဒဏ္ခံႏိုင္ဖို႔ သတ္မွတ္ခ်က္ေတြ ထည့္သြင္းတယ္ ဆိုေပမယ့္ လတ္တေလာ ျမင္ႏိုင္ေသာ သတ္မွတ္ခ်က္တစ္ခုျဖစ္တဲ့ အေရးေပၚေလွကားေတြရဲ႕ အျပင္အဆင္ကို ၾကည့္တဲ့အခါ အျဖစ္ေလာက္သာ ေဆာက္ထားပုံက မ်က္စိျဖင့္ ၾကည့္လို႔မျမင္ႏိုင္တဲ့ သတ္မွတ္ခ်က္ေတြမွာ ဘယ္ေလာက္အထိ လိုက္နာမႈရွိမလဲ ဆိုတဲ့အေပၚ သံသယျဖစ္စရာပါပဲ။

ရန္ကုန္မွာလည္း စည္ပင္ဥပေဒသစ္ကို ျပင္ဆင္ေရးဆြဲၿပီး က်င့္သုံးေဆာင္႐ြက္ေနေပမယ့္ လတ္တေလာမွာ အေရးယူႏိုင္မႈ အားနည္းတဲ့ အေျခအေနမ်ိဳးကိုလည္း ျမင္ရသလို ဆင္ေျခဖုံးၿမိဳ႕နယ္ေတြမွာ ခြင့္ျပဳခ်က္မရွိဘဲ တည္ေဆာက္တဲ့ အထပ္ျမင့္တိုက္တာ ကိစၥေတြကလည္း ေျဖရွင္းစရာ အမ်ားအျပား ရွိေနၾကပါတယ္။

“ကြၽန္မတို႔ ဒီဘက္အျခမ္းနဲ႔ ဟိုဘက္အျခမ္း ရပ္ကြက္ေတြထဲမွာဆိုရင္ ၂၀၁၆-၁၇ ေလာက္ ကတည္းက အၿပိဳင္အဆိုင္လိုလို ေဆာက္ၾကတာ၊ အဲ့ဒီတုန္းကေတာ့ ဘယ္သူတိုင္လိုက္လို႔လဲ မသိဘူး၊ တည္ေဆာက္ခြင့္ ပါမစ္မရွိဘဲ ေဆာက္တဲ့တိုက္ေတြကို လိုက္စစ္ၿပီး ဒဏ္႐ိုက္တယ္၊ အခုေနာက္ပိုင္းေတာ့ လိုက္စစ္တာ မေတြ႕ေတာ့ဘူး၊ ကြၽန္မထင္တယ္ အခုဟာက တိုင္မွပဲ စစ္မယ့္သေဘာမ်ိဳး ရွိတယ္” လို႔ သူက ဆက္ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕က အထပ္ျမင့္တိုက္ေတြနဲ႔ ပတ္သက္ၿပီး ေျမငလ်င္ဒဏ္ သတ္မွတ္ခ်က္နဲ႔ ပတ္သက္လို႔ ဘယ္ၿမိဳ႕နယ္မွာေတာ့ ျပင္းအားဘယ္ေလာက္ကို ခံႏိုင္တဲ့ အေျခအေနစနစ္မ်ိဳး လုပ္ေဆာင္ဖို႔ အစရွိတဲ့ သတ္မွတ္ခ်က္ေတြကို ေျမငလ်င္ေကာ္မတီက ငလ်င္ဇုန္ေျမပုံေတြကို ေရးဆြဲကာ ျပည္တြင္းက အင္ဂ်င္နီယာေတြ၊ ၿမိဳ႕ေတာ္စည္ပင္ တာဝန္ရွိသူေတြနဲ႔ ပူးေပါင္းေဆြးေႏြးၿပီး သတ္မွတ္ခ်က္ေတြ ရွိထားတယ္လို႔ ျမန္မာႏိုင္ငံ အင္ဂ်င္နီယာေကာင္စီဝင္ တစ္ဦးျဖစ္တဲ့ ဦးတင္လတ္ က ေျပာပါတယ္။

“သူ႔ဟာနဲ႔သူေတာ့ အေသးစိတ္ သတ္မွတ္ခ်က္ ရွိပါတယ္၊ ဥပမာေျပာရင္ အထပ္ဘယ္ေလာက္ဆိုရင္ မဂၢနီက်ဳ ျပင္းအားမ်ားမ်ားကို ခံႏိုင္ေအာင္ ဘယ္ေနရာေတြမွာ ဘယ္လိုစနစ္ေတြ လုပ္ရမယ္ ဆိုတာမ်ိဳး တည္ေဆာက္ေရး အင္ဂ်င္နီယာဆိုင္ရာ သတ္မွတ္ခ်က္ေတြ ရွိပါတယ္” လို႔ သူက ေျပာပါတယ္။

လြန္ခဲ့တဲ့ ဇန္နဝါရီ ၁၃ ရက္က ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္၊ (၉၄) ရပ္ကြက္၊ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္က တိုက္တစ္တိုက္မွာ ပထမထပ္ မ်က္ႏွာက်က္ အဂၤေတပဲ့က်တဲ့ျဖစ္ရပ္ ႀကဳံေတြ႕ၿပီး ဒဏ္ရာရတဲ့ အျဖစ္မ်ိဳးေတြ ရွိသလို တစ္ခ်ိဳ႕ေသာ အထပ္ျမင့္တိုက္ခန္းေတြမွာ အေပၚဘက္ အျမင့္ပိုင္းအထပ္ေတြရဲ႕ မွန္တံခါးဒီဇိုင္းေတြ ျပင္ဆင္မႈအားနည္းရာမွ ေလျပင္းျပင္းတိုက္ခတ္စဥ္ မွန္ေတြျပဳတ္က်တဲ့ အျဖစ္မ်ိဳးေတြ၊ အလွဆင္စတီးလိုင္းေတြ ျပဳတ္က်လာတဲ့ အျဖစ္မ်ိဳးေတြလည္း ရန္ကုန္ၿမိဳ႕ထဲမွာ ရွိခဲ့ဖူးပါတယ္။

ပ႐ိုမိုးရွင္းေတြက စိတ္ဝင္စားမႈ ပိုေစမလား

အခုေနာက္ပိုင္း စီးပြားေရးလုပ္ငန္းေတြလည္း ၾကပ္တည္းလာတာေတြေၾကာင့္ အေျခခံျပည္သူေတြရဲ႕ၾကားမွာ အသုံးစရိတ္ေတြလည္း ေခြၽတာတဲ့ကာလ ျဖစ္ပါတယ္။ေဆာက္ထားၿပီး တစ္ႏွစ္၊ ႏွစ္ႏွစ္ေလာက္ထိေအာင္ ေရာင္းမထြက္ဘဲျဖစ္ေနတဲ့ တိုက္တာအခန္း ပိုင္ရွင္ေတြအဖို႔လည္း ျမဳပ္ေနတဲ့ေငြ ျပန္ေပၚႏိုင္ဖို႔ ႀကိဳးစားေနၾကဆဲကာလ ျဖစ္ပါတယ္။ဒါေၾကာင့္လည္း ပြင့္လင္းရာသီကာလနဲ႔အတူ အေရာင္းပြဲေတာ္ေတြ က်င္းပရင္း ပ႐ိုမိုးရွင္းေပးတာေတြ၊ ေဈးေလွ်ာ့ေပးတာေတြ၊ အရစ္က်စနစ္ေတြနဲ႔ လုပ္ေဆာင္ေနတာေတြ ရွိသလို တစ္ခ်ိဳ႕ေသာ လုပ္ငန္းရွင္ေတြက ရန္ကုန္ျပင္ပ အျခားေသာၿမိဳ႕ေတြမွာ အိမ္ရာေတြ ေဖာ္ေဆာင္တည္ေဆာက္ရင္း ျမႇဳပ္ႏွံလုပ္ကိုင္တာေတြလည္း ရွိလာပါတယ္။

ျမန္မာႏိုင္ငံရဲ႕ မိ႐ိုးဖလာလူေနမႈစနစ္အရအထပ္ျမင့္တိုက္ခန္းေတြထက္ အိမ္ေတြနဲ႔ ေနထိုင္ရတာမ်ိဳးကိုပိုမိုႏွစ္သက္ၾကေပမယ့္ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ႏွစ္ခုကာလေလာက္ကတည္းက “တဲေပၚကတိုက္ေပၚတင္” ဆိုတဲ့ စီမံခ်က္ေတြအရဆင္ေျခဖုံးရပ္ကြက္ေတြကိုဖ်က္သိမ္းကာအိမ္ရာေတြတည္ေဆာက္လာၾကၿပီးအထပ္ျမင့္ တိုက္စနစ္နဲ႔ ေနထိုင္မႈကိုမျဖစ္မေနဖန္တီးလို႔လာခဲ့ၾကပါတယ္။ “ေနသာေနရတာ တကယ္တမ္းဆိုရင္ မေနခ်င္ဘူး၊ အိမ္ကေလးနဲ႔ ေနရတာပဲ ပိုႏွစ္သက္တယ္၊ အရင္တုန္းကဆိုရင္ ေရမလာလို႔ ကြၽန္မတို႔ တိုက္ခန္းသမားေတြ အခက္အခဲျဖစ္ခဲ့ရဖူးတယ္” လို႔ ေဒၚေအးေအးဝင္း က ရွင္းျပပါတယ္။

ဆင္ေျခဖုံးေဒသက ရပ္ကြက္ေတြကို ဖ်က္သိမ္းၿပီး အထပ္ျမင့္တိုက္ေတြ အၿပိဳင္အဆိုင္ တည္ေဆာက္ေပမယ့္ အရည္အေသြးပိုင္းမွာ ၾကပ္မတ္ႏိုင္မႈ အားနည္းခဲ့သလို တစ္ခ်ိဳ႕ေသာ တိုက္ခန္းေတြမွာဆိုရင္ အေရးေပၚေလွကား၊ ထြက္ေပါက္မ်ိဳး မပါတာေတြ၊ မီးျငႇိမ္းသတ္ဖို႔ စနစ္ေတြ မပါတာေတြလည္းရွိတဲ့ အထပ္ျမင့္တိုက္ခန္းေတြ အမ်ားအျပား ရွိေနေသးတာကိုလည္း အမ်ားျပည္သူေတြအတြက္ အစီအမံေတြနဲ႔ ျပဳျပင္လုပ္ေဆာင္ဖို႔လည္း လိုအပ္ေနပါတယ္။

ဒါ့အျပင္ အခုအခ်ိန္အထိ မေရာင္းရတဲ့ တိုက္ခန္းေတြဟာ ရန္ကုန္တိုင္းေဒသႀကီး တစ္ခုထဲမွာ အခန္းေပါင္း သိန္းဂဏန္းေလာက္ ရွိလို႔ေနသလို ဆက္လက္ေဆာက္ဖို႔ ေရးဆြဲထားတဲ့ စီမံကိန္းေတြလည္း ရွိေနပါေသးတယ္။လူေနထိုင္မႈ သိပ္သည္းလာတာနဲ႔အမွ် အိမ္ရာေနထိုင္မႈ လိုအပ္ခ်က္ ေဈးကြက္ကေတာ့ ရွိေနဦးမွာပါ။ဒါေပမဲ့ ဝယ္ဖို႔လက္လွမ္းမမီသူေတြ၊ ဝယ္ဖို႔လက္လွမ္းမီေသာ္လည္း တည္ေဆာက္ထားတဲ့ ေနရာဟာ ၿမိဳ႕လယ္ Downtown ထဲကို အခ်ိန္ၾကာျမင့္စြာ လာရတဲ့ေနရာမ်ိဳးေတြလည္း ျဖစ္ေနတာေၾကာင့္ ဝယ္သူဘက္က ခ်င့္ခ်ိန္ရတဲ့ အေျခအေနမ်ိဳးလည္း ရွိလာပါတယ္။အဲ့ဒီလိုအေျခအေနေတြၾကားထဲ ဝယ္သူေမွ်ာ္ကာ ဒီအတိုင္းပဲထားသိုရင္း တေျဖးေျဖး ယိုယြင္းပ်က္စီးလာတဲ့ အေျခအေနကလည္း စိန္ေခၚလို႔ေနတာေၾကာင့္ အနာဂတ္ရဲ႕ အေျပာင္းအလဲမ်ိဳးတစ္ခုကို ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ဇြဲမာန္
ဇန္နဝါရီ - ၁၅