【 သတင်းဆောင်းပါး 】 "ဈေးကြီးလာတဲ့ ထီလက်မှတ်နဲ့ ဝေးလာတဲ့ သူဋ္ဌေးလောင်းအိမ်မက်"

【 သတင်းဆောင်းပါး 】 "ဈေးကြီးလာတဲ့ ထီလက်မှတ်နဲ့ ဝေးလာတဲ့ သူဋ္ဌေးလောင်းအိမ်မက်"

အမြင့်ဆုံးဆုငွေ ကျပ်သိန်းတစ်သောင်းခွဲအထိ ချီးမြှင့်မည့် ကျပ်တစ်ထောင်တန် ထီလက်မှတ်များကို လာမယ့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီမှ စတင်ရောင်းချတော့မှာ ဖြစ်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲက ထုတ်ပြန်ကြေညာခဲ့ပြီးနောက်မှာ အခြေခံလူတန်စားတွေရဲ့ သူဌေးလောင်း မျှော်လင့်ချက်ဖြစ်တဲ့ တန်ဖိုးကြီး ထီအိပ်မက်တွေဟာ ပိုပြီးနီးစပ်လာပြီလား၊ ဒါမှမဟုတ် ကြီးမြင့်လာတဲ့ ထီဈေးနှုန်းတွေကြောင့် သူဌေးလောင်း အိမ်မက်တွေဟာ ပိုမိုေ၀ဝါးသွားစေခဲ့တာဆိုတာ ထီကံစမ်းသူတွေအဖို့ ဇဝေဇဝါဖြစ်စေခဲ့တာ အမှန်ပါဘဲ။

လက်ရှိထီဈေးနှုန်းရဲ့ နှစ်ဆတန်ဖိုးနဲ့ ထွက်လာမယ့် ထီလက်မှတ်ကြောင့် ထီထိုးသူများအပေါ် မည်သို့အကျိုးသက်ရောက်မှု ရှိလာမလဲ ဆိုတာကလည်း ထီရောင်းသူတွေအတွက် သောကမကင်းစရာ ဖြစ်လာခဲ့ပါတယ်။
အစိုးရက ရောင်းချပေးတဲ့ အောင်ဘာလေ သိန်းထီလက်မှတ်များကို ယခုနှစ်ပိုင်းအတွင်း မူလဈေးဖြစ်တဲ့ ကျပ်နှစ်ရာကနေ ကျပ်ငါးရာ၊ ကျပ်ငါးရာကနေ ယခုနောက်ဆုံး ကျပ်တစ်ထောင်တန် ထီလက်မှတ်တွေအထိ ဈေးတွေတိုးမြှင့်ခဲ့တဲ့အတွက် ထီထိုးသူတွေ ထီထိုးနူန်းကျဆင်းမှုက သိသိသာသာဖြစ်လာနိုင်သလို ထီဈေးကွက်အတွင်း ထီဈေးနှုန်းကြီးမြှင့်မှုတွေ၊ အမြတ်ကြီးစာမှုတွေကတော့ ဆက်လက်ဖြစ်ပေါ်နေအုံးမှာက အသေအချာပါဘဲ။

ဒီလိုဖြစ်လာနိုင်ပေမယ့် အခွန်အခကို တိုးလိုနေတဲ့ အစိုးရအတွက်ကတော့ ကြော်ငြာထားတဲ့အတိုင်း မကြာမီ ကျပ်တစ်ထောင်တန် ထီကို ရောင်းချမည်ဖြစ်သလို မူလ ကျပ်ငါးရာတန် ထီကိုလည်း ဆက်လက်ရောင်းချသွားမှာဖြစ်လို့ ကျပ်ငါးရာတန်ထီဈေးက ဘယ်လောက်ထိ ဈေးမြင့်တက်လာမလဲဆိုတာ တွက်ဆလို့ မရသေး ပါဘူး။

“ဦးတို့ဝယ်ရတာကိုက တစ်စောင်ကို ငါးရာနဲ့ ဝယ်ရတယ်လေ။
ဦးတို့က တစ်ဆင့်ပြန်ဝယ်ပြီးရောင်းတော့ ကိုယ့်ဖောက်သည်၊ ထီကံစမ်းတဲ့သူတွေ ပြောင်းရောင်းတဲ့အခါကျတော့ အရင်းအတိုင်း မူလဈေးနဲ့ ပြန်ရောင်းရင် အဆင်မပြေဘူးလေ။ဦးတို့က လက်ပွေ့ထီသည်၊ တွန်းလှည်းနဲ့ရောင်းတဲ့ ထီသည်တွေ ဖြစ်တဲ့အတွက် ထီတစ်စောင်ကို ခြောက်ရာ၊ ခြောက်ရာ့ငါးဆယ်လောက်နဲ့မှ မရောင်းရင် မကိုက်ဘူးလေ။
အခုလာမယ့် ကျပ်တစ်ထောင်တန်ထီ ထွက်လာရင်လည်း အခုလိုပေါ့ တစ်ရာ၊ နှစ်ရာတော့ ပိုတင်ပြီးရောင်းမှ အဆင်ပြေမယ်၊ ကိုက်မယ်ပေါ့။ဒါမှလည်း လက်ပွေ့တု့ိ တွန်းလှည်းတို့နဲ့ ရောင်းတဲ့သူတွေအတွက် စားဝတ်နေရေးက ပြေလည်မှာလေ။
တစ်ချို့တွေကျတော့လည်း ထီကို စိတ်မဝင်စားလို့ဆိုပြီး မထိုးကြဘူးပေါ့၊ ဒါပေမယ့် ထီထိုးတာကို ဝါသနာပါတဲ့ သူတွေကျတော့လည်း ဆက်ထိုးနေအုံးမှာဘဲလေ။ဒါကြောင့် ထီကံစမ်းတဲ့သူတွေကတော့ ရှိနေအုံးမှာပါဘဲ၊ ဈေးကွက်ကြီးတစ်ခုလုံး ပျက်သွားတာမျိုးမရှိတော့ မဖြစ်နိုင်ပါဘူး” လို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ထီလှည့်လည်ရောင်းချသူ ဦးတိုး (အမည်လွဲ) က ပြောပါတယ်။

အစိုးရအနေနဲ့ ကျပ်နှစ်ရာတန်ထီကနေ ကျပ်ငါးရာတန်ထီ ပြောင်းလဲရောင်းချရမှု တစ်နှစ်ကျော်အကြာ ကာလမှာ နိုင်ငံတော်အစိုးရအနေဖြင့် အခွန်ဘဏ္ဍာငွေ ကျပ်ဘီလီယံ (၁၀၀) ခန့် ရရှိခဲ့တယ်လို့ု ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အစိုးရကနေ အောင်ဘာလေ သိန်းထီလက်မှတ်များကို ရောင်းချရတာဟာ နိုင်ငံတော်ဘဏ္ဍာငွေ တစ်ခုတည်း ရရှိစေရန်အတွက်သာ မဟုတ်ဘဲ ထီလုပ်ငန်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ယင်းလုပ်ငန်းနဲ့ ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများ အကျိုးရရှိစေရေး အပါအဝင် ထီပေါက်သူများ ဝင်ငွေတိုးတက်လာပြီး စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်အတွက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ယင်းကဲ့သို့ ထီတန်ဖိုးများ တိုးလာပါက နိုင်ငံတော်အခွန်ရရှိမှုလည်း တိုးလာမည်ဖြစ်ပြီး ထီပေါက်သူများအတွက်လည်း ထီဆုကြေး ပိုမိုများလာစေမယ်လို့ ဆိုထားပါတယ်။ဒါပေမယ့် ဒီလိုရည်ရွယ်ချက်တွေ အပြင်မှာ ဖြစ်၊ မဖြစ် ဆိုတာက လက်ရှိထီလောက အခြေအနေကိုကြည့်ရင် သိနိုင်ပါတယ်။

“ထီကံစမ်းဖြစ်လာဆိုတော့ အမှန်တိုင်းပြောရရင် သိပ်မထိုးဖြစ်ဘူး။
အရင်ကတော့ ဘာရယ်ဖြစ်ဖြစ် ကံစမ်းတဲ့သဘောအနေနဲ့ အများကြီးမဟုတ်တာတောင် နည်းနည်းပါးပါးတော့ ထိုးဖြစ်တယ်။
အခုနောက်ပိုင်းကျ ထီက ထိုးသာထိုးရတယ် တစ်ခါမှလည်း မပေါက်ဘူးဘူး၊ ဆုကြီးမပြောနဲ့ ဆုလေးတောင် မပေါက်ဘူးတော့ ထီထိုးရတဲ့ ပိုက်ဆံကို နှမြောလာတာပေါ့။ကိုယ့်မုန့်ဖိုးလေးတွေကနေ ဖဲ့ပြီးထိုးရတော့ ထီကံစမ်းဖို့ဆိုရင် သိပ်မထိုးချင်တော့ဘူး။
အဲ့ဒီထီထိုးတဲ့ ပိုက်ဆံကို မုန့်ပဲဝယ်စားလိုက်မယ်။
အဲ့ဒါပိုကောင်းတယ်လို့တွေးပြီး ထီမထိုးဖြစ်တာတော့ ကြာနေပါပြီ။
ထီဈေးတွေကလည်း မြင့်လာတာပါတာပေါ့” လို့ အလုံမြို့နယ်မှာ နေထိုင်တဲ့ ကုမ္ပဏီဝန်ထမ်းဖြစ်သူ မသဲစု က သူ့ရဲ့ ထီကံစမ်းဖြစ်ပုံလေးတွေကို ဟာသလေးနှောပြီး ပြောပြခဲ့ပါသေးတယ်။

ဒါကြောင့်လည်း တစ်ချိန်က ရုပ်ရှင်မင်းသား ကျော်ဟိန်း ရဲ့ ''ငွေနှစ်ကျပ်ဖိုးနဲ့ သိန်းထီထိုး ပျော်စရာဆုကြီး တစ်ခုမှမတိုး'' ဟူသည့် သီချင်းစာသားလေးကလည်း ယနေ့ခေတ်ထိတိုင် အသက်ဝင်နေဆဲပဲလားလို့တောင် ထင်မိပါတယ်။
ဒီလိုဈေးပိုတင်ရောင်းတာတွေ ထီလက်မှတ်တွေ ဈေးနှုန်းမြင့်မားလာတာတွေ ဖြစ်လာပါက အခြေခံလူတန်းစားတွေအနေနဲ့ ထီထိုးနိုင်ဖို့က ပိုမိုခက်ခဲလာလိမ့်မယ်လို့လည်း သုံးသပ်မှုအချို့ ရှိနေသော်လည်း မိမိရဲ့ ယုံကြည်မျှော်လင့်ရာ တစ်ခုဖြစ်တဲ့ သူဌေးလောင်း အိမ်မက်တွေအတွက် ထီထိုးတဲ့သူတွေကတော့ ဆက်လက်ရှိနေအုံးမှာ ဖြစ်တယ်လို့လည်း ထီလုပ်ငန်းရှင်များက ဆိုပြန်ပါတယ်။ထိုသို့ ဈေးကွက်မပျက်ဖို့နဲ့ ထီကံစမ်းတဲ့သူတွေ ဆက်လက်ရှိနေဖို့ ဆိုတာကလည်း လစဉ်ဖွင့်လှစ်ပေးမည့် ဆုကြေးများမှသာ ထီထိုးသူများ စိတ်ဝင်စားမည်ဖြစ်ပြီး ထီရောင်းချရမှုလည်း ပိုမိုတွက်လာမည်ဖြစ်တယ်လို့ ထီ လက်လီ၊ လက်ကား ရောင်းချသူတွေက ဆိုပါတယ်။

“ထီလက်မှတ်တွေလည်း ဈေးမြှင့်လာသလို ဆုကြေးတွေကလည်း တိုးလာရင်တော့ အကောင်းဆုံးပေါ့။ဒါမှလည်း ထိုးတဲ့သူတွေက စိတ်ဝင်စားမှုရှိမယ်။” လို့ ထီလှည့်လည်ရောင်းချသူ ဦးတိုး (အမည်လွှဲ) က ပြောပါတယ်။

တစ်ဖက်မှာလည်း ထီလက်မှတ်များကို သတ်မှတ်ထားသည့် ဈေးနှုန်းထက် ပိုမိုရောင်းချပါက အနည်းဆုံး ထောင်ဒဏ် (၆) လမှ (၁) နှစ်အထိဖြစ်စေ၊ ထောင်ဒဏ်အပြင် ငွေဒဏ် ကျပ်သိန်း (၃၀) မှ သိန်း (၅၀) အထိ ချမှတ်ခြင်း ခံရမည်လို့ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားတဲ့ အစိုးရ အောင်ဘာလေ ဥပဒေကြမ်းမှာလည်း ဖော်ပြထားတာပါ။ဒါကြောင့်လည်း အောင်ဘာလေထီ ဥပဒေ ပြဌာန်းပြီးပါက ထီဆိုင်အဆင့်ဆင့်ကို ထိန်းကျောင်းနိုင်မည့်အပြင် သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်း ဝယ်ယူနိုင်သော မိမိနှစ်သက်ရာဂဏန်းများကို ရွေးချယ်ကံစမ်းနိုင်တဲ့ (e-lottery) စနစ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်း က ရန်ကုန်တိုင်းဒေသကြီး သတ္တမ ပုံမှန်အစည်းအဝေးရဲ့ ပဉ္စမနေ့မှာ မေးမြန်းခဲ့တဲ့ “ထီလက်မှတ်တွေကို အစိုးရ သတ်မှတ်ဈေး ကျပ် (၅၀၀) ထက် ပိုမိုဈေးတင်ရောင်းနေတာတွေက စည်းကမ်းနဲ့ ညီညွတ်ပါသလား၊ မည်ကဲ့သို့ အရေးယူမှုတွေ ရှိ/မရှိ” ကို သိရှိလိုပါတယ်လို့ မေးမြန်းခဲ့ပါတယ်။

ဒီလိုမေးမြန်းမှုအပေါ် ပြန်ဖြေရာမှာလည်း “ဈေးကွက် သဘောသဘာဝအရ အောင်ဘာလေ သိန်းဆုဌာနခွဲကနေ တိုက်ရိုက်ဝယ်ယူတဲ့ ပင်ရင်းထီဆိုင်တွေ၊ ထိုကနေတစ်ဆင့် ကိုယ်စားလှယ်ထီဆိုင်တွေ ကိုယ်စားလှယ်များကနေ ထပ်မံရောင်းချတဲ့ ထီဆိုင်၊ ထပ်ဆင့်ရောင်းရတဲ့ ထီဆိုင်၊ ထပ်ဆင့်ရောင်းတဲ့ ထီဆိုင်ကနေ ဆက်လက်ရောင်းချသော ထီဆိုင်၊ ထီဈေးကွက် သဘာဝအတိုင်း အဆင့်ဆင့်ဖြန့်ဖြူး ရောင်းချတာပေါေ့လ။အဆင့်ဆင့်ရောင်းတဲ့ ထီဆိုင်တွေကလည်း ငွေရေးကြေးရေးအရ ဌာနခွဲကနေ တိုက်ရိုက်ဝယ်ယူမှုတွေ မလုပ်နိုင်ကြဘူး။နောက်ပင်ရင်းထီဆိုင်တွေကလည်း အကြွေးစနစ်နဲ့ ရောင်းတယ် (ရောင်းချပြီးမှ ပြန်ပေးရတဲ့ စနစ်နဲ့ပေါ့လေ။
ဒီလိုအကြွေးစနစ်နဲ့ ရောင်းတော့ ထီဆိုင်တွေကြားမှာ အမြတ်တင်တာတွေ၊ ငွေကြေးပြဿနာတွေ၊ ထီဈေးနှုန်းကြီးမြင့်မှုတွေ ပြဿနာတွေ ဖြစ်ပေါ်ရခြင်းတွေ ရှိနေတာပေါ့။ထီကံစမ်းတဲ့သူတွေကလည်း သူတို့ရဲ့ အစွဲအလန်းအရ မည့်သည့် အက္ခရာ၊ ဂဏန်း ဒါတွေနဲ့ ကံစမ်းကြတော့ ဈေးကွက်သဘောအရ စိတ်ဝင်စားမှုတွေရှိအောင် ဝယ်လိုအား မြင့်တက်လာအောင် အက္ခရာတွေ၊ ဂဏန်းတွေကို စုစည်းပြုပြင်ပြီး ဖြန့်ဖြူးရောင်းချတာတွေကို တွေ့ရတယ်။ဒါတွေကို စောနကပြောသလိုပေါ့လေ။အောင်ဘာလေထီ ဥပဒေ ပြဌာန်းပြီးရင်တော့ ထီဆိုင်အဆင့်ဆင့်ကို ထိန်းကျောင်းနိုင်မယ့် အရာလေးတွေတော့ ရှိလာမှာပေါ့” လို့ ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်း က ပြောကြားခဲ့ပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲက မြန်မာနိုင်ငံ အနံှ့အပြားကို လစဉ် နယ်အနှံ့ ထီအုပ်ရေ ၄ဝဝဝဝ ခန့်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပင်အုပ်ရေ ၄ဝဝဝဝ ဝန်းကျင် ရောင်းချပေးနေရပေမယ့် လက်ရှိမှတော့ အောင်ဘာလေ ထီဈေးနှုန်းများ မြင့်တက်နေမှုအပေါ် ပြည်သူများက ဝေဖန်မှုများ ရှိနေပါတယ်။

လာမယ့်နှစ် ဖေဖော်ဝါရီလမှာ စတင်မယ့် ကျပ်တစ်ထောင်တန် ထီမှာ လက်မှတ်ဝယ်ယူရောင်းချခွင့် ရရှိသူဟာ ကျပ်ငါးရာတန် ထီလက်မှတ်ကိုလည်း အချိုးသတ်မှတ်ချက်အတိုင်း ဆက်လက်ဝယ်ယူ ရောင်းချရမှာ ဖြစ်တယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ကျပ်ငါးရာတန် ထီလက်မှတ်ကို အချိန်မည်မျှကြာ ဆက်လက်ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ထားတာ မရှိပါဘူး။
ပြီးခဲ့တဲ့နှစ် မတ်လက ကျပ်ငါးရာတန် ထီလက်မှတ် စတင်ရောင်းချခဲ့ပြီး ထိုစဉ်က ကျပ်နှစ်ရာတန် ထီလက်မှတ်ကိုလည်း သုံးလကြာ ဆက်လက်ရောင်းချခဲ့တာပါ။သုံးလပြည့်ပြီးနောက် ကျပ်နှစ်ရာတန် ထီလက်မှတ် ထုတ်ဝေရောင်းချမှုကို ရပ်ဆိုင်းပြီး ကျပ်ငါးရာတန် ထီလက်မှတ်တစ်ခုတည်း ထားရှိခဲ့ပါတယ်။

“လက်ပွေ့ရောင်းတဲ့သူ တစ်ဦးက ထီတစ်စောင်ကို ၆၀၀/၇၀၀ ရောင်းတာလည်း မပြောနဲ့လေ။ပင်ရင်းဆိုင်တွေက ပေးတဲ့ဈေးကလည်းမြင့်တော့ တစ်ဆင့်ပြန်ရောင်းတဲ့ ထီဈေးနှုန်းတွေလည်း မြင့်လာတာပေါ့။အခုတစ်ထောင်တန်ထီ ဆိုရင်တော့ တစ်စောင်ကို တစ်ထောင်ကျော်လောက် ပေးရမလားမသိဘူး” လို့ ထီပုံမှန်ထိုးသူတစ်ဦးက ဆိုပါတယ်။

မည်သို့ပင်ဆိုစေကာမူ နှုန်းထားကြီးမြင့်လာတဲ့ ထီဈေးနှုန်းတွေကြောင့် “မရှိသူတွေအတွက် သူဌေးလောင်း မျှော်လင့်ချက်ဖြစ်တဲ့ အောင်ဘာလေထီပေါက်ဖို့ အိမ်မက်က တစ်နေ့တာထမင်းစားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ အခြေခံလူတန်းစားတွေအဖို့ ထီကံစမ်းဖို့တောင် အခက်အခဲရှိလာတဲ့အတွက် ယခင်ကထက် ဝေးလာတော့တာ အမှန်ပါဘဲ။

ပြေသိမ်း
နိုဝင်ဘာ - ၆

( Zawgyi )

အျမင့္ဆုံးဆုေငြ က်ပ္သိန္းတစ္ေသာင္းခြဲအထိ ခ်ီးျမႇင့္မည့္ က်ပ္တစ္ေထာင္တန္ ထီလက္မွတ္မ်ားကို လာမယ့္ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီမွ စတင္ေရာင္းခ်ေတာ့မွာ ျဖစ္တယ္လို႔ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေအာင္ဘာေလ သိန္းဆုဌာနခြဲက ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္မွာ အေျခခံလူတန္စားေတြရဲ႕ သူေဌးေလာင္း ေမွ်ာ္လင့္ခ်က္ျဖစ္တဲ့ တန္ဖိုးႀကီး ထီအိပ္မက္ေတြဟာ ပိုၿပီးနီးစပ္လာၿပီလား၊ ဒါမွမဟုတ္ ႀကီးျမင့္လာတဲ့ ထီေဈးႏႈန္းေတြေၾကာင့္ သူေဌးေလာင္း အိမ္မက္ေတြဟာ ပိုမိုေ၀ဝါးသြားေစခဲ့တာဆိုတာ ထီကံစမ္းသူေတြအဖို႔ ဇေဝဇဝါျဖစ္ေစခဲ့တာ အမွန္ပါဘဲ။

လက္ရွိထီေဈးႏႈန္းရဲ႕ ႏွစ္ဆတန္ဖိုးနဲ႔ ထြက္လာမယ့္ ထီလက္မွတ္ေၾကာင့္ ထီထိုးသူမ်ားအေပၚ မည္သို႔အက်ိဳးသက္ေရာက္မႈ ရွိလာမလဲ ဆိုတာကလည္း ထီေရာင္းသူေတြအတြက္ ေသာကမကင္းစရာ ျဖစ္လာခဲ့ပါတယ္။
အစိုးရက ေရာင္းခ်ေပးတဲ့ ေအာင္ဘာေလ သိန္းထီလက္မွတ္မ်ားကို ယခုႏွစ္ပိုင္းအတြင္း မူလေဈးျဖစ္တဲ့ က်ပ္ႏွစ္ရာကေန က်ပ္ငါးရာ၊ က်ပ္ငါးရာကေန ယခုေနာက္ဆုံး က်ပ္တစ္ေထာင္တန္ ထီလက္မွတ္ေတြအထိ ေဈးေတြတိုးျမႇင့္ခဲ့တဲ့အတြက္ ထီထိုးသူေတြ ထီထိုးႏူန္းက်ဆင္းမႈက သိသိသာသာျဖစ္လာႏိုင္သလို ထီေဈးကြက္အတြင္း ထီေဈးႏႈန္းႀကီးျမႇင့္မႈေတြ၊ အျမတ္ႀကီးစာမႈေတြကေတာ့ ဆက္လက္ျဖစ္ေပၚေနအုံးမွာက အေသအခ်ာပါဘဲ။

ဒီလိုျဖစ္လာႏိုင္ေပမယ့္ အခြန္အခကို တိုးလိုေနတဲ့ အစိုးရအတြက္ကေတာ့ ေၾကာ္ျငာထားတဲ့အတိုင္း မၾကာမီ က်ပ္တစ္ေထာင္တန္ ထီကို ေရာင္းခ်မည္ျဖစ္သလို မူလ က်ပ္ငါးရာတန္ ထီကိုလည္း ဆက္လက္ေရာင္းခ်သြားမွာျဖစ္လို႔ က်ပ္ငါးရာတန္ထီေဈးက ဘယ္ေလာက္ထိ ေဈးျမင့္တက္လာမလဲဆိုတာ တြက္ဆလို႔ မရေသး ပါဘူး။

“ဦးတို႔ဝယ္ရတာကိုက တစ္ေစာင္ကို ငါးရာနဲ႔ ဝယ္ရတယ္ေလ။
ဦးတို႔က တစ္ဆင့္ျပန္ဝယ္ၿပီးေရာင္းေတာ့ ကိုယ့္ေဖာက္သည္၊ ထီကံစမ္းတဲ့သူေတြ ေျပာင္းေရာင္းတဲ့အခါက်ေတာ့ အရင္းအတိုင္း မူလေဈးနဲ႔ ျပန္ေရာင္းရင္ အဆင္မေျပဘူးေလ။ဦးတို႔က လက္ေပြ႕ထီသည္၊ တြန္းလွည္းနဲ႔ေရာင္းတဲ့ ထီသည္ေတြ ျဖစ္တဲ့အတြက္ ထီတစ္ေစာင္ကို ေျခာက္ရာ၊ ေျခာက္ရာ့ငါးဆယ္ေလာက္နဲ႔မွ မေရာင္းရင္ မကိုက္ဘူးေလ။
အခုလာမယ့္ က်ပ္တစ္ေထာင္တန္ထီ ထြက္လာရင္လည္း အခုလိုေပါ့ တစ္ရာ၊ ႏွစ္ရာေတာ့ ပိုတင္ၿပီးေရာင္းမွ အဆင္ေျပမယ္၊ ကိုက္မယ္ေပါ့။ဒါမွလည္း လက္ေပြ႕တု႔ိ တြန္းလွည္းတို႔နဲ႔ ေရာင္းတဲ့သူေတြအတြက္ စားဝတ္ေနေရးက ေျပလည္မွာေလ။
တစ္ခ်ိဳ႕ေတြက်ေတာ့လည္း ထီကို စိတ္မဝင္စားလို႔ဆိုၿပီး မထိုးၾကဘူးေပါ့၊ ဒါေပမယ့္ ထီထိုးတာကို ဝါသနာပါတဲ့ သူေတြက်ေတာ့လည္း ဆက္ထိုးေနအုံးမွာဘဲေလ။ဒါေၾကာင့္ ထီကံစမ္းတဲ့သူေတြကေတာ့ ရွိေနအုံးမွာပါဘဲ၊ ေဈးကြက္ႀကီးတစ္ခုလုံး ပ်က္သြားတာမ်ိဳးမရွိေတာ့ မျဖစ္ႏိုင္ပါဘူး” လို႔ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္အတြင္း ထီလွည့္လည္ေရာင္းခ်သူ ဦးတိုး (အမည္လြဲ) က ေျပာပါတယ္။

အစိုးရအေနနဲ႔ က်ပ္ႏွစ္ရာတန္ထီကေန က်ပ္ငါးရာတန္ထီ ေျပာင္းလဲေရာင္းခ်ရမႈ တစ္ႏွစ္ေက်ာ္အၾကာ ကာလမွာ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အခြန္ဘ႑ာေငြ က်ပ္ဘီလီယံ (၁၀၀) ခန႔္ ရရွိခဲ့တယ္လို႔ု ျပည္တြင္းအခြန္မ်ား ဦးစီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။
ဒါ့အျပင္ အစိုးရကေန ေအာင္ဘာေလ သိန္းထီလက္မွတ္မ်ားကို ေရာင္းခ်ရတာဟာ ႏိုင္ငံေတာ္ဘ႑ာေငြ တစ္ခုတည္း ရရွိေစရန္အတြက္သာ မဟုတ္ဘဲ ထီလုပ္ငန္းရဲ႕ ရည္႐ြယ္ခ်က္ျဖစ္တဲ့ ယင္းလုပ္ငန္းနဲ႔ ဆက္စပ္ေနသည့္ စီးပြားေရးလုပ္ငန္းမ်ား အက်ိဳးရရွိေစေရး အပါအဝင္ ထီေပါက္သူမ်ား ဝင္ေငြတိုးတက္လာၿပီး စီးပြားေရးလုပ္ငန္းမ်ားကို လုပ္ကိုင္ေဆာင္႐ြက္ႏိုင္ေစရန္အတြက္ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ယင္းကဲ့သို႔ ထီတန္ဖိုးမ်ား တိုးလာပါက ႏိုင္ငံေတာ္အခြန္ရရွိမႈလည္း တိုးလာမည္ျဖစ္ၿပီး ထီေပါက္သူမ်ားအတြက္လည္း ထီဆုေၾကး ပိုမိုမ်ားလာေစမယ္လို႔ ဆိုထားပါတယ္။ဒါေပမယ့္ ဒီလိုရည္႐ြယ္ခ်က္ေတြ အျပင္မွာ ျဖစ္၊ မျဖစ္ ဆိုတာက လက္ရွိထီေလာက အေျခအေနကိုၾကည့္ရင္ သိႏိုင္ပါတယ္။

“ထီကံစမ္းျဖစ္လာဆိုေတာ့ အမွန္တိုင္းေျပာရရင္ သိပ္မထိုးျဖစ္ဘူး။
အရင္ကေတာ့ ဘာရယ္ျဖစ္ျဖစ္ ကံစမ္းတဲ့သေဘာအေနနဲ႔ အမ်ားႀကီးမဟုတ္တာေတာင္ နည္းနည္းပါးပါးေတာ့ ထိုးျဖစ္တယ္။
အခုေနာက္ပိုင္းက် ထီက ထိုးသာထိုးရတယ္ တစ္ခါမွလည္း မေပါက္ဘူးဘူး၊ ဆုႀကီးမေျပာနဲ႔ ဆုေလးေတာင္ မေပါက္ဘူးေတာ့ ထီထိုးရတဲ့ ပိုက္ဆံကို ႏွေျမာလာတာေပါ့။ကိုယ့္မုန႔္ဖိုးေလးေတြကေန ဖဲ့ၿပီးထိုးရေတာ့ ထီကံစမ္းဖို႔ဆိုရင္ သိပ္မထိုးခ်င္ေတာ့ဘူး။
အဲ့ဒီထီထိုးတဲ့ ပိုက္ဆံကို မုန႔္ပဲဝယ္စားလိုက္မယ္။
အဲ့ဒါပိုေကာင္းတယ္လို႔ေတြးၿပီး ထီမထိုးျဖစ္တာေတာ့ ၾကာေနပါၿပီ။
ထီေဈးေတြကလည္း ျမင့္လာတာပါတာေပါ့” လို႔ အလုံၿမိဳ႕နယ္မွာ ေနထိုင္တဲ့ ကုမၸဏီဝန္ထမ္းျဖစ္သူ မသဲစု က သူ႔ရဲ႕ ထီကံစမ္းျဖစ္ပုံေလးေတြကို ဟာသေလးေႏွာၿပီး ေျပာျပခဲ့ပါေသးတယ္။

ဒါေၾကာင့္လည္း တစ္ခ်ိန္က ႐ုပ္ရွင္မင္းသား ေက်ာ္ဟိန္း ရဲ႕ ''ေငြႏွစ္က်ပ္ဖိုးနဲ႔ သိန္းထီထိုး ေပ်ာ္စရာဆုႀကီး တစ္ခုမွမတိုး'' ဟူသည့္ သီခ်င္းစာသားေလးကလည္း ယေန႔ေခတ္ထိတိုင္ အသက္ဝင္ေနဆဲပဲလားလို႔ေတာင္ ထင္မိပါတယ္။
ဒီလိုေဈးပိုတင္ေရာင္းတာေတြ ထီလက္မွတ္ေတြ ေဈးႏႈန္းျမင့္မားလာတာေတြ ျဖစ္လာပါက အေျခခံလူတန္းစားေတြအေနနဲ႔ ထီထိုးႏိုင္ဖို႔က ပိုမိုခက္ခဲလာလိမ့္မယ္လို႔လည္း သုံးသပ္မႈအခ်ိဳ႕ ရွိေနေသာ္လည္း မိမိရဲ႕ ယုံၾကည္ေမွ်ာ္လင့္ရာ တစ္ခုျဖစ္တဲ့ သူေဌးေလာင္း အိမ္မက္ေတြအတြက္ ထီထိုးတဲ့သူေတြကေတာ့ ဆက္လက္ရွိေနအုံးမွာ ျဖစ္တယ္လို႔လည္း ထီလုပ္ငန္းရွင္မ်ားက ဆိုျပန္ပါတယ္။ထိုသို႔ ေဈးကြက္မပ်က္ဖို႔နဲ႔ ထီကံစမ္းတဲ့သူေတြ ဆက္လက္ရွိေနဖို႔ ဆိုတာကလည္း လစဥ္ဖြင့္လွစ္ေပးမည့္ ဆုေၾကးမ်ားမွသာ ထီထိုးသူမ်ား စိတ္ဝင္စားမည္ျဖစ္ၿပီး ထီေရာင္းခ်ရမႈလည္း ပိုမိုတြက္လာမည္ျဖစ္တယ္လို႔ ထီ လက္လီ၊ လက္ကား ေရာင္းခ်သူေတြက ဆိုပါတယ္။

“ထီလက္မွတ္ေတြလည္း ေဈးျမႇင့္လာသလို ဆုေၾကးေတြကလည္း တိုးလာရင္ေတာ့ အေကာင္းဆုံးေပါ့။ဒါမွလည္း ထိုးတဲ့သူေတြက စိတ္ဝင္စားမႈရွိမယ္။” လို႔ ထီလွည့္လည္ေရာင္းခ်သူ ဦးတိုး (အမည္လႊဲ) က ေျပာပါတယ္။

တစ္ဖက္မွာလည္း ထီလက္မွတ္မ်ားကို သတ္မွတ္ထားသည့္ ေဈးႏႈန္းထက္ ပိုမိုေရာင္းခ်ပါက အနည္းဆုံး ေထာင္ဒဏ္ (၆) လမွ (၁) ႏွစ္အထိျဖစ္ေစ၊ ေထာင္ဒဏ္အျပင္ ေငြဒဏ္ က်ပ္သိန္း (၃၀) မွ သိန္း (၅၀) အထိ ခ်မွတ္ျခင္း ခံရမည္လို႔ ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္ျပထားတဲ့ အစိုးရ ေအာင္ဘာေလ ဥပေဒၾကမ္းမွာလည္း ေဖာ္ျပထားတာပါ။ဒါေၾကာင့္လည္း ေအာင္ဘာေလထီ ဥပေဒ ျပဌာန္းၿပီးပါက ထီဆိုင္အဆင့္ဆင့္ကို ထိန္းေက်ာင္းႏိုင္မည့္အျပင္ သတ္မွတ္ထားသည့္ ေဈးႏႈန္းမ်ားအတိုင္း ဝယ္ယူႏိုင္ေသာ မိမိႏွစ္သက္ရာဂဏန္းမ်ားကို ေ႐ြးခ်ယ္ကံစမ္းႏိုင္တဲ့ (e-lottery) စနစ္ကိုလည္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္မွာ ျဖစ္တယ္လို႔လည္း စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီး ဦးျမင့္ေသာင္း က ရန္ကုန္တိုင္းေဒသႀကီး သတၱမ ပုံမွန္အစည္းအေဝးရဲ႕ ပၪၥမေန႔မွာ ေမးျမန္းခဲ့တဲ့ “ထီလက္မွတ္ေတြကို အစိုးရ သတ္မွတ္ေဈး က်ပ္ (၅၀၀) ထက္ ပိုမိုေဈးတင္ေရာင္းေနတာေတြက စည္းကမ္းနဲ႔ ညီၫြတ္ပါသလား၊ မည္ကဲ့သို႔ အေရးယူမႈေတြ ရွိ/မရွိ” ကို သိရွိလိုပါတယ္လို႔ ေမးျမန္းခဲ့ပါတယ္။

ဒီလိုေမးျမန္းမႈအေပၚ ျပန္ေျဖရာမွာလည္း “ေဈးကြက္ သေဘာသဘာဝအရ ေအာင္ဘာေလ သိန္းဆုဌာနခြဲကေန တိုက္႐ိုက္ဝယ္ယူတဲ့ ပင္ရင္းထီဆိုင္ေတြ၊ ထိုကေနတစ္ဆင့္ ကိုယ္စားလွယ္ထီဆိုင္ေတြ ကိုယ္စားလွယ္မ်ားကေန ထပ္မံေရာင္းခ်တဲ့ ထီဆိုင္၊ ထပ္ဆင့္ေရာင္းရတဲ့ ထီဆိုင္၊ ထပ္ဆင့္ေရာင္းတဲ့ ထီဆိုင္ကေန ဆက္လက္ေရာင္းခ်ေသာ ထီဆိုင္၊ ထီေဈးကြက္ သဘာဝအတိုင္း အဆင့္ဆင့္ျဖန႔္ျဖဴး ေရာင္းခ်တာေပါေ့လ။အဆင့္ဆင့္ေရာင္းတဲ့ ထီဆိုင္ေတြကလည္း ေငြေရးေၾကးေရးအရ ဌာနခြဲကေန တိုက္႐ိုက္ဝယ္ယူမႈေတြ မလုပ္ႏိုင္ၾကဘူး။ေနာက္ပင္ရင္းထီဆိုင္ေတြကလည္း အေႂကြးစနစ္နဲ႔ ေရာင္းတယ္ (ေရာင္းခ်ၿပီးမွ ျပန္ေပးရတဲ့ စနစ္နဲ႔ေပါ့ေလ။
ဒီလိုအေႂကြးစနစ္နဲ႔ ေရာင္းေတာ့ ထီဆိုင္ေတြၾကားမွာ အျမတ္တင္တာေတြ၊ ေငြေၾကးျပႆနာေတြ၊ ထီေဈးႏႈန္းႀကီးျမင့္မႈေတြ ျပႆနာေတြ ျဖစ္ေပၚရျခင္းေတြ ရွိေနတာေပါ့။ထီကံစမ္းတဲ့သူေတြကလည္း သူတို႔ရဲ႕ အစြဲအလန္းအရ မည့္သည့္ အကၡရာ၊ ဂဏန္း ဒါေတြနဲ႔ ကံစမ္းၾကေတာ့ ေဈးကြက္သေဘာအရ စိတ္ဝင္စားမႈေတြရွိေအာင္ ဝယ္လိုအား ျမင့္တက္လာေအာင္ အကၡရာေတြ၊ ဂဏန္းေတြကို စုစည္းျပဳျပင္ၿပီး ျဖန႔္ျဖဴးေရာင္းခ်တာေတြကို ေတြ႕ရတယ္။ဒါေတြကို ေစာနကေျပာသလိုေပါ့ေလ။ေအာင္ဘာေလထီ ဥပေဒ ျပဌာန္းၿပီးရင္ေတာ့ ထီဆိုင္အဆင့္ဆင့္ကို ထိန္းေက်ာင္းႏိုင္မယ့္ အရာေလးေတြေတာ့ ရွိလာမွာေပါ့” လို႔ ရန္ကုန္တိုင္း စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီး ဦးျမင့္ေသာင္း က ေျပာၾကားခဲ့ပါတယ္။

ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေအာင္ဘာေလ သိန္းဆုဌာနခြဲက ျမန္မာႏိုင္ငံ အနံွ႔အျပားကို လစဥ္ နယ္အႏွံ႔ ထီအုပ္ေရ ၄ဝဝဝဝ ခန႔္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာ ပင္အုပ္ေရ ၄ဝဝဝဝ ဝန္းက်င္ ေရာင္းခ်ေပးေနရေပမယ့္ လက္ရွိမွေတာ့ ေအာင္ဘာေလ ထီေဈးႏႈန္းမ်ား ျမင့္တက္ေနမႈအေပၚ ျပည္သူမ်ားက ေဝဖန္မႈမ်ား ရွိေနပါတယ္။

လာမယ့္ႏွစ္ ေဖေဖာ္ဝါရီလမွာ စတင္မယ့္ က်ပ္တစ္ေထာင္တန္ ထီမွာ လက္မွတ္ဝယ္ယူေရာင္းခ်ခြင့္ ရရွိသူဟာ က်ပ္ငါးရာတန္ ထီလက္မွတ္ကိုလည္း အခ်ိဳးသတ္မွတ္ခ်က္အတိုင္း ဆက္လက္ဝယ္ယူ ေရာင္းခ်ရမွာ ျဖစ္တယ္လို႔ ျပည္တြင္းအခြန္ဦးစီးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။
ဒါေပမယ့္ က်ပ္ငါးရာတန္ ထီလက္မွတ္ကို အခ်ိန္မည္မွ်ၾကာ ဆက္လက္ေရာင္းခ်မည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားတာ မရွိပါဘူး။
ၿပီးခဲ့တဲ့ႏွစ္ မတ္လက က်ပ္ငါးရာတန္ ထီလက္မွတ္ စတင္ေရာင္းခ်ခဲ့ၿပီး ထိုစဥ္က က်ပ္ႏွစ္ရာတန္ ထီလက္မွတ္ကိုလည္း သုံးလၾကာ ဆက္လက္ေရာင္းခ်ခဲ့တာပါ။သုံးလျပည့္ၿပီးေနာက္ က်ပ္ႏွစ္ရာတန္ ထီလက္မွတ္ ထုတ္ေဝေရာင္းခ်မႈကို ရပ္ဆိုင္းၿပီး က်ပ္ငါးရာတန္ ထီလက္မွတ္တစ္ခုတည္း ထားရွိခဲ့ပါတယ္။

“လက္ေပြ႕ေရာင္းတဲ့သူ တစ္ဦးက ထီတစ္ေစာင္ကို ၆၀၀/၇၀၀ ေရာင္းတာလည္း မေျပာနဲ႔ေလ။ပင္ရင္းဆိုင္ေတြက ေပးတဲ့ေဈးကလည္းျမင့္ေတာ့ တစ္ဆင့္ျပန္ေရာင္းတဲ့ ထီေဈးႏႈန္းေတြလည္း ျမင့္လာတာေပါ့။အခုတစ္ေထာင္တန္ထီ ဆိုရင္ေတာ့ တစ္ေစာင္ကို တစ္ေထာင္ေက်ာ္ေလာက္ ေပးရမလားမသိဘူး” လို႔ ထီပုံမွန္ထိုးသူတစ္ဦးက ဆိုပါတယ္။

မည္သို႔ပင္ဆိုေစကာမူ ႏႈန္းထားႀကီးျမင့္လာတဲ့ ထီေဈးႏႈန္းေတြေၾကာင့္ “မရွိသူေတြအတြက္ သူေဌးေလာင္း ေမွ်ာ္လင့္ခ်က္ျဖစ္တဲ့ ေအာင္ဘာေလထီေပါက္ဖို႔ အိမ္မက္က တစ္ေန႔တာထမင္းစားဖို႔ေတာင္ အႏိုင္ႏိုင္ျဖစ္ေနတဲ့ အေျခခံလူတန္းစားေတြအဖို႔ ထီကံစမ္းဖို႔ေတာင္ အခက္အခဲရွိလာတဲ့အတြက္ ယခင္ကထက္ ေဝးလာေတာ့တာ အမွန္ပါဘဲ။

ေျပသိမ္း
ႏိုဝင္ဘာ - ၆